[aurorageneration] [Richard Aung] လေးလအတွင်း ဖုန်းဖြင့် လူကုန်ကူး တိုင်ကြားမှု ၃ဝဝ ကျော် ရှိ

(ရန်ကုန်၊ မေ ၁၄)
ယခုနှစ် လေးလတာ ကာလအတွင်း လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့သို့ တိုင်ကြားခဲ့သည့် လူကုန်ကူးမှု အမှုပေါင်း သုံးရာကျော် အနက် တိကျစွာ သတင်းပေး တိုင်ကြားမှု အလွန်နည်းကြောင်း လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့သည် လူကုန်ကူး ခံရသည် ဟု မသင်္ကာဖွယ်ရာ တွေ့ရှိရ ပါက ဆက်သွယ် တိုင်ကြားနိုင် ရန် အရေးပေါ် (Hot Line) ဖုန်းများမှ တစ်ဆင့် မည်သူ မဆို အချိန်မရွေး တိုင်ကြားနိုင် သည့် စနစ်ကို ယမန်နှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ Hot Lineစနစ် ကြောင့် ယခင်ကထက် လူကုန်ကူးမှု ဖြစ်စဉ်များအား ပြည်သူများမှ သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားမှုမှာ လည်း ပိုမိုလာခဲ့ပြီး လက်ရှိ စာရင်းများ အရ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလ ကုန်အထိ Hot Line မှတစ် ဆင့် သတင်းပေး တိုင်ကြားမှု ၁ဝ၈ ကြိမ်နှင့် ယခုနှစ် ဇန်နဝါရီ မှ ဧပြီလကုန် အထိ သတင်း ပေး တိုင်ကြားမှု ၃ဝဝ ကျော် အထိ မြင့်တက်လာခဲ့ကြောင်း သိရ သည်။
သို့သော် သတင်းပေး တိုင် ကြားမှုများမှာ တိကျ ခိုင်လုံစွာ ပေးနိုင်မှု အလွန် နည်းပါးသည့် အတွက် ကာကွယ် တားဆီးရာတွင် မလိုလားအပ်သော အခက်အခဲများ နှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
လူကုန်ကူးမှု ဖြစ်စဉ်များအား မသင်္ကာဖွယ်ရာ တွေ့ရှိရပါက Hot Line ဖုန်းနံပါတ်များမှ တစ်ဆင့် မည်သူ့ကို မည်သူမှ မည်သည့်နေရာ၊ မည်သည့် အချိန်၌ မည်သို့ ပြော ဆိုစည်းရုံး ခေါ်ဆောင်သွားကြောင်း၊ ထိုသို့ ခေါ်ဆောင် သွားခံရသည့်အခါ မည်သို့ ဖြစ်ပျက် ကြုံတွေ့ရသည်တို့ ကို ပြည့်စုံတိကျစွာဖြင့် ပြောဆိုတိုင် ကြားပေးမည် ဆိုပါက လူကုန်ကူးခံ ရမည့်သူများကို အချိန်မီ ကယ်တင်နိုင်မည် ဖြစ်သကဲ့သို့ လူကုန်ကူးသူ များကိုလည်း လွတ်မြောက်မှု မရှိစေဘဲ ဥပဒေအရ အချိန်မီ ဖမ်းဆီး အရေး ယူနိုင်မည် ဖြစ်သည့် အတွက် တိကျ ခိုင်လုံသော သတင်း အချက်အလက် များအား ပြည့်စုံစွာ ပြောကြား၍ တိုင်ကြားရန် အထူးလို အပ်ကြောင်း ၄င်းကဆက်ပြောသည်။
"သတင်း အတိအကျ ရအောင် မေးမြန်းပေမယ့် တချို့က မပြော နိုင်တာတွေ ရှိသလို၊ တချို့ကျ တော့လည်း မလုပ်ပေးချင်လို့ ရစ်နေတယ် ထင်ပြီး ဖုန်းချသွားတာမျိုး ကြုံရတယ်။ ကျွန်မတို့ဘက်က မေး မြန်းရတယ် ဆိုတာက တချို့ လူ ကုန်ကူးသူတွေဟာ လူကုန်ကူးမှု ကာကွယ်ရေး အဖွဲ့တွေကို သတင်း မှားတွေ ပေးပြီး တစ်ဖက် ကနေ လူကုန်ကူးမှုတွေ ကျူးလွန် သွားတာမျိုး မဖြစ်အောင်နဲ့ လူကုန်ကူးခံ ရသူတွေ ကို လူကုန်ကူးတဲ့ သူတွေက ဘယ် နေရာကနေ ဘယ်နေရာကို ခေါ် သွားလဲ ဆိုတာ သတင်း အတိအကျ ရရင် လမ်းကနေ အချိန်မီ ကယ်ဆယ် လို့ရနိုင်အောင် စစ်ဆေးမေး မြန်းရတာပါ" ဟု လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုမှ အဖွဲ့ဝင် ရဲအရာ ရှိကြီး တစ်ဦးက ပြော သည်။
ပြည်သူများ အနေဖြင့် အရေးပေါ် (Hot Line) ဖုန်းနံပါတ်များအား လူကုန်ကူးမှု ဖြစ်စဉ်များကို တိုင်ကြား သတင်း ပေးနိုင်ရုံမျှမက လူကုန်ကူးမှုနှင့် ပတ်သက်သော သတင်း အချက် အလက်များနှင့် သိရှိလိုသည် များကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ကြောင်း၊ ထိုသို့ မေး မြန်းရာတွင် ဖုန်းလက်ခံဖြေကြား သူမှ ရိုင်းပြစွာ ပြောဆို ဆက်ဆံခြင်း၊ တိုင်ကြားမှုအား လက် မခံခြင်းနှင့် ဆက်ဆံရေး မပြေ ပြစ်မှုများ ရှိပါက ဖုန်းလက်ခံ ဖြေကြားသည့် နေ့ရက်၊ အချိန် နှင့် ဆက်သွယ်သည့် ဖုန်းနံပါတ် တို့အား မှတ်သားကာ နေပြည် တော် လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုအဖွဲ့ ဖုန်း ဝ၆၇-၄၁၂၅၅၅ နှင့် ဝ၆၇-၄၁၂၆၆၆ တို့သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

သူရထွန်း

 Popular Myanmar News Journal

http://feeds.feedburner.com/thithtoolwin/yIWV

--
Posted By Richard Aung to Richard Aung at 5/16/2012 05:23:00 PM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။