တရက်တော့  လူတယောက် က အလှူတခုလုပ်သတဲ့  ။သူအလှူကထူးခြားတယ်။သူက အိမ်ရှေ့မှာ ဖျာကြီးခပ်ကြီးကြီး တချပ်ခင်းပြီး အသေ အချာကိုပြု ပြင်ထားတယ်။(နတ်ကနားထက် သာတယ်ဆိုပဲ) ဒီလိုဆိုတော့  ဘာရယ် မဟုတ် လာကြတဲ့  သူတွေ ကအများသားကိုး။လာကြတဲ့  သူတွေ ကတော့  အများကြီဆိုပါတော့  ။ဒီလိုနဲ့  အလှူစတော့  လူအတော်စုံနေပီ...ဘာမှ မကြွေးသေးဘူး..။ဒီလိုနဲ့  မင်္ဂလာ အချိန်ရောက် ပီ ဆိုပီးလူတယောက် ထွက် လာတယ်။(အိမ်ရှင်ဖြစ်ဟန်တူသည်..) ပြီတော့  အသေအအချာ ပြင်ထားသော တဲ့  ဖျာကြီးပေါ်တက်လိုက် တယ်။ပြီးတော့  ပြာလွင်နေတဲ့  ကောင်းကင် ကြီးကို မော့  ကြည့်  ပြီး သူလက် အစုံကိုဖြန့်  လိုက် တယ် .။ပြီးတော့  မှ အသေ အချာ လက် အုပ်ချီ ဒူးတုပ်ပြီး ကန် တော့  ပါတော့  တယ်..။ကြည့်  တဲ့  သူတွေ ရဲ့  ပြောသံတွေ ဝေဖန်သံတွေ ထွက် လာတယ်။ဒီလူဟာ ဘုရားတို့  ဘာတို့  ကိုးကွယ်သူဆိုရင် အိမ်ထဲ မှာ ရှိ ခိုးပေါ့  ..ဒီလိုမှ မဟုတ် ခရစ် ဆိုလဲ ဘုရားကျောင်းသွားပေါ့  ...ခုတော့  ဘယ်လိုလဲ လမ်းမကြီးမှာ ....ဘာ ဘာသာဝင် ပါလိမ့်  လို့  တွေးကြတီးတိုးပြောကြတယ်..။။
အိမ်ရှင် ကလဲ အသေအချာ ကန်တော့  ပြီး တော့  ထရပ်လိုက် တယ်။သူအလုပ့်ပြီးသွားတဲ့  ပုံပါပဲ။ ဒီမှာ မနေနိုင်တဲ့  သူ တယောက် က ၀င်မေးတယ်။
"ခဏလေးဗျာ ခင် ဗျားက ဗုဒ္ဒဘာသာ လား။ ဘုရားကိုရည် မှန်းပြီးတော့  ကန်တော့  တာပေါ့ ´´
" မဟုတ်ပါဘူး။´´
"ဒါဆို ခရစ်ပေါ့  ။ ´´
"ဟုတ် ပါဘူး။ ´´
" အစ္စလာမ်ပေါ့  ဟုတ်လား။´´
" မဟုတ် ရပါဘူးဗျာ...´´
"ဒါဆို ခင်ဗျားဘာကိုရှိ ခိုးပြီး ဆုတောင်းနေတာလဲ။ ဒါက ဒီလိုပါ... ကျွန်တော် ကထီးလုပ်ငန်းလုပ်တယ်လေ... ဒီတော့  ဟော့  ဒီ့  အဖ ကောင်းကင် ကြီးသာမရှိ ရင် ကျုပ်ဟာ ရပ်တည် နိုင် မှာ မဟုတ်ပါဘူး။ဖေကောင်းကင် ကြီးက နေတွေ ပူအောင်မိုးတွေရွာအောင် ဖန်ဆင်ပေးတောကျုပ်လုပ်ငန်း ကအောင်မြင်တယ်လေ...ဒါကြောင့်  ခုလို တခန်းတနား လုပ်ရတာပေါ့ ။´´
ဒီတော့  မှ နောက်ကလူတယောက် က ၀င်ပြောတယ်.............
".....မဟုတ်သေးပါဘူးဗျာ ခင်ဗျားအောင်မြင် တာခင် ဗျားအရည် အချင်းကြောင့်  ပါ။ဒီ လိုကြီးတော့  မဟုတ်နိုင် ပါဘူး။ကျုပ်ဆို သရေ လက်အိတ်တွေ လုပ်တာ..ခင်ဗျားပြောပုံအရဆို ကျုပ် က ရာဘာ ပင်တွေ ထိုင်ကန်တော့  ရမလို ဖြစ်နေပီ။ ´´
နောက် တယောက် ကလဲ
"ဟုတ်ပါ့  ဗျာ ကျုပ်ကဘာလဲ ကြည့်  နေတာ ..ခင် ဗျားပြောပုံဆို ကျုပ်ကရော ဘာထူး လဲ ။ကျုပ်က ဖိနပ် ချုပ်တာ ..အဲတော့  ဘာလဲ မြေကြီးကိုပဲ ထိုင် ကတော့  ရမလား။
လူတွေ ခြေ ထောက် ပဲ ကန်တော့  ရမှာ လား။´´
"အေးလေ..ကျုပ်ဆိုရင်ကော ကျုပ် ကမိလ္လာ ကျင်းတွေ လုပ် တာ ။မစင်တွေ ပဲ ထိုင် ကတော့  ရမလား...ဒါမှမဟုတ် .........ဟာ ဗျာ....´´
ဒီအချိန် မှာမိန်းမကြီး တယောက် က ဆောင့်  ကြီးအောင့်  ကြီး ထွက် လာပီး
"နင် ငါ့  ကိုခေါ်ပြီး အရှက် ခွဲ တာပဲ..တောက် နင် ကိုတော့  လား။ ပြောပြော ဆိုဆို နဲ့  မိန်းမကြီးလိုက် ရိုက် လို့  အိမ်ရှင် ထွက်ပြေးရ တော့  သည်။
ဒီမိန်းမကြီး က အတော်ဒေါသကြီးတာကိုး သူက ဘာအလုပ်လုပ်တာလဲ
``။အော် မီးယပ် နဲ့  သားဖွားကလေ´´
.....................................................................................................................................................................................................
ဟာသ တခုအနေနဲ့  ကြည့် မြင် နိုင် ပါတယ်မိတ် ဆွေ ။ဒါပေမယ့်  ကျွန်တော် ဟာသသက်သက် တော့  မရေးခဲ့  ပါဘူး။

Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။