[Real Family: 24246] ကိုယ့်အားနည်းချက်ကို မှန်ကန်စွာ အသုံးချတတ်ပါစေ

ကိုယ့်အားနည်းချက်ကို မှန်ကန်စွာ အသုံးချတတ်ပါစေ

ကိုယ့်အားနည်းချက်ကို မှန်ကန်စွာ အသုံးချတတ်ပါစေ



ဟိုးတခါတုန်းက အိမ်လေးတစ်အိမ်မှာ တောင်ယာလုပ်တဲ့ လူတစ်ဦးနေထိုင်တယ် ။ အဲဒီလူဟာ သူ့အိမ်လေးနဲ့ အတော်ဝေး တဲ့ ရေကန်ကနေ နေ့စဉ် အိုးလေးနှစ်လုံးကို တံပိုးနဲ့လည်ပင်းမှာ လျှိုလို့ ထမ်းပြီး ရေဖြည့်ရပါတယ် ။ ဒါပေမယ့် အိုကလေး ၂ လုံးမှာ တစ်လုံးက အက်ရာလေးတစ်ခုရှိတယ် ။ အဲဒီအက် ရာလေးကြောင့် တောင်ယာသမားဟာ ရေထမ်းတဲ့အခါ အဲဒီအိုးမှာ အပြန်ကျရင်ရေတစ်ဝက်လောက်ပဲ ပါပါလာ တယ် ။ တစ်ဝက်လောက်တော့ အက်ရာကနေတဆင့်အောက်ကို ကျပြီးကျန်ခဲ့တာပေါ့ ။

ဒီလိုနဲ့ ၂ နှစ်လောက် ကြာတဲ့အခါမှာ တောင်ယာသမားဟာ ရေသွားခပ်တဲ့လမ်းတလျှောက်ပွင့်နေတဲ့ပန်းတွေ ကို ခူးပြီးအိမ်ကို ပြန်လာတယ် ။ ပြီးတော့ ဘုရားပန်းအိုးမှာ ကပ်ပြီးတချို့ကိုလည်းအိမ်က ပန်းအိုးမှာ ထိုးစိုက် ထားပါတယ် ။ အက်ကွဲနေတဲ့အိုးကလေးကတော့ တခြားကောင်းတဲ့အိုးထက်စာရင် မျက်နှာငယ်နေရရှာတာပေါ့ ။ အိုးကောင်းကလေးတော့ နေ့စဉ်ရေအပြည့်သယ်ပေးနိုင်တဲ့အတွက် မျက်နှာကိုမော်နေရောပဲ ။ တစ်နေ့တော့ အက်ကွဲရာနဲ့အိုးကလေးက သူ့သခင်ကိုပြောပါတယ် ။

" ကျွန်တော် စိတ်ပျက်ဝမ်းနည်းမိပါတယ် ခင်ဗျာ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ခင်ဗျား အတွက်နေ့ စဉ်ရေ တစ်ဝက်ပဲ သယ်ပေးနိုင်တယ် အိုးကောင်းကလေးလို အပြည့်သယ် မပေးနိုင်တဲ့ အတွက်လည်း ရှက်မိပါတယ် " အဲဒီအခါ တောင်ယာသမားက ပြုံးလိုက်တယ် ။ ပြီးတော့ မှ အက်ရာတွေ နဲ့အိုး ကလေး ကိုပြောတယ် ။

" ဒီမယ်အိုးကလေးရဲ့ မင်းသတိထားမိရဲ့လား ငါတို့အပြန်လမ်းမှာ ပန်းကလေးတွေအများကြီး ပွင့်နေတာကိုလေ ငါတောင် ပန်းလေးတွေခူးပြီးဘုရားပန်းကပ်တယ် ပန်းအိုးမှာလည်းအလှဆင်နိုင်တယ် အဲဒီပန်းခင်းလေးက မင်းရှိတဲ့ ဖက်မှာ ပေါက်နေတာလေကွဲ့ တခြားအိုးကောင်းလေးဖက်မှာ မရှိဘူး ဘာကြောင့်လည်းဆိုတော့ မင်းမှာ အက်ရာလေးတွေရှိတယ်ဆိုတာ ငါသတိထားမိပြီးလမ်းမှာ ရေတွေ ယိုစိမ့်ကျခဲ့တယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ မင်းရှိတဲ့ဖက်မှာ ငါ ပန်းမျိုးစေ့လေးတွေကျဲထားခဲ့တယ် ။ အပြန်ရေ ထမ်းပြီးပြန် လာခဲ့တအခါ မင်းရဲ့အက်ကွဲရာလေးကနေတဆင့်ယိုစိမ့်ကျလာတဲ့ရေတွေက အခုလို ပန်းမျိုးစေ့လေးတွေကို ပက်ဖျန်းပေးနိုင်တဲ့အတွက် အရမ်းလှပတဲ့ပန်းခင်းကြီးဖြစ်လာတာပေါ့ကွ ။ မင်းဟာ အားနည်းချက်တွေ ရှိတယ်ဆို တာမှန်ပါတယ် ။ ဒါပေမယ့်အဲဒီအားနည်းချက်ကို သင့်တော်တဲ့နေရာမှာ အကျိုးရှိရှိအသုံးချနိုင်တဲ့အတွက် မင်းဟာ အရမ်းတန်ဖိုးရှိတဲ့အိုးကလေးတစ်လုံးပါပဲ "

#############################

ကျွန်တော့်မှာလည်း အိုးကလေးရဲ့အက်ရာတွေလို အားနည်းချက်တွေရှိပါတယ် ။ ခင်ဗျားမှာလည်း အားနည်း ချက်တွေ ရှိပါတယ် ။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ အက်ရာ တွေ ဒါဏ်ရာတွေနဲ့အား နည်းချက်တွေ ရှိကြပါလိမ့်မယ် ။ ကိုယ့်ရဲ့အားနည်းချက်ဟာ တကယ်တော့ရှက်ရွံ့စရာမဟုတ်ပဲ မှန်ကန်သင့်တော် တဲ့နည်းလမ်း နဲ့ကုစားဖို့ သာလိုအပ်ပါတယ် ။ ကဲ အခုဆိုရင် - - -

ကိုယ့်အားနည်းချက်ကိုကိုယ်ရှက်ရွံ့ပြီး ဘ၀မှာ သိမ်ငယ်စွာနေမလား ?
ကိုယ့်အားနည်းချက်ကို အကောင်းဆုံး အသုံးချ လို့စိတ်ဓါတ်ခွန်အား အဖြစ်ဘ၀ အောင် မြင် အောင်ကြိုး
စားမ လား ?

သင့်အပေါ်မူတည်ပါတယ် ။

သက်တန့်ချို
(Two pots and flowers အားဘာသာပြန်သည် )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

http://www.thettantcho.com
--

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။