ဒီမိုဝေယံ

ဒီမိုဝေယံ


ယနေ့ ဘဘဦးတင်ဦးနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးတဲ့ တာမွေမြို့နယ် အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနား..

Posted: 08 May 2012 10:05 AM PDT


 ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေ မြို့နယ် ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားး

အဖွဲ့ချုပ် နာယကကြီး ဘဘဦးတင်ဦးနှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ ပါတယ်..။ တာမွေမြို့နယ် ပြည်သူလူထု(၄ ထောင်ကျော်မှ   နေ့လည် ၁ နာရီ ခွဲ ခန့်မှ စ၍ စုဝေးစောင့်ဆိုင်းခဲ့ကြပါတယ်..။ ညနေ ၅နာရီ ခွဲ ကျော်မှာ အဖွဲ့ချုပ် နာယကကြီး ဘဘဦးတင်ဦးနှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ရောက်ရှိလာခဲ့ပြီး ပြည်သူလူထုအား အမှာစကား မိန့်ခွန်းများ ပြောကြားခဲ့ပြီး ည ၇ နာရီခန့်မှာ ပြန်လည်ထွက်ခွါ သွားခဲ့ပါတယ်..။

အခန်းအနားအား အစီအစဉ် ၆ ရပ်ဖြင့် ကျင်းပခဲ့ပါတယ်.။

၁ ။ တာမွေမြို့နယ် အဖွဲ့ချုပ်မှ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာခြင်း

၂ ။ တာမွေ မြို့နယ် NLD ဥက္ကဌ မှ အဖွင့် အမှာစကားပြောကြားခြင်း

၃ ။NLD နာယက ဦးတင်ဦးမှ မိန့်ခွန်းပြောကြားခြင်ဒ

၎။ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားခြင်း

၅ ။တာမွေမြို့နယ် NLD ဥက္ကဌ မှ ကျေးဇူးတင်စကားပြောကြားခြင်း

၆။ အခမ်းအနားပြီးဆုံးကြောင်း ကြေငြာခြင်းများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြတဲ့ ပြည်သူလူထုမှ အဖွဲ့ချုပ် ခေါင်းဆောင်များအား သောင်းသောင်းဖြဖြ ကြိုဆိုကာ ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်..။

ဂျာမဏီနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းအား ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးမှ တွေ့ဆုံနှုတ်ဆက်....

Posted: 08 May 2012 08:20 AM PDT

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအား ဂျာမဏီနိုင်ငံခြားရေး ဝန်ကြီးမှ ပကာသနမပါ ကိုယ်တိုင် ကော်ဖီငှဲ့ပြီး ရင်းရင်းနှီးနှီး ဧည့်ခံနေစဉ်..။
ဥရောပပါလီမာန် ဒီမိုကရေစီကို လေ့လာဖို့ ဂျာမဏီနိုင်ငံကို အလည်ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအား ဂျာမဏီနိုင်ငံခြားရေး ဝန်ကြီးGuido Westerwelle မှ ယခုလို ရင်းရင်းနှီးနှီး ဧည့်ခံခဲ့ပါတယ်..။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းနဲ့ အတူ လွှတ်တော်ကိုယ်စားလှယ် ၈ဦး လေ့လာရေးခရီး လိုက်ပါခဲ့ကြပါတယ်..။

အမာဂိုဏ်းသားလို့ အများက သတ်မှတ်ထားတဲ့ ဒု(သမ္မတ) ဦးတင်အောင်မြင့်ဦးကတော့ တူသော အကျိုးပေး ကင်ဆာရောဂါ အကြောင်းပြချက်နဲ့ ထွက်တော်မူ နန်းကခွာပါပြီ။ အပျော့ဂိုဏ်းလို့ အများသတ်မှတ်ကြတဲ့ သမ္မတနဲ့ သူရဦးရွှေမန်းတို့လည်း.. ဒီထက်ပိုပြီး ပြည်သူအကျိုးကို မျှော်ကိုးပြီး ပြည်သူ့ခေါင်းဆောင်နဲ့ ပူပေါင်း လုပ်ဆောင်မယ်ဆိုရင် ပြည်သူမေတ္တာဆိုတဲ့ တူသောအကျိုးကို ရရှိခံစားရမှာ မလွဲမသေပါပဲ...။

အပြောကတော့ ရွှေမန်းဆိုတဲ့ စကားပုံကို အပြောနဲ့ အလုပ်နဲ့ပါညီတဲ့ ဦးရွှေမန်းဆိုပြီး သမိုင်းတကွေ့မှာ နာမည်ကောင်းတခု ကျန်ရစ်နိုင်ဖို့ ပြည်သူဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးဖို့ တိုက်တွန်း အပ်ပါတယ်..။

ဒီမိုဝေယံ
ဓာတ်ပုံ Getty Images