ဒီမိုဝေယံ

ဒီမိုဝေယံ


"အမေစုကို ဖတ်ကြည့်ခြင်း" ကဗျာရှင် ကြီးမြင့်(ရေဦး)

Posted: 16 May 2012 07:08 AM PDT

"အမေစုကို ဖတ်ကြည့်ခြင်း"
ကဗျာရှင် ကြီးမြင့်(ရေဦး)

-အမေစုနေရာ
အဖြေယခုဖွေရှာအံ့။
မကြာမီမှာပင်
ပါတီဝင်မှာက
ချမ်းသာချင်လို့
လှမ်းကာခင်တာမဟုတ်။

ရာထူးတောင်းဖို့
လာပူးပေါင်းတာမဟုတ်၊
အာဏာရဖို့
ပါဝါပြတာမဟုတ်၊
တစ်ဖက်သားကို
ရတက်ပွားစေဖို့မဟုတ်၊
တစ်ယောက်အတွက်မှ
ကောာက်ချက်ချခြင်းမဟုတ်၊
သူပုန်ဟန်ပမာ
ပုန်ကန်တာ မဟုတ်။

ကမ္ဘာသိသူမို့
ညာမည့်လူမဟုတ်၊
အများဆန္ဒကို
အသွားအပြန်ရစေဖို့၊
ကောင်းအောင်လို့
ခေါင်းဆောင်ပြီး
သေနတ်များမကိုင်
အရပ်သားစတိုင်နဲ့
ပြည်သူအတွက်
ဒီလူတက်လာတာပါ။
အမေစုရဲ့
အသွင်သဏ္ဍာန်ကို
အမြင်မှန်နဲ့
တင်ရန် ဆုံးဖြတ်ကြပါစို့။

ကြီးမြင့်(ရေဦး)

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းဝင် မိန့်ခွန်း မူရင်း ဓာတ်ပြားများအား လှူဒါန်းပေးအပ်ပွဲ (ရေဦးအဖွဲ့ချုပ်)

Posted: 15 May 2012 11:51 AM PDT

 ဗိုလ်ချုပ်အောင်ဆန်း၏ မြို့တော်ခန်းမ မိန့်ခွန်း သမိုင်းဝင် ဓာတ်ပြားတချပ်..
သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးမိန့်ခွန်း၊ သခင်မြမိန့်ခွန်း၊ ဒီးဒုတ်ဦးဘချိုမိန့်ခွန်းနှင့် မိုင်းပွန်စော်ဘွားကြီးတို့၏ ရှမ်းဘာသာမိန့်ခွန်း အပါအ၀င် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်း မူရင်း ဓါတ်ပြားခွေ(၂၂)ချပ်အား  စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ အောင်ဆန်းရပ်ကွက် (ဘီအိုစီအနီး) အိမ်အမှတ်(၆၅၅)နေ ဦးအုန်းမောင်+ဒေါ်ဗူးညွန့် သမီး ဒေါ်နု၊ ဒေါ်ညို၊ ဒေါ်လှမြင့် မြေး ကိုတင်ကျော်ကျော်၊ ကိုယဉ်မင်းထွန်း(ခ)ကိုဂျိုးဂျိုး၊ မဖြိုးဝေေ၀ထွန်း မျိုးချစ်မိသားစုမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမတ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းစည်းရုံးရေးမှူး ဦးမြင့်ကြည်တို့ထံမှ တစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီသို့ လှူဒါန်းခဲ့ပါသည်

ပြည်တွင်းမှာ မြန်မာတွေ အလုပ်ရနိုင်ဖို့အရေး (ဆောင်းပါးရှင် လွင်အောင်စိုး)

Posted: 15 May 2012 11:32 AM PDT

ပြည်တွင်းမှာ မြန်မာတွေ အလုပ်ရနိုင်ဖို့အရေး
(ဆောင်းပါးရှင် လွင်အောင်စိုး) 
ဓါတ်ပုံ - ဒီမိုဝေယံ

ဒီဓါတ်ပုံထဲမှာ တရုတ် အလုပ်သမားလေးတဦးဟာ  ဘုရားဆင်းတုတော် ရှေ့မှာ ဖိနပ်စီးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အစဉ်အလာ ရိုသေကိုင်းရှိုင်းမှုအရ ဘုရား ပုထိုး စေတီရဲ့ ရင်ပြင်၊ ပရဝုဏ်တွေမှာ ဖိနပ် မစီးဖို့ တားမြစ်ထားတာ ရှိပါတယ်။ ဒါပေမယ့် ဒီတရုတ်လေးကတော့ သိပုံ မရပါဘူး။ သူ့ကို တားမြစ်သူလည်း ရှိပုံ မပေါ်ပါဘူး။

ပြည်ပကနေ မြန်မာပြည်ထဲမှာ လာအလုပ်လုပ်တဲ့ တရုတ်အလုပ်သမားတွေဟာ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို မသိဘဲနဲ့ ပြုမူနေတာတွေ ရှိပါတယ်။ ဒါမျိုးတွေ နောက်နောင် မဖြစ်စေရအောင် မြန်မာဘက်က တာဝန်ရှိသူတွေအနေနဲ့ လိုအပ်သလို တားဆီးပြုပြင်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစာကို ရေးလိုက်ရခြင်းရဲ့ လိုရင်းက မြန်မာနိုင်ငံထဲက ဘုရားတွေမှာ ပြည်ပတရုတ် အလုပ်သမားတွေ ဖိနပ်စီးတဲ့ကိစ္စ မဟုတ်ပါဘူး။

သူတို့ဘာကြောင့် မြန်မာနိုင်ငံထဲမှာ လာအလုပ်လုပ်နေကြသလဲ။ သူတို့လုပ်တဲ့ အလုပ်မျိုးကို ကျနော်တို့ မြန်မာ အလုပ်သမားတွေ မလုပ်နိုင်ကြလို့လား၊ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အလုပ်ရသွားမှာကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပကုမ္ပဏီက မလိုချင်လို့လား။ မြန်မာအစိုးရက မစီမံပေးနိုင်လို့လား။ မေးခွန်းတွေ မေးစရာ ဖြစ်လာရပါပြီ။

မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံအဆင့်မှာပဲ ရှိပါသေးတယ်။ မြန်မာပြည်တွင်းမှာ အလုပ်လက်မဲ့တွေ သိပ်များနေချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပကနေ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတိုင်းဟာ  မြန်မာ အလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့်ရဖို့ အခွင့်ကောင်းတခု ဖြစ်ပါတယ်။

စီမံကိန်းကို စာချုပ်ချုပ်ကတည်းက မြန်မာအလုပ်သမားတွေကိုသာ သုံးဖို့ စီမံထားရင် ထိပ်ပိုင်း အင်ဂျင်နီယာလောက်နဲ့ စီမံအုပ်ချုပ်တဲ့ဘက်က လွဲလို့ ကျန်တဲ့နေရာတွေမှာ မြန်မာအင်ဂျင်နီယာတွေ၊ မြန်မာအလုပ်သမားတွေချည်း အလုပ်လုပ်ခွင့် ရနေမှာ ဖြစ်ပါတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါ။

ဒီလိုကိစ္စတွေကအစ မြန်မာတွေဘက်မှာ ဆုံးရှုံးနစ်နာနေရတာကို ပြင်ဆင်ပေးနိုင်မှ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ လျော့ပါးရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို တဖက်တလမ်းက လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ စီမံကိန်းစာချုပ် ချုပ်ဆိုတာမှန်သမျှ ဥပဒေပြုလွှတ်တော်ကနေ ပြန်လည်စိစစ် ပြင်ဆင်ပေးဖို့ အမြန်ဆုံး စီမံ ဆောင်ရွက်သင့်ပါတယ်။ ဒါက ရှိနေခဲ့ပြီးသား ကိစ္စတွေအပေါ်မှာ ပြန်လည်သုံးသပ် စီမံတာ ဖြစ်ပါတယ်။ နောင်လုပ်မယ့်ကိစ္စတွေမှာလည်း ဥပဒေပြုလွှတ်တော်ရဲ့ ကော်မတီတွေရဲ့ သဘောတူညီချက် ရှိရမယ့် လွှတ်တော်လုပ်ငန်းစဉ်မျိုး ထားရှိသင့်တယ်လို့ ထင်ပါတယ်။ ဒါဟာ အစိုးရမဏ္ဍိုင်အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ပံ့ပိုးမှုကို အားပြုပေးပါတယ်။

နောက်တချက်ကတော့ လာမယ့် အနာဂတ်အတွက် ပြင်ဆင်ယူတာ ဖြစ်ပါတယ်။ မကြာခင်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်လာပြီးတာနဲ့ နိုင်ငံခြားကုမ္ပဏီတွေ ရာထောင်ချီပြီး မြန်မာနိုင်ငံကို ရောက်လာကြတော့မယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာနိုင်ငံသား သန်းပေါင်းများစွာ အလုပ်လုပ်နိုင်ဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။ အလုပ်လက်မဲ့ ပြဿနာတွေကို တခါတည်း အထိုက်အလျောက် ဖြေရှင်းပေးနိုင်မှာ ဖြစ်သလို ဆင်းရဲမွဲတေမှုကိုလည်း အတော်အတန် လျော့ကျစေမှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ဘယ်လို အလုပ်အမျိုးအစားတွေကို အတိအကျ ထုတ်မပြောနိုင်သေးသည့်တိုင်အောင် အကြမ်းအားဖြင့် ကဏ္ဍခွဲပြီး ကြိုတင် ဖော်ပြပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံသားတွေ လုပ်ငန်းခွင် ဝင်ရောက်တဲ့အခါမှာ အဆင်ပြေနိုင်အောင် ကြိုတင် အချိန်ယူ လေ့ကျင့် ပြင်ဆင်ထားနိုင်ဖို့ ဖြစ်ပါတယ်။ ဥပမာ - အင်္ဂလိပ်စကား သင်ယူတာမျိုး၊ ရုံးလုပ်ငန်း အတတ်ပညာ လေ့လာတာမျိုး အစရှိတာတွေကို ပြည်သူတွေ ပြင်ဆင်ထားကြဖို့ အစိုးရကိုယ်တိုင်က နှိုးဆော်အားပေးတာ ဖြစ်ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေက လုပ်ငန်းခွင်သင်တန်း ပို့ချတာလည်း ရှိချင်ရှိမှာပါ။  

မြန်မာအစိုးရရဲ့ အမြော်အမြင် ကြီးမားတာကို အသိအမှတ်ပြုပါတယ်။ အစိုးရ ရည်မှန်းချက်ကိုလည်း တကယ်ပဲ  အောင်မြင်စေချင်ပါတယ်။ မြန်မာပြည်သူ တွေကိုလည်း အလုပ်အကိုင်တွေ မှန်မှန်ကန်ကန် ရရှိပြီး ဆင်းရဲတွင်းမှ အမြန်ဆုံး လွတ်မြောက်စေချင်ပါတယ်။  

လွင်အောင်စိုး
၁၆-၅-၂ဝ၁၂

လှိုင်းသက်သံ (ကဗျာရှင် ဥာဏ်သဏ်းတဏ် "ရေဦး")

Posted: 15 May 2012 11:05 AM PDT

လှိုင်းသက်သံ 
(ကဗျာရှင် ဥာဏ်သဏ်းတဏ် "ရေဦး")

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုးရီးယား သမ္မတလီမြောင်ဘက်တို့ တွေ့ဆုံပွဲ (ဓာတ်ပုံ)

Posted: 15 May 2012 10:25 AM PDT

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုရီးယား သမ္မတလီမြောင်ဘက်တို့ Sedona ဟိုတယ်မှာ တွေ့ဆုံစဉ်..

တောင်ကိုရီးယား သမ္မတ Lee Myung-bak မှအာဇာနည် ဗိမာန်သို့ သွားရောက် ဂါရဝပြုခဲ့သည်..
 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုရီးယား သမ္မတတို့ တွေ့စုံစဉ် Sedona ဟိုတယ်မှာ စောင့်ကြပ်နေကြတဲ့ တောင်ကိုရီးယား လုံခြုံရေး တပ်ဖွဲ့များအား တွေ့မြင်ရပုံ..
ယနေ့ ရန်ကုန်မြို့တွင်းမှ တင်းကြပ်လှတဲ့ လုံခြုံရေး မြင်ကွင်း..
ဓာတ်ပုံ Korea News, AP, Getty Images