[aurorageneration] မြန်မာပြည်မီးလင်းရေးအတွက် တရုတ်ကူညီမည်ဟုဆို

ကိုသက်

မြန်မာပြည်သူတွေ လျှပ်စစ်မီး ရစေဖို့ တရုတ်နိုင်ငံက အကူ အညီတွေ ပေး ဖို့ ဆန္ဒ ရှိတယ် လို့ မြန်မြာ ပည်တွင်းမှာဖြစ်နေတဲ့ မီးလင်းရေး ဆန္ဒပြ ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ် အစိုး ရက ပထမဆုံး အကြိမ် ထုတ်ဖော်ပြောဆို လိုက်ပါ တယ်။

တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ သူ ဟောင်လီက နိုင်ငံခြားရေး ၀န် ကြီးဌာန မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ မြန်မာနိုင်ငံက မီး လင်း ရေး ဆန္ဒပြပွဲတွေအပေါ်အမြင်နဲ့ မီးပေး နိုင်ရေး အ တွက် အကူ အညီ ပေးဖို့ ဆန္ဒ ရှိကြောင်းကို အခုလို ပြောဆိုခဲ့ တာ ဖြစ်ပါ တယ်။

မစ္စတာဟောင်လီက "ကျနော်တို့ နားလည်တာကတော့ ဒီဆန္ဒပြပွဲတွေမှာ လူတော်တော်များများက အခုမြန်မာနိုင်ငံ တချို့နေရာတွေမှာ မီးမရဘူး ဆိုတဲ့ အပေါ်မှာ ဘယ်မှာ ပြဿနာ ဖြစ်တယ် ဆိုတာကို သေ ချာ သိကြပါ တယ်။ မီးမရတဲ့အပေါ်မှာ ကျနော်တို့ နားလည်တာ ကတော့ မြန်မာ နိုင် ငံမှာ သုံးနေတဲ့ လက်ရှိ လျှပ်စစ် ဓာတ်အားပေး လိုင်းစ နစ်တွေ က တော် တော် ဟောင်း နွမ်းနေပြီ ဖြစ်တာ ကြောင့်ပါ။ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အနေနဲ့ မြန်မာ ပြည်သူ လူထုရဲ့ နေထိုင်မှု ဘဝကို ပိုကောင်း လာအောင် ဒီလျှပ်စစ် ဓာတ်အားပေး လိုင်းတွေကို အဆင့် မြှင့်ဖို့ မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက် လိုတဲ့ ဆန္ဒ ရှိပါတယ်" လို့ ပြောပါ တယ်။

မြန်မာနို်င်ငံရဲ့ မြို့တော်တော်များများမှာ အခုရက်ပိုင်းတွေမှာ ၂၄ နာရီ မီးလင်းရေးအတွက် ပြည်သူတွေ ရဲ့ ဆန္ဒပြပွဲတွေ ပျံ့နှံ့ဖြစ်ပွား နေတာ ဖြစ်ပါ တယ်။

အစိုးရဘက်ကတော့ နွေရာသီမှာ ရေနည်းတာကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု နည်းသွားတာကြောင့်လို့ ပြောပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ မိုင်းထိပျက်စီးသွားတဲ့ ၂၃၀ ကေဗီ ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါတိုင် ပြုပြင်ရေး လုပ်ငန်းကိုလည်း လူ အင် အားများစွာနဲ့ အရှိန်မြှင့် လုပ်နေသလို အမေရိကန်နိုင်ငံ နဲ့ စင် ကာပူနိုင်ငံက မီးစက် ၆ လုံးစီ တပတ်အတွင်း ရောက်ဖို့ ရှိတယ်လို့ ပြည်သူကို အသိပေးပါတယ်။

ဒါ့ပြင် အမေရိကန်နိုင်ငံ ဂျင်နရယ် အီလက်ထရွန်နစ် ကုမ္ပဏီကနေ ဂက်စ်တာဘိုင် ၂ လုံး အမြန်ဆုံး ရောက်ရှိလာဖို့လည်း ကြိုးစားနေ တယ် လို့ ကြေညာချက် ထုတ်ပြန်ပြီး အသိပေး တာတွေ ပြုလုပ်ခဲ့ ပါ တယ်။

မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းသာ အစိုးရကပေးတဲ့ လျှပ်စစ်ကို အသုံးပြုနေရတာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ လျှပ်စစ်မီး အသုံးပြုမှု အ နည်းဆုံး နိုင်ငံတွေထဲမှာ တနိုင်ငံ အဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။ ပျမ်းမျှ လူတဦးကို ၁ နာရီ ၁၀၄ ကီလိုဝပ်သာ အသုံးပြုနေရပြီး ကွန် ဂိုနဲ့ နီပေါနိုင်ငံတွေ နှုန်းလောက်ပဲ ရှိတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က စာရင်းထုတ်ပြန် ထားပါတယ်။

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။