[aurorageneration] လမ်းမထက်က ကြယ် ( သယ်ရင်းတို့ ဖတ်ကြည့်ခံစားပေးပါ )

လမ်းမထက်က ကြယ်
------------------
မြေးရေ …
အဖွား အိုအို ..ဇရာလဲ ပြို ခဲ့ ပီ
အဖွားတစ်ကိုယ် စာ ကိုယ်တာ တောင် မရှာနိုင်တော့
အဖွားအသက် ခပ် ယဲ့ယဲ့ သာ ဆက်နိုင်တော့ ပီ
တမနက် ခင်း အာရုံမကျင်းလဲ လူးလဲ ထူထ
အပူ အအေး မမျှ လဲ ဒီဆားရေ နဲ့ ပလုတ်ထကျင်း
ထမင်းကြမ်းခဲ ပဲပြုတ်နည်းနည်း နဲ့ အကြမ်းရေတစ်ခွက်
လည်ချောင်း ကမြို ဗိုက်တင်း လေပီ။

အဖွားသား ကြီး စစ်ဗိုလ် ကြီးပေါ့
အဖွားသမီးငယ် စီးပွားကြွယ်၍
လင်ကောင်း မယားကောင်း ရကြလေပီ
အဖွားပျော်ရွှင် ရုပ်သွင် အေးငြိမ်းဒီသား ဒီသမီး
ကိုယ် တိုင် ထပ်၍ ပေးကမ်းချင်သေး
ဘယ်မျှ ဘယ်၍ တွက်ချက် ဦးမည် မထင်မိ။

အဖွားမျက်စိ ခပ် နီးနီးတွင် တိမ်ကပ် စွဲ ၍ နေလေပီ
"ဒီသား ဒီသမီး တစ်နှစ် မျှ တစ်ခေါက် (မလာချင်လာချင်) အရောက်
မလာပေဘူးလား"
အို….မြေးရေ …အဖွား အိုတွက် အသက် ဆက်ရန် ရက်ကျန်သိပ်မရှိ
သူတို့ လေးတွေ စိတ်ကြည်ရွှင် လျက် ရှေ့ဆက်စေချင်သည် တဲ့
ညိုညို ညစ်ညစ် အသားအရေ
နေဒဏ်လော မိုးဒဏ်လော
အအေးဒဏ်လော အပူဒဏ်လော
အိုမြေးရေ ..မဝေခွဲနေတော့ဘူး
အဖွားအတွက် တနေက၀င် တော့မယ်
အိပ်ရာနိုးရင် မျက်လုံးမှ ပွင့်လာပါ့မလားပဲ
ဘုရားစာတွေဆိုရင်း လောကဓံ ကို မှတ်တယ်တဲ့ ။။။။

ဟိုက တစ်ဆယ်
ဒီက တစ်ရာ
အဖွား ရှက်လဲ လက်ဖြန့်ရတယ်
ဟိုက ထမင်း ဒီက ဟင်းကျန်
စားရမြိန်တယ် ကျေးဇူးတွေလဲ တင်ပါတယ်တဲ့
ဟိုက ထမီစုတ် ဒီက အကျီ င်္ အဖာတစ်ရာ ပေးလဲ
အဖွားအရှက် လုံပါတယ်တဲ့ ။

တချို့ တော့ ငြူစူ
နာမ်အစား သုံးတယ် သူတောင်းစား ပါဆိုပဲ
အဖွားတစ် သက် ယခု အရှက် မျှ မကြုံဖူးလဲ
အသက်တစ်ရက် ဆက်ရန်ရှည်ရန်
ဆက်ဆက် ထပ် ထပ် တောင်းရတယ်
လူ့ဘ၀ ကိုနေချင်တာ မဟုတ်
ဘုရား တရား အာရုံထားလျက်
နောက်တစ်ဘ၀ အတွက် တရားရိပ်က္ခာ
လုံလုံလောက်လောက် ပါသွားချင် စမ်း ပါသည်
ငါ့မြေး ကျန်းမာ ချမ်းသာ ပါစေ တဲ့ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(၃၀.၄.၂၀၁၂ မှတ်မှတ်ရရ ) သံယောဇဉ်

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။