သစ်ထူးလွင် |
- ဒီချုပ်နာယကကြီးဦးတင်ဦး ပဲခူးတိုင်းအတွင်းရှိမြို့နယ် NLD ရုံးဖွင့်လှစ်ပွဲများတက်ရောက်ခဲ့
- မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံး ဗုံးခွဲသည့် တရားခံအား ဖမ်းမိ
- တောင်တွင်းကြီးမြို့နယ်၊ပန်းတောကျေးရွာ မီးလောင်မှု
- မအူပင်မြို့နယ်က လယ်သမားများ ပြည်ခိုင်ဖြိုးက သိမ်းသွားသောလယ်မြေများအတွက် သမ္မတထံစာတင်မည်
- သြစတြေးလျနိုင်ငံလွှတ်တော်တွင် ဆွေးနွေးမည့်အကြောင်းအားကြိုတင်ရန်မလိုဟု ဒီချုပ်ကိုယ်စား လှယ်များဆို
- မန်း ကျောက်ဝိုင်းဝင်ခွင့် ကောက်ခံမှု လူနှစ်ထောင်ကျော် ကန့်ကွက်
- နိုင်ငံတော် သမ္မတ အမိန့်ဖြင့် စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမည်
- လန်ဒန်အိုလံပစ်ပွဲ မြန်မာ ဝင်ပြိုင်မည်
- စံပယ်ဖူး စက်ရုံမှ လုပ်သားများ မကျေနပ်ချက်တင်ပြ
- နမ့်ခမ်း လ၀က ဒေသခံများကိစ္စလစ်လျှူရှုနေ
- တောင်ကိုရီးယားသမ္မတ မြန်မာခရီးစတင်
- ဟေ့ မောင်တို့၊ ဟေ့ မောင်တို့၊ ဟေလာမောင်တို့ဝါး
- တာချီလိတ်မြို့ က ဆိုင်ကယ်သူခိုးနှင့် ရဲ
- မန်း စည်ပင် အတွင်းရေးမှူး ၏ သား အိမ်အတွင်း ၀င်ရောက် မိန်းကလေး အား ထိုး / ရိုက် ခြင်း
- မန္တလေးစည်ပင်မှကွက်ကြားဆောင်ရွက်ခြင်းနှင့် လမ်းနှစ်လမ်းပိတ်ဆို့ ရောင်းချခြင်း အဖြစ်မှန်
- ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး
- ချောင်းသာလူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး
- ရင်းနှီးမြှုပ်နှံမှုဆိုင်ရာညှိနှိုင်းအစည်းအဝေး
- အစိုးရနှင့်ထပ်မံတွေ့ဆုံရန်ပြင်ဆင်ချိန် RCSS/SSA သုံးကြိမ် တက်တိုက်ခံရ
- မြန်မာဟိုတယ် ဝန်ထမ်း အမျိုးသမီးနှင့် ဂျပန် ပါးရိုက်တဲ့ အမှု တရားရုံး ပြောင်းစစ်
- ဒေါ်လာ တစ်ရာရှိလျှင် ကားဝယ်ရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်
- ရှေးရိုးစွဲသူလိုသူများ နောက်ချန်ခဲ့မည်ဟု သမ္မတကြီးသတိပေး
- မန္တလေးမြို့ပြင်ရှိမြေများကို တရုတ်ကုန်သည်များမှ လိုက်လံဝယ်ယူနေ
- ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် အဆင့်ဆင့် ရွေးချယ်မှု စတင်
- မန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည်
| ဒီချုပ်နာယကကြီးဦးတင်ဦး ပဲခူးတိုင်းအတွင်းရှိမြို့နယ် NLD ရုံးဖွင့်လှစ်ပွဲများတက်ရောက်ခဲ့ Posted: 14 May 2012 03:37 AM PDT မေလ ၁၄ ရက်နေ့ ၂၀၁၂ ဒီချုပ်နာယကကြီးဦးတင်ဦး နှင့်အတူ ပဲခူးတိုင်းတာဝန်ခံဦးစိုးဝင်းန မေလ (၁၂) ရက်နေ့ က ပဲခူးတိုင်း ဘုရားကြီး၊ဒိုက်ဦး၊ပြွန်တန်ဆာ၊ရွေကျင်၊ကျောက်တံခါး မြို့နယ်ရှိ ဖဒိုအုပ်စု ဆီဆုံရွာ မြို့ချောင်းရွာများ မှရုံးခန်းများဖွင့်လှစ်ခြင်း အခမ်းအနားတတ်ရောက်ချီးမြှင့်ခဲ့ပါသည် သတင်း-ဓါတ်ပုံ (ဒီလှိုင်း) | ||
| မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံး ဗုံးခွဲသည့် တရားခံအား ဖမ်းမိ Posted: 14 May 2012 03:24 AM PDT
ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ရာ တရားခံအား မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ နှင့် ပြည်သူများပူးပေါင်းကာ လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ရာ တရားခံ သန်းကိုဦး အသက် ၂၂နှစ် အား ဖမ်းမိခဲ့ပါသည်။ မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံး ဗုံးခွဲ ခဲ့သူမှာ ဟသာင်္တခရိုင်အုပ်ချုပ်ရေးမှုး ရုံး ဗုံးခွဲခဲ့သူနှင့်အတူတူပင်ဖြစ်ကြောင်း တရားခံ ကိုယ်တိုင် ဖော်ထုတ်ပြောကြား ခဲ့ပါသည်။ အပေါ်ပုံမှာ တရားခံ သန်းကိုဦး မြန်အောင်မြို့ ကြံ့ခိုင်ရေး ရုံးသို့ ဝင်ရောက် ဆောင်ရွက်ခဲ့ပုံများကို သရုပ်ပြ လိုက်လံပြသနေပုံဖြစ်ပါသည်။ Myanmar News Now | ||
| တောင်တွင်းကြီးမြို့နယ်၊ပန်းတောကျေးရွာ မီးလောင်မှု Posted: 14 May 2012 03:27 AM PDT တောင်တွင်းကြီးမြို့နယ်၊ပန်းတော မီးလောင်မှုကြောင့် ရွာသားများ စိတ်ဒုက္ခအလွန်ရောက်နေရသောမြင်ကွင်းများအား သတင်းပေးပို့ အပ်ပါသည်။ လောင်ကျွမ်းမှုတန်ဖိုးနှင့် စလောင် သော အိမ်၊ တန်ဖိုးအား မသိရှိရသေးပါခင်ဗျာ။ ပန်းတောကျေးရွာမီးလောင်မှု သတင်းဓါတ်ပုံများ | ||
| မအူပင်မြို့နယ်က လယ်သမားများ ပြည်ခိုင်ဖြိုးက သိမ်းသွားသောလယ်မြေများအတွက် သမ္မတထံစာတင်မည် Posted: 14 May 2012 03:11 AM PDT ၀င့်သင်ဇာကျော် (မြစ်မခ) မေ (၁၄)ရက် ၊ ရန်ကုန်မြို့။ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၆)အုပ်စုကတောင်သူလယ်သမားများနှင့် ရေလုပ်သား(၄၀၅)ဦး ကျော် လက်မှတ်ရေးထိုးထားသောတောင်းဆိုချက်(၇)ချက်အား နိုင်ငံတော်သမ္မတထံ စာတင်ရန် အစီအစဉ်ရှိ ကြောင်း မစုစုနွေးထံက သိရသည်။ လာမည့် ၂၀၁၂ခုနှစ် မေလ ၁၄ ရက်နေ့တွင်လယ်သမားသမဂ္ဂပေါ်ပေါက်ရေးအဖွဲ့ အစည်းဖြစ်ပေါ်ရန် လှုပ်ရှားသူ မစုစုနွေးကယခုကဲ့သို့ဆိုသည်။ "လယ်ယာမြေ ပြန်လည်ရရှိရေးတွေ တင်ပြသွားတယ် ကျွန်မတို့ကို လက်မှတ်ထိုးပြီးတောင်းဆိုတဲ့ အမှတ် (၂)မှာ ပါပါတယ် လယ်ယာမြေတွေ ပိုင်ဆိုင်ခွင့်တွေပေါင်နှံခွင့်တွေ ရောင်းချခွင့်တွေကို လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် အဲ့လိုပဲ ပါတဲ့ အချက်အတိုင်းကို နိုင်ငံတော်သမ္မတကြီးထံ မိတ္တူတွေတစ်ခါတည်း ပို့မယ်။ မေလ (၁၃)ရက်နေ့ တနလာင်္နေ့ပေါ့ အဲ့ဒီနေ့မှာလယ်သမားတွေရဲ့ လက်မှတ်တွေနဲ့ ကျွန်မတို့က နိုင်ငံတော်သမ္မတထံတောင်းဆိုသွားမှာ ဖြစ်ပါတယ်။" ဟု မစုစုနွေးက ပြောသည်။ တောင်သူလယ်သမားများနှင့် ရေလုပ်သားများ တောင်းဆိုခဲ့သော အချက် (၇)ချက်မှအချို့မှာ ၁။ လယ်သမား သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့် ၂။လယ်ယာမြေပိုင်ဆိုင်ခွင့် ၊ ရောင်းဝယ်ခွင့် ၊ လှူဒါန်းခွင့် ၊အမွေဆက်ခံခွင့် ၊ ပေါင်နှံခွင့် ၊ လွှဲပြောင်းခွင့်ရရှိရေး နှင့် ၃။တပ်နှင့်ဦးပိုင်ကုမ္ပဏီများမှ အဓမ္မသိမ်းဆည်းထား သော လယ်ယာမြေများကို ပြန်လည်ရရှိရေး အပါအ၀င် အချက်များအား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုအုပ်စု ခနောင်ကြီးကျေးရွာ ၊ပလောင်ရွာ ၊ မိုးရွာဝဲ ၊ ဇီးကုန်း နှင့် ညောင်ဦး အပါအ၀င် (၁၆)အုပ်စုမှတောင်သူအများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသိမ်းယူသွားသော လယ်ယာမြေများကို ပြန်လည်ရရှိစေရေးအတွက် နိုင်ငံတော်သမ္မတထံစာတင်ရန်အတွက် လက်မှတ် စုထိုးရခြင်း ဖြစ်သည်။ "ကျွန်တော်မှာ လယ်ဧက ၁၅ ဧကရှိပါတယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကမြေစာရင်းနဲ့ပေါင်းပြီး ကျွန်တော်တို့ဆီက လယ်တွေ သိမ်းသွားတာပါ။အကြောင်းပြချင်တော့ စိုက်စရိတ်အတွက် ချေးထားတာကို ကျွန်တော်တို့အနေနဲ့စပါးစိုက်ပြီး ချေးငွေဆပ်ပါတယ်၊ ဆပ်သလောက် အတိုးက မကျေနိုင်ဘူးအရင်းပြန်ပေးရင်တောင် ကျေနေပြီ အတိုးကျန်တာကို ရိတ်သိမ်းချိန်လေးေ တာ့စောင့်ပါအုံးဆို တာကို မစောင့်ပဲ လယ်တွေကို သိမ်းသွားပါတယ်။ အဲ့သလိုအဓမ္မသိမ်းယူသွားတာမျိုး ကျွန်တော်တို့ မကျေနပ်နိုင်ပါဘူး အဲ့ဒါကြောင့် ကျွန်တော်တို့ လယ်သမား တွေ လက်မှတ်ထိုးရတာပါ" ဟု မအူပင်မြို့နယ် ညောင်ဦးကျေးရွာမှ တောင်သူ ကိုထွန်းထွန်းဝင်းက ပြောသည်။ အချို့သော တောင်သူအများစုမှာ လယ်ယာမြေဆုံးရှုံးသွားခြင်းကြောင့်ငါးဖမ်းလုပ်ငန်းကို ဆက်လက် လုပ်ကိုင် နေသူများရှိပြီး သားသမီးများကိုလှိုင်သာယာစက်မှုဇုံများနှင့် ဒဂုံဆိပ်ကမ်းများသို့ သွားရောက်အလုပ်လုပ်ကိုင် စေခိုင်းခဲ့ကြောင်း သိရှိရသည်။ "ကျွန်တော်တို့ ရွာကလူတော်တော်များများ လက်လုပ်လက်စားဖြစ်ကုန်ပြီတစ်ချို့ဆို လယ်သိမ်းသွားတော့ သူတို့သားတွေ သမီးတွေကိုလှိုင်သာယာစက်မှုဇုန်တွေမှာ သွားပြီး အလုပ်လုပ်ခိုင်းရတယ် ၊ဆိပ်ကမ်းတို့မှာ ရောပေါ့ အဲ့တော့ ကျွန်တော်တို့ သားသမီးတွေနဲ့ဝေးကွာမနေချင်ဘူး ဒါကြောင့်မို့လို့ ကျွန်တော်တို့ လယ် ယာမြေတွေကို ပြန်ရလိုပါတယ်" ဟု လယ်ဧက ၃၅ ခုပိုင် တောင်သူတစ်ဦးက ပြောသည်။ ၂၀၁၂ခုနှစ် မေလ ၁၂ရက်နေ့ နံနက် ၁၀နာရီဝန်းကျင်တွင် ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ် မလက်တို အုပ်စု ခနောင်ကြီးကျေးရွာ နိရောဓရုံကျောင်းတွင်မစုစုနွေး နှင့် တောင်သူလယ်သမားများ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး တောင်သူလယ်သမား ၄၀၅ ဦးကျော်၏ လက်မှတ်ရေးထိုးထားသော အချက်(၇)ချက်ကိုလည်းနိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးရွာအုပ်စုပေါင်း ၁၆ အုပ်စုရှိပြီးအိမ်ခြေမှာ သောင်းကျော်ရှိကြောင်းနှင့် အဆိုပါ ကျေးရွာမှ ဒေသခံပြည်သူအများစုမှ လယ်လုပ်ငန်းနှင့် ငါးဖမ်းခြင်းလုပ်ငန်းကိုသာအဓိကထား လုပ်ကိုင်ကြကြောင်း သိရှိရသည်။ Shwe Myitmakha Media Group | ||
| သြစတြေးလျနိုင်ငံလွှတ်တော်တွင် ဆွေးနွေးမည့်အကြောင်းအားကြိုတင်ရန်မလိုဟု ဒီချုပ်ကိုယ်စား လှယ်များဆို Posted: 14 May 2012 03:03 AM PDT ရှုမ၀အောင်(မြစ်မခ) မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။ သြစတြေးလျနိုင်ငံလွှတ်တော်တွင် ဆွေးနွေးမည့်အကြောင်းအရာများနှင့်ပတ်သက်၍ ကြိုတင်တင်ပြရန် မလို ကြောင်း သြစတြေးလွှတ်တော်အားသွားရောက်လေ့လာခဲ့သော ဒီချုပ်ကိုယ်စားလှယ်များထံက သိရသည်။ "သြစတြေးလွှတ်တော်မှာက ဆွေးနွေးမယ့်ကြောင်းကိုကြိုတင် ပြောစရာမလိုဘူး မေးခွန်းမေးတဲ့အချိန်ဆိုတာ သူတို့မှုာ သတ်သတ်ရှိတယ်၊ အဲချိန်မှာ ကြိုက်တာမေးလို့ရတယ်" ဟု ပုဗ္ဗသီရိမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ဆိုသည်။ မိမိတို့အနေဖြင့် သြစတြေးလျပါလီမာန်သို့ နှစ်ရက်ခန့်သွားရောက်လေ့လာခဲ့ကြောင်း၊ လွှတ်တော် ကိုယ်စား လှယ်များအတွက် လွှတ်တော်တွင်း၌ သီးသန့်ရုံးခန်းပေးထားကြောင်း မိမိတို့မြန်မာနိုင်ငံနှင့် ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်ရာတွင် မတူညီကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောသည်။ သြစတြေးလျ လေဘာပါတီက နိုင်ငံရေးနဲ့သက်ဆိုင်သောသင်တန်းကို ငါးရက်တက်ရောက်ရန် ဒီချုပ်ပါတီအား ဖေဖော်ဝါရီလ ကတည်းက ဖိတ်ကြားခံရ၍ ဒီချုပ်ကိုယ်စားလှယ်(၃)ဦးနှင့်အဆိုတော်လင်းလင်း သွားရောက်ခဲ့ ခြင်းဖြစ်သည်။ "သြစတြေးလျနိုင်ငံက ဒီမိုကရေစီကိုဖော်ဆောင်တာ နှစ်ပေါင်း၁၅၀လေက်ရှိပြီဆိုတော့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့နေရာမှာ ကျတော်တို့နိုင်ငံနဲ့မတူပါဘူး ဒါတော့ နုနယ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်"ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။ သြစတြေးလျလွှတ်တော်တွင်းတွင် အင်းအားကြီးပါတီနှစ်ပါတီနှစ်ပါတီနှင့် အင်အားသေးပါတီငါးပါတီရှိကြောင်း တိုင်းပြည်အရေး ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်၍ ပါတီများ၏ မူဝါဒတွေများအား မည်ကဲ့သို့ အတိုက်အခံ လုပ်ရမည်ကို သိရှိပြီးဖြစ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလွှတ်တော်တွင် လွတ်လပ်မှုများသည် ဥပဒေကြောင်းအရမရှိကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။ "ကျတော်တို့နိုင်ငံမှာက ဘယ်ဟာက ပြောခွင့်ရှိတယ် ဘယ်ကပြောခွင့်မရှိဘူး ဘယ်ဟာဆိုရင်တော့ အရေးယူခံ ရနိုင်တယ်ဆိုတဲ့ဟာမျိုးတောင် သိပ်ခိုင်ခိုင်မာမရှိသေးပါဘူး" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းကပြောသည်။ သြစတြေးလျနိုင်ငံသို့ သွားရောက်ရာ အဆိုတော်လင်းလင်းသည် အလုပ်ရုံဆွေးနွေးပွဲ ငါးရက်သင်တန်းပြီး ကတည်းက ပြန်သွားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးသည် သြစတြေးလျ လွှတ်တော်တွင်း သို့ နှစ်ရက်ခန့် သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။ သြစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့သော ဒီချုပ်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တတ်ရောက်မှု နှင့်ပတ်သက်၍ သီးသန့်ကျမ်းကျိန်သွားမည်မဟုတ်ပဲ၊ လာမည့်လွှတ်တော်အစည်းမှသာ ကျမ်းကျိန် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ "ကျွန်တော်တို့ သွားထဲက ခွင့်တိုင်ပြီးသွားတာပါ၊ ဒါကြောင့် သီးသန့်ကျမ်းကျိန် ဖို့တော့မရှိပါဘူး နောက် တစ်ကြိမ်လွှတ်တော်တက်မှပဲ ကျွန်တော်တို့ ကျမ်းကျိန်မှာပါ"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျသော်ကပြောသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်မှာ နိုင်ငံကူးလက်မှတ်ရရှိရန် ကိုးလကြာကြောင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းမှာ နိုင်ငံကူးလက်မှတ်ရရန် ရှစ်လကြာကြောင်းသိရှိရသည်။ Shwe Myitmakha Media Group | ||
| မန်း ကျောက်ဝိုင်းဝင်ခွင့် ကောက်ခံမှု လူနှစ်ထောင်ကျော် ကန့်ကွက် Posted: 14 May 2012 02:57 AM PDT | ||
| နိုင်ငံတော် သမ္မတ အမိန့်ဖြင့် စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမည် Posted: 14 May 2012 02:53 AM PDT | ||
| လန်ဒန်အိုလံပစ်ပွဲ မြန်မာ ဝင်ပြိုင်မည် Posted: 14 May 2012 02:45 AM PDT လာမယ့် ဇူလိုင်လမှာ ကျင်းပမယ့် ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားသမားတွေလည်း ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လာမယ့် ဇူလိုင်လကျရင် ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း ၄ မျိုးလောက်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ အားကစားနဲ့ ကာယပညာဦးစီးဌာနက စုံစမ်းသိရပါတယ်။ မြန်မာယှဉ်ပြိုင်မယ့် အားကစားနည်းတွေကတော့ မြားပစ်၊ သေနတ်ပစ်၊့ အနောက်တိုင်း လှေလှော် ကစားနည်းနဲ့ ပြေးခုန်ပစ် ပြိုင်ပွဲတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့် အားကစားသမားတွေအနက် မြားပစ်မှာ နေမျိုးအောင်၊ သေနတ်ပစ်မှာ မောင်ကြူးနဲ့ အနောက်တိုင်း လှေလှော်ပြိုင်ပွဲမှာ မရွှေစင်လတ်တို့ ၃ ဦး သေချာပေါက် သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။ "ကျနော်တို့က Qualification ကတော့ သိပ်မမီဘူး၊ မမီတော့ ဟိုဘက်ကနေ ပေးတာတွေရှိတော့ ကျနော်တို့ သေချာတာတော့ သုံးယောက်ပဲဖြစ်သေးတယ်။ မြားပစ်က နေမျိုးအောင်၊ သေနတ်ပစ်က မောင်ကြူး၊ လှေလှော်အားကစားမှာ မရွှေဇင်လတ်ပါ။" မြားပစ်၊ သေနတ်ပစ်နဲ့ အနောက်တိုင်းလှေလှော် ကစားနည်းအပြင် ပြေးခုန်ပစ် ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် မာရသွန် ပြိုင်ပွဲနဲ့မီတာ ၄၀၀ ပြေးပွဲတွေမှာ ဝင်ပြိုင်မယ့် အားကစားသမား ၂ ဦးလောက်ကိုလည်း လေ့ကျင့်ပေးထားတဲ့အကြောင်း ဒါပေမယ့် အတည်တော့ မပြုနိုင်သေးဘူးလို့ အိုလံပစ်ကော်မတီက ပြောပါတယ်။ "ကျန်တာတော့ ပြေးခုန်ပစ်က တယောက်၊ နီလာစမ်း၊ အမျိုးသမီးမာရသွန်နဲ့ နောက်တခါ သက်ဇော်ဝင်းက မီတာ ၄၀၀ အပြေးပြိုင်၊ အဲဒါတော့ စောင့်တုန်းပဲ။ ပြန်မရောက်သေးဘူး။" ရန်ကုန် အင်းယားလမ်း မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှာတော့ အိုလံပစ်ပွဲအတွက် ရည်ရွယ်ပြီး မရွှေဇင်လတ်နဲ့ ကိုဝင်းထိုက်တို့ကို လေ့ကျင့်ပေးထားတယ်လို့ လှေလှော် အဖွဲ့ချုပ်က ပြောပါတယ်။ အနောက်တိုင်း လှေလှော်ပြိုင်ပွဲမှာ ဝင်ပြိုင်မယ့် မရွှေစင်လတ်ဟာ ပြီးခဲ့တဲ့ ဧပြီလက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ လှေလှော်ပြိုင်ပွဲ အရည်အချင်းစစ်ပြိုင်ပွဲမှာ ၁၆ နိုင်ငံမှာ အဆင့် ၇ ရပြီးနောက် ခုလို လန်ဒန်အိုလံပစ်ပွဲမှာ ဝင်ယှဉ်ပြိုင်ခွင့်ရတာလို့ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်က ဒေါက်တာ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ "လောလောဆယ်တော့ ရွှေစင်လတ်ကို လေ့ကျင့်ပေးနေတယ်။ ပြိုင်မှာက မိန်းကလေးက ရွှေစင်လတ်၊ အားလုံးကျမတို့ဆီမှာ သုံးမျိုးရှိတာကို၊ အခုလောလောဆယ် ၂ မျိုးအတွက်ကို တင်ထားပါတယ်။ အမျိုးသားက ဝင်းထိုက်။ ရွှေစင်လတ်ကတော့ တောင်ကိုရီးယားမှာ အရည်အချင်းစစ်ပြိုင်ပွဲမှာ ၁၆ နိုင်ငံမှာ ၇ ဝင်တယ်။ ပုံမှန်ကတော့ အဆင့် ၅ ဝင်ရတယ်။ ဒါပေမယ့် နိုင်ငံအလိုက် တောင်းလိုက်တော့ ခွင့်ပြုချက်ရတယ်။ ပြိုင်ဘက်တွေကတော့ နိုင်ငံအများကြီးလာမှာဆိုတော့ ဆုတံဆိပ်က မှန်းဖို့မလွယ်ဘူး။ ဒါပေမယ့် ကြိုးစားရမှာပေါ့။" အလားတူ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ကလည်း ကိုနေမျိုးအောင် အပြင် ကိုဇော်ဝင်းထိုက်ကိုလည်း လေ့ကျင့်ပေးထားတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက မြားပစ်၊ ရေကူး၊ ပြေးခုန်ပစ်နဲ့ လှေလှော်ပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ်ရခြင်းတော့ မရှိပါဘူး။ ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲကို ဇူလိုင်လ ၂၇ ရက်ကနေ ဩဂုတ်လ ၁၂ ရက်ထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်က အားကစားသမား ၁ သောင်းကျော်ဟာ အားကစားအမျိုးအစား ၂၆ မျိုးလောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပီတာအောင် - ဒီဗွီဘီ | ||
| စံပယ်ဖူး စက်ရုံမှ လုပ်သားများ မကျေနပ်ချက်တင်ပြ Posted: 14 May 2012 02:41 AM PDT မေလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်- သူရမျိုး (YPI ) လုပ်ခ လစာငွေမလုံလောက်သည်ကို ဖြေရှင်းပေးဖို့ တင်ပြရန် အတွက် လှိုင်သာယာမြို့နယ် စက်မှုဇုံ ၄ မင်းကြီးမဟာမင်းခေါင်လမ်းပေ ထိုသို့စုရုံးရခြင်းမှာ ဆန္ဒပြရန်မဟုတ်ဘဲ အလုပ်ရှင်နှင့်ညှိနှိုင်းရန အဆိုပါစက်ရုံတွင် ပုဒ်ဖြတ်စားစနစ်ဖြင့် လုပ်ကိုင်ရပြီး အထည်အော်ဒါရှိလျှင်ရှိသလို အလုပ်သမတစ်ဦးလျှင် တစ်လ ကျပ် ၁၅၀၀၀ မှ ၃၀၀၀၀ ၀န်းကျင်သာရသဖြင့် ပုံသေလစာရရှိရန် တောင်ဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ စံပါယ်ဖူး စက်ရုံအလုပ်သမ အခက်အခဲအားလှိုင်သာယာမြို့နယ Yangon Press International | ||
| နမ့်ခမ်း လ၀က ဒေသခံများကိစ္စလစ်လျှူရှုနေ Posted: 13 May 2012 06:58 PM PDT ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ လ၀က ရုံးမှ သည် ဒေသခံ အိမ်ထောင်စုစရင်း ပျောက်ဆုံးသူများကို အသစ်ပြန်လုပ်ပေးဖို့ ကြံ့ကြာနေကြောင်းသိရပါသည်။ နမ့်ခမ်းမြို့ နယ် နောင်စန့်ကုန်းကျေးရွာမှ အိမ်ထောင်ဦးစီး ဒေါ်သန်းကြည် အမည်ဖြင့် အိမ်ထောင်စုစာရင်းပျောက်ဆုံးခဲ့သည်မှာ ကြာခဲ့ပါပြီ။ အသစ်ထုတ်ပေးဘို့နှင့် ၄င်း အိမ်ထောင်စုဝင် တစ်ဦး ရန်ကုန်သို့ ပုံစံ( ၁၀ ) ဖြင့်ပြောင်းရန် လုပ်နေသည်မှာ တစ်လ နီးပါးရှိပေမဲ့ ခုထိ လုပ်မပေးသေးပါကြောင်း မိသားစုဝင် တဦးက Myanmar News Now ကိုပြောပြပါသည်။ ထိုထက်သာမက အသက် ၃၇ နှစ်ရှိသော အိမ်ထောင်စုဝင်တစ်ဦးလည်း မှတ်ပုံတင်မရှိသေးပါဟု ဆိုသည်။ နမ့်ခမ်းမြို့  လ၀က တစ်ရုံးလုံးက ငွေရသော တရုတ်နိုင်ငံကူးလက်မှတ် အတွက်ကိုသာ ဦးစားပေးလုပ်ဆောင်နေပြီး ၊ ဒေသခံများ၏ အမှု့ ကိစ္စများကို တော့ ဟိုရွှေ့ ဒီရွှေ့  ရက်တွေ ချိန်း၊ ဟိုလူဆီပို့ ဒီလူဆီပို့နှင့် စာရိတ်ထောင်းနေကြောင်း နမ့်ခမ်းမြို့  ခံတဦး က Myanmar News Now ကို ပြောပြပါသည်။ | ||
| တောင်ကိုရီးယားသမ္မတ မြန်မာခရီးစတင် Posted: 13 May 2012 06:36 PM PDT တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) ဟာ ဒီနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး လာရောက်ဖို့ ရှိပါတယ်။ မြန်မာပါဝင်တဲ့ အာဆီယံ + ၃ အနာဂတ်လုပ်ငန်းတွေ အတွက် ပြင်ဆင်လာရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာ အီမြောင်ဘက် ဟာ ဒီနေ့ ညနေပိုင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖွယ်ရှိပြီး မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးခြားတွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ အခု ခရီးစဉ်ဟာ နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီယားသမ္မတ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နောက်ဆုံးလာရောက်ခဲ့တဲ့ တောင်ကိုရီယားသမ္မတဟာ ချန်ဒူးဝမ် ဖြစ်ပြီး၊ ၁၉၈၃ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက မြောက်ကိုရီးယားသူလျှိုတွေ မြန်မာနိုင်ငံ အာဇာနည်ကုန်းမှာ ဗုံးခွဲ တိုက်ခိုက်လုပ်ကြံမှုကြောင့် တောင်ကိုရီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် တောင်ကိုရီယား အစိုးရအဖွဲ့ဝင် အတော်များများ သေကြေ ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။ ဒါကြောင့်လည်း အခု တောင်ကိုရီးယား သမ္မတ Lee Myung-bak မြန်မာနိုင်ငံလာမယ့် ခရီးစဉ်အတွက် ခရီးစဉ် မတိုင်ခင်ကတည်းက လုံခြုံရေးပြင်ဆင်မှုတွေ အတော်လေး လုပ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီယားနိုင်ငံဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အတော်များများ မြှုပ်နှံလုပ်ကိုင်လျက် ရှိတာကြောင့် အခု တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် ခရီးစဉ်မှာလည်း မြန်မာတောင်ကိုရီးယား စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေ ဆွေးနွေးဖွယ် ရှိနေပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အခု စင်ကာပူနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ စတင်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့ တွေ့ဆုံဖို့ရှိသလို စင်ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး ဂိုချုပ်တောင် ကိုလည်း တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာနိုင်ငံခြားရေး ၀န်ကြီးကို စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး K Shanmugam က နေ့လည်စာ တည်ခင်းဧည့်ခံဖို့ ရှိပါတယ်။ ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ မြန်မာနိုင်ငံခြားရေး ကိုယ်စားလှယ်အဖွဲ့ဟာ စင်ကာပူမှာရှိတဲ့ အရပ်ဘက်ဝန်ထမ်းတက္ကသိုလ်နဲ့ အရှေ့တောင်အာရှဒေသ ယဉ်ကျေးမှု ပြတိုက်တွေကိုလည်း သွားရောက် လေ့လာဖို့ ရှိနေပါတယ်။ By ဗွီအိုအေ (မြန်မာဌာန) | ||
| ဟေ့ မောင်တို့၊ ဟေ့ မောင်တို့၊ ဟေလာမောင်တို့ဝါး Posted: 13 May 2012 06:34 PM PDT …သံချပ်ထိုးပြီဆိုရင်တော့ ဟေလာမောင်တို့ဝါး နဲ့ အဆုံးသတ်ရပါလိမ့်မယ်။ သံချပ်တွေဘယ်လောက်ပဲ ဆက်ပြီးထိုးနေနေ၊ ဟေလာမောင်တို့ဝါး ကဏ္ဍကို မရောက်သေးသမျှတော့ အဆုံးသတ်နိုင်လိမ့်ဦးမယ်မဟုတ်ေ ရန်ဝင်း (တောင်တံခါး) "ဟေ့ မောင်တို့၊ ဟေ့ မောင်တို့၊ ဟေလာမောင်တို့ဝါး။" | ||
| တာချီလိတ်မြို့ က ဆိုင်ကယ်သူခိုးနှင့် ရဲ Posted: 13 May 2012 06:39 PM PDT ရှမ်းပြည်နယ် တာချီလိတ်မြို့ပေါ်တွင်လွန်ခဲ့သည့်ဧပြီလက ဆိုင်ကယ်ခိုးသူများများ ဖမ်းဆီးရေးကို ခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ဇွဲလုံ့လစိုက်ထုတ်ပြီး ဖမ်းဆီးလိုက်လို့ သူခိုးတော်တော်များများ အချုပ်ထဲရောက်ခဲ့ပါတယ်။ သို့သော်လည်း ၄င်းသူခိုးများသည် ယ္ခုအခါ အပြင်တွင်ပြန်တွေ့နေပြီး ၄င်းတို့ခိုးယူခဲ့ သည့်ဆိုင်ကယ်များအား (ဒန) ဆိုသည့် ရဲများက စီးနေကြပါသည်။ အဆိုပါကိစ္စနှင့် ပါတ်သတ်လို့ တာချီလိတ်မြို့ ခံတဦးက "တကယ်ဆိုသူခိုးများထောင်ထဲ ရောက်လို့ ဆိုင်ကယ်များ ပိုင်ရှင်ထံပြန်ပေးရမှာမဟုတ်ဘူးလား သူခိုးများဖမ်းတယ် ပြောပြီး ဆိုင်ကယ်ယူပြန်လွှတ်ပေးနေသလား၊နှစ်စဉ် ဆိုင်ကယ်ပျောက်မှုပေါင်း တာချီလိတ်တွင် ရာဂဏန်းရှိပါတယ် အမှု့ ပေါ်တာရှိသလို မပေါ်တာလည်းရှိပါတယ်။ ဒါပေမယ့် ခုလိုသူခိုးတွေဖမ်း ဆိုင်ကယ်တွေယူ ပြီးပြန်လွှတ်နေတာတော့ မကောင်းဘူး လို့ ကျနော်တို့ယူဆပါတယ်။ ပိုင်ရှင်တွေလည်း စိတ်ကောင်းမယ်မထင်ပါဘူး။ ဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတာ ပြည်သူများနားလည်အောင် ရှင်းပြသင့်တယ်လို့ထင်ပါကြောင်း" Myanmar News Now ကို ပြောပြပါတယ်။ | ||
| မန်း စည်ပင် အတွင်းရေးမှူး ၏ သား အိမ်အတွင်း ၀င်ရောက် မိန်းကလေး အား ထိုး / ရိုက် ခြင်း Posted: 13 May 2012 06:09 PM PDT
သားဖြစ်သူ ချိုသဲမောင် သည် ၃၁-၃-၂၀၁၂ နေ့ က နေ့ လည် ၁၁း၃၀ နာရီအချိန် တွင် ၆၆ x ၆၇ ကြား၊ ၃၈ x ၃၉ ကြား မဟာမြိုင် အပိုင်း(၁)၊ အကွက်(၅) မန္တလေးမြို့  မဟာအောင်မြေမြို့ နယ်တွင် နေထိုင်သော ကျွန်မ မထွယ်အောင် နေအိမ် အတွင်းရှိ နေစဉ် ကားနံပါတ် ၃၈/၉၉၄၆ စူပါ စလွန်းအဖြူရောင်ကားဖြင့် ရောက်ရှိလာပြီး မည်သည့် အကြောင်းမှပြောဆိုခြင်းမရှိပဲ ကျွန်မ၏ အင်္ကျီရင်ဘတ်အား ဆောင့်ဆွဲပြီး ထိုးကျိတ်ကန်ရိုက်နှက်ကာ ငါ့ကို ဘာကောင်မှတ်နေသလဲ ဘယ်ရုံးကိုတိုင်တိုင် စောက်ဂရုမစိုက်ဘူး တိုင်ချင်ရတိုင် နင့်ကိုငါသတ်ပစ်မယ်၊ ထိုးသတ်မည်ဟု ခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုကာ ထွက်သွားပြီး ကားနားအရောက်တွင် သတ္တိရှိတဲ့ကောင်လာခဲ့ ဟုပြောဆိုကာ ကားမောင်းပြီးထွက်သွားပါသည်။ ကျွန်မ မထွယ်အောင်မှ ၂.၄.၂၀၁၂ နေ့ တွင် မန္တလေးမြို့  အမှတ်(၉)ရဲ စခန်းသို့ သွား ရောက်အမှု့ ဖွင့်တိုင်းကြားခဲ့သော်လည်း ၅.၅.၂၀၁၂ နေ့ အထိ မည်သို့ မှ အကြောင်း ပြန်ကြားခြင်းမရှိသဖြင့် ရဲ စခန်းသို့ သွားရောက်စုံစမ်းမေးမြန်းရာ တရားခံအား အဖမ်းပြပြီး အာမခံပေးလိုက်သည်ဟု သိရပါသည်။ ဤအမှု့ နှင့် ပါတ်သတ်၍ ကျွန်တော်တို့ အား အထက်မှဖိအားပေးနေသဖြင့် အမှု့ မှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ရာတွင် အနှောက်အယှက်အဟန့် အတားဖြစ်နေ ပါသည်ဟုလည်း ကျွန်မတို့ အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ ကြောင့်မြို့ တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဝင်အတွင်းရေးမှူးဦးစန်းမောင် ၏ သားဖြစ်သူသည် ဖခင်အာဏာကို အလွှဲသုံးစားပြုလျှက် မြို့ တော်နေ ပြည်သူမိန်း ခလေးတစ်ဦးအား နေအိမ်အတွင်းသို့ ပိုင်စိုးပိုင်နင်း ၀င်ရောက်ကာ ကာအိန္ဒြာပျက်ပျား စေခြင်း၊ ထိခိုက်နာကျင်စေခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကျိတ်ရိုက်နှက်ကာ ခြိမ်းခြောက်ကြိမ်းမောင်းသွားသည်ကို ထိရောက်မှန်ကန်စွာအရေးယူပေးပါရန် နှင့် အများပြည်သူသိရှိနိုင်အောင်တင်ပြလိုက်ပါသည်။ မထွယ်အောင် | ||
| မန္တလေးစည်ပင်မှကွက်ကြားဆောင်ရွက်ခြင်းနှင့် လမ်းနှစ်လမ်းပိတ်ဆို့ ရောင်းချခြင်း အဖြစ်မှန် Posted: 13 May 2012 05:27 PM PDT သစ်ထူးလွင်မှ သတင်းတပုဒ်ဖြစ်သော မန္တလေးမြို့ စည်ပင်သာယာမှတဖက်သက် လုပ်ဆောင်နေခြင်း သတင်းကို ဖတ်လိုက်ရလို့  ကိုယ်တွေကြုံယနေ့ ဖြစ်ပေါ် နေခြင်းကို ရေးပို့လိုက်ရပါသည် ။ အင်တာနက်မှရပ်ကွက်သတင်းပါလာတယ်လို့ လူတိုင်းလည်းပြောလို့ ရှာဖတ်မိပါသည် သတင်းမပါချိန်အထိ ကျွှန်တော်တို့ မြောင်း မြောက်ဖက်ခြင်းအပိုင်းပါဝင်ခြင်းမရှိခဲ့ပါဘူး အခုဖျတ်ရမယ်လို့ စာပို ပြောဆိုသွားကြပါသည် အခုလို့ ရေးသားရခြင်းသည် မိမိအဖျတ်ခံရလို့မဟုတ်ဖြစ်စဉ် အမှန်တိုင်း ရေးသားခြင်းဖြစ်ပါသည် ။ ဖြစ်စဉ်နေရာမှာ မန္တလေးမြို့  အောင်မြေသာစံမြို့ နယ် သိရီမာလာအရှေ့ကွက်ရပ်တွင် မန္တလေးမြို့စည်ပင်သာယာနှင့်အာဏာပိုင်အဖွဲအစည်းတွေပုးပေါင်းပြီး ကွက်ကြားနေရာ များ ကိုသာ ခြိမ်းခြောက်ဖယ်ရှားရှင်းလင်း လုပ်ဆောင်နေခြင်းသာဖြစ်နေပါသည်။ မလိုအပ်တာကို ကွက်၍တဖက်သက် လုပ်ဆောင်နေသည် အခုမြောင်းသည် ၂၅ လမ်းနှုင့် ၈၅ လမ်းဒေါင့် ရွှေတချောင်းနေရာမှစတင်ခွဲထွက်စီးဆင်းလာသော ရေကြည်မြောင်း ဖြစ်ပါသည် မြောင်းစီးဆင်းရာ ၈၅ လမ်းမှ အခုလုပ်ဆောင်နေသော ၈၉ လမ်းတံတား အရှေ့နေရာထိ အလွန်ပင်ကျဉ်းမြောင်းပြီး အမှိုက်ပိတ်ဆို့စီးဆင်းနေခြင်းသာဖြစ်နေပါသည်။ မြောင်းဘေးဝဲယာ ၏ ဘောင်ပေါ်တွင်ဆောက်လုပ်ထားသည့်ကိုလည်း တွေ့ ဖြင်နိုင်ပါသည် တံတားအရှေ့ ဖက်တောင်မြောက်နေရာနှင့် အရှေ့ထိပ် ၈၅လမ်းထိပအ်ထိမြောင်းဘေး ဝဲယာနေရာများကို စည်ပင်နှင့်ရပ်ကွက်အာဏာပိုင်တို့ မှလည်းတစုံတရာအရေး ယူဆောင်၇ွက်ခြင်းမရှိကြောင်းကို ဖြစ်ပေါ်နေသည်။ (ဓါတ်ပုံကိုကြည့်သိနိုင်ပါသည် ပုံများမှာ ၈၅ လမ်းနှင့် ၂၅ လမ်းမြောင်းစတင်နေရာ မြောင်းကျဉ်းပုံနှင့် ၈၉လမ်းတံတားအရှေ့ဖက်ဝဲယာနေရာ) ၈၉လမ်းမြောင်းကျော်တံတားအနောက်ဖက်တောင်မြောက်ကွက်ကြားနေရာများကို စည်ပင်သာယာနှင့် ရပ်ကွက်အာဏာပိုင်တို့မှ ခြိမ်းခြောက်ဖျတ်ခိုင်းခြင်းခံနေရပါသည် ထိုနေရာမြောင်းအကျယ်မှာ ၈၅ လမ်းစတင်စီဆင်းရာထက်အများကြီးကျယ်ခြင်း ရေစီအားကောင်းခြင်းနေရာဖြစ်ပါသည်ကျဉ်းမြောင်းသောနေရာများကိုလုပ်ဆောင်ချက် မရှိဘဲ ကောင်းမွန်သောနေရာကိုသာကွက်ကြားနိုင်ထက်စီးနှင်းလုပ်ဆောင်ခြင်းခံနေ၇ပါသည်။ ကိုယ်တွေ့ ကြားသိရခြင်း မေလ ၁၁ ရက် နေ့ လည်တွင် တံတားနားက လက်ဖက်ရည်သောက်နေစဉ် လူကြီးဟောင်း ကိုလှထွန်းသင် နှင့် အသက် ၃၀ ကျော်ရပ်ကွက်ကလူတဦးထင်ရသူသည် တို့ က စည်ပင်လူကြီးများကို မြောင်းအကြောင်းရှင်းပြနေကြပါသည် မြေပုံစာ၇ွက်များကို ပြသပြီးလူကြီးဟောင်းမှ မြေပုံလည်း မှန်ကန်မှု့ မရှိကျုးကျော်နေရာတွေကမြေပုံပါအတိုင်းလုံးဝမဟုတ်ကြောင်း သူအကုန်သိကြောင်း လဒီရပ်ကွက်မှာ တောင်မြောက် လမ်းကဘော်လုံးကွင်းအထိပေါက်သော လမ်းနှစ်လမ်းရှိတယ် အခုပိတ်ဆိုပြီး စည်ပင်သာယာမှ ရောင်းချထားကြောင်းကို ပြောဆိုသိလိုက်ရလို့  ရပ်ကွက်လူကြီးများကိုသေချာစုံစမ်းမေးမြန်းမိသည့်အခါ မှန်ကန်ကြောင်း တောင်မြောက်လမ်း နှစ်လမ်းရှိတယ် တံတားလည်းရှိတယ်ဟိုတုန်းကတော့ သုံးတယ် အခုတော့ စည်ပင်သာယာကရောင်းလိုက်လို့ နှစ်နေရာစလုံး တံတားမရှိ လမ်းလည်းမရှိတော့ကြောင်းကို ဝမ်းနည်းစွာပြောဆိုမိကြပါသည်။ (ထိုဖြစ်စဉ်နေရာများကို သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများ မှစုံစမ်းစိစစ်ဖော်ထုတ်ပြီး မှုလနေရာလမ်းတံတားအတိုင်း ရပ်ကွက်ပြည်သူများမှပြန်လည် ဖောက်လုပ်ပေးစေလို့ ပါသည် ) အထက်ပါဖြစ်စဉ်ဖြစ်သော ၂၅လမ်းနှုင့် ၈၄လမ်းစတင်စီးဆင်းသော ရေကြည်မြောင်းအစ ထိပ်ပိုင်းမှ စတင်ဆောင်ရွက်ခြင်းမရှိဘဲ ၈၉ လမ်းတံတားအနောက်ဖက်တောင်မြောက် ကွက်ကြားနေရာများကို အာဏာဖြင့်အတင်းဓမ္မဆောင်ရွက်လုပ်ကိုင်နေခြင်း အဖြစ်မှန်ကို သိရှိစေလိုပါသည်) ဆရာလှ (ဝန်ထမ်းဟောင်း) ကြည်…တည်းခိုခန်း သီရီမန္တလာ ကားကြီးကွင်းတောင်ဖက်လမ်းကြား သီရိမာလာအရှေ့ အောင်မြေသာစံမြို့နယ် မန္တလေးမြို့  | ||
| ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး Posted: 13 May 2012 05:01 PM PDT ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်က သီးနှံစိုက်ပျိုးထားတဲ့ ခြံမြေဧက ၂၀ ခန့်ကို ဆက်သွယ်ရေး အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးနေတဲ့ အတွက် ပိုင်ရှင်ဒေသခံပြည်သူ စိုက်ပျိုးထားဆဲ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးကုန်ပြီး၊ မြေယာမဲ့ဘ၀ ကို ရောက်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။ စိုက်ပျိုးထားတဲ့ သီးနှံပင်တွေ ခုတ်ထွင်ခံနေရတဲ့ မြေနေရာတွေကတော့ ကလောမြို့ရဲ့ မြောက်ဖက်က မြင်းကကျေးရွာ အနီးမှာ စိုက်ပျိုးထားတဲ့ လိမ္မော်ခြံနဲ့ ထောပတ်ခြံမြေ ဧက ၂၀ ကျော်ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကစလို့ အလုပ်သမား ၁၅ ဦးခန့်က ၀င်ရောက် ရှင်းလင်းနေတာဖြစ်တာလို့ ဒေသခံပြည်သူတွေကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ ကလောမြို့ NLD အဖွဲ့ဝင် ဦးဖိုးချို က အာအက်ဖ်အေ ကို ပြောပါတယ်။ "မြင်းကမှာ ရွာခံတွေ စိုက်ပျိုးထားတဲ့ လိမ္မော်ပင်တွေက ကြီးနေပြီး၊ အဲ့ဒါကို ဆက်သွယ်ရေး ဒုညွန်မှူးက ခိုင်းလို့ ဆိုပြီးတော့ အခု ကလောမှာရှိတဲ့ ဆက်သွယ်ရေး သူတို့ဝန်ထမ်း ဦးမျိုးအောင်ဆိုတဲ့လူက လိုက်လုပ်ပေးနေတာတဲ့။ အလုပ်သမားတွေ လာပြီး ၀င်ရမ်းတာ၊ အဲဒီတော့ ရွာသားတွေက မယက ဥက္ကဋ္ဌကို သွားပြောတယ်၊ သစ်တောကို အကြောင်းကြားတယ်၊ ဒါပေမယ့် အုပ်ချုပ်ရေးမှူးကတော့ သူတို့ကို ပြောလိုက်တယ်တဲ့။ အုတ်နံရံနဲ့ ခေါင်းနဲ့ သွားမတိုက်လိုက်နဲ့ပေါ့နော်၊ ကိုယ်ပဲ ရှုံးမယ်ဆိုပြီး ပြောလိုက်တယ်တဲ့၊ အပင်က တစ်ယောက် တစ်ယောက်ကို လိမ္မော်ပင်တွေက ထောင်ဂဏာန်းရှိတယ်။ အဲဒီ ရွာသားတွေကို သူတို့လုနေတာ သွားလည်းမတားနဲ့လို့ အဲ့ဒီ ရပ်ကွက်ဥက္ကဋ္ဌ မနေ့က လာပြောတယ်တဲ့။ သူတို့ လိမ္မော်ခြံ ထောပတ်ပင်တွေလည်း ၀င်ခုတ်ခံရသေးတယ် သွားတားလို့ရှိရင် အဖမ်းခံရမယ်လို့ ပြောလွတ်လိုက်တယ်တဲ့။" ခြံမြေပိုင်ရှင် ၅ ဦးကတော့ မြင်းကကျေးရွာက ဦးစိုးဝင်း၊ ဦးဇော်ဝင်း၊ ဦးကင်း၊ ဦးစိုးဝင်းနိုင်၊ဦးမောင်နီ တို့ ဖြစ်ပြီး ဒီမြေတွေဟာ ဘိုးဘွားလက်ထက် ကတည်းက မိရိုးဖလာ လုပ်ကိုင်လာနေတဲ့ မြေနေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သီးနှံစိုက်ပျိုးထားတဲ့ မြေနေရာတွေ ဒေသခံပြည်သူတွေ ပြန်လည်ရရှိနိုင်ဖို့ အတွက် သက်သေ အထောက်အထားတွေ ရယူထားပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အပါအ၀င် နေပြည်တော်က သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တိုင်ကြားတင်ပြသွားမယ်လို့ ဦးဖိုးချို က ဆက်ပြောပါတယ်။ ကလောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ဆက်သွယ်မေးမြန်းရာမှာ ဖုန်းကိုင်ဖြေဆိုသူ ၀န်ထမ်းအမျိုးသမီး တစ်ဦးက ဒီအကြောင်းနဲ့ပတ်သက်ပြီး မသိရှိကြောင်း၊ အုပ်ချုပ်ရေးမှူး မရှိကြောင်း အာအက်ဖ်အေကို ဖြေကြားခဲ့ပါတယ်။ RFA-Burmese | ||
| ချောင်းသာလူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး Posted: 13 May 2012 04:59 PM PDT ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့နယ် ချောင်းသာကျေးရွာက အိမ်ခြေ (၂၅၀) ကျော်ကို ကျေးရွာဥက္ကဋ္ဌ အပါအ၀င် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေက အစိုးရပိုင်မြေပေါ် ကျူးကျော်နေတယ် ဆိုပြီး ၃ လအတွင်း ထွက်ခွါပေးဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားပင်လယ်အော် ကမ်းခြေတစ်ခုဖြစ်သည့် ချောင်းသာတွင် ဈေးသည်များ သောင်ပြင်တလျှောက် ဈေးလိုက်ရောင်းနေပုံကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။ RFA-Burmese | ||
| ရင်းနှီးမြှုပ်နှံမှုဆိုင်ရာညှိနှိုင်းအစည်းအဝေး Posted: 13 May 2012 05:04 PM PDT နေပြည်တော် - မေ (၁၃) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ နံနက် (၈) နာရီတွင် နိုင်ငံတော်သမ္မတတရုံး၌ ကျင်းပသည့် Reform Strategy ရှင်းလင်း ဆွေးနွေးညှိနှိုင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အဖွင့် အမှာ စကား ပြောကြားသည်။ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဖွင့်အမှာစကား ပြောကြား ရာတွင် ဒီနေ့ဆက်လက်ပြုလုပ်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေး အစည်းအဝေး ပထမပိုင်းမှာ Reform Strategyကို ရှင်းလင်းဆွေးနွေးကြမှာဖြစ်ပြီး ဒုတိယပိုင်း မှာတော့ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးများနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဌ များ ညှိနှိုင်းဆွေးနွေးကြမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခြားဆောင်ရွက်စရာ ကိစ္စရှိတဲ့ အတွက် ပထမပိုင်းသာတက်ရောက်ပြီး အပိုင်းနှစ်ပိုင်းလုံးအတွက် ပြောကြားသွားဖို့ ဖြစ်ပါတယ်။ Reform လုပ်တယ်ဆိုတာကတော့ အများကြီးပါ။ Political Reform, Administration Reform, Economic Reform, Social Reform စတာတွေထဲက ပြုပြင် ပြောင်းလဲဖို့ လိုအပ်တာကိုမြန်မြန်ထက်ထက် ပြုပြင်သွားကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Mindset တွေလည်းပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒေါက်တာဆက်အောင် ရှင်းလင်းတင်ပြမယ့် Reform Strategy ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ နိုင်ငံကိုအကူအညီပေးမယ့် World Bank နဲ့ Other Donor Countries တွေကို ပေးပို့ရှင်းပြနိုင်အောင် အချိန်တိုအတွင်းပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်များတို့ကလတ်တလော စုစည်းရမယ့် သတင်းအချက်အလက်များအပေါ် အခြေခံပြီးPlanရေးဆွဲသွားမယ့်ကိစ္စဖြစ်ပါတယ်။ သမ္မတကြီးမှ မနေ့ကလမ်းညွှန်ခဲ့တဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးဟာလက်တွေ့ ပြည်သူတွေလိုလားကြတဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်လို့ အမှန်တကယ် ပြုပြင်ပြောင်းလဲ လုပ်ဆောင်ကြရမယ့် ကဏ္ဍနဲ့ ဒေသန္တရစီမံချက်တွေကိုလက်တွေ့ကျင့်သုံးလို့ရမယ့် နည်းလမ်းတွေ ရေးဆွဲပြီးလက်တွေ့ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ- (၁) Reform လုပ်ရာမှာ ပြည်ထောင်စုဝန်ကြီးဌာနတွေကဘာတွေ Reform လုပ်ဘို့ လိုသလဲ၊ ဘယ်လိုအစီအမံနဲ့ Reform လုပ်မှာလဲဆိုတာ ဦးစွာလေ့လာ သုံးသပ်ပြီးမိမိတို့ရဲ့ အစီအစဉ်မူကြမ်းကိုပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခြင်း၊ သမ္မတကြီးရဲ့ မူဝါဒလမ်းညွှန်မှုရယူခြင်းများဆောင်ရွက် ရေးဆွဲသွားရန် လိုပါတယ်။ (၂) Reform လုပ်ရာမှာယခင်က လွှတ်တော်မှာဥပဒေအဖြစ် တင်သွင်း အတည်ပြုပြီး ခဲ့တဲ့ အမျိုးသားစီမံကိန်းကိုအနာဂါတ်ကာလမှာ ပိုမိုပြုပြင်ပြောင်းလဲရန် လိုအပ်တဲ့ Physical Development Plan တွေ ပေါင်းစပ်ပြီးပြည်သူတွေရဲ့ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မယ့် People Centred Development Reform ဖြစ်ဖို့ လိုအပ်ပါတယ်။ (၃) Reform လုပ်စရာ မလိုတဲ့ ကဏ္ဍတွေလည်းရှိနိုင်ပြီး လက်ရှိအခြေအနေကနေ တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင် လုပ်သွားရမဲ့ Development Plan တွေလဲရှိမှာ ဖြစ်ပါတယ်။ ဒါကိုခွဲခြားဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ (၄) ပြည်သူလူထုပြုပြင်ပြောင်းလဲစေချင်တဲ့ ပြည်ထောင်စုဝန်ကြီးဌာန၊ ရုံးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအထိစီမံအုပ်ချုပ်ရေး အဆင့်ဆင့် မပြေလည်မှုများအပေါ် အစိုးရဌာနစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး ဖြစ်တဲ့ (Public Administration Reform) ပြုလုပ်ရန် လိုအပ်နေပြီး ထိုသို့လုပ်ဆောင်ရာမှာပါဝင်တဲ့- - Management System Development, - Policy and Decision Making Process, - Transparency Promotion and Good Governance, - Organizational Structural Reform, - Performance System Improvement, - E-government Development , - Establishing Public Service Ethics and Code of Conduct, - Integrated Development Plan စတာတွေနဲ့ဘက်စုံထည့်သွင်းစဉ်းစားနိုင်မှသာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်ကိုရောက်နိုင်မှာဖြစ်ပါတယ်။ - ဒုတိယပိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စတွေကတော့ တိုင်းပြည်ရဲ့ စီးပွားရေးကို သိသိ သာသာ တွန်းတင်နိုင်မဲ့ Investment and Trade ပိုင်းမှာ- (၁) ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေဟာ နိုင်ငံတကာမှာ လုပ်ကိုင်နိုင်သလို လုပ်ကိုင်နိုင်ဘို့၊ (၂) လက်တွေ့ကျတဲ့ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ မူဝါဒချမှတ်ပြီးပြီ ဆိုရင်လည်းဒီမူဝါဒတွေခိုင်မာဘို့၊ (၃) လူတစ်စုအတွက် မဟုတ်ဘဲအများက လွယ်ကူချောမွေ့စွာလုပ်ကိုင်နိုင်ဘို့ (၄) ပွင့်လင်း ထင်သာမြင်သာရှိဘို့ (၅) လုပ်သာကိုင်သာရှိပြီးရေရှည်ဆောင်ရွက်နိုင်ဘို့ လိုပါတယ်။ ဒီလိုအခြေအနေဆောင်ရွက်နိုင်ဘို့ပြည်ထောင်စုဝန်ကြီးဌာနဝန်ကြီးများနဲ့တိုင်းဒေသကြီး/ ပြည်နယ်အစိုးရဝန်ကြီးချုပ်များရဲ့ ကဏ0x081ဍတစ်ခုချင်းအသေးစိတ်ပွင့်ပွင့်လင်းလင်း အပြန်အလှန် ညှိနှိုင်းနိုင်ရေးရှိဘို့ အထူးအရေးကြီးပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ - (၁) ဒေသရဲ့ Land Use Policy and Development Plan အရ ရင်းနှီးမြှုပ်နှံခွင့်ပြု ပေးနိုင်မယ့် ဦးစားပေးကဏ္ဍအလိုက် မြေနေရာရရှိရေး၊ (၂) ဒေသရဲ့ Resourse Based အရ ရင်းနှီးမြှုပ်နှံနိုင်မယ့် ကုန်ကြမ်းပမာဏနဲ့ ခွင့်ပြု နိုင်မယ့် နေရာအနေအထား၊ (၃) ဒေသရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီးပွားရေးတိုးတက်ရန် လိုအပ်ချက်အရ ထူထောင်ရင်းနှီးမြှုပ်နှံခွင့် ပေးလိုသောစိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုနဲ့ အခြားကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများကို ခွင့်ပြုပေးနိုင်မယ့် အခြေအနေများ၊ (၄) ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ ဒေသန္တရအဖွဲ့များအတွက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း(Investment Plan) စတဲ့ ကဏ္ဍတစ်ခုချင်းအသေးစိတ် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြဘို့ လိုအပ်မှာ ဖြစ်ပါတယ်။ ယခုအခါမှာနိုင်ငံတကာက လာရောက်ပြီးရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မေးမြန်း လေ့လာကြ၊ Forum, Seminar တွေ၊ Business Matching တွေလုပ်နေကြတာ တွေ့ရသလို ပြည်ထောင်စုဝန်ကြီးဌာန အချင်းချင်းဟိုဌာန မူကတစ်မျိုး၊ ဒီဌာနမူကတစ်မျိုး၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်များကလည်းသူ့မူနဲ့သူလုပ်ကြတဲ့ အလေ့အထတွေကြောင့် ရင်းနှီးမြှုပ်နှံလိုသူတွေ ကြားမှာ အခက်အခဲတွေ့နေကြရတဲ့ အခြေအနေကိုပြန်လည်လေ့လာ သုံးသပ်ကြပြီး ဒီညှိနှိုင်း အစည်းအဝေးမှာ - (၁) ခိုင်မာတဲ့ အဖြေထွက်တဲ့အထိညှိနှိုင်းကြရန် (၂) ညှိနှိုင်းရရှိချက်တွေကိုပြန်လည်ပြုစုပြီးနိုင်ငံတော်သို့ တင်ပြ၍ မူဝါဒချမှတ်နိုင်ရေး၊ လက်တွေ့ကျပြီးရေရှည် အသုံးပြုနိုင်သော ခိုင်မာသည့် လုပ်ထုံးလုပ်နည်းများ ချမှတ်ရန်၊ (၃) နိုင်ငံ့ပြည်သူများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သိသာမြင်သာအောင် ထုတ်ပြန် ကြေညာ၍ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ရန် လိုပါတယ်။ အချုပ်ကတော့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုဟာနိုင်ငံတော်အတွက် အလွန်အရေးကြီး လာတဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် သိသာတဲ့ ပြောင်းလဲတိုးတက်မှုရရှိနိုင်အောင် ဆောင်ရွက်ရန် မှာကြားလိုပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးဒေါက်တာဆက်အောင်ကReform Strategyနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည် များကိုမေးမြန်းဆွေးနွေးကြပြီးဒုတိယသမ္မတကဖြည့်စွက်ရှင်းလင်းမှာကြားသည်။ ယင်းနောက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌစက်မှုဝန်ကြီးဌာနပြည်ထောင်စု ဦးစိုးသိန်းကရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ စက်မှုဇုန်၊ စက်မှုကဏ္ဍရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများကိုရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကလည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးနိုင်မည့် လုပ်ငန်း နယ်ပယ်များ အပေါ် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ကလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များ အပေါ် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ အိမ်ရာနှင့်အဆောက်အအုံတည်ဆောက်ခြင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့် ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကလည်းကောင်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြု ပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ပို့ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနဒုတိယဝန်ကြီးတို့ကလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ဘဏ္ဍာရးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ကလည်းကောင်း ဆွေးနွေးကြပြီးတက်ရောက်လာကြသူများက ရင်းနှီးမြှုပ်နှံမှုနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတ၏စီးပွားရေးအကြံပေး ဒေါက်တာဆက်အောင်က Reform Strategy နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြပြီး ဒုတိယသမ္မတက ဖြည့်စွက်ရှင်းလင်းမှာ ကြားသည်။ ယင်းနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စက်မှုဇုန်၊ စက်မှုကဏ္ဍရင်းနှီး မြှုပ်နှံမှုဆိုင်ရာ များကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးနိုင်မည့် လုပ်ငန်း နယ်ပယ်များ အပေါ် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လည်းကောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များ အပေါ် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ လျှပ်စစ် ဓာတ်အားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ အိမ်ရာနှင့် အဆောက်အအုံ တည်ဆောက်ခြင်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့က လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ရင်းနှီးမြှုပ်နှံမှုနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရာတွင် ဝန်ကြီးဌာနများအနေဖြင့် မည်သို့လုပ်ဆောင်မည်၊ မည်သည့်အပိုင်းမှ စတင်လုပ်ဆောင်မည်ကို စဉ်းစားဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ကမ်းလှမ်းနေသော်လည်း မိမိတို့မှ လက်မခံနိုင်ဖြစ်နေရကြောင်း၊ ပေါ်ပေါက် လာသည့်အခွင့်အရေးကို လက်လွှတ် မခံသင့်ကြောင်း၊ ပြုပြင်ပြောင်းလဲမည့် စီမံချက်မူကြမ်းကို ယခုလကုန်တွင်အပြီး ဆောင်ရွက်တင်ပြရန် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရာတွင် မူဝါဒနှင့် ကြီးကြပ်မှုကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့တွင် အတွေ့အကြုံ အားနည်း သဖြင့် အကောင်အထည်ဖော်မှုအပိုင်းတွင် ခက်ခဲနိုင်ကြောင်း၊ သေချာလေ့လာ လိုက်စားပါက အရည်အသွေးတက် လာနိုင်ကြောင်း၊ ဝန်ကြီး ဌာနများ ပြုပြင်ပြောင်းလဲမှု လုပ်ရာတွင် ဦးစီး ဌာနများ ဖောင်းပွနေမှုရှိမရှိ၊ လေလွင့်မှုများရှိမရှိ၊ ပြန်ကြည့်ရန်လိုကြောင်း၊ ပြုပြင်ရန်လိုမလို၊ လက်ရှိအတိုင်း သွားရန်လိုမလို၊ စဉ်းစား ဆောင်ရွက်ကြရန်နှင့် ပြုပြင်ရန်ရှိက အမြန်ဆောင်ရွက်ကြရန်လိုကြောင်း၊ ညွှန်ကြားရေးမှူးချုပ် အဆင့်မှ အောက်ခြေအထိ ဆက်ဆံပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများကို ပြောင်းလဲရန်ရှိက ပြောင်းလဲကြရန် လိုအပ်ကြောင်း၊ သာမန်အားဖြင့် အောက်ခြေမှတက်လာသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုတွင် ပြောရန် မရှိသော်လည်း ကြားမှဖြတ် ဝင်လာသော ပုဂ္ဂိုလ်များ ရှိလာပါက မူလဝန်ထမ်းများ စိတ်ဓာတ် ကျဆင်းစေနိုင်ကြောင်း၊ ၄င်းအပြင် ဝန်ကြီးဌာန၏ လုပ်ငန်းလည်း အထိုက်အလျောက် ကျဆင်းသွားနိုင်ကြောင်း၊ သို့ဖြစ်၍ မိမိခန့်ထားလိုသူရှိပါက အရည်အသွေးကို သိရှိနိုင်အောင် ဝင်ခွင့်စာမေးပွဲများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဤသို့သော စနစ်မျိုး ဖြင့်သာ ပြုပြင်သင့်၊ ဆောင်ရွက်သင့်ပြီး နိုင်ငံတော်အတွက် စဉ်းစားသင့် ဆောင်ရွက်သင့်သော လုပ်ငန်းလည်း ဖြစ်ပါကြောင်း၊ မူလဝန်ထမ်းအတွက် လမ်းပိတ်ထားသည့် ပုံစံမျိုးမဖြစ်စေရန်လည်း စဉ်းစား ဆောင်ရွက်သင့် ပါကြောင်း။ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပတ်သက်၍ နိုင်ငံခြားမှလာရောက်ရင်းနှီးမြှုပ်နှံမှုများကို ပေးသင့်၊ မပေးသင့်၊ စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်း လုပ်ကိုင်သူက မိမိတို့ နိုင်ငံနှင့်ပတ်သက်၍ နောက်ပြန်သွားမည်လား၊ ရှေ့တိုးမည်လား သံသယရှိနေချိန်တွင် ဖက်စပ်လုပ်မှ ခွင့်ပြုမည်ဆိုပါက တစ်ခိျု့ပြန်လှည့်သွားနိုင်ကြောင်း၊ တစ်ခိျု့ကလည်း ၄င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအားလုံးကို ပြန်ထုတ်သွားခြင်းအားဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ နစ်နာနိုင်သည်ကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှုနှင့် ပတ်သက်၍ မလိုအပ်သော ထိန်းချုပ်မှုများကိုလည်း ပြုပြင်ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ လူ့သဘာဝအနေဖြင့် မြှောက်ပင့်ပြောလျှင် ကျေနပ်တတ်ရာ မကောင်းဘဲနှင့် မြှောက်ပင့် ပြောသည်များအပေါ် ကျေနပ်သည့် စိတ်မျိုးကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း၊ ဝေဖန်ခံနိုင်မှ အမှန်ကိုမြင်ရ မည်ဖြစ်၍ ဝေဖန်ခံနိုင်ရန်လည်း လိုအပ် ပါကြောင်း။ ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းပိုင်းတွင် တစ်နှစ်ကျော်ခဲ့သော်လည်း အကောင် အထည်မဖော်နိုင်သည်များ ရှိပါကြောင်း၊ လုပ်နိုင်သည်မလုပ်နိုင်သည်ကို ရှင်းရှင်းလင်းလင်း ဖြစ်ရန်လိုအပ်ပါကြောင်း၊ အခိျု့က ပြောင်းလဲပြီဆိုသော်လည်း အမှန်တကယ် လုပ်ကိုင်သည့် အခါ အကန့်အသတ် များစွာရှိနေသည်ကိုတွေ့ရပါကြောင်း၊ ဤသည်များကိုလည်း ပြုပြင် ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးများတွင် စီမံကိန်းများ၊ စီမံချက်များ၊ အားနည်း ချက်၊ အားသာချက်များကို ဆောင်ရွက်ကြမည်၊ ပြုပြင်ကြမည်ဟုပြောသည်မှာ ခေါက်ရိုး ကျိုးနေပြီ ဖြစ်ပါကြောင်း၊ အားနည်းချက်များကို သိသော်လည်း မပြင်ရဲဘဲ ဖြစ်နေကြကြောင်း၊ ပြည်တွင်း ပြည်ပစီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် အကျိုးအမြတ်ကို မူတည် ဆောင်ရွက်ကြသော်လည်း မိမိတို့အစိုးရဌာန ဝန်ထမ်းများမှာမူ ကိုယ်ကျိုးစွန့်၍ ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း။ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ချိတ်ဆက် ဆောင်ရွက်ရန် ရှိပါက လွှတ်တော်နှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြုပြင် ပြောင်းလဲမှုသည် ဝန်ကြီးဌာနအားဖြင့်ဖြစ်စေ၊ အစိုးရအနေဖြင့်ဖြစ်စေ နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာဖြင့်ဖြစ်စေ ပြောင်းလဲနိုင်ပါကလည်း ပြောင်းလဲရန် မခက်သည်ကို တွေ့ရှိနိုင် ပါကြောင်း၊ အုပ်ချုပ်မှုအခွင့် အာဏာဖြင့် ပြောင်းလဲနိုင်သည့် ကိစ္စများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ဆောင်ရွက်နိုင်ပါ ကြောင်း၊ အချိတ်အဆက်မမိသည်များလည်း ရှိနေသေးပါကြောင်း၊ လက်အောက်တွင် လိုလားချက်များရှိနေသကဲ့သို့ မိမိတို့မှလည်း ပေးနိုင်သည်များ ရှိပါကြောင်း၊ လုပ်ပေးချင် သည်များ များစွာရှိသော်လည်း အချိတ်အဆက်မမိသည်များ ဖြစ်နိုင်သဖြင့် မကြာခဏ တွေ့ဆုံကြလျှင် အဆင်ပြေသွားနိုင်ပါကြောင်း၊ ထိုသို့တွေ့ဆုံခြင်းဖြင့် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် ဝန်ကြီးဌာနများ၏လုပ်ပိုင်ခွင့်များအရ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် သွားနိုင်မည်ကို တွေ့ရပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုလုပ်ရာတွင်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံ ရာတွင် ဖြစ်စေ၊ တက်ညီလက်ညီလုပ်ဆောင်ကြမည်ဆိုပါက တရားဝင် တင်ပြထားသည့် (၁.၅) ဆထက် တိုး၍ နှစ်ဆ၊ သုံးဆဖြစ်လာနိုင်ပါကြောင်း၊ တက်သည့် ကဏ္ဍရှိသကဲ့သို့ မတက်သည့်ကဏ္ဍများ လည်းရှိနိုင်ပါကြောင်း။ ဟိုတယ်နှင့်ခရီးသွားကဏ္ဍဆိုလျှင် တက်ရန်အလွန်ကောင်းသည့် ကဏ္ဍဖြစ်ပါကြောင်း၊ လာချင် သူများလည်း များစွာရှိနေကြောင်း၊ အကြီးစားဟိုတယ်များလုပ်ဆောင်မည့် အစား သပ်သပ်ရပ်ရပ်ဖြင့် လုံခြုံစိတ်ချရသည့် အဆင်ပြေချောမွေ့သည့် ဈေးနှုန်းချိုသာသည့် ဟိုတယ်မျိုး မည်ကဲ့သို့လုပ်ဆောင်မည်ကို စဉ်းစားသင့်ပါကြောင်း၊ ထုထည်ကြီးမားသည့် အဆောက်အဦများ တည်ဆောက်လုပ်ကိုင်မည့်အစား မိမိတို့ဆီတွင် ရှိပြီးဖြစ်သည့် အဆောက်အဦများဖြင့် လုပ်ကိုင်၍ ရနိုင်၊ မရနိုင် စဉ်းစားသင့်ပါကြောင်း၊ ငွေကြေး ပြည့်စုံကြွယ်ဝသည့် ခရီးသွားများ ရှိသကဲ့သို့ ကျောပိုးအိတ်ဖြင့်သာ လာရောက်သည့် ခရီးသွားများရှိသည်ကိုလည်း တွက်ဆရန် လိုအပ်ပါကြောင်း၊ ယခင်က ဒေါ်လာ(၄ဝ)ခန့်ဖြင့် ခရီးသွားများ တည်းခိုနိုင်ရာမှ ယခုအခါ ဒေါ်လာ (၂ဝဝ)၊(၃ဝဝ) ဖြစ်နေသည် ကိုလည်း မီဒီယာများမှ သိရပါကြောင်း၊ လုံခြုံစိတ်ချပြီး သန့်ရှင်းသပ်ရပ်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ထိုသို့ဆောင်ရွက်ခြင်း အားဖြင့် ခရီးသွားများ ပြောစကားအရ သတင်းများ ပံျ့နှံ့သွားနိုင်သည်ကိုလည်း စဉ်းစားဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း။ ထို့ကြောင့် ဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ပြုပြင် ပြောင်းလဲရန်ရှိသည်များ၊ ပြုပြင်ပြောင်းလဲမှုများ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၊ ရေတို ရေရှည်ချေးငွေများ၊ ငွေကြေးအကူအညီများနှင့်စပ်လျဉ်း၍ သပ်သပ်ရပ်ရပ်ဖြင့် တိကျခိုင်မာ သည့် ဥပဒေများ အမြန်အကောင်အထည်ဖော်နိုင်ပါက မိမိတို့နိုင်ငံအနေဖြင့် များစွာအလား အလာကောင်းများ ရှိလာနိုင်ပါကြောင်းဖြင့် ပြောကြားပြီး ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။ president-office.gov.mm | ||
| အစိုးရနှင့်ထပ်မံတွေ့ဆုံရန်ပြင်ဆင်ချိန် RCSS/SSA သုံးကြိမ် တက်တိုက်ခံရ Posted: 13 May 2012 08:55 AM PDT အစိုးရ ကိုယ်စားလှယ် နှင့် RCSS/SSA ကိုယ်စားလှယ်တို့ ပြည်ထောင်စုအဆင့် (ဒု)ကြိမ် တွေ့ ဆုံရန် ပြင်ဆင်နေချိန် သျှမ်းပြည်တပ်မတော်တပ်ဖွဲ့ဝင်များအခြေစိုက် တပ်စခန်းသို့ အစိုးရတပ်မှ ၃ ကြိမ်တက်တိုက်ခဲ့သည်ဟု သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်က ပြောပါသည်။ "ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေက အစိုးရ တပ်ကနေ သုံးကြိမ်စလုံး ကျနော်တို့ တပ်ဖွဲ့ရှိရာကို ဦးတည်ပြီး လာတိုက်တယ်။ မနေ့က တိုက်ပွဲဆိုတော်တော်ပြင်းထန်တယ်။ မိနစ်ကိုးဆယ်လောက် ကြာ တယ်။ အသေပျောက်စာရင်းတော့ တိကျမရသေးတော့ မထုတ်ပြန်နိုင်သေးဘူး" - RCSS/ SSA အရာရှိတဦးက ပြောပါသည်။ ယခုလမကုန်မှီ အစိုးရ ကိုယ်စားလှယ် နှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ဟု လူသိများသည့် RCSS/SSA ကိုယ်စားလှယ် တို့ သံလွင်အရှေ့ခြမ်း တနေရာ၌ ထပ်မံတွေ့ဖို့ ပြင်ဆင်နေချိန် မေလ ၉ ရက် ၂၃:၄၀ နာရီ အချိန် အစိုးရတပ် ခလရ ၂၄၆ က ပန်လုံမြို့နယ်ခွဲ ရှိ ဝမ့်ကောင်(ဝ်) ပန်မီ၊ စနင်းကျေးရွာအုပ်စု အခြေချ RCSS/SSA တပ်စခန်းအား လည်း ကောင်း၊ မေ ၁၀ ရက် ၁၆:၀၀ - ၁၇:၃၀ နာရီ အထိ အစိုးရတပ် ခလရ ၆၄ က ပင်လုံမြို့နယ်ခွဲ တန်ဟင်ကျေးရွာအုပ်စု ဖါလိုင်းတောင့်ဖှာ့ရှိ RCSS/SSA တပ်စခန်းအားလည်းကောင်း၊ မေ ၁၀ ရက် နေ့တွင် ခလရ ၂၈၆ အင်အား ၁၈၀ ခန့် ဟိုမိန်းမြို့နယ်ခွဲ မြောက်ဘက် လောင့် မအိုး ရှိ သျှမ်းပြည်တပ်မတော် စခန်းအားလည်းကောင်း သွားရောက်တိုက်ခိုက်ခဲ့သည်ဟု လွယ်တိုင်းလျဲန်းဌာနချုပ် က အတည်ပြုပါသည်။ "ကျနော်တို့ သဘောတူညီချက်အရ အစိုးရတပ်ကနေ တောပိုင်း၊ ကျေးလက်ပိုင်းဘက်ထွက်မယ် ဆိုရင် ကြိုတင်အကြောင်းကြားရမယ်။ ကျနော်တို့မြို့ထဲဝင်ရင်လဲ အစိုးရတပ်ဆီကိုအကြောင်း ကြားမယ်။ ဒါကို အစိုးရက အကြောင်းမကြားတဲ့အပြင် ကျနော်တို့တပ်ကိုလဲ အရင်ပစ်ခတ်တိုက် ခဲ့တယ်။ ကျနော်တို့က မိမိကိုယ်မိမိကာကွယ်တဲ့အနေနဲ့ဘဲ၊အကျအဆုံးစာရင်းကို သက်ဆိုင်ရာ တပ်ရင်းတွေက အကြောင်းမကြားလာသေးသလို အစိုးရတပ်ဘက်သေကြေတဲ့ စာ ရင်းလဲ မသိရဘူး။ အစိုးရတပ်ဘက်ကတော့ အခန့်မသင့် လို့ ရင်ဆိုင်တိုက်ပွဲဖြစ်ရတာလို့ဘဲ ပြောပါ တယ်" - ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်ကပြောပါသည်။ ၂၀၁၁ နှစ်နှောင်းပိုင်းက ပဏာမ အဆင့်တွေ့ဆုံကာ အပစ်ရပ်သဘောတူညီချက်ရယူချိန်မှ စ၍ မေလအထိ တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားခဲ့ဖြစ်သည်ဟု RCSS/SSA က ပြောဖူးပါသည်။ by-သျှမ်းသံတော်ဆင့် | ||
| မြန်မာဟိုတယ် ဝန်ထမ်း အမျိုးသမီးနှင့် ဂျပန် ပါးရိုက်တဲ့ အမှု တရားရုံး ပြောင်းစစ် Posted: 13 May 2012 08:38 AM PDT ရန်ကုန်၊ မေ ၁၂ ရန်ကုန်မြို့ Orchid Hotel တွင် ဂျပန် စီးပွားရေး လုပ်ငန်းရှင်က မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ပါးရိုက်သည် ဆိုကာ အပြန်အလှန် အမှုဖွင့်၍ ပုဇွန်တောင် မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင် နေသည့် အမှုကို ခရိုင် တရားရုံး၏ ခွင့်ပြုချက်ဖြင့် မင်္ဂလာတောင်ညွန့် တရားရုံးတွင် ပထမဆုံး ရုံးပြောင်း စစ်ဆေးခဲ့ကြောင်း ယင်းအမှုနှင့် ပတ်သက်သူများ၏ အဆိုအရ သိရသည်။ "ဒီနေ့ အမှု ရင်ဆိုင်ဖို့ စခေါ်တယ်။ အာမခံလုပ်ဖို့နဲ့ သက်သေတင်ဖို့'' ဟု ဟိုတယ်ဝန်ထမ်း အမျိုးသမီး၏ ရှေ့နေ ဦးဝင်းနိုင်က ဆိုသည်။ ယင်းအမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် တရားရုံး၌ ပြစ်မှုကြီး အမှတ် ၃၄၉ /၁၂၊ ပြစ်မှုပုဒ်မ ၃၅၄/၃၂၃ ဖြင့် မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီး ဒေါ်အေးအေးကြည်က လည်းကောင်း၊ ပြစ်မှုကြီး အမှတ် ၃၅၀/၁၂ ပြစ်မှုပုဒ်မ ၃၄၁/၅၀၆ ဖြင့် ဂျပန် စီးပွားရေး လုပ်ငန်းရှင် မစ္စတာ အိုကာဟာ ရှိဒါကာရှိက လည်းကောင်း အပြန်အလှန် တရားရင်ဆိုင် ခဲ့ကြသည်။ ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းနှင့် အနော်ရထာ လမ်းရှိ ယင်းဟိုတယ်တွင် တည်းခိုနေသူ ဂျပန်နိုင်ငံသားနှင့် မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီး တို့သည် ဂျပန်နိုင်ငံသားက အမျိုးသမီးတစ်ဦးအား အဖော်အဖြစ် ဇန်နဝါရီ ၂၈ ရက်နေ့ ည ၁၁ နာရီတွင် ဟိုတယ်သို့ ခေါ်ဆောင်လာခြင်းနှင့် ပတ်သတ်၍ ဟိုတယ်စည်းကမ်းနှင့် မကိုက်ညီကြောင်း ပြောဆိုရာမှ ထိုဂျပန် အမျိုးသားက ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့သဖြင့် ပုဇွန်တောင် ရဲစခန်း၌ အမှုဖွင့်ထား သကဲ့သို့ ယင်းဂျပန် အမျိုးသားကလည်း ဟိုတယ်အတွင်း ဝင်ရောက်ခြင်းကို တားဆီးမှုဖြင့် အပြန်အလှန် အမှုဖွင့်ကာ ပုဇွန်တောင် တရားရုံးတွင် အမှုရင်ဆိုင်နေခြင်း ဖြစ်သည်။ ယင်းသို့ အမှုရင်ဆိုင်နေရာမှ ဟိုတယ်ဝန်ထမ်း အမျိုးသမီးက ရုံးပြောင်းစစ်ရန် ခရိုင်တရားရုံးသို့ လျှောက်ထားချက်အရ ယခုမေလ ၁၁ ရက်နေ့တွင် ပထမဆုံး အကြိမ်အဖြစ် မင်္ဂလာတောင်ညွန့် တရားရုံးသို့ ပြောင်းရွေ့ အမှုရင်ဆိုင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။ The Voice Weekly | ||
| ဒေါ်လာ တစ်ရာရှိလျှင် ကားဝယ်ရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင် Posted: 13 May 2012 08:31 AM PDT ရန်ကုန်၊ မေ ၁၂ နိုင်ငံခြားငွေစာရင်း ဖွင့်နိုင်သည့် ဘဏ်များတွင် မေလ ၁၄ ရက်နေ့မှ စတင်ကာ ဒေါ်လာတစ်ရာ ထည့်သွင်းပြီး ကားတင်သွင်းရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယင်းဆုံးဖြတ်ချက်ကို မေလ ၁၁ ရက်နေ့ ညနေပိုင်းက ၎င်းတို့ဘဏ်သို့ အကြောင်းကြား ထားသဖြင့် လာမည့် မေလ ၁၄ ရက်နေ့ (တနင်္လာနေ့) တွင် စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ "တနင်္လာနေ့ ကစပြီး လူတိုင်းရပြီ။ ဝန်ထမ်းထဲ ကလည်း ဖွင့်ချင်တဲ့သူတွေ ဖွင့်ကြမှာ" ဟု ယင်း ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်သည့် ဘဏ်များမှာ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်နှင့် မြန်မာ့ စီးပွားရေးဘဏ်တို့ ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များတွင် ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း အဆိုပါ ဘဏ်များထံမှ စုံစမ်းသိရှိ ရသည်။ The Voice Weekly | ||
| ရှေးရိုးစွဲသူလိုသူများ နောက်ချန်ခဲ့မည်ဟု သမ္မတကြီးသတိပေး Posted: 13 May 2012 08:21 AM PDT | ||
| မန္တလေးမြို့ပြင်ရှိမြေများကို တရုတ်ကုန်သည်များမှ လိုက်လံဝယ်ယူနေ Posted: 13 May 2012 08:15 AM PDT မန္တလေး၊ မေလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်သူရမျိုး (YPI) မန္တလေးမြို့အပြင်ဘက် အဝေးပြေးကားလမ်းဘေးများ အနီးကျေးရွာ မြေကွက်များနှင့် လယ်ယာမြေ များကို တရုတ်လူမျိုး ကုန်သည်များမှ လိုက်လံဝယ်ယူလျှက်ရှိကြောင်း အဆိုပါရွာခံများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ "မြို့ပြင်ဘက်က မြေတွေကို လိုက်ဝယ်နေတော့ မြေဈေးတွေက (၅)ဆလောက်တက်သွားတယ်"ဟု မြေပွဲစားတစ်ဦးက YPI သို့ပြောသည်။ ယခင်နှစ်ပိုင်းများက ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ မြေကွက်များကိုသာ တရုတ်ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်တစားဝယ်ယူကြပြီး ယခုရက်ပိုင်းကာလအတွင်း ပြင်ဦးလွင်ကားလမ်း ဘေးနှင့် မတ္တရာကားလမ်းဘေးအနီးရှိ လူနေမြေကွက်များနှင့် လယ်ယာမြေများကို ရင်းနှီးမြှုပ်နှံဝယ်ယူ လာကြောင်း မန္တလေးမြို့ခံ မြေပွဲစားများထံမှသိရသည်။ "ဒီရက်ပိုင်းအတွင်းမှာ မြို့ပြင်ကမြေကွက်အတွက် အရောင်းအ၀ယ်စာချုပ် ချုပ်ဖို့ ဥပဒေအကျိုးဆောင် ပေးရတာ (၅)ခုလောက်ရှိသွားပြီ" ဟု အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။ အဆိုပါမန္တလေးမြို့ အပြင်ဘက်ကားလမ်းဘေးများရှိ မြေကွက်များနှင့် လယ်မြေများသည် ပိုင်ဆိုင်မှု ဂရန်များမရှိကြဘဲ အရပ်စာချုပ်ပိုင်ဆိုင်မှုများနှင့် ဘိုးဘွားပိုင် အရောင်းအ၀ယ်စာချုပ်များသာ ရှိကြပြီး မြေအရောင်းအ၀ယ် စာချုပ်ချုပ်ဆိုသည့်အခါ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ၀ယ်ယူသူဘက်မှ ကိုယ်စားလှယ်၊ ရှေ့နေများနှင့် မြေပိုင်ဆိုင်သူ ရွာခံများဖြင့် လွှဲပြောင်းမှုလုပ်ကြကြောင်း အကျိုးဆောင်တဦးက ရှင်းပြသည်။ ယခုလို အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုသည့်အခါ တရုတ်လူမျိုးကုန်သည်များသည် ကိုယ်တိုင် တိုက်ရိုက်ဝယ်ယူမှုနည်းပါးပြီး ၄င်းတို့ယုံကြည်စိတ်ချရသည့် မြန်မာလူမျိုးမြေပွဲစားများကို အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) လွှဲအပ်ပြီး ၀ယ်ယူခြင်းမျိုး များပြားသည်ဟုလည်း ပွဲစားများက ပြောဆိုသည်။ "လောင်စာဆီဆိုင်ဖွင့်ဖို့နဲ့ ဂိုထောင်တွေဆောက်ဖို့မြေ၀ယ်တာလို့တော့ပြောတာဘဲ။ ဘိုးဘွား အစဉ်အဆက်က ဒီမှာနေလာတော့ ရွာခံအများစုက မရောင်းချင်ကြဘူး။ ဒါပေမဲ့ မြေတစ်ကွက်ကို သိန်း (၃၀၀) လောက်ထိပေးဝယ်နေတော့ ရောင်းဖြစ်သွားတဲ့ လူတွေလည်း ရှိပါတယ်"ဟု မန္တလေးမြို့ပြင် မြောက်ဘက်ရှိ ကြာနီကန်ကျေးရွာမှ ရွာခံတစ်ဦးကပြောသည်။ ထို့ပြင် တိုက်ပွဲများမကြာခဏဖြစ်ပွားပြီး နယ်မြေဒေသအေးချမ်းမှုမရှိသည့် ဖားကန့်နှင့်မြစ်ကြီးနားမြို့ရှိ ငွေကြေးချမ်းသာသည့် တရုတ်လူမျိုးကုန်သည်များသည်လည်း မန္တလေးမြို့ပြင်ရှိ မြေကွက်များအား ရင်းနှီးမြှုပ်နှံဝယ်ယူရန် စိတ်ဝင်တစားရှိကြောင်း အဆိုပါကုန်သည်များက ပြောသည်။ "နယ်မြေအခြေအနေသိပ်မအေးချမ်းတော့ အဲဒီမှာ ရင်းနှီးမြှုပ်နှံမှုသိပ်မလုပ်တော့ဘဲ မန္တလေးမှာ မြေကွက်တွေ ၀ယ်ထားလိုက်တယ်"ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သိန်းထောင်ကျော် တန်ဖိုးရှိ မြေကွက်များ အား ၀ယ်ယူထားသူ ကုန်သည်တစ်ဦးကဆို သည်။ "နောင်ဆိုရင် မန္တလေးမြို့က ပိုကျယ်လာဖို့ဘဲရှိတယ်။ အဲတော့ငွေရင်းနိုင်တဲ့သူတွေက မြို့ပြင်မှာရှိတဲ့ မြေကွက်ကိုဝယ်ပြီး ရင်းနှီးမြှုပ်နှံထားရင် နောင်တစ်ချိန်အကျိုးအမြတ်များများရနိုင်တယ်"ဟု မန္တလေးမြို့ခံ မြေပွဲစားတစ်ဦးကပြောသည်။ ယခင်က မန္တလေးမြို့စည်ပင်နယ်နိမိတ်အပြင်ဘက် မန္တလေးဈေးချိုတော်နှင့် မိနစ်(၂၀)ကြာ ဆိုင်ကယ်ဖြင့် သွားလာရသော ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြေကွက်များသည် ၁၉၉၅ ခုနှစ်က ပေ(၄၀x၆၀)မြေတစ်ကွက်လျှင် ငွေကျပ် ၁၅၀၀၀ ခန့်သာ တန်ဖိုးရှိခဲ့သော်လည်း ယခုကာလ ရက်ပိုင်းအတွင်း အဆိုပါမြေကွက်များသည် ငွေကျပ် သိန်း(၄၅၀)ခန့်ဝန်းကျင် တန်ကြေးရှိပြီး အရောင်းအ၀ယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။ မန္တလေးမြို့တွင်းရှိမြေကွက်များသည် နေရာအလိုက်အကွက်အကွင်းကောင်းပါက ကျပ်သိန်းထောင် ဂဏန်းမှ ကျပ်သိန်းသောင်းဂဏန်းအထိ တန်ကြေးရှိပြီး မြို့ပြင်မြေကွက်များမှာသိန်း(၂၀၀)၊ (၃၀၀)ခန့်သာ ပေါက်ဈေးရှိသည့်အတွက် မြို့ပြင်မြေကွက်များသည် မြို့တွင်းမြေကွက်များနှင့်နှိုင်းယှဉ် ပါက တန်ဖိုးများစွာလျော့နည်းခြင်းကြောင့် တရုတ်လူမျိုးရင်းနှီးမြှုပ်နှံလိုသူများအနေနှင့် ပိုမို စိတ်ဝင်စားခြင်းဖြစ်နိုင်ကြောင်း ၀ါရင့်အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကမှတ်ချက်ပြုသည်။ မန္တလေးမြို့တွင် ကားဈေးကွက်နှင့် ကျောက်စိမ်းဈေးကွက် အေးနေခြင်းသည်လည်း ငွေရင်းနှီးမြှုပ်နှံသူများအဖို့ မြေဈေးကွက် ဘက်သို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံလာဖွယ်ရှိသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်သည်။ ။ Yangon Press International | ||
| ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် အဆင့်ဆင့် ရွေးချယ်မှု စတင် Posted: 13 May 2012 08:11 AM PDT မန္တလေး၊ မေလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်သူရမျိုး(YPI) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီတစ်ခုလုံး၏ သက်ဆိုင်ရာကော်မတီဝင် အဆင့်ဆင့်များကို ပြန်လည်ရွေးချယ်မှုများ စတင်ပြုလုပ်နေပြီဟု ယင်းပါတီဗဟိုဌာနချုပ်မှ သိရှိရသည်။ "ဒီလထဲမှာ လုပ်ခဲ့တဲ့ ပါတီရဲ့ဗဟိုအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားခြင်း ဖြစ်ပါတယ်"ဟု ယင်းပါတီဗဟိုဌာနချုပ်မှ အမည်မဖေါ်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။ မန္တလေးတိုင်း တိုင်းကော်မတီဝင် တဦးကလည်း "ပထမဆုံး ရပ်/ကျေး စည်းရုံးရေးမှူးတွေ ပြန်ရွေးရမယ်။ ပြီးတော့ မြို့နယ်/ခရိုင်/တိုင်းနှင့်ပြည်နယ် ကော်မတီဝင်တွေကို ပြန်ရွေးသွားမယ်လို့ ပါတီရဲ့ဗဟိုကော်မတီက ညွှန်ကြားချက် ထုတ်ထားတယ်" ဟု YPI သို့ပြောသည်။ ယခုလို ရပ်/ကျေး စည်းရုံးရေးမှူးများ မှစတင်ကာ မြို့နယ် ခရိုင် တိုင်းနှင့် ပြည်နယ် စည်းရုံးရေး မှူးနှင့် အမှုဆောင်များ ရွေးချယ်ခြင်းကို လာမည့် မေလ ၂၅ ရက်နေ့မတိုင်မီ အပြီးပြုလုပ်မည်ဟုလည်း နေပြည်တော် ခရိုင်စည်းရုံးရေးမှူး တဦးကပြောသည်။ သို့ဖြစ်၍ ယင်းပါတီ၏ နိုင်ငံအ၀န်းရှိ မြို့နယ်အဆင့်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်ရွေးချယ်ပွဲများကို မေလ(၂၅)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ နေပြည်တော်ခရိုင် အတွင်းရေးမှူး ဦးဇော်အောင်က ပြောသည်။ "ရပ်/ကျေးစည်းရုံးရေးမှူးတွေ ပြန်ရွေးတဲ့နေရာမှာ ပါတီရဲ့ အမာခံပုဂ္ဂိုလ်တွေကို ဦးစားပေးရွေးချယ် ပြုလုပ်နေတယ်" ဟု မန္တလေးမြို့နေ ရပ်ကွက် စည်းရုံးရေးမှူး ဦးသန်းဝင်းက ရှင်းပြသည်။ ပြည်ခိုင်ဖြိုးပါတီသည် တစ်နိုင်ငံလုံးတွင် တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ ဖွင့်လှစ်ထားရှိ သော်လည်း ရပ်ကွက်/ကျေးရွာအဆင့် ပါတီရုံးများဖွင့်လှစ်ထားရှိခြင်း အနည်းငယ်သာရှိသည့်အတွက် ယင်းပါတီ၏ ရပ်/ကျေးစည်းရုံးရေးမှူးများ ပြန်လည်ရွေးချယ်ပြီးပါက ဒေသအသီးသီးတွင် ရပ်/ကျေး ရုံးများ ဖွင့်လှစ်လာနိုင်ကြောင်း ယင်းပါတီဝင်များထံမှ သိရသည်။ "ဒီတစ်ခေါက်မြို့နယ်ကော်မတီဝင်တွေကို အောက်ခြေပါတီဝင်တွေက ဆန္ဒပေးပြီးရွေးသွားရမယ်လို့ သိထားတယ်"ဟု အဆိုပါ ပါတီ၏ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှ ပါတီဝင်တစ်ဦးကပြောသည်။ အဆိုပါ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် မြို့နယ်ကော်မတီဝင် ပြန်လည်ရွေးချယ်တင်မြှောက်ရန် အတွက် ပါတီ၏ အမာခံအင်အားစာရင်းနှင့် ပါတီဝင်အင်အားစာရင်းများကို ပြန်လည်ပြုစု ပြင်ဆင်ပြီး ဖြစ်ကြောင်း မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ကော်မတီဝင်များထံမှ သိရှိရသည်။ ပြည်ခိုင်ဖြိုးပါတီ၏ ယခုလုပ်ဆောင်မှုအပေါ် အမျိုးသားဒီမိုကရေစီပါတီ ဒုဥက္ကဋ္ဌ ဦးစိုးဝင်းက "ပါတီကြီးတစ်ခုအနေနဲ့ ၂၀၁၅ ခုနှစ်အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်တယ်လို့ မြင်ပါတယ်" ဟု သုံးသပ်ပြောကြားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ခုနှစ်၊ ပြည်လုံးကျွတ်ရွေးကောက်ပွဲ၌ သက်ဆိုင်ရာ လွှတ်တော်အသီးသီးတွင် နေရာအများစုအနိုင်ရရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ လစ်လပ်မဲဆန္ဒနယ်မြေ (၄၅) နေရာယှဉ်ပြိုင်သည့်အနက် တစ်နေရာတည်းသာ အနိုင်ရရှိခဲ့သည်။ ယင်းသို့ နေရာ အများစုရှုံးနိမ့်ပြီး တလကျော်အကြာတွင် ပါတီ၏ ကော်မတီအဆင့်ဆင့်ရွေးချယ်ပြင်ဆင်မှုများကို ယခုလို ပြုလုပ်လာခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန်က မေလ ၁၁ ရက်နေ့ သမ္မတရုံး၌ ပြောကြားသည့် မိန့်ခွန်းတွင် "ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျွန်တော်တို့ အစိုးရရဲ့ အောက်ခြေရပ်ကွက် ကျေးရွာ အဆင့်မှ မြို့နယ် တိုင်းဒေသကြီး/ပြည်နယ် မှ ပြည်ထောင်စုအဆင့်ထိ ရှေးယခင် လုပ်ငန်းလုပ်ဟန်တွေကို မကြိုက်တော့ဘူးဆိုတဲ့အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်" ဟုပြောဆိုသွားသည်။ ။ Yangon Press International | ||
| မန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည် Posted: 13 May 2012 07:52 AM PDT
လောလောဆယ် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ရပ်ကွက် (၃) ခုအတွက် ဒီရက်ပိုင်းအတွင်း အခမဲ့ဆေးခန်း တစ်ခု စတင်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်-ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။ "မဟာအောင်မြေ မဲဆန္ဒနယ်မှာ ရပ်ကွက်ကြီး ၁၈ ရပ်ကွက်လောက် ရှိပါတယ်။ အဲဒီမှာ ရပ်ကွက် ၃-၄ ရပ်ကွက်က ချို့ချို့ငဲ့ငဲ့ ရှိတဲ့သူတွေအတွက် ဒီကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက် အခမဲ့ ဆေးခန်းတစ်ခုဖွင့်ဖို့ သူတို့နဲ့ နက်ဖြန်ခါ ညှိမှာ ဖြစ်ပါတယ်။ နေရာလည်း ကြိုတင်ကြည့်ထားပြီးပါပြီ။" မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်း ရပ်ကွက် NLD ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနား အပြီး ဦးအုန်းကြိုင် က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးအုန်းကြိုင၊် ဒေါက်တာ ဇော်မြင့်မောင်တို့ဟာ NLD ပါတီ ရုံးခန်းဖွင့်ပွဲတွေကို ဒီရက်ပိုင်းအတွင်း လုပ်ဆောင်နေပြီး၊ မကြာခင်မှာ ရပ်/ကျေးအဆင့်ကနေ ဗဟိုအထိ NLD ပါတီ ညီလာခံတွေ စတင်ကျင်းပမယ့် ကိစ္စနဲ့ ပါတီခေါင်းဆောင်တွေကို ရွေးချယ်တင်မြှောက်ဖို့ အကြောင်းတွေကို လိုက်လံ ရှင်းပြနေကြောင်း သိရပါတယ်။ RFA-Burmese |
| You are subscribed to email updates from သစ်ထူးလွင် Myanmar News Now To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |


















.jpg)







