သစ်ထူးလွင် |
- NLD ပါတီဝင်လျှောက်ထားသူတွေနဲ့ ပါတ်သတ်၍ ရှင်းလင်းချက်
- မူရင်းဈေးအတိုင်းရောင်းချမည့် ဖုန်းဆိုင် ၅ ဆိုင်ကို မြန်မာ့ဆက်သွယ်ရေးက စတင်ဖွင့်လှစ်
- နိုင်ငံကူးလတ်မှတ်အတု ကိုင်ဆောင်သူ မြန်မာနိုင်ငံသူနှစ်ဦး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိ
- နိုင်ငံခြားငွေ ဘဏ်စာရင်းရှိသူတိုင်း ၂၀၀၇ ခုနှစ်နဲ့အထက်မိုဒယ်ကား တင်သွင်းခွင့်ပြုမည်
- ပြည်ပမှ ဆန်ဝယ်လိုအား ကျဆင်းနေခြင်းက တောင်သူများအပေါ် ထိခိုက်မှုရှိ
- ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် ဘတ်စ်ကားအသွားအလာကျဲပါးသွားပြီး ခရီးသည်များအခက်ကြုံခဲ့
- မြေအောက်ကြိုးများ ထိခိုက်မိခြင်းကြောင့် ရန်ကုန်တွင် အင်တာနက်မြန်နှုန်းကျဆင်း
- Global Heritage Fund ၏ အာရှတိုက်မှ စိုးရိမ်ဖွယ်ရာ ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် (၁၀) ခု စာရင်းတွင် ရခိုင်မှ မြောက်ဦးမြို့ ပါဝင်
- စစ်တွေမှ ဈေးသည်များ ၀န်ကြီးချုပ် နေအိမ်ထိ ချီတက်တောင်းဆို
- ပြုပြင်ပြောင်းလဲရေး အငြင်းပွားမှု ကြောင့် ဒုသမ္မတနုတ်ထွက်
- အိုးအိမ်ဦးစီးပိုင်မြေကို နိုင်ငံရေး ပါတီတခုက ကျူးကျော်ဒုက္ခသည်ထံ ရောင်းချ
- ဇေကမ္ဘာနဲ့ ရွှေနံ့သာ
- နေပြည်တော်မဲဆန္ဒနယ်များတွင် USDP ရှုံးနိမ့်မှုကြောင့် ညွန်ချုပ်အဆင့်ရာထူးများအပြောင်းအလဲ ဖြစ်နိုင်
- ဒုတိယ သမ္မတ တစ်ဦးဦး နှုတ်ထွက်ခြင်းနှင့် ပတ်သက်၍ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်
- ဆင်ဘိုအနီး ဧရာဝတီကျွန်းပေါ် ရွှေတူးမှာကို ဒေသခံတွေ မကျေနပ်
- ကိုဖြိုးဝေအောင်အမှု တရားစီရင်ရေး လွဲမှားနေကြောင်း AHRC ဝေဖန်
- ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးနုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်
- အငိုလွယ်အရှိုက်ခက်လာနိုင်သော ကိုယ်ပိုင်ကျောင်းဥပဒေ
- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အောင်ပန်းမြို့ တွင် ဆွေးနွေးဟောပြော
- ဆရာကြီးဒဂုန်တာရာမွေးနေ့ပွဲအခန်းအနား အောင်ပန်းမြို့တွင်ယနေ့ကျင်းပ
| NLD ပါတီဝင်လျှောက်ထားသူတွေနဲ့ ပါတ်သတ်၍ ရှင်းလင်းချက် Posted: 07 May 2012 03:55 AM PDT | ||
| မူရင်းဈေးအတိုင်းရောင်းချမည့် ဖုန်းဆိုင် ၅ ဆိုင်ကို မြန်မာ့ဆက်သွယ်ရေးက စတင်ဖွင့်လှစ် Posted: 07 May 2012 03:43 AM PDT
ယင်းကဲ့သို့ဆောင်ရွက်ခြင်းမှာ ငွေကျပ်နှစ်သိန်းတန်နှင့် နှစ်သိန်းခွဲတန်ဖုန်း ကတ်များအား ဈေးနှုန်းပိုပေးကာ ဝယ်ယူ နေမှုများအား ဟန့်တားနိုင်ရန်အတွက်ဖြစ် ကာ မြန်မာ့ဆက်သွယ်ရေးမှ တရားဝင် ရောင်း ချခွင့်ပေးထားသော Elite နှင့် ရတနာပုံမှ ဆိုင်များအပြင် မြန်မာ့ဆက်သွယ်ရေးမှ ဖွင့် လှစ်လိုက်သော ဆိုင်ငါးဆိုင်တွင် မူရင်းဈေး နှုန်းအတိုင်း လိုသလောက်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရ သည်။ ''ကျွန်တော်တို့ မြန်မာ့ဆက်သွယ် ရေးအနေနဲ့ ဖုန်းကတ်တွေမူရင်းဈေးထက် ပိုနေတာကိုသိရလို့ သက်ဆိုင်ရာ ကုမ0x081ပဏီတွေ ကို အရေးယူဆောင်ရွက်မယ်လို့ သတိပေး ထားတာတွေလဲ ရှိပါတယ်။ အဲဒီလိုဖြစ်နေ တာက ဖုန်းကတ်တွေကို အကန့်အသတ်နဲ့ပဲ ထုတ်ပေးလိမ့်မယ်လို့ ပြည်သူတွေက ထင် နေတာကြောင့် လို့ ယူဆမိပါတယ်။ တကယ် တော့ ကျွန်တော်တို့အနေနဲ့ ဝယ်လိုအားရှိ ရင်ရှိသလောက် ဖုန်းတွေကို ရောင်း ချပေး သွားမှာပါ။ အကန့်အသတ် လုံးဝမထားပါ ဘူး။ အဲဒီလို ငွေပိုပေးဝယ် နေရတာ တွေကို ဟန့်တားဖို့အတွက်လဲ ကျွန်တော်တို့ မြန်မာ့ ဆက်သွယ်ရေးက နေရာငါးနေရာမှာ ဖုန်း တွေကို မူရင်းဈေး အတိုင်း လိုသ လောက် ရောင်း ချပေးမည့် One Stop Services ဆိုင်တွေကိုလဲ ဖွင့်လှစ်ပေး ထားပြီဖြစ် ပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း ကပြောသည်။ အဆိုပါ One Stop Services ဖြင့်ဝန်ဆောင်မှုပေးမည့်ဆိုင်များမှာ ရွှေဂုံတိုင် မိုဘိုင်း ဆက်သွယ်ရေး စီးပွားဌာန၊ ပန်းဆိုး တန်း မိုဘိုင်းဆက်သွယ်ရေးစီးပွားဌာန၊ အလုံ မိုဘိုင်းဆက်သွယ်ရေးစီးပွားဌာန၊ ရန်ကုန်တိုင်း စီးပွားဌာန(စာတိုက်ကြီး)၊ လမ်း(၄၀) အော်တိုတယ်လီဖုန်းစီးပွားဌာန တို့ဖြစ်ကာ ယင်းဆိုင်များ အား ဧပြီ၂ရရက်မှစ၍ ဖွင့်လှစ် ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။ Yangon Media Group | ||
| နိုင်ငံကူးလတ်မှတ်အတု ကိုင်ဆောင်သူ မြန်မာနိုင်ငံသူနှစ်ဦး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိ Posted: 07 May 2012 03:29 AM PDT မလေးရှားနိုင်ငံမှ မြန်မာ နိုင်ငံသူနှစ်ဦး နိုင်ငံကူးလက်မှတ်အတုများ ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါလေဆိပ်မှ စုံ စမ်း သိရသည်။ ဧပြီ ၂၉ ရက် နံနက်၁၁နာရီက မလေး လေကြောင်းလိုင်းခရီးစဉ် အမှတ် MH-740 ဖြင့်လိုက်ပါလာသော မငြိမ်းငြိမ်း (၃၁)နှစ်နှင့် မသက်ထွေး(၁၉)နှစ်တို့နှစ်ဦး သည် အခြားသူများ၏ နိုင်ငံကူးလက်မှတ် များကို ပြုပြင်ကိုင် ဆောင်လာကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စုံစမ်းတွေ့ ရှိရသဖြင့် ၄င်းတို့အား လေဆိပ်စစ် ဆင်ရေး အဖွဲ့ (၁)မှ မင်္ဂလာဒုံရဲစခန်းသို့ တရားလို ပြုလုပ်တိုင်တန်းခဲ့သည်။ ''သူတို့နှစ်ဦးက ကရင်ပြည်နယ် ဘက်က၊ တစ်ဦးက မုဒုံ၊ တစ်ဦးက ဇင်း ကျိုက်မှာနေတာ။ မလေးနိုင်ငံကနေ အလုပ် လုပ်ပြီး ပြန်လာကြတာလို့တော့ လောလော ဆယ်သိထားရတယ်။ အသေးစိတ်တွေကို တော့ စုံစမ်း နေတုန်း ပဲ။ လိမ်လည်မှုအပြင် လဝကအက်ဥပဒေနဲ့ပါ အရေးယူမှာပါ'' ဟု ယင်းအမှုနှင့်ဆက်စပ်သည့် ရဲအရာရှိတစ်ဦး က ပြောသည်။ ယခုအခါ ပြည်ပနိုင်ငံများ မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံကူး လက်မှတ် မသမာ မှုပြုလုပ်၍ဝင်ရောက် လာသောဖြစ်စဉ်များ ယခင်ထက်ပို၍ များ လာကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သိရသည်။''အခုတလော ဒီလိုနိုင်ငံကူးလက် မှတ်မသမာမှုတွေနဲ့ မြန်မာနိုင်ငံကိုလာကြ တဲ့သူတော်တော်များများ တွေ့နေရတယ်။ ကျွန်တော်တို့လေဆိပ်က တာဝန်ရှိသူတွေ အနေနဲ့လဲ ပြည်ပထွက်ခွာမယ့်သူတွေရော၊ ပြန်ရော က်လာ တဲ့သူတွေကို တစ်ဦးချင်း သေချာစစ် ဆေးတယ်။ အရင်ထက်ပိုပြီး စိစစ် နေပါတယ်''ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါအမှုကို မင်္ဂလာဒုံရဲစခန်းမှ (ပ)၂၅၉/ ၁၂၊ ပုဒ်မ ၄၂၀၊ ၄၆၈/၄၇၁ တို့ဖြင့်စစ်ဆေး နေကြောင်း သိရသည်။ Yangon Media Group | ||
| နိုင်ငံခြားငွေ ဘဏ်စာရင်းရှိသူတိုင်း ၂၀၀၇ ခုနှစ်နဲ့အထက်မိုဒယ်ကား တင်သွင်းခွင့်ပြုမည် Posted: 07 May 2012 03:15 AM PDT | ||
| ပြည်ပမှ ဆန်ဝယ်လိုအား ကျဆင်းနေခြင်းက တောင်သူများအပေါ် ထိခိုက်မှုရှိ Posted: 07 May 2012 03:10 AM PDT ယမင်း(မြစ်မခ) မေ(၇)ရက်၊၂၀၁၂ခုနှစ်။ ဆန်ဈေးကွက်တွင်း ပြည်ပ၀ယ်လိုအားကျဆင်းလာခြင်းကြောင့် Export လုပ်ငန်းများရပ်နားထားပြီး စိုက်ပျိုး တောင်သူများ အပေါ်ထိခိုက်မူများရှိလာကြောင်း ဆန်ကုန်သည်မျာထံက သိရသည်။ "တစ်လလောက်ရှိပြီ ပြည်ပတင်ပို့မှုတွေ နားထားရတာ။ အိန္ဒိယဘက်က ဆန်တွေ ကျွန်တော်တို့ ပို့တဲ့ နိုင်ငံ တွေကို အ၀င်များတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဆန်တွေရောင်းအားကျသွားတယ်။ တောင်သူတွေ အနေနဲ့ လည်း အရောင်းအ၀ယ်မဖြစ်တော့ စိုက်ပျိုးစရိတ်အတွက် အခက်အခဲတွေ ကြုံနေရတယ်" ဟု ဘုရင့်နောင် ဆန် Export လုပ်ငန်းရှင် ကိုရဲနောင်က ပြောသည်။ ပြည်တွင်း စပါးဈေးကွက်၌ မတ်လဆန်းပိုင်းတွင်း ဇီယာစပါးတင်းတစ်ရာလျှင် ကျပ် ၃သိန်း ၅သောင်း ၀န်းကျင် ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး လက်ရှိတွင် ကျပ် ၃သိန်း ၃သောင်းသို့ကျဆင်းခဲ့ပြီး ၀ယ်လိုအားကျဆင်းခဲ့၍ အရောင်းအ၀ယ်ဖြစ်ပေါ်မှုပါ ကျဆင်းလျက်ရှိကြောင်း သိရသည်။ "ပြည်ပက ၀ယ်လိုအားကျတော့ စီးပွားရေးသမားတွေက တောင်သူတွေ ဆီကနေ အ၀ယ်နည်းတယ်။ အဲဒါ ကြောင့် တောင်သူတွေမှာရောင်းဖို့ ပြုဖို့အတွက် နည်းနည်းခက်သွားတယ်။ စိုက်ပျိုးစရိတ်အတွက် အရင်းအနှီး လည်းနည်းသွားနိုင်တယ်" ဟု ပဲခူးဘက်မှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။ ၂၀၁၂ခုနှစ် မတ်လဆန်းပိုင်း ပြည်ပသို့ (Export) ဆန်တင်ပို့ရာတွင် ၂၅ မတ် ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၄၀ ၀န်းကျင်ခန့်ရရှိခဲ့ပြီး တစ်ကြိမ်တင်ပို့လျှင် တန် ၅၀၀ (အိတ်ရေ တစ်သောင်း) နူန်းတင်ပို့ နေရ ကြောင်း သိရသည်။ "အရောင်းအ၀ယ်က ပုံမှန်ပါပဲ။ နွေစပါးပေါ်ချိန်ဆိုရင် မိုးစပါးက အရောင်းအေးသွားတယ်။ အခု Export တွေ ရပ်နားနေရတာတွေက ပြည်တွင်းက ပို့တဲ့ ဆန်တွေက Quality မမှန်လို့ ထင်တယ်။ ဟိုတလောကတောင် ဒီက ပို့တဲ့ဆန်တွေ အင်ဒိုနီးရှားမှာ reject ဖြစ်တယ် ကြားတယ်" ဟု ဘုရင့်နောင်မှ ဆန်ကုန်သည် ကိုထွန်းဝင်းက သုံးသပ်ပြောဆိုသည်။ လက်ရှိ (Export) ဆန်ဈေးကွက်၌ ၂၅မတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၁၀ ၀န်းကျင်ခန့် ဈေး ပေါက်ကြောင်း ပြည်ပတင်ပို့မှုလုပ်ငန်းအချို့ ခေတ္တရပ်နားထားကြောင်း သိရသည်။ ပြည်ပ(Export) တင်ပို့မှုများအနေဖြင့် ဘင်္ဂလားဒေ့(ရှ်)၊ အာဖရိကနိုင်ငံများသို့ တင်ပို့ရောင်းချရာမှ ယခုအခါ ထိုနိုင်ငံများသို့ အိန္ဒိယဘက်က ဆန်များဝင်ရောက်လာသောကြောင့် ပြည်တွင်းဆန်များ ၀ယ်ယူမှု နည်းပါးသွား ကြောင်းကိုလည်း ကုန်သည်များထံက သိရှိရသည်။ Shwe Myitmakha Media Group | ||
| ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် ဘတ်စ်ကားအသွားအလာကျဲပါးသွားပြီး ခရီးသည်များအခက်ကြုံခဲ့ Posted: 07 May 2012 03:00 AM PDT ထွန်းနေအောင်(မြစ်မခ) မေ(၇)ရက်၊၂၀၁၂ခုနှစ်။ ထန်းတပင်မြို့နယ်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားခြင်းကြောင့် ဂတ်စ်ဖြင့် မောင်း နှင်သော လိုင်းကားအချို့နှင့်Taxiကားများမှာ သဘာဝဓာတ်ငွေ့ရရှိရန် ခက်ခဲကာ ကားသွားလာမှု နည်းပါးသွားပြီး ခရီးသည်များ အခက်အခဲကြုံတွေ့ခဲ့ရသည်။ မေလ(၅)ရက်နေ့ ညနေပိုင်းက ထန်းတပင်မြို့နယ်တွင် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု့ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ "ကျွန်မ မြေနီကုန်း သွားမလို့ ကားစောင့်နေတာ နာရီဝက်ကျော်သွားပြီ၊ အရင်ဆိုအဲလောက် ကား မရှားဘူး။ ကားတွေကလည်း အရမ်းကြပ်နေတယ်။ ကားငှားတော့လည်း အရင်ထက် ဈေးနှစ်ဆ လောက် ပိုတောင်းနေတယ်"ဟု မရမ်းကုန်းမြို့နယ် ရဲဘော်ဟောင်းမှတ်တိုင်တွင် ကားစောင့်နေသော ခရီးသည်တစ်ဦးက ပြောသည်။ အချို့ဂတ်စ် Taxi များမှာ ဂတ်စ်ထည့်ရန် ည(၁၁) နာရီအချိန်မှ စောင့်ဆိုင်းခဲ့သော်လည်း နံနက် အချိန် ထိ မရရှိခဲ့သောကြောင့် ရန်ကုန်မြို့တွင်းတွင် ဂတ်စ် Taxi ကားများ နည်းပါးနေပြီး ဓာတ်ဆီဖြင့် မောင်း နှင်သော ကားများအငှားလိုက်မှု ပိုမိုများပြားခဲ့ရကြောင်း သိရှိရသည်။ "ကျွန်တော်က တစ်ခေါက်ထွက်ပြီးရင် ဂတ်စ်တစ်ခါဖြည့်တယ်။ ဂတ်စ်ကမရတော့ မိုးချုပ်သွားရင် အုံနာကြေးက များသွားရော။ နောက်တစ်ခေါက်ထွက်ဖို့လည်း အခက်ခဲရှိတယ်။ ခရီးသည်လည်း နစ်နာတယ်။ ကျွန်တော်တို့လည်း နစ်နာတယ်။"Taxi မောင်းသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ CNG ဖြင့်မောင်းနှင်သော လိုင်းကားများနှင့် အငှားယာဉ်အချို့မှာ ပြေးဆွဲမှုမရှိသောကြောင့် ခရီးသည် များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း သိရှိရသည်။ "ကားတွေလည်း ရှားတယ်။ ကားခတွေလည်းပိုတောင်းတယ်။ ကားတိုင်းလိုလို ခရီးသည် အပြည့် ပါတယ်။ လိုင်းကားကို နာရီဝက်ကျော်လောက်ကြာအောင်စောင့်ရတယ်။ Taxi ငှားတော့လည်း ငါးရာ၊ တစ်ထောင်လောက်ပိုတောင်းတယ်။"ဟု လှည်းတန်းမှ မြို့ထဲသို့သွားသော ခရီးသည်တစ်ဦးက ပြောသည်။ အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုအား မေလ(၆)ရက်နေ့ နံနက်ပိုင်းတွင် ပြုပြင်ပြီးစီးသွားကြောင်း စွမ်းအင်ဝန်ကြီးဋ္ဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတာဝန်ရှိသူတစ်ဦးက သတင်းထုတ်ပြန် ထားသည်။ Shwe Myitmakha Media Group | ||
| မြေအောက်ကြိုးများ ထိခိုက်မိခြင်းကြောင့် ရန်ကုန်တွင် အင်တာနက်မြန်နှုန်းကျဆင်း Posted: 07 May 2012 02:56 AM PDT ၀င့်သင်ဇာကျော် (မြစ်မခ) မေ(၇)ရက် ၊ ရန်ကုန်မြို့။ လှည်းတန်းကုန်းကျော်တံတားတည်ဆောက်ရာတွင် မြေအောက်ကေဘဲလ်ကြိုးများ ထိခိုက်မိသောကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အင်တာနက်ဆိုင်များနှင့် ဖုန်းအင်တာနက်မြန်နှုန်း ကျဆင်းနေခြင်းဖြစ်ကြောင်း သိရှိ ရသည်။ "လှည်းတန်းကုန်ကျော် တံတားဆောက်နေတယ်လေ၊ အဲ့ဒီတော့ မြေအောက်ကိုတူးနေကြတော့ မြေအောက် ကေဘဲလ်ကြိုးကို ထိမိခိုက်မိတော့ အင်တာနက်ဆိုင်တွေ အင်တာနက်ကော်နက်ရှင်ကျတာမျိုး၊ ဖုန်းအင်တာ နက်တွေ သုံးမရတာပါ" ဟု call center မှ မဒါလီက ပြောသည်။ အင်တာနက်ဆိုင်များနှင့် ဖုန်းအင်တာနက်များ ကော်နက်ရှင် ကျဆင်းရသော အခြားအကြောင်းအရင်းမှာ စမ်းချောင်းမြို့နယ်တွင် လမ်းများပြင်ဆင်နေခြင်းကြောင့်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ မြေအောက်ကေဘဲလ်ကြိုးများ ထိမိခိုက်မိခြင်းများကို ပြန်လည်ပြင်ဆင်ရန် အစီအစဉ်ရှိကြောင်း နှင့် မည်သည့် အချိန်တွင် ပြင်ဆင်မည်ကိုတော့ ရက်အတိအကျ မသိရှိရသေးကြောင်း နှင့် ပြင်ဆင်ပြီးပါက အင်တာနက် ကော်နက်ရှင် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း သိရှိရသည်။ " ဟံသာဝတီ ၊ အ၀ိုင်းနားမှာလဲ ကေဘဲလ်ကြိုးတွေ ပျက်ဆီးနေတယ် အဲ့ဒါကို ပြန်ပြင်ဖို့ အစီစဉ်တော့ရှိတယ် ရက်တော့ အတိအကျ မသိသေးဘူး အဲ့ဒါတွေ ပြင်ဆင်ပြီးရင်တော့ အင်တာနက်က ပြန်ကောင်းလာမှာပါ မြန်မာနိုင်ငံမှာ အင်တာနက်ကျတာ အထူးအဆန်းမဟုတ်ပါဘူး" ဟု call center မှ မဒါလီက ပြောသည်။ ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း အင်တာနက်သုံးစွဲသူအချို့မှာ အင်တာနက်သုံးစွဲမှု အဆင်မပြေခြင်းကြောင့် နီးစပ်ရာ ဖုန်းဆိုင်များသို့ သွားရောက်ပြသခြင်းမျိုးလည်းရှိကြောင်း သိရှိရသည်။ " ကျွန်မဖုန်းက ဂျီအက်စ်အမ်လေ ဖုန်းအင်တာနက်လိုင်းက မကောင်းလို့လား ကျွန်မဟန်းစက်ကဘဲ တစ်ခုခု ဖြစ်လားဆိုပြီး Mr. Fone ကိုသွားပြတော့ ကျွန်တော့်လိုင်းနဲ့ ဆန်းကြည့်တာ ရတယ်တဲ့ ဟန်းဆက်က ဖြစ်တာ မဟုတ်ဘူး သူ့နဂိုအင်တာနက်ဖုန်းလိုင်းက ဖြစ်တာလို့ပြောတယ် " ဟု မရမ်းကုန်းမြို့နယ်မှ ငါးသိန်းဖုန်း သုံးစွဲ သူတစ်ဦးက ပြောသည်။ Shwe Myitmakha Media Group | ||
| Posted: 07 May 2012 02:51 AM PDT Global Heritage Fund ဟု ခေါ်သော ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ က ထုတ်ပြန်သော အစီရင်ခံစာတွင် ရခိုင် ရှေးဟောင်း မင်းနေပြည်တော် မြောက်ဦးမြို့ကို အာရှတိုက်မှ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ ခုထဲတွင် ထည့်သွင်း ဖေါ်ပြထားသည်။ ရထားလမ်းကို အကြောင်းပြ ဖျက်ဆီးခံလိုက်ရသော မြောက်ဦးမှ သရီကုန်ဘောင် စင်္ကြန် ထိုအထဲတွင် ထိုင်းနိုင်ငံမှ ရှေးဟောင်း မြို့တော် အယုဒ္ဓယ၊ အာဖဂန်နစ္စတန်နိုင်ငံမှ ဗုဒ္ဓသာသနိက အဆောက်အအုံ တစ်ခု၊ တရုတ်နိုင်ငံမှ ရှေးဟောင်းမြို့တော် တစ် ခု အပါအ၀င် ရခိုင်မှ ရှေးဟောင်းမြို့တော် မြောက်ဦးကိုလည်း ထည့်သွင်း ဖေါ်ပြသည်။ ကမ္ဘာ့ အဖွဲ့အစည်း တစ်ခုဖြစ်သော ကမ္ဘာ့ အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ရှေးဟောင်း ယဉ်ကျေးမူ မြို့တော် မြောက်ဦးကို စိုးရိမ်စရာ ကောင်းသော အခြေအနေသို့ ရောက်ရှိနေကြောင်း ဖေါ်ပြ ပါရှိမူနှင့် ပတ်သက်ပြီး မြောက်ဦးတွင် နေထိုင်သူ ရှေးဟောင်း လက်ထောက် ညွှန်ကြားရေးမှူးဟောင်းလည်း ဖြစ်၊ မြောက်ဦး ပြတိုက်မှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဦးကျော်ထွန်းကို မေးကြည့်ရာ သူက ယခုလို ပြောကြားသည်။ " ဟုတ်ကဲ့။ မြောက်ဦးမှာ ကျွန်တော်တို့ ယဉ်ကျေးမှုအမွေ အနှစ်တွေဟာ ရထားလမ်း ဖေါက်တဲ့အခါမှာလည်းဘဲ မြို့ရိုးတွေ၊ တံတိုင်းတွေ၊ နောက်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်တွေ တည်ရှိတဲ့ နေရာတွေကို ဖြတ်ကျော်ပြီးတော့ ဖေါက်တာ မျိုးတွေ၊ နောက်တခါ ကားလမ်းဖေါက်တဲ့ အခါမျိုးမှာလည်းဘဲ အထူးသဖြင့် ကားလမ်းဟောင်းကို တိုးချဲ့မူ လုပ်တဲ့အခါမှာလည်း မြေသားမြို့ရိုးတိုင်တံတွေကို ဖြိုပြီးတော့ ဖို့တာမျိုးတွေ။ နောက်တခါ ရှေးဟောင်းယဉ်ကျေးမှု ဇုံထဲမှာနေပြီးတော့ ဟော်တယ်ကြီးတွေဆောက်လုပ် တာမျိုးတွေ။ နောက်တခါ ရှေးဟောင်း ဘုရား ပုထိုးတွေကို ပြုပြင်တဲ့အခါမှာလည်းဘဲ ရှေးမူမဟုတ်ဘဲနဲ့ ပြုပြင်ချင်သလို ပြုပြင်တဲ့ ပုံစံမျိုးတွေနဲ့ပေါ့။ ရှေးဟောင်းသုတေသန နည်းစနစ်တွေနဲ့ မဟုတ်ဘဲနဲ့ အလှူရှင်တွေက သူတို့ရဲ့ စိတ်ချင်တိုင်း ပြုပြင်တဲ့ ပုံစံမျိုးတွေပေါ့။ နောက်တခါ ထူးထူး ခြားခြားက မြောက်ဦးရှေးဟောင်း နန်းတော်ဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တခုပါဘဲ။ ဒါပေမဲ့ ကျွန်တော်တို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို အဆောက်အဦးတွေကို ဖြိုချလိုက်တဲ့နောက် ပိုင်းမှာ သက်ဆိုင်ရာက ကားဂိတ်တွေကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဖြစ်တဲ့ နန်းတော်အထဲမှာ နေရာချထားပါတယ်။ ဒါတွေက တော်တော်ကို အရုပ်ဆိုးပါတယ်။ ခုလို လုပ်ချင်တိုင်း လုပ်နေကြတဲ့ အတွက် ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်တွေဟာလည်း အတားအဆီး မရှိ ပျက်စီးချင်တိုင်း ပျက်စီး နေပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် ပိုပြီးတော့ ကျွန်တော်တို့ မြောက်ဦးဟာ ပိုပြီး စိုးရိမ်ရတဲ့ အခြေအနေမျိုးမှာ ရောက်ရှိနေတယ်လို့ ပြောလို့ရပါတယ်" ဟု ပြောသည်။ စစ်တွေနှင့် အမ်း ရထားလမ်းဖေါက်လုပ်သော အခါမှာလည်း ရခိုင် ရှေးဟောင်းမြို့တော် နေရာများကို ရှောင်းကွင်း ပြီး မဖေါက်လုပ်ဘဲ မြို့ရိုး အလယ်တည့်တည့်ကို ဖြတ်သန်းပြီး ဖေါက်လုပ်သဖြင့် တန်ဖိုး မဖြတ်နိုင်သော ရခိုင်ရှေးဟောင်း အမွေအနှစ်များ ပျက်စီးဆုံးရှံးခဲ့ရသည်ဟု ဦးကျော်ထွန်အောင်က ပြောသည်။ " လွန်ခဲ့တဲ့နှစ်က စစ်တွေနဲ့ အမ်းရထားလမ်း ဖေါက်လုပ်တဲ့ အခါ ရထားလမ်းကို ဓည၀တီမြို့ဟောင်းနဲ့ ဝေသာလီ မြို့ဟောင်း နေရာတွေက ဖြတ်ပြီး ဖေါက်လုပ်ပါတယ်။ အဲသလို ရထားလမ်းကို မြို့ဟောင်းနေရာတွေရဲ့ အပေါ်က ဖြတ်သန်း ဖေါက်လုပ်တဲ့ အတွက် မြို့ရိုးတွေ အပါအ၀င် ယဉ်ကျေးမူ အမွေအနှစ်တွေ အများကြီးပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ ရထား ဖြတ်တဲ့ အခါမှာလည်း တုန်ခါမူနဲ့ ပျက်စီး သွားနိုင်စရာ အများကြီးရှိပါတယ်" ဟု ပြောသည်။ ဖြိုဖျက်ခံလိုက်ရသော သမိုင်းဝင် မြောက်ဦးမှ အမြင့်တောင် ခံတပ်။ " ဒီယဉ်ကျေးမူ အနုပညာ ဗိသုကာ လက်ရာတွေဟာ လူသားတိုင်း တန်ဖိုး ထားသင့်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီအထဲက ရခိုင် မြောက်ဦးဟာ သမိုင်းအရ ဘာကြောင့် ပိုပြီး အရေးပါလဲဆိုရင် ကျွန်တော်တို့ ရခိုင်သမိုင်းမှာ ဘီစီ ၃၃၁၅က စပြီးတော့ ဓည၀တီခေတ် စပေါ်ပေါက်ခဲ့တယ်။ အဲဒီအချိန်က စတင်ပြီး ရခိုင်မှာ ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦး စသဖြင့် ပေါ့လေ ခေတ်တွေ တစ်ခေတ်ပြီး တစ်ခေတ် ထွန်းကား ခဲ့ပါတယ်။ အဲဒီ ခေတ်ကြီးတွေထဲက ယဉ်ကျေးမူ အမွေအနှစ်တွေဟာ မြောက်ဦးခေတ်မှာ ပေါင်းဆုံပြီး အကြီးအကျယ် ထွန်းကားခဲ့ပါတယ်။ အထင်ကရ သမိုင်းကြောင်းတွေနဲ့ အတူ ယဉ်ကျေးမှုအမွေအနှစ်တွေရော၊ ကျောင်းကန် ဘုရား စေတီ ပုထိုး အဆောက် အအုံတွေရော၊ နောက်တခါ သမိုင်းဆိုင်ရာ ရုပ်ကြွင်း ရုပ်ထု လက်ရာတွေဟာလည်း ဒီမြောက်ဦး ခေတ်မှာဘဲ အစွန်းကုန် ထွန်းကားခဲ့တဲ့ အတွက် မြောက်ဦးဟာ သမိုင်းမှာ တော်တော် အရေးကြီးတယ်လို့ ပြောလို့ ရပါတယ်။" မြောက်ဦးမြို့ကို ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၀၀ ကျော် တည်တံ့ ခဲ့သဖြင့် သမိုင်းဆိုင်ရာ ယဉ်ကျေးမူ အမွေအနှစ်များ အထူးပေါကြွယ်ဝသော ရှေးဟောင်း မြို့တော် တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ နှစ်ပေါင်း ရာချီတည်တံ့ခဲ့သော မြို့တော် တစ်ခုကို ထိန်းသိမ်းပြုပြင်မူ အားနည်းနေသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့်လည်း စေတီ ပုထိုးများ ယိုယွင်း ပျက်စီးနေကြောင်း ဦးကျော်ထွန်းအောင်က ပြောသည်။ " ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံတွေ ဟာ ကျွန်တော်တို့ ထိန်းသိမ်းပြုပြင်မှုအပိုင်းမှာ အားနည်းမှုတွေရှိပါတယ်။ အဲဒါကြောင့် ဘုရားပုထိုး စေတီတွေဟာ မိုးကြီးတဲ့အခါ ငလျှင်လှုပ်တဲ့အခါ ပြိုပျက်နေတာတွေလည်း ရှိနေပါတယ်။ ဥပမာ အားဖြင့် မိုးကြီးတဲ့ အတွက် ရွှေဂူတောင် စေတီတို့ ပြိုကျ သလိုပေါ့။ နောက်တခါ ဘားဘူတောင်စေတီ၊ ဟာရီတောင် စေတီတို့လို ပြိုတာတွေလည်း ရှိနေပါတယ်။ အဲလိုဘဲ မုန်တိုင်းတိုက်တဲ့ အခါမှာ၊ ငလျှင်လှုပ်တဲ့အခါမှာ ပျက်စီးယိုယွင်းတာတွေ အများကြီးရှိပါတယ်။ နောက်တခါ ဒီရှေးဟောင်း အဆောက်အဦးတွေမှာ ပေါက်ရောက်နေတဲ့ ညောင်ပင် အပင်ကြီးတွေကို မခုတ်နိုင်တဲ့အတွက် တနေ့တခြားပေါ့ အဲဒီမြေကြီးတွေ ဟာ အက်ကွဲပြီးတော့ အမျိုးမျိုး ပျက်စီးနေတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်" ဟု ပြောသည်။ ယခုကဲ့သို့ ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ ပျက်စီးနေသဖြင့် မြန်မာနိုင်ငံ ရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာနက မည်ကဲ့သို့ ကာကွယ် ဆောင်ရွက်နေပါသလဲဟု မေးမြန်းရာ ဦးကျော်ထွန်းအောင်က ယခုလို ပြောသည်။ " ရှေးဟောင်းသုတေသန ဌာနအနေနဲ့တော့ ဟိုတုန်းကတည်းက ကျွန်တော်တို့ တာဝန်ထမ်းဆောင်တဲ့ အချိန်က စပြီး တော့ နှစ်အလိုက် ရန်ပုံငွေတွေ ခွဲဝေ ချပေးထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီရန်ပုံငွေက မဖြစ်စလောက်ဆိုတော့ ရှေးဟောင်း အဆောက်အအုံတွေက များပြားတဲ့အတွက် ဘယ်လိုမှ ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းကို ပိုင်ပိုင် နိုင်နိုင် လုပ်ကိုင် နိုင်တဲ့ အနေအထားမှာ မရှိပါဘူး။" ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့မှ စိုးရိမ်စရာ အနေအထားမှာရှိနေကြောင်း အစီရင်ခံစာ ထုတ်ပြန်ထားသဖြင့် မြောက်ဦးကို အဆိုပါ အန္တရာယ်ကနေ လွှတ်ကင်းအောင် မည်သို့ ကာကွယ်နိုင်ပါမလဲဟု မေးမြန်းရာ သူက ယခုလို ရှင်းပြသည်။ " မြောက်ဦးရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကာကွယ် မယ်ဆိုရင် နိုင်ငံတော်အစိုးရက ရှေး ဟောင်းသုတေသန ဇုံတွေ ခွဲပြီးတော့ သတ်မှတ်ထားတာရှိပါတယ်။ အဲဒီသတ်မှတ်ထားတဲ့ နေရာတွေမှာပေါ့လေ ဥပဒေအရ တိတိကျကျ လိုက်နာဖို့ရယ်။ နောက်တခါ ဒီဘုရားပုထိုး စေတီတွေကိုလည်းဘဲ ကျွန်တော်တို့ စနစ်တကျပေါ့။ သိပ္ပံနည်းကျ ပေါင်းရှင်းတာ တို့၊ အပင်စိုက်တာတို့ နောက်တခါ ရှေးဟောင်းပုရားပုထိုး စေတီကိုပြုပြင်တဲ့အခါမှာလဲဘဲ ရှေးမူမပျက် စနစ်တကျ ပေါ့။ ရှေးဟောင်း နည်းစနစ်တွေနဲ့ ပြုပြင်ဖို့အရေးကြီးပါတယ်။ အဲဒါတွေကိုလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်တွေဟာ စိုးရိမ်တဲ့အနေအထားက နေပြီးတော့ နည်းနည်း (ကုစား)ခံ နိုင်တဲ့ အနေအထားမျိုးကို ရောက်လာမယ်လို့ မြင်မိပါတယ်" ဟု ဦးကျော်ထွန်းအောင်က ပြောသည်။ မြန်မာ အစိုးရ အဆက်ဆက်သည် ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦး အပါအ၀င် ဓည၀တီ၊ ဝေသာလီ မြို့ဟောင်းများကို မထိန်းသိမ်း မပြုပြင်ဘဲ ပစ်ပယ်ထားသည်သာမက ဒေသ ဖွံ့ဖြိုးရေး အတွက် အကြောင်းပြကာ ရထားလမ်း၊ ကားလမ်းများ ဖေါက်လုပ်ပြီး ရခိုင် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များကို ဖျက်ဆီးပစ်နေသဖြင့် ကမ္ဘာ ယဉ်ကျေးမူ ဆိုင်ရာ အဖွဲ့အစည်း တစ်ခု ဖြစ်သော Global Heritage Fund က ယခုလို အစီရင်ခံစာ ထုတ်ပြန်ကာ ကမ္ဘာပြည်သူများ သိရှိအောင် တပ်လှန့် နိုးဆော် လိုက်ခြင်း ဖြစ်ပုံရသည်ဟု စစ်တွေတွင် အများက ပြောဆိုဝေဖန် နေကြကြောင်း သတင်း ရရှိသည်။ နိရဉ္စရာ | ||
| စစ်တွေမှ ဈေးသည်များ ၀န်ကြီးချုပ် နေအိမ်ထိ ချီတက်တောင်းဆို Posted: 07 May 2012 02:48 AM PDT စစ်တွေမြို့ နာဇီရွာဈေးက ဈေးသည် ၆၀ ခန့်သည် တနင်္ဂနွေနေ့ နံနက်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် အိမ်ထိ ချီတက်ပြီး သူတို့ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်း ပေးရန် တောင်းဆိုခဲ့ကြသည်။ ၀န်ကြီးချုပ် အိမ်ထိ ချီတက်ပြီး တောင်းဆိုသော်လည်း ၀န်ကြီးချုပ်နှင့် တွေ့ဆုံခွင့်မရသဖြင့် မြို့နယ် စည်ပင်ရုံးသို့ ချီတက်ကာ ၎င်းတို့ ကြုံတွေ့နေရသော ပြဿနာကို ဖြေရှင်း ပေးရန် ဆက်လက် တောင်းဆိုခဲ့ကြသည်။ " ၀န်ကြီးချုပ်နဲ့ တွေ့ခွင့်မရတဲ့ အတွက် မြို့နယ် စည်ပင်ရုံးကို ကျွန်တော်တို့ ဆက်လက် ချီတက်ကြပြီး ကျွန်တော်တို့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုကြပါတယ်။ စည်ပင်ရုံးမှာတော့ စည်ပင်ဝန်ကြီး၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ပြည်နယ် စည်ပင် အရာရှိတွေက တွေ့ဆုံပြီး သူတို့က ဖြေရှင်းပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အထဲက လူပေါင်း ၂၀ ကို ဒီနေ့ မနက်မှာ ထပ်ချိန်းထားပါတယ်။ စစ်ဆေးလို့ မှန်တယ်ဆိုရင် ဈေးလိုင်စင်ကို ရုတ်သိမ်းမယ်လို့ ပြောပါတယ်" ဟု သူက ဆက်ပြောသည်။ ဈေးသူ ဈေးသားများ အနေဖြင့် သူတို့ ရင်ဆိုင် ကြုံတွေ့နေရသော ဈေးကောက်ခ မြင့်မားနေမူကို ဗွီဒီယို ရိုက်ပြီး စာရွက် စာတန်း အထောက်အထားများနှင့် တစ်ကွ အထက်ကို တင်ပြသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ယခုကဲ့သို့ ၀န်ကြီးချုပ်အိမ်ထိ ချီတက်ပြီး တောင်းဆိုရခြင်း ဖြစ်ကြောင်း သူက ပြောသည်။ " ကျွန်တော်တို့ တစ်နေ့ ရောင်းလို့ ရတဲ့ အမြတ်က ဈေးကောက်ကို ပေးနေရတာနဲ့ ဘာမှ မကျန်တော့ပါဘူး။ ဒါ့ပြင် ဈေးလာဝယ်ရင်လည်း ကုန်ပစ္စည်းတွေကို ယူသွားတဲ့ အခါ ဈေးဝင်၊ ဈေးထွက်ခ ကောက်တော့ ဘယ်သူမှ ကျွန်တော်တို့ နာဇီရွာ ဈေးက လာမ၀ယ်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ စီးပွားရေး အရမ်းထိခိုက်လာပါတယ်။ ဒါကို အထက်ကို အထောက်အထားတွေနဲ့ တင်ပြတယ်။ ဘယ်သူမှ အရေးမစိုက်ဘူး။ ဒါကြောင့် ခုလို အခက်အခဲတွေကို မခံစားနိုင်တော့လို့ ၀န်ကြီးချုပ်ကို တောင်းဆို ရတာဖြစ်ပါတယ်။" အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုလို ပြောသည်။ " အဲဒီ ဦးခင်မောင်လှ (ခေါ်) ဆော်လိမ် ဆိုသူက ထောက်လှမ်းရေးခေတ်ကတည်းက ဒီလို လူထုကို အနိုင်ကျင့်လာတဲ့ သူတစ်ဦးဖြစ်တဲ့ အတွက် အခုလည်း လူထုကို အဲသလိုမျိုး အနိုင်ကျင့်နေတယ်။ သူနဲ့ ပတ်သက်ပြီး တိုင်တန်းတဲ့ စာတွေလည်း ကျွန်တော်တို့ အများကြီး လက်ခံရရှိပါတယ်။ ဒီကိစ္စကို မဖြေရှင်းရင် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အတွက် ပြည်နယ် အစိုးရ အဖွဲ့ကိုလည်း ကျွန်တော်တို့ ဒီကိစ္စကို အသိပေးထားပါတယ်" ဟု ပြောသည်။ ဦးခင်မောင်လှသည် နာဇီရွာ ဈေးတွင် ထိုသို့ ဈေးကောက်ခကို ထင်သလို တိုးမြှင့်ကောက်နေသည်သာမက အဆိုပါ ဈေးမှ ပေ ၁၅၀၀ ခန့်ကွာဝေးသော အေးသာယာလမ်း စက်ရုံစု ရပ်ကွက် အမှတ် (၃) မူလတန်းကျောင်းရှေ့၌ မရှိဆင်းရဲသားများ တရားမ၀င် ရောင်းချနေသော ဈေးတွင်လည်း အခွန်အခများကို မည်သည့် အထက်အရာရှိမှ ခွင့်ပြုချက် မရှိဘဲ ကောက်ခံနေကြောင်း သိရသည်။ ရခိုင်ပြည်နယ် အနှံ့အပြားတွင် ယခင် စစ်တပ်နှင့် ရင်းနှီးသူများ၊ ထောက်လှမ်းရေးကို လက်ကိုင်ပြုပြီး ကြီးပွားနေသူများသည် ဈေးကောက် လိုင်စင်၊ ငါးဖမ်းကွက် လိုင်စင်၊ ပုဇွန်ကန် လိုင်စင် စသည်များကို ယခုအချိန်ထိ လက်ဝယ် ရရှိထားပြီး လူုထု အပေါ် နည်းမျိုးစုံဖြင့် ခေါင်းပုံ ဖြတ် ဂုတ်သွေး စုတ်နေကြကြောင်း သိရသည်။ ယခု ကဲ့သို့ စစ်တွေမှ ဈေးသည်များ ဈေးကောက်ခ လျှော့ချရန် ၀န်ကြီးချုပ် အိမ်ထိ သွားရောက် ဆန္ဒပြ တောင်းဆိုမူမှာ ယခု အကြိမ်သည် ပထမဆုံး ဖြစ်ကြာင်း သိရသည်။ နိရဉ္စရာ | ||
| ပြုပြင်ပြောင်းလဲရေး အငြင်းပွားမှု ကြောင့် ဒုသမ္မတနုတ်ထွက် Posted: 07 May 2012 02:42 AM PDT လက်ရှိအစိုးရအဖွဲ့ထဲမှာ သဘောထားတင်းမာသူလို့ နံမယ်ကြီးတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နှုတ်ထွက်သွားကြောင်း မေလ (၇) ရက်နေ့ ရန်ကုန်ကပေးပို့တဲ့ Asian News International သတင်းမှာ ရေး သားထားပါတယ်။ အသက် ၆၁ နှစ်အရွယ်ရှိ ဥိးတင်အောင်မြင့်ဥိးဟာ သမ္မတဥိးသိန်းစိန် ခေါင်းဆောင်တဲ့ လက်ရှိ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့ သဘောထားတင်းမာသူတွေအကြား အငြင်းပွားမှု ကြောင့် အခုလို နှုတ်ထွက်သွားတာလို့ သတင်းမှာ ရေးထားပါတယ်။ ဦးတင်အောင်မြင့်ဥိးဟာ စင်္ကာပူက ပြန် လာပြီးနောက် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မေလ (၃) ရက်နေ့ကတည်းက နှုတ်ထွက် စာတင်ခဲ့တာဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာတွေကို ကိုးကားပြိး Asian News International သတင်းမှာ ရေးသားထားပါတယ်။ ဒီဗွီဘီ | ||
| အိုးအိမ်ဦးစီးပိုင်မြေကို နိုင်ငံရေး ပါတီတခုက ကျူးကျော်ဒုက္ခသည်ထံ ရောင်းချ Posted: 06 May 2012 04:52 PM PDT ရန်ကုန်၊မေ ၆ ရက်၊ ၂၀၁၂ ခုနှစ်-သူရမျိုး (YPI) ၈၈ မျိုးဆက်ကျောင်းသား လူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ မြို့နယ် ဥက္ကဋ္ဌ မအေးအေးမာ ဦးဆောင်၍ ရွှေပြည်သာ သံတင်း ၄၅ ရှိမြေကွက် တစ်ချို့ကို ရွှေပြည်သာမြို့နယ် အင်ဂျင်နီယာတပ်ဝင်းမှ နေရာမှ ဖယ်ရှားခံရသည့် ကျူးကျော်ဒုက္ခသည်များထံ ငွေငါးသောင်းဖြင့် ရောင်းချပေးလျှက်ရှိသည်။ ယင်းသို့ အခကြေးငွေယူရောင်းချပြီးမကြာမီ အိုးအိမ်ဦးစီးဋ္ဌာနမှ ၎င်းတို့ပိုင်မြေဖြစ်ကြောင်း ဆိုင်းဘုတ်လာရောက် စိုက်ထူထားသည်ဟု ကျူးကျော် ဒုက္ခသည်များကပြောသည်။ မြို့ရွာနှင့် အိုးအိမ်ဦးစီးဋ္ဌာနပိုင်မြေဟု ဆိုင်းဘုတ်လာရောက်စိုက်ထူ ထားသော်လည်း နေစရာမရှိသူ တို့အဖို့မှာ နေစရာ တဲအိမ်ကို ဆောက်လုပ်နေဆဲဖြစ်သည်။ (ဓါတ်ပုံ-သူရမျိုး)"ဟိုမှာတုန်းကလည်း သူတို့ပဲ ဆောက်ဆောက်ဆို ကျွန်မတို့ဆောက်ခဲ့တာ ဆောက်လို့ အိမ်ပေါ်မတက်ရသေးဘူး အခုဒီဘက်ရောက်လာတယ်။ ဒါလည်သူတို့ပဲ ဆောက်ခိုင်းတာဘဲ ဒါလည်းအရစ်ကျနဲ့ ဆပ်ပေးရမယ်ဆိုလို့။ အခုအရစ်ကျနဲ့မဟုတ်ဘူး တလုံးထဲ (တကြိမ်ထဲ) ပေးဆိုတော့ ကျွန်မတို့မှာလည်း တစ်လကိုးသီတင်း အလုပ်ကမလုပ်ခဲ့ရဘူး။ မပေးနိုင်ဘူး " ဟု ကျူးကျော်ဒုက္ခသည် မစန်းစန်းအေးက YPI သို့ပြောသည်။ ယင်းကျူးကျော် ဒုက္ခသည်များသည် ပြီးခဲ့သည့် ၎င်းတို့နေထိုင်ရာ ရွှေပြည်သာ ဒညင်းကုန်းလမ်းဆုံအနီး အင်ဂျင်နီယာ တပ်ဝင်းမှ ဧပြီလ ၂၇ ရက်နေ့မှ စတင်ပိတ်ဆို့ပြီး ဖယ်ရှားခံခဲ့ရသူများ ဖြစ်သည်။ ထိုသို့ပိတ်ဆို့ခံရသည့်အခြေအနေစဉ်အတွင်း ယခုလ ၃ ရက်နေ့က ၈၈မျိုးဆက်ကျောင်းသားလူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ရွှေပြည်သာမြို့နယ် ဥက္ကဋ္ဌ မအေးအေးမာက ဦးဆောင်၍ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက် ၊ သံတင်း ၄၅ အတွင်းရှိ လယ်မြေများပေါ်သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။ အစောပိုင်းတွင် မအေးအေးမာမှ အဆိုပါမြေကွက်များကို ငါးသောင်းဖြင့်အရစ်ကျရောင်းချပေးမည် ဆိုသော်လည်း ၅ရက်နေ့ နေ့လည် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနမှ မကျူးကျော်ရဆိုင်းဘုတ် လာစိုက်ထူပြီးနောက်ပိုင်း တစ်လုံးတစ်ခဲတည်းတောင်းဆိုလျှက်ရှိကြောင်း ကျူးကျော်ဒုက္ခသည် မစန်းစန်းအေးကဆိုသည်။ အဆိုပါမြေကွက်များသည် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနပိုင် မြေကွက်များဖြစ်ပြီး ရွှေဝါကုမ္ပဏီသို့ ချပေးထားပြီးဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။ ယခုလို ဒုက္ခသည်များ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ၎င်းတို့နှင့် ဒေသခံအုပ်ချုပ်ရေးအာဏာပိုင်များ အကြား အခြေအနေတင်းမာလျှက်ရှိသည်ဟု ကျူးကျော်ဒုက္ခသည်များက ပြောသည်။ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပါတီမှ ပြောဆိုသည်နှင့် ပတ်သက်၍ ဒုက္ခသည် မိန်းမကြီးတဦးက "သူတို့က အဖွဲ့အစည်းတွေနဲ့ရောက်လာပြီး အိုးအိမ်လေးတစ်နေရာစာပေးမယ် နောက်ပိုင်းကျ အတည်အကျဖြစ်မယ် ပေါ့ အဘွားကြီးတို့လို မရှိဆင်းရဲသားတွေ ပေးမယ်ဆိုတော့ အဘွားကြီးလည်းပြောင်းတာပေါ့"ဟုဆိုသည်။ ထိုသို့အင်ဂျင်နီယာတပ်ဝင်း အတွင်းပြောင်းရွှေ့နေထိုင်ရန်အတွက် ယင်းပါတီဝင်ဖြစ်ဖို့ရာအတွက် လျှောက်လွှာ ကို ၂၀၀၀ကျပ်ဖြင့် ၀ယ်ယူဖြည့်သွင်းခဲ့ ရသည်ဟုလည်း အမည်မဖော်လိုသူ ကျူးကျော်ဒုက္ခသည် တစ်ဦးက YPI သို့ပြောသည်။ ယင်းပါတီမှ ရွှေပြည်သာ မြို့နယ် ဥက္ကဋ္ဌ မအေးအေးမာအား မေးမြန်းဖို့ရာ ကြိုးစားဆက်သွယ်သော်လည်း ဆက်သွယ်၍မရခဲ့ပါ။ ။ Yangon Press International | ||
| Posted: 06 May 2012 04:15 PM PDT | ||
| နေပြည်တော်မဲဆန္ဒနယ်များတွင် USDP ရှုံးနိမ့်မှုကြောင့် ညွန်ချုပ်အဆင့်ရာထူးများအပြောင်းအလဲ ဖြစ်နိုင် Posted: 06 May 2012 04:04 PM PDT ဧပြီ၁ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်မဲဆန္ဒနယ်များတွင် USDP ရှုံးနိမ့်မှုကြောင့် ညွှန်ချုပ်အဆင့်ရာထူးများ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း ၀န်ထမ်းအသိုင်းအ၀ိုင်းတွင် သတင်းဖြစ်ပေါ်လျှက်ရှိသည်ကို ကြားသိရသည်။ ![]() ကြားဖြတ် ရွေးကောက်ပွဲ ရှုံးနိမ့်မှုတွင် ၀န်ထမ်းများအား မစည်းရုံးနိုင်ခြင်းကြောင့် ရှုံးနိမ့်ရခြင်း ဖြစ်သည်ဟု ယူဆ၍ ၀န်ထမ်းများကို စည်းရုံးနိုင်ခြင်းမရှိသော ညွန်ချုပ်အဆင့် လည်ပယ်တူများကို ဖြုတ်ချသည်အထိပင် ဆောင်ရွက်လိမ့်မည်ဟု သုံးသပ်ပြောဆိုနေကြပြီး စဉ်းစားသုံးသပ်နေသည့် သဘောရှိကြောင်း ၀န်ထမ်းအသိုင်းအ၀ိုင်းမှ သိရသည်။ Hot News | ||
| ဒုတိယ သမ္မတ တစ်ဦးဦး နှုတ်ထွက်ခြင်းနှင့် ပတ်သက်၍ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် Posted: 06 May 2012 03:58 PM PDT | ||
| ဆင်ဘိုအနီး ဧရာဝတီကျွန်းပေါ် ရွှေတူးမှာကို ဒေသခံတွေ မကျေနပ် Posted: 06 May 2012 03:34 PM PDT ကချင်ပြည် ဆင်ဘိုမြို့အနီး ဧရာဝတီမြစ်ပေါ်က ကျွန်းတကျွန်းမှာ အငြိမ်းစား စစ်အရာရှိဟောင်းတဦးက ရွှေတူးဖော်ဖို့ ပြင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီ မြစ်ကမ်းနဘေးမှာ ရွှေကျင်နေသူ တစ်ဦးကို တွေ့မြင်ရစဉ်၊ RFA ဆင်ဘိုမြို့နဲ့ ၂ မိုင်လောက်သာဝေးတဲ့ ဧရာဝတီမြစ်လယ်က ကျွန်းမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်က စလို့ ရွှေတူးစက်တွေ ရောက်လာပြီး ဒီကနေ့မှာ ရွှေတူးမယ့်ဖောင် စုစုပေါင်း ၅၀ ကျော်လောက် ထပ်ပြီးရောက်လာတယ်လို့ ဆင်ဘိုဒေသခံ တစ်ယောက်က ပြောပါတယ်။ "ဆင်ဘိုနဲ့ မဝေးတဲ့နေရာ ကျွန်းဦးဆိုတဲ့ ကျွန်းရှိတယ်။ ဗန်းမော်ဘက်ကနေ တက်လာတာ။ သူတို့က အငြိမ်းစားဗိုလ်မှူး ဦးလှထွန်း၊ သူတို့အဖွဲ့အားလုံး ရွှေဖောင်က ၃၀ ကျော် ၄၀ လောက်ရှိတယ်။ အဲဒါလာလုပ်မယ် ဆိုတဲ့အခါကျတော့ အထက်ရဲ့ ခွင့်ပြုချက်တော့ မဟုတ်ဘူး။ ဆင်ဘိုဒေသ အာဏာပိုင်တွေနဲ့ပဲ သူကလှုပ်ရှားမှာ၊ အဲဒါကို ရွှေကူဒေသခံတွေက စိုးရိမ်မကင်းဖြစ်နေတယ်။ အခုက သူတို့က ကုမ္ပဏီနံမည်ကို မခံဘူး။ ဖက်စပ်ပုံစံမျိုးပေါ့ဗျာ။ အငြိမ်းစားဗိုလ်မှူး ဦးလှထွန်းကနေ ဦးဆောင်လာတဲ့သဘောပဲ။ ဒီဥစ္စာ အုပ်ချုပ်ရေးရုံးတွေလည်း ပါတာပဲ။ စရဖ တွေလည်း ပါတာပဲ။ ရွှေဖောင်တွေက ရောက်လာပြီ" ဒီနေ့ဆိုရင် ရွှေဖောင်စုစုပေါင်း ၅၀ ကျော်လောက် ထပ်ရောက်လာတယ်လို့ သိရပါတယ်။ အဲဒီနေရာမှာ ရွှေတူးရင် မြစ်ရဲ့အောက်ပိုင်းမှာ ရှိတဲ့လူတွေအတွက် ကျန်းမာရေးအရ ထိခိုက်နိုင်သလို ပျက်စီးဆုံးရှုံးမှာတွေလည်း ရှိတာကြောင့် ဒေသခံတွေ မကျေနပ်ကြဘူးလို့လည်း အဲဒီဒေသခံက ပြောပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဆင်ဘိုမြို့ အုပ်ချုပ်ရေးဌာနကို RFA က ကြိုးစားဆက်သွယ်ပေမဲ့ အဆက်သွယ်မရခဲ့ပါဘူး။ အလားတူပဲ ဗန်းမော်မြို့ အနီးရှိ ဧရာဝတီမြစ်လယ်ကျွန်း မန်တဲရွာမှာလည်း ပြီးခဲ့တဲ့လကစပြီး ရွှေတူးဖော်နေကြလို့ ရွာရွှေ့ပြောင်းရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ RFA-Burmese | ||
| ကိုဖြိုးဝေအောင်အမှု တရားစီရင်ရေး လွဲမှားနေကြောင်း AHRC ဝေဖန် Posted: 06 May 2012 03:33 PM PDT ၂၀၁၀ သင်္ကြန်ဗုံးခွဲမှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုဖြိုးဝေအောင်ကို လာမယ့် မေလ ၈ ရက်နေ့မှာ စီရင်ချက်ချတော့မှာ ဖြစ်ကြောင်းနဲ့၊ တရားစီရင်ရေးမှာ လွဲမှားမှုတွေရှိနေကြောင်း အာရှလူ့အခွင့်ရေး ကော်မရှင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ၂၀၁၀ သင်္ကြန်ဗုံးခွဲမှု စွပ်စွဲခံထားရသူ ကိုဖြိုးဝေအောင်ကို အာရှလူ့အခွင့်ရေး ကော်မရှင် (AHRC) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ။ ကိုဖြိုးဝေအောင်အမှုမှာ တရားမ၀င်ဖမ်းဆီးမှု၊ မမှန်မကန် သက်သေအထောက်အထား ရယူမှုတွေ ရှိနေတဲ့အတွက် တရားရုံးအနေနဲ့ ပြန်လည်သုံးသပ် စီရင်နိုင်ဖို့ ဒီကနေ့ ကြေညာချက် တစ်စောင်ထုတ်ပြန် တိုက်တွန်းရတာ ဖြစ်တဲ့အကြောင်း အာရှလူ့အခွင့်ရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက အခုလိုပြောပြပါတယ်။ " ဥပဒေနဲ့အညီ လုပ်ဆောင်ထားတဲ့ လုပ်ဆောင်ချက်တွေ မရှိဘူးဆိုတာကို ကျွန်တော်တို့ အချက်အလက် တော်တော်များများ တွေ့ရတယ်။ ဥပမာ ဖမ်းဆီးစစ်ဆေးတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ သက်သေထွက်ချက်တွေ မတရား ရယူတာ၊ မတရားဝန်ခံခိုင်းတာ၊ အမှုစစ်ဆေး စီရင်ခြင်းမပြုသေးမီမှာလည်း ရဲချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲမှာ အပြစ်ရှိတယ်ဆိုတဲ့ သဘောမျိုးအနေနဲ့ ထုတ်ဖော်ပြောဆိုတဲ့ ကိစ္စရပ်တွေ၊ နောက်ပြီးတော့တခါ သက်သေအဖြစ် သတင်းစာတွေမှာ ထုတ်ဖော်တင်ပြထားတဲ့ အချက်အလက်တွေနဲ့ အမှုစစ်ဆေးတဲ့အခါမှာ သက်သေတွေရဲ့ထွက်ဆိုချက်တွေ ကွဲလွှဲနေတာ အများကြီး ကျွန်တော်တို့ တွေ့ရတယ်။ ဒါတွေကိုလည်း တရားရုံးကနေပြီးတော့ အမှုမှာ သက်သေခံ အဖြစ် တင်သွင်းခဲ့တာ ကျွန်တော်တို့ တွေ့ရတယ် " ဒီကနေ့ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာနဲ့အညီ တရားစီရင်ရေး မဏ္ဌိုင်ကိုလည်း ပြုပြင်ပြောင်းလဲသင့်ကြောင်း၊ ယခင်စစ်အစိုးရ လက်ထက်ကလို အာဏာပိုင်တွေ လက်အောက်က တရားစီရင်ရေးမှုမဟုတ်ဘဲ လွတ်လပ်တရားမျှတဲ့ တရားစီရင်ရေးမျိုးဖြစ်အောင် တရားသူကြီးတွေ အနေနဲ့လည်း သတိထား ဆောင်ရွက်သင့်တယ်လို့ အာရှလူ့အခွင့်ရေး ကော်မရှင်က ပြောဆိုထားပါတယ်။ မှန်ကန်တဲ့ တရားစီရင်ရေးသာဖြစ်ခဲ့ရင် ကိုဖြိုးဝေအောင်ဟာ ကွင်းလုံးကျွတ် လွတ်ဖို့ ရှိကြောင်းနဲ့၊ ကိုဖြိုးဝေအောင်ရဲ့ လက်ရှိကျန်းမာရေးဟာ အတော်လေးဆိုးဝါးနေကြောင်း ဇနီးဖြစ်သူ မဌေးဌေးက အာအက်ဖ်အေကို အခုလို ပြောဆိုခဲ့ပါတယ်။ " ကျန်းမာရေးကတော့ လုံးဝမကောင်းဘူး။ သူက အသည်းရောဂါ ဖြစ်နေတယ်။ အထူးကု ကုမှ ရတော့မဲ့ အချိန်မှာ သူ့ကို အထူးကုခေါ်ပြီး ကုပေးခြင်းလည်း မရှိဘူး။ ဒီအကိုက်အခဲ ပျောက်ဆေးတွေတိုက်တာ များလွန်းတဲ့အတွက် သူအစာအိမ်ရောင်ပြီး ဆေးရုံ ၅ ရက် တက်ရတယ်ရှင့်။ တခါ အခု ၃၀ ရက်နေ့ ညပိုင်းတုန်းကလည်း အဲဒီလို မခံမရပ်နိုင် တအားအောင့်ပြီးတော့ အရေးပေါ်ဆေးရုံတင်ထားရတယ်။ အခုလက်ရှိလည်း ဆေးရုံပေါ်မှာပဲ" ကိုဖြိုးဝေအောင်ကို ၂၀၁၀ သင်္ကြန်မှာ ရန်ကုန်က H2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး စစ်အစိုးရက တရားစွဲဆိုထားတာဖြစ်ပါတယ်။ RFA-Burmese | ||
| ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးနုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ် Posted: 06 May 2012 03:31 PM PDT ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို မတ်လ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ မြန်မာနိုင်ငံရဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ရာထူးကနေ နုတ်ထွက်ဖို့ စာတင်ထားတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းက မနေ့က ထုတ်လွင့်ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး နောက်ထပ် ဗွီအိုအေက စုံစမ်း သိရှိရသမျှတွေကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။ မကြာခင်ရက်ပိုင်းကမှ စင်ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူပြီး မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ လက်ရှိရာထူးကနေ နုတ်ထွက်ဖို့ စာကို မေလ ၃ ရက်နေ့မှာ သမ္မတဆီ စာတင်ခဲ့တာ ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီသတင်းကိုလည်း ဗွီအိုအေ မြန်မာပိုင်းက စနေနေ့ညပိုင်း အစီအစဉ်မှာ ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီကနေ့ ထပ်မံ စုံစမ်းသိရသလောက်ကတော့ နုတ်ထွက်စာထဲမှာ ကျန်းမာရေးကြောင့် မပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကျန်းမာရေးလည်း သိပ်မကောင်းသလို့ လည်ချောင်းမှာ ကင်ဆာလို၊ အဖုအကြိတ်မျိုး စစ်ဆေး တွေ့ရှိခဲ့တာကြောင့် ရာထူးကနေ အနားယူဖို့ နုတ်ထွက်စာ တင်ထားတာ ဖြစ်တယ်လို့ အမည် မဖော်လိုသူ အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူရဲ့ နှုတ်ထွက်စာကို လက်ခံမယ် လက်မခံဘူး ဆိုတာကတော့ သမ္မတ ဦးသိန်းစိန်အပေါ်မှာ မူတည်တယ် လို့လည်း ပြောပါတယ်။ ဦးတင်အောင်မြင့်ဦးဟာ အခု မှော်ဘီက ဘုန်းကြီးကျောင်းတကျောင်းမှာ ရဟန်းခံထားတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ တခါ ဒီသတင်းနဲ့ ပတ်သက်လို့ သမ္မတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်ကိုလည်း ကျမ ဆက်သွယ် မေးကြည့်တော့ လက်ရှိ ဒီကနေ့ထိတော့ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နုတ်ထွက်မယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဘာမှမသိရသေးဘူးလို့ ဖြေပါတယ်။ "ကျနော်တို့တော့ ဘာမှ မသိသေးပါဘူးခင်ဗျ။ ကျနော်တို့လည်း နေပြည်တော်က မေလ ၁ ရက်နေ့က ပြန်လာတာပေါ့လေ။ အဲဒီအချိန်ထိတော့ ဘာမှ မကြားခဲ့ပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်းပဲ ဘာမှတော့ ပြောသံ ဆိုသံ မကြားမိပါဘူး။ ဒီလိုပဲ ၀က်ဘ်ဆိုက်တွေမှာရော၊ တခြား နေရာတွေမှာရော သတင်းတွေကတော့ ပြန့်နေတာပါပဲ။ ဒါမျိုး သတင်းတွေလည်း ပေါ်ပေါ်လာတတ်တာ ရှိတယ်။ ဟို . . . အတည်ပြုလို့လည်း မရဘူးပေါ့နော်။ ဒါပေမဲ့လည်း ကျနော်တို့ ဘာမှတော့ ရေရေရာရာ မသိပါဘူး။" တကယ်တော့ မြန်မာနိုင်ငံမှာ ဒီလို သတင်းမျိုးတွေကို အတည်ပြုချက်ရဖို့ အတော် ခက်ခဲပါတယ်။ နိုင်ငံတော်သမ္မတရုံးတွေ၊ အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတွေဆီ ဆက်သွယ်ပေမဲ့လည်း အတည်ပြုချက် မရသလို ဘာမှ မသိရသေးဘူးလို့သာ ဖြေကြပါတယ်၊။ ဒီလို သတင်းမျိုးတွေကိုလည်း အုပ်ချုပ်သူ အစိုးရဘက်က ကြိုတင်အသိပေး ထုတ်ပြန်တဲ့ အစဉ်အလာလည်း မရှိခဲ့ပါဘူး။ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ အခု အစိုးရအဖွဲ့ထဲမှာ သဘောထား တင်းမာသူ တဦး ဖြစ်တယ်လို့ အများသုံးသပ်ထားတာမို့ ဒီသတင်းကို အတော်များများက စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ ဦးတင်အောင်မြင့်ဦးနဲ့ တပ်မမှူး၊ တိုင်းမှူးဘ၀မှာ ဆုံခဲ့ဖူးသူ တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာနေတဲ့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ သူသိတဲ့ ဦးတင်အောင်မြင့်ဦးရဲ့ စိတ်နေ သဘောထားတွေကို အခုလို ပြောပြပါတယ်။ "သီဟသူရ ဦးတင်အောင်မြင့်ဦး အနေနဲ့ ဒီအစိုးရထဲမှာတော့ နံပါတ်တစ် သဘောထား တင်းမာဆုံးလို့ ပြောရပါမယ်။ သူဟာစစ်တပ်ထဲမှာ နေစဉ်တုန်းကလည်း အင်မတန်မှ သဘောထား တင်းမာတဲ့သူ။ ကျနော်တို့ စစ်တပ်ထဲမှာတော့ အပြောအဆိုလည်း ကြမ်းတယ်။ အခုလည်း ကင်ဆာဖြစ်တယ်လို့ ကြားတာပဲ။ အခု ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ၀င်ဖို့ မ၀င်ဖို့ ကိစ္စတွေ၊ နောက် ၂၀၀၉ ခုနှစ်က ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ မလွှတ်ဖို့ကိစ္စ၊ နောက် မစ္စတာယက်တောနဲ့ ပြန်ဖမ်းတဲ့ ကိစ္စတွေ ရှိတယ်ဗျာ၊ နောက် ၂၀၁၀ ရွေးကောက်ပွဲအပြီး တပတ်အကြာမှ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ ဒါတွေဟာ သူတို့ပယောဂတွေ မကင်းပါဘူး ခင်ဗျ။ ၂၀၁၁ ခုနှစ်လောက်က ကျနော် သိရသလောက်ပေါ့လေ အခု လက်ရှိသမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် တော်တော်လေး စိတ်ခံစားပြီးတော့မှ အစည်းအဝေး ခန်းကနေပြီးတော့မှ ဆွဲခေါ် ထုတ်သွားခဲ့ရတဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းမျိုးတွေ ကြားခဲ့ရပါတယ်။ အဲဒီချိန်ခါတုန်းကတော့ ဦးတင်အောင်မြင့်ဦးအနေနဲ့ ကျန်းမာရေး ကောင်းပြီးတော့မှ aggressive ဖြစ်တဲ့အချိန်ပေါ့လေ။ အထူးသဖြင့်တော့ မြစ်ဆုံ Dam (ဆည်) ကိစ္စတွေ ဖြစ်တဲ့အခါမှာ ဖြစ်ပါတယ်။" ဒါကတော့ အမေရိကားမှာ နေတဲ့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ် ပြောပြခဲ့တာပါ။ ဦးတင်အောင်မြင့်ဦးဟာ DSA စစ်တက္ကသိုလ် အပတ်စဉ် (၁၂) ကျောင်းဆင်း တဦးဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက်မှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်နဲ့ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အခု အရပ်သားအစိုးရ တရပ် ဖွဲ့စည်းခဲ့တဲ့ အထဲမှာတော့ စစ်တပ်ရဲ့ ထောက်ခံမှု အပြည့်နဲ့ ဒုတိသမ္မတ ဖြစ်လာတာလို့လည်း ပြောဆိုကြတာတွေ ရှိပါတယ်။ By မသင်းသီရိ (ဗွီအိုအေ-မြန်မာပိုင်း) | ||
| အငိုလွယ်အရှိုက်ခက်လာနိုင်သော ကိုယ်ပိုင်ကျောင်းဥပဒေ Posted: 06 May 2012 04:45 PM PDT ၂ဝ၁ဝ နှစ်ဆန်းပိုင်းအချိန်လောက်ဖြစ်မယ်ထင်တယ် ပညာရေးလောကမှာ သတင်းတစ်ခုစတင်ထွက်လာပါတယ်။ အဲဒါကတော့ ပြင်ပမှာသင်ကြားနေတဲ့ ကျူရှင်တွေ ကိုယ်ပိုင်ကျောင်းထောင်ခွင့်ပေးတော့မယ်တဲ့ဆိုတဲ့အကြောင်းပါ။ ဒီကိစ္စနှင့်ပတ်သက်လို့ ကိုယ်ပိုင်ကျောင်းထူထောင်မယ့်သူတွေက စိတ်ဝင်တစားနဲ့ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူအသီးသီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာအဖြေမပေးနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျောင်းဖွင့်ခါနီးအချိန်ရောက်တော့ ကိုယ်ပိုင်ကျောင်း ဖွင့်ခွင့်လိုင်စင်ကို ပညာရေးဝန်ကြီးဌာနမဟုတ်တဲ့ အဲဒီအချိန်က ဒေသဆိုင်ရာအာဏာပိုင်တွေဆီ လျှောက်ထားရမယ်ဆိုလို့ နီးစပ်သူတစ်ချို့ လက်သိပ်ထိုးလျှောက်လိုက်ကြတာ ရတဲ့သူရ မရတဲ့သူမရနဲ့ပေါ့၊ ဖွင့်လှစ်ခွင့်ရတဲ့သူတွေကလည်း လက်မတစ်ထောင်ထောင်နဲ့ ပိုယ်ပိုင်ကျောင်း ဆိုင်းဘုတ်တွေဘာတွေတင်ပြီးဖွင့်ပွဲတွေဘာတွေလုပ်လို့ပေါ့။ အဲဒီအချိန်ကြမှ ပညာရေးဝန်ကြီးဌာနက ဒီကိစ္စတွေကိုသူတို့မသိရပါဘူး . . . သူတို့ခွင့်ပြုချက်လည်းပေးမထားပါဘူးဆိုပြီးပြောတဲ့အခါကြမှ ဆိုင်းဘုတ်တွေပြန်ဖြုတ်ချကြရတယ်။ ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခွင့်ပြုရေးဟာ စကတည်းက ဒီလိုအရှုပ်နဲ့စခဲ့ကြတာ။ ဒီကိုယ်ပိုင်ကျောင်းဆိုတာကိုသဲသဲလှုပ်ခဲ့ကြတာကလည်း . . .ဒီသက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ငွေကြေးချောင်လည်သူတစ်ချို့ က မိမိတိုသားသမီးများကို သူများထက်ထူးချွန်စေချင်တော့ ပြင်ပနာမည်ကြီးကျူရှင်တွေ၊ ဘော်ဒါတွေ၊ သီးသန့်ဝိုင်းတွေမှာ ထားကြတယ်၊ ဒီတော့ ကျူရှင်ဆရာများကလည်းသူတို့ကိုယ်သူတို့အမွန်းတင်ချင်တော့၊ ကျောင်းကဆရာ၊ဆရာမတွေက ဘာမှလည်းမတတ်၊ ကောင်းကောင်းလည်းမသင်၊ စေတနာလည်းမရှိ၊ သူတို့သင်မှဘဲကျောင်းသား၊ ကျောင်းသူတတ်တော့ မယောင်ယောင်ပြောဆိုခဲ့ကြတယ်။ ပြီးတော့ကိုယ်တာဝန်ယူသင်နေရတဲ့ကလေးအခြေအနေမကောင်းတဲ့အခါကြတော့၊့ ကလေးကအမှတ်နည်းမှာပေါ့၊ တစ်နေကုန်နားမှမနားရဘဲ၊ ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီးကျောင်း ပြေးလွှားနေရတာ၊ ဒီဘာမှမဟုတ်တဲ့အစိုးရကျောင်းတက်နေရတာ အချိန်ကုန်တယ်၊ပင်ပမ်းတယ် . . ကိုင်ပိုင်ကျောင်းသာဖွင့်လှစ်ခွင်ရပြီး မိမိတို့စိတ်ကြိုက်သာကိုင်တွယ်ခွင့်ရရင် အားလုံးထူးချွန်တဲ့ကလေးတွေချည်းဖြစ်လာမှာဆိုပြီး . . အာဏာရှိသူတွေထံ နားပေါက်အောင်ပြောဆိုခဲ့ကြတယ်။ တာဝန်ရှိသူတွေကလည်းမိမိတို့ကလေးတွေအတွက်ကရှိသေးတော့ ဟုတ်နိုးနိုး ယုံကြည်ခဲ့ကြတယ်။ တစ်ကယ်တမ်း ကျောင်းကဆရာတွေ၊ဆရာမတွေခင်ဗျာပညာရေးနဲ့မပတ်သက်တဲ့ တာဝန်တွေ အမျိုးမျိုးကြားထဲက ကြိုးစားပမ်းစားသင်လားမသင်လားဆိုတာကို မိဘများသိသိကြီးနဲ့မျက်ကွယ်ပြုခဲ့ကြတယ်။ ပြင်ပမှ ကျူရှင်ဆရာများကလည်း ဆရာ၊ဆရာမများကိုတိုက်ခိုက်ခဲ့ကြတယ်။ အတန်းတွင်းမှာတော့ကောင်းကောင်းမသင်ဘူး၊ အိမ်မှာတော့ကောင်းကောင်းသင်တယ်စသည်ဖြင့်ပေါ့ . . ။ ဒါကို သိသိကြီးနဲ့ယုံပြီးအစိုးရကျောင်းများမှ ဆရာဆရာမများကို နှိမ်ချခဲ့ကြတယ်။ ကိုယ့်အတန်းထဲကကလေးကိုယ်ကျူရှင်ပြန်ပြတယ်ဆိုတာကလည်း မိဘတွေကစပြီးကိုယ်သားသမီးကိုယ် သူများထက်ထူးချွန်စေချင်လို့၊ ဌင်ပေါ်ချင်လို့ စတင်ဖန်တီးခဲ့ကြတာပါ။ အရိုးသားဆုံးပြောရရင် (Demand) ရှိလို့ (Supply) ရှိလာရတာပါ။ ဒါကလည်း အခြေခံပညာဦးစီးဌာနမှာရှိတဲ့ ကျောင်းပေါင်းသောင်းချီရှိတဲ့ထဲမှာမှ ဆယ်ဂဏန်း၊ ဆရာ၊ဆရာမဦးရေ သိန်းချီရှိသည်မှရာဂဏန်းမပြည့်ခဲ့ပါဘူး။ ဖြစ်ပွားမှုအများစုကြည့်ကြမယ်ဆိုရင်လည်း မြို့ ပေါ်မှာရှိတဲ့ ကျောင်းအများစုပါ။ အဓိကတော့ ရန်ကုန်နဲ့မန္တလေးပါ။ မြန်မာပြည်အနှံ့အပြားမှာ အိပ်စိုက်စာသင်ပေးနေတဲ့ ဆရာ၊ဆရာမများစုရဲ့ မျက်နှာကိုမှမထောက်၊ သင်ကြားရေးဆရာ၊ဆရာမမပြည့်စုံလို့ တစ်ယောက်တည်းဘာသာစုံသင်နေရ ၊ လခနည်းပါးစွာဖြင့် တိုင်းပြည်ရဲ့အကြီးမားဆုံးသောတာဝန်ဖြစ်တဲ့ပညာရေးမှာဘဝနစ်မြုပ်ထားကြတဲ့ဆရာဆရာမတွေကို မိဘတွေတင်မကဘူး မီဒီယာတွေကပါ ရေနစ်သူဝါးကူထိုးကြတယ်။ ဒီနေ့ဆရာ၊ဆရာမများမကောင်းပြောနေတဲ့သူတွေလည်းမိမိတို့ ကိုပညာရရှိအောင် ဒီဆရာ၊ဆရာမတွေကဘဲ သင်ကြားပေးခဲ့တယ်ဆိုတာမမေ့သင့်ဘူး။ ထားပါတော့ကိုယ်ပိုင်ကျောင်းအကြောင်းဆက်ရအောင်၊ ဒီလိုနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပညာရေးဝန်ကြီးဌာနဘယ်လိုညှိလိုက်ကြတယ်ဆိုတာတော့မသိဘူး၊ အခြေခံပညာက ညွှန်ချုပ်၊ တိုင်းပညာရေးမှုးတွေက အာဏာပိုင်တွေ စာရင်းပေးတဲ့ ကျောင်းတွေကိုသွားရောက်စစ်ဆေးစေပြီး၊ ဆက်လက်တင်ပြစေကာ အာဏာပိုင်တွေမှ စမ်းသပ်ဖွင့်လှစ်ခွင့်ပြုသည်ဆိုပြီး ကျောင်းအခိျု့ကို စတင်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။ ဒီလိုဖွင့်လှစ်ခွင့်ပြုအောင်လည်းအခြေခံပညာမှတာဝန်ရှိသူတွေကို သိန်း(၅ဝဝ)အထိပေးခဲ့ကြရတယ်ဆိုတာကို အဲဒီ အချိန်တုန်းက ပညာရေးဒုတိယဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်အောင်မျိုးမင်းက (Voice) ဂျာနယ်မှာ ပစ်တိုင်းထောင်ဆိုတဲ့ကလောင်အမည်နဲ့ဖော်ထုတ်ဝန်ခံရေသားခဲ့ပါတယ်။ ပြောရရင်တော့ ပညာရေးမှ ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ကျူရှင်ဆရာများအကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းပါ။ ပညာရေးကတာဝန်ရှိသူများကလည်း ကိုယ့်တပ်ကိုယ် စိစိညက်ညက်နင်းချေ၊ နှိမ်ချအပြစ်တွေဖို့ပြီး ကိုယ်ပိုင်ကျောင်းထောင်မဲ့သူတွေကို ဖူးဖူးမှုတ်ခဲ့ကြတာပါ။ ဒါပေမဲ့ အသိတရားရှိတဲ့ ဆရာကြီး၊ဆရာမကြီးများရဲ့ အသိတရားကြောင့်၊ ဒီကိုယ်ပိုင်ကျောင်းတွေကို၊ တန်းတင်တန်းချ၊ စာမေးပွဲစစ်ခွင့် မေးခွန်းထုတ်ခွင့်၊ ခွင့်မပြုခဲ့ပါဘူး။ ပြီးကျောင်းသားမှတ်ပုံတင်ကိုလည်း အနီးစပ်ဆုံးအထက်တန်းကျောင်းတစ်ကျောင်းမှာ မှတ်ပုံတင်ပြီး ဒီကျောင်းကဘဲစာမေးပွဲစစ်ဆေးအောင်စာရင်းထုတ်ပေးတာပါ။ (ဒါကလည်းအကြောင်းရှိပါတယ် . . ဒီမတိုင်ခင်မှာ ကျွန်တော်တို့နိုင်ငံမှာ ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကိုပြန်လည်အကောင်အထည်ဖော်ပြီး ကျောင်းသား၊ကျောင်းသူများ မှတ်ပုံတင်ခြင်း၊ အတန်းတင်၊ အတန်းချ၊ ကျောင်းပြောင်း၊ စာမေးပွဲစစ်ဆေးအောင်စာရင်းထုတ်ပြန်ခြင်းကိုခွင့်ပြုခဲ့ပါတယ်။ ဒီလိုခွင့်ပြုခဲ့ခြင်းဟာလည်း ဆရာတော်ကြီးများ၏သီလဂုဏ်၊ သမာဓိဂုဏ်ကိုယုံကြည်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါတောင်မှ အလိုရမက်ကြီးသောမိဘများနှင့် လုပ်ကိုင်စားသောပွဲစားများက ဆရာတော်ကြီးများအား ဆရာဒါယကာဖြစ်မှု၊ သနားကြင်နာမှုကိုအခွင့်ကောင်းယူပြီး၊ အတန်းတင်၊အတန်းချ၊ ကျောင်းပြောင်းလက်မှတ်၊ အောင်စာရင်း ထင်တိုင်းလုပ်ခဲ့ကြတာ၊ ကျောင်းမတက်ဘဲ တန်းစဉ်အအောင်ပေးခဲ့ကြတာ ရန်ကုန်၊ မန္တလေးဟိုးလေးတကျော်ကျော် မြင်မကောင်းကြားမကောင်းပါ။ ဒါကလည်း အာဏာပိုင်များနဲ့ သဲသဲလှုပ်မိဘတွေဘဲလုပ်ခဲ့ကြတာပါ . . . ပြီးတော့မှသာ ဒီကျောင်းတွေက တတ်အောင်မသင်နိုင်ဘူးဆိုပြီးပြောကြတာ ဒီကိစ္စတွေကို ဒီနေ့ကိုယ်ပိုင်ကျောင်းတွေကြရင်ဘယ်လိုထိမ်းချုပ်ကြမလဲ .) ဒီမှာတင်ကိုယ်ပိုင်ကျောင်းထောင်ခွင့်ရတဲ့ ကျူရှင်ဆရာကြီးများက လေပေါင်မြင့်လာပါတယ်၊ သူတို့ကဘဲ ကလေးတွေကိုတတ်အောင်သင်နိုင်တယ်. . .။ သူတို့ကဘဲ ဂုဏ်ထူးမျာများရအောင်သင်ကြားလေ့ကျင့်ပေးနိုင်တယ် . . . ကိုယ်ပိုင်ျကာင်းတွေလွတ်လွတ်လပ်လပ်ဖွင့်လှစ်ခွင့်ရမှတိုင်းပြည်ပညာရေးကတိုးတက်မှာ. . . သူတို့ဆီမှာတက်ရင် ကျူရှင်ထပ်ယူစရာ မလိုဘူး . . စသည်ဖြင့်ဂျာနယ်စာမျက်နှာတွေပေါ်ကနေ အင်တာဗျူးလုပ်ပြောခဲ့တာတွေဖတ်ခဲ့ရပြီးတော့ . . .စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်၊ တစ်ကယ်တော့ ဒီနေ့ကိုယ်ပိုင်ကျောင်းဆိုတာတွေက ကျူရှင်ပါဆိုနေမှ ကျူရှင်သာထပ်ယူနေရရင် စာတောင်သင်မစားသင့်တော့ဘူး၊ ဒါတောင်ရန်ကုန်၊မန္တလေးမြို့ တွေမှာ ထပ်ယူနေကြတာ တစ်ပုံတစ်ပင်။ . . ။နိုင်ငံတော်အစိုးရကျောင်းမှာယခုနှစ်တွေမှာ ကျောင်းစရိတ်ကိုအခမဲ့နီးပါးဖြစ်အောင် လုပ်ဆောင်ပေးနေတာတောင် ပြောနေကြတဲ့သူတွေကို . .. ဆရာဆရာမများက ကျောင်းမှာအသုံးပြုမဲ့ ပစ္စည်းလေးတွေ ဝယ်ဖို့တစ်နှစ်လုံးမှ ထောင်ဏန်းမျှသော ငွေကိုကောက်ခံမှုကို ဇာချဲ့နေသောသူများ ကိုယ်ပိုင်ကျောင်းများမှ တစ်နှစ်အပြတ် (၆-၈)သိန်းယူနေတာကိုကြတော့နှုတ်ပိတ်နေတာလည်းတစ်မျိုးချည်းပါ။ ဒီနေ့နိုင်ငံတိုင်းမှာ အဓိကကျောရိုးဖြစ်တဲ့ အစိုးရကျောင်းတွေကိုဘဲအဓိကရင်းနှီးမြုပ်နှံတိုးတက်အောင်လုပ်ပေးကြတာပါ။ အခုတော့ . . .။ ဒီနောက် ၂ဝ၁ဝ နောက်ပိုင်း နိုင်ငံတော်သမတကြီးဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရတက်လာပြီးတဲ့နောက်၊ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့လို အပ်ကြောင်းကိုလည်းအတိအလင်းဝန်ခံပြောဆိုခဲ့သလို ဗလငါးတန်နှင့် ပြည့်ဝသော ခေတ်မီဆန်းသစ်မှုများကိုတီထွင်ဖန်တီးနိုင်သော . . နိုင်ငံတကာအဆင့်မီကျောင်းသားကျောင်းသူများကို မွေးထုတ် ပေးနိုင်ဖို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဲဒီနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းဖြစ်တဲ့ ဒေါက်တာမြအေးကို ပညာရေးပြည်ထောင်စု ဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ (ဒေါက်တာမြအေးလက်ထက် ပညာရေးအခြေအနေများကို ဆက်လက်ရေးသားပါမည်)။ ဒီနောက်လွှတ်တော်များကို စတင်ကျင်းပရာ ပထမအကြိမ်ပြည်သူ့လွှတ်တော် ပထမအစည်းအဝေး မှာဘဲ ကိုယ်ပိုင်ကျောင်းဥပဒေကြမ်းကိုစတင်အဆိုပြုတင်သွင်းထောက်ခံခဲ့ပြီး၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးမှာ ကိုယ်ပိုင်ကျောင်းဥပဒေကို လွှတ်တော်အသီးသီးက မြန်မြန်ဆန်ကြီး အတည်ပြု ပြဌာန်းလိုက်တာပါဘဲ(ဒီလွှတ်တော်နှစ်ကြိမ်ဟာ (၆)လအတွင်းဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို စတင် တင်သွင်းသည့်အချိန်မှ ပြဌာန်းသည့်အချိန်ထိပညာရေးနျင့်ပတ်သက်သော မိဘ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ နှင့် ပြင်ပမှ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနှီးနှောခြင်း၊ ချပြဆွေးနွေးခြင်းမရှိသလို၊ နိုင်ငံတစ်ကာကျင့်သုံးပြဌာန်းထားသော ကိုယ်ပိုင်ကျောင်းဥပဒေများ၏ အားနည်းချက်၊ အားသာချက်၊့ မီငြမ်းခဲ့ရင်လည်း ကိုယ့်မြေကိုယ့်ရေ၊့ ကိုယ့်အသိုင်းအဝိုင်းနှင့်ကိုက်ညီမှုရှိမရှီ၊ ပညာရေးသုတေသနအဖွဲ့ ၏ဆောင်ရွက်ချက်များရှိ၊မရှိ၊ စမ်းသပ်ဖွင့်လှစ်ခွင့်ပေးထားသောကိုယ်ပိုင်ကျောင်းများမှတွေ့ ရှိချက်၊ အားသာချက်၊အားနည်းချက်များကိုမှိငြမ်းမှုရှိမရှိဆိုတာ ဥပဒေရေးဆွဲသူတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော အသိဆုံးပါ။ ဒီတော့ ဒီဥပဒေဘာကြောင့်မြန်မြန်ဆန်ဆန်ကြီးပြဌာန်းလိုက်တာလည်း . . . တိုင်းပြည်တစ်ပြည်ရဲ့ အဓိကကျောရိုးဖြစ်တဲ့ ပညာရေးကို ဘာမျှတိုင်းသူပြည်သား (Stakeholders) များကိုဆွေးနေီးညှိနှိုင်းခြင်းမပြုတာလည်း ဒီနေ့ မီဒီယာဥပဒေဖြစ်လာဖို့အတွက်တောင် မီဒီယာသမားတွေနဲ့အကြိမ်ကြိမ်ချပြဆွေးနွေးတာတောင် ဥပဒေကြမ်း မထွက်နိုင်သေးဘူး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ နိုင်ငံခြားပြန်၊ ပညာတတ်၊ ပါမောက္ခချူပ်ဟောင်းတစ်ယောက်ဖြစ်သော ဒေါက်တာမြအေးကရော ဘာကြောင့် လွယ်လွယ်ကူကူလက်ခံခဲ့ကြတာတုန်း၊ လွှတ်တော်မှာ ဒီအဆိုဖြစ်လာအောင်ဘယ်လိုလူမျိုးတွေကလှုံ့ဆော်ခဲ့ကြတာတုန်း၊ ပညာရေးဝန်ကြီးဒေါက်တာမြအေးနဲ့ ကျူရှင်ဘော်ဒါတွေ ပတ်သက်မှုဘယ်လိုရှိခဲ့တုန်း၊ မန္တလေးမြို့ပညာရေးအသိုင်းအဝိုင်းပတ်ဝန်းကျင်ကလူတွေအသိဆုံးပါ။ ဒီတော့ဘာတွေဆက်ဖြစ်လာသလဲဆိုတော့ ဥပဒေအတည်ပြုပြီးတာ(၆)လကျော်ပေမဲ့ အခုအချိန်အထိ နည်းဥပဒေ မထွက်နိုင်သေးဘူး ၊ထွက်လာခဲ့ရင်လည်းဒါတွေကိုဘယ်လိုထိမ်းသိမ်းကြမှာတုန်း . . . ၁။ ကိုယ်ပိုင်ကျောင်းထောင်မည့်သူများသည် လျှောက်ထားရတွင် ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းသည် သတ်မှတ်ထားသော အချက်လက်များနျင့်ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ပြည်ထောင်စုဝန်ကြီး၏ သဘောထားသည် အတည်ဖြစ်သည်ဆိုသောအချက်သည် ဝန်ကြီးအားလာဘ်စားခွင့်ပေးထားခြင်းသာဖြစ်သည် (အခြားနိုင်ငံများတွင်မူ အလွှာစုံမှ ပညာရှင်များနှင့်ကွင်းဆင်းစစ်ဆေးချက်ပေါ်တွင်မူတည်ပြီးခွင့်ပြုသည်) ၂။ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ကောင်းမွန်မှုစစ်ဆေးရာတွင် လိုအပ်သောကျောင်းကျယ်ဝန်းမှု၊ သင့်တင့်သောစာသင်ခန်းများနင့်တစ်ခန်းစီတွင်ကျောင်းသားဝင်ဆန့်မှုအရေအတွက်(အကယ်ကိုယ်ပိုင်ကျောင်းများအားသတ်မှတ်အရည်အသွေးနှင့်မပြည့်စုံဘဲခွင့်ပြုခဲ့သည်ရှိသော် နောင်တစ်ချိန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ မိမိတို့ရပ်ရွာတွင်မူလတန်းကျောင်းမှ အလယ်တန်း၊အ လယ်တန်းကျောင်းမှ အထက်တန်းတိုးမြင့်ပေးရန် တောင်းဆိုလာလျှင် ကြုံတွေ့ရမည့်အခက်အခဲ) ၃။ ကိုယ်ပိုင်ကျောင်းများအား တန်းတင်၊တန်းချ၊ ကျောင်းပြောင်း ခွင့်ပြုလျှင်ဖြစ်လာမည့်နောက်ဆက်တွဲပြသနာ ၄။ ကိုယ်ပိုင်းကျောင်းထူထောင်သူများ၏ကျောင်းသားကျောင်းသူနှင့် မိဘမျာအပေါ် တာဝန်ခံမှု( အကယ်၍ ကိုယ်ပိုင်ကျောင်းထောင်သူများသည် စီးပွားရေးအလို့ငှာ ဆောင်ရွက်ခြင်းဖြစ်သဖြင့် အမြတ်စွန်းမရရှိချိန်တွင် ရုတ်တရက် ပိတ်သိမ်းချိန်တွင် ကျောင်းတွင်ရှိကျောင်းသားကျောင်းသူများ၏ရှေ့ရေးအာမခံ) ၅။ ကျောင်းတွင်းရှိအလုပ်ရှင်အလုပ်သမားပြသနာ ၆။ ကိုယ်ပိုင်ကျောင်းများ၏အရည်အသွေးစစ်ဆေးခြင်း(Government or Separate Body) ၇။ ကိုယ်ပိုင်ကျောင်းများတွင်ရှိကျောင်းသားကျောင်းသူများ၏အခွင့်အရေး( အခိျု့သောကိုယ်ပိုင်ကျောင်းများသည် မိမိတို့အောင်ချက်နှင့် ဂုဏ်ထူးမြင့်မားရေးအတွက် စာမလိုက်နိုင်သောကျောင်းသားကျောင်းသူများအားနည်းမျိုးစုံဖြင့် ကျောင်းမှထုတ်ပစ်ခြင်း) ၈။ ကိုယ်ပိုင်ကျောင်းအုပ်ချုပ်ရေးဘုတ်အဖွဲ့ ရှိ/မရှိ ၁ဝ။ ကျောင်းကျန်းမာရေးအတွက်အစီအမံ ၁၁။ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးတွင်ပူးပေါင်းပါဝင်မှုရှိ/မရှိ ၁၂။ ဝင်ငွေခွန်စည်းကြပ်မှု/အမြတ်ခွန်စည်းကြပ်မှု ၁၃။ မြို့တော်စည်ပင်သာယာရေးဥပဒေကိုလိုက်နာမှုနှင့် တာဝန်ယူမှု စတာတွေအပြင် မမြင်ရသေးသော၊ မမြင်နိုင်သော ပြသနာပေါင်းမြောက်များစွာပါ။ ဒီတော့နိုင်ငံတော်မှာမြန်မြန်ဆန်ဆန်ပြဌာန်းလိုက်သော ကိုယ်ပိုင်ကျောင်းဥပဒေမှ နည်းဥပဒေများဖြင့် နိုင်ငံသူနိုင်ငံသားများကို လုံခြုံမှုအပြည့်အဝပေးနိုင်ရန်အတွက် အလွှာအသီးသီးမှ ပညာရှင်များဖြင့် ဆွေးနွေးညှိနှိုင်းရေးဆွဲပါရန်။ ပြီးတော့ နိုင်ငံတော်မှ အစိုးရခန့်ကျောင်းများနှင့် ဆရာ၊ဆရာမများ၏ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်ပေးပါရန် ( အဘယ်ကြောင့်ဆိုသော် – (ကိုယ်ပိုင်ကျောင်းနေနိုင်သော ကျောင်းသားကျောင်းသူအရေအတွက်မှာ မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူအရေအတွက်၏(၁%)ပင်မရှိသေးသည့်အတွက်ကြောင့်ဖြစ်သည်။) အစိုးရကျောင်းဆရာ၊ဆရာမများအား သင်ကြားရေးကို စူးစိုက်ဆောင်ရွက်နိုင်ရန်အတွက် သင်ကြားရေးနှင့်မပတ်သက်သော အခြားတာဝန်များပေးအပ်ခြင်းမှရှောင်ရှားရန်။ ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူ၊မိဘများအပြန်အလှန်ဆွေးနွေးမှုများစဉ်ဆက်မပြတ်ဆောင်ရွက်ရင်းယုံကြည်မှုပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်။ ပညာရေးအာဏာပိုင်များ(ဝန်ကြီး၊ ညွှန်ချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှုးများ) မှလည်း ဆရာ၊ ဆရာမများ၏ ဥပဒေဘောင်အတွင်းမှ အခွင့်အရေးများကို မှန်မှန်ကန်ကန်ပေးအပ်မှု၊ ရာထူးတိုးခြင်း၊ အပြောင်းအရွေ့၊ သင်တန်း၊ ပညာသင်ဆု စသည်တို့တွင် ဘက်လိုက်မှု၊ လာဘ်စားမှုကင်းရှင်းရေး။ ဆရာ၊ဆရာမများအနေနှင့်ဆရာဆိုသောဂုဏ်နှင့်အညီ ပြုမူပြောဆိုနေထိုင်မှု၊မိမိ၏လုပ်ငန်းအပေါ်လေးစားမှု၊ ကျောင်းသားကျောင်းသူများအပေါ် သားသမီးနှင့်မခြား စောင့်ရှောက်မှု၊ နိုင်ငံတော့်ဖွံ့ဖြိုးတိုးတက်ရေးတွင်အဓိက နေရာမှပါဝင်နေသည်ဟူသော အသိအား ခံယူမှုများကို မဖြစ်မနေဆောင်ရွက်ရပေမည်။ မိဘများအနေဖြင့်လည်းမိမိတို့၏သားသမီးများအကျိုးအတွက် ပညာရေးလုပ်ငန်းများနျင့် ပညာရေးဝန်ထမ်းများအပေါ် ညစ်ညမ်းစေမည့် အပြုအမူမျိုးရှောင်ကြဉ်ရေးနိုင်ငံတော်၏အနာဂါတ်၊ မိမိတို့၏သားသမီးများအနာဂါတ်အတွက် ဆရာဆရာမများနှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရန်လိုပါတယ်။ နောက်ဆုံးအနေနဲ့ပြောရရင် လမ်းဆုံလမ်းခွများတါင်ရောက်ရှိနေသောမိဘများသိစေ၇န်မှာ – ၁။ မိမိတို့သားသမီးများအား ဂုဏ်ထူးများဖြင် အောင်မြင်ရန်လိုအပ်သလို ဗလငါးတန်ဖွံ့ဖြိုးရန်လည်း လိုအပ်ကြောင်းသတိပြုပါ။ ၂။ ယနေ့အချိန်ထိအစိုးရကျောင်းများတွင်ရှိသော အခြေခံအဆောက်အဦးနှင့် ဆရာဆရာမအရည်အသွေးပြည့်စုံသော နေရာမရှိသေးပါ။ ၃။ ဆရာ၊ဆရာမများမိဘများယုံကြည်မှုပြန်လည်တည်ဆောက်နိုင်လျှင် တစ်ချိန်တွင် . . . . ၄။ ယခုစာရေးသူမှာ တကသိုလ်ဆရာတစ်ဦးဖြစ်သကဲ့သို့ ပြင်ပတွင်လည်း ကျူရှင်ပြစားနေသူတစ်ဦးပါ၊ ပြီးတော့  မြန်မာပြည်အနှံ တာဝန်ထမ်းဆောင်ဘူးသူပါ။ ၅။ မိမိသားသမီးများကိုလည်းကိုယ်ပိုင်ကျောင်းများထက်သာလွန်သော ကျောင်းများတွင်ထားနိုင်သော်လည်း ယနေ့အချိန်ထိ လုံခြုံ စိတ်ချရသော အစိုးရအထက်တန်းကျောင်းတွင်သာထားပါသည်။ ၆။ စနစ်ကျသောကိုယ်ပိုင်ကျောင်း များပေါ်ထွက်လာလျှင် တိုင်းပြည်ဖွဲ့ဖြိုးတိုးတက်ရေးတွင် လျှင်မြန်စွာပြောင်းလဲမည်ဟု ယုံကြည်သူလည်းဖြစ်ပါသည်။၇။ မီဒီယာများအနေဖြင့်လည်းကိုယ်ပိုင်ကျောင်းများကောင်းကြောင်းရေသားသကဲ့သို့ နိုင်ငံတာဝန်ကို ပင်ပမ်း ဆင်းရဲစွာဖြင့် ထမ်းဆောင်နေသော ဆရာဆရာမများအားမနှိမ်ချမိစေရန်နှင့် အစိုးရကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဝိုင်းဝန်းရေးသားအကြံပြုပါရန်မေတ္တာရပ်ခံပါသည်။ ၈။ ကျွန်တော်ဆောင်းပါးနှင့်ပတ်သက်ပြီးသဘောတူသူရော၊ မတူသူရော ဝေဖန်နိုင်ပါသည်။ ဘာဘဲပြောပြော ကိုယ်ပိုင်ကျောင်းများမြန်မြန်ခွင့်ပြုရမည်မှာအမှန်ဖြစ်သလို မြန်မြန်ဆန်ဆန် ဥပဒေပြုလိုက်သော ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် နိုင်ငံတော်ပညာရေးတိုးတက်မှုရှိ/မရှိတောမသေချာ၊ (ဘာကြောင့်မသေချာခြင်းကို ဆက်ရေးပါမည်) သေချာတာကတော့ ကျောင်းသားရော၊မိဘရောဒီအချိန်မှာ ဝိရောဓိတော့များကုန်ပြီဖြစ်သည်။ ကိုကြီးသောင်း(အရာတော်) Myanmar News Now | ||
| ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အောင်ပန်းမြို့ တွင် ဆွေးနွေးဟောပြော Posted: 06 May 2012 12:09 PM PDT မေလ ၅ ရက်နေ့  ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့ နံနက်(၈း၀၀)နာရီအချိန် ဟဲဟိုးမြို့တွင် ဆွေးနွေးဟောပြောပြီးနောက် အောင်ပန်းမြို့သို့ နေ့လည်(၁၂း၃၀) နာရီအချိန်တွင် ရောက်ရှိလာပါတယ်။ အောင်ပန်းမြို့ အ၀င်ရှိ မြတ်မနော အင်း တွင် အောင်ပန်းမြို့ရှိ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသားပေါင်းစုံတို့မှ.. စည်ကားလှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်။ ထို့နောက် ဆွေးနွေးပွဲကျင်းပရာ အောင်ပန်းမြို့၊ အောင်ချမ်းသာဓမ္မာရုံသို့သွားရော သူလူငယ်များ၊ နိုးကြားတက်ကြွသောလူငယ်များ၊တိုင်းရင်းသားလူမျိုးပေါင်းစုံ အိုးစည်ဗုံမောင်းတို့ဖြင့် ကြိုဆိုကြပြီးလျှင် .... အောင်ချမ်းသာဓမ္မာရုံတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေး ၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေး လူငယ်များ၊ နိုးကြားတက်ကြွသောလူငယ်များ၊ဓနု၊ တောင်ရိုး၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးပေါ လူငယ်မျိုးဆက်သစ်များ၊ စိတ်ပါဝင်စားသော ကျောင်းသူ/ကျောင်းသားများ တက်ရောက်ကြပါတယ်။ အခန်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ တို့မှ ဆွေးနွေးဟောပြောကြပါတယ်။ ကိုမင်းကိုနိုင်မှ ဟောပြောရာတွင် ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ လိုကြောက်နေတဲ့အချိန် ကြည့်နေရတဲ့အြေ ရဲရဲတင်းတင်းပြောဆိုမယ်....အြ တာတွေ...ဖိနှိပ်ချုပ်ခြယ် ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနို ရွှေစာလုံးတွေအောက်မှာ ဖယောင်းတိုင်မီးနဲ့ ခြင်ဆေးခွေရောင်းနေရတာမျိုးတွေ မတရားတဲ့ ဌာနှဆိုင်ရာတွေကိုဖော်ထုတ်ပါ... .ပြုပြင်ပြောင်းလဲဖို့ဆိုရင် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ကျွန်တော်တို့ တစ်သားတည်းလက်တွဲပြီး...အားရပါးရဖော်ထုတ်ရဲရမယ်... နိုင်ငံသားအခွင့်အရေးတွေအပြည့် ပိုင်ခွင့်ရှိရပါမယ်... ဒါကြောင့်မို့ ဒီကနေ့မှ စပြီး မတရားတာဖော်ထုတ်ကြပါစို့....... ပြောဆိုဆွေးနွေးသွားပါတယ်။ ထို့အပြင် အောင်ပန်းမြို့တွင် ၈၈ အရေးအခင်းကာလအတွင်း ကျဆုံးသွားသော ကိုခင်မောင်သိန်းနှင့် ကိုဝင်းဇော်ဦးတို့နှစ်ဦးအား အခန်းအနားတွင် အလေးပြုဦးညွှတ်ခဲ့ကြပါတယ်... ညပိုင်း(၇း၃၀)နာရီမှ (၉း၀၀)နာရီအချိန်အထိ ဒေသခံလူငယ်ပြည်သူလူထုအဖွဲ့များ ဓနု၊ တောင်ရိုး၊ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့ ကပြဖျော်ဖြေကြပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှ (၆.၅.၂၀၁၂)ရက်နေ့မနက်ပိုင်းတွင် အောင်ပန်းမြို့တွင် နေထိုင်သော ငြိမ်းချမ်းရေးပိသုကာကြီး ဆရာကြီး ဒဂုန်တာရာ မွေးနေ့ပွဲအခန်းအနားပြုလုပ်ရာ မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရောက်ဂါရ၀ပြုပြီးလျှင်. ရွာငံမြို့သို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေး ခရီးစဉ်ကို ဆက်လက်သွားရောက်ကြပါတယ်။ Myanmar News Now | ||
| ဆရာကြီးဒဂုန်တာရာမွေးနေ့ပွဲအခန်းအနား အောင်ပန်းမြို့တွင်ယနေ့ကျင်းပ Posted: 06 May 2012 08:04 AM PDT အောင်ပန်းမြို့တွင် တူမဖြစ်သူ ဒေါ် မြင့်စိန်(သင်းမြစန္ဒီ) နေအိမ်တွင်အတူနေထိုင်လျက်ရှိသော ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးဒဂုန်တာရာ ၏(၉၃)နှစ်မြောက်မွေးနေ့ အခန်းအနားကို အောင်ပန်းမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင်... ယနေ့(၆.၅.၂၀၁၂)ရက်နေ့ နံနက်(၈း၀၀)နာရီအချိန် ကျင်းပသည်.. ဆရာကြီး၏ မွေးနေ့ပွဲအခန်းအနားကို နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်ပြီ မွေးနေ့ပွဲသို့ စာရေးဆရာကြီးများဖြစ်သော ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်သာနိုး၊ အံ့မောင်၊ မောင်နွေထက်၊ ငခါး(ကွမ်းခြံကုန်း)နှင့် အနယ်နယ် အရပ်ရပ်မှ စာရေးဆရာများ၊ စာပေ၀ါသနာရှင်များနှင့်အောင်ပန်းမြို့မှ စာပေ၀ါသနာရှင်များ တက်ရောက်ဂါရ၀ပြုကြပါသည်။ ထို့အပြင် အောင်ပန်းမြို့တွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေး ဒဂုန်တာရာ၏ ၉၃ နှစ်ပြည့် မွေးနေ့ ပန်ကြားလွှာ ယနေ့ ကျွန်တော်သည် အသက်၉၃နှစ်ပြည့်၍ ၉၄ နှစ်သို့ဝင်ရောက်လာခဲ့ပါပြီ ကျွန်တ်ာသည် ကိုလိုနီကျေးကျွန်ဘ၀တွင် လူဖြစ်လာခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကြီးကို ဖြတ်သန်းရ၍ ငြိမ်းချမ်းရေးကိုဆုံးရှုံးခဲ့ လွတ်လပ်ရေးရပြီးသည့်နောက်တွင် ဆုံးရှုံးခဲ့ရပြန်ပါသည်။ ယခုအထိ နှစ်ပေါင်း ၆၄ နှစ်ကြာသွားပါပြီ။ ကျွန်တော်သည် ယခုအသက် ၉၄နှစ်ရောက်ပါပြီ။ ငြိမ်းချမ်းရေးကိုတွေ့ချင်၊ မြင်ချင်၊ ခံစားချင်ပါသည်။ ငြိမ်းချမ်းရေးကို မြင်သွားပါရစေဟု ဆုတောင်းချင်ပါသည်။ ကျွန်တော်သည် ငြိမ်းချမ်းရေးကို မြင်လို၊ တွေ့လို၊ ခံစားလိုသောစိတ်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်သက်တာလုံး ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ပါ ကျွန်တော်တို့တိုင်းပြည် ငြိမ်းချမ်းရေးပြန်လည်ရရှိအောင် ကမ္ဘာတစ်ဝှမ်းလုံးလည်း ငြိမ်းချမ်းရေးခံစားကြရအောင်၊ ပြည်သူပြည်သား၊ ကမ္ဘာသူကမ္ဘာသား အားလုံး အားလုံး အားလုံးတို့က လုံ့လ၊ ၀ီရိယ၊ ဇွဲသတ္တိ၊ သတိ၊ ပညာဥာဏ်အမြော်အမြင်၊ သည်းခံ၊ စိတ်ရှည်၊ ခွင့်လွှတ်နိုင်မှု၊ သဘောထားကြီးမှု၊ ညီညွတ်မှုတို့ဖြင့် အချိန်ကာလရှိသမျှ ဆက်လက်ကြိုးပမ်းအားထုတ်ဆောင်ရွ လေးစားအားကိုးစွာ ပန်ကြားနိုးဆော်လိုက်ပါသည်။ ဒဂုန်တာရာ ၆-၅-၂၀၁၂ အောင်ပန်းမြို့၊ သာမိုင်းခမ်း Myanmar News Now |
| You are subscribed to email updates from သစ်ထူးလွင် Myanmar News Now To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |













