သစ်ထူးလွင် |
- မြန်မာ့လေကြောင်းက စင်းလုံးငှားလေယာဉ်များအား (၁)နာရီ ကန်ဒေါ်လာ(၁၆၀၀)ပေး၍ငှားရမ်းနိုင်
- သတင်းထောက်အား လက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း ဒီချုပ်က ကျော်စိုးနိုင် ရှင်းလင်း
- မန္တလးမြို့ စည်ပင်သာယာမှ တဖက်သက်လုပ်ဆောင်နေခြင်း
- ရန်ပုံငွေများ လိမ်လည် တင်ပြတောင်းခံ၍ အလွဲသုံးစား လုပ်နေခြင်း
- ဧည့်စာရင်းသွားတိုင်လို့ ဒဏ်ရိုက်ခံရသည့် ပဲခူးမြို့ မ ဈေးသူ ဈေးသားများ
- မန္တလေး ဟိုတယ်ဇုန်အတွက် မြေဧက ၃ ထောင်ကျော် သတ်မှတ်
- Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများဆန္ဒပြ
- နိုင်ငံတော် သမ္မတရုံး တရားဝင် Website လွှင့်တင်
- NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန်
- Weekly Express Times ၏ သဘောထားထုတ်ပြန်ချက်ကို NLD သို့ပေးပို့ခြင်း
- မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဥရောပပါလီမန်လေ့လာ
- တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးကိုပါ စဉ်းစားဖို့ ရင်းနှီး မြှုပ်နှံသူတွေကို ဒေါ်စု တိုက်တွန်း
- ဇေကမ္ဘာသိမ်းထားတဲ့ ယာမြေပေါ် ရွှေနံ့သာ လယ်သမားများ စတင် ထွန်ယက်
- မန္တလေး-မြစ်ကြီးနား လမ်းပိုင်း မိုင်တိုင် ၆၄၄ အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွား
- အလုပ်အကိုင်သစ် ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူ အရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား
- မြန်မာ့အပြောင်းအလဲ စိတ်မချရသေး
- Hi-Mo High-Art ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမား တောင်းဆိုချက်ရရှိ
- YES – Inno အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြ
- ပိုလန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်တို့ကို တွေ့ဆုံ
| မြန်မာ့လေကြောင်းက စင်းလုံးငှားလေယာဉ်များအား (၁)နာရီ ကန်ဒေါ်လာ(၁၆၀၀)ပေး၍ငှားရမ်းနိုင် Posted: 11 May 2012 05:00 AM PDT ပြည်တွင်း၌သွားလားမူ အဆင်ပြေလွယ်ကူချောမွေ့စေရန် မြန်မာ့လေကြောင်းက စင်းလုံးငှား လေယာဉ် များအား တစ်နာရီလျှင် အမေရိကန်ဒေါ်လာ (၁၆၀၀) ဖြင့်စတင်ငှားရမ်းနိုင်ပြီဖြစ်ကြေင်း သိရှိရသည်။ လက်ရှိ စင်းလုံးငှားလေယာဉ်များအဖြစ် အသုံးပြုလျက်ရှိသော လေယာဉ်များမှာ F-28, F-27, F-760 များဖြစ်ပြီး အချိန်တစ်နာရီမှစ၍ နာရီပေါင်း (၁၈၀)အထိ ငှားရမ်းအသုံးပြုနိုင်သည်ဟု သိရသည်။ မြန်မာ့လေကြောင်းက ၀ယ်ယူထားသော ခရီးသည်(၁၉)ဦး တင်ဆောင် သွားလာနိုင်သည့်အမေရိကန် နိုင်ငံထုတ် ဘက်စုံသုံး လေယာဉ်များကို စတင်ငှားရမ်းသုံးစွဲနိုင်ကြောင်း သိရသည်။ "မြန်မာနိုင်ငံအတွင်း လူစီးများပြီး ခေါက်ရေများများ ပြေးဆွဲနေရတဲ့ ခရီးစဉ်လမ်းကြောင်းတွေအတွက် ကိုလည်း စင်းလုံးငှား လေယာဉ်တွေ စီစဉ်သွားမယ်"ဟု မြန်မာ့လေကြောင်းရုံးချုပ် တာဝန်ရှိသူတစ်ဦးထံက သိရသည်။ လေယာဉ်များကို ငှားရမ်းအသုံးပြုလိုပါက ပို့ဆောင်ရေးဝန်ကြီးဌာန၊မြန်မာ့လေကြောင်းသို့ ဆက်သွယ် ငှားရမ်း ရမည်ဖြစ်သည်။ အဆိုပါ လေယာဉ်စင်းလုံး ငှားရမ်းခနှုန်းထားမှာ တစ်နာရီလျှင် အမေရိကန်ဒေါ်လာ(၁၆၀၀) ကျသင့်မည်ဖြစ်ပြီး မြန်မာကျပ်ငွေဖြင့် လည်းပေးချေနိုင်ပြီး ငှားရမ်းမည်ဆိုပါက ခရီးစဉ် အသွား၊အပြန် အပြင်စောင့်ဆိုင်းခအပါအ၀င် စုစုပေါင်းကြာချိန် (၃)နာရီအားဋ္ဌားရမ်း အသုံးပြုနိုင်မည်ဖြစ်ပြီး အကယ်၍ သတ်မှတ်နာရီထက်ကျော်လွန်ပါက တစ်နာရီကျော်တိုင်း ငှားရမ်းခ၏ (၃၀)ရာခိုင်နှုန်းကို ထပ်မံပေးသွင်းရမည်ဖြစ်သည်။ စင်းလုံးငှားလေယာဉ်များကို ပုဂ္ဂလိကလုပ်ငန်းများ၊ အရေးပေါ်လူနာများအတွက်စင်းလုံးငှားရမ်းမှုနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း ၊ရေနံတူးဖော်ရေး လုပ်ငန်းစသည့် လုပ်ငန်းများတွင်းလည်း ငှားရမ်းနိုင်ကြောင်းသိရသည်။ ဥာဏ်ဥာဏ် (မြစ်မခ) by Myit Makha Mediagroup | ||
| သတင်းထောက်အား လက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း ဒီချုပ်က ကျော်စိုးနိုင် ရှင်းလင်း Posted: 11 May 2012 04:58 AM PDT ဖေ့ဘွတ်စာမျက်နှာများတွင် ပျံနှံ့စွာဖော်ပြရေးသား လျက်ရှိသော WeeklyExpress Times ဂျာနယ် သတင်းထောက်အား ကိုယ်ထိလက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဒီချုပ်)က ကိုကျော်စိုးနိုင်က မြစ်မခသို့ ရှင်းလင်းပြောကြားသည်။ "ကျွန်တော်က သူဓာတ်ပုံ ရိုက်ပြီးတော့ မှတ်တမ်းရရင် တော်ပြီ ညီလေးလို့ပြောပါတယ်၊ သူ ကျွန်တော့်ကို မကြည့်ပဲနဲ့ တံတောင်နှင့် ထိုးမိပါတယ် ကျွန်တော်က နောက်ထပ်ပြောပါတယ်၊ နောက်တစ်ကြိမ် တတောင်နဲ့ ထပ်ထိုးမိပါတယ်"ဟု ကိုကျော်စိုးနိုင်ကပြောသည်။ သတင်းထောက် ဟိန်းကိုစိုးအား ကိုကျော်စိုးနိုင်က ကိုယ်ထိ လက်ရောက်မစော်ကားခဲ့ခြင်းမရှိကြောင်း သူ့ထံ တွင်သက်သေများရှိပါကြောင်းဦးကျော်စိုးနိုင်က ဆက်ပြောသည်။ Weekly Express Times ဂျာနယ်က မိမိတို့အနေဖြင့်ပြသာနာတစုံတရာတက်လိုခြင်းမရှိကြောင်း နောင်တွင် ထိုကဲ့သို့ ပြသာနာမျိုးမတက်လို၍ အဖွဲ့ချုပ်ရုံးသို့ စာပို့ခြင်းဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ သတင်းထောက်ကို မင်းတို့က ပိုက်ဆံရလို့လုပ်နေတာ၊ ငါတို့က ထောင်ကျခံပြီးလုပ်နေတာ လို့ ပြောခဲ့တယ်၊ ကျွန်တော်ပြောချင်တာကတော့ ဖရီးပွဲဆိုတော့ရိုက်မှာပဲလေ ဒီလိုမဖြစ်စေချင်ရင် သတင်းထောက် တွေအတွက် နေရာ တစ်နေရာသတ်မှတ်ပေးစေချင်ပါတယ်" ဟု Weekly Express Times ဂျာနယ်က အယ်ဒီတာ ကိုကျော်ဇေယျာဝင်း က ပြောသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ ဒီချုပ်ကတာဝန်ရှိသူများက မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်မည်ကို သိရှိလို၍ ဆက်သွယ် မေးမြန်း ရာ၌ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယခုကဲ့သို့ဆိုသည်။ "ဒီကိစ္စကို ခြံထဲကလူတွေ လုပ်ပါလိမ့်မယ် ကျွန်တော်မသိပါဘူး ခြံထဲကတာဝန်ရှိတဲ့ သူတွေဆောင်ရွက် ပါလိမ့်မယ်"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဥာဏ်ဝင်းကပြောသည်။ နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာသမားများသည် ရှောင်ကွင်း၍ ရသူများမဟုတ်သည့်အတွက် ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းဝါရင့်သတင်းစာဆရာ ဆရာမောင်ဝံသက ဆိုသည်။ " သတင်းသမားဘက်ကလဲ တားမြစ်ထားတဲ့နေရာကို အခွင့်ထူးခံပြီးမသွားသင့်ဘူး၊နောက်တစ်ချက်က သတင်းသမားတွေကို ဆက်ဆံတဲ့နေရာမှာဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အကျိုးကို လက်တွဲလုပ်နေတဲ့သူ တွေလိုမျိုး ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ်" ဟု ၀ါရင့်သတင်းဆရာ၊ပြည်သူ့ခေတ်ဂျာနယ် အတိုင် ပင်ခံအယ်ဒီတာဆရာမောင်ဝံသကပြောသည်။ သတင်းထောက်နှင့် လုံခြုံရေးသမားများမှာ တခါတလေထိုကဲ့သို့ အဆင်မပြေမှုများဖြစ်တတ်ကြောင်းကိုလည်း ဆက်လက်ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါကိစ္စနှင့်ပက်သက်၍ လူမှုရေးဖေ့ဘွတ်စာမျက်နှာများတွင် ပျံနှံ့စွာဖော်ပြရေးသား လျက်ရှိ ကြောင်းကိုလည်း သိရှိရသည်။ ရှုမ၀အောင်(မြစ်မခ) by Myit Makha Mediagroup | ||
| မန္တလးမြို့ စည်ပင်သာယာမှ တဖက်သက်လုပ်ဆောင်နေခြင်း Posted: 11 May 2012 03:51 AM PDT မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့  အောင်မြေသာစံမြို့ နယ် သိရီမာလာအရှေ့ ရပ်ကွက် သီရိမန္တလာ ကားကြီးကွင်းတောင်ဖက်ရှိ အရှေ့အနောက်စီးဆင်းနေသော ရေကြည်မြောင်းအား ယနေ့ ( ၁၁.၅ ၂၀၁၂ )တွင် စည်ပင်သာယာမှ ရေကြည် ရေမြောင်းအတွင်း အမှိုက်များကို ဆယ်ယူရာတွင် မြောင်းတောင်ဖက်ကပ်လျှက် အပိုင်းကိုသာ တဖက်သတ် စက်များဖြင့် ဝင်ရောက်ဆယ်ယူနေသောကြောင့် မြောင်းတောင်ဖက်အပိုင်းတွင်နေထိုင်သောလူနေအိမ်များမှအဆောက်အဦးများ ဖယ်ရှားဖျတ်ဆီးပေးနေရပါသည်။ ရေမြောင်း မြောက်ဖက်ခြမ်းမှအဆောက်အဦးများသည် မှုလအတိုင်းတည်ရှိနေပြီး စည်ပင်သာယာမှအရေးယူဆောင်ရွက်ခြင်းလုံးဝမရှိနေသည့်တွေ့ မြင်နေရပါသည်၊ စည်ပင်သာယာလုပ်ဆောင်ချက်များသည် တဖက်သတ်ဆောင်ရွက်နေကြောင့်ကိုလည်း သက်ဆိုင်ရာစည်ပင်သာယာသို့  မှတ်တမ်းဓါတ်ပုံများနဲ့ တင်ပြသော်လည်း လစ်လျှုရှု နေပါကြောင်း ရပ်နေပြည်သူများက Myanmar News Now ကို ပြောပြပါသည်။ မေလ(၁၁)ရက်နေ့  ၂၀၁၂ ယ္ခုထပ်မံလုပ်ဆောင်ချက်များကို မှတ်တမ်းဓါတ်ပုံများနဲ့ တင်ပြအပ်ပါသည်။ | ||
| ရန်ပုံငွေများ လိမ်လည် တင်ပြတောင်းခံ၍ အလွဲသုံးစား လုပ်နေခြင်း Posted: 11 May 2012 03:49 AM PDT သို့ ပြည်ထောင်စု ဝန်ကြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နေပြည်တော် အကြေင်းအရာ။ ။ ရန်ပုံငွေများ လိမ်လည် တင်ပြတောင်းခံ၍ အလွဲသုံးစား လုပ်နေခြင်း ကိစ္စ နည်းပညာ တက္ကသိုလ်(မန္တလေး)တွင် ပါမောက္ခချုပ် ရာထူးဖြင့် အုပ်ချုပ်လျှက်ရှိသော ဒေါက်တာအေးမြင့်၏ ငွေကြေး အလွဲသုံးစား လုပ်နေခြင်းများ အား ဝန်ကြီးသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ ၁။ ဒေါက်တာအေးမြင့်သည် ၂၀၁၀-၂၀၁၁ ဘဏ္ဌာရေးနှစ် တွင် ကျောင်းတွင်းရှိ လမ်းများအား ကျောက်ချောလမ်းအသစ် ခင်းရန် ဝန်ကြီးဌာန သို့ ခန့်မှန်းကုန်ကျစရိတ် တင်ပြ၍ ရန်ပုံငွေ တောင်းခံခဲ့ပါသည်။ ခွင့်ပြု ရန်ပုံငွေ သိန်း(၄၂၀) ခန့် ရရှိခဲ့ပါသည်။ ဒေါက်တာအေးမြင့်သည်အဆိုပါ ရန်ပုံငွေများဖြင့် အမှန်တကယ် ကျောက်ချောလမ်း မခင်းဘဲ ရှိပြီးသား ကျောက်ကြမ်းလမ်းပေါ်၌ ကျောက်မှုန့် ၆ လက္မ ခန့်သာ ခင်းခြင်း၊ ကျောင်းတွင်းရှိ မြေကြီးများအား တူး၍ လမ်းပခုံးသား ဖို့ခြင်း ၊ အဆိုပါ မြေကြီးများအား အဝယ်စာရင်းပြခြင်း၊ လူကြီးများ အဝင်အထွက် ရှိသော ကျောင်းရုံးခန်းရှေ့ လမ်းပိုင်းအားသာလျှင် ရေဖြန်း၍ လမ်းကြိတ်စက်ဖြင့် အကြိတ်ပြခြင်း ၊ အစရှိသော လုပ်ငန်းမျှသာ (ဓာတ်ပုံရိုက် ၍ လုပ်ငန်းပြီးစီးကြောင်း ပြသရန် ၊ စက်များအသုံးပြုကြောင်း ပြသ၍ စက်ဆီအကုန်ပြရန် ) ပြုလုပ်၍ သိန်း (၄၂၀) ခန့် ကုန်ကျပါသည်ဟု မမှန် စာရင်းပြ အလွဲသုံးစားပြု ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ ၄င်း၏ တပည့်ရင်း ဦးအောင်တင်ဖြိုးထွန်းအား ကိုယ်စား ခိုင်းစေခဲ့ပါသည်။ အဆိုပါ လမ်းနှင့်ပက်သက်၍ မြို့ပြအင်ဂျင်နီယာ ဌာနအား စစ်ဆေးခွင့် ၊ ပါဝင်ပတ်သတ်ပြောဆိုခွင့် မပြုခဲ့ပါ။ အဆိုပါ လမ်းအား လာရောက်စစ်ဆေးသော တိုင်းစာရင်းစစ်အဖွဲ့မှာ လမ်း၏ အခြေအနေအား ရိပ်မိ၍ Estimate ပါအတိုင်း ၆"x ၉"ကျောက်ကြီးချ စီခြင်း ရှိမရှိ ၊ ၄" x၂"ကျောက်ညှပ်စီခြင်း ရှိမရှိ လမ်အား ဖွင့်ဖောက်စစ်ဆေးရာ မမှန်မကန် ပြုလုပ်ထားသည်ကို တွေ့ရှိပါသည်။ စာရင်းစစ်ဖြင့် အခြေအတင်ဖြစ်သည့် ကိစ္စအား ၄င်းကိုယ်တိုင် တိုင်းစာရင်းစစ်မှူးထံ သွားရောက်တွေ့ဆုံ ဖုံးအုပ်ခဲ့ပါသည်။ အပြင် ကန်ထရိုက်ပေး၍ ဆောက်သည့်လမ်းဆိုပါက အဆိုပါ ကိစ္စမှာ ကန်ထရိုက် မှ တာဝန်ယူ ဖြေရှင်းရမည့် ကိစ္စ ဖြစ်သော်လည်း ၄င်းကိုယ်တိုင် သွားရောက်ဖြေရှင်းသည်ကို ကြည့်ခြင်းအားဖြင့် ပါမောက္ခချုပ် ကိုယ်တိုင် ကန်ထရိုက်ယူသည့် လမ်းဖြစ်ကြောင်းထင်ရှားနေပါသည်။ အဆိုပါ လမ်းသည် ကျောက်မှုန့်များဖြင့်သာ ခင်းထားသည့် လမ်းဖြစ်သည်ကို ကျောင်းတွင်းရှိ ဝန်ထမ်းအိမ်ယာနေ ဆရာ ဆရာမများ သိရှိကြသော်လည်း မပြောရဲကြပါ။ ဝေဖန်ခဲ့မိသည့် သူများအား ပါမောက္ခချုပ် အဆင့်အတန်းဖြင့် မလိုက်ဖက်စွာ ရန်တွေ့ခြင်း ၊ ကြိမ်းမောင်းခြိမ်းခြောက်ခြင်း ၊ အငြိုးထား၍ Transfer စာရင်းထဲထည့်ခြင်း ၊ ဦးတင်မျိုးခိုင် ၊ ဦးအောင်တင်ဖြိုးထွန်း အစရှိသော ၄င်း၏ လက်ရင်းတပည့် များမှတဆင့် ဖိအားပေး ညစ်ပတ်စေခြင်းတို့ကို စနစ်တကျ ပြုလုပ် တတ်ပါသည်။ သို့ဖြစ်သောကြောင့် တတ်သိနားလည်သော Civil ဌာနမှ ဆရာများမှာ အဆိုပါလမ်းအား မျက်စောင်းမျှပင် ထိုးရဲသည့်လူ မရှိပါ။ လမ်းအရှည် (၁၀) မိုင် ၊ လမ်းအကျယ် (၁၀)ပေ တွင် ကျောက်စရစ် ၆" ခင်းလျှင်ပင် သိန်း(၁၀၀) မကုန်ပါ။ ဤ လမ်းမျိုးဆိုပါက သိန်း(၅၀)ခန့်ပင် ကုန်မည်မထင်ပါ။ ၂။ ၄င်းအပြင် ၂၀၁၁-၂၀၁၂ ဘဏ္ဌာရေး နှစ် တွင် ပြင်/ထိန်း လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေ သိန်း(၄၀)ခန့် တောင်းခံ၍ မည်သည့်အလုပ်မျှ မည်မည်ရရ မလုပ်ဘဲ အရည်အသွေးနိမ့် ပစ္စည်းများသုံး၍ အရည်အသွေးမြင့် ပစ္စည်းဈေးနှုန်းဖြင့် စာရင်းတင်ပြခြင်း ၊ မှန်မပါ ဆေးမသုတ်ထားသော ပြတင်းတံခါးများသာ ပြုလုပ်တပ်ဆင်၍ ဆေးသုတ် မှန်တပ် ဈေးနှုန်းဖြင့် စာရင်းလိမ်ပြခြင်းများကို ဦးအောင်တင်ဖြိုးထွန်း အကူအညီဖြင့် စနစ်တကျ ပြုလုပ်နေကြပါသည်။ ၃။ ကျောင်းစစ်ဆေးရေး အဖွဲ့များ လာရောက်စစ်ဆေးသောအခါ၌လည်း ၄င်းသြဇာမကင်းသော သူများသာဖြစ် ဖြစ်နေသဖြင့် ဒေါက်တာအေးမြင့် လုပ်ကိုင်သမျှ မပေါ်ပေါက်ခြင်းဖြစ်ပါသည်။ ၄။ သို့ဖြစ်ပါ၍ ဒေါက်တာအေးမြင့်၏ သြဇာလွတ်ကင်းသော သူများဖြင့် နည်းပညာတက္ကသိုလ်(မန္တလေး)တွင် တရားလက်လွတ် ဖြစ်ပျက်နေသည်များကို စုံစမ်းစစ်ဆေး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။ လေးစားစွာဖြင့် ဦးအောင်မော် မန္တလေးမြို့။ | ||
| ဧည့်စာရင်းသွားတိုင်လို့ ဒဏ်ရိုက်ခံရသည့် ပဲခူးမြို့ မ ဈေးသူ ဈေးသားများ Posted: 11 May 2012 03:26 AM PDT ပြီးခဲ့တဲ့ (၂၃၊ ၄၊ ၂၀၁၂)ရက်နေ့ ည(၁၁)နာရီး အချိန်တွင် ပဲခူးမြိုမ ဈေးကြီးရဲ ကုန်စိမ်းတန်းမှာ မိမိခြံထွက်သီးနှံလေးများရောင်းချရန် အနယ်နယ်အရပ်ရပ်မှ ရထားတတန်၊ ကားတတန်နဲ့ရောက်ရှိလာကြပြီး ထုံစံအတိုင်း ညောင်ဝိုင်းရပ်ကွက်မြောက်ပိုင်းအုပ်ချုပ်ရေးမှူးရုံးသွား၍ ဈေးသည်တွေ ဧည့်စာရင်းသွားတိုင်ကြပါတယ်၊ ကံဆိုးကြတယ်ပြောရမလားပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးကြီး အရက်မူးချိန်နဲ့ တည့်တည့်တိုးကြတော့ ဧည့်စာရင်းလာတိုင်သည့်ဈေးသည်များကို ရုံးခန်း ထဲထည့်ပြီး ပိတ်ထားလိုက်ပါတယ်၊ ဖမ်းဆီးထားတဲ့သဘောပါ၊ ခဏကြာတော့ အုပ်ချုပ်ရေးမှူးက ဘာဥပဒေ၊ ဘာပုဒ်မ ဆိုတာလည်းမသိရပဲ ဈေးသည်တွေ ဆီက တယောက် ၅၀၀၀ ကျပ်ဆီ ဒဏ်ရိုက်လိုက်ပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရတဲ့ထဲက သရက်သီးသယ် မသင်းသင်းနု အသက်(၂၃)နှစ် ဆိုသူအား ဆိုင်ကယ်နဲ့ဘယ်ဆီသို့ တင်ခေါ်သွားတယ် မသိရပဲ တစ်နာရီကျော် နှစ်နာရီလောက်မှ ကုန်စီမ်းတန်းကိုလာပြန်ပို့ပါတယ်။ ဒါဏ်ရိုက်တဲ့အထဲလည်း ၄င်းကောင်မလေးအတွက် ၅၀၀၀ လျှော့လိုက်ပါတယ်လို့ အတူအဖမ်းခံရတဲ့ဈေးသူတစ်ဦးမှပြောပြခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးက အာဏာကို အသုံးပြု၍ အရက်မူးရမ်းကားပြီး ဈေးသည်များ အားခြိမ်းခြောက်ခြင်း၊ ဆဲဆိုခြင်း နှင့် ဖမ်းဆီးခြင်းများအား အရေးယူပေးပါရန် ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံသို ပဲခူးမြို မဈေးကြီးရဲ့ ဈေးသူဈေးသား များကစုပေါင်းလက်မှတ်ထိုးတိုင်ကြားခဲ့သော်လည်း မည်သို့မှထူးခြားမလာ ပဲ ကြားနေမြဲသာ ဖြစ်နေခဲ့ပါတယ်။ ခေတ်ပြောင်း စနစ်ပြောင်း နေချိန်မှာ ဒီလိုအကျင့်ပျက်ဝန်ထမ်းတွေ သွေးစည်းပြီး အောက်ခြေလူထုအပေါ် ထင်ရာဆိုင်းနေမှုကို ရပ်သင့်ပြီးဖြစ်သည့်အတွက် ဈေးသူ ဈေးသားများက Myanamr News Now ကိုပြောပြပါတယ်။ | ||
| မန္တလေး ဟိုတယ်ဇုန်အတွက် မြေဧက ၃ ထောင်ကျော် သတ်မှတ် Posted: 11 May 2012 03:13 AM PDT မန္တလေးဟိုတယ်ဇုန်ကို တံတားဦးနှင့် အင်းဝ အကြားရှိ မြေဧက ၃ ထောင်ကျော်ပေါ်တွင် တည်ဆောက်ခွင့် ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း မန္တလေးဇုန်မှ တာဝန်ရှိသူတဦးက ယနေ့တွင် ဧရာဝတီသို့ ပြောသည်။ ![]() ၂၀၁၁ ခုနှစ်အတွင်းက မြေနေရာ လျာထားသော်လည်း ဒေသခံများ ကန့်ကွက်မှုကြောင့် ဟိုတယ်ဇုန် မဆောက်ဖြစ်သည့် ရှမ်းကလေးကျွန်း (ဓာတ်ပုံ - မန်းသားလေး / ဧရာတီ) မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်က ယခုအခါ တံတားဦးနှင့် အင်းဝ အကြားတွင် ဟိုတယ်ဇုန်တည်ဆောက်ရန်အတွက် မြေနေရာ ဧက ၃ ထောင်ကျော် သတ်မှတ်ပေးလိုက်သောကြောင့် ပထမ လျာထားသည်ထက် အဆပေါင်းများစွာ ဟိုတယ်များ တိုးချဲ့ဆောက်လုပ် ခွင့်ရတော့မည် ဖြစ်ကြောင်း သိရသည်။ မန္တလေး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ တဦးက "ရှမ်းကလေးကျွန်းမှာ ဟိုတယ်ဇုန်တည်ဆောက်မယ် ဆိုတုန်းက မြေဧက ၅၅၀ ပဲ ရတယ်။ အဲဒီအချိန်တုန်းက ဟိုတယ်အလုံး ၉၀ လောက်ပဲ တည်ဆောက်ခွင့်ရှိတော့ တခြားလုပ်ငန်းရှင်တွေ ပါဝင်လို့ မရဘူးဖြစ်ခဲ့သေးတယ်။ အခုလို မြေဧကတွေ တိုးပြီးရတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုမို လက်ခံလို့ရပြီ။ ပြည်တွင်းလုပ်ငန်းရှင်တွေလည်း အများအပြား ပါဝင်နိုင်ပြီ" ဟု ပြောသည်။ မန္တလေး ဟိုတယ်ဇုန်ကို ရွေးချယ်ရာတွင် ဒေသခံပြည်သူများ နစ်နာမှု မရှိစေရန် အထူးဂရုစိုက် သွားမည် ဖြစ်ကြောင်း၊ မြေဧကများကို ၀ယ်ယူရာတွင် တာဝန်ရှိသူများနှင့် တိုင်ပင်ပြီး ဒေသခံများ ပိုင်ဆိုင်ထားသော မြေများကို တပြေးညီ ဈေးနှုန်းသတ်မှတ် ၀ယ်ယူသွားရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ "ကျနော်တို့က ဒေသခံတွေကို မနစ်စေချင်ဘူး။ ဒီလို ဟိုတယ်ဇုန်တွေ လုပ်မယ်ဆိုတာနဲ့ တချို့မြေဈေးတွေလည်း အဆမတန် တက်ကုန်တယ်။ အဲလိုဆိုတော့လည်း မဟုတ်သေးဘူး။ ဒါကြောင့် အဖက်ဖက်ကနေ ညှိနှိုင်းပြီး ၀ယ်သွားမှာပါ" ဟု မန္တလေး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။ မန္တလေးမှ ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက "အောင်ပင်လယ်ဘက်က လယ်မြေတွေများတော့ မြန်မာနိုင်ငံရဲ့ ဆန်စပါးကို ထိခိုက်နိုင်တယ်။ အခု ရှမ်းကလေးကျွန်းကို တည်ဆောက်မယ်ဆိုပေမယ့်လည်း နုန်းမြေတွေကများတော့ အဲဒီမြေနုကျွန်းက ဒေသခံတွေအတွက် စိုက်ပျိုးဖို့ မြေနေရာမရဘဲ ကန့်ကွက်တာတွေ၊ ဆန္ဒပြတာတွေ ဖြစ်လာနိုင်တယ်။ အခုလို တံတားဦးဘက်ကို အလေးပေးပြီး တည်ဆောက်မယ်ဆိုတော့ ပိုကောင်းတာပေါ့။ တံတားဦးဘက်ဆိုရင် အင်းဝနဲ့လည်း နီးတယ်လေ။ နိုင်ငံခြားသားတွေ အကြိုက်ပေါ့" ဟု ဆိုသည်။ တံတားဦးမြို့သည် လက်ရှိတွင် ဖွံ့ဖြိုးစပြုနေပြီး မြေနေရာ ကျယ်ဝန်းသော်လည်း ရေရှားသည့် အပူပိုင်းဒေသဖြစ်သည်။ မြေအမျိုးအစားမှာ ကျစ်လျစ်သော သဲမြေများ ဖြစ်သည်။ ဟိုတယ်ဇုန်တွင် ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်များ၊ ဂေါက်ကွင်းများ၊ ဧည့်လမ်းညွှန်ရုံးများ၊ အင်တာနက်ဝိုင်ဖိုင်များ၊ စပိဘုတ်စက်လှေများ၊ ဟိုတယ်နှင့် သက်ဆိုင်သည့် ဆိုင်များကို ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းဟိုတယ်ဇုန် ပေါ်ပေါက်လာပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး မန္တလေးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပိုမိုအဆင့်မြင့်လာမည် ဖြစ်ကြောင်း၊ လက်ရှိ မန္တလေးမြို့တွင် နိုင်ငံခြားသားများ အဆင့်မြင့်မြင့် တည်းခိုနိုင်သည့် ပတ်ဝန်းကျင်နှင့် အသံတိတ်ဆိတ်သော ဟိုတယ်များ ရှားပါးလျက်ရှိကြောင်း လေ့လာသူများက ဆိုသည်။ ယခု ဟိုတယ်ဇုန်မှာ မန္တလေးမြို့ အပြင်ဘက်တွင် တည်ရှိသည်။ မန္တလေးမြို့သို့ တလလျှင် နိုင်ငံခြားသား ၁ သောင်းဝန်းကျင် လာရောက်လည်ပတ်လျက် ရှိကြောင်း တရားဝင် စာရင်းဇယားများအရ သိရသည်။ မန္တလေးရှိ ဟိုတယ်၊ မိုတယ်များတွင် ပြည်တွင်းခရီးသွားအတွက် တည်းခိုမှုနှုန်းမှာ ငွေကျပ် ၁ သောင်းခွဲမှ ၄ သောင်းကျော်အထိ လည်ကောင်း၊ နိုင်ငံခြားသားများအတွက် အမေရိကန် ဒေါ်လာ ၁၈၀ မှ ၁၁၀၀ ကျော်အထိ လည်းကောင်း ဈေးအသီးသီးရှိကြောင်း သိရသည်။ မန်းသားလေး (ဧရာဝတီ) | ||
| Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများဆန္ဒပြ Posted: 11 May 2012 02:34 AM PDT လှိုင်သာယာရှိ Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများသည်မရမ်းကုန်းရှ ဧပြီလလစာမှကျပ်၁၀၀၀၀ ဖြတ်တောက်ခြင်း၊ လစာဖြတ်တောက်မှုကို ပြောသည့်အခါ All Supervisor ဖြစ်သူဒေါ်နွယ်နွယ်ဦးက ရုန့်ရင်း ကြမ်းတမ်းသော စကားများဖြင့်ပြန်လည်ပြောဆိ အလုပ်သမားတစ်ဦးဖြစ်သည့်အသက အဆိုပါအလုပ်ရုံ၏အလုပ်ချိန်သ Popular Myanmar News Journal | ||
| နိုင်ငံတော် သမ္မတရုံး တရားဝင် Website လွှင့်တင် Posted: 11 May 2012 02:27 AM PDT | ||
| NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန် Posted: 10 May 2012 07:54 PM PDT ၈ ရက်နေ့ကပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းးးရဲ့ လေးနှစ်ပြည့်အခမ်းအနားကို ကျတော်လဲတက်ရောက် သတင်းယူပါတယ်... ဒါကြောင့် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ဖြစ်တဲ့ ပြသနာကို အစအဆုံး သိရှိမြင်တွေ့လိုက်ရသ လို ပြသနာကြီးးးမလာအောင် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ကြားမှာ တောက်လျှောက်မတ်တပ် ရပ်နေခဲ့ပါတယ်... Express Times ဂျာနယ်၏ စွပ်စွဲချက် တွေဖြစ်တဲ့ ကိုကျော်စိုးနိုင် မှ " ဟေ့ကောင် ဓါတ်ပုံမရိုက်နဲ့" တားမြစ်တာ မဟုတ်ပါ။။။ တခြားပွဲလာသူများရှေ့မှာ မီဒီယာပေါင်း များစွာက ပိတ်ကွယ်နေတာကြောင့် တော်ပါတော့ တော်ပါတော့ ... ပြီး မှ ဆက်ရိုက်ပါဆိုပြီးးး ပြောခြင်းးးပါ... ကျန်တဲ့ သတင်းထောက်တွေ နောက်ဆုတ်ပေးပေမယ့် Express Times ဂျာနယ် သ တင်းထောက်ကတော့ နောက်မဆုတ်တာကြောင့် အခုတော့တော်သင့်ပြီညီလေး ပြီးမှ ဆက်ရိုက်လို့ပြောတာကြားလိုက်တယ်... တစ်ဆက်တည်း မြင်လိုက်ရတာက သတင်းထောက်က ကိုကျော်စိုးနိုင် မျက်နှာကို တံတောင်နဲ့ နောက်ပြန်ထိုးလိုက်ပြီး ကျုပ် က သတင်းထောက်.. ဓါတ်ပုံ ရိုက်ရမှာပဲလို့ ပြန်ပြောခဲ့တယ်... Express Times ဂျာနယ်၏ ကိုယ့်ဘက်ကိုယ်ကာထားတဲ့ "ဟုတ် ကဲ့ပါ...ကျတော် ဒီတစ်ပုံလောက် ရိုက်ပါရစေ " ဆိုတဲ့ စကားကို သတင်းထောက်က လုံးဝမပြောခဲ့ပါ။။။ အမှန်က ကျတော်လဲသတင်းထောက် အနေနဲ့ သတင်းယူနေရင်းပဲ တွေးကြည့်ပါတယ်... သတင်းထောက်တွေ က အမေစု ရဲ့ လက်တစ်ကမ်းးးမှာပါ... သတင်းထောက်ဆိုတာကို ထင်ရှားစွာ သိနိုင်တဲ့ အမှတ်အသား ဂျို မပါပါဘူး... ဒီတော့ သတင်းထောက်ယောင်ဆောင်ပြီး အမေစု ကို လုပ်ကြံမယ်ဆိုရင်တောင် အင်မတန် လွယ်တဲ့ ကိစ္စဖြစ်နေတယ်... မဖြစ်နိုင်ဘူးး လို့ ဘယ်သူပြောမလဲ... ဗိုလ်ချုပ် ကိုတောင် လူယုတ်မာတွေက ဒီလိုပဲ သတ်ခဲ့တာပဲ... အဲ့ဒီနောက် ပြသနာက ပြီးမသွားတာက Express Times ဂျာနယ်၏ သတင်းထောက်က NLD လုံခြုံရေးတွေ ရွေး ပြီး ဓါတ်ပုံလိုက်ရိုက်ပါတယ်... ဒီလိုမျိုးတော့ သတင်းထောက်အလုပ်ကို မာန်တက်ပြီး အညိုးထားတာမျိုး မလုပ်သင့်ပါဘူး... ကျတော်မြင်တာကတော့ အမှုတစ်ခုဖြစ်ရင်တောင် တရားရုံးမှာ သူဘက် ၊ ကိုယ့်ဘက် လျှောက်လဲချက်တွေနဲ့ အမှားအမှန် ဆုံးဖြတ်တာပါ... Express Times ဂျာနယ်၏ အယ်ဒီတာချုပ်က NLD ရုံးကို တရားဝင် စာရေးတိုင်ကြားတာကို ကြိုဆိုပါတယ်.. . ဒါပေမယ့် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် အဖြေမစစ်ရသေးဘဲ ကိုယ့်သတင်းထောက်ပြောတာကိုပဲ အမှန်လုပ်ပြီး ဦး ကျော်စိုးနိုင် ကို စုန်းပြူး လို့ သုံးနှုန်းခြင်း ၊ မှန်၏ မမှန်၏ သေချာစွာ အဖြေမထွက်ခင် လူတစ်ယောက် ရဲ့ဓါတ်ပုံ ကို ကြေညာ ချက်မှာ ကပ်ပြီး လူသိရှင်ကြား သတင်းဖြန့်ဝေပြောဆိုခြင်း တို့ကတော့ မသင့်တော်ပါဘူး... မီဒီယာ လက်နက်ကို အလွဲသုံး ရာရောက်ပါတယ်... လေးစားပါတယ်ဗျာ မှားတာရှိလဲ ထုံးစံအတိုင်း ဆုံးမကြပါ မောပြေ (ဖေ့စ်ဘုတ်) အဂ္ဂမဟာ ဒီမိုဖက်တီး ကျော်စိုးနိုင် (ခ) ကိုဘောကြီးဆိုတာ ဘယ်သူလဲ ........ အားလုံးက လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲ မှာတော့ သူ့နာမည် မပါပါဘူး .... ဒါပေမယ့် အဲသည် ရွှေတိဂုံဘုရား ဟောပြောပွဲ ကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော် တစ်ယောက် ၊ အနာခံ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်း တစ်ယောက်ပါ ...... | ||
| Weekly Express Times ၏ သဘောထားထုတ်ပြန်ချက်ကို NLD သို့ပေးပို့ခြင်း Posted: 10 May 2012 07:42 PM PDT အထက်ပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဆရာဦးဝင်းတင်၊ ဦးဥာဏ်ဝင်းနှင့် ဦးအုန်းကြိုင်တို့ထံသို့ အောက်ပါအကြောင်းခြင်းရာများ ပါဝင်သော သဘောထားကြေညာချက်တစ်စောင်ပေးပို့ခဲ့ပါသည်။ သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း။ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ရက်စွဲ။ ။ ၈ ၊ မေ၊ ၂၀၁၂၊ အကြောင်းအရာ။ ။ NLD လုံခြုံရေးတာဝန်ရှိသူက Weekly Express Times မှ သတင်းထောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် မီဒီယာသမားများကို စော်ကားပြောဆိုခြင်းကိစ်္စအား လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးပါရန် တင်ပြခြင်း။ မေလ ၈ ရက်၊ တနင်္လာနေ့ နံနက် ၉ နာရီအချိန်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ် (UMFCCI) ရုံး၌ ရွှေမင်းသားဖောင်ဒေးရှင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရွှေမင်းသားဖောင်ဒေးရှင်း၏ နာယကဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ဂုဏ်ပြုခဲ့ရာ သတင်းမီဒီယာသမားအများအပြားတက်ရောက် သတင်းရယူခဲ့ပြီးWeekly Express Times သတင်းဂျာနယ်မှ သတင်းထောက် ကိုဟိန်းကိုစိုး၊ ကိုဇင်မောင်ထွန်းနှင့် မဖြိုးဖြိုးဝေတို့လည်း တက်ရောက်သတင်းယူခဲ့ပါသည်။ အခမ်းအနားကျင်းပနေစဉ်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေမင်းသားဖောင်ဒေးရှင်းဥက်္ကဋ္ဌ ဦးမြတ်သူဝင်းတို့နှုတ်ဆက်စကားပြောနေသည်ကို သတင်းထောက်ကိုဟိန်းကိုစိုးကသတင်းဓာတ်ပုံမှတ်တမ်းရယူနိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ ထိုအချိန်တွင် NLD မှ လုံခြုံရေးတာဝန်ယူထားသော ဦးကျော်စိုးနိုင်က "ဟေ့ကောင် ဓာတ်ပုံမရိုက်နဲ့"ဟု တားမြစ်ပါသည်။ "ဟုတ်ကဲ့ပါ . . .ကျွန်တော် ဒီတစ်ပုံလောက်ရိုက်ပါရစေ""ဟု ကိုဟိန်းကိုစိုးက ပြောကြားပြီးဓာတ်ပုံမှတ်တမ်းတင်ရန် ကြိုးပမ်းစဉ် ဦးကျော်စိုးနိုင်က ကင်မရာကိုင်သော လက်ကို ရိုက်ချလိုက်ပြီး ""မင်းကို ငါမရိုက်နဲ့လို့ ပြောတာနားမလည်ဘူးလား ဟေ့ကောင်""ဟု ဆိုကာ့ င်္ဃြဃှု ရုံးချုပ်၏ အိမ်သာအတွင်းသို့ ခေါ်ဆောင်သွားပြီး သတင်းထောက်ကိုဟိန်းကိုစိုး၏ အင်္ကျီရင်ဘတ်ကို အကြိမ်ကြိမ်ဆွဲစောင့်ကာ ""မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ။ ငါတို့က ဘာစောက်တစ်ပြားမှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ။ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက် . . . .+ - x -ံ့ သားရဲ့ . . . ""ဟု လက်ရောက်မှု ကျူးလွန်ကာဆဲရေး တိုင်းထွာစော်ကားပြောဆိုပါသည်။ ကျွန်ုပ်တို့Weekly Express Times အနေဖြင့် ပြန်လည်အစားထိုး၍ မရနိုင်အောင် တန်ဖိုးမြင့်မားလှသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် ဦးကျော်စိုးနိုင်ထံတွင် အပြည့်အ၀တာဝန်ရှိသည်ကို သိရှိပါသည်။ သို့ရာတွင် မြန်မာတစ်မျိုးသားလုံး၏ ဒီမိုကရေစီအရေးအတွက် ဖော်ဆောင်နေသော NLD နှင့် ပြည်သူလူထုတို့အကြား ပေါင်းကူးပေးသော အခက်အခဲများစွာကြားမှ စတုတ်္ထမဏ္ဍိုင်အဖြစ် ခိုင်မာစွာရပ်တည်နိုင်အောင် ကြိုးပမ်းနေသည့် မီဒီယာသမားများအပေါ် ဦးကျော်စိုးနိုင်၏ ရင့်သီးစွာ စော်ကားဆက်ဆံ လက်ရောက်မှုကျူးလွန်ခြင်းလုပ်ရပ်အား များစွာစိတ်မကောင်း ဖြစ်ရပါသည်။ ပြည်သူလူထုအကျိုးအတွက်ဆောင်ရွက်နေသော NLD တွင် မြန်မာမီဒီယာသမားအားလုံးကို အထက်ပါအတိုင်း သိမ်းကျုံးစော်ကားပြောဆိုရဲခြင်းနှင့် မီဒီယာအပေါ် ယခုကဲ့သို့သောအမြင်မျိုးရှိနေသည့် ဦးကျော်စိုးနိုင်ကဲ့သို့ ""စုန်းပြူး""ရှိနေခြင်းကိုလည်း များစွာအံ့သြမိပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ဦးကျော်စိုးနိုင်အား လိုအပ်သလို အရေးယူမှုပြုလုပ်နိုင်ရန် အဆိုပါဖြစ်စဉ်အား ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။ "မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ။ ငါတို့က ဘာစောက်တစ်ပြား မှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေး လုပ်နေတာကွ။ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက် . . .+ - x -ံ့ သားရဲ့ . . . " ဟု ပြောဆိုကာ လက်ရောက်ကျူးလွန်စော်ကားသော NLD လုံခြုံရေးတာဝန်ရှိသူ ဦးကျော်စိုးနိုင်၏ လုပ်ရပ်အား Weekly Express Times အနေဖြင့် လုံးဝ ကန့်ကွက်ရှုတ်ချကြောင်း အသိပေးကြေညာအပ်ပါသည် မိတ်္တူကို -ပြည်တွင်းရှိ သတင်းမီဒီယာများအားလုံး -မြန်မာဂျာနယ်လစ်ကွန်ရက်(MJN)နှင့် -မြန်မာနိုင်ငံသတင်းစာဆရာများအသင်း သို့ . . . -မြန်မာနိုင်ငံသတင်းစာဆရာများအသင်း သို့ . . . ------------------------------------------------------------------------------ NLD လုံခြုံရေးတာဝန်ရှိသူ ဦးကျော်စိုးနိုင် နဲ့ ပါတ်သတ်လို့  ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာလည်း အခုလို မှတ်ချက် ပေးထားတာတွေ့ ရပါတယ်။ ET သတင်းထောက်နဲ့ ညှိသွားတယ်ဆိုတဲ့ NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး ဆိုတာ ဘယ်သူလဲ ........ အားလုံးက လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲမှာတော့ သူ့ နာမည် မပါပါဘူး (ကျန်ခဲ့တဲ့ အခြားလူတွေ အများကြီးပါ) ... ဒါပေမယ့် အဲဒီ နေ့ ရွှေတိဂုံဘုရား ဟောပြောပွဲကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော် တဦး၊ အနာခံ ၊ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်းတဦးပါ .... အကယ်၍ ET သတင်းထောက် ပြောပြချက်အတိုင်း ပြောဆိုပြုမူခဲ့တယ်ဆိုရင် ဖြင့် - (၁) ပေါက်သွားတာ (၂) ဂေါက်သွားတာ ဖြစ်နိုင်ပါတယ် .....း)) ဘာလို့လဲဆို .... ကိုဘောကြီးဟာ သဘောကောင်း စကားပြော ပြေပြစ်သူပါ။ ဒါဆိုရင်တော့ သူ့ကို ဆေးခန်းပြရမယ်။ ဆေးရုံတင်သင့် တင်ရမယ် ......း)) တကယ်လို့ ကိုဘောကြီး ဘက်က မှားတယ်ဆိုရင် ဒေါ်စုက သူ့တပည့်ရင်းမို့ ဆူလိုက်မယ့် ဖြစ်ခြင်း ........ တွေးရင်တောင် ကျောစိမ့်မိ ပါတယ်။ ကိုဘောကြီးဟာ ဒေါ်စု နှင့် NLD ခေတ်ကောင်းတော့မှ အနားရောက်လာတဲ့ ငခုံးမ မဟုတ်သလို ၊ ဆွမ်းဆန်ထဲမှာ ပါလာတဲ့ ကြွက်ချေးလဲ မဟုတ်ပါ .... ဒီအချက်ကိုတော့ ရေရေလည်လည် နားလည်စေချင်ပါတယ်။ | ||
| မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဥရောပပါလီမန်လေ့လာ Posted: 10 May 2012 07:23 PM PDT မြန်မာဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာရှိတဲ့ ဥရောပ ပါလီမန်ကို မနေ့က ကြာသပတေးနေ့က ပထမဆုံးအကြိမ်အဖြစ် သွားရောက်လေ့လာခဲ့ကြပါ တယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ယာက်နဲ့ အတူ မြန်မာအစိုးရတာဝန်ရှိသူတွေက EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Herman Van Rompuy နဲ့ နိုင်ငံခြား မူဝါဒရေးရာ EU အကြီးအကဲ Catherine Ashton တို့ကို Belgium နိုင်ငံ Brussels မြို့ရှိ ဥရောပပါလီမန် မှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လတ်တလောပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဥရောပ သမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား အခုလို ဆွေးနွေးပြောဆိုကြတာဖြစ်တယ်လို့ ဥရောပပါလီမန်ဥက္ကဋ္ဌ Martin Schulz ကပြောပါတယ်။ ဒီမိုကရေစီရေး လမ်းပွင့်အောင် အပြောင်းအလဲဖော်ဆောင်နေတာဟာ EU ဥရောပ သမဂ္ဂအတွက် အပြုသဘောဆောင်တဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်လို့ Mr. Schulz ကပြောပါတယ်။ ဥရောပပါလီမန်အနေနဲ့ နေပြည်တော်မှာ ဋ္ဌာနဆိုင်ရာ လိုအပ်ချက်တွေကို ပူးတွဲပံ့ပိုးပေးဖို့ အဆင်သင့်ရှိ ပါကြောင်း၊ ၁၉၉၀ ပြည့်နှစ် က ဥရောပပါလီမန်ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့တဲ့ လွတ်လပ်စွာတွေးခေါ်မှု ဆိုင်ရာ ဆာခါရော့ဗ်ဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကိုယ်တိုင်လက်ခံနိုင်ဖို့အတွက် ဖိတ်ကြားချက်ကိုလည်း Mr. Schulz က ထပ်လောင်း ပြောဆို လိုက်ပါတယ်။ EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံးနီးပါးကို ပြီးခဲ့တဲ့လက တနှစ်ဆိုင်းငံ့ပေးလိုက်ပြီး ဒီနေ့ သောကြာနေ့မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပါတယ်။ နိုင်ငံခြား မူဝါဒရေးရာ EU အကြီးအကဲ Catherine Ashton ကို စေလွှတ်ပြီး ရန်ကုန်မြို့မှာလည်း EU ဋ္ဌာနေကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ By ဗွီအိုအေ (မြန်မာဌာန) | ||
| တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးကိုပါ စဉ်းစားဖို့ ရင်းနှီး မြှုပ်နှံသူတွေကို ဒေါ်စု တိုက်တွန်း Posted: 10 May 2012 07:21 PM PDT ဓာတ်ပုံ AP ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (မေလ ၁၀ ရက်၊ ၂၀၁၂။) မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ကြမယ် ဆိုရင် မြန်မာပြည်မကြီး တင်မဟုတ်ဘဲ မြန်မာတိုင်းရင်းသား လူနည်းစုဒေသတွေမှာပါ သွားရောက် လုပ်ဆောင်ကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းလာတဲ့ တချိန်တည်း မှာ နိုင်ငံတကာက မြန်မာနိုင်ငံတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ ပိုပြီး စိတ်ဝင်စားမှု တိုးလာကြပါတယ်။ ဒီ အခြေအနေကိုတော့ ကိုသားညွန့်ဦးက တင်ပြပေး ထားပါတယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အနောက်နိုင်ငံတွေဘက် စီးပွားရေးပိတ်ဆို့မှု အကန့်အသတ်တွေကို ဖယ်ရှားလိုက်တာကြောင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး လုပ်လိုတဲ့ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေ လုပ်ခွင့်သာခွင့်တွေ ပိုလာပါတယ်။ ဒီနှစ်အတွင်း မြန်မာနိုင်ငံတွင်း လာရောက်တဲ့ နိုင်ငံခြားခရီးသည်အများစုဟာလည်း စီးပွားရေးလုပ်ငန်းတွေ အခြေချ ရင်းနှီးမြှုပ်နှံဖို့ လာရောက်လေ့လာ ဆန်းစစ်သူတွေများပါတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံ မှုတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ကြမယ်ဆိုရင် မြန်မာပြည်မကြီးမှာတင် မဟုတ်ဘဲ တိုင်းရင်းသား လူနည်း စုဒေသတွေမှာလည်း လုပ်ကိုင်နိုင်ရေး စဉ်းစားကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့တုန်းက တိုက်တွန်းသွားပါတယ်။ "မြန်မာနိုင်ငံထဲ ဖွံ့ဖြိုးရေးအကူအညီတွေ ပေးချင်သူတွေ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တယ် ဆိုရင် မြန်မာလူမျိုး အများစုရှိတဲ့ ဒေသတွေမှာတင်မဟုတ်ဘဲနဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ လုပ်မယ့် အစီအစဉ်တွေကိုလည်း စဉ်းစားသင့်ပါတယ်။ ပြည်မကြီး ဒေသက ကျမတို့ ပြည်သူတွေကလည်း ဆင်းရဲပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလူနည်းစုဒေသ ပြည်သူတွေက ပိုပြီး ဆင်းရဲပါတယ်။ ပိုပြီးတော့ လည်း အကူအညီတွေ လိုအပ်နေပါတယ်။" မနေ့တုန်းက ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည် က ပြောသွားတာပါ။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ၊ ဘဏ္ဍာငွေကြေး ဆိုင်ရာ တင်းကြပ်မှုတွေကြောင့် မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံသူတွေ အခက်ကြုံခဲ့ကြရပါတယ်။ အထူး သဖြင့်တော့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေး အလွှဲအပြောင်း ကိစ္စတွေမှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံထဲ ဖွံ့ဖြိုးမှု နိမ့်ကျရတာ ဒီလို စီးပွားရေး ဒဏ်ခတ်မှုတွေကြောင့်လို့ အပြစ်တင်သူတွေလည်း ရှိပါတယ်။ ပိုလန်နိုင်ငံခြားရေး ၀န်ကြီး H.E Mr. Radoslaw Sikorski ကတော့ အနောက်နိုင်ငံတွေ အထူးသဖြင့် အီးယူဘက်က အရေးယူ ဒဏ်ခတ်မှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် အခုနက အကန့်အသတ်တွေ မရှိတော့ဘူးလို့ မနေ့က ဒေါ်စုနဲ့ အတူကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ "အရေးယူဒဏ်ခတ်မှုတွေကို ဆိုင်းငံလိုက်ခြင်းကြောင့် သက်ရောက်မှုတွေအားလုံးကို ကျနော်တို့ ဖယ်ရှား လိုက်ပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွားရေးဟာ ဒီလို အရေးယူဒဏ်ခတ်မှုတွေကြောင့် ဖွံ့ဖြိုးမှု နောက် ကျနေတယ်လို့ ပြောလို့မရတော့ပါဘူး။ ဒဏ်ခတ်အရေးယူမှုတွေက အခု မရှိတော့ပါဘူး။ ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော်တို့ သတိပေးနေတာက အခု ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်းပြန် လှည့်မသွားဖို့ပါ။ တနှစ်အတွင်းမှာ သေချာအောင် စောင့်ကြည့်သွားမှာပါ။ ဒါပြီးရင်တော့ မူဝါဒကို ပြန် လည် သုံးသပ်သွားမှာပါ။" နိုင်ငံ့ခေါင်းဆောင်တွေအတော်များများ အခုရက်ပိုင်း မြန်မာနိုင်ငံကို လာရောက်တဲ့အခါ သက်ဆိုင် ရာနိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ဆောင်နေသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေပါ ပါဝင်လာ ကြပါတယ်။ အခု ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူလည်း ပိုလန်နိုင်ငံ အကြီးစား စက်မှု လုပ်ငန်း နဲ့ ဆောက်လုပ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အတော်များများ ပါလာတာကြောင့် မြန်မာနိုင်ငံထဲ စီးပွားရေး အခွင့်အလမ်းတွေကို လာရောက် ကြည့်ရှုတယ်လို့လည်း ယူဆနိုင်ပါ တယ်။ နှစ်နိုင်ငံအကြား သတ္ထုတွင်းလုပ်ငန်းနဲ့ ဘူမိဗေဒဆိုင်ရာ အပြန်အလှန် သဘောတူညီချက်တရပ်ကို လည်း မြန်မာအာဏာပိုင်တွေနဲ့ ချုပ်ဆိုခဲ့ပါတယ်။ ဒါဟာ နှစ်ဘက် အပြန်အလှန် အကျိုးရှိမယ့် ကိစ္စရပ်တွေ ဖြစ်စေရမယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ "မြန်မာနိုင်ငံနဲ့ တကယ်ကို လက်တွဲဘက်နိုင်ငံ သဘောမျိုးဖြစ်ချင်တာပါ။ ဒါကြောင့် အပြန်အလှန် အကျိုး စီးပွားအတွက် နည်းပညာတွေ လွှဲပြောင်းကူညီဖို့ရှိသလို ရင်းနှီးမြှုပ်နှံဖို့လည်း ရှိပါတယ်။ ဒါကြောင့် ပထမ ဆုံးတော့ ပညာတော်သင် ခေါ်ယူတာတွေ လုပ်ပါမယ်။" မြန်မာနိုင်ငံတွင်း အခုလို အနောက်နိုင်ငံတွေဘက်က စီးပွားရေးလုပ်ငန်းတွေ ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတာ ဟာ အရင် အာရှဘက် ဒေသတွင်း နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေထက် ပိုပြီး မြန်မာလူထုအတွက် အကျိုး ရှိစေမယ်လို့ ယူဆမှုတွေရှိပါတယ်။ စီးပွားရေးရင်းနှီးမြုပ်နှံမှုကြောင့် ဘေးထွက်ရင်ဆိုင်ရမယ့် ဆိုးကျိုးတွေ ကို အနောက်နိုင်ငံဘက်က ကုမ္ပဏီမျိုးတွေကပဲ ပြန်ပြီး ကုစားပေးနိုင်မယ်လို့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးမိုးမြင့်က သြစတေးလျ ABC ရုပ်/သံ ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ "ဒီလို ကုမ္ပဏီတွေ လာရောက်ရင်းနှီးလုပ်ကိုင်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရဲ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လူတွေရဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာတွေအပေါ် ဒီကုမ္ပဏီတွေကပဲ အပြု သဘော ပြန်လည် ဆောင်ရွက်ပေးနိုင်တာကြောင့်ပါ။ ပြီးတော့ လူလတ်တန်းစား အရေအတွက်လည်း များလာနိုင်ပါတယ်။" အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေဟာ တဘက်က လူမှုအဖွဲ့အစည်းအပေါ် တာဝန်ယူမှု အစီ အစဉ်တွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်ပေးလိမ့်မယ်လို့ ယူဆကြပါတယ်။ လက်ရှိ အားဖြင့် မြန်မာနိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှုအများစုဟာ အာရှက ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံ ကပါ။ အဲဒီ ရင်းနှီးမြုပ်နှံ မှုတွေ စီမံကိန်းတွေဟာ ဒေသခံတွေအပေါ် ရိုက်ခတ်မှုရှိပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်တာ၊ လူ့အခွင့် အရေး ချိုးဖောက်တာတွေ ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပြောနေပါ တယ်။ အခုတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့တဆက်တည်း အနောက်နိုင်ငံတွေရဲ့ မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်း လာတာ ကြောင့် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ့် အလား အလာကောင်းတွေ ရှိလာပါတယ်။ တချိန်တည်းမှာလည်း အာဏာပိုင်တွေဘက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတရပ်ကို ရေးဆွဲအတည်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာဖို့ ဖိတ်ခေါ် ကြိုးစားနေ တာ တွေ့ရပါတယ်။ By ကိုသားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း) | ||
| ဇေကမ္ဘာသိမ်းထားတဲ့ ယာမြေပေါ် ရွှေနံ့သာ လယ်သမားများ စတင် ထွန်ယက် Posted: 10 May 2012 07:19 PM PDT | ||
| မန္တလေး-မြစ်ကြီးနား လမ်းပိုင်း မိုင်တိုင် ၆၄၄ အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွား Posted: 10 May 2012 07:15 PM PDT
ပျက်စီးသွားသော မီးရထားသံလမ်းကို မိုးညှင်းမြို့ မီးရထားကြီးကြပ်ရေးမှူးရုံးမှ ပြန်လည်ပြင်ဆင်မှုများ ပြလုပ်ခဲ့ပြီး မန္တလေး- မြစ်ကြီးနား မီးရထားခရီးစဉ်များကို ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ "ကနေ့မနက်ပိုင်း ထွက်ခွာမယ့် ခရီးစဉ်နှစ်ခုက ပုံမှန်အတိုင်း ထွက်ခွာခဲ့ပါတယ်။ ညနေပိုင်းထွက်ခွာမယ့် ၅၇ အဆန် မန္တလာရထားနဲ့ ၄၁ အဆန် ဒုတိယအထူအမြန်ရထား ခရီးစဉ်နှစ်ခုကတော့ မြစ်ကြီးနားဘက်က ဆိုက်ရောက်မယ့် မီးရထားခရီးစဉ်ပေါ်မူတည်ပြီး ထွက်ခွာချိန် အနည်းငယ် နောက်ကျနိုင်ပါတယ်"ဟု မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ | ||
| အလုပ်အကိုင်သစ် ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူ အရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား Posted: 10 May 2012 04:28 PM PDT ထွန်းထွန်း ---------- စီးပွားရေး ကျပ်တည်းမူ၊ အလုပ်အကိုင် ရှားပါးမူများကြောင့် နယ်ရပ်ရင်း ဒေသကို စွန့်ခွာပြီး တခြား အရပ် ဒေသများသို့ ထွက်ခွာနေကြသူ အရေအတွက်မှာ ရခိုင်ပြည်နယ်တွင် တစ်နေ့ထက် တစ်နေ့ တိုးတက် များပြား နေကြောင်း ရခိုင် ဒေသခံများက ပြောသည်။ ကားလမ်းပျက်၍ လမ်းဆင်းလျှောက်နေကြသော စစ်တွေမှ ရန်ကုန်သွား ခရီးသည်များ ( ဓါတ်ပုံ- နိရဉ္စရာ)ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် ရန်ကုန်နှင့် မန္တလေးသို့ သွားသော ဘတ်စ်ကားများတွင် ကားလက်မှတ်ကို သွားချင်သည့် အချိန်တွင် အလွယ် တကူ ၀ယ်ယူ၍ မရဖြစ်နေပြီး လက်မှတ် တစ်စာင်ကို ၁၅ ရက်ခန့် စောင့်ဆိုင်း ၀ယ်ယူနေကြသည်ဟု ရသေ့တောင်မြို့ တိုးရတနာ ဘတ်စ်ကား ခရီးသွား လက်မှတ် ရောင်းသူ တစ်ဦးက ပြောသည်။ " ရသေ့တောင်ကနေ ရန်ကုန်ကို တိုက်ရိုက် ကားနဲ့ သွားလို့ မရဘူး။ စစ်တွေက တဆင့်ဘဲ သွားရ တယ်။ ဒါပေမယ့် ထိုင်း၊ မလေးရှားနဲ့ တရုတ်နယ်စပ်ဘက်ကို ထွက်နေကြသူတွေများတဲ့ အတွက် အခု ရသေ့တောင်မှာ ကားလက်မှတ် အရောင်းဆိုင်တွေ ဖွင့်ပြီး လက်မှတ်တွေ ကြိုတင် ရောင်းချ ပေးနေ ပါတယ်။ ကျွန်တော်တို့ဆီက ရန်ကုန်သွားမယ့် ကားလက်မှတ် တစ်စောင်ရဖို့ အတွက် အနည်းဆုံး ၁၅ ရက်ခန့် စောင့်ရပါတယ်။" ရသေ့တောင်မြို့သည် စစ်တွေမြို့ မြောက်ဘက် မိုင် ၂၀ အကွာတွင် တည်ရှိပြီး ကားဖြင့် ရန်ကုန်နှင့် စစ်တွေသို့ တိုက်ရိုက်သွားလာ၍ မရသော်လည်း ဒေသမှ ထွက်ခွာသူ များပြားနေသဖြင့် စစ်တွေ ကား ကုမ္ပဏီများက ရသေ့တောင်မြို့ထိ လက်မှတ် အရောင်း ကောင်တာများ တိုးချဲ့ ဖွင့်လှစ် ရောင်းချ နေကြောင်း သူက ဆိုသည်။ " ရသေ့တောင်မြို့ပေါ်မှာ ကားလက်မှတ် အရောင်းကောင်တာ သုံးလေးခုခန့် ရှိပါတယ်။ တိုးရတနာ၊ ရွှေပြည်ရခိုင်၊ ကင်းစတား စတာတွေပါ။ ကားလက်မှတ်ကတော့ နေ့တိုင်း အပြည့် ရောင်းရတာပါဘဲ။ တအားကို သွားတဲ့သူ များနေပါတယ်" ဟု ပြောသည်။ ယခုကဲ့သို့ ထွက်ခွာနေကြသူများမှာ ရသေ့တောင် မြို့နယ် တစ်ခုတည်းက မဟုတ်ဘဲ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦီး၊ ပလက်ဝ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည် မြို့နယ်တိုင်း လိုလိုက ဖြစ်ကြောင်း ရွှေပြည် ရခိုင် ကားဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ " ပြည်ပကို ထွက်တာလား၊ ဘယ်ကို သွားကြတယ်ဆိုတာတော့ မပြောတတ်ဘူး။ အကုန် သွားနေကြ တာပါဘဲ။ မြို့နယ် စုံပါဘဲ။ ကျွန်တော်တို့ဆီက ဘတ်စ်ကားနဲ့ ရန်ကုန်ကို သွားကြ တာကတော့ နေ့တိုင်း အပြည့်ဘဲ။ ကားတစ်စီးမှာ ကလေး လူကြီး ၆၀ လောက် ဆန့်ပါတယ်။ ရန်ကုန်ကနေ ဘက်ကို သွားကြတယ် ဆိုတာတော့ ကျွန်တော်တို့ တပ်အပ် မသိဘူးဗျာ။" ထိုကဲ့သို့ ထွက်ခွာနေကြရာတွင် မြို့ပေါ်ကထက် နယ်ဒေသက ပို၍ များကြောင်း ဒေသခံများက ပြောသည်။ "ပြည်ပကို ထွက်တာ ကျွန်တော်တို့ နေတဲ့ အနီးအနား ရွာလောက်ပြောရ ရမယ်ဆိုရင် တရက်ကို လူအနည်းဆုံး လူပေါင်း ၂၀ ကနေ ၃၀အထိ ပြည်ပကို အလုပ်လုပ်ဖို့ ထွက်ကြပါတယ်။ ထွက်တဲ့ လူတွေက လူကြီး လူငယ် အမျိုးသမီး ဆိုင်းစုံပါဘဲ" စေတီပြင်ရွာမှ ရပ်လူကြီးတဦးက ဟုနိရဉ္စရာသို့ ပြောသည်။ ယခုကဲ့သို့ ထွက်ခွာနေကြရခြင်းမှာ ရခိုင်ပြည်နယ် ကျေးလက် ဒေသများတွင် အလုပ်အကိုင်ရှား ပါး၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။ "ပြည်ပ ကို ထွက်ချင်လို့ထွက် ကြတာမဟုတ်ပါဘူး။ အဓိကတော့ အလုပ်မရှိဘူး။ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး တယောက်လောက်ဘဲ အလုပ်ရှိတယ်။ လုပ်တာကလည်း လယ်ယာလုပ်ငန်းဆိုတော့ မိသားစု တစ်ခုလုံး စားဝတ်နေရေး အဆင်မပြေဘူး။ မဖူလုံဘူး။ အဲဒါကြောင့် ရှိတဲ့ ပစ္စည်းလေး တွေကို ပေါင်နှံ ရောင်းချပြီးတော့ ပြည်ပကို ထွက်ခွာနေကြတာ ဖြစ်ပါတယ်" ဟု ပြောသည်။ ပြည်ပနိုင်ငံသို့ ထွက်ခွာသွားသော်လည်း အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပြီး လူတစ်ရာတွင် သုံးလေးဦးခန့်သာ အဆင်ပြေကြောင်း လောင်းချောင်း ကျေးရွာသား တဦးက ပြောသည်။ "ပြည်ပကို ထွက်တဲ့လူတွေ ဟာလဲသိပ် အဆင်ပြေကြတာ မဟုတ်ပါဘူး။ လူတစ်ရာမှာ သုံး လေးယောက်လောက်ပဲ အဆင်ပြေကြတာပါ။ အိမ်မှာ အလုပ်လက်မဲ့ နေမယ့်အစား ပြည်ပကို ထွက်ပြီး လုပ်တာက အိမ်ကိုငွေ မပို့နိုင်ရင်တောင် ကိုယ့်ဝမ်း အတွက်တော့ အဆင်ပြေတဲ့ သဘောမျိုးနဲ့ သွားနေကြတာ ဖြစ်ပါတယ်။" ပြည်ပသို့ ထွက်ခွာနေသူများသည် တရုတ်၊ ထိုင်း၊ မလေးရှား သို့သာမက စစ်မက် အကြီးအကျယ် ဖြစ်ပွားနေသော ကချင်ပြည်နယ် ဘက်သို့ ထွက်ခွာနေကြသည်ဟု ဆိုသည်။ ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် ရခိုင်ပြည်နယ်၏ အနာဂတ် အခြေအနေမှာ ရင်လေးစရာ ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် အမတ်က ဦးလှမောင်သိန်းက ပြောသည်။ ယခုကဲ့သို့ လူများ ရခိုင်ပြည်နယ်မှ စွန့်ခွာနေကြသဖြင့် ယခုနှစ် လယ်ယာ လုပ်ငန်းကိုလည်း များစွာ ထိခိုက်နိုင်ကြောင်း ရသေ့တောင်မြို့ပေါ်မှ လယ်သမားကြီး တစ်ဦးက ပြောသည်။ " အခု ပြဿနာက လယ်လုပ်မယ့် သူရင်းဌား လုံးဝ ရှာမရတဲ့ ပြဿနာပါ။ ရွာတွေမှာ လယ်လုပ်မယ့် သူတွေ မရှိသလောက် ဖြစ်နေပြီ။ အာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စ အပေါ် အလေးအနက် စဉ်းစားတာမျိုးတော့ မတွေ့ရသေးဘူး။ လူအားနဲ့ လယ်လုပ်တဲ့ ရခိုင်ဒေသမှာ လယ်လုပ်မယ့်သူ မရှိရင် လယ်ယာလုပ်ငန်းကတော့ ရှေ့မှာ အများကြီး ထိခိုက်နိုင်ပါတယ်။" သူရင်းဌား တစ်ဦး၏ ဈေးနုန်းမှာလည်း လုပ်သား ရှားပါးသဖြင့် လွန်ခဲ့သောနှစ်ကထက် ယခုနှစ်တွင် နှစ်ဆခန့် မြင့်တက် သွားကြောင်း သိရသည်။ " ရွာမှာ လူတွေမရှိတော့ ပြဿနာက ဘာဖြစ်လာ လဲဆိုတော့ ပွဲလန်းသဘင်တွေ ဖြစ်ရင် ကလေးနဲ့ အဖိုးကြီးတွေ လောက်ဘဲ ကျန်တော့တယ်။ လူပျို အပျို ရှာမရတော့ဘူး။ တချို့ ရွာတွေမှာဆိုရင် ကာလသား မရှိတဲ့ အတွက် ရှင်ပြုပွဲ၊ သမက်တက်ပွဲ ကျရင် ကာလသားကို တစ်ခြားရွာတွေက ဌားရတာ မျိုးတွေတောင် ရှိတယ်။ ရွာတွေမှာ လူက မရှိသလောက်ဖြစ် နေပါပြီ။ အဘုဘ ချရင်တောင်မှ အမျိုးသားတွေ မရှိတဲ့ အတွက် အမျိုးသမီးတွေက အလောင်းကို ထမ်းချရတဲ့ ရွာတွေလည်း ရှိနေပါပြီ"ဟု လယ်သမားကြီးက ပြောသည်။ ထွန်းထွန်း ( နိရဉ္စရာ) | ||
| မြန်မာ့အပြောင်းအလဲ စိတ်မချရသေး Posted: 10 May 2012 02:49 PM PDT မြန်မာနိုင်ငံတွင်းက ပြုပြင် ပြောင်းလဲမှုတချို့ကို တွေရပေမယ့် ဒီအခြေအနေတွေဟာ ဘယ်လောက်ထိ ခိုင်မာမှု ရှိမလဲဆိုတာ စောင့်ကြည့်ဖို့ လိုအုံးမယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောလိုက်တာဖြစ်ပြီး နိုင်ငံမှာ ရင်းနှီး မြုပ်နှုံသူအတွက်ရော တိုင်းပြည်အတွက်ပါ နှစ်ဖက် အကျိုးရှိတဲ့ ဥပဒေပြဌာန်းချက်တွေ ရှိဖို့လိုမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မေလ ၁၀ ရက်ကြာသာပတေးနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တစ်နာရီ နီးပါးလောက် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီနောက် ခေါင်းဆောင် ၂ ဦး သတင်းထောက်တွေကို တွေ့ရာမှာတော့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက သူခရီးစဉ်နဲ့ ပတ်သက်လို့ ဦးစွာ ရှင်းပြရာမှာ မြန်မာနိုင်ငံထဲ အပြောင်းအလဲ ရှိလာတာကို မြင်ရတာ အားရပေမယ့် ဒီအပြောင်းအလဲတွေ ခိုင်ခံမှု ရှိမရှိ ဆိုတာကိုတော့ စောင့်ကြည်ဖို့ လိုမယ်ဆိုတဲ့ သူသဘောထား ပြောခဲ့တယ်လို့ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ဂျပန် NHK သတင်းဌာနအတွက် ပြည်တွင်းအခြေစိုက် လုပ်ပေးနေသူ သတင်းထောက် ကိုသီဟဆွေက ပြောပြပါတယ်။ "သူ့အနေနဲ့ အဓိက ပြောသွားတာကတော့ အီးယူက တကယ့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်ပေါ့နော်။ ဒီ Suspend လုပ်တယ် ဆိုတဲ့ ကိစ္စကလည်း သူတို့က မှန်ကန်တဲ့ ရွေးချယ်မှုပေါ့။ ဆိုတော့ သူတို့က ပိုလန်နိုင်ငံအနေနဲ့ ကတော့ မြန်မာပြည် နိုင်ငံရေး၊ စီးပွားရေး အနေအထားတွေဟာ နောက်ပြန်လှည့် သွားနိုင်လား ဆိုတာကို အနီးကပ် စောင့်ကြည့်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ နောက်ထပ် သူပြောတဲ့အထဲမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့တခုက ဘာလဲဆိုတော့ သူတို့ လာရောက် လေ့လာတဲ့အခါမှာ Reform Process တွေက သူတို့ ထင်ထားတာထက် ပိုပြီးတော့ Fragile ဖြစ်တယ်ပေါ့နော်။ ပြန်ပြီးတော့ ပြိုကွဲလွယ်တယ်ပေါ့နော်။ ဆိုတော့ အဲဒါလေး ပြောသွားတာ ရှိပါတယ်။" ပိုလန်နိုင်ငံခြားရေး ၀န်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်မေလ ၉ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ရော အစိုးရ အဖွဲ့ဝင်တချို့နဲ့ပါ တွေ့ခဲ့ပါတယ်။ အဲဒီမှာ အီးယူက မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ၁ နှစ် ဆိုင်းငံ့တာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲကြပါတယ်။ အီးယူရဲ့ ပိတ်ဆို့မှု ၁နှစ်ဟာ မြန်မာနိုင်ငံအတွက် ထိရောက်မှုမရှိသလို ရေရှည် ရင်းနှီးမြုပ်နှံလိုသူတွေအတွက် အခက်အခဲ ဖြစ်တာမျိုး ရှိတာမို့ လုံးဝရုတ်သိမ်းရေး ကိစ္စတွေကို အစိုးရဖက်က ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ "ဥရောပက မှတ်ချက်ထဲမှာ ဘာပါလဲဆိုတော့ အီးယူရဲ့ လောလောဆယ် Sanction Suspend လုပ်တဲ့အထဲမှာ ဒီ မြန်မာနိုင်ငံအပေါ်မှာ သက်ရောက်နေတဲ့ သက်ရောက်မှုတွေကို ဖယ်ရှားလိုက်ပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာစီးပွားရေးဟာ ဒါကြောင့် ရပ်နေတယ်လို့တော့ ငြင်းလို့တော့ မရတော့ဘူးလို့ သူထဲ့ပြောသွားတယ်။ ဒါကို သူက လက်မခံတဲ့သဘောမျိုး ရှိပါတယ်။ ဒီလက်ရှိ Suspend လုပ်လိုက်တဲ့အပေါ် မြန်မာစီးပွားရေးက အထိုက်အလျောက် တိုးတက်လာရမယ် ဆိုတဲ့ သဘောမျိုး ပြောသွားတဲ့ သဘော တွေ့ပါတယ်။" အခုလို ပိုလန်နိုင်ငံက အဆင့်မြင့် အရာရှိတဦးရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ၂နိုင်ငံအကျိုးတူ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ကဏ္ဍတွေနဲ့ ပတ်သက်လို့လည်း ရှင်းပြသွားတယ်လို့ ဆိုပါတယ်။ "အဲဒါနဲ့ ပတ်သက်ပြီး သူက သူနဲ့ တပါတည်းပါလာတဲ့ ပိုလန် စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါလာတယ်။ သူတို့ကိုလည်း မေးမြန်းလို့ ရတယ်။ သူတို့ရဲ့ မြန်မာပြည်မှာ Business opportunity တွေနဲ့ ပတ်သက်ပြီးတော့ လာပြီး စူးစမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့်ပေါ့နော်၊ ကျနော်တို့ ဒီ Shipping နဲ့ ပတ်သက်တဲ့ ဟာတွေက အစပေါ့နော်၊ သူတို့ ဒီ စီးပွားရေး လုပ်ငန်းရှင်တွေ နယ်ပယ် အသီးသီးက ပါလာတယ် ဆိုတဲ့ အကြောင်း၊ သူတို့ရဲ့ စိတ်ဝင်စားမှုကိုတော့ ပြောသွားတယ်ပေါ့လေ။ ဒါပေမယ့်လည်း လေ့လာရဦးမယ်ပေါနော်။" ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံထဲ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဆိုရာမှာ နှစ်ဦး နှစ်ဖက် အာမခံချက်တွေ ရှိတဲ့ ဥပဒေ ပြဌာန်းချက်တွေ ရှိဖို့လိုတယ်လို့ မြင်ကြောင်း ရှင်းပြခဲ့တယ်လို့လည်း ပြောပါတယ်။ "သူက ဖြေရတဲ့အဖြေက အင်မတန် နဲပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတာက ဒီ မြစ်ဆုံ Dam နဲ့ ပတ်သက်တဲ့ ရင်းနှီး မြုပ်နှံမှုတွေလည်း ရှိတတ်တဲ့အတွက်ကြောင့်မို့လို့ ဒီ Foreign investment တွေဟာ ဟို ကောင်းကျိုးလည်း ပေးတာရှိတယ်၊ ဆိုးကျိုးလည်း ပေးတာတွေ ရှိတယ် ဆိုတဲ့ အတွက်ကြောင့်မို့လို့ ဒီဟာနဲ့ ပတ်သက်ပြီး အမြင် သူ့ကို တယောက်က မေးတဲ့အခါမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဆိုတာက ရင်းနှီးမြုပ်နှံသူကိုရော၊ ဒီဖက်က တိုင်းပြည်ကိုရော နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ ဥပဒေတွေ ပြဌာန်းပြီးတော့ စံနစ်တကျ လုပ်တာ ပိုကောင်းတယ်၊ နှစ်ဖက်လုံး အကျိုးရှိတဲ့ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုက ပိုကောင်းတယ် ဆိုတာကို သူ ထပ်ပြောသွားပါတယ်။ အားလုံးကတော့ ဒီကို လာကြည့်ကြတဲ့အခါမှာ ဟို အင်မတန်စိမ်းတဲ့ တိုင်းပြည်တခုကို၊ စီးပွားရေးအရ စိမ်းနေသေးတဲ့ တိုင်းပြည်တခုကို လာကြည့်ရတာ ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေတွေကို လာပြီးတော့ စူးစမ်းတဲ့သဘော အဆင့်မှာပဲ ရှိပါသေးတယ်။" ဒါကတော့ မေလ ၁၀ ရက်နေ့က ပိုလန်နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦး သတင်းထောက်တွေကို တွေ့ဆုံ ရှင်းပြခဲ့တာနဲ့ ပတ်သက်လို့ ဂျပန် သတင်းဌာနရဲ့ ပြည်တွင်းအခြေစိုက် သတင်းထောက် ကိုသီဟဆွေကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ By သင်းသီရိ (ဗွီအိုအေ) | ||
| Hi-Mo High-Art ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမား တောင်းဆိုချက်ရရှိ Posted: 10 May 2012 02:46 PM PDT ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံက မနေ့က ဆန္ဒပြ အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ အခြေခံလုပ်ခလစာနဲ့ အချိန်ပိုကြေး တိုးပေးဖို့ အပါအ၀င် အခြားအလုပ်သမား ရပိုင်ခွင့်တွေကို အလုပ်သမားရုံး တာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးခဲ့လို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြေလည်မှု ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမားများ ၂၀၁၂ ခုနှစ် မေလ ၉ ရက်က ဆန္ဒပြနေကြစဉ်။ Hi-Mo High-Art ဆံပင်တုစက်ရုံက အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ အလုပ်သမား ရပိုင်ခွင့်တွေကို လုပ်ငန်းရှင်က လိုက်လျောခဲ့ကြောင်း အလုပ်သမား ကြီးကြပ်ရေးရုံးရှေ့မှာ ရောက်နေတဲ့ ဆန္ဒပြ အလုပ်သမတစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။ "ကျွန်မတို့တောင်းဆိုတာ အခြေခံလစာ နည်းပါးမှု၊ အိုတီအတင်းအကြပ် ခေါ်ဆိုမှုပေါ့နော်။ နောက် အလုပ်သမားတွေကို အဓမ္မခိုင်းစေမှု အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ တောင်းဆိုခဲ့တာပါ။ အခုဆို အလုပ်သမား တစ်ထောင်ရှစ်ရာရဲ့ တောင်းဆိုတဲ့ အချက် (၇၈) ချက်၊ အားလုံးကို ချုံ့လိုက်တဲ့အခါမှာ (၄၈) ချက်ပေါ့နော်။ အဲဒီ (၄၈) ချက် အားလုံး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပါပြီ။ အခြေခံလစာက ပထမ (၈၀၀၀) ရှစ်ထောင်ပဲရတာ၊ အခုဆို (၂၂၀၀၀) နှစ်သောင်း နှစ်ထောင် တိုးပေးတာပေါ့နော်။ လစာတိုးတဲ့အတွက် အိုတီကြေးလည်း တိုးတယ်။ အရင်တုန်းက အိုတီကြေး (၇၈) ကျပ်ပဲရပါတယ်။ အိုတီကြေးက (၃၁၄) ကျပ် ဖြစ်သွားတာပေါ့နော်။ အခုတောင်းဆိုတဲ့ အချက်တွေအားလုံး အဆင်ပြေတယ်" လှိုင်သာယာစက်မှုဇုန် (၃) မှာရှိတဲ့ အလုပ်သမား ကြီးကြပ်ရေးရုံးမှာ စက်ရုံ တာဝန်ရှိသူတွေနဲ့ ဆန္ဒပြ အလုပ်သမားတွေကြား ရန်ကုန်တိုင်း အလုပ်သမားညွန်ကြားမှု ဦးစီးဌာနက တိုင်းမှူးအပါအ၀င် အလုပ်ရုံ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ညွန်ချုပ် ဦးဝင်းရှိန်က လာရောက်ညှိနှိုင်း ဖြေရှင်းပေးခဲ့တာလို့ အလုပ်သမားတစ်ဦးက အခုလိုပြောပါတယ်။ "အလုပ်သမား ကြီးကြပ်ရေးရုံးပေါ့။ လှိုင်သာယာစက်မှုဇုန် (၃)၊ ဘယ်သူက ဖြေရှင်းပေးတာလဲဆို လေဘာက ညွှန်ချုပ် ဦးဝင်းရှိန်လို့ ပြောပါတယ်။ အလုပ်သမား (၁၈၀၀) ၀န်းကျင်လောက် ပါပါတယ်" ကိုရီးယားလူမျိုးပိုင် Hi-Mo High-Art ဆံပင်တုစက်ရုံမှာ အလုပ်သမား (၁၉၀၀) နီးပါးရှိပြီး အလုပ်သမားတွေ တောင်းဆိုမှု မပြုလုပ်ခင်က စက်ရုံမှာ နှစ်ကြီးသမား အလုပ်သမားတွေကို အခြေခံလစာ ကျပ် တစ်သောင်းကျော် ပေးတာဖြစ်ပြီး ကျန်အလုပ်သမားတွေက ရှစ်ထောင်နဲ့ ကိုးထောင်လောက်သာ ရကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ RFA-Burmese | ||
| YES – Inno အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြ Posted: 10 May 2012 02:45 PM PDT ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် ၄ မှာရှိတဲ့ YES – Inno အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်နီးပါးလောက်ဟာ အခြေခံ လုပ်ခလစာ တိုးပေးရေး တောင်းဆို ဆန္ဒပြနေကြပါတယ်။ ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်က လှိုင်သာယာစက်မှုဇုန် YES – Inno အထည်ချုပ်စက်ရုံက အလုပ်သမားများ အခြေခံ လုပ်ခလစာ တိုးပေးရေး တောင်းဆို ဆန္ဒပြနေကြစဉ်။ မနေ့က မနက်ကတည်းက အလုပ်သမားတွေဟာ စက်ရုံဝင်းနားမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒီကနေ့မှာတော့ အင်အား တစ်ထောင်နီးပါးလောက်အထိ ရှိလာခဲ့တာပါ။ အလုပ်သမားတွေဟာ လက်ရှိ အခြေခံ လုပ်ခလစာ တစ်သောင်းကျော်၊ အိုဗာတိုင်ကြေးနဲ့ ပေါင်းလိုက်ရင် လေးသောင်းနီးပါး ရရှိတယ်လို့ ဆိုပါတယ်။ သူတို့ တောင်းဆိုနေတာက အခြေခံ လုပ်ခလစာကို တစ်သောင်းကျော်ကနေ နောက်ထပ် နှစ်သောင်းထပ်တိုးပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဆန္ဒပြသူ အလုပ်သမားတွေဟာ အမျိုးသမီး အလုပ်သမများဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာတော့ လှိုင်သာယာမြို့နယ် အလုပ်သမားရုံးမှာ သွားရောက်ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။ RFA-Burmese | ||
| ပိုလန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်တို့ကို တွေ့ဆုံ Posted: 10 May 2012 02:43 PM PDT မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr. Radosław Sikorski ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ ညနေက သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr. Radosław Sikorski နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ ဒီကနေ့ တွေ့ဆုံပွဲမှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ပိုလန်အစိုးရရဲ့ သဘောထားအမြင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ လက်ရှိဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့ကြကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော်က အခုလို ပြောပါတယ်။ " သူတို့ဘက်က ဘာတွေ ဘယ်လိုလုပ်ပေးနိုင်မလဲ ဆိုတဲ့ကိစ္စပေါ့။ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံပေါ့နော်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေ လုပ်တဲ့အခါမှာ ပုံသဏ္ဌာန်၊ အသွင်သဏ္ဌာန်၊ အမြင်ချင်းတွေ မတူကြဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ တစ်ထပ်တည်းတွေတော့ ဘယ်တစ်နိုင်ငံနဲ့ တစ်နိုင်ငံတူဖို့ မဖြစ်နိုင်တဲ့ အကြောင်းပါ။ အဲဒီအခါမှာ နိုင်ငံရေး လှုပ်ရှားနေတဲ့သူတွေ အနေနဲ့ ဘယ်လိုပါဝင်ကြမလဲ ဆိုတဲ့ ကိစ္စလေးတွေကို ကျွန်တော်တို့ ဆွေးနွေးကြပါတယ်" ပိုလန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ တွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၈ ဦး တက်ရောက်ခဲ့ကြပါတယ်။ ဒီကနေ့ မနက်မှာပဲ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆွီဒင်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ OLOF PALME Center အဖွဲ့က လာရောက်တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ နော်ဝေး ၀န်ကြီးချုပ်ဟောင်း ဦးဆောင်တဲ့ ကိုယ်စားလည်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးကြကြောင်းလည်း သိရပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ရန်ကုန်မြို့မှာ ဒီကနေ့တွေ့ဆုံပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ ဘဝ ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးကြောင်း သိရပါတယ်။ RFA-Burmese |
| You are subscribed to email updates from သစ်ထူးလွင် Myanmar News Now To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |














