သစ်ထူးလွင်

သစ်ထူးလွင်


ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကာလ သုံးစွဲငွေစာရင်းကို သွားရောက်တင်ပြ (ရုပ်/သံ)

Posted: 09 May 2012 03:46 AM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကော့မှူးမြို့နယ်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန် တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ရွေးကောက်ပွဲကာလ သုံးစွဲငွေစာရင်းကို သွားရောက်တင်ပြခဲ့ပါတယ်။
ဒီဗွီဘီ  


ရွက်လှေစီမံကိန်းအတွက် အုန်းခင်းပိုင်ရှင်များ ၄ နာရီကြာထိန်းသိမ်းခံရ

Posted: 09 May 2012 03:42 AM PDT

၈.၅.၂၀၁၂ အင်္ဂါနေ့ နေ့လည် ၁နာရီအချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်ခရိုင်ရဲမှုးကြီးဖြစ်သူ  ဦးမောင်မောင်မြင့် သည်
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ် အမှတ် (၄) ရပ်ကွက်
ဘူးကွဲကြီးကျေးရွာသို့ရောက်ရှိလာပြီးအုန်းခြံများအတွင်းနေထိုင်သူများကို
အဆိုပါ ညနေ ၄နာရီအချိန်မှာ အပြီးဖယ်ရှားပေးရမယ်။ မဖယ်ပေးပါက
ဖမ်းဆီးအရေးယူမယ် ဟုပြောကြားခဲ့ပါသည်။

ညနေ ၄ နာရီအချိန်တွင်ငွေဆောင်မြို့နယ်စခန်းမှူး ဆိုသူမှ ဦးကြည်မြင့်၊ ဦးစိုးလွင် နဲ့
ဦးစိန်သန်းတို့ သုံးဦးအား ရဲသား ၃ ဦးကိုစေလွှတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။
ရဲစခန်းရောက်သော အခါတွင် အဆိုပါရဲမှူးမှ ၄င်းတောင်သူ ၃ ဦးအား ပုဒ်မ ၄၄၇
နှင့်အမှုဖွင့်တယ် လို့ပြောပါတယ်။ အဲဒီနောက် တစ်ယောက်စီကို
ထွက်မပြေးပါဘူးဆိုတဲ့ ဂတိနဲ့ ဆွေမျိုး ၂ ဦးစီကို
လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ခဲ့ပါတယ်။ ယနေ့ ၉၊၅၊ ၂၀၀၂
ဗုဒဟူးနေ့မှာတော့ အဆိုပါ အုန်းင်္ခြများကို ရဲသား အယောက် ၃၀ က
ဝိုင်းထားပြီး မြေတူးစက်များနှင့်တူးကော်ဖျက်ဆီးလျှက်ရှိပါသည်။

   အဆိုပါ အုန်းခင်းများသည် န၀တလက်ထက် ၁၉၉၇ ခုနှစ်တွင်
ငွေဆောင်ဟော်တယ်ဇုံ (၂)ဟု သတ်မှတ်ထားသော်လည်း အဆောက်အအုံများ
ဆောက်လုပ်ခြင်းမရှိဘဲသောနေရာများဖြစ်ပြီ်း၂၁၊၀၃၊၂၀၁၂ ရက်နေ့တွင်
အားကစားဝန်ကြီးဋ္ဌာန၊ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက
မီဒီယာများကို"ရွက်လှေစခန်းဆောက်လုပ်ရန် အတွက်မြေနေရာသတ်မှတ်သည့်
အမှတ်အသားများစိုက်ထူခဲ့သော်လည်း ပြည်သူများနှင့်
ညှိနှိုင်းမရသောကြောင့်အဆိုပါနေရာများကို ပြန်လည်ပေးအပ်ခဲ့ပြီ
ဖြစ်ကြောင်းပြောဆိုခဲ့သည့်နေရာများဖြစ်ပါသည်။

                ကျွန်တော်တို့တောင်သူများမှာ ပိုင်ဆိုင်မှုဆို
ဒီဥယျာဉ်များသာရှိပါတယ်။ အကယ်၍ ဒီနေရာကိုသူတို့ ကသိမ်းပိုက်လိုက်တော့
ကျွန်တော်တို့ ဒီမိုကရေစီအစိုးရလက်ထက်မှာတော့
ဘာအလုပ်ကိုလုပ်စားပြီးမိသားစု ဘ၀ကိုဘယ်လို ဦးစီးရတော့မလဲ
လို့တောင်သူများကပြောကြားပါတယ်။

          ကျောင်းသားမိဘဖြစ်သူတောင်သူတစ်ဦးကလဲ ဒီနေရာမှာ
ဒီအုန်းခင်းလေးကို အားကိုပြီး သမီးလေးကို
ကျောင်းထားနေရတာ...အခုအုန်းပင်မရှိတော့ ပညာဒါနကျောင်းရယ်လို့လဲမရှိတော့
ကျောင်းထား နိုင်မှာမဟုတ်တော့ဘူးလို့ ရင်ဖွင့်လာပါတယ်။
မှတ်ချက်။     ။ ဒါကြောင့် မတရာခံစားနေရသော ဒေသခံတွေအတွက် ဝေမျှခံစား
စာနာပေးမှုနှင့်ကူညီတင်ပြ ပေးပါ။

 ဥာဏ်ထက်သာ (ဘူးကွဲကြီးကျေးရွာ)


ဒီမိုကရေစီလှုပ်ရှားသည့် ကျောင်းသားများ ပညာရေးပိတ်ပင်ခံနေရသည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်

Posted: 09 May 2012 03:11 AM PDT

နေသွင် DVB ၀၉ မေလ ၂၀၁၂

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေက ပညာဆက်သင်ဖို့ ပိတ်ပင်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဗဟိုစည်းရုံးရေး ကော်မတီဝင် ၉ ဦးနဲ့ ဒီနေ့ တွေ့ဆုံတဲ့အချိန်မှာ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဗကသခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

"အန်တီက ကူညီမယ်ဆိုတာက အဓိကတော့ သူ့အနေနဲ့ လွှတ်တော်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြောမယ်ပေါ့။ ပြောခွင့်ရမယ်ဆိုရင် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ တင်ပြမယ်။ တင်ပြတဲ့အနေအထားမျိုးမှာ သူ့အနေနဲ့ ပြောတာက ကောင်းတဲ့အရာတခုကို တင်ပြလို့ သူတို့ဘက်က ငြင်းပယ်မယ်ဆိုရင် ဒီအရာကို ပြည်သူတွေက မုန်းမယ်ဆိုတဲ့အကြောင်းအရာကို၊ သူတို့အနေနဲ့ ခံရမယ်ဆိုတာကို သူတို့လည်း ကောင်းကောင်းသဘောပေါက်နေတယ် ဆိုတာကို ပြောတယ်။"

ကိုသီဟ၀င်းတင်ဟာ ဥပဒေ ဒုတိယနှစ်တက်နေတုန်း ၂၀၀၈ ခုနှစ်မှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုနဲ့ ထောင်ကျခဲ့ပါတယ်။

မနှစ် အောက်တိုဘာလမှာ ထောင်က ပြန်လွတ်လာတဲ့နောက် ကျောင်းပြန်တက်ဖို့ ကျောင်းမှာ သွားရောက်စုံစမ်း ကြိုးစားပေမယ့် ကျောင်းက အကြောင်းပြချက်မပေးဘဲ ငြင်းပယ်ခဲ့တယ်လို့ ပြောပြပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ ဗကသ ဗဟိုစည်းရုံးရေး ကော်မတီဝင်တွေဖြစ်တဲ့ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင်၊ ကိုအောင်အောင်ကျော်၊ ကိုမင်းသွေးသစ်၊ မဟန်နီဦး၊ ကိုနန္ဒာစစ်အောင်နဲ့ ကိုဘုန်းပြည့်ကြွယ်တို့လည်း ထောင်က ပြန်လွတ်လာပြီးနောက် ကျောင်းတွေက ငြင်းပယ်ခံထားရတယ်လို့ ဆိုပါတယ်။

"ထောင်ကထွက်ထွက်ချင်းမှာပဲ ကျနော်က အောက်တိုဘာမှာ လွတ်တယ်။ မဖြိုးဖြိုးအောင်၊ ကျနော်၊ ကိုလင်းထက်နိုင်ရယ်က အောက်တိုဘာမှာ လွတ်တယ်။ လွတ်တော့ သွားစုံစမ်းကြတယ်။ စုံစမ်းတဲ့အနေအထားမှာ သူတို့ဘက်က အဲဒီလိုမျိုးတွေပြောပြီးတော့ ကျနော်တို့ကို ပယ်ချတယ်။ ကျန်တဲ့လူတွေက နောက်ဆုံးလွတ်တဲ့အခါကျတော့ ကျောင်းကိုသွားပြန်စုံစမ်းတယ်။ အဲဒီအချိန်မှာလည်း ကျနော်တို့ကို ပြောတဲ့ပုံစံအတိုင်းပဲ ပြောတယ်။ ရမလိုလို၊ မရဘူးလိုလို၊ ပြန်ဆက်သွယ်ပါမယ်လို့ ပြောပြီးတော့ ပြန်လည်းမဆက်သွယ်ဘူး။ သွားစုံစမ်းတော့ ခုနပြောသလို ၂နှစ်၊ ကျောင်းကို ပြန်မအပ်လို့ရှိရင် ကျောင်းကထုတ်ပြီးသားဖြစ်တယ်လို့ ပြောတယ်။"

ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ ထောင်က လွတ်လာအပြီး ပထမဆုံး အကြိမ်လို့ သိရပါတယ်။

ဒီလို တွေ့ဆုံတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားသမဂ္ဂ တရားဝင် ပေါ်ပေါက်ရေးနဲ့ သမဂ္ဂ ခေတ်မီရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

"ကျနော်တွေ့တဲ့အချိန်မှာ အန်တီ့အနေနဲ့ပြောတာက ပြည်သူတွေ ခံစားကြုံတွေ့နေရတဲ့ ဒုက္ခတွေရယ်၊ အဲဒါတွေ ပြောဆိုဆွေးနွေးတယ်။ ဗကသ အဖွဲ့ချုပ်ကို နိုင်ငံတကာ ကျောင်းသားသမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံမျိုး လေ့လာဖို့ရယ်၊ ပြီးတော့ သမဂ္ဂ တရားဝင်ဖြစ်မြောက်ဖို့ ဥပဒေအရ ကူညီပေးမယ်။ ဒီမိုကရေစီ နိုင်ငံဆိုရင် ကျောင်းသားသမဂ္ဂ ရှိလိမ့်မယ်ဆိုတာကို သူမျှော်လင့်တယ်။ ပြီးတော့ ကျနော်တို့တွေ ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ရအောင် သူ့အနေနဲ့ ဥပဒေအရ ကူညီမယ်လို့လည်း ပြောတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံတဲ့ ဗကသခေါင်းဆောင် ၉ ဦးဟာ ၂၀၀၇၊ ၂၀၀၈ ခုနှစ်တွေက ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ထောင်ကျပြီးနောက် မနှစ်တုန်းက ရှေ့ဆင့် နောက်ဆင့် ပြန်လွတ်လာကြတာဖြစ်ပါတယ်။

သူတို့ကို ပြည်တွင်း တက္ကသိုလ်တွေက ပြန်လက်မခံရုံသာမက ပြည်ပတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့ အခွင့်အရေးလည်း သက်ဆိုင်ရာက နိုင်ငံကူးလက်မှတ်တွေ ထုတ်မပေးလို့ အခွင့်အရေး ဆုံးရှုံးနေရတယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

ဒီဗွီဘီ


HIMO High Art ဆံပင်တုစက်ရုံလုပ်သားများ မကျေနပ်မှု အလုပ်သမားရုံးသို့လာရောက်တိုင်ကြား

Posted: 09 May 2012 03:06 AM PDT

မွန်လွဲ ၃ နာရီ၊ မေလ ၉ ရက်၊ ၂၀၁၂ ခုနှစ်- အိမ့်ခိုင်ဦး (YPI)

လှိုင်သာယာ စက်မှုဇုန် ၄ ရှိ ကိုးရီးယား နိုင်ငံသားပိုင် HIMO Hight Art ကုမ္ပဏီပိုင် ဆံပင်တုစက်ရုံမှ အလုပ်သမား ၄၀၀ ကျော်တို့ အခြေခံလစာနည်းပါးမှုနှင့် အခြေခံ အလုပ်သမား အဖွဲ့အစည်းဖွဲ့စည်းရာတွင် အခက်အခဲရှိခြင်းတို့ အပေါ် မကျေနပ်သဖြင့် ယနေ့ မွန်းတည့်ချိန်မှစ၍ မရမ်းကုန်းမြို့နယ်ရှိ အစိုးရ ပြည်ပအလုပ်သမားဆိုင်ရာ အေဂျင်စီရုံး သို့ တိုင်ကြားရန် စုရုံးရောက်ရှိနေကြသည်။

ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှ စ၍ မရမ်းကုန်းမြို့နယ် ၈ မိုင် မဟာစည်မှတ်တိုင်အနီးရှိ အလုပ်သမားရုံးရှေ့တွင် HIMO စက်ရုံမှ လုပ်သား ၄/ ၅ ရာကျော် စုရုံးရောက်ရှိနေကြသည်။

ယင်းစက်ရုံ အလုပ်သမားများအနေဖြင့် အခြေခံ လုပ်ခလစာနည်းပါးခြင်း၊ အချိန်ပိုကြေးနည်းပါးခြင်း၊ ယင်းစက်ရုံ လုပ်သားများက အခြေခံအလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းရာတွင် အလုပ်ရှင်က ယင်းအဖွဲ့ကို တရားမ၀င်ဟု ပြောဆိုခြင်း နှင့် လုပ်ခွင်လုံခြုံမှုမရှိခြင်းတို့ကို တိုင်ကြားရန် ယနေ့မွန်းတည့်ပိုင်းမှ စ၍ ရောက်ရှိနေကြသည်ဟု စက်ရုံလုပ်သား တဦးဖြစ်သူ မယမင်းလွင်က ၀ိုင်ပီအိုင်သို့ပြောသည်။

၎င်းက "ကျွန်မတို့ဘာဖြစ်လို့လာလဲဆို အခြေခံလစာနည်းလွန်းလို့ ၀င်ခါစ အလုပ်သမားလည်း အခြေခံလစာ ၇ ထောင်ပဲ၊ ၄၊ ၅ နှစ်ကြာတဲ့သူလည်း အခြေခံ လစာ၇ ထောင်ပဲ၊ အခြေခံလစာနည်းတော့ အချိန်ပိုကြေးလည်း နည်းတယ်၊ တနေ့လုံးလုပ်မှ အလုပ်သမားတယောက်က ၂၉၆ ကျပ်ပဲရတယ်" ဟု ၎င်းက ရှင်းပြသည်။

စက်ရုံလုပ်သားများ ယခုကဲ့သို့ အလုပ်သမားရုံးတွင် မကျေနပ်ချက်ကို တင်ပြရန်လာရောက်ကြပြီး မကြာမီ အလုပ်ရှင်ကိုယ်စားလှယ် ဒေါ်နန့်သောင်းရင် ရောက်ရှိလာပြီး ပြန်လိုက်ခဲ့ရန် အလုပ်သမားများအား ပြောသော်လည်း အလုပ်သမားများက ငြင်းဆိုလိုက်ကြသည်ဟု အလုပ်သမားတဦး သိရသည်။

စက်ရုံတွင် ၎င်းတို့ အလုပ်သမားများ ဖွဲ့စည်းသည့် အလုပ်သမားအဖွဲ့အစည်းကို တရားမ၀င်ကြောင်းနှင့် စက်ရုံပိုင်ရှင်အလိုကျဖွဲ့စည်းသည့် အဖွဲ့အစည်းသာ တရားဝင်ကြောင်း ပြောဆိုသည်ကိုလည်း စက်ရုံလုပ်သားများက မကျေနပ်ကြကြောင်း လုပ်သားများက ပြောသည်။

HIMO စက်ရုံတွင် အလုပ်သမား ၁၈၀၀ ကျော်ရှိပြီး ၂၀၀၅ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်ဟုသိရှိရသည်

လုပ်ငန်းတူရာ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းခွင့်ကို နိုင်ငံတော် အစိုးရမှ တရားဝင်ခွင့်ပြုလိုက်ပြီးနောက် ယခုအခါ အနည်းဆုံး အလုပ်သမား အဖွဲ့အစည်း ၈ ဖွဲ့ ဖွဲ့စည်းမှတ်ပုံတင်ပြီးဖြစ်သည်။

ယခုနှစ် ဖေဖေါ်ဝါရီလကလည်း လှိုင်သာယာ တိုင်ရီရှုးဖိနပ်စက်ရုံ အလုပ်သမား တထောင်ကျော်တို့ လုပ်ခလစာတိုးမြှင့်ပေးရေးအတွက် ၃ ပတ်ကျော်ကြာ ဆန္ဒပြခဲ့ကြပြီးနောက် အလုပ်သမား ၀ါဏိဇ္ဖခုံရုံးသို့ တိုင်ကြားသည်အထိ ဖြစ်ပွားခဲ့သည်။ ။
 Yangon Press International


အများပိုင်နေရာကို စစ်တိုင်းမှူးဟောင်းဇနီးက ဂရန်ပြုလုပ်သည်ကို ကန့်ကွက်

Posted: 09 May 2012 03:00 AM PDT

မေ ၉၊ ၂၀၁၂ (YPI)

သံတွဲမြို့နယ်၊ ငပလီကမ်းခြေရှိ အများပြည်သူပိုင် အပန်းဖြေနေရာအား ယခင်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး (ပ.ယ.က ဥက္ကဌ) ဗိုလ်ချုပ်သောင်းအေး၏ ဇနီးက ပုဂ္ဂလိကပိုင်အဖြစ် ဂရန်ပြုလုပ်ရရှိခဲ့သည့်အတွက် သံတွဲဒေသခံများက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ယမန်နေ့က ကန့်ကွက်စာ ပေးပို့လိုက်သည်။

ယခင် ပ.ယ.က ဥက္ကဌ ၏ ဇနီး ဒေါ်သင်းမျိုးမျိုးအောင် ဂရန်ပေါက်ရရှိခဲ့သည့် ငပလီကမ်းခြေရှိလင်းသာနှင့် မြပြင်ကျေးရွာအုပ်စုအကြား၊ ကွင်းအမှတ် (VT-၃၉) ရှိ မြေအကျယ် ၄၇၅ ပေကို ၂၀၀၆ ခုနှစ်ကတည်းက ခ.ယ.က ဥက္ကဌ လမ်းညွှန်ချက်ဖြင့် အများပြည်သူပိုင် အပန်းဖြေနေရာအဖြစ် သတ်မှတ်ပေးထားခဲ့သည်။

အဆိုပါမြေနေရာအား ပုဂ္ဂလိကပိုင်အဖြစ် ဂရန်ပြုလုပ်ရန် ၂၀၁၀ ခုနှစ် သြဂုတ်လတွင် မြို့နယ်မြေစာရင်းရုံး၌ လျှောက်ထားခဲ့ရာ ကမ်းခြေကျေးရွာများမှ ဒေသခံများနှင့် သံတွဲမြို့မိမြို့ဖများ စုပေါင်း၍ ကန့်ကွက်လွှာ ပေးပို့ခဲ့ကြသည်။

ထိုစဉ်က မည်သို့မျှ အကြောင်းပြန်ကြားခြင်းမရှိခဲ့ဘဲ ယခုနှစ် မေ ၂ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက လင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကန့်ကွက်ခဲ့သော ဒေသခံများထဲမှ တစ်ဦးကို ခေါ်ယူ၍ ထိုမြေကွက်အား ဒေါ်သင်းမျိုးမျိုးအောင်အမည်ဖြင့် လန(၃၉) ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် ၀င်းခြံခတ်တော့မည်ဖြစ်ကြောင်း ခေါ်ယူအသိပေးခဲ့သည်။

" အဲဒီနေရာမှာ စားသောက်ဆိုင်လေးတွေ ယာယီဖွင့်ထားတာရှိတယ်။ အဲဒါတွေဖျက်ပေးဖို့ပြောတယ်" ဟု ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောသည်။

ထို့ကြောင့် ယခုထပ်မံ၍ သံတွဲမြို့မိမြို့ဖများနှင့် ဒေသခံများစုပေါင်းလက်မှတ်ရေးထိုးကာ ပြည်နယ် ၀န်ကြီးချုပ်ထံ ကန့်ကွက်စာကို မေ၈ ရက်က ပေးပို့ကြခြင်းဖြစ်သည်။

ငပလီကမ်းခြေတွင် ဟိုတယ်များတိုးချဲ့ဆောက်လုပ်လျှက်ရှိပြီး အများပြည်သူများ လွတ်လပ်စွာအပန်းဖြေနိုင်သည့် နေရာ လွန်စွာနည်းပါးသွားပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

" ဒီရာထူးမရရင်လည်း ဘာမှမဖြစ်ဘူး။ ဒီနေရာ(ဂရန်ပေါက်သွားသည့်နေရာ) ကိုတော့ အများအတွက် ပြန်လိုချင်တယ်" ဟု ကန့်ကွက်သူတစ်ဦးဖြစ်သည့် လင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကပြောသည်။

ထို့ပြင်အဆိုပါမြေနေရာဝန်းကျင်၌ ဗိုလ်မှူးချုပ် မြင့်အောင်၊ ဗိုလ်မှူးကြီး မောင်ကို၊ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့သူ ဗိုလ်ချုပ် အောင်ထွေး၊ ယခင်သံတွဲ ခ.၀.တ အတွင်းရေးမှူး ဗိုလ်မှူး ၀င်းဟန် တို့မှ ၁၉၉၆ ခုနှစ်တွင် လန(၃၉) ရရှိခဲ့ကြောင်း သံတွဲ မ.ယ.က မှ သံတွဲမြို့နယ် မြေစာရင်း ဦးစီးအရာရှိထံသို့ ၂၀၀၆ ခုနှစ် မတ် ၁၇ ရက်က ပေးပို့ခဲ့သောစာ၌ ဖော်ပြထားသည်။      ။
Yangon Press International


ငါးထောင်တန်အတု သုံးစွဲသူ နိုက်ကလပ်သို့လာရောက်စဉ် ဖမ်းမိ

Posted: 09 May 2012 02:39 AM PDT

မေလ ၄ ရက်နေ့ ညက ငါးထောင်ကျပ်တန်အတုများဖြင့် ဝယ်ယူသုံးစွဲနေ သူ တစ်ဦးအား မင်္ဂလာဈေးဝင်းအတွင်းရှိ နိုက်ကလပ် သို့ လာရောက်စဉ် မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

မင်္ဂလာတောင်ညွန့်ရဲစခန်း မှ ရဲအရာရှိတစ်ဦးက အဆိုပါနေ့ ည ၁ဝ နာရီ၌ မင်္ဂလာဈေးဝင်း အတွင်း ငွေစက္ကူအတုများအား လူငယ်တစ်ဦးက သုံးစွဲနေ ကြောင်း ပြည်သူ များ၏သတင်း ပေးချက်အရ မင်္ဂလာဈေးဝင် ပေါက်၌ ဇော်မြင့်(ခ) ပွကြီး ဆိုသူအား တက္ကစီပေါ်မှ ဆင်း လာစဉ် ရှာဖွေခဲ့ရာ ၄င်း၏ပိုက် ဆံအိတ်အတွင်းမှBS 2045 732နံပါတ်တူငွေစက္ကူငါးထောင် တန် အတု ၂ ရွက်၊ BK 4304771 နံပါတ်တူ ငါးထောင် တန်အတု ၅ ရွက်နှင့်CA 9472979 နံပါတ်ပါ ၁ ရွက်၊ BX 8566495 နံပါတ်ပါ ၁ ရွက်ကို တွေ့ရှိခဲ့ပြီး ၄င်းငှားရမ်း စီးနင်းလာ သော အငှားယာဉ်မောင်းထံ ယာဉ် ငှားရမ်းခ အဖြစ် ပေး ထားသော ၅ဝဝဝ တန်အတု ၅ ရွက်အား ထပ်မံသိမ်း ဆည်းရမိခဲ့ ကြောင်း၊ ၄င်းအား စစ် ဆေးချက်အရ ထိုငွေစက္ကူအတုများ အား ဒဂုံတောင် မြို့နယ်၊ ၅၆ ရပ် ကွက်တွင်နေထိုင်သည့် ရဲမြင့်ဆိုသူ ထံမှ ငါးထောင်တန် အတုတစ်ရွက် လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ဝယ် ယူခဲ့သည် ဟု သိရှိခဲ့ရ သဖြင့် မေ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရဲမြင့်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ၄င်း၏နေအိမ် အိပ်ခန်းအတွင်းရှိ သံသေတ္တာထဲမှ ငါးထောင်ကျပ်တန် ငွေစက္ကူအတုလေးရွက်အား ထပ်မံ တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

"ဒီငွေအတုတွေက ကျွန်တော် တို့ကိုင်နေတဲ့ ငွေစက္ကူအရွယ်အစား ပုံစံနဲ့တော့ တော်တော်လေးတူ တယ်။ စက္ကူအသားကတော့ နိုင်ငံ ခြားစက္ကူကို သုံးထားတာ။ သူတို့က ဒီငွေတုတွေကို ပရင်တာနဲ့ ထုတ် ထားပေမယ့် လုံခြုံရေးကြိုးအရောင် နဲ့ ငွေစက္ကူအရောင်ကတော့ ငွေ အစစ်နဲ့မတူဘူး။ အတုက အရောင် နည်းနည်းပိုရင့်တယ်"ဟု ငွေတု ပြုလုပ်သုံးစွဲသူများအား သွား ရောက် ဖမ်းဆီးအရေးယူခဲ့သည့် အရှေ့ပိုင်း ခရိုင်အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်တစ်ဦး က ပြောသည်။အဆိုပါ ငွေတုပြုလုပ်သုံး စွဲမှုနှင့် ပတ်သက်၍ မင်္ဂလာ တောင်ညွန့်ရဲစခန်းမှ ငွေတုကိုင် ဆောင်အသုံးပြုသူ ဇော်မြင့်နှင့် ငွေတုပြုလုပ်သူ ရဲမြင့်တို့အား (ပ)၄၃၈/၁၂၊ ပုဒ်မ ၄၈၉(ခ) (၈)အရ ဖမ်းဆီးအရေးယူ၍ အမှု ဖွင့်ထားကြောင်း သိရသည်။
Popular Myanmar News Journal


ရွှေပြည်သာ အုတ်ဖုတ် လုပ်သားများ အလုပ်လက်မဲ့ ဖြစ်မည့်ကိန်းဆိုက်

Posted: 09 May 2012 02:31 AM PDT

(ရန်ကုန်၊ မေ ၆)
ရွှေပြည်သာ မြို့နယ်ရှိ အုတ်ဖုတ် လုပ်ငန်းများ ရပ်ဆိုင်းရန် ညွှန်ကြား ထားမှုကြောင့် အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ရမည့် အရေးနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီဟု သိရှိ ရသည်။
ရွှေပြည်သာမြို့နယ်တွင် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင် ၅ဝ နီးပါး ရှိပြီး ၄င်း အုတ်ဖုတ် လုပ်ငန်းများတွင် လာရောက် လုပ်ကိုင်နေကြသော အုတ်ဖုတ် လုပ်သား သုံးသောင်းထက် မနည်းရှိသည်။ လုပ်ငန်းရှင် များက ထိုလုပ်သားများ၏ နေရေး ထိုင်ရေး အတွက် စီစဉ်ပေးထားကြပြီး ယခုကဲ့သို့ အုတ်ဖုတ် လုပ်ငန်းကို ရပ်ဆိုင်းရန်ညွှန်ကြားပြီး အဆောက် အအုံများအား ဖယ်ရှားရန်ပါ ညွှန် ကြားထားမှုကြောင့် ထိုလုပ်သားများ မှာ နေထိုင်ရေး အတွက်ပါ သောက ရောက်နေကြရသည်။

"ကျွန်တော်တို့ ဒီအလုပ် လုပ်လာတာ ၉ နှစ် ရှိသွားပြီ၊ ဒီမှာ ပဲနေပြီး ဒီမှာပဲ လုပ်စားလာတာ" ဟု ၅၂ နှစ်အရွယ် အုတ်ဖုတ် လုပ်သား ဦးသိန်းမြင့်က ဆိုသည်။ ထို့ အတူ ရေမြုပ်ကွင်းရွာမှ အုတ်ဖုတ် လုပ်သား ကိုလှခိုင်ကလည်း အုတ်ဖုတ် အလုပ်ကို လုပ်ကိုင်လာသည်မှာ ၁ဝ နှစ်ခန့်ရှိနေပြီ ဖြစ်ပြီး လုပ်ငန်း ရပ်ဆိုင်းသွားပါက တခြား အလုပ် လုပ် ရန် အဆင်သင့် မဖြစ်ပါက စားဝတ် နေရေး ခက်ခဲမည့် အပြင် သားသမီး သုံးယောက်၏ ပညာရေးမှာလည်း လမ်းဆုံး သွားနိုင်သည်ဟု ဆိုသည်။
"ကလေး သုံးယောက်စလုံး ဇီးဖြူကုန်းမှာ ကျောင်းထားတယ်။ ဒီအခြေအနေအတိုင်း ဆိုရင် ကလေး တွေကို ဒီနှစ် ကျောင်းထားနိုင်မှာ မဟုတ်တော့ဘူး" ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

အုတ်ဖုတ် လုပ်သားများတွင် ဒေသခံ အနည်းငယ် ပါရှိသော်လည်း အများစုမှာ ရွှေ့ပြောင်း အလုပ်သမား များဖြစ်သည်။ ဧရာဝတီတိုင်း ဒေသ ကြီးနှင့် အထက်အညာမှ ရွှေ့ပြောင်း လာသူများ အများဆုံး ပါရှိပြီး ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ မြို့နယ်မှ အချို့ကျေးရွာ များမှ ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ လာ ကြသော လက်လုပ်လက်စားများ လည်းပါ ရှိသည်ဟု အုတ်ဖုတ်လုပ်ငန်းရှင် ဦးစိုးကြီးက ပြောပြသည်။

အုတ်ဖုတ်လုပ်ငန်း များတွင် အုတ်ဖုတ်လုပ်သား အများအပြား လိုအပ်လေ့ ရှိပြီး အုတ် (၄/၅) သောင်း ပတ်ဝန်းကျင်ထွက် အုတ်ဖို အသေးစားများတွင် အလုပ်သမား ၁ဝဝ ထက် မနည်း လိုအပ်ပြီး အုတ် သုံးသိန်းအထက် အကြီးစား အုတ်ဖို များတွင် အလုပ်သမား ၅ဝဝ ခန့် အထိ လိုအပ်လေ့ ရှိသည်။

ရွှေပြည်သာ မြို့နယ်တွင် အုတ် ဖုတ်လုပ်ငန်း များကို ၁၉၉၄ ခုနှစ်မှ စ၍ နာမည်ကြီး ကုမ္ပဏီများက ဦးစီး လုပ်ကိုင်ခဲ့ကြသည်။
သို့ရာတွင် အစိုးရမှ အုတ်ဖုတ် လုပ်ငန်းများအား ဓာတ်ငွေ့ရောင်းချမှု ရပ်ဆိုင်းလိုက်သည့် ၁၉၉၆ ခုနှစ် တွင် တစ်နိုင်တစ်ပိုင် အုတ်ဖုတ် လုပ်ငန်းရှင်များက ကုမ္ပဏီကြီး များ ထံမှ မြေများကို လက်ပြောင်းဝယ် ယူခဲ့ပြီး အုတ်ဖုတ် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လာခဲ့သည်မှ ယနေ့အချိန်အထိ ဖြစ်သည်ဟု အုတ်ဖုတ်လုပ်ငန်းရှင် တို့က ဆိုကြသည်။

"၂ဝဝ၉ အထိတော့ လုပ်ငန်း လိုင်စင် ထုတ်ပေးတယ်၊ အခွန်လည်း ၂ဝ ရာခိုင်နှုန်း ဆောင်ရတယ်။ ၂ဝဝ၉ ခုနှစ် နောက်ပိုင်းမှာတော့ လိုင်စင် လည်း ချမပေးတော့ဘူး၊ အခွန် လည်း မကောက်တော့ဘူး" ဟု အုတ်ဖုတ် လုပ်ငန်းရှင် ကိုစိုးကြီးက ပြောသည်။
ထို့နောက် ၂ဝ၁၁ ခုနှစ် အုတ် ဖုတ်ရာသီ၌ အုတ်ဖုတ် လုပ်ငန်းများမှာ တရားဝင် ခွင့်ပြုထားခြင်းမရှိ ဟူသော အကြောင်းပြချက်ဖြင့် မြို့နယ် ထွေ/ အုပ်ရုံးမှ လုပ်ငန်း ရပ်ဆိုင်း ရမည့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

သို့ရာတွင် အုတ်ဖုတ် ရာသီ တွင်လည်းဖြစ် အုတ်ဖုတ်လုပ်သား များ၏ သားသမီးပညာရေး အခက် အခဲတို့ကြောင့် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရထံသို့ အသနားခံစာ တင်ခဲ့ကြရာ အခြေခံပညာကျောင်း များ ပိတ်မည့် အချိန်တွင် အပြီးအပိုင် ဖျက်သိမ်းဆောင်ရွက်သွားရန် အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးမှ ညွှန်ကြားစာပေးပို့ ခဲ့သည်။
၂ဝ၁၂ ဖေဖော်ဝါရီလတွင် တရားဝင် အုတ်ဖုတ်လုပ်ငန်း လိုင်စင်များပေးမည်ဟု ဆိုကာ စာရင်း ကောက်ယူခဲ့ပြီး မြို့နယ်ထွေ/အုပ် ရုံးက တရားမဝင် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်၍ လယ်ယာမြေများ ပျက်စီး စေမှုဖြင့် ထိုစာရင်းပါ အုတ်ဖုတ် လုပ်ငန်းရှင် ၄၃ ဦးအား တရားစွဲ ဆိုထားသည်ဟု သိရသည်။

"ကျောင်းပြီးတဲ့ အထိဆို ပုံမှန် ၃ လပိုင်းအထိပေါ့" ဟု လူလတ် ပိုင်းအရွယ် အုတ်ဖုတ်လုပ် ငန်းရှင် စိုင်းဇွဲပြည်မောင်က ပြော သည်။
"မြေသိမ်းတာတော့ မဟုတ် ဘူး။ လုပ်ငန်းဆက်လုပ် ခွင့်မပြုတာ။ ပြီးတော့ တရားမဝင် လုပ်ခဲ့တယ် ဆိုပြီး တရားစွဲထားတာ" ဟု ၄င်းက ပြောသည်။

ယခု အခြေအနေအတိုင်းဆို လျှင် အုတ်ဖုတ် လုပ်ငန်းများ ရပ်ဆိုင်းရမည် ဖြစ်ပြီး လုပ်ငန်းရှင်များ အနေ ဖြင့် မထောင်းသာ လှသော်လည်း ၄င်းတို့ကို အမှီအခို ပြုနေသော အုတ် ဖုတ်လုပ်သားတို့ အတွက်မှာမူ စား ဝတ်နေရေး၊ သားသမီး ပညာရေးတို့ အတွက် အခက်အခဲများ သေချာ ပေါက် ရှိလာနိုင်ပေလိမ့်မည်။

"လုပ်ငန်းတွေ ရပ်ဆိုင်းထား တာ တစ်လနီးပါး ရှိနေပြီ။ ဒါပေမဲ့ အလုပ်သမားတွေကို ဒီမှာပဲ နေခိုင်း ထားရပြီး တခြား အလုပ်ရှာခိုင်းထား ရတယ်။ အပြန်အလှန် အကျိုးပြုပြီး နေလာတဲ့ လူအချင်းချင်း သူတို့ အခက်အခဲ ကြုံတာ ကြည့်မနေရက် ဘူး။ ဒါပေမဲ့ အကြာကြီး တောင့် ခံနိုင်မှာတော့ မဟုတ်ဘူး" ဟု လုပ် ငန်းရှင် တစ်ဦးက ဆိုသည်။
နှစ်ပေါင်းများစွာ အုတ်ဖုတ် လုပ်ငန်း လုပ်ကိုင်လာမှုကြောင့် ထိုဒေသများမှာ စိုက်ပျိုးထွန်ယက် ၍ မရနိုင်တော့ကြောင်း၊ ထို့ကြောင့် အုတ်ဖုတ် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခွင့် ပေးပါက အလုပ်သမား များအတွက်ပါ အဆင်ပြေသွားနိုင် မည်ဖြစ်ကြောင်း ရွှေပြည်သာ မြို့နယ် မှ ကျူရှင်ဆရာ တစ်ဦးကဆိုသည်။

"မြေမကောင်းတာ မဟုတ် ဘူး၊ နေရာတိုင်းမှာ အုတ်ခဲကျိုး တွေရှိနေလို့ စိုက်ပျိုးလို့ မကောင်းတာ အလုပ်သမားတွေ အတွက် တခြား အစီအစဉ် အစားထိုးစရာ မရှိသေး ခင် ဒီလုပ်ငန်းကို ဆက်လုပ်ခိုင်းလိုက်ရင် သူတို့တွေ အဆင်ပြေ သွားမယ်ထင်တယ်။ အလုပ်ရှင်ကတော့ ဒီအလုပ် မလုပ်ရ၊ နောက်အလုပ် တစ်ခု ပြောင်းပေါ့" ဟု ၄င်းက ဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး ရွှေ ပြည်သာထွေ/အုပ်ရုံး သို့ ဆက်သွယ် မေးမြန်းရာတွင် လုပ်ငန်း ရပ်ဆိုင်းရ မည်မှာ မှန်ကန်ပြီး အုတ်ဖုတ် လုပ်ငန်းရှင် ၄၃ ဦးအား တရား စွဲဆို ထား သည်မှာလည်း မှန်ကန်ကြောင်း သိ ရသည်။

"ဟုတ်တယ်ဗျ၊ စည်ပင်နယ် နိမိတ် ဖြစ်တာရယ်။ စိုက်ပျိုးနိုင်တဲ့ မြေတွေမှာ တရားဝင် လိုင်စင်မရှိဘဲ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်တာရယ် ကြောင့် တရားစွဲထားတာပါ" ဟု ထွေ/အုပ်ရုံး အုပ်ချုပ်ရေးမှူး ဦးအောင် မိုးဦးက ပြောသည်။
တရားလို၊ တရားခံ၊ တရားဆိုင် စဲ ကာလဖြစ်ပြီး ရုံးချိန်းခြောက်ကြိမ် အနက် ၄င်းအနေဖြင့် မအားလပ် သဖြင့်တစ်ကြိမ်သာ ရုံးချိန်းတက် ရောက်ခဲ့သည်ဟု ဆိုသည်။

အုတ်ဖု တ်လုပ်ငန်း ရပ်ဆိုင်း သွားပါက အလုပ်သမား သုံးသောင်း ထက်မနည်း အလုပ်လက်မဲ့ ဖြစ်ရမည့် အရေးနှင့် ပတ်သက်၍မူ ၄င်းတို့ အနေဖြင့် တစ်စုံတစ်ရာ စီမံထားမှု မရှိကြောင်း၊ အထက်မှလည်း တစ် စုံတစ်ရာ ညွှန်ကြားထားခြင်း မရှိ ကြောင်း ၄င်းက ဆိုသည်။

ရွှေပြည်သာ မြို့နယ်တွင် အုတ် ဖုတ်လုပ်ငန်းများ ရပ်ဆိုင်းရန် ညွှန် ကြားထားပြီး ပုဂ္ဂလိက အုတ်ဖုတ် လုပ်ငန်းရှင် ၄၃ ဦးအား တရားစွဲဆို ထားသည်ဟု ဒေသခံ အချို့က ဆိုကြသည်။
Popular Myanmar News Journal


Y-talk မှလွဲ၍ ကျန်အွန်လိုင်းမှ ဖုန်းခေါ်ဆိုမှုများကို ဥပဒေအရ အရေးယူတော့မည်

Posted: 09 May 2012 02:26 AM PDT

ရန်ကုန်၊ မေ ၇
Y-talk မှလွဲ၍ အွန်လိုင်းမှ ပြည်ပဖုန်းခေါ်ဆိုမှုများအား တရားမဝင်အဖြစ် ဥပဒေအရ အရေးယူဆောင်ရွက်တော့မည်ဟု VMG TELECOMESကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အွန်လိုင်းမှ တရား ဝင်ဖုန်းခေါ်ဆိုနိုင်သည့် Y-talk စနစ် အား ဈေးနှုန်းလျှော့ချပေးလိုက်ပြီး နောက်သီးခြားခေါ်ဆိုမှုစနစ် အသုံး ပြုခြင်း၊ ခေါ်ဆိုခြင်းများအား အရေး ယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တရားမဝင် ခေါ်ဆိုမှု ဟုဆိုသည့် Pfingo၊ Skype အသုံးပြုမှုများကို အရေးယူရာတွင် လည်း ကုမ္ပဏီမှ ဆောင်ရွက်မည် မဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသာအရေးယူဆောင်ရွက်မည်ဟု ယင်းကုမ္ပဏီမှ သိရသည်။
''အင်တာနက်ဆိုင်တွေကို ရှောင်တခင်ဝင်စစ်တာတွေကို မြန် မာ့ဆက်သွယ်ရေးကပဲ ဆောင်ရွက် မှာပါ'' ဟု ၄င်းက ပြောသည်။
အရေးယူဆောင်ရွက်မှုများ ရှိ လာပါကမည်သို့အရေးယူဆောင်ရွက် မည်ကိုမသိရှိရသေးသော်လည်း၁၉၈၉ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ဆက် သွယ်ရေးဥပဒေများအရထောင်ဒဏ်၊ ငွေဒဏ်နှင့်စက်ပစ္စည်းများကို ပြည် သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွား နိုင်သည်အထိအရေးယူနိုင်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။
အွန်လိုင်းမှ တရားဝင် ဖုန်း ခေါ်ဆိုနိုင်သညY-talk ခေါ်ဆိုခ နှုန်းထားမှာ ယခင်က နိုင်ငံအပေါ် မူတည်၍ ဈေးနှုန်းကွာခြားပြီး အနည်းဆုံးနှုန်းထားမှာ တစ်မိနစ် လျှင် ကျပ်၁၅ဝ ခန့်ရှိ၍ အခြားခေါ် ဆိုမှုများထက် ဈေးနှုန်းမြင့်မားပြီး သုံးစွဲသူမရှိသလောက် နည်းပါးခဲ့ သည်။ သို့သော် ၄င်းY-talk ခေါ် ဆိုခြင်းကို တစ်မိနစ်အနည်းဆုံး ကျပ် ၈ဝ အများဆုံး ကျပ် ၂ဝဝ သို့ လျှော့ချခဲ့သည်။
''ပုဇွန်တောင်မြို့နယ်ရှိImage အင်တာနက်ဆိုင်မှ လုပ်ငန်းရှင် က ''အရင်ကတော့Y-talk ခေါ် ဆိုဖို့ အကောင့်တွေ ကတ်တွေ လည်း လိုတယ်။ ခေါ်ဆိုခလည်း မြင့်တော့ လာတဲ့လူမရှိဘူး။ အခု Pfingo ပုံစံအတိုင်း ဖုန်းခေါ်ဆိုလို့ ရပြီဆိုတော့ သုံးစွဲမှု များလာနိုင်ပါ တယ်'' ဟု ပြောသည်။
Y-talk စနစ်အား ရတနာပုံ တယ်လီပို့မှ ငွေဖြတ်တောက်ခြင်း၊ မြန်မာ့ဆက်သွယ်ရေးမှ ဥပဒေနှင့် လိုင်းများဆောင်ရွက်ခြင်း၊ VMG TELECOMESမှ နည်းပညာနှင့် ကတ်ဖြန့်ဖြူးရောင်းချခြင်းများဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ၂ဝ၁၂ မတ်လဆန်းမှ စ၍ ဝန်ဆောင်မှုပေးခဲ့ပြီး လက်ရှိတွင် ၄င်းစနစ်ကို အင်တာနက်ဆိုင်များ ကိုသာ သုံးစွဲခွင့်ပေးထားသည်။
Popular Myanmar News Journal


သြဇီရောက် NLD အမတ်များ မြန်မာသံအမတ်နှင့် တွေ့ဆုံ

Posted: 08 May 2012 07:37 PM PDT

NLD အမတ်များ
သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် NLD လွှတ်တော်အမတ်များ (Credit: ABC)
သြစတြေးလျင်ငံမှာ ​နိုင်ငံရေးသင်တန်းတက်ဖို့ရောက်နေကြတဲ့ ​NLD ​အမတ်တွေ ​ဟာ ​ဆစ်ဒနီတက္ကသိုလ်မှာ ​တပါတ်ကြာသင်တန်း ​တက်ရောက် ​အပြီး ​ကင်ဘာရာမြို့တော်ကို ​ရောက်ရှိနေကြရာမှာ ​ကင်ဘာရာမြို့တော်အခြေစိုက် ​မြန်မာသံရုံးက ​သံအမတ်ကြီး ​ဦးပေါ်လွင်စိန်က ​လှိုက်လှိုက်လှဲလှဲ ​ကြိုဆိုခဲ့တဲ့အကြောင်းသိရပါတယ်။

NLDလွှတ်တော်အမတ်များဖြစ်ကြတဲ့ ​ဦးဖြိုးမင်းသိန်း၊ဒေါ်စန္ဒာမင်းနဲ့ ​ဦးဖြိုးဇေယာသော် ​တို့ဟာ ​သြစတြေးလျလွှတ်တော်ကိုလဲသွားရောက်လေ့လာခွင့် ​ရ ​ကြပြီး၊ ​သြစတြေးလျဝန်ကြီးချုပ်  ​Julia ​Gillard ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​အပါအဝင် ​သြစတြေးလျနိုင်ငံက ​ဝန်ကြီးတွေ ​အတော်များများနဲ့ ​တွေ့ဆုံခွင့် ​ရခဲ့ ​တဲ့အကြောင်း ​ကင်ဘာရာမြို့တော်ကိုသွားရောက်သတင်းယူနေတဲ့ ​ရေဒီယိုသြစတြေးလျ ​မြန်မာပိုင်းက ​သတင်းထုတ်လုပ်ရေးမှူး ​မူလှိုင်းသိမ့် ​က ​ကင်ဘာရာမြို့ကနေ ​သတင်းပေး ​ပို့ ​ခဲ့ပါတယ်။

ဟစ်ဟော့ပ်အဆိုတော်ကနေ ​နိုင်ငံရေးဘဝကိုပြောင်းလဲဝင်ရောက်ခဲ့တဲ့ ​NLD ​အမတ် ​ဦးဖြိုးဇေယျာသော်ကလည်း ​သြစတြေးလျနိုင်ငံမှာ ​ယခင်က ​Midnight ​Oil ​ဆိုတဲ့ ​နာမည်ကြီးဂီတအဖွဲ့ဝင်ဖြစ်ခဲ့ပြီး ​အခုအခါမှာ ​လေဘာပါတီလွှတ်တော်အမတ် ​နဲ့ ​အခြေခံပညာရေးဝန်ကြီးဖြစ်လာတဲ့ ​Peter ​Garrett ​နဲ့လည်း ​တွေ့ဆုံခွင့် ​ရခဲ့ပါတယ်။
Radio Australia - Myanmar


အစမ်းသပ်ခံ ပညာရေးမဖြစ်သင့်တော့ဘူးလို့ ဦးဖြိုးမင်းသိန်းပြော

Posted: 08 May 2012 07:34 PM PDT

မြန်မာနိုင်ငံ ​ပညာရေးဟာ ​လွန်ခဲ့တဲ့ ​နှစ် ​၂၀ ​ကျော်ကာလအတွင်း ​အစမ်းသပ်ခံ ​ပညာရေးဖြစ်ခဲ့ပြီး ​ခုချိန်မှာ ​မြန်မာနိုင်ငံက ​ဒီမိုကရေစီနိုင်ငံအဖြစ် ​မရောက်သေးပေမယ့် ​တိုးတက်မူတွေ ​ရှိသင့်တဲ့အတွက် ​နိုင်ငံတကာ ​တက္ကသိုလ်တွေအနေနဲ့ ​ကူညီပူးပေါင်းမူတွေ ​လုပ်မယ်ဆိုရင် ​ကြိုဆိုကြောင်း ​NLD ​လွှတ်တော်အမတ် ​ဦးဖြိုးမင်းသိန်းက ​ပြောပါတယ်။ ​မြန်မာနိုင်ငံကို ​သယံဇာတနဲ့ ​ထူထောင်တဲ့ ​နိုင်ငံမဖြစ်စေလိုပဲ ​အသိပညာတွေနဲ့ ​ထူထောင်တဲ့ ​နိုင်ငံဖြစ်စေလိုတယ်လို့လဲ ​ပြောလိုက်ပါတယ်။

  လွန်ခဲ့တဲ့ ​တနင်္လာညနေပိုင်းက ​သြစတြေးလျနိုင်ငံရဲ့ ​မြို့တော် ​ကင်ဘာရာမြို့ရှိ ​ANU ​တက္ကသိုလ်မှာ ​ပြုလုပ်တဲ့စာတမ်းဖတ်ပွဲမှာ ​ပြောသွားတာဖြစ်ပါတယ်။ ​စာတမ်းဖတ်ပွဲကို ​တက်ရောက်နားထောင်သူ ​ပရိသတ်တစ်ဦးက ​မြန်မာနိုင်ငံမှာ ​တိုးတက်ပြောင်းလဲမူတွေ ​ရှိလာနေတဲ့အတွက် ​Accademic ​engagement ​လို့ ​ခေါ်တဲ့ ​ပညာရေးဆိုင်ရာ ​ပူးပေါင်းမူတွေ ​လုပ်ဖို့ ​သင့်ပြီလားလို့ ​မေးရာမှာ ​ဦးဖြိုးမင်းသိန်းက ​နိုင်ငံတကာနဲ့ ​ပူးပေါင်းဆောင်ရွက်မူတွေ ​လိုအပ်တဲ့အတွက် ​လာရောက်ဖို့ ​ဖိတ်ခေါ်ခဲ့ပါတယ်။

ပညာရေးသာမက ​ကျန်းမာရေးဆိုင်ရာတွေမှာလည်း ​ကူညီထောက်ပံ့မူတွေ ​ဆက်လက်လုပ်ဖို့ ​လိုတယ်လို့လဲ ​ပြောပါတယ်။

တိုင်းရင်းသားအရေးနဲ့ ​ပတ်သက်ပြီး ​မေးမြန်းရာမှာတော့ ​NLD ​အနေနဲ့ ​ဒုတိယပင်လုံစာချုပ်ကြီး ​ပေါ်ပေါက်လာနိုင်အောင် ​ကြိုးစားနေတဲ့အကြောင်း၊ ​ကရင်အမျိုးသားအစည်းအရုံး ​(KNU) ​အစရှိတဲ့ ​တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေနဲ့လည်း ​ကြုံရင်ကြုံသလို ​ဆွေးနွေးမူတွေ ​လုပ်နေတယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​တည်ငြိမ် ​အေးချမ်းမူရဖို့အတွက် ​ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ​NLD ​ပါတီ၊ ​တိုင်းရင်းသားပါတီတွေ၊ ​တိုင်းရင်းသားခေါင်းဆောင်တွေ၊ ​အစိုးရအပြင် ​စစ်တပ်အစရှိတဲ့ ​သက်ဆိုင်သူတွေ ​အားလုံး ​တွေ့ဆုံဆွေးနွေးပြီး ​သဘောတူညီမူတွေ ​ရယူမှသာ ​ဖြစ်နိုင်မယ်လို့လဲ ​ပြောသွားခဲ့ပါတယ်။

အဲဒါ့အပြင် ​ပြည်ပကို ​ရောက်ရှိနေတဲ့ ​မြန်မာနိုင်ငံသားတွေအနေနဲ့ ​ပြည်ပမှာ ​ကြုံတွေ့ရတဲ့ ​အတွေ့အကြုံတွေ၊ ​ပညာတွေနဲ့ ​မြန်မာနိုင်ငံကို ​ပြန်ပြီး ​အကျိုးပြုမူတွေ ​လုပ်ဖို့ ​လိုလားကြောင်း ​ပြန်လာတဲ့အခါမှာလည်း ​လုံခြုံစွာ ​ပြန်လာနိုင်အောင် ​အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တွေပေးပြီး ​ဥပဒေတစ်ရပ်အနေနဲ့ ​ဖြစ်လာအောင် ​ကြိုးစားသွားမယ်လို့လဲ ​ပြောသွားခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းအပါအဝင် ​NLD ​ပါတီကလွှတ်တော်အမတ်ဖြစ်သူ ​ဇေယျာသော်နဲ့ ​ဒေါ်စန္ဒာမင်းတို့လည်း ​သြစတြေးလျနိုင်ငံကို ​ရောက်ရှိနေပြီး ​သြစတြေးလျနိုင်ငံဝန်ကြီးချုပ်၊ ​နိုင်ငံခြားရေးဝန်ကြီး ​အစရှိတဲ့ ​ပုဂ္ဂိုလ်တွေအပြင်သြစတြေးလျနိုင်ငံကို ​ရောက်ရှိနေတဲ့ ​မြန်မာသံအမတ်နဲ့လည်း ​မြန်မာသံရုံးမှာ ​တွေ့ဆုံခဲ့ပါတယ်။



NLD လွှတ်တော်အမတ်တွေကို သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Julia Gillard တွေ့ဆုံ

NLD အမတ်များနှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား

NLD အမတ်များနှင့် သြစတြေးလျနိုင်ငံရောက် မြန်မာသံအမတ် ဦးပေါ်လွင်စိန်
Radio Australia


ဟင်္သာတမြို့ မှာ မြောင်းများပိတ်ဆို့ ပြီး ရေလျှံ

Posted: 08 May 2012 07:20 PM PDT

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့  စည်ပင်သာယာဌာနမှ ၀န်ထမ်းတွေရဲ့ 
အလုပ်မလုပ်မှု့ ကြောင့်  မေလ (၄)ရက်နေ့ က ဟင်္သာမြို့ ၏ မြို့ လယ်ခေါင်ဖြစ်သော
 မန်းဘခိုင်းလမ်းမှာညနေတစ်မိုးရွာတာနဲ့  မြောင်းရေများရှံနေပြီ
ပလက်ဖေါင်းတောင်မြုတ်တော့ မယ့် အနေအထားဖြစ်နေပါတယ်။

 မြောင်းတွေကို မြို့ တွင်းမှာ အရှင်းပြ ဓါတ်ပုံရိုက် တိုင်းရုံး ကိုတင် အာဇာနည်ပန်းခြံနှင့် 
 အလက ၁ ကြားဖြတ်ထွက့် သည့် မြောင်း၊ တာလေးဂုံးဆင်းကုလားသင်းကြိုင်းကုန်း
ဂုံးမြောင်း၊ ၀က်တန်းမြောင်း မြစ် ကွေ့ ဘုန်းကြီးကျောင်းနောက်ကမြောင်း၊
 CB ဆည်မြောင်း တာတမံပေါ်တွင်ရောင်းချခွင့်ပေးထားသောကျူးကျော်ဈေးသည်များ၏
အမှိုက်များလည်း ထိုမြောင်းတွေထဲသို့ လာရောက်စွန်ပြစ်သောကြောင့် ပိတ်နေပါ
လို့ ဆိုပါတယ်။

ဘဏ်ရှေ့ ကမြောင်းတွင် အမှိုက်များပိတ်ဆို့ နေခြင်းကိုမရှင်းလင်းသရွေ့ ဟင်္သာတမြို့ 
ရေကြီးနေအုန်းမှာပါ။ လူကြီးလမ်းကြောင်းလာလို့ တစ်ရက်အလိုကျမှ တာလမ်းဘေးဈေး
သည်တွေကို (၃) ရက်မထွက်ရဘူးလျောက်ပြော လမ်းဘေးအမှိုက်များကိုရှင်းခိုင်လျင်
လည်း စည်ပင်ဝန်ထမ်းများ ကိုယ်တိုင်မရှင်းဘဲ ၊ အရွယ်မရောက်သေးသောခလေးငယ်
များကို တစ်နေ့ (၁၂၀၀) ပေးပြီး ရှင်းခိုင်ပါတယ်။

ဝန်ထမ်းမချပေးလို့ ဆိုပြီးအမှိုက်ကောက်ခိုင်းတဲ့ ခလေးတွေကအမှိုက်ကိုကောက်ပြီး
မြောင်းထပြန်ချနဲ့ သံသရာလည်နေပြီး၊ ဟင်္သာတမြို့ ဟာ အခုဆို့ အမှိုက်မြို့ တော်ကြီး
ဖြစ်နေကြောင်း ဟင်္သတမြို့ ခံတဦး က သတင်းရေးသားပေးပို့ ထားပါတယ်။

Myanmar News Now




ရွှေညောင်ဖူး-ကျောက်ဆည် လမ်းဖေါက်လုပ်မှုနှင့် လယ်ယာမြေ ဆုံးရှုံးခြင်းများ

Posted: 08 May 2012 05:23 PM PDT





လယ်မြေများ ပျက်စီးဆုံးရှုံးနေခြင်းကြောင့် ရွှေညောင်ဖူး-ကျောက်ဆည် လမ်းဖောက်လုပ်နေမှုအား ပြန်လည်စီစစ်ပေးပါရန် တင်ပြထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။
Myanmar News Now


ဒဂုံအရှေ့ မြေကွက်များ ပြန်ပေးရန် ညွှန်ကြားချက် ရရှိထားခြင်းမရှိဟုဆို

Posted: 08 May 2012 05:07 PM PDT

ရန်ကုန်၊ မေ ၈

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အိုးအိမ်ဦးစီးဌာနမှ ပြန်လည် သိမ်းဆည်းသော ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ ဝန်ထမ်း မြေကွက်များကို ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောဆိုထား သော်လည်း ယခုအချိန်အထိ ဝန်ကြီးဌာနထံမှ ညွှန်ကြားချက် ရရှိထားခြင်း မရှိသေးကြောင်း မြို့ရွာနှင့်အိုးအိမ် ညွှန်ကြားမှု ဦးစီးဌာန မြေယာနှင့် အခွန်ဌာနခွဲ (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူး ဦးဟန်ချိုဦးက The Voice Weekly သို့ ယနေ့ ပြောကြားသည်။

"ဝန်ကြီးချုပ် ပြောတာကို ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ လုပ်ငန်းလုပ်ဖို့ ကြတော့ အဆင့်ဆင့် ညွှန်ကြားချက် စောင့်ရတဲ့ အတွက် အခုတော့ အတိအကျ ပြောလို့ မရသေးဘူး" ဟု ၎င်းက ဆိုသည်။

မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မြေကွက်များကို ပြန်လည် အပ်နှံရန် မြေပိုင်ရှင်များကို အသိပေး အကြောင်းကြား ထားပြီး သတ်မှတ်ရက်အတွင်း လာအပ်သည့် သူများကို မြေကွက်ဖိုး ပြန်ထုတ်ပေး ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး မြို့ရွာနှင့် အိုးအိမ် ညွှန်ကြားမှူ ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်သော တိုင်းဒေကြီး အထူး လွှတ်တော် အစည်းအဝေး အပြီးတွင် ဝန်ထမ်း မြေကွက်များကို လက်ရှိ နေရာတွင်ပင် ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၏ အဆိုပါ ပြောကြားချက်ကြောင့် မြေကွက်ပိုင် ပြည်သူများ မျှော်လင့်ချက် ပြန်လည်ထားရှိကာ မြို့ရွာနှင့်အိုးအိမ် ညွှန်ကြားမှု ဦးစီးဌာနသို့ သွားရောက်မေးမြန်း စုံစမ်းသော်လည်း ညွှန်ကြားချက် မရသေးဟုသာ ပြောနေကြောင်း လုပ်ပေးမည်ဟု ပြောပြီးပါက အမြန်ဆုံး အကောင်အထည်ဖော် သင့်ကြောင်း အဆိုပါ မြေကွက်များကို ပိုင်ဆိုင်ထားသူများက ဆိုသည်။
The Voice Weekly
 


ငါးမြာကြီးရွာမှာ ရေပြာပေါက်ကြမ်းလို့ မြစ်ကမ်းပါးပြို၊ အိမ်အိုအိမ်ကောင်း၊အမြန်ပြောင်းနေကြရ

Posted: 08 May 2012 08:29 AM PDT

မကွေးတိုင်း ရေစကြိုမြို့နယ် ဗလဘ အုပ်စုအပိုင် ငါးမြာကြီးကျေးရွာသည် ချင်းတွင်းနှင့်
ဧရာပေါင်းဆုံရာအနီးရှိမြစ်ကမ်းပါးတစ်နေရာတွင် တည်ရှိပါသည်။

ယခုအခါမြစ်ရေများ အတက်ကြမ်းလာမှုနှင့်အတူ ရွာအရှေ့ဖျားက အိမ်တန်းများတည်ရှိရာ
အောက်ခံမြေသားတို့ကို ရေဦးတိုက် ကမ်းပါးပြှိုကျ နေသဖြင့် အိမ်အလုံး ၇၀ နှင့်
ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖျက်ပစ်ခါလွတ်ရာသို့ပုံထားလိုက်ရပါပြီ။

ထိုရွာတွင် အိမ်ခြေ ၁၃၀ခန့်ရှိရာ ရွာ၏ ၅၀%ခန့် မြစ်ထဲရောက်နေပြီမို့ စိုက်ခင်းများပါ
ကမ်းပါးပြိုကျသည့်အထဲပါနေကြရာ ရွာသူရွာသားများမှာများစွာအားငယ်နေကြပါသည်။

လောလောဆည် အိမ်ဆောက်ရန် မြေနေရာလည်း မရသေးရာ ကမ်းပါးထိပ်ဝန်း
ကျင်မှာပင် တဲငယ်ကလေးများ ဖြစ်သလိုထိုးပြီး နေထိုင်နေကြရသည်။

ရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများ သိရှိကူညီပေးနိုင်ကြ၇န်
တင်ပြလိုက်ရပါသည်။


A C J(Yesagyo)

Myanmar News Now
ဓာတ်ပုံများမှာ ၆.၅.၁၂ နေ့ကရိုက်ကူးထားခြင်းဖြစ်ပြီး
သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဥိးသိန်းမြင့်(NLD yesagyo)
ကရိုက်ပေးခြင်းဖြစ်သည်။







၂၀၁၀ X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် စွပ်စွဲခံရသူကို သေဒဏ်ချလိုက်

Posted: 08 May 2012 08:17 AM PDT

သေဒဏ်ချမှတ်ခံရသူ ကိုဖြိုးဝေအောင် (ဓါတ်ပုံ-Google Images)
၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲ၏ တရား စွဲဆိုခြင်း ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ အင်္ဂါနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု ကိုဖြိုးဝေအောင်၏ ရှေ့နေ ဦးကျော်ဟိုး က မဇ္ဈိမကို ပြောသည်။

ကိုဖြိုးဝေအောင်ကို ချမှတ်သည့် ပြစ်ဒဏ်များမှာ ကြိုတင်ကြံစည် လူသတ်မှုကို အားပေးသည့် အမှုအတွက် သေဒဏ်၊
ဖေါက်ခွဲမှုကို အားပေးသည့်အမှုအတွက် ထောင်ဒဏ် တသက်တကျွန်း၊ အပြင်းအထန် နာကျင်စေမှုကို အားပေးသည့် အမှုအတွက် ထောင်ဒဏ် ၁ဝ နှစ်၊ မတရားသင်းနှင့် ဆက်သွယ်မှုအတွက် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံအတွင်း တရားမဝင်
ပြန်လည်ဝင်ရောက်လာမှုအတွက် ထောင်ဒဏ် ၃ နှစ်တို့ ဖြစ်သည်ဟု ဦးကျော်ဟိုးက ပြောသည်။

"အဲဒီအမှုတွေကို တပေါင်းတည်း ပေါင်းပြီးတော့ ကျခံစေ ဆိုပြီးတော့ သေဒဏ် ချထားတယ်" ဟု ဦးကျော်ဟိုး က ပြောသည်။

အင်းစိန်ပရဝုဏ်အတွင်းရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးအောင်သိန်း၏ အဆိုပါ အမိန့်ချမှတ်မှုကို ကျေနပ်မှု မရှိဘဲ ဆက်လက်၍ အယူခံဝင်သွားမည်ဟုလည်း ဦးကျော်ဟိုး က ပြောသည်။

"ဒီအမိန့်ကိုလည်း ကျနော်တို့ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုဟာ မမှန်ဘူး။ မတရား ညှဉ်းပမ်းနှိပ်စက် ပြီးတော့ ယူထားတဲ့ ဖြောင့်ချက် ဖြစ်တဲ့အတွက်ကြောင့် ဥပဒေအရ တရားမဝင်ဘူးလို့ ကျနော်တို့ တင်ပြခဲ့ပါတယ်။ ဒါကို တရားရုံးက လက်မခံဘူးပေါ့ဗျာ။ ဒါကို အယူခံရုံးက လက်ခံအောင် ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော်တို့ အယူခံ ကာလ ရှိသေးပါတယ်။ အယူခံကာလကို စောင့်ပြီးတော့မှ သေဒဏ် ပေးလို့ရမယ်။ ကျနော်တို့ အယူခံတင်ပါမယ်" ဟု မဇ္ဈိမကို ပြောသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ကိုဝေဖြိုးအောင်ကို စွပ်စွဲဖမ်းဆီးမှုနှင့် ပတ်သက်၍ မှားယွင်းမှုများ ရှိနေနိုင်ပြီး သက်သေ အထောက်အထားများ မမှန်မကန်ရယူမှု၊ တရားမဝင် ဖမ်းဆီးမှု စသည့်အချက်များကို ထောက်ပြကာ တရားရုံးမှ
ပြန်လည်စိစစ်၍ စီရင်ချက်ချရန် မေလ ၆ ရက်နေ့တွင် အာရှ လူ့အခွင့်အရေးကော်မရှင်မှ ကြေညာချက် ထုတ်ပြန် ခဲ့သေးသည်။

အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် တွင် ဗုံး ၃ လုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ် တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာ
ကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့သည်။

ကိုဖြိုးဝေအောင်ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ
နေအိမ်သို့ ရဲများ ရောက်လာရောက် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရကြောင်း ယခင် စစ်အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။

မျိုးသန့်  - ချင်းမိုင် (မဇ္ဈိမ)


လှိုင့်  ပေါ်မေးတင်ထားရသော သူတို့ ဘဝ

Posted: 08 May 2012 08:09 AM PDT

                             အိမ်ခြေ ၄၀၀၊ လူဦးရေ (၃၀၀၀) ၀န်းကျင်ဖြင့်  နေ့ စဉ်လှုပ်ရှားသက်ဝင်နေသော ရန်ကုန်တိုင်းဒေသကြီး  ကြည့်မြင်တိုင်မြို့ နယ် (တဖက်ကမ်း) စက်ဆန်းရပ်ကွက် လှိုင့် ကိုအမှီပြုသူများ။ ထိုလူဦးရေဧ။် ၈၀% ဟာ လက်လုပ်လက်စား ဘ၀တွေ။ သူတို့ ရဲ့  နေ့ စဉ် ရပ်တည်မှုနဲ့ ၊ သားသမီးတွေကို ပညာထားရခြင်း စရိတ်များသည် လှိုင်မြစ်ပေါ်တွင် လှော်ခတ်မောင်းနှင် နေကြသော စက်သံတို့ ကို မှီခိုနေကြပါလား။ ဒီလိုနဲ့  လှုပ်ရှားလည်ပတ်နေသော လှိုင်မြစ်ကို မှီခိုရသော သူတို့  ကံကြမ္မာ မိုးမှောင်ကျသောနေ့ ။

                              ကြီးမား လှသော  အတွဲလိုက် ဘောစီတွဲ များ လှိုင့် မျက်နှာပြင်တွင် နေရာယူလာကြပြီ။ တနေ့ နည်းနည်းနှင့်  ပုံမှန် ဆိုက်ကပ်ထားလာ ကြရမှာ ယခုဆို (စက်ဆန်းရပ်ကွက် နင့်  တခြား တဖက်ကမ်း တည့် တည့် တွင်ရှိသော မြစ်ကြေင်းတလျှောက်တွင်) စီဘောတွဲများက မြစ်ကြောင်းကို ကြီးမားစွာ ပိတ်ဆို့ ကြလေပြီ။ သူတို့ သည်းခံရှာဧ။်။ မပြောရဲပါ။ ရွှေ့ ပေးပါရန် မတောင်းဆိုရဲပါ။ သူတို့ နေပေမဲ့  ကံကြမ္မာက မနေ။ ထိုနေ့ ။ မည်သူမျှမမေ့ ။ ပုံမှန်ရေစီးကြောင်းသဘောကို နားလည်စွာမောင်းလာရင်း သဘောင်္တစီး အရှိန်ဖြင့် တက်လာသည်ကို ထိုလှေ၇ှင်မြင်ပါလေပြီ။ စက်ရှိန်ကိုသတ်ပြီး အတတ်နိင်ဆုံးကြိုးစား လွတ်မြောက်အောင်ကြိုးစားပါဧ။်။ ရေစီးကလည်းသန်လှဧ။်။ စီဘောတွဲများအောက်သို့  လှေတစင်းလုံး မြုပ်ဝင်သွားဧ။်။ အနီးအနားမှ လှေအစင်း နစ်ဆယ်ကျော်တို့ ပြေးကြလေပြီ အခင်းဖြစ်ရာရေပြင်သို့ ။ စီဘီတွဲများ အပြင်ဖက်ပတ်လည်မှ။ ပေါ်ထွက်လာသမျှ လူကို ဆွဲတင်ကာ ဆယ်ကြဧ။်။ သို့ သော် တဦးသည် ၀မ်းပြာကြီးသော စီဘီ သဘောင်္တွဲ အပြင်ကို ရောက်အောင်အားမထုတ်နိင်သည် ထင်သည်။ ပေါ်မလာတော့.။ ထိုသို့ ဖြစ်ပေါ်မှုအတွက် လှေသမားအား ထောင်ဒဏ်နင့်  ထိုလူမောင်းသော ရပ်ကွက် (စက်ဆန်း) လှေသမားအားလုံး (၄၅)ရက် မမောင်းရပါဟု အထက်မှအမိန့် ချလေသည်။ အကြောင်းပြချက် မှာလှေ နစ်စဉ် ၀ိုင်းမဆယ်သောကြောင့် အပြစ်ပေးခြင်းတဲ့ ။ အပြေးအလွှား ၀ိုင်းနေသော လှေများကို သင်ဘယ်မြင်နိင်မလဲ ( ရုံးခန်းထဲ ထိုင်နေတာကိုး)။ ရလဒ်ကား ထိုလူစု ထမင်းအိုးလက်လွှတ်ကာ ကလေးတို့ ပညာမဲ့ ရပြီ။ ဘာနဲ.စားကြမလဲ။ အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးနေကြသော ယခုလို ခေတ်မျိုးတွင် သူဆင်းရဲတို့ ဧ။် ငိုသံကို သင် ကြားနိင်ပါသလား သမ္မတကြီး။ ကျုသည်ကားပထမအကြိမ်။

                               အပြစ်ဒဏ်ကို ခံယူပြီး (အတိုးများနင့် ယူုရ်ျ ခဏတာ စားရေး နေရေး ဖြေရှင်းအပြီး) တပတ်အကြာ ပြန်မောင်းပြီးသည့် နောက် ကျောက်သဘောင်္နင့်  စီဘီတွဲကြား ကံဆိုးသူ မောင်ရှင် ဖြစ်ပြန်လေပြီ။ ဆုံးဖြတ်ချက်ကား (၆၀)ရက် မမောင်းရတဲ့ ။ ကျွန်တော် မခံစားနိင်တော့ သူတို ဧ.် ငိုသံများကို။ ပထမအကြိမ် တင်သော အကြွေးကို ကြိုးစား လှေမောင်းကာ ဆပ်မည်ဟု အားခဲရှာသော သူတို့ ။ ဒူးတို့ ထောက်ရ်ျ မျက်ရည်စက်တို့ တပေါက်ပေါက်။ ယခု မေလလယ်နီးတော့မည်။ မကြာခင် ကလေးသူငယ်တို့ ကျောင်းဖွင့် ချိန်နီးတော့မည်။ သားလေးနင့် သမီး လေးကို ကျောင်းအပ်ရန်၊ လိုအပ်သော ပစ္စည်းတို့ ကို မည်သည့် ငွေနင့် သူတို့ ဖန်တီးကြရတော့မည်နည်း။  (အကိုတို့ အထက်ကိုတင်ပြကြပါလားဗျာ။ ကားလိုင်းမှာလည်း ကားတိုက်မှု ဖြစ်သော် ကာယကံရှင် တဦးတည်းကိုသာ ပိတ်တာပါ။ တလိုင်းလုံးမပိတ်ပါဖူးဗျ ဟု ဒေါမနသနင့် ပြောသော ကျွန်တော်...သူတို့ အဖြေကြားတော့ အတော်ဂရုဏာသက်မိပါသည်။ ကျွန်တော်တို့ သွားပြောပြီးပါပြီတဲ့ ။ ကြည့် မြင်တိုင်မြို့နယ် မယက ရုံးမှ ပြောလိုက်ပါသည်။( တိုင်ချင်ရာ ပါတီတိုင် ၊ မဖွင့် ပေးနိင်ဖူးတဲ့ ။ ဒါအထက်က အမိန့် တဲ့ ။ ) လူ့ အခွင့်အရေးဆိုတာ ဘာလဲ။ လူ့ အခွင့်အရေးကော်မရှင်ဟာ ရေနွေး စုသောက်ကြဖို့ ဖွင့် ထားတာလား။ ဒီလို လူ့ တဦးချင်းစီရဲ့ အခွင့် အလမ်းတွေကို လူတဦးအတွက် ရောပြီး စွန့် လွှတ်နေရတာတွေ...... မကြားတာလား။ မဖြေ၇ှင်းချင်တာလား။ ထို၇ပ်ကွက်မှ ပေးလိုက်သော ဆန္ဒမဲတွေနဲ့ လွှတ်တော်ထဲ ရောက်နေသော အမတ်ရေ... အဲကွန်းအေးလို့  ခင်ဗျား ပါးစပ် မပွင့် တာလား။ မပြောပေး ၊ မကယ်တင်ပေးတော့ဖူးလား။ ဒီလူဆင်းရဲတွေရဲ့ ဘ၀တွေကို... ခင်ဗျားအေ၇းမဟုတ်လို့  မပြောတာလား။ သူတို့ မျက်ရည်တွေနဲ့ ညည်းသံတွေဟာ ခင်ဗျားတို့ အတွက် သံစဉ် ကောင်းတဲ့ တေးတပုဒ် မဖြစ်ကြပါစေနဲ့ ဗျာ။
                                                                                                                                                                        အမြန်ဆုံး အဆင်ပြေချောမွေ့ ကြပါစေ
                                                                                                                                                                                  လှိုင့် မြစ်ကိုမှီခိုနေကြသော လှေသမားတွေ

တေဇာလင်း

Myanmar News Now


ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် မြန်မာနိုင်ငံပညာရေးတိုးတက်လာနိုင်သလား

Posted: 08 May 2012 07:53 AM PDT

ကိုယ်ပိုင်ကျောင်း(Private School)
ပြီးခဲ့တဲ့ပညာရေးဆောင်းပါးဖြစ်တဲ့ အငိုလွယ်ပြီးအရှိုက်ခက်လာနိုင်သော ကိုယ်ပိုင်ကျောင်းဥပဒေမှာ ရေးသားခဲ့သလို မြန်မာနိုင်ငံပညာရေး ကိုယ်ပိုင်ကျောင်းဥပဒေကြောင့်တိုးတက်လာနိုင်သလားဆိုတာကိုဆွေးနွေးချင်ပါတယ်။ ဒီနေ့ ကိုယ်ပိုင်ကျောင်း(Private School)နှင့် အလွတ်ပညာသင်ကျောင်း (Tution)မတူဘူးဆိုတာ သိရပါမယ်။ မြန်မာနိုင်ငံမှာ တစ်လျောက်လုံးဖြစ်ထွန်းလာခဲ့တာ ကျူရှင်လို့ခေါ်တဲ့ အလွတ်ပညာသင်ကျောင်းတွေပါ။

နိုင်ငံတကာမှာလည်းရှိပါတယ် မိမိတက်ရောက်လိုတဲ့တက္ကသိုလ်တစ်ခုရဲ့သင်ရိုးညွှန်းတမ်းဘောင်အတွင်းမှာ သင်ကြားတဲ့ကျောင်း(သို့) သင်တန်းက သင်ကြားတာတွေကို နားမလည်လို့ (သို့) ပိုမိုတတ်ကျွမ်းချင်လို့ မိမိသင်ကြားလိုသော ဘာသာရပ် တစ်ခု (သို့) ဘာသာအားလုံးကို မိမိပိုင်ငွေကြေးနဲ့အချိန်ပို သင်ကြားကြရခြင်းပါ။ သင်ကြားတဲ့ဆရာ၊ဆရာမများကလည်း မိမိတို့ ကျွမ်းကျင်တဲ့ဘာသာရပ်အလိုက်သော၎င်း၊ အစုအဖွဲ့လိုက်သော်၎င်း သက်ဆိုင်ရာဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီး သင်ကြားကြရတာပါ။

မြန်မာနိုင်ငံမှာလည်း(၁၉၈ဝ)ပတ်ဝန်းကျင်လောက်က ဒါနဲ့ပတ်သက်ပြီး ကျူရှင်ဥပဒေတစ်ခု ပြဌာန်းခဲ့ပါတယ်။ ဒီနေ့အချိန်ထိလည်းဖျက်သိမ်းခြင်းမရှိသေးတာတွေ့ရပါတယ်။အသက်ဝင်နေဆဲပါ။ ဒီနေ့ မြန်မာနိုင်ငံမှာသင်ကြားနေတဲ့ကျူရှင်ဆရာအများစုဟာ ဒီဥပဒေအရတရားဝင်မှတ်ပုံတင်ပြီးသင်ကြားရမှာ ဖြစ်ပေမဲ့လည်း (၉ဝ%)လောက်ဟာ မှတ်ပုံတင်တဲ့သူနည်းပါးပါတယ်။ မှတ်ပုံမတင်တာကလည်း ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းရှုပ်ထွေးမှုရယ်၊ တစ်ခိျု့သောအချက်လေးတွေက ခေတ်ရဲ့တောင်းဆိုမှုနဲ့မကိုက်ညီတာရယ်ကြောင့်ပါ။ ဒီအထဲမှ သင်ကြားမှုငွေကြေးရယ်၊ တစ်မိုးအောက်မှာပြသနိုင်တဲ့ ဘာသာအရေအတွက်ရယ် နဲ့ကျန်တာလေးတွေ အနည်းငယ်ပြောင်းလဲလိုက်ရင်ကို ဒီဥပဒေဟာတော်တော်လေးပြည့်စုံမျှတတယ်လို့ပြောရမှာပါ။

 ဒီကျူရှင်ကျောင်းတွေမှာ တော့ ကျောင်းစာအမှတ်ကောင်းအောင်သင်ကြားခြင်းတာဝန်သာသီးသန့်ဖြစ်လို့ လိုအပ်ချက်နည်းပါးသလို တာဝန်ယူမှုလည်း နည်းပါးပါတယ်။ ဒါအပြင် . .ကျောင်းသားကျောင်းသူတွေရဲ့ ဗလငါးတန်ဖွံ့ဖြိုးမှုမှာလည်း ဝေးကွာလွန်းလှပါတယ်။ ဒါပေမဲ့လည်း ကိုယ်ပိုင်ကျောင်း (Private School) တစ်ခုဖွင့်လှစ်တော့မယ်ဆိုရင်တော့ သင်ကြားရေးကောင်းမွန်မှုနှင့် အမှတ်ကောင်းယုံမျှမကတော့ဘဲ ကျောင်းသားကျောင်းသူများရဲ့ ဘဝရှေ့ရေးအတွက် တာဝန်ယူမှုတွေအများကြီးရှိလာပါတယ်။
အဓိကအရေးအကြီးဆုံးအချက်တွေကတော့ -

၁။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်းသည် မိမိဖွင့်လှစ်မည့်ကျောင်းနေရာ၏ မြေယာပိုင်ဆိုင်မှုအထောက်အထားပြနိုင်ရမည်။(အဘယ်ကြောင့်ဆိုသော်-မြေယာဌားရမ်းဆောင်ရွက်ပါက ကျောင်းရပ်တည်မှုတည်ငြိမ်မှုမရှိနိုင်ခြင်း၊ အာမခံချက်မရှိခြင်း)။

၂။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတည်ထောင် ဖွင့်လှစ်မည့်သူတိုင်း သင့်တင့်သောငွေကြေးတစ်ရပ်ထူထောင်၍ နိုင်ငံတော် (သို့) သက်ဆိုင်ရာဝန်ကြီးဌာနတွင်(Deposite Money) အပေါင်အဖြစ်ထားရှိခြင်း။                        ( အဘယ်ကြောင့်ဆိုသော ကျောင်းသားကျောင်းသူများနှင့် ပတ်သက်၍ တစ်စုံတစ်ရာနစ်နာမှုများ  ကြုံတွေ့လာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်)။

၃။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်းကျောင်းအုပ်ချုပ်ရေးဘုတ်အဖွဲ့ရှိရပါမယ်။ (ဘာကြောင့်လည်းဆိုတော့ ကျောင်းအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ မိဘနှင့် ကျောင်းသား၊ကျောင်းသူတို့အား ကာကွယ်စောင့်ရှောက်တာဝန်ခံမှု) တစ်ဦးတစ်ယောက်တည်းက မိမိစိတ်သဘောကျဆောင်ရွက်ပါက မိဘနှင့် ကျောင်းသား၊ကျောင်းသူများ နစ်နာစေနိုင်ခြင်း။

၎။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း မိမိကျောင်းသားကျောင်းသူများ ဆက်လက် တက်ရောက်သင်ကြားမည့်တက္ကသိုလ်ဘုတ်အဖွဲ့မှ သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်း ဘောင်အတွင်းမှ ရေးဆွဲထားသော မိမိကျောင်းပိုင်သင်ရိုးညွှန်းတမ်းရှိခြင်း။ နိုင်ငံတကာတက္ကသိုလ်၊ပြည်တွင်းတက္ကသိုလ်များဖြင့် ချိတ်ဆက်ထားခြင်း။

၅။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း မိမိကျောင်းတွင်ဖွင့်လှစ်ထားသော သင်တန်းများနှင့် လျော်ညီလုံလောက်သော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဆရာ ဆရာမဝန်ထမ်းအင်အား ဖွဲ့စည်းပုံနှင့်အညီရေးသားတင်ပြ၍ ခန့်အပ်တာဝန်ပေးခြင်း။

၆။     ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း ခန့်အပ်သည့်ဆရာ၊ ဆရာမနှင့် ဝန်ထမ်းများကိုလည်း နိုင်ငံတော်မှ ချမှတ်ထားသည့် အလုပ်ရှင်အလုပ်သမားဥပဒေအတိုင်းဆောင်ရွက်၍ ခံစားခွင့်များပေးခြင်း။

၇။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း ကိုယ်ပိုင်ကျောင်းများ အရည်သွေးစစ်ဆေးရေး အဖွဲ့၏ လစဉ်၊ နှစ်စဉ် ဥပဒေနှင့်အညီစစ်ဆေးဆောင်ရွက်ခြင်းကိုအပြည့်အဝပူးပေါင်းဆောင်ရွက်ခြင်း။

၈။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း မိမိတို့ဝင်ငွေအရကျသင့်သောအခွန်အခများကို အပြည့်အဝ မှန်မှန်ကန်ကန်ထမ်းဆောင်ခြင်း။

၉။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း နိုင်ငံတော်မှပြုလုပ်သော ပညာရေးဆိုင်ရာ အခမ်းအနားများနှင့် လိုအပ်၍တာဝန်ပေးချက်များကို ပူးပေါင်းဆောင်ရွက်ခြင်း။

၁ဝ။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း နိုင်ငံတော်မှချမှတ်ဆောင်ရွက်နေသော ပညာရေး ပေါ်လစီများကို ပူးပေါင်းအကောင်အထည်ဖော်ခြင်း။

၁၁။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း နိုင်ငံတော်အစိုးရကျောင်းများနှင့်နည်းတူ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း . . . .စသည်ဖြင့် အချက်အလက်တွေနှင့်ပြည့်စုံရပါမယ်. . ။ကျန်တာတွေလည်းရှိဦးမှာပါ။
ဒါ့အပြင် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ –

(က)    ကျောင်းမှာ သင့်တင့်လျောက်ပတ်သောကျောင်းစာကြည့်တိုက်ရှိရပါမယ်။
(ခ)    ကျောင်းမှာကောင်းမွန်သော ကျောင်းကျန်းမာရေးစောင့်ရှောက်မှုရှိရမယ်။
(ဂ)    ကျောင်းမှာသင့်တင့်လျောက်ပတ်သော အားကစားကွင်းရှိရပါမယ်။(အနည်းဆုံးဘတ်စ်ကက်ဘောကွင်း)
(ဃ)    ကျောင်းမှာသင့်တင့်လျောက်ပတ်သောသိပံလက်တွေ့ခန်းရှိရပါမယ်။
(င)    ကျောင်းမှာသင့်တင့်လျောက်ပတ်သော မာတီမီဒီယာအခန်းရှိရပါမယ်။
(စ)    ကျောင်းမှာသင့်တင့်လျောက်ပတ်သော မုန့်ဈေးတန်းရှိရပါမယ်။

ဒီလောက်ဆိုရင် ကိုယ်ပိုင်ကျောင်းနဲ့ အလွတ်ပညာသင် သင်တန်းကွဲပြားလောက်ပြီထင်ပါတယ် . .ဒီတော့ ကျွန်တော်တို့ဆီက ကိုယ်ပိုင်ကျောင်းထောင်မည့်သူများ၊ ကိုယ်ပိုင်ကျောင်းတွင် မိမိတို့သားသမီးများကို ကျောင်းထားမည့်သူများ၊ ကိုယ်ပိုင်ကျောင်းဥပဒေကိုမြန်မြန်ဆန်ဆန်ပြဌာန်းခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်ကျောင်းများတည်ထောင်ဖွင့်လှစ်မှုကိုအသားပေးရေးသားခဲ့ကြသောမီဒီယာများအောက်ပါအချက်များကိုဖြေကြည့်ကြစေချင်ပါသည်။

၁။    ယခုပြဌာန်းသော ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် နိုင်ငံတော်ပညာရေးတိုးတက်လာနိုင်ပါမည်လား . .

၂။    ကိုယ်ပိုင်ကျောင်းတည်ထောင်မည့်သူများမှလည်း မိမိကိုယ်ကိုမိမိ ကိုယ်ပိုင်ကျောင်း တည်ထောင် နိုင်လောက်အောင်၊ အဖက်ဖက်မှပြည့်စုံလုံလောက်နေပါပြီလား . .

၃။    အစိုးရကျောင်းများတွင် ပိုက်ဆံကုန်ပြီးပညာမတတ်၍ကိုယ်ပိုင်ကျောင်းပြောင်းထားလျှင် မိမိတို့ကလေး သေချာပေါက် ပညာတတ်ပြီလို့တစ်ထစ်ချယုံကြည်ပါသလား . .

၎။    မိဘအခိျု့၊ မီဒီယာအခိျု့ရေးသားရင်ဖွင့်သကဲ့သို့ ပညာရေးလောက အစိုးရကျောင်းမှ ဆရာ၊ဆရာမများမှာ နိုင်ငံနှင့်အဝှမ်း သုံးမရလောက်အောင်ပျက်စီးနေပါပြီလား . .

၅။    ယခုဖြစ်ပေါ်နေသောကျောင်းသားများစာမတတ်လို့ဆိုသောစကားမှာ အစိုးရ၏ပညာရေးပေါ်လစီကြောင့်လား . . ဆရာ၊ဆရာမများ၏ခိျု့ယွင်းချက်ကြောင့်လား . .

၆။    ဒီဥပဒေဟာ နိုင်ငံတော်ပညာရေးတိုးတက်မှုအတွက် အရေးတကြီးကိုလိုအပ်ပါသလား . .

၇။    ဒီဥပဒေဟာ နိုင်ငံတော်ပညာရေးတိုးတက်မှုအတွက် နိုင်ငံသားအများစုကိုကိုယ်စားပြုပါသလား

၈။    မီဒီယာများအနေဖြင့်လည်း ဆရာ၊ ဆရာမအခိျု့၏ ခိျု့ယွင်းချက်၊အားနည်းချက်များကို တစ်ဆိတ် တစ်အိတ်လုပ်၍ ဖော်ပြခြင်းဖြင့် မိမိတို့မီဒီယာတာဝန်ကျေပြွန်ပြီဟုယုံကြည်ပါသလား . .

၉။    နိုင်ငံအနှံနယ်စွန်နယ်ဖျားမကျန် ရိုးသားဆင်းရဲစွာဖြင့် ပညာရေးတာဝန်ထမ်းဆောင်နေကြသော ဆရာ၊ဆရာမ အများစု၏ဘဝတိုးတက်ကောင်းမွန်ရေးအတွက်၎င်း၊အစိုးရကျောင်းများဖွံဖြိုးတိုးတက်ရေးအတွက်သော်၎င်း မီဒီယာတာဝန်ကျေပြွန်စွာဖြင့်ဖော်ထုတ်ရေးသားခြင်းရန်စိတ်အားထက်သန်မှုရှိပါသလား . .
ကိုကြီးသောင်းဖြေဆိုပါမည် သဘောတူသူ/မတူသူရှိပါကလည်းလွတ်လပ်စွာသဘောကွဲလွဲနိုင်ပါသည်။

၁။    ယခုပြဌာန်းသော ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် နိုင်ငံတော်ပညာရေးမတိုးတက်နိုင်ပါ။အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင်ကျောင်းနေနိုင်သောသူများသည် စုစုပေါင်းကျောင်းသားဦးရေ၏(၁%)မျှသာရှိခြင်း၊ ကိုယ်ပိုင်ကျောင်း အဖြစ်ပြောင်းလဲတည်ထောင်မည့်သူများသည် နိုင်ငံတော်၏ပညာရေးမျှော်မှန်းချက်ဖြစ်သော တီထွင်ဖန်တီးမှု များနှင့်ပြည့်ဝသော ကျောင်းသားဗဟိုပြု သင်ကြားရေးနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျှက်  စာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ရန်အတွက်သာ ဦးတည်သင်ကြားကြခြင်း။

၂။    ကိုယ်ပိုင်ကျောင်းတည်ထောင်မည့်သူများမှလည်း မိမိကိုယ်ကိုမိမိ ကိုယ်ပိုင်ကျောင်း တည်ထောင် နိုင်လောက်အောင်၊ အဖက်ဖက်မှပြည့်စုံလုံလောက်နေသေးခြင်းမရှိသေးပါ၊ အတွေ့အကြုံများစွာလိုအပ် နေပါသေးသည်။ ကျောင်းသားကျောင်းသူကို အမှတ်များများဖြင့်အောင်မြင်ယုံမျှဖြင့်တော့ စိတ်ကူးယဉ်ရန်မသင့်ပါ။ မိမိတို့သည် ကျောင်းသားကျောင်းသူများကို ပုံစံခွက်ဖြင့်လေ့ကျင့်ပေးနေတာလား . .  ပညာတတ်အောင်စာသင်တာလား ခွဲခြားတတ်ဖို့တော့လိုသည်။ ပြီးတော့ ကြော်ညာကောင်းကောင်းဖြင့် လူကြားကောင်းယုံ၊ စာကြည့်တိုက်၊ သိပံလက်တွေ့ခန်း၊ မာတီမီဒိယာ၊ တစ်နှစ်မှတစ်ခေါက်လောက်သာ ဝင်ခွင့်ရမည့်အခန်းများနှင့်လည်းလှည့်စားရန်မသင့်ပါ၊ (သေချာပါသည်  ကျောင်းသားကျောင်းသူများ အမှတ်ကောင်းကောင်းဖြင့်အောင်မှ ကိုယ့်ကျောင်းနာမည်ရမှာဖြစ်သဖြင့် စာမှလွဲ၍ ကျန်တာသည် အပြသက်သက်((င်္သမှ့သတ)သာဖြစ်ပါလိမ့်မည်။)။

၃။    အစိုးရကျောင်းများတွင် ပိုက်ဆံကုန်ပြီးပညာမတတ်၍ကိုယ်ပိုင်ကျောင်းပြောင်းထားလျှင် မိမိတို့ကလေး သေချာပေါက် ပညာတတ်ပြီလို့တစ်ထစ်ချယုံကြည်လျှင်၊ အစိုးရကျောင်းမှ ဆရာ၊ဆရာမများမှာ နိုင်ငံနှင့်အဝှမ်း သုံးမရလောက်အောင် ပျက်စီးနေပါပြီဟု ယုံကြည်လျှင်တော့ မြန်မာနိုင်ငံပညာရေး ချောက်ထဲလုံးလုံး ကျသွားပြီဟုဆိုနိုင်ပါသည်။ကိုယ်ပိုင်ကျောင်းတွင်ထားသောကျောင်းသားတိုင်းလည်းမထူးချွန်ပါ၊ အောင်မြင်မှုလည်းမရပါ။ ပိုက်ဆံကတော့သောက်သောက်လဲကုန်ပါမည်။ (အစိုးရကျောင်းတွင်ထား၍ ကိုယ်ပိုင်ကျောင်းတွင်ထားခြင်းထက် ပိုက်ဆံပိုကုန်ပါက တိကျစွာပြောစေလိုပါသည်။ ကိုယ့်လိုအင်ဆနအတွက် လာဘ်ပေးရခြင်းနှင့်မဆိုင်ပါ)။ ယနေ့ရန်ကုန်မန္တလေးလိုမြို့ကြီးများတွင်လျှမ်းလျှမ်းတောက် အောင်ချက်ကောင်း ကျောင်းများမှာ မိဘများကြိတ်ကြိတ်တိုးအပ်နေကြပါသည်။

၎။    စာသာမတတ်တာ တစ်တန်းပြီးတစ်တန်းတက်သွားတာ ဆရာဆရာမ မသင်ကြား၍မဟုတ်ပါ၊ အထက်မှတာဝန်ရှိသူများ ညွှန်ကြားသည့်အတိုင်း စဉ်ဆက်မပြတ်အကဲဖြတ် အတန်းတင်ဆိုသော ပညာရေးပေါ်လစီအမှားကြောင့်ဖြစ်သည်ဟုယူဆပါသည်။(အတန်းတွင်းကောင်းကောင်းမသင်၊ ကျူရှင်ကြမှ ကောင်းကောင်းသင်၊ ကျူရှင်တက်မှ မျက်နှာသာပေး စုန်းပြူးအခိျု့ရှိနိုင်ပါသည်။)

၅။    ဒီဥပဒေဟာ နိုင်ငံတော်ပညာရေးတိုးတက်မှုအတွက် အရေးတကြီးမလိုအပ်သလို နိုင်ငံသားအများစု အတွက်လည်းကိုယ်စားမပြုပါဘူး။ နောင်တစ်ချိန်မှာ ပုဂုလိကအပိုင်းမှာခွင့်ပြုပြီး အစိုးရနဲ့လက်တွဲ ဆောင်ရွက်ရမှာဖြစ်ပေမဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အချိန်တစ်ခုယူပြီး စနစ်တကျတည်ဆောက် လိုက်တဲ့အခါမှာ ဒီကိုယ်ပိုင်ကျောင်းတွေက ကျွဲကူးရေပါဖြစ်သွားမှာပါ။ အရင်ဆုံးပြန်လည်ပြင်ဆင်ရမှာက အစိုးရကျောင်းများဖွံဖြိုးတိုးတက်ရေးနဲ့ ခေတ်ရဲ့လိုအပ်ချက်နှင့်မကိုက်ညီတဲ့ကျူရှင်ဥပဒေပါ။

၆။    မီဒီယာများအနေဖြင့်လည်း ဆရာ၊ ဆရာမအခိျု့၏ ခိျု့ယွင်းချက်၊အားနည်းချက်များကို ဖော်ပြခြင်းဖြင့် မိမိတို့မီဒီယာတာဝန်ကျေပြွန်အောင်ထမ်းဆောင်ကြသလို နိုင်ငံအနှံနယ်စွန်နယ်ဖျားမကျန် ရိုးသားဆင်းရဲစွာဖြင့် ပညာရေးတာဝန်ထမ်းဆောင်နေကြသော ဆရာ၊ဆရာမအများစု၏လူနေမှုဘဝ တိုးတက်ကောင်းမွန်ရေး၊ အစိုးရကျောင်းများ ဖွံဖြိုးတိုးတက်ရေးအတွက် မီဒီယာတာဝန်ကျေပြွန်စွာဖြင့်စဉ်ဆက်မပြတ် ပညာရှင်များဖြင့် တွေ့ဆုံဆွေးနွေးဖော်ထုတ်ရေးသားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးတင်ပြခြင်းကိုလည်း မပျက်မကွက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ကိုကြီးသောင်းရဲ့မျက်စေ့ထဲမှာတော့ မဝေးတော့တဲ့ကာလတစ်ခုမှာ မြန်မာနိုင်ငံပညာရေးမှာ အစိုးရကျောင်းရော ကိုယ်ပိုင်ကျောင်းတွေပါ အပြိုင်အဆိုင်ထွန်ကားလာပြီး၊ နိုင်ငံသားကောင်း ပညာတတ်တွေမွေးထုတ် လာနိုင်တော့မယ်ဆိုတာရယ်၊ ဒီထက်ပိုပြီး နိုင်ငံတွင်းမှာနေရာယူလာကြတဲ့ နိုင်ငံတကာကျောင်း (International School) တွေနဲ့ယှဉ်ပြိုင်ဖို့ဆက်လက်ကြိုးစားရဦးမယ်ဆိုတာပါဘဲ။( မှတ်ချက် - မြန်မာကျောင်းတွေမှာစာသင်တာစာမတတ်လို့ ပြည်တွင်းမှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာကျောင်း (International School) တွေမှာ ပြောင်းထားလိုက်ရသူများအတွက်လည်း မိမိတို့ကလေးစာတကယ်တတ်/မတတ် ဒီကျောင်းတွေရဲ့အကောင်းအဆိုး သီးသန့်ဆောင်းပါးတစ်စောင် မကြာမီရေးသားပါမယ်)
ပြီးခဲ့တဲ့ဆောင်းပါးမှာ အကောင်းအဆိုးပေါက်ကွဲရင်ဖွင့် မှတ်ချက်ပေးခဲ့ကြသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

 မြန်မာနိုင်ငံပြည်ရေးတိုးတက်မှုအတွက်စိတ်ဝင်စားကြသူများလည်းကောင်း၊ မိမိတို့၏သားသားများကိုဖြစ်ထွန်းစေလိုသူ မိဘများအတွက်သော်လည်းကောင်း၊ ပညာရေးတာဝန်ထမ်းဆောင်ကြမည် အစိုးရခန့်ဆရာ၊ဆရာမများနှင့် ကျူရှင် ဆရာများအားလုံး အိနိယနိုင်ငံ ဘောလိဝုဒ်မှ ရိုက်ကူးထုတ်လုပ်သော ( 3 idiots  ) ဇာတ်ကားအားကြည့်ရှု့၍ အခြေအနေများကိုနှိုင်းယှဉ်သုံးသပ်ကြည့်နိုင်ပါကြောင်း . . . ။

မေတ္တာများစွာဖြင့်
ကိုကြီးသောင်း(အရာတော်)

Myanmar News Now


တပ်မ (၈၈) အတွင်း ရှိ မွေးမြုရေးကြက်ခြံ မှ အနံအသက်ဆိုးများ

Posted: 08 May 2012 07:41 AM PDT

တပ်မ (၈၈) အတွင်း ရှိ မွေးမြုရေးကြက်ခြံ
မကွေးမြို့ ၊ နတ်မောက်လမ်း ၊တပ်မ (၈၈) အတွင်း ရှိ မွေးမြုရေးကြက်ခြံ မှ
အနံအသက်ဆိုးများအား ညအချိန် လျှက်စစ်ပန်ကာကြီးများဖြင့်မှုတ်ထုတ်
နေပါသည် ။

ထိုအနံအသက်မျာအား သိင်္ဂါ ရပ်ကွက်၏ အရှေ့ဖျားပိုင်းတွင်
နေထိုင်ကြသော ရပ်ကွက်နေပြည်သူများမှာ အနံအသက်ကြောင့် မျက်နှာ
များရောင်ရမ်းခြင်း ၊ အသက်ရူ လမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်နေပါသည်။
၎င်းဖြစ်စဉ်အား ရပ်ကွက်အတွင်းနေပြည်သူများ လူအယောက် ( ၅၀ )ခန့်
၃.၄.၂၀၁၂ နေ့ ည- ၉း၀၀နာရီအချိန်တွင် သွားရောက်ပြောဆိုရန်သွားစဉ်
အမှတ် (၁) ရဲစခန်းမှ ရဲ မြို့နယ်မှုး နှင့် ရဲတပ်ဖွဲ့ရဲတပ်သားများမှဝင်ရောက်
တားစီးခဲ့ပါသည်။

ရပ်ကွက်သားများနှင်ရဲမျာ့းညိနိုင်း ပြီး တပ်တွင်းသို့သွားရောက်
ခဲ့ရာ ပြေလည်အောင်မဖြေရှင်းပေးပဲ နောက်ထပ်ပြုလုပ်ခဲ့မည်ဆိုလျှင်
သေနတ်ဇြင့်ပစ်သတ်မည်ဟု ကြယ်သုံးပွင့်အဆင့်ရှိ လူမှ ခြိမ်းခြောက်
ပြောဆိုခဲ့ကြောင်း ကို တပ်တွင်းလိုက်သွားသော ရပ်ကွက်အုပ်ချုပ်ရေးမှုး
နှင့် ၊ ဆယ်အိမ်မှုး တို့မှ ပြန်လည်ပြောပြခဲ့ပါသည်။

Myanmar News Now