သစ်ထူးလွင် |
- လမ်းမတော် NLD ရုံး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားပြီး ဖွင့်လှစ်ပေးခဲ့ (ရုပ်/သံ)
- ဗန်းမော်-နမ့်ခမ်းလမ်း KIA မိုင်းပေါက်ကွဲမှု တွင် မြန်မာစစ်သား ၁၂ ဦး ကျ
- အစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက်လက် ဖိနှိပ်ခံနေရဆဲ
- ဦးသိန်းစိန် ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့စည်း
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ပတ်စပို့ရပြီ
- ဒုသမ္မတဦးတင်အောင်မြင့်ဦး နေရာ စစ်တပ်ကပဲပြန်ခန့် ရမယ်
- ဦးတင်အောင်မြင့်ဦး သတင်း ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင်
- မြေမြုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်ရသူတွေဟာ တိုင်းပြည်ရဲ့ မသန်စွမ်းတာကို ဖော်ပြနေတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား
- ဆေးကုသပေးရန်ငြင်းဆန်ပြီးနောက် ကျန်းမာရေး ၀န်ထမ်း သေနတ်ပစ်ခံရ
- ဒေါ်အောင်ဆန်းစုကြည် ကို ဒု-သမ္မတ ခန့်အပ်လိုပါက အခြေခံဥပဒေပြင်မှဖြစ်မည်
- ဖားကန့် ဒေသမှာ KIA ဆက်ကြေးကောက်နေ
- ကျွန်ဖြစ်နေတဲ့ မြန်မာတွေကို နွံနစ်အောင်လုပ်ရက်သလား
- ၈၈ မျိုးဆက်ကျောင်းသားများ(ရှမ်ပြည်နယ်တောင်ပိုင်း) ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး
- စနစ်တကျသတင်းပို့ခြင်းမရှိဘဲ မြေမြှုပ်အလောင်းဖျောက်ဖျက်မှု
- မြစ်ဆုံဆည် ပြန်ဆောက်ရေး CPI စည်းရုံးရေး ဗီဒီယို မြန်မာပြန်ထွက်ရှိ
- ရှမ်းပြည်နယ် မြောက်ပိုင်း ကယ်ဆယ်ရေး စခန်းများတွင် ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွား
- နယ်ထိန်းရဲတပ်သား က အမျိုးသမီးတစ်ဦးကို အဓမ္မပြုမှုဖြစ်ပွား
- ကာမလိမ်လည် ပြန်ပေးဆွဲမှုဖြင့် ဂမ္ဘီရ စာရေးဆရာ သွန်းနေစိုးကို အမှုဖွင့် စစ်ဆေး
- Online Media များ၏ ရပိုင်ခွင့်ကို ခံစားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ
- ဦးရွေမန်းနဲ့အဖွဲ့ ဂျာမနီရောက်
- ပဲခူးမှာ ကေအန်ယူ ဆက်ကြေးကောက်
- ထိုင်း-မြန်မာနယ်စပ် ဂိတ်အချို့ကို ဒီကေဘီအေ ပိတ်ပစ်
- မေလ ၇ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၁
- DKBA နဲ့ အစိုးရကြား တင်းမာမှု KNU ကြားဝင် စေ့စပ်ဖို့ ကမ်းလှမ်း
- အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြား
| လမ်းမတော် NLD ရုံး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားပြီး ဖွင့်လှစ်ပေးခဲ့ (ရုပ်/သံ) Posted: 08 May 2012 07:00 AM PDT မြန်မာနိုင်ငံလွတ်လပ်ရေးကြိုပမ်းမှုသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လွှတ်တော်အမတ်အဖြစ် ၀င်ရောက် အရွေးခံခဲ့ဖူးတဲ့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြောကြားပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီဗွီဘီ
| ||||
| ဗန်းမော်-နမ့်ခမ်းလမ်း KIA မိုင်းပေါက်ကွဲမှု တွင် မြန်မာစစ်သား ၁၂ ဦး ကျ Posted: 08 May 2012 06:51 AM PDT မေ ၆ ရက်၊ တနင်္ဂနွေနေ့က မန်မော် (ဗန်းမော်)-နမ့်ခမ်းလမ်း ၂ နေရာတွင် မြန်မာအစိုးရစစ်ကြောင်းအား KIA မှ မိုင်းထောင် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်များပြောသည်။ မြန်မာစစ်သားများသည် အင်အားပြင်းထန်သော အဝေးထိန်းမိုင်းများ (remote-controlled mines) ဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးသူ ၃၀ ကျော်သည်ဟု သက်ဆိုင်ရာ KIA အရာရှိများက KNG ကချင်သတင်းဌာနသို့ ပြောသည်။ ဒဏ်ရာရရှိသူများနှင့် အလောင်းများကို နမ့်ခမ်းဆေးရုံ နှင့် ကိုင်ထိပ် အစိုးရစစ်စခန်းသို့ တင်ဆောင်သွားသည် ဟု မျက်မြင်များဆိုသည်။ ပထမ မိုင်းပေါက်ကွဲမှုသည် မန်ဝင်းအနီး ကျောက်ဖြူတွင် နံနက် ၇ နာရီတွင်ဖြစ်ပွားပြီး ဒုတိယ ပေါက်ကွဲမှုသည် ကိုင်ထိပ်စစ်စခန်း အနီး ရှအူခက် (Sha-U Hkyet)၌ နံနက် ၁၁ နာရီတွင်ဖြစ်ပွားသည်ဟု မိုင်းအသံ ကြားရသူများက ပြောသည်။ သေဆုံး ဒဏ်ရာရရှိသော စစ်သားများသည် မြန်မာစစ်တပ် တပ်မ အမှတ် ၉၉ မှ ဖြစ်ကြပြီး ၎င်းတို့၏ ကိုင်ထိပ်စခန်းမှ နမ့်ခမ်းသို့ စစ်ကြောင်းထွက်လာချိန် KIA ၏ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ၎င်းစစ်ကြောင်းအား မန်ဂျေ (မံစီ) မြို့နယ်တွင် အခြေစိုက်သည့် KIA တပ်ရင်း (၁)နှင့် (၂၇) စစ်သားများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ တပ်ရင်းနှစ်ရင်းမှ KIA အရာရှိများ KNG ကချင်သတင်းဌာန သို့ အတည်ပြုသည်။ ယခုလို KIA ၏ မိုင်းဖြင့် တားဆီးတိုက်ခိုက်ခံရပြီးနောက် မြန်မာစစ်သားများ နမ့်ခမ်း သို့ မရောက်နိုင်ဘဲ မူလ ကိုင်ထိပ်စခန်းသို့ ပြန်ခေါက်သွားခဲ့ရကြောင်း စုံစမ်းသိရသည်။ By KNG | ||||
| အစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက်လက် ဖိနှိပ်ခံနေရဆဲ Posted: 08 May 2012 06:43 AM PDT အစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက်လက် အဖိနှိပ်ခံနေရတုန်းဘဲ ဖြစ်တယ်လို့ မတရားသဖြင့် တရားစွဲခံရပြီး တရားရုံးတက်နေတဲ့ ရသေ့တောင်မြို့နယ် နီပူခံ ကျေးရွာက လယ်သမား တစ်ဦးက ပြောပါတယ်။ နီပူခံကျေးရွာမှ အမည်မဖေါ်လိုသူ လယ်သမားကြီးဟာ မနေ့က (မေလ ၆ ရက်)နေ့က ရသေ့တောင်မြို့နယ် တရားရုံးမှာ ရုံးချိန်း ရှိတဲ့ အတွက် တခြား လယ်သမားကြီး ၂၅ ဦးနဲ့ အတူ တရားရုံးကို တက်ရောက်လာစဉ်မှာ သူ့အမြင်ကို နိရဉ္စရာသို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ " ကျွန်တော် လယ်သမား ၂၆ ဦးက ရသေ့တောင်မြို့ နယ် မေယူကမ်းမှာ တည်ရှိတဲ့ နီပူခံ၊ ကောင်းရီချောင်း၊ ကျွန်းချောင်းနဲ့ ပေါင်းစား ကျေးရွာက ဖြစ်ပါတယ်။ ဖြစ်တာက စစ်တပ်က ကျွန်တော်တို့ ရွာသားတွေပိုင်ဆိုင်တဲ့ လယ်ဧက ၁၈၀၀ ကို ၁၉၉၆ ခုနှစ်က စစ်တပ် အထက်အမိန့်အရ မြေလွှတ် မြေရိုင်းတွေ ဖေါ်ထုတ်တဲ့ အခါ ကျွန်တော်တို့ ဓါးမ ဦးချ လုပ်ကိုင်လာတဲ့ လယ်ဧက ၁၈၀၀ ကို မြေလွှတ် မြေရိုင်းတွေ ဖြစ်တယ်ဆိုပြီး အတင်း ဓမ္မ သိမ်းယူသွားပါတယ်။ အစိုးရသစ် တက်လာတဲ့အခါ အဲဒီလယ်တွေဟာ ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာတဲ့ လယ်တွေ ဖြစ်ပါတယ်လို့ တင်ပြတဲ့ အတွက် ရခိုင် ၀န်ကြီး အဖွဲ့က လာရောက်စစ်ဆေးတဲ့ အခါ စစ်တပ်က သိမ်းဆည်းတာက လယ်ဧက ၇၅၀ သာ ဖြစ်တယ်။ ကျန်တဲ့ မြေတွေ မပါဘူးလို့ ပြောတဲ့ အတွက် ကိုယ့်လယ်ပေါ် ကိုယ်ပြန်တက်တော့ စောအောင်သိန်းက ပိုင်နက်ကျူးကျော်မူ၊ ပုဇွန် ခိုးမူ၊ သူတပါး အကျိုးစီးပွား ပျက်စီးစေမူနဲ့ လောင်းချောင်း ရဲစခန်းမှာ တရားစွဲ ပြီး အမူဖွင့်တဲ့ အတွက် ကျွန်တော်တို့က အခု တရားခံတွေ အဖြစ်နဲ့ ရုံးတက်နေကြရတာ ဖြစ်ပါတယ်။" သိမ်းယူစဉ် လယ်သမားတွေက လယ်တွေကို မပေးလိုတဲ့ အတွက် လယ်သမား အများအပြားကို စစ်တပ်က ကြိုးနဲ့ တုတ်ပြီး ညှဉ်းပမ်းနှိပ်စက်မူတွေ ပြုလုပ်ခဲ့တယ်လို့လည်း အဲဒီ လယ်သမား အမူကို လိုက်ပါ ကူညီနေတဲ့ ရသေ့တောင်မြို့ပေါ်က ပညာတတ် လူငယ် တစ်ဦးကလည်း ပြောပါတယ်။ " ပြောရရင်တော့ဗျာ။ စစ်တပ်ထဲက အကျင့်ပျက် အရာရှိ တချို့နဲ့ ဦးစောအောင်သိန်းက တပ်မတော်ကို အသုံးချပြီး ကိုယ်ကျိုး အတွက် လုပ်စားနေကြတာ ဖြစ်ပါတယ်။ စစ်တပ်က သိမ်းယူတာက လယ်ဧက ၇၅၀ ဖြစ်ပါတယ်။ စစ်တပ်ကနေ ဦးစောအောင်သိန်းကို သိမ်းတဲ့ လယ် ၇၅၀ ဧက ကို ဌားတော့ သူက ဘယ်လို လူလည်ကျသလဲ ဆိုရင် စစ်တပ် သိမ်းတဲ့ အထဲမှာ မပါတဲ့ လယ်တွေကိုလည်း စစ်တပ်က သိမ်းတဲ့ အထဲမှာ ပါတယ်ဆိုပြီး စစ်အရာရှိ တချို့ကို ပိုက်ဆံပေး ချဉ်းကပ်ပြီး လယ်ဧက ၁၈၀၀ ထိကို သိမ်းယူပြီး တစ်ဦးတည်းပိုင် လုပ်စားနေခဲ့တာ ဖြစ်ပါတယ်။ လယ်မပေးတဲ့ လယ်သမားတွေကို အကျင့်ပျက် စစ်အရာရှိ တချို့နဲ့ ပေါင်းပြီး ကြိုးနဲ့ တုတ်ကာ နှိပ်စက်မူတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အချိန်က စပြီး အဲဒီ လယ်မြေတွေကို စစ်တပ်ဆီက ဌားပြီး ဦးစောအောင်သိန်း လုပ်စားနေတာ ဒီနေ့ထိပါဘဲ။" အခုလို လယ်သမားတွေကို နှိပ်စက်ခဲ့တဲ့ အပြင် အခုအခါမှာလည်း တရားသူကြီးတွေကို ပိုက်ဆံပေးပြီး အမူကို ကြန့်ကြာအောင် လုပ်နေတယ်လို့ လယ်သမား တစ်ဦးက စွပ်စွဲ ပြောဆိုပါတယ်။ " ကျွန်တော်တို့ကို တရားရုံးတင်ပြီး အမူ စစ်တာက မတ်လ ၉ ရက်နေ့က ဖြစ်ပါတယ်။ အခုအချိန်ထိ ရုံးတက်ရတာကတော့ ၆ ကြိမ် နီးပါး ရှိခဲ့ပါပြီ။ ကျွန်တော်တို့ တရားခံတွေကို တစ်ဦး တစ်ယောက်ကိုမှ တရားရုံးက မစစ်ဆေးသေးဘူး။ တရားလိုဘက်က လိုပြသက်သေတွေကိုဘဲ စစ်ဆေးနေပါတယ်။ တရားလိုပြ သက်သေကလည်း ၁၆ ဦးမှာ ၆ ဦီးကိုသာ စစ်ဆေးပါသေးတယ်။ ဒါက ဘာကြောင့်လည်းဆိုရင် အမူကို အချိန်ဆွဲပြီး ကျွန်တော်တို့ လယ်သမား ၂၆ ဦးကို အလုပ်ပျက် အကိုင်ပျက် ဖြစ်အောင် ဦးစောအောင်သိန်းက စီစဉ်နေတာ ဖြစ်ပါတယ်။ တရက်တလေဆိုရင် တရားလိုတွေ မလာတဲ့ အတွက် အမူ မစစ်ဘဲ အိမ်ကို ပြန်သွားရတာတွေလည်း ရှိပါတယ်။" လယ်သမား ၂၆ ဦးဟာ သူတို့ရွာတွေက စက်လှေနဲ့ မေယူမြစ်ကို ဖြတ်ပြီး ရုံးလာတက်ရတဲ့ အတွက် ငွေတွေလည်း အရမ်းကုန်ကျနေတယ်လို့ ပြောပါတယ်။ လူတစ်ဦးအသွား အပြန် စက်လှေခ ၁၀၀၀ ကျပ်ဖြစ်ပြီး တရား စစ်ဆေးပြီးတာနဲ့ အိမ်ကို မပြန်နိုင်ဘဲ ရသေ့တောင်မြို့ပေါ်မှာဘဲ အိပ်ရတဲ့ အတွက် စားစရိတ်၊ တည်းခို စရိတ် စသဖြင့် ငွေကုန်ကြေးကျ အထူးများနေရတယ်လို့ နောက်ထပ် လယ်သမား တစ်ဦးကလည်း ပြောပါတယ်။ " ကျွန်တော်တို့ လယ်သမားတွေမှာ တရားရုံးကို အဝေးကြီးက စက်လှေနဲ့ လာရတဲ့ အတွက် အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။ ထောင်ချမယ်ဆိုရင်လည်း ချလိုက်ပါလို့ ပြောချင်ပါတယ်။ ဒီလို တရားရုံးတက်ရတာကိုတော့ မလိုချင်တော့ပါဘူး။ ဒါကြောင့် အထက်လူကြီးတွေကို ပြောချင်တာက ကျွန်တော်တို့ လယ်သမားတွေကို သနားငဲ့ညှာသောအားဖြင့် အမူကို အမြန်ဆုံး ပြီးပြတ်အောင် စီရင်ချက် ချစေလိုပါတယ်။" နောက်ဆုံး ရရှိတဲ့ သတင်းအရ အဲဒီ ဒေသက လယ်သမား နောက်ထပ် ၁၉ ဦးကိုလည်း လယ်မြေတွေကို ပြန်ပေးဖို့ တောင်းဆိုတဲ့ အတွက် စစ်တပ် နောက်ခံပြုထားတဲ့ စီးပွားရေး သမားတွေက တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။ အခုလို လယ်သမားတွေကို အစုလိုက် အပြုံလိုက် တရားစွဲခံရတာကတော့ ရခိုင်ဘက်မှာ အခုတစ်ကြိမ်ဟာ အများဆုံးအရေအတွက် ဖြစ်တယ်လို့ သိရပါတယ်။ နိရဉ္စရာ | ||||
| ဦးသိန်းစိန် ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့စည်း Posted: 08 May 2012 06:32 AM PDT တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပြုလုပ်ရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ဦးသိန်းစိန်က ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး ဒု သမ္မတ နှစ်ဦး၊ လွှတ် တော် ဥက္ကဋ္ဌ နှစ်ဦး၊ ကာကွယ် ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ် ရေးရာ ၀န်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် အပါအ၀င် ၁၂ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတ ရုံး နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း က ပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့၌ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဒု ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ အဖွဲ့ဝင်များအဖြစ် ၀န်ကြီး ၇ ဦး၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ် ၁၀ ဦး၊ ပြည်နယ်/တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၁၀ ဦး၊ နယ်စပ်ရေးရာ ဒု ၀န်ကြီး ဗိုလ်ချုပ် ဇော်ဝင်းနှင့် ဒု ရှေ့နေချုပ် ဦးထွန်းထွန်းဦး အပါအ၀င်၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် အပါအ၀င် စုစုပေါင်း ၅၂ ဦးဖြင့် ဖွဲစည်းထားကြောင်း သမ္မတ ရုံး အသိုင်းအ၀ိုင်းမှ သတင်းရသည်။ ယခုကဲ့သို့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ကို ပြင်ဆင်၍ အသစ်ပြန်လည် ဖွဲ့စည်းခြင်းသည် ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ "အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးကော်မတီအဖွဲ့နှစ်ခုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံးနဲ့ထာဝရငြိမ်းချမ်း ရေးရတဲ့အထိ အစိုးရသက်တမ်းမကုန်ခင် ငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်" ဟု သမ္မတရုံးမှ အမည်မဖော်လိုသော အရာရှိတဦးက ပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် ပထမဆင့်အနေနှင့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးခြင်း၊ နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ နှစ်ဖက်သဘောတူညီမှု ညှိုနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရေး၊ သတ်မှတ် နေရာများအပ အခြားဒေသသို့ လက်နက်ဖြင့်သွားလာခြင်းမပြုရန်၊ ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူညီသော သင့်လျော် သည့်နေရာများတွင် လက်နက်မပါဘဲ ထားရှိရေး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ဆွေးနွေးရန် ကိုယ်စားလှယ် အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့် အချိန်နှင့်နေရာ ညှိုနှိုင်းရေးများကို လုပ်ဆောင်မည်ဖြစ်သည်ဟု သိရှိရသည်။ ယခင်က အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကို ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့ဟူ၍ နှစ်ဖွဲ့ ထားရှိရာ ဦးအောင်သောင်း အဖွဲ့သည် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)နှင့် ဆွေးနွေးရာတွင် အောင်မြင်မှု မရရှိသေးပေ။ ပြန်လည် ဖွဲ့စည်းလိုက်သော အစိုးရ အငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွင်း ဦးအောင်သောင်း ပါဝင်ခြင်း မရှိသည်ကို တွေ့ရှိရသည်။ အစိုးရက ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ကရင်အမျိုးသား အစည်း အရုံး (KNU)၊ မွန်ပြည်သစ် ပါတီ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘော အဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) စသည်ဖြင့် ၁၀ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။ အောင်သက်ဝိုင်း (ဧရာဝတီ) | ||||
| ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ပတ်စပို့ရပြီ Posted: 08 May 2012 06:22 AM PDT ပြည်ပကိုခရီးသွားဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ပတ်စပို့ရပြီလို့ NLD ပါတီကပြောဆို ကြောင်း AFP သတင်းမှာ ရေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ပတ်စပို့ရပြီလို့ သောကြာနေ့က အကြောင်းကြားလာပါတယ်-အခုတော့ ပတ်စပို့က ဒေါ်စုလက်ထဲရောက်နေပါပြီလို့ NLD ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမဲ့ဇွန်လမှာ နော်ဝေးနဲ့ ဘရစ်တိန်နိုင်ငံတွေကို ခရီးသွားဖို့ရှိပြီး ဒီနှစ်ကုန်ပိုင်းမှာတော့ ဂျပန်ကိုသွားရောက်ဖို့ စီစဉ်ထားပါတယ်။ ဒီဗွီဘီ | ||||
| ဒုသမ္မတဦးတင်အောင်မြင့်ဦး နေရာ စစ်တပ်ကပဲပြန်ခန့် ရမယ် Posted: 08 May 2012 06:11 AM PDT ဒုတိယသမ္မတ-၁ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုမေလကုန်မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို အရေးပေါ် ခေါ်ယူဖို့အာဏာပိုင်တွေက စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လောလောဆယ်အထိ လွှတ်တော်ကိုယ်စားလှယ်တွေကို တရားဝင်စာနဲ့ အကြောင်းကြားတာ မရှိသေးပေမယ့် ဦးတင်အောင်မြင့်ဦးနှုတ်ထွက်မှု နဲ့ပတ်သက်လို့ ဒီလထဲမှာ အရေးပေါ် လွှတ်တော်ခေါ်ယူဖို့ ဖြစ်နိုင်ချေ များတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော်အစည်းအရေးကို အရေးပေါ် ခေါ်ယူမယ်ဆိုရင် လွှတ်တော်အမတ်တွေကို ၁၅ ရက် ကြိုတင်အကြောင်းကြားရဖို့ ရှိပါတယ်။ ဒုတိယသမ္မတ-၁ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်က တင်မြှောက်တဲ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ သူ့နေရာအတွက် တပ်မတော်ကဘဲ ပြန်လည် ခန့်အပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ RFA-Burmese ![]() | ||||
| ဦးတင်အောင်မြင့်ဦး သတင်း ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင် Posted: 08 May 2012 06:09 AM PDT ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာတင်တဲ့ သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။ အခုတစ်ပတ်ထုတ်ဝေမယ့် Venus ဂျာနယ်မှာ ရေးသားထားတဲ့ ဒီသတင်းကို ပုံနှိပ်ထုတ်ဝေရင် အရေးယူခံရ မယ်ဆိုပြီး စာပေစိစစ်ရေးဌာနက ပိတ်ပင်ဟန့်တားလိုက်တာ ဖြစ်တယ်လို့ Venus ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုသာလွန်ဇောင်းထက်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်တဲ့သတင်းကို ပြီးခဲ့တဲ့တနင်္လာနေ့ထုတ် Myanmar Post ဂျာနယ်က စာပေစိစစ်ရေးကို မတင်ပြဘဲ ထုတ်ဝေခဲ့တဲ့အတွက် အရေးယူမယ်လို့ စာပေစိစစ်ရေးအာဏာပိုင်တွေက အယ်ဒီတာအဖွဲ့ကို ခေါ်ယူသတိပေးထားကြောင်း သိရပါတယ်။ ဒီအတောအတွင်း သမ္မတဦးသိန်းစိန် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ အနားယူမယ်ဆိုတဲ့ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Venus ဂျာနယ်က ဒီကနေ့ ဖော်ပြခဲ့တဲ့အတွက် စာပေ စိစစ်ရေးရုံးက ခံဝန်လက်မှတ်ထိုးဖို့ ဆင့်ခေါ်ထားတယ်လို့ Venus ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။ ဦးတင်အောင်မြင့်ဦးသတင်းတွေ ရေးသားခွင့် ပိတ်ပင်ထားတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ RFA က စာပေစိစစ်ရေးဌာန တာဝန်ရှိသူတွေ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။ RFA-Burmese ![]() | ||||
| Posted: 08 May 2012 06:07 AM PDT မြေမြုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်ရသူတွေဟာ တိုင်းပြည်ရဲ့ မသန်စွမ်းတာကို ဖော်ပြနေတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရဲ့ မသန်မစွမ်းသူများ ဂုဏ်ပြုပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်တာဖြစ်ပါတယ်။ "မြေမြူပ်မိုင်းထိလို့ မသန်စွမ်းသူများဆိုတာဟာ ကျွန်မတို့နိုင်ငံရဲ့ တကယ့် မသန်စွမ်းချက်တခုကို ဖော်ပြနေတယ်။ အဲဒါဟာ အချင်းချင်း ငြိမ်းချမ်းရေး လိုနေတဲ့ကိစ္စပါ။ တကယ့်မသန်စွမ်းတယ်ဆိုတာဘာလဲဆိုတာ ကျွန်မတို့ ပြန်ပြီး စဉ်းစားစရာရှိတယ်။ မြေမြူပ်မိုင်းထိလို့ မသန်စွမ်းတဲ့သူတွေက မသန်စွမ်းတာလား။ ဒီမြေမြုပ်မိုင်းကို မြုပ်တဲ့သူတွေက မသန်စွမ်းတာလား။ မြေမြုပ်မိုင်းတွေ မြုပ်ရမဲ့ အခြေအနေကိုပျောက်ကွယ်သွားအောင် မလုပ်နိုင်တဲ့ ကျွန်မတို့အားလုံးဟာ မသန်စွမ်းတာလားဆိုတာ ကျွန်မတို့အားလုံး စဉ်းစားဖို့လိုတယ်။ " အခန်းအနားမှာ မသန်မစွမ်းသူများအပါအ၀င် အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းတရပ် ထူထောင် ရေးမှာ နိုင်ငံသား အားလုံး တာဝန်ရှိသလို မသန်မစွမ်းသူတွေ ရဲ့ မိသားစုဘ၀ တိုးတက်မြင့်မားရေး အတွက် နိုင်ငံသား အားလုံးက ပံ့ပိုးကူညီ လက်တွဲဆောင်ရွက်ဖို့ အရေးကြီးကြောင်းလဲ ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။ ဒီအခမ်းအနားကို သီတဂူဆရာ တော်ကြီးအပါအ၀င်၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ် နဲ့ တခြားနိုင်ငံရေး လူမှုရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က မသန်မစွမ်းမိသားစုတွေအတွက် ဘီးတပ်ကုလားထိုင်တွေ လှူဒါန်းပေးအပ်ခဲ့သလို ဂုဏ်ပြုအမှာစကားပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုလင်းပန်းချီ နဲ့ ပြန်လည်ဂုဏ်ပြုခဲ့ပါတယ်၊ RFA-Burmese ![]() | ||||
| ဆေးကုသပေးရန်ငြင်းဆန်ပြီးနောက် ကျန်းမာရေး ၀န်ထမ်း သေနတ်ပစ်ခံရ Posted: 08 May 2012 06:04 AM PDT မေလ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဆိုင်းဆွတ် (YPI) ယနေ့ မနက် ၈နာရီခန့် က ကချင်ပြည်နယ် ဆားမှော် အနောက်ဘက် ကျွန်းသုံးလုံးကျေးရွာ က NGO ၀န်ထမ်းတစ်ဦးကို ကေအိုင်အို တပ်ဖွဲ့မှဟု ယူဆရသော သေနတ်သမားနှစ်ဦး က သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ၎င်း၏ မိသားစုက ပြောသည်။ ငှက်ဖျားတိုက်ဖျက်ရေး အန်ဂျီအို ၀န်ထမ်း တစ်ဦးဖြစ်သည့် ကိုဇော်မိုးနိုင် ကို ကျွန်းသုံးလုံးကျေးရွာမှ မိုးကောင်းမြို့ အသွားတွင် အသက် ၂၀ ၀န်းကျင် အရပ်ဝတ် လူနှစ်ဦးက သေနတ်ဖြင့် ၅ချက် ပစ်ခတ်သွားကြောင်း ကိုဇော်မိုး ဖခင်ဖြစ်သူက YPI ပြောသည်။ "သားကြီးကို အရပ်ဝတ်နဲ့လူနစ်ယောက်က ဆိုင်ကယ် တစ်ယောက်တစ်စီးနဲ့ သေနတ်လည်း တစ်ယောက်တလက်ကိုင်ပြီး သူကို ပစ်သွားတာ ကျွန်တော်ရှေ့မှာ ဒီလူနှစ်ယောက်ကို တွေ့လိုက်သေးတယ် ဆိုင်ကယ်အရမ်းမောင်းသွားတာ" ဟု ၎င်းကပြောသည်။ ကေအိုင်အို အဖွဲ့ဟု ယူဆရသော လက်နက်ကိုင်နှစ်ဦးက လွန်ခဲ့သည် ၃ရက် ခန့်က ကိုဇော်မိုးနိုင်အား ဖျားနားသူ တစ်ယောက် ကို ဆေးလာကုပေးရန် တောင်းဆိုခဲ့သော်လည်း ကိုဇော်မိုးနိုင် အနေဖြင့် ဖမ်းဆီးထားမည်ကိုစိုးရိမ်သဖြင့် သွားရောက်ကုသပေးရန်ငြင်းဆိုခဲ့သည်ဟု ဖခင်ဖြစ်သူက ပြောသည်။ "လွန်ခဲ့တဲ့ ၃ ရက်လောက်ကတော့ သားကြီးကို ဆေးလာကုပေးဖို့ခေါ်တယ် သူကလည်း မအားဘူးလို့ပြောပြီး မသွားတာ သူကိုဖမ်းထားမည်ဆိုတာ သိလို့ မသွားတော့ အခုလိုဖြစ်တယ်လို့ထင်ပါတယ်" ဟု ဖခင်ဖြစ်သူက ပြောသည်။ လည်ပင်း ရင်ဘတ်နှင့် ပေါင်များတွင် ကျဉ်ဆံမှန်ထားသည့် ကိုဇော်မိုးနိုင်မှာ ယခုလောလောဆယ် မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသည်။ ၎င်းသည် ယခင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတွင် စည်းရုံးရေးမှူး တစ်ဦးဖြစ်ခဲ့သည်။ ။ Yangon Press International | ||||
| ဒေါ်အောင်ဆန်းစုကြည် ကို ဒု-သမ္မတ ခန့်အပ်လိုပါက အခြေခံဥပဒေပြင်မှဖြစ်မည် Posted: 08 May 2012 05:55 AM PDT မေလ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI) ယခုရက်ပိုင်းအတွင်း ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်မည်ဆိုသည့် သတင်းများထွက်ပေါ်လျှက်ရှိရာ အကယ်၍ ၎င်းနေရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ခန့်အပ်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးမှ သာလျှင် ခန့်အပ်ခွင့်ရှိမည်ဟု လွှတ်တ်ာကိုယ်စားလှယ်များက ပြောဆိုသည်။ "အခုထွက်နေတဲ့ သတင်းပေါ်မှာ အခြေခံပြီး လူတိုင်းကစိတ်ဝင်စားနေတာက ကျွန်တ်ာတို့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒု-သမ္မတ နေရာ တင်မယ်ပေါ့ အကယ်လို့ တင်မယ်ဆိုရင်တောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်မှပဲရမယ် အခြေခံဥပဒေနဲ့ ငြိနေတာတွေရှိတယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ၀ိုင်ပီအိုင်သို့ ပြောသည်။ အလားတူ ဥပဒေပညာရှင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း " ဒေါ်စု တင်မယ်ဆိုရင် ဒု-သမ္မတက စစ်ရေးအမြင်ရှိရမယ် ဆိုတာပါနေတယ် နောက် သူ့သားတွေခင်ပွန်းတွေနဲ့ ပတ်သက်ပြီးဖွဲ့စည်းပုံမှာ ငြိနေတာတွေရှိတယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဆိုရင် ဘယ်လိုမှတင်လို့မရဘူး "ဟုဆိုသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၃) ပုဒ်မ (၅၉)(စ)အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များ၏ အ ရည်အချင်းများတွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးသားသမီး တစ်ဦးဦးသော်လည်းကောင်း ၊ထိုတရား ၀င်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ်ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြားအစိုးရ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း ၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟုပါရှိသည်။ နှုတ်ထွက်မည်ဟု လတ်တလော သတင်းများထွက်ပေါ်နေသော ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အမျိုးသားလွှတ်တော်နှင့် ပြည့်သူ့လွှတ်တော် နှစ်ရပ်အတွင်းရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည် စာရင်း တင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်သွင်း ထားသူ ဖြစ်သည်။ ထို့ကြောင့် ၎င်းနှုတ်ထွက်ပါက ယင်းတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကသာ ဒု-သမ္မတကို ပြန်လည် ရွေးချယ်တင်သွင်းရမည်ဖြစ်သည်။ "တပ်မတော်သားကိုယ်စားလှယ်တွေက စစ်တပ်က လာတဲ့သူတယောက်ယောက် ကိုပဲဖြစ်ဖြစ် ၊ဒေါ်စုကို ကိုပဲဖြစ်ဖြစ် သူတို့ရွေးချယ်ချင်ရင် ရွေးလို့ရပါတယ် ဒါပေမယ့် ဒေါ်စုကိုရွေးချယ် တင်မြောက်မယ်ဆိုရင် သူ့ခင်ပွန်းသူ့သား တွေနဲ့ပတ်သတ်ပြီး ဖွဲ့စည်းပုံနဲ့ငြိနေတဲ့အတွက် နာမည်စာရင်း တင်ပြတဲ့နေရာမှာပဲကို ပြုတ်ကျသွားနိုင်ပါတယ် "ဟု ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။ ဒု-သမ္မတမှာဒု-သမ္မတ (၁) နှင့်(၂) နှစ်ဦးရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒု-သမ္မတ (၁) အနာယူသွားပါက ဒု-သမ္မတ(၂) မှာ (၁) ဖြစ်လာပြီး နောင်ရွေးချယ်မည့် ဒုသမ္မတမှာ (၂) ဖြစ်လာမည်ဟု ၎င်းကဆိုသည်။ လက်ရှိဒု-သမ္မတများမှာ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ (၁)ဖြစ်၍ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှာ (၂)ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၇၂) အရ နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယသမ္မတစ်ဦးဦးသည် မိမိ၏ ရာထူးသက်တမ်း မကုန်ဆုံးမီ မိမိဆန္ဒ အရနှုတ်ထွက်လျင် နှုတ်ထွက်ခွင့်ပြုရမည်ဟု ပါရှိသည်။ အကယ်၍ ဒု-သမ္မတ နှုတ်ထွက်ခဲ့မည်ဆိုလျှင် ပုဒ်မ (၇၂)(စ) အရ ဒုတိယ သမ္မတ ရာထူးနေရာလစ်လပ်လျင် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပချိန်ဖြစ်ပါက ယင်းဒုတိယသမ္မတကို ရွေးချယ် တင်မြောက်ပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ခုနှစ်ရက်အတွင်း ဒုတိယ သမ္မတ တစ်ဦးရွေးချယ်တင်မြောက်ရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီး အမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်ဟုပါရှိသည်။ ပုဒ်မ (၇၂)(ဆ) အရ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးသည် နိုင်ငံတော်သမ္မတဧ။်အကြောင်းကြားစာရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ က ဒုတိယသမ္မတ တစ်ဦး ကို ရွေးချယ်တင်မြောက်ရေး အတွက်သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဟုပါရှိသည်။ ကျန်းမာရေးအကြောင်းကြောင့် ဒု-သမ္မတ(၁) နှုတ်ထွက်မည်ဆိုသည့် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှ စ၍ ဗီအိုအေမြန်မာပိုင်း သတင်းဋ္ဌာနနှင့် ရိုက်တာသတင်းဋ္ဌာနတို့မှ ရေးသားဖေါ်ပြလျှက်ရှိသော်လည်း ယနေ့ထိ တရားဝင် ကြေညာချက် တစုံတရာ ထွက်ပေါ်မလာသေးပေ။ ဒုသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦးမှာနအဖ အစိုးရလက်ထက်က အတွင်းရေးမှူး (၁) တာဝန်ယူခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် အခြားသော တပ်မတော်အရာရှိကြီးများနှင့်အတူ တပ်မတော်မှ အနားယူခဲ့သည်။ ၎င်းနောက် ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး အစိုးရအဖွဲ့တွင် ဒုတိယ သမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၎င်းသည် ဦးသိန်းစိန် အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူ၊ တရုတ်နိုင်ငံမှ စီးပွားရေး ကုမ္ပဏီများနှင့် အဆက်အသွယ်ရှိသူအဖြစ် သိရှိထားကြပြီး မြန်မာနိုင်ငံ၏ စီးပွားရေး စီမံကိန်းများကို စီမံခန့်ခွဲလျှက်ရှိသူ ဖြစ်သည်။ ။ Yangon Press International ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး (ဓါတ်ပုံ Reuters) | ||||
| ဖားကန့် ဒေသမှာ KIA ဆက်ကြေးကောက်နေ Posted: 07 May 2012 09:18 PM PDT ကချင်ပြည်နယ် ဖားကန့် ဒေသရှိ ကျောက်မျက်ကုမ္ပဏီများကို KIA တပ်ရင်း(၆)ကနေ မေလ(၁)ရက်နေ့ ၂၀၁၂ မှစပြီ ဆက်ကြေးတောင်းခံတဲ့ စာများပေးပို့ ထားကြောင်းသိရပါတယ်။ KIA မှ တောင်းခံထားတဲ့ ဆက်ကြေးနှုန်းထားများမှာ -- ၁။ ၆ ဘီး - ငါးရံခေါင်း(ဒမ်ထရပ်) = 1,500,000 ၂။ ၁၀ ဘီးကား = 800,000 ၃။ ၁၂ ဘီးကား = 1,000,000 ၄။ Back Hole အား ၂၀၀ နှင့် ၃၀၀ ကြား = 1,000,000 ၅။ Back Hole အား ၃၀၀ နှင့် ၅၀၀ ကြား = 1,000,000 ၆။ Back Hole အား ၅၀၀ အထက် = 2,000,000 ၇။ ကျင်းသား (တစ်ယောက်) = 2000 ၈။ ကျောက်စိမ်းလုပ်ကွက် အခွန် = 5,000,000 ၉။ ယူဒါ+Dozer = 200,000 ၁၀။ ပါဂျဲရို+ဖိုးဝှီး+ထပ်ကား = 300,000 ၁၁။ လုပ်ပိုင်ခွင့် = 3,000,000 စတဲ့ နှုန်းထားများသတ်တောင်းခံထားတာဖြစ်ပါတယ်။ အစိုးရနဲ့ KIA ငြိမ်းချမ်းရေးမလုပ်ခင်တုန်းကလည်း ဖားကန့် ဒေသရှိ စီးပွါးရေးလုပ်ငန်း အားလုံးကနေ KIA က ဆက်ကြေးကောက်ခံခဲ့ဖူးပါတယ်။ အခုအစိုးရနဲ့ ငြိမ်းရေးပျက်ပျယ် သွားပြီး တိုက်ပွဲပြန်ဖြစ်ပွါးလာချိန်မှာ KIA က ဆက်ကြေးပြန်ကောက်လာတာဖြစ်ပါတယ်။ ကျောက်မျက်လုပ်ငန်းတွေအပြင် လောင်းကစားဝိုင်းများနဲ့ တခြားစီးပွါးရေးလုပ်ငန်း များကိုလည်း ဆက်ကြေးတောင်ခံစာပို့ ထားကြောင်း ဖားကန့် ဒေသခံတွေဆီကနေ Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။
| ||||
| ကျွန်ဖြစ်နေတဲ့ မြန်မာတွေကို နွံနစ်အောင်လုပ်ရက်သလား Posted: 07 May 2012 08:37 PM PDT ဘန်ကောက် မြန်မာသံရုံးမှာ စာအုပ်သက်တမ်းတိုးမပေးတော့ဘူး………. ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ် သမားတွေ ယာယီပါတ်စပို့ကိစ္စ၊ အလုပ်လုပ်ခွင့် လက်မှတ်(work permit) ကိစ္စနဲ့ အလူးအလိမ့်ခံနေကြရတာကို လူသိ နတ်သိဖြစ်တယ်။ အဲဒါတွေမလုပ်ရင် ထိုင်းမှာ နေထိုင် အလုပ်လုပ်ကိုင်လို့ မရတာကြောင့် မလုပ်ချင်ပေမယ့် လုပ်နေကြရတာဖြစ်တယ်။ မြန်မာအလုပ်သမားတွေဟာ အန္တရာယ်များတဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်၊ ပင်ပန်းတဲ့အလုပ်တွေကို လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ စပယ်ရှယ်စားပြီး စတိုင်ကျကျ လုပ်ကိုင်ကြရတာမဟုတ်ဘူး။ ဒါပေမယ့် ဒီလူတန်းစားကို ထိုင်း/မြန်မာအစိုးရနဲ့ လုပ်ငန်းရှင်တွေက ဂုတ်သွေးစုတ်လို့ ကောင်းတဲ့ လူတန်းစား အဖြစ် သတ်မှတ်ထားတယ်။ အလုပ်သမား ၄သန်းဆိုတဲ့ ရင်းမြစ်ကြီးက သွားရည်ယိုလောက်တယ်လေ။ ဒီလိုပြောရခြင်းဟာ ပြောသင့်လို့ပြောခြင်းဖြစ်တယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောခြင်း မဟုတ်ဘူး။ ပတ်စပို့လုပ် WP လုပ် ရက်ပေါင်း ၉၀ ဧည့်စါရင်းတိုင် နဲ့ မြန်မာ အလုပ်သမားတွေ ကျွန်ခံသမျှ ပိုက်ဆံတွေ ထိုင်းမှာကုန်နေကြပြီဖြစ်တယ်။ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေအတွက် အကုန်အကျများလွန်းလို့ သေလုမျောပါး ဖြစ်နေ ကြရတဲ့ မြန်မာအလုပ်သမားတွေကို အယင်တုန်းက မြန်မာအစိုးရ ၀ါဇီစက်က ထုတ်လုပ်ခဲ့တဲ့ အနီရောင် အဖုံးနဲ့ ယာယီ ပတ်စပို့ တစ်အုပ်ကို ဘတ်ငွေ ၁၀၀ နုန်းထားနဲ့ထုတ်ပေးခဲ့တယ်။ စာအုပ်၂ နှစ် သက်တမ်း ကုန်သွားတော့ စာအုပ်သက်တမ်းတိုးခ အဖြစ် မြန်မာသံရုံးက ယူတာက ဘတ် ၁၅၀ ပေးရ ပါတယ်။ မြန်မာသံရုံးက စတေကာ ကပ်ပြီး လုပ်ပေးတာကြောင့် မြန်မာအလုပ်သမားတွေ ကိုယ်တိုင် လာစရာမလိုပဲ အခြားလူနဲ့  ထည့်ပေးလိုက်ရုံနဲ့ အလုပ်ဖြစ်တယ်။ ကြားပွဲစားတွေလည်း စာအုပ်တစ်အုပ်ကို ဘတ် ၅၀ ဒါမှမဟုတ် ဘတ်၁၀၀ လောက်စီ အမြတ်ယူပြီး လုပ်ပေးကြတယ်။ ဘာပဲပြောပြော အလုပ်သမားတွေ အလုပ်လည်း မပျက်ဘူး။ စားစရိတ်နဲ့ သွားစရိတ်တွေ မကုန်ဘူးလို့ အလုပ်သမားတွေက ပြောကြတယ်။ "ရေနစ်သူကို ၀ါးကူလို့ထိုးခြင်း" အနီရောင်ပတ်စပို့ မြန်မာအစိုးရ၀ါဇီစက်ရုံက ထုတ်ပေးတဲ့ အနီရောင် ပတ်စပို့ နဲ့ တောင်မှ အကုန်အကျ များလွန်းလို့ စိတ်ညစ်နေကြရတဲ့ မြန်မာ အလုပ်သမားတွေကို ယခု တစ်ပူပေါ်နှစ်ပူ ဆင့်လာတဲ့ လုပ်ရပ်က ပေါ်လာပြီးဖြစ်တယ်။ ၂၀၁၂ ခုနှစ်မှာ Trust Link ကုမ္ပဏီက လာရောက်ပြီး တော့ ခရမ်းရောင် အီလက် ထရွန်နစ် ပတ်စပို့စာအုပ် တစ်အုပ်ကို ဘတ်ငွေ ၅၅၀ နဲ့ ထုတ်ပေးနေတယ်။ မြန်မာအလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း ကိုယ်တိုင်လာရောက်ပြီးတော့မှ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်။ ၂နှစ်ပြည့်ပြီဖြစ်တဲ့ အနီရောင် ပတ်စပို့ကို ဘန်ကောက် မြန်မာသံရုံးမှာ နောက်ထပ် ထိုင်နိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်း တိုးလို့ မရတော့ဘူး။ သံရုံးနဲ့ နီးစပ်သူတွေ အပြောကတော့ ခရမ်းရောင် ပတ်စပို့စာအုပ် များများရောင်းရအောင် လုပ်ခြင်းဖြစ်တယ်လို့ စွတ်စွဲပြောဆိုကြတယ်။ မြန်မာသံရုံးမှာ အလုပ်သမားကိုယ်တိုင် သွားစရာမလိုပဲ သက်တမ်းတိုး လို့ ရတဲ့ လုပ်ငန်းစဉ်ကိုယခု အသစ်သတ်မှတ်လိုက်တဲ့ မူအရဆိုရင် ယာယီပတ်စပို့ ထုတ်ပေးတဲ့ မူလနေရာတွေကို အလုပ်သမား တွေ ကိုယ်တိုင် သွားရောက်ပြီးတော့မှ စာအုပ်အသစ် ထုတ်ယူရမှာဆိုတော့ စရိတ်စက လေးငါးထောင်အထိ ထပ်မံကုန်ကျမယ်လို့ သိရတာကြောင့် အလုပ်သမားတွေ အထူးစိတ်ထိ ခိုက်နေကြရပါတယ်။ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် အလုပ်သမားတွေကို နှိပ်စက်နေကြပါ လားလို့  ပြောနေကြတယ်။ ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ မြန်မာအလုပ်သမားတွေ ဆီက ငွေတွေကို ထိုင်းနိုင်ငံ အတွင်းမှာ ကုန်အောင် နည်းအမျိုးမျိုးနဲ့  ဂုတ်သွေးစုတ်နေကြခြင်းသာဖြစ်တယ်လို့  ခေတ်ပညာတတ် မြန်မာ အလုပ်သမားတွေက ပြောကြပါတယ်။ ပတ်စပို့စာအုပ်တိုးခြင်းဟာ စာအုပ်ဖိုးလောက် သာကုန်သင့်ပြီး ပတ်စပို့ အသစ်လုပ်သလို မျိုး လူကိုယ်တိုင် နယ်စပ်ကို အရောက်သွားပြီး ပြန်လဲ ရမယ်ဆိုတာက မြန်မာအစိုးရအနေနဲ့ အလွန် ရက်စက်ရာ ကျပါတယ်။ မြန်မာအစိုးရအနေနဲ့ Trust Link ကုမ္ပဏီက ထုတ်လုပ်တဲ့ ခရမ်းရောင် ပတ်စပို့ စာအုပ် ရောင်းချရရေး အတွက် ဒီလောက် ဦးစားမပေးသင့်ဘူး။ စာအုပ်အရောင်းပြောင်းခြင်းထက် မြန်မာအလုပ် သမားတွေ လုံလုံခြုံခြုံ နေထိုင် လုပ်ကိုင်ခွင့်ရရှိရေးက သာအဓိကဖြစ်တယ်လို့ ပြောကြ ပါတယ်။ မြန်မာသံရုံးမှာ သက်တမ်းတိုးလို့ရတဲ့ အနေအထားကနေ နယ်စပ်နဲ့  ပတ်စပို့ ထုတ်ပေးတဲ့နေရာတွေမှာ လူကိုယ်တိုင်သွားရောက်ပြီးမှ ပတ်စပို့အသစ်ကိုလဲလှယ်ရမယ် ဆိုတဲ့ အမိန့်ကို ဆက်လက်ကျင့်သုံးနေ မယ် ဆိုရင် ကျေးကျွန်းသဖွယ် အလုပ်လုပ်နေကြရတဲ့ မြန်မာအလုပ် သမားတွေအတွက် ဗူးလေးရာဖရုံဆင့် သာမက ရေနစ်သူကို ၀ါးကူထိုးသတ်တာမျိုး ဖြစ်နေတာကြောင့် ပြန်လည်သုံးသပ်သင့်ကြောင်း…… ကျော်သောင်း Myanmar News Now | ||||
| ၈၈ မျိုးဆက်ကျောင်းသားများ(ရှမ်ပြည်နယ်တောင်ပိုင်း) ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး Posted: 07 May 2012 08:01 PM PDT ၈၈ မျိုးဆက်ကျောင်းသားများခရီးစဉ် (ရှမ်းပြည်နယ်တောင်ပိုင်း/ တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး၊ ရွှေညောင်၊ ညောင်ရွှေ(အင်းလေးရိုးရာ)၊ဟဲဟိုး၊ အောင်ပန်း၊ ရွာငံ၊ ပင်းတယ၊ ပွေးလှကျေးရွာ(ဓနု/တောင်ရိုး ရိုးရာဒေသ) များသို့ (၁.၅.၂၀၁၂)ရက်နေ့မှ တစ်ဆက်တည်း (၇.၅.၂၀၁၂)ရက်နေ့အထိ..အစီအစဉ်အတိုင်း သွားရောက်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ ခရီးစဉ်ကို အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါသည်။ ယမန်နေ့က(၅.၅.၂၀၁၂)ရက်နေ့တွင် အောင်ပန်းမြို့တွင် ဆွေးနွေး ဟောပြောပြီး နောက်... ရွာငံမြို့သို့ သွာရောက် ဆွေးနွေးခဲ့ပါသည်။ (၇.၅.၂၀၁၂)ရက်နေ့. ပင်းတယမြို့္ပတွင်....နံနက်ပိုင်း ၈၈ မျိုးဆက်ကျောင်းသားများမှ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲကို..ဟောပြောခဲ့ပြီး....နေ့လည်..(၁း၀၀) အချိန်တွင် ပွေးလှမြို့( ပွေးလှကျေးရ၊ွာ)တွင် ...ဆက်လက်ဆွေးနွေးကြပါသည်။ ကျေးရွာတွင်းရှိ ဓနု/တောင်ရိုး၊ ဗမာ/ တိုင်းရင်းသားများ စုံညီစွာဖြင့် အိုးစည်ဗုံမောင်းများ / ယဉ်ကျေးမှုအဖွဲ့အကများဖြင့်ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကိစ္စများကို ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ တို့မှဆွေးနွေးပြီး ပွေးလှနယ်ခံလူမျိုးစုတိုင်းရင်းသားများက မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည် ၄င်းနောက် အောင်ပန်းမြို့သို့ ပြန်လည်ရောက်ရှိပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ... ရှမ်းပြည်နယ်တောင်ပိုင်း၊ ခရီးစဉ် အောင်မြင်စွာပြီးဆုံးသွားပါသည်။ Myanmar News Now | ||||
| စနစ်တကျသတင်းပို့ခြင်းမရှိဘဲ မြေမြှုပ်အလောင်းဖျောက်ဖျက်မှု Posted: 07 May 2012 07:46 PM PDT
ဖြစ်စဉ်မှာ သေဆုံးသူ အိုက် လောက်(ဘ)ဦးအိုက်ထက်လုံသည် ရပ်ကွက်(၁) နမ္မတူမြို့တွင် ဇနီး ဖြစ်သူ မအေးအိမ်(ဘ) ဦးအိုက် တန်းနှင့် အိမ်ထောင်ကျ၍ သား သမီး(၁)ဦး ထွန်းကားခဲ့ပြီး တောင် ယာလုပ်ငန်းကို ရိုးရာမပျက်လုပ် ကိုင်နေသူ ဖြစ်သည်။ ထိုမှတရုတ်နယ်စပ် မူဆယ် မြို့၊ မန်ခါးကျေးရွာတွင်ကြံခုတ် လုပ်ငန်းလုပ်ကိုင်ရန်တစ်မြို့တည်း နေ သူငယ်ချင်းအိုက်ဆိုင်း၊ သန်း ဟိန်းတို့နှင့်အတူ သွားရောက် လုပ်ကိုင်နေခဲ့ရာမှ လုပ်ငန်းပြီးစီး ၍ မတ် ၂၂ရက်နေ့ နံနက်ပိုင်း တွင် ၁၀၅ မိုင်စစ်ဆေးရေးစခန်းမှ တရားခံထွေးမြင့် မောင်းနှင်သော ယာဉ်အမှတ် ဂင/၉၇၈၅ (Light Truck) အဖြူရောင်ကားဖြင့်စီး နင်းလိုက်ပါခဲ့သည်။ ကားပေါ် တွင် မူဆယ်မှလိုက်ပါလာသူ ကျား(၅)ဦး၊ မ(၂)ဦးလိုက်ပါပြီး စစ်ဆေးရေးစခန်းမှ လိုက်ပါလာ သော အိုက်လောက်တို့ (၃)ဦး အပါအ၀င် ကားပေါ်တွင် ကျား (၈)ဦး၊ မ(၂)ဦးပေါင်း (၁၀)ဦးဖြစ် သည်။ ထိုသို့ စီးနင်းလိုက်ပါလာစဉ် (၁၀)နာရီခန့် နမ့်ဖတ်တွင် ထမင်း စားပြီး ဆက်လက်ထွက်ခွာလာ ရာ နေ့၁၂ နာရီတွင် ကွတ်ခိုင်မြို့ နယ်(၃၈)မိုင်၊ မန်ပြိန်းရွာအကွေ့ ကုန်းဆင်းတွင် ယာဉ်နောက်နား ထိုင်၍ လိုက်ပါလာသော အိုက် လောက်သည် ကားပေါ်မှ လွယ် အိတ်ပြုတ်ကျသဖြင့် ကားပေါ်မှ ခုန်ဆင်းလိုက်သည်။ ထိုစဉ်ကား အရှိန်နှင့်အကျမတော်ဘဲ ကား လမ်းပေါ်လဲကျရာ ခရီးသည်များ ကအော်ဟစ်ကြမှ ကားသမား ထွေးမြင့်က ကားကိုရပ်တန့်ပြီး ဆင်းကြည့်သည်တွင်အိုက်လောက် မှာ ဦးခေါင်းဝဲဘက်ဖူးရောင်ဒဏ် ရာ၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေး များယိုစီးထွက်ကျနေကြောင်းတွေ့ ရသည်။ သို့ဖြင့် ကားပေါ်ပွေ့တင် ကာဆေးခန်းပြရန် အမြန်မောင်း နှင်လာစဉ် သိန်းနီမြို့အ၀င် ဆေး ခန်းရှေ့အရောက်မှာ လူနာအိုက် အောက် (၂၂)နှစ်(ဘ)ဦးအိုက် ထက်လုံသည် သေဆုံးနေပြီဖြစ် သည်။ ဤသည်ကို ယာဉ်မောင်း ထွေးမြင့်က ""မတော်တဆဖြစ် တာမင်းတို့အမြင်ပဲ။ ငါနဲ့မဆိုင် ဘူး""ဟုဆိုသည်။ ဆက်လက်ထွက် ခွာလာရာ ညနေ ၃ နာရီခန့် လားရှိုးသို့ ရောက်ရှိပြီး နမ္မတူမြို့ သို့အထွက် ကားလမ်းအတိုင်း လာကာမြို့ပြင် ကားလမ်းနဘေး အမှိုက်ပုံအနီးသုဿာန်တွင် သန့် ရှင်းရေးလုပ်နေသူထံမှ ဂေါ်ပြား ငှားရမ်း၍ ကျင်းတူးမြှုပ်နှံခဲ့သည်။ ထိုသို့ မြှုပ်နှံပြီးမှ ယာဉ် မောင်းက အိုက်ဆိုင်းနှင့် သန်း ဟိန်းတို့ကို (ကြယ်သုံးလုံး)နမ္မတူ ကားဂိတ်သို့ လိုက်ပို့ပေးသည်။ ဂိတ်သို့ရောက်စဉ် ယာဉ်မောင်း ထွေးမြင့်က အိုက်ဆိုင်းအား ငွေ ၆ သောင်းပေးကာနှုတ်ပိတ်လိုက် သည်ဟု သိရသည်။ သေဆုံးသူ အိုက်လောက် ၏ဇနီး မအေးအိမ်(၂၄နှစ်) (ဘ) ဦးအိုက်တန်းမှာ မူဆယ်သို့အလုပ် လုပ်ရန် အတူတူ သွားကြသော အိုက်ဆိုင်းနှင့် သန်းဟိန်း(၁၅နှစ်) (ဘ) ဦးအိုက်ရီတို့ နေအိမ်သို့ ပြန် ရောက်နေသော်လည်း ခင်ပွန်း ဖြစ်သူပြန်ရောက်မလာသေးသဖြင့် သွားရောက်မေးမြန်းကြည့်ရာမှ အခြေအနေမှန်ကို သိရှိရခြင်းဖြစ် ပြီး အရေးယူပေးပါရန် ရဲစခန်းသို့ မတ် ၂၅ ရက်နေ့က သွားရောက် တိုင်ကြားခြင်းဖြစ်သည်။ သို့ဖြင့် စခန်းမှူး ရဲအုပ်ဝင်း နိုင် အနီးကပ်ကြီးကြပ်မှုဖြင့်ယာဉ် ထိန်းဒုရဲအုပ်စောဝင်း၊ အမှုစစ်တို့ က မတ် ၂၉ ရက်နေ့ညနေပိုင်း တွင် စစ်ဆေးပေါ်ပေါက်ချက် အရ တရားလိုပြသက်သေများ စစ်ဆေးခြင်း၊ အခင်းဖြစ်ရာအား စစ်ဆေးမှတ်တမ်းဓာတ်ပုံများရိုက် ကူးခြင်း၊ အလောင်းကို မူခင်း ဆရာဝန်၊ မြို့နယ်တရားသူကြီးနှင့် သက်သေများရှေ့တွင် ပြန်လည် ဖော်ထုတ်၊ ဆေးစာရေးသားပို့ ခြင်းများ၊ မြေပုံကြမ်းရေးဆွဲခြင်း များစသော ရဲစခန်းလုပ်ငန်းများ လုပ်ဆောင်ကာ တရားခံယာဉ် မောင်းထွေးမြင့်(ခ)ဟန်ဝင်း(ခ)ကျား ရှန် (၃၈)နှစ်(ဘ)ဦးလှမောင်၊ ကိုး ကန့်၊ ပလောင်၊ ခရစ်ယာန်၊ နယ် မြေ(၄)၊ ရပ်ကွက်(၈)၊ လားရှိုးမြို့ နှင့် အိုက်ဆိုင်း (၂၇)နှစ်(ဘ)ဦး အိုက်ကော်၊ ရပ်ကွက်(၁)၊ နမ္မတူ မြို့နေသူတို့အား အမှတ်(၂) ရဲစ ခန်းမှ (ပ)၄၃/၂၀၁၂၊ ဥပဒေဆိုင် ရာ ဥပဒေပြစ်မှုပုဒ်မ ၃၀၄-က/ ၂၀၁ အရအရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ (လားရှိုးမီဒီယာ) Hot News | ||||
| မြစ်ဆုံဆည် ပြန်ဆောက်ရေး CPI စည်းရုံးရေး ဗီဒီယို မြန်မာပြန်ထွက်ရှိ Posted: 07 May 2012 07:41 PM PDT ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာ ပြည်သူအများက ကန့်ကွက်ခြင်းခံရသည့် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများအား တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း CPI မှ စည်းရုံးပြောကြားချက် ဗီဒီယို မှတ်တမ်းတခုကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG က မြန်မာဘာသာသို့ ပြန်ဆိုကာ တနင်္လာနေ့က ဖြန့်ချိလိုက်သည်။ ဧပြီလ ၁၈ ရက်နေ့က အောင်မြင်သာ ကျေးရွာရှိ ဒေသခံအချို့နှင့် CPI ကုမ္ပဏီ တွေ့ဆုံမှု ဗီဒီယိုမှတ်တမ်းမှ CPI အရာရှိ LU Qizhou တရုတ်ဘာသာဖြင့် ပြောဆိုမှုကို မြန်မာဘာသာ ပြန်ဆိုပေးထားခြင်း ဖြစ်သည်။ "မြစ်ဆုံစီမံကိန်း ဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီရွာမှာ အကျိုးအရရှိဆုံးပေါ့။ ဒီ မြန်မာနိုင်ငံဟာ အကျိုးအရရှိဆုံးနိုင်ငံ ဖြစ်လာမယ်ဗျ။ အခုကျနော်တို့ စီမံကိန်း ဆိုင်းငံ့တဲ့အတွက် အစစအရာရာ အဆင်မပြေဘူး ဖြစ်လာတယ်။ နောက်ပိုင်း ဒီစီမံကိန်း ပြန်စမယ်။ အကုန်လုံး ကောင်းကောင်းမွန်မွန်ဖြစ်လာမယ်။ စီမံကိန်း အကောင်အထည် ဖော်တဲ့အချိန် ဒီရွာထဲမှာ ရှိတဲ့ ရွာသားတွေရော အကုန်လုံး Site ထဲ ဝင်သွားလို့ ရပါတယ်။ ပြီးရင် လူဦးရေ နှစ်သောင်းကျော်ကျော် က ဘေးနားမှာ ဆိုင်ဖွင့်လို့ ရပါတယ်။ စီမံကိန်းထဲမှာ စီးပွားရေးလုပ်လို့ ရတယ်။ နောက်ပိုင်း ဒီစီမံကိန်းပြီးရင် စက်ရုံထဲမှာ အလုပ်လုပ်လို့ ရမယ်" ဟု LU Qizhou ၏ အပြောကို စကားပြန်က ဘာသာပြန်ပေးထားသည်။ ထို့ပြင် "မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးဟာ လုံးဝစိတ်ချရပါတယ်လို့ ဒီနေရာမှာ အာမခံပါတယ်"ဟု CPI အရာရှိက ထပ်မံ ပြောဆိုသွားသည်။ စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်္ဘာလအတွင်း သမ္မတ အမိန့်ဖြင့် ၂၀၁၅ ခုနှစ်အထိ ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။ မစ္စတာ LU Qizhou က ဘရာဇီးနိုင်ငံ၏ အနောက်တောင်ဘက်ရှိ အီတိုင်ပု-Itaipu ရေကာတာ စီမံကိန်းအား သူသွားရောက်လေ့လာပြီး ပြန်လာခဲ့ကြောင်းနှင့် အဆိုပါ စီမံကိန်း မစတင်မီ စီမံကိန်းအနီး အလွန်ဆင်းရဲသည့် လူဦးရေ တသောင်းမှာ ရေကာတာ ဆောက်ပြီးနောက် ဘရာဇီးနိုင်ငံတွင် အချမ်းသာဆုံးမြို့တမြို့ ဖြစ်လာခဲ့ကြောင်း လက်ရှိ လူဦးရေ သုံးသိန်းထိ တိုးလာသည်ဟု စကားပြန်မှတဆင့် ပြောဆိုထားသည်။ စီမံကိန်းကြီး ပြီးဆုံးပါက လူနေမှုအဆင့် မြင့်မားလာကာ မြစ်ဆုံ၏ အထက်ပိုင်း ရေကန်ကြီး ဖြစ်လာကာ ယခင်ထက် ရှုခင်းပိုမိုလှပကာ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုရောက်ရှိလာနိုင်မည်ဟု သူက ပြောဆိုခဲ့သည်ဟု ဗီဒီယိုမှတ်တမ်းအရ သိရသည်။ အောင်မြင်သာကျေးရွာမှ ဒေသခံတဦးကလည်း "စီမံကိန်းကို ပြန်ဆောက်မယ်ဆိုရင် မင်းတို့အတွက် တိုးတက်လမ်း အများကြီးရှိတယ်ဆိုပြီး စည်းရုံးသွားတယ်။ မင်းတို့ အပေါ်မှာပဲ မူတည်တယ်။ မင်းတို့ စကားတချက်ဆိုရင် ကျနော်တို့ ဆက်ဆောက်သွားလို့ ရတယ်။ မင်းတို့ စဉ်းစားကြပါ"ဟု မစ္စတာ LU Qizhou ၏ စကားကို ပြန်ပြောပြသည်။ အဆိုပါ CPI နှင့် ဒေသခံတွေ့ဆုံပွဲ ဗီဒီယိုမှတ်တမ်းအား ဖြန့်ချိရခြင်းမှာ CPI အနေဖြင့် မြစ်ဆုံရေကာတာ စီမံကိန်းအား ဆက်လက် လုပ်ဆောင်သွားရန် ရည်ရွယ်ချက် ရှိနေသေးသည်ကို သိရှိကြစေရန် ဖြစ်သည်ဟု KDNG မှ ဒုတိယ တာဝန်ခံ ဆားဂျီ က ပြောသည်။ "အစိုးရက ရပ်ဆိုင်းထားပေမယ့် သူတို့က ထပ်လုပ်ချင်တဲ့ ဆန္ဒရှိနေတယ်ဆိုတာကို အများသိအောင် ထုတ်ပြန်ရတာပဲ။ CPI က ရေကာတာကို လုပ်ချင်နေတယ်။ ဒေသခံ ရွာသားတွေက CPI လုပ်တာကို လက်ခံတယ်ဆိုပြီး လိမ်ညာပြီးတော့ စည်းရုံးနေတာ"ဟု မဇ္ဈိမကို ပြောသည်။ မြစ်ဆုံစီမံကိန်းရှိ တန်ဖဲကျေးရွာအနားရှိ တန်ဖဲချောင်းတံတားကိုမူ ဆက်လက် ဆောက်လုပ်နေဆဲ ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ထို့ပြင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ CPI ရုံးတွင် ဝန်ထမ်းများ ရှိနေသေးပြီး စက်ပစ္စည်းများ ရှိနေသေးကြောင်း သူက ဆက်ပြောသည်။ မေလ ၅ ရက်နေ့ကလည်း တရုတ်စီးပွားရေး ရင်းနှီးမြှုပ်နှံရေးအဖွဲ့တခုမှ တရုတ် အမျိုးသမီးတဦးကလည်း အောင်မြင်သာမှ ရပ်မိရပ်ဖ ငါးဦးကို ခေါ်ယူ၍ မြစ်ဆုံအား မည်သည့်အတွက်ကြောင့် ကန့်ကွက်သည်ဆိုသည့် မေးခွန်းများအား မေးမြန်းခဲ့သည်ဟု ဆိုသည်။ CPI တာဝန်ရှိသူက အောင်မြင်သာ ရွာသားများအား တနှစ်စာ ဆန်ထောက်ပံ့မည်ဟု ပြောဆိုထားသော်လည်း ယနေ့ထိ ထောက်ပံ့ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။ KDNG သည် တရုတ်-မြန်မာ နယ်စပ်တွင် အခြေစိုက်ပြီး မြစ်ဆုံ စီမံကိန်းကြောင့် သဘောဝ ပတ်ဝန်းကျင် ထိခိုက်သဖြင့် စီမံကိန်း ရပ်ဆိုင်းရေးကို တောင်းဆိုနေသော အဖွဲ့တခု ဖြစ်သည်။ ဖနိဒါ - ချင်းမိုင်(မဇ္စျိမ) | ||||
| ရှမ်းပြည်နယ် မြောက်ပိုင်း ကယ်ဆယ်ရေး စခန်းများတွင် ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွား Posted: 07 May 2012 07:27 PM PDT | ||||
| နယ်ထိန်းရဲတပ်သား က အမျိုးသမီးတစ်ဦးကို အဓမ္မပြုမှုဖြစ်ပွား Posted: 07 May 2012 07:12 PM PDT ရန်ကုန်၊ မေ ၃ ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အောက်ရုံ ရပ်ကွက်တွင် ဧပြီလ ၃၀ ရက် ည ရ နာရီ၌ နယ်ထိန်းဖြစ်သူ ရဲတပ်သားတစ်ဦးက ၄င်း တာဝန်ကျသော ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်ဦးကို အဓမ္မပြုခဲ့သည်ဟု ဆိုကာ အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရသိရသည်။ အဆိုပါဖြစ်ရပ်မှာ အသက် ၂ရ နှစ်အရွယ် မ ... မှာ ခင်ပွန်းနှင့်အတူ ရှိနေစဉ် ရဲတပ်သား ရန်နိုင်လင်းက ဘဲပျောက်သည့်ကိစ္စနှင့် ပတ်သက်၍ မေးရန် ရှိသည့်အတွက် မ.... ၏ တူဖြစ်သူများကို မေးမြန်းရာ ၄င်းက မရှိကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် ၄င်းအမျိုးသမီး၏ အမျိုးတော်စပ်သူတစ်ဦးကို မေးမြန်းရာ ၄င်းကမရှိကြောင်း၊ ဘုန်းကြီးကျောင်းတွင် နေထိုင်ကြောင်းပြောခဲ့ပြီး ခင်ပွန်းဖြစ်သူက ၄င်းအမျိုးသမီးကို ဘုန်းကြီးကျောင်းသို့ အဆိုပါနယ်ထိန်းအား လိုက်ပို့ရန် ပြောဆို၍ လိုက်ပို့ရာမှ စက်ဆန်းသုသာန်ဘေးတွင်ရဲတပ်သားက ၄င်းကို အဓမ္မပြုခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံသို့ တိုင်ကြားချက်အရ သိရသည်။ ယင်းကဲ့သို့ဖြစ်ရပ်မျိုး ရပ်ကွက်တွင် မရှိသင့်ကြောင်း၊ မဖြစ်စေချင်ကြောင်း၊ ယင်းကဲ့သို့ ဖြစ်ရပ်မျိုးကို ဥပဒေအရ ကာကွယ်ပေးရန်လိုကြောင်း အဆိုပါ ရပ်ကွက်နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကဆိုသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် နယ်ထိန်း ရဲတပ်သားကို ပြစ်မှုဥပဒေအရ အရေးယူ နိုင်သကဲ့သို့ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရပါ အရေးယူ နိုင်ကြောင်း လုပ်သက် ၃၀ ခန့်ရှိ ရဲအရာရှိတစ်ဦးကဆိုသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းရလျှင်ရချင်း သက်ဆိုင်ရာ ရဲဌာနသို့ အကြောင်းကြားခဲ့ကြောင်း ယင်းအောက်ရုံရပ်ကွက် စက်ဆန်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ယင်းကဲ့သို့ ဖြစ်ပွားမှုအပေါ် ကြည့်မြင်တိုင်ရဲစခန်းက (ပ)၂၇၉/၁၂ ပုဒ်မ - ၃၇၆ ဖြင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှသိရသည်။ The Voice Weekly | ||||
| ကာမလိမ်လည် ပြန်ပေးဆွဲမှုဖြင့် ဂမ္ဘီရ စာရေးဆရာ သွန်းနေစိုးကို အမှုဖွင့် စစ်ဆေး Posted: 07 May 2012 07:07 PM PDT
'သုသာန်စောင့် မဖဲဝါ' ဂမ္ဘီရ စာအုပ်ဖြင့် လူငယ် စာဖတ်ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သော စာရေးဆရာ သွန်းနေစိုး (ဒဿကျော်စွာ)ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ (ကာမလိမ်လည် ပြန်ပေးဆွဲမှု)ဖြင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့စခန်းတွင် ဧပြီလ ၂ရ ရက်နေ့ကစ၍ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲတပ်ဖွဲ့ စခန်းနှင့် ကာယကံရှင်များထံမှ သိရသည်။ အဆောင်တွင် နေထိုင်သည့် သမီး ဖြစ်သူ ပျောက်ဆုံးသွားသဖြင့် လိုက်လံ စုံစမ်းရာ စာရေးဆရာ သွန်းနေစိုးက တက္ကသိုလ် ကျောင်းဝင်းအတွင်း ဝင်ရောက်၍ အကြမ်းဖက် ခေါ်ယူသွားသည် ကိုကြားသိရကြောင်း၊ ယင်းကြောင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့စခန်းတွင် ပ/၄၀၈/ ၂၀၁၂ဖြင့် အမှုဖွင့် တိုင်တန်း ခဲ့ကြောင်း အဆိုပါ တက္ကသိုလ် ကျောင်းသူ ၏ဖခင်ဖြစ်သူ ဦးလှကြိုင်က ဆိုသည်။ သမီးဖြစ်သူက မိခင်ဖြစ်သူကို နာရီ ဝက်အတွင်း လာရောက် ခေါ်ယူရန် ဧပြီ လ ၂ရ ရက်နေ့ ညနေပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ် ပြောကြားသဖြင့် ၄င်းတို့ နှစ်ဦး၏ တည်နေရာကို သိရှိကာ သက် ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းကို အကြောင်း ကြားခဲ့ကြောင်း ၄င်းက ပြောကြား သည်။ မိမိနှင့် စာရေးဆရာ သွန်းနေစိုး (အမည်ရင်း-ဦးကျော်ဝဏ္ဏ)တို့သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့တွင် သမီးရည်းစားများ ဖြစ်ခဲ့ကြောင်း၊ ရည်းစား ဖြစ်ပြီးနောက် မိဘများမသိ အောင်လက်ထပ်စာချုပ်တွင် လက်မှတ် ထိုးခဲ့ဖူးကြောင်း၊ ၄င်းတွင် လက်ရှိအိမ် ထောင်နှင့် ကလေးရှိနေကြောင်း မိမိက သိရှိချိန်တွင် ကွာရှင်းစာချုပ်တွင် ပြန် လည် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ကွာ ရှင်းစာချုပ်တွင် လက်မှတ်ရေးထိုးပြီး ၁ဝရက်အကြာ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ၄င်းက မိမိ၏တက္ကသိုလ် ကျောင်းအတွင်းသို့ ရောက်ရှိလာပြီး မိမိ တွင် ကိုယ်ဝန်ရှိနေသည်ဟုဆိုကာ ကိုယ်ဝန် ဖျက်ချရမည်ဟု လိမ်လည်ပြောဆိုလျက် ဒလမြို့သို့ ခေါ်ဆောင်သွားကြောင်း အသက် ၂၁ နှစ်အရွယ်ရှိ ကာယကံရှင် အမျိုးသမီးက ရှင်းပြသည်။ အမှုဖွင့် တိုင်တန်းသူများ၏ အရွယ်ရောက်ပြီး မိန်းကလေးကို လိမ်လည်ဖြားယောင်းကာ ခိုးယူပေါင်းသင်း သည့် စွပ်စွဲချက်အတွက် စာရေးဆရာ သွန်းနေစိုး (ဒဿကျော်စွာ)အမည်ရင်း- ဦးကျော်ဝဏ္ဏနှင့် ကာယကံရှင်မ ...တို့ ၏ ဘိုကလေးမြို့နယ် တရားရုံးတွင် တရားဝင် လက်ထပ်ထားသော လက်ထပ် စာချုပ်နှင့် ၄င်းတို့နှစ်ဦး ပျော်ရွှင်စွာ ရိုက် ကူးထားသော မှတ်တမ်းဓာတ်ပုံ အစ ရှိသည်တို့ကို ရဲတပ်ဖွဲ့စခန်း၌ စစ်ဆေးနေစဉ် တင်ပြခဲ့ကြောင်း ဦးကျော်ဝဏ္ဏ ၏အမှုကိစ္စအတွက် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူ ၄င်း၏မိတ်ဆွေ ဦးအယ်ခွန်လင်းစံ ကဆိုသည်။ တရားရုံးချုပ်ရှေ့နေတစ်ဦးလည်း ဖြစ်သူ ၄င်းက ''တရားရုံးကိုမတင်သေး ဘဲ ရဲစခန်းမှာပဲရှိနေသေးတဲ့အတွက် ရှေ့နေအနေနဲ့ လိုက်ပါဆောင်ရွက်ပေးလို့ တော့မရပါဘူး။ သူ့ရဲ့အထောက်အထား တွေကို ရဲစခန်းမှာစစ်ဆေးတုန်းကပဲ တင်ပြပေးခဲ့ပါတယ်''ဟု ဧပြီလ ၂၉ ရက်နေ့တွင်ရှင်းပြသည်။ စာရေးဆရာ သွန်းနေစိုးအနေဖြင့် ပြင်ပမှ ဝေဖန်ပြောဆိုမှုများကို ကြားသိ နေသော်လည်း အချုပ်ထဲ ရောက်ရှိနေ သောကြောင့် ဖြေရှင်းပြရန် အခွင့်မသာ သေးကြောင်း၊ အချုပ်မှ လွတ်မြောက်လာ ပါက ရှင်းပြမည်ဖြစ်ကြောင်း၊ နှစ်ဦး သဘောတူခိုးပြေးခြင်းဖြစ်ကြောင်း၊ မိမိ ဖြူစင်ကြောင်း သက်သေပြရန် မိန်းက လေးတစ်ယောက်သိက္ခာကို မချလိုသဖြင့် ယခုလောက်သာပြောလိုကြောင်း၊ တရား ဝင် လက်ထပ်ထားခြင်းဖြစ်ကြောင်း ၄င်း၏ကိုယ်ပိုင် Facebook စာမျက်နှာ ၌ ဧပြီလ ၃၀ ရက်နေ့ နေ့လယ်ပိုင်း က ရေးသားထားသည်ကို တွေ့ရသည်။ The Voice Weekly | ||||
| Online Media များ၏ ရပိုင်ခွင့်ကို ခံစားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ Posted: 07 May 2012 06:50 PM PDT Online Media များကို သမားရိုးကျမီဒီယာများ (Traditional Media) နည်းတူသတ်မှတ်ပြီး စာနယ်ဇင်း သမားများ၏ ရပိုင်ခွင့်များ ခံစားနိုင်ရန် အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းက ထုတ်ဖော်ပြောကြား လိုက် သည်။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) တို့ ပူးပေါင်းကျင်းပ သည့် World Press Freedom Day 2012 အခမ်းအနားကို ယခုလ ၃ ရက်နေ့က ကမ်းနားဟိုတယ်တွင် ကျင်းပခဲ့ ရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်ဆန်းကိုယ်စား တက်ရောက် လာသော ဒုတိယ ဝန်ကြီးက ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။ ''ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ Online Media များကို သမားရိုးကျ မီဒီယာများ (Traditional Media) နည်းတူ သတ်မှတ်ပြီး စာနယ်ဇင်းသမားများရဲ့ရပိုင် ခွင့်များခံစားနိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိကြောင်း၊ ပုံနှိပ် မီဒီယာ ဥပဒေတွင် သတင်း အေဂျင်စီထူထောင်ပြီး အွန်လိုင်းမှ သတင်းအချက်အလက်များ ဖြန့်ဝေလိုပါ က စနစ်တကျမှတ်ပုံတင်ပြီး ဆောင်ရွက် ခွင့်ရရှိစေရန် Online Journalist များ သည်လည်း ကျန်စာနယ်ဇင်းသမားများ နှင့် တန်းတူ ရပိုင်ခွင့် များ အကာအကွယ် များ ကျင့်ဝတ်များ ရရှိကျင့်သုံးနိုင်စေရန် စဉ်းစားဆောင်ရွက်ထားကြောင်း အနာဂတ် တွင် မြန်မာနိုင်ငံ၏ မီဒီယာ လောကသည် လွတ်လပ်မှုနှင့် တာဝန်သိမှုကို ဟန်ချက် ညီညီ ကျင့်သုံးနိုင်သည့် စစ်မှန် သော စတုတ္ထ မဏ္ဍိုင်အဖြစ် ပေါ်ပေါက် လာတော့မည် ဖြစ်ပါတယ်''ဟု ဒုတိယဝန်ကြီးက ပြောကြား သည်။ အဆိုပါ အခမ်းအနားကို ပြည် သူ့လွှတ်တော် အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော် မတီ ဥက္ကဌ သူရဦးအေးမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း၊ ရန်ကုန်မြို့ရှိ နိုင်ငံခြား သံရုံး များမှ သံအမတ်ကြီးများ၊ သံရုံးရာရေးတာဝန်ခံ များနှင့်တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများမှ ဌာနေကိုယ် စားလှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှဌာနဆိုင်ရာအကြီး အကဲများ နှင့် တာဝန် ရှိ သူများ၊ ပြည်တွင်း ပြည်ပ သတင်းထောက်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်း နှင့်ပတ်သက်၍ Online Media ကို လုပ်ကိုင်နေသူတစ်ဦးက '' ကျွန်တော့်အနေနဲ့ သတင်းထူး သတင်းဦးသတင်း မှန်တွေကို အချိန်နဲ့ တပြေးညီ အွန်လိုင်း ကနေ ပြည်သူတွေသိရှိနိုင်ဖို့ ဆောင်ရွက် နေတဲ့ယ ခုလို အချိန်မှာ ဒီလိုမျိုး ကျွန်တော် တို့ကို (Traditional Media) များနည်းတူ ရပိုင်ခွင့်များ ခံစားနိုင်ဖို့အတွက် ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ စဉ်းစား ဆောင်ရွက် လျက်ရှိတယ်ဆိုတာကို သိရတဲ့ အတွက် အများ ကြီး ဝမ်းသာပါတယ်။ အွန်လိုင်း မီဒီယာတွေ မြန်မာနိုင်ငံမှာ ဒီထက်ဖွံ့ဖြိုး နိုင်အောင် အတက်နိုင်ဆုံးကြိုးစား ဆောင်ရွက်သွား မှာဖြစ်ပြီး အွန်လိုင်း မီဒီယာ သမားတွေကို ကာကွယ်ပေးမယ့် ဥပဒေ တွေလဲ လျင်မြန် စွာပေါ်ထွက်နိုင်ပါစေလို့ မျှော်လင့်ပါတယ်'' ဟု သူ က ပြောကြားသည်။ ပြန်ကြားရေး ဝန်ကြီးဌာနအနေ ဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်များကို ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးနိုင် ရန် လိုအပ်သည့် ပုံနှိပ်မီဒီယာဆိုင်ရာဥပဒေ ကြမ်းတစ်ခုကို ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း၊ ယခုဆိုလျှင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၏အကြံပြုချက်များ၊ ယူနက်စကိုအဖွဲ့မှ ပညာရှင်များ၏ အကြံပြုချက်များနှင့် ပြီးခဲ့ သည့် မတ်လအတွင်း ကျင်းပခဲ့သည့်မီဒီယာ ကွန်ဖရင့်က ရရှိသည့်အကြံပြုချက်များအပေါ် မူတည်ပြီး ဒုတိယမူကြမ်းကို ဧပြီ ၂၃ ရက် တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ထပ်မံ တင်ပြထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အကြံပြုချက်များရရှိပါက လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် ဆောင်ရွက်ကာ အနီးဆုံးပြည်ထောင်စုလွှတ် တော်အစည်းအဝေးကို တင်ပြ အတည်ပြု ချက်ရယူသွား မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပင် ရုပ်သံလွှင့်မီဒီယာ ဥပဒေကြမ်းတစ်ခု ကိုလည်းရေး ဆွဲနိုင်ရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ Yangon Media Group | ||||
| Posted: 07 May 2012 06:39 PM PDT မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွေမန်း ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စား လှယ် ၈ ဦးဟာ ဥရောပ ဒီမိုကရေစီနဲ့ ပါလီမန်စနစ်ကို လေ့လာနိုင်ဖို့ ဂျာမနီနိုင်ငံကို ရောက်ရှိ နေပါတယ်။ ဥရောပသမဂ္ဂက မြန်မာအပေါ် ပိတ်ဆို့မှုတွေ တနှစ် ဆိုင်းငံ့မယ်လို့ ကြေငြာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ ဂျာမနီကို ရောက်လာကြတာ ဖြစ်ပါတယ်။ သူရ ဦးရွေမန်းနဲ့အတူ ပါလာတဲ့ ကိုယ်စားလှယ် ၈ ဦးထဲမှာ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဌ တခိျု့အပြင် ကျားဖြူပါတီက ဒေါ်နန်း ဝါနုတို့လည်း ပါဝင်ပါတယ်။ ကိုယ်စားလှယ်တွေဟာ မြူးနစ်မြို့က ဂျာမနီ ဘာဘေးရီးယန်း ပါလီမန်ကို သွားပြီး လေ့လာဖို့ ရှိသလို ဘာလင်မြို့မှာလည်း ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးအပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ''ဒီခရီးစဉ်ကနေပြီးတော့ မြန်မာပြည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းစဉ်မှာ တိုးတက်မှုတွေ ရလာအောင် အထောက်အကူ ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်'' လို့ ဒီခရီးစဉ်ကို စီစဉ်တဲ့ ဂျာမနီ အခြေစိုက် Hanns Seidel Foundation ပြောခွင့်ရ ပုဂ္ဂိုလ် ဟူးဘားတပ်စ် ကလင်းစ်ဘူဂယ်က ဘီဘီစီကို ပြောပါတယ်။ ''ဟန်း ဆိုက်ဒဲလ် ဖောင်ဒေးရှင်းဟာ ကမ္ဘာတဝန်း နိုင်ငံ ၆၀ လောက်မှာ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး လုပ်ငန်းတွေ လုပ်နေတာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျွန်တော်တို့ လုပ်ကိုင်လာတဲ့ ၃၅ နှစ် အတွေ့ အကြုံတွေက မြန်မာနိုင်ငံကို အထောက် အကူဖြစ်စေမယ်လို့ ထင်ပါတယ်'' လို့ သူက ပြောပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို သွားပြီး ဥရောပ ပါလီမန်ကိုလည်း သွားရောက်ဖို့လည်း ရှိပါတယ်။ ဂျာမနီနိုင်ငံကို ရောက်နေတဲ့ မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ နောက်တစ်ဖွဲ့လည်း ရှိသေးပြီး အဲဒီ အဖွဲ့မှာတော့ RNDP ရခိုင်ပါတီ ခေါင်းဆောင် ဒေါက်တာ အေးမောင်၊ ကျားဖြူပါတီ ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်း နဲ့ NLD အမတ် ဒေါက်တာ လှမြတ်သွေးတို့လည်း ပါဝင်ပါတယ်။ ဘီဘီစီ-မြန်မာပိုင်း | ||||
| Posted: 07 May 2012 06:36 PM PDT
အင်းခွန်ဆိုရင် အစိုးရကို လေလံဆွဲတဲ့အတိုင်း (၃၅)ရာနှုန်းထိ ထပ်မံ ပေးနေရတာ ဖြစ်ပြီး မပေးနိုင်ရင်တော့ အင်းလုပ်ခွင့်မပေးနိုင်ဘူးလို့ အင်းသမားတွေကိုခေါ်တွေ့ပြီး ပြောသွားခဲ့ပါတယ်။ ဆင့်ခေါ်တဲ့ ကေအန်ယူအဖွဲ့တွေကတော့ တောင်ငူခရိုင် တပ်ရင်း(၇)က ပဒိုမောင်အေးနဲ့ တပ်ရင်း(၉)က တပ်ရင်းမှူး စောပုလဲတို့ဘဲ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။လယ်သမားတွေ ကလည်း စပါး မရတဲ့အတွက် တခြားနေရာက ၀ယ်ပေးရတာရှိသလို မပေးနိုင်တဲ့ လယ်သမားတွေက လည်း ရွာကနေ ရှောင်ပေး နေရပါတယ်။ တအိမ်ကို သုံးသောင်းကျပ် ကောက်ခံတဲ့အတွက် မပေးနိုင်တဲ့သူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ကေအန်ယူဗဟိုကတော့ ဒီကိစ္စသူတို့ မသိရသေးဘူးလို့ အထွေထွေအတွင်းရေးမှူးဖြစ်သူ နော်စီဖိုးရာစိန်က ပြောပါ တယ်။ ဘာဘဲဖြစ်ဖြစ် ရွှေကျင်မြို့နယ်က ရွာသူရွာသားတွေ အင်းသမားနဲ့လယ်သမားတွေ ကတော့ ကေအန်ယူနဲ့အစိုးရတို့ ငြိမ်းချမ်းရေး ရပြီးကာမှ သူတို့ဘ၀ မငြိမ်း ချမ်းလာတယ်လို့ ဆိုကြပါတယ်။ ဘီဘီစီ - မြန်မာပိုင်း | ||||
| ထိုင်း-မြန်မာနယ်စပ် ဂိတ်အချို့ကို ဒီကေဘီအေ ပိတ်ပစ် Posted: 07 May 2012 06:32 PM PDT
ထိုင်း-မြန်မာနယ်စပ်မှာချထားတဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ)ရဲ့ တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်မှူး စန်းအောင်က တပ်ခရိုင်နဲ့ မျက်နှာချင်းဆိုင်က ဂိတ်ပေါက် ၁၀ ခုကို ပိတ်ထားလိုက်တယ်လို့ ပြောပါတယ်။ "ညွှန်ကြားချက်ရတဲ့ လူတွေကို အကုန်ပိတ်ခိုင်းထားတယ်။ တချို့တပ်တွေကျတော့ အချိန်မီ ညွှန်ကြားချက်မရတာ ရှိတယ်လေ။ ကျနော်တို့ လက်လှမ်းမီတဲ့ ဂိတ်တွေတော့ ပိတ်ထားတယ်။ ၁၀ ဂိတ်ကျော်ပြီ။ ကျနော်တို့တပ်တွေကို ဟိုဘက်ခြမ်း ဒီဘက်ခြမ်း လူသွားလူလာ ပေးမလုပ်ဖို့။" ဒီကေဘီအေခေါင်းဆောင် ဗိုလ်ချုပ်နှုတ်ခမ်းမွေးကို ဖမ်းပေးဖို့၊ လွှဲပြောင်းပေးဖို့ မြန်မာဘက်ကို ထိုင်းက တရားဝင် တောင်းဆိုလိုက်တဲ့အချိန်မှာ နယ်စပ်မှာ အခြေအနေတွေ တင်းမာလာတာပါ။ ၂၀၀၃ ခုနှစ်တုန်းက နယ်စပ်မူးယစ်ဆေးဝါးမှောင်ခိုမှုမှာ ပတ်သက်ခဲ့တယ်ဆိုတဲ့ ထိုင်းအစိုးရရဲ့ စွပ်စွဲချက်တွေကို ဗိုလ်ချုပ်နှုတ်ခမ်းမွေးဘက်က ငြင်းဆန်ထားပြီး နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့တွေ လာရောက်စစ်ဆေးနိုင်တယ်လို့ အကြိမ်ကြိမ် ဖိတ်ခေါ်ထားပါတယ်။ အခုပိတ်ခဲ့တဲ့ ဂိတ်ပေါက်တွေဟာ နှစ်ဖက် အရောင်းအဝယ်နဲ့ စိုက်ပျိုးရေးသမားတွေအတွက် ကူးသန်းတဲ့ အဝင်အထွက်ဂိတ်တွေ ဖြစ်ပါတယ်။ အခြေအနေတွေ တင်းမာလာရင် ဒီကေဘီအေတပ်တွေက နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အချက်အချာကျတဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားကို ပိတ်ပစ်ဖို့ ဆန္ဒရှိတယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူး စန်းအောင်က ပြောပါတယ်။ "မြဝတီတံတားကို ပိတ်ဖို့တော့ ကျနော်တို့ ကြိုးစားကြည့်တယ်။ ခရိုင်ကနေ ပြည်နယ်ကို တင်ပေးဖို့၊ ပြည်နယ်ကနေ အရှေ့တောင်တိုင်းထိ တင်ပေးဖို့ ကျနော်တို့ ပြောတယ်။ တရားဝင် တုံ့ပြန်တာတော့ မရှိဘူး။ တပ်တွေတိုးပြီးတော့ ချထားတာတော့ တွေ့ရတယ်။ ကျနော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ သူတို့ အိမ်နီးချင်းနိုင်ငံနဲ့လည်း မျက်နှာမပျက်ချင်ပါဘူး။ ဒီနိုင်ငံတော်မှာ ခွင့်ပြုချက်တောင်းတယ်။ သူတို့ပိတ်ပေးမယ်၊ ဖွင့်ပေးမယ်ဆိုတာ ကျနော်တို့ကို တရားဝင်ပြောထားတာ မရှိဘူးဗျ။ ကျနော်တို့ အောက်ခြေက တပ်မှူးတွေကို ဗိုလ်ချုပ်က မရမက ပိတ်ပါပြောလို့ရှိရင် ပိတ်ရမှာပဲ။ ကျနော်တို့က စစ်သားတွေဆိုတော့ အထက်အမိန့်ကို နာခံရမှာပဲ။ "သတင်းစာရှင်းလင်းပွဲပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ကို ဆက်စောင့်ကြည့်ပါဦးလို့ လေးလေးနက်နက် ညွှန်ကြားတာရှိတယ်။ ကျနော်တို့ ဗိုလ်ချုပ်က အဲ့လို ညွှန်ကြားတော့ ကျနော်တို့ စောင့်ရမယ်။ ကျနော်တို့က တရားသောစစ်ကို ဆင်နွှဲဖို့ရာ ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့က ဝန်မလေးဘူး။ ထိုင်းက ကျနော်တို့ကို မတရားသောနည်းနဲ့ ဖိနှိပ်မယ်ဆိုရင် ကျနော်တို့ ကာကွယ်ရမှာပဲ။ ဘယ်သူဘယ်ဝါမဆိုပေါ့လေ။ ဖမ်းမယ်ဆိုရင်လည်း ကျနော်တို့က ကာကွယ်ရမှာပဲ။ ဒါကျနော်တို့ရဲ့ လက်ရှိအနေအထားပေါ့လေ။" ဗိုလ်ချုပ် နှုတ်ခမ်းမွေး ခေါင်းဆောင်တဲ့ ဒီကေဘီအေတပ်ဖွဲ့ဟာ ၂၀၁၀ ရွေးကောက်ပွဲကျင်းပတဲ့ အချိန်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ မြဝတီမြို့ကို နာရီတချို့သိမ်းပိုက်ခဲ့ဖူးပါတယ်။ မြဝတီမြို့က ကုန်သည်တဦးကတော့ တံတားအောက်မှာ မြန်မာအစိုးရတပ်တချို့ လုံခြုံရေးချပေမယ့် ကုန်သွယ်မှုတွေကတော့ ပုံမှန်အတိုင်း ရှိနေတယ်လို့ ပြောပါတယ်။ "အခြေအနေကတော့ ပုံမှန်ပါပဲ။ ဘာမှထူးခြားမှုမရှိဘူး။ ကုန်သည်တွေလည်း ပုံမှန်ပဲသွားနေကြတယ်။ တံတားအောက်တွေမှာ အစောင့်နည်းနည်း ပိုများလာတာတခုပဲ၊ ပိတ်တာတို့ဘာတို့တော့ ဘာမှမရှိသေးဘူး။" ထိုင်းသတင်းစာတစောင်ဖြစ်တဲ့ ဘန်ကောက်ပို့စ်သတင်းမှာတော့ မြန်မာပြည်ဘက်ခြမ်းမှာ အခုလို အခြေအနေတွေ ဖြစ်နေပေမယ့် ထိုင်းဘက် မှာတော့ လုံခြုံရေး အခြေအနေ ပုံမှန်အတိုင်း ရှိနေတယ်လို့ ဆိုပါတယ်။ နေသွင် - ဒီဗွီဘီ | ||||
| မေလ ၇ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၁ Posted: 07 May 2012 06:23 PM PDT | ||||
| DKBA နဲ့ အစိုးရကြား တင်းမာမှု KNU ကြားဝင် စေ့စပ်ဖို့ ကမ်းလှမ်း Posted: 07 May 2012 05:50 PM PDT ဓာတ်ပုံ aye mar ဗိုလ်ချုပ် စောလားပွယ် သတင်းစာရှင်းလင်းပွဲ လုပ်ပုံ။ ထိုင်းမြန်မာ နယ်စပ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာမယ့် အရေးကို ကြားဝင်ဖြေရှင်းပေးဖို့ အတွက် ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ (KNU) ဘက်က ဖြေရှင်းပေးဖို့ အဆင့်သင့်ရှိပါတယ် လို့ ကမ်းလှမ်းလိုက်ပါတယ်။ လက်နက်ကိုင် ကရင်ဗုဒ္ဓဘာသာ တပ်မတော် ဒီကေဘီအေ (DKBA) တပ်မဟာ (၅) က ခေါင်းဆောင်တွေကို ထိုင်းနဲ့ မြန်မာ အာဏာ ပိုင်တွေက မူးယစ်ဆေးဝါး မှောင်ခိုမှု စွပ်စွဲချက်တွေ နဲ့ အလိုရှိကြောင်း ကြေငြာခဲ့ပြီးတဲ့ နောက်မှာ တင်းမာမှု တွေကလည်း ကြီးထွားလာခဲ့တာပါ။ ထိုင်း အစိုးရ က တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အဖွဲ့ ဒီကေဘီအေ (DKBA) ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွှေးလို့ လူသိများတဲ့ ဗိုလ်ချုပ် စောလားပွယ် ကို မူးယစ်ဆေးဝါးမှာ ပါဝင် ပတ်သက်နေမှု နဲ့ ဘတ်ငွေ တစ်သန်း ဆုကြေးငွေ ပေးပြီး အလိုရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ထိုင်း မြန်မာ နယ်စပ်မှာ သွားရေး လာရေး ကိစ္စတွေ တင်းမာမှု တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဗိုလ်ချုပ် စောလားပွယ် ဘက် ကလည်း မူးယစ်ဆေးဝါး ကိစ္စနဲ့ ပတ်သက်ပြီး ငြင်းပယ်နေသလို ထိုင်းဘက် ကလည်း သူတို့မှာ အခိုင်အလုံ သက်သေတွေ ရှိတယ် ဆိုပြီး ပြောဆိုနေတာပါ။ နှစ်ဘက် စလုံးက လက်ခံမယ် ဆိုရင် အမှန် အတိုင်း ဖြစ်အောင်လို့ ကေအန်ယူ ဘက်ကနေ ဝင်ရောက် ဖြေရှင်းပေးဖို့ ဆန္ဒ ရှိတဲ့ အကြောင်း ကေအန်ယူ ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူး စောလငွေ က ပြောပါတယ်။ "ကျနော် တို့ အနေနဲ့ ကတော့ မူးယစ်ဆေးဝါးကို ဆန့်ကျင်တယ်။ ဗိုလ်ချုပ် စောလားပွယ်တို့ကလည်း မူးယစ်ဆေးဝါးကို ဆန့်ကျင်တယ်။ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ရှင်းတယ်။ လက်ဆေးနိုင်တယ်လို့ သူတို့က ပြောတာကိုး။ ဟိုဘက်ကလည်း မဟုတ်ဘူး။ မင်းတို့ ပတ်သက်တယ် ဆိုပြီး ငါတို့မှာ အခိုင်အလုံ ရှိတယ် ဆိုပြီး ပြောတဲ့ ကိစ္စတွေ မှာ ကျနော် တို့က ဖြေရှင်းဖို့ ဆိုလို့ ရှိရင် ကျနော် တို့ ကေအန်ယူ အနေနဲ့ ထိတွေ့ ဆက်ဆံဖို့ ဆိုရင် တဘက်က ကျနော်တို့ အမျိုးသား ဖြစ်တယ်။ နောက်ပြီး ကျနော် တို့ နဲ့ ပတ်သက်တဲ့၊ ဆက်လက်ပြီးတော့ ညှိနှိုင်းပြီးတော့ ပေါင်းစပ် ဖို့ အဖွဲ့အစည်း တစ်ရပ်ဖြစ်တယ်။ ဒီဘက်မှာ ဆိုလို့ ရှိရင်လည်း ကျနော်တို့ နဲ့ မကင်းရာ မကင်းကြောင်း တကယ့်ကို နောက်ကြောဖြစ်တဲ့ အစိုးရ အဖွဲ့အစည်း ဖြစ်တဲ့ အခါကျတော့ ကျနော်တို့ ကို ချဉ်းကပ်လာရင်တော့ ကျနော်တို့ ပါဝင်နိုင်ခွင့် ရှိတဲ့ အလျောက်၊ ပေးတဲ့ အလျောက်ပေါ့၊ တစ်ဘက်ကတော့ ကျနော်တို့ကို ယုံကြည်အားကိုးတဲ့ အလျောက် ကျနော်တို့ က ပြေလည်ရာ ပြေလည်ကြောင်း ကိစ္စအတွက် ဆိုရင်တော့ ကျနော်တို့က ပါဝင်ဖို့ ဝင်မလေးပါဘူး။" တင်းမာမှု ဖြစ်နေတဲ့ ဒေသတွေ ရဲ့ အခြေအနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားတွေကိုလည်း ဗိုလ်မှူး စောလငွေ ကအခုလို ရှင်းပြပါတယ်။ "တပ်မ ၆ အနေနဲ့ က လူးလာရာ ခရိုင်၊ ကျနော်တို့ ဝေါလေး၊ ဝေါလေး ခွင်ပေါ့၊ ကျနော်တို့ ဟိုဘက် ဆိုလို့ ရှိရင် ဖုတ်ဖရာ့ မြို့နယ် စပ်တွေပေါ့၊ အဲဒီ နေရာတွေ မှာတော့ အခု လောလောဆယ်တော့ နှစ်ဘက်ကပေါ့၊ တစ်ဘက် နဲ့ တစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှု တွေ ရှိတာပေါ့လေ။ ကိုယ်လုံခြုံရေးကို၊ ဗိုလ်ချုပ် စောလားပွယ် တို့လည်း သူတို့ လုံခြုံရေးအတွက် သူတို့ ယူတဲ့ အနေအထားနဲ့၊ ဒီဘက်ကလည်း ဖြတ်သန်းခွင့်တွေကို သတိထားပြီး ပိတ်ပင်တဲ့ အနေအထား အပေါ်မှာဆိုတော့၊ နှစ်ဘက် ပုံမှန် လူထု ဖြတ်သန်းဖို့နဲ့ ကူးလူးဆက်ဆံဖို့ က ရပ်တန့်သွားတယ်ပေါ့။ ရပ်တန့်မှု ဖြစ်သွားပြီးတော့ တင်းမာမှု ဖြစ်နေတယ်လို့ အဲဒီလိုဘဲ ကျနော် နားလည်တယ်။" အခုလို မူးယစ်ဆေးဝါး နဲ့ စွပ်စွဲတဲ့ စွပ်စွဲချက်တွေဟာ အရင်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ကြောင်း အခုအချိန်မှာ ဗိုလ်ချုပ် စောလားပွယ်တို့ကလည်း မူးယစ်ဆေးဝါးနဲ့ ကင်းရှင်းတဲ့ အကြောင်းကို အခိုင်အမာ အာမခံနေသလို ထိုင်းဘက်ကလည်း စွပ်စွဲချက်တွေ ရဲ့ နောက်ကွယ်မှာ သက်သေ သာဓကတွေ ရှိတဲ့ အကြောင်း ပြောဆိုနေပါတယ်။ ဒီ ဖြစ်ရပ်တွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် ပါဝင်ခဲ့တဲ့ စစ်အစိုးရမှာလည်း တာဝန်ရှိတဲ့ အကြောင်း၊ အဲဒီ အချိန်က ဒီကေဘီအေ နဲ့ စစ်အစိုးရ တို့ အကြားမှာ နားလည်မှု နဲ့ ပူးတွဲ ဆောင်ရွက်ခဲ့တဲ့ အချိန် ဖြစ်တယ် လို့ ပဒို စောလငွေ ကပြောပါတယ်။ "နှစ်ဘက် ပဋိပက္ခ က အခုလောလောဆယ် လက်ရှိ ရှိတဲ့ ဦးသိန်းစိန် အစိုးရမှာလည်း ရိုက်ခတ်မှု ရှိတယ်လေ။ ဘာလို့လည်း ဆိုတော့ ဗိုလ်ချုပ် စောလားပွယ်တို့ နဲ့ ဦးသိန်းစိန် အစိုးရတို့ နဲ့ပဲလည်း နားလည်မှု ရှိထားပြီးတော့ သူတို့ကို တရားဝင် အခြေချခွင့်၊ လှုပ်ရှားခွင့် နဲ့ နေလို့ ရတဲ့ တရားဝင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်ဘဲ။ လောလောဆယ် အားခြင်းပေါ့လေ။ ကျနော်တို့ အနေနဲ့ ကလည်း ထိုနည်း၎င်းဘဲ၊ ကျနော်တို့က အပစ်ရပ်စဲရေး လုပ်ထားတဲ့ အခါကျတော့၊ ဗိုလ်ချုပ် စောလားပွယ်တို့ နဲ့ ကျနော်တို့နဲ့ ဘာဘဲ ဖြစ်ဖြစ် ကျနော် တို့ အကြားမှာ ထိပ်တိုက် ပဋိပက္ခတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ အပေါ်မှာ ကျနော်တို့ အမျိုးသားချင်း ပြန်လည် ညီညွှတ်ရေး တည်ဆောက်နေတဲ့ ကာလမှာပေါ့လေ။ အဲဒီလို သူတို့ နဲ့ ကျနော် တို့ကြားမှာ ပြန်ညှိရမယ့် ဟာတွေ အများကြီး ရှိတဲ့ ကြားမှာ ဒီလိုမျိုး ကိစ္စတွေ ပေါ်လာတဲ့ အခါမှာကျတော့ ကျနော် တို့ လုပ်ရမယ့် အလုပ်တွေ တောင်မှ အနှောက်အယှက်အများကြီး ပြန်ဖြစ်လာတာပေါ့။" အခုအခါမှာတော့ ထိုင်းအစိုးရက ကရင် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ် နှုတ်ခမ်းမွှေးကို လွှဲအပ်ပေးဖို့ဘဲ ဆက်တိုက် တောင်းဆိုနေတဲ့ အကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြနေပါတယ်။ By စံမိုးဝေ (ဗွီအိုအေ-မြန်မာပိုင်း) | ||||
| အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြား Posted: 07 May 2012 05:48 PM PDT ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ လိုအပ်တယ်လို့ မနေ့က စတင်တဲ့ အမျိုးသမီးအခွင့်အရေး ကာကွယ်ရေး နိုင်ငံတကာ လှုပ်ရှားမှုအတွက် ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် ဆုချီးမြင့်ကြောင်း နိုဘယ်လ်ဆုအဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ။ အကြောက်တရားတွေကို ဖြစ်ပေါ်စေတဲ့ အမျိုးသမီးတွေအပေါ် မတရားပြုကျင့်မှုနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတကာမှာ ရှိနေတဲ့ အမျိုးသမီးထု တရပ်လုံးဆီ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတွေကို ကျွန်မတို့အားလုံး ဆောင်ကြဉ်းပေးကြပါစို့လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသမီးတွေအပေါ် မတရားပြုကျင့်မှုနဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေးအတွက် အမျိုးသမီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေ ပါဝင်ဦးဆောင်တဲ့ နိုင်ငံတကာလှုပ်ရှားမှုကို မနေ့က စတင်လိုက်ပါတယ်။ ဒီ Campaign လှုပ်ရှားမှုတွေကို မေလ (၆) ရက်နေ့ ကနေ (၁၃) ရက်နေ့ အထိ မြန်မာအပါအ၀င် ကွန်ဂို၊ ကင်ညာနဲ့ ကမ္ဘောဒီယား လေးနိုင်ငံမှာ အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်တဲ့ မရီမွန်ထွန်းက ပြောပါတယ်။ အခုလို နိုင်ငံတကာ အဖွဲ့အစည်း ၅၀၀ နီးပါး ပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု အောင်မြင်ရေးအတွက် အရေးပါတဲ့ ဆက်သွယ်ညှိနှိုင်းရေးမှူးအဖြစ် မရီမွန်ထွန်းကို တာဝန်ပေးအပ်တာဟာ မြန်မာအမျိုးသမီး တစ်ဦးအနေနဲ့ ပထမဦးဆုံး ဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး နိုင်ငံတကာ လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာဖို့အတွက် ကနေဒါနိုင်ငံ အခြေစိုက် အမျိုးသမီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်များအဖွဲ့ ဦးဆောင်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ RFA-Burmese |
| You are subscribed to email updates from သစ်ထူးလွင် Myanmar News Now To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |




















