သစ်ထူးလွင် |
- ပြည်ထဲရေးနှင့် ကညန ပေါင်းပြီးဂွင်ရိုက်ကြပြီ
- ကျောင်းပြောင်းလက်မှတ်
- သိပ်ဈေးကြီးတဲ့မြို့ (သို့မဟုတ်) နေပြည်တော်နှင့် ဒါဏ်ကြေး
- ခြေတစ်လှမ်း၊ သန်း(၆၀)နှင့် လွှတ်တော်နိဒါန်း
- ပဲခူး တရားသူကြီး ဇနီးကို အမှုဖွင့်၊ တရားခံပျောက်ဆုံးနေဟု ရဲကပြော
- ပင်လုံအခြေစိုက် အစိုးရတပ်ရင်းအနီး မိုင်းဗုံးကွဲ ပအိုင်းကျေးလက်တစ်ဦးသေ
- ရေတပ်မှ သိမ်းထားသော နယ်မြေ ဖြတ်သန်းလျှင် ပစ်ခတ်မည်ဟု သတိပေး
- ထိုင်းဘုရင် လေတပ် လေယာဉ် ဒက္ကားလေဆိပ်တွင် လမ်းချော်၊ အရာရှိ ၃ ဦးဒဏ်ရာရ
- နယ်စပ် စီးပွားရေးဇုံများ မရှိ၍ မြန်မာ ကုန်များ မှောင်ခိုတင်ပို့ရာမှ ဖမ်းဆီးခံ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုခဲ့စဉ်(ရုပ်/သံ)
- မြန်မာပြည်ရောက် တရုတ်များလုံခြုံရေး တရုတ်အစိုးရ သတိပေး
- ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အစ်ကိုဦးနေအောင် နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင်
- သံရုံးအခိျု့ နေပြည်တော် ပြောင်းမည်
- ခရစ်ယာန် သုသာန် မပြောင်းရွှေ့ ဖို့ ဆန္ဒဖော်ထုတ်ပွဲ
- ဆင်ဆာ ဖြတ်တောက်မှု မြန်မာနိုင်ငံ နံပါတ် ၇ နေရာမှာရှိနေ
- လွှတ်တော်တွင်းကနေ ၁၀၀% အောင်မြင်အောင် ကြိုးပန်းရမယ်
- ဒီမိုကရေစီ လိုလားသူများနဲ့ လွှတ်တော်အမတ်သစ်များ အမေရိကန် ချီးကျူး
ပြည်ထဲရေးနှင့် ကညန ပေါင်းပြီးဂွင်ရိုက်ကြပြီ Posted: 03 May 2012 03:48 AM PDT
ကျွန်တော် နေထိုင်ရာနယ်မြေ တာဝန်ခံ သုခသိဒ္ဓိရပ်ကွက် ရဲစခန်းတွင်တိုင်ကြားထားသော်လည် သို့ ဖြစ်ပါ၍ ကျွန်တော်၏ ယာဉ်မောင်းလိုင်စင်မှာ ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးပဲ ပျောက်ဆုံးကြောင်းရဲစခန်းမှ ထောက်ခံချက်ဖြင့်သာ သွားရောက်နေရပါသည်။ ယနေ့တွင်မူ မော်တော်ပီကယ်များမှ ယင်းထောက်ခံချက်ဖြင့် သွားလာ၍ မရကြောင်း ထောက်ခံချက်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ကျွန်တော်သည် ကညန ရုံးသို့ လိုင်စင်သွားရောက် လျှောက်ထားခြင်း မပြုလုပ်ဟုသာ ယူဆကြောင်း ပြောကြားကာ ပြေစာဖြတ်ပိုင်းပေးပြီး ဆိုင်ကယ်ဝှီးတက်ကို သိမ်းထားလိုက်ပါသည်။ ကျွန်တော်တို့ ၀န်ထမ်းများမှာ လုပ်ငန်းလိုအပ်ချက်အရ ဆိုင်ကယ်ဖြင့် မဖြစ်မနေ သွားလာရသော အချိန်များ ရှိပါသည်။ ရဲစခန်းမှ ထောက်ခံချက်ကို ပြည်ထဲရေးဝန်ကြီးဌာန အခြင်းခြင်း အသိအမှတ်မပြုခြင်း၊ ကညနရုံး၏ နှောင့်နှေးကြန့်ကြာနေသော ရုံးလုပ်ငန်း လုပ်ဆောင်ချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တာဝန်ယူ ဖြေရှင်းပေးစေ လိုပါသည်။ နေပြည်တော်မှ ၀န်ထမ်းတဦး | ||
Posted: 03 May 2012 03:43 AM PDT
၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် ကျောင်းပြောင်းလက်မှတ်များ အခုရက်ပိုင်းအခြေခံပညာအထက်တန်းေ နှစ်စဉ်နှစ်တိုင်း ကျောင်းမဖွင့်မီ (အောင်စာရင်းတွေ ကြေညာပြီးနောက်ပိုင်းမှာ) ကျောင်းပြောင်းလက်မှတ်တွေ ထုတ်ယူလေ့ရှိပြီး ဒသမတန်း၊ န၀မတန်း ၊ အဋ္ဌမတန်းတွေက ကျောင်းပြောင်း လက်မှတ် တွေကို အများဆုံး ထုတ်သွားလေ့ရှိကြတယ်။ ဒါပေမယ့် ဒီနှစ် ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်အတွက်မှာတော့ အောင်စာရင်းကြေညာပြီးနောက်ပိုင် ဒါတွေကို ပညာရေးဝန်ကြီးဌာန အနေနဲ့ ကြပ်ကြပ်မတ်မတ် စနစ်တကျ စိစစ်သင့်ပါတယ်။ ဒါဟာ ကျောင်းသား၊ ကျောင်းသူများနဲ့ ကျောင်းသားမိဘ အုပ်ထိန်းသူများဟာ အခြေခံပညာကျောင်းမှာ နေရင် စာမတတ်ဘူး၊ ဆယ်တန်းမအောင်ဘူး၊ ဆယ်တန်းကို ဂုဏ်ထူးနည်းတယ်။ အမှတ် နည်းတယ်ဆိုတဲ့ အသိတွေ ၀င်နေလို့ဖြစ်နိုင်ပါတယ်။ အပြင်ပယောဂ ဘော်ဒါဆောင်၊ ကျူရှင်၊ ၀ိုင်း၊ရှယ်စာသင်ဝိုင်း၊ နေ့အထူး၊ ညစာကျက်ဝိုင်းတွေကြောင့်ဖြစ်ဖို အခြေခံကျောင်းအုပ်ကြီးများနဲ့ ၊ ဆရာ၊ ဆရာမများကြားမှာတော့ လူကြီးတွေက Private ကို ပိုဦးစားပေးနေလို့ ခုလိုအခြေ အနေတွေဖြစ်နေတာပါလို့ ကျယ်ကျယ်လောင်လောင်ပြောနေကြပါ ဆရာစိုင်းမင်း Myanmar News Now | ||
သိပ်ဈေးကြီးတဲ့မြို့ (သို့မဟုတ်) နေပြည်တော်နှင့် ဒါဏ်ကြေး Posted: 03 May 2012 03:36 AM PDT နေပြည်တော်တွင် မြို့တွင်းမြို့ပြင် နေရာအနှံ့အပြား ဆိုင်ကယ်များကို ဝှီးတက်၊ မောင်းလိုင်စင်၊ ဦးထုပ်၊ လူပိုတင် စသည်ဖြင့် ယာဉ်စည်းကမ်းထိမ်းသိမ်းရေးမှ အခါအားလျော်စွာ ဖမ်းဆီးအရေးယူလျှက်ရှိသည်မှာ နေပြည်တော်ရှိ ဆိုင်ကယ်စီးသူများ အားလုံးအသိပင် ဖြစ်ပါသည်။ အခါအားလျော်စွာဟုဆိုရာတွင် မည်သည့်နေ့ရက်၊ အချိန်၊ နေရာ ဆိုသည်ကို မခန့်မှန်းနိုင်ရုံသာမက ရံဖန်ရံခါ ပုန်းလှျိုးကွယ်လှျိုးဖမ်းဆီးမှုများပင် ပြုလုပ်လေ့ရှိပါသည်။ ယင်းသို့ဖမ်းဆီးခြင်းသည် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကို အမှန်တကယ်လိုက်နာစေလိုသောစေတနာထက် အမှုများမျုားရရှိရေး(ဒါဏ်ကြေးများမျုားရရှိရေး)ကို ရှေးရှုနေသည် မှာလည်း ကိုယ်တိုင်တွေ့ကြုံခံစားဖူးသူမည်သူမဆို သဘောပေါက်နားလည်လောက်သော အခြေအနေပင်ဖြစ်ပါသည်။ (ပုန်းလှျိုးကွယ်လှျိုးဖမ်းဆီးမှုများကြောင့်ဖြစ်ပွါးခဲ့ရသော မတော်တဆမှုများကြုံတွေ့ခဲ့ရသူများ ရက်စွဲအတိအကျနှင့် ဖေါ်ထုတ်ပေးကြပါရန်) နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ်နီးပါးကြေညာချက်ထုတ်ပြန်ထားသောကြောင့် ဖမ်းဆီးအရေးယူမှုမှာ သဘာဝကျ သော်လည်း သဘာဝမကျသည်မှာ ဒါဏ်ကြေးသတ်မှတ်မှုဖြစ်ပါသည်။ ဝှီးတက်မပါ၊ မောင်းလိုင်စင်မပါ၊ ဦးထုပ်မဆောင်း၊ လူပိုတင်... မည်သည့်ပြစ်ချက်မဆို အမှုတစ်ခုစီတိုင်းအတွက် ဒါဏ်ကြေး၂ဝဝဝဝ + ရုံးစားရိတ်၁၅ဝဝ = ၂၁၅ဝဝ (နှစ်သောင်းတစ်ထောင်ငါးရာကျပ်) ဖြစ်ပါသည်။ (ဒါဟာတရားဝင်သတ်မှတ်ချက် ဖြစ်ပါသလားခင်ဗျာ။ သိနားလည်သူများ ဖြေကြားပေးကြဖို့ပါ။ နောက်ပြီး များပြားလှတဲ့ အဲဒီဒါဏ်ကြေးတွေဟာ ဘယ်ခေါင်းစဉ်နဲ့ ဘယ်ကို ဘယ်လိုရောက် ဆိုတာရောပေါ့...) ငွေနှစ်သောင်းကျော်ဆိုသောပမာဏသည် သာမန်လက်လုပ်လက်စားလုပ်စားလုပ်သားတစ်ယောက်ရဲ့တစ်ပါတ်စာဝင်ငွေ၊ အောက်ခြေအရောင်းစာရေးဝန်ထမ်းတစ်ယောက်ရဲ့ လစာတစ်ဝက်နီးပါး ဖြစ်သောကြောင့် စီစစ်ဖို့ကောင်းလှပါပြီ။ ဒါဏ်ကြေးမှာ မဖြစ်သင့်သည့်ပမာဏအထိများလွန်းသောကြောင့် ဝှီးတက်၊လိုင်စင်အသိမ်းခံရသူအခိျု့မှာ ချက်ချင်းမရွေးယူနိုင်ကြပါ။ လွန်ခဲ့သည့် ၄၊၅လခန့်ကတည်းက ချလန်ဖြတ်ထားပြီး ယနေ့ထက်တိုင် သွားရောက်မရွေးယူနိုင်သေးသော ဝှီးတက်၊ လိုင်စင်များကို ဒါဏ်ကြေးသွားရောက်ဆောင်ရသော ရွာကောက်ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် များစွာကျန်ရှိ နေခြင်းက သက်သေခံပါလိမ့်မည်။ တာဝန်ရှိသူများသို့အကြံပြုချက် သင့်တင့်သောဒါဏ်ကြေးသတ်မှတ်ပေးဖို့ (ဥပမာ တစ်မှု ၅ဝဝဝခန့်ဆိုရင်......) လူ၊ ယာဉ်ကြောရှုပ်ထွေး၊ လမ်းကျဉ်း တွေမှာ မဖမ်းဖို့ (ဥပမာ ရိုးမဘဏ် ရှမ်းကန်တစ်ဝိုက်နှင့်ဈေးအနီး ....) (မေါင်းပြေးနိုင်စေဖို့မဟုတ်ပါ၊ယာဉ်မတော်တဆမှုတွေရှောင်ရှားနိုင်ဖို့ပါ..) ဆိုင်ကယ်စီးသူများသို့အကြံပြုချက် ပိုမိုပြည့်စုံကောင်းမွန်သော အကြံပြုချက်များလည်း ပေးကြပါဦးခင်ဗျား။ ဒီလိုကိစတွေကို လဘက်ရည်ဆိုင် အရက်ဘီယာဆိုင်တွေမှာ ထိုင်အာမနေကြဘဲ ဝိုင်းဝန်းဖေါ်ထုတ်ပေးကြပါစို့။ ပေးပို့သူ- မောင်နင်းကြမ်း (နေပြည်တော်) | ||
ခြေတစ်လှမ်း၊ သန်း(၆၀)နှင့် လွှတ်တော်နိဒါန်း Posted: 03 May 2012 03:53 AM PDT နံနက် ၉ နာရီ ၇ မိနစ်ခန့်တွင် လွှတ်တော်တစ်ခုလုံးနှင့်မဏ္ဍိုင်ကြီး (၄)ရပ်စလုံးက ကြိုဆိုနေသော ခရမ်းရောင်ဝတ်စုံနှင့် ပခုံးထက်တွင်ဒေါင်းမြီးပုံပါခရမ်းနှင့် အဖြူစွက်ပိုးပ၀ါခြုံကာ ပန်းဖြူ နှစ်ပွင့်ပန်ထားသော သူမသည် အနက်ရောင်ကားလေးနှင့် ရောက်ရှိလာသည်။ အညိုရောင် ကတ္တီပါပုံတော် ဖိနပ်ထူထူစီးကာ ပြည်သူ့လွှတ်တော်လှေကားဆီသို့လှမ်းတက်လာသော သူမ၏ခြေတစ်လှမ်းသည် သန်း(၆၀)သောပြည်သူများ ၏အနာဂတ်အရေးအတွက် အရေးကြီးသောအခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေသည်မှာ နိုင်ငံတော်သမ္မတကြီးနှင့် တကွ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်သူလူထုများနှင့် ကမ္ဘာတစ်ဝှမ်းလုံးက လက်ခံထား သော အချက် ဖြစ်သည်။ ပြည်သူ့ဆန္ဒကို တစ်လျှောက်လုံးအလေးထားခဲ့သော သူမသည် ပြည်သူ့အကျိုး၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အရေးအတွက် ကြိုးပမ်းနေသော လွှတ်တော်တွင်းရှိ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင် ရွက်ရန် နေ့ရက်များသည် ၂၀၁၂ ခုနှစ်၊မေလ(၂)ရက်နေ့တွင် စတင်ခဲ့ပြီဖြစ်သည်။ ပြည်သူ့လွှတ်တော်အတွင်းကြိုတင်နေရာယူထားသော သူမဆီသို့ လွှတ်တော်တွင်းရောက်ရှိပြီး ပြည်သူ့ကိုယ်စားလှယ် (၄၀၀)ခန့်က ပြုံးရွှင်သောမျက်နှာများဖြင့် ၀မ်းမြောက်ဝမ်းသာ သွားရောက်နှုတ်ဆက် ကြိုဆိုကြပြီး တပ်မတော်သား ကိုယ်စားလှယ်များ ကလည်း အပြည့်အ၀တက်ရောက်တာ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ နံနက် ၁၀နာရီမထိုးခင် (၅)မိနစ်အလိုတွင် လွှတ်တော်အတွင်း ရှိကိုယ်စားလှယ်များ နေရာယူရန် အချက်ပေး ခေါင်းလောင်း တီးလိုက်သည်။ လွှတ်တော်ကိုယ်စားလှယ်များ ၄င်းတို့၏နေရာများတွင် အသီးသီး နေရာယူကြပြီးသည်နှင့် နံနက် (၁၀) နာရီတိတိတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းကြွရောက် လာသည်ကို တွေ့ရသည်။ နံနက် ၁၀နာရီ ၁၀မိနစ်တွင် ကျမ်းသစ္စာကျိန်ဆိုရန်ရောက်ရှိလာသည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် အနိုင်ရလွှတ်တော် ကိုယ်စားလှယ် (၃၄)ဦးအား ကျမ်းသစ္စာကျိန်ဆိုရန် နေရာယူစေသည်နှင့် နံနက် ၁၀ နာရီ၁၅ မိနစ်တွင် ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ လွှတ်တော်ကြီးသည်ြုပီးပြည့်စုံပြီးသည် ထက်ပို၍ ပြည့်စုံသွားသည်။ ကျမ်းသစ္စာကျိန်ဆိုမှုအပြီးတွင် လွှတ်တော်ဥက္ကဋ္ဌကြီးမှ ယခင် ရက်များအတိုင်း လွှတ်တော်တွင် ပုံမှန်ကျင်းပနေကြ ခွင့်တိုင်ကြားခြင်း၊ ဥပဒေပြုခြင်း စသည့်ကိစ္စရပ်များပြုလုပ်ကာ ပြည်သူ့လွှတ်တော်အား ဆက်လက် ကျင်းပသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ကျင်းပနေစဉ် အတွင်း Roll လေးခုရှိသော ပြည်သူ့လွှတ်တော်၏ Roll သုံးခုမြောက်၊ လွှတ်တော်ဥက္ကဋ္ဌကြီး၏ ရှေ့မှ စတင်ရေတွက်ပါက ၈ တန်းမြောက်တွင်ရှိပြီး သူမ Roll ၏ဘေးတွင် တပ်မတော် သားကိုယ်စားလှယ်များ အပြည့်ရှိနေသည်။ သူမထိုင်ခုံအတန်းတွင် လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦးရှိပြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဖက် ခြောက်ယောက်၏ အလယ်တည့်တည့်နေရာသော သူမသည် ဘေးနှစ်ဖက်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိုယ်စားလှယ်များနှင့် စကားစပ်မည်ပြောကြားနေသည်အားတွေ့ရသည်။ လွှတ်တော်စတင်ပြီး ၄၅ မိနစ်ခန့်အကြာတွင် လွှတ်တော်ဥက္ကဋ္ဌကြီးမှ လွှတ်တော်ပြီးစီးကြောင်း ကြေညာသည်နှင့် ပွင့်လင်းမြင်သာမှု ရှိသော ဒီမိုကရေစီအစိုးရ၏ မီဒီယာ လွတ်လပ်မှုကိုထူးခြားစွာတွေ့ ရှိရသည် ။ပြန်ကြားရေးဝန်ကြီးဌာန၏ စီစဉ်ပေးမှုဖြင့် ပြည်တွင်းပြည်ပသတင်းမီဒီယာ စုစုပေါင်းအယောက် ၁၀၀ခန့်သည် လွှတ်တော်အတွင်းရှိ မီဒီယာသတ်မှတ်နေရာမှ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဆီသို့ အပြေးအလွှားသွားရောက်ကြစဉ်တွင် …….။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဟသာင်္တမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက်ကြိုဆို နှုတ်ဆက်သည်ကို တွေ့ရသည်။ ''ကြိုဆိုပါတယ်၊ ကျွန်တော် မောင်ဌေးဦးပါ၊ ကျွန်တော်တို့ လွှတ်တော်ကြီးထဲမှာ ပြည်သူ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြတာပေါ့။ လိုအပ်တာရှိရင်ပြောပါ ၀ိုင်းဝန်းကူညီကြမှာပါ" ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးဦးက နှုတ်ဆက်စကားဆိုသည်နှင့် ပြုံးရွှင်နေသော မျက်နှာဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း " ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်ရှင်၊ တွေ့ရတာ ၀မ်းသာပါတယ်။" ဟု ဆိုကာ နှစ်ဦးစလုံး၏ အပြုံးသည် ဘေးပတ်ဝန်းကျင်ရှိသူများ ကြက်သီးမွှေးညှင်းထသည် အထိ မြင်ရသည်ဟု ဓာတ်ပုံရိုက်နေသည့် မီဒီယာသမားတစ်ဦးက သူ့ရင်တွင်း ခံစားချက်အား ထိုနေရာတွင်ပင် ပြောပြသည်။ ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများက ထိုင်ခုံတွင် ဘေးမှ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များနှင့် မည်သည့် အကြောင်းအရာများ ပြောဖြစ်ပါသလဲဟု မေးမြန်းကြရာ "ဒီနေ့ ဥက္ကဋ္ဌကြီး ဖတ်ပြတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တာပါ။ တစ်ပိုဒ်ဆီ ဆွေးနွေးမှာလားဆိုပြီး မေးဖြစ်တာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ သတင်းထောက်တစ်ဦး၏ တပ်မတော်သားကိုယ်စားလှယ်များကို စည်းရုံးသွားမယ်လို့ပြောထားတာရှိတော့ လွှတ်တော်ထဲရောက်လာပြီ ဆိုတော့ ဟူသောမေးခွန်းနှင့် ပတ်သက်၍ " လွှတ်တော်ကိုယ်စားလှယ်တွေ ကျွန်မ ကို ထမင်းစားဖိတ်ရင် ကောင်းမလားမသိဘူး" ဟု ရယ်သံစွက်ကာ ပြန်ဖြေသည်။ လွှတ်တော်တက်ရသည့် အတွက် ၀မ်းသာကြောင်းနှင့် မဲပေးကြသော မဲဆန္ဒရှင်ပြည်သူများ၏ အကျိုးအတွက် ဆောင်ရွက်ရန်တာဝန် များအား တလေးတစားလက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ထို့အပြင် NLD လွှတ်တော်တက်ခြင်းသည် NLD ၏ နိုင်ငံရေးရည်မှန်းချက်အတွက် မဟုတ်ဘဲ၊ ပြည်သူများ၏ နိုင်ငံရေးရည်မှန်းချက် အတွက် အတိုချုပ် ပြောပါက ပြည်သူများ၏ ရည်မှန်းချက်များ(၁၀၀) ရာခိုင်နှုန်းပြည့်ဝ အောင် ကြိုးစားသွားမည်ဟုလည်း ဆိုခဲ့သည်။ မြန်မာနိုင်ငံသစ်တွင် ပြည်သူ့အကျိုး၊ ပြည်သူ့ဆန္ဒကို ဦးစားပေးပြီး နိုင်ငံတိုးတက်ရေးကိုသာ ရှေးရှုဆောင်ရွက် သော ကမ္ဘာတစ်ဝန်းလုံး၏ ထောက်ခံအားပေးမှုအပြည့် ရရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ ပြည်သူ့အတွက် မည်သည့် မျက်နှာမှ မထောက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်းခေါင်းဆောင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံခေါင်းဆောင်ဗိုလ်ချုပ် အောင်ဆန်း ထုံးနှလုံးမူသည့် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊က ပြည်သူ့ရည်မှန်းချက်အတွက် ပြည်သူ့ဆန္ဒအား အလေးထားကာ လွှတ်တော်အတွင်းသို့ ၀င်ရောက်ခဲ့သည်။ နိုင်ငံတကာက လေးစားအားကျသူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် လွှတ်တော်အတွင်း ၊ မည်သူနှင့် မဆို ပူးပေါင်းဆောင်ရွက်သွားမည့် လွှတ်တော်အတွင်း အင်အားအကြီးမား ဆုံးပါတီ၏ အထွေထွေအတွင်းရေးမှူးဦးဋ္ဌေးဦး ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာ့အနာဂတ်သည် ကမ္ဘာတွင် ရွှေရောင်လွှမ်းတော့မည်ဟု ယုံကြည်ရင်း၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် နှစ်ကြိမ်တိုင် ဖြစ်ခဲ့ဖူးသည့် မြန်မာနိုင်ငံသားဦးသန့်အား မွေးထုတ်ပေးခဲ့သည့် နိုင်ငံသည် ကမ္ဘာပေါ်တွင် တစ်ဖန်ပြန်လည်၍ ၀င့်ထည်နိုင်တော့မည်လားဟု မျှော်လင့်ရင်း ............... ။ ပြည့်ပြည့်(မြစ်မခ) Myit Makha Mediagroup | ||
ပဲခူး တရားသူကြီး ဇနီးကို အမှုဖွင့်၊ တရားခံပျောက်ဆုံးနေဟု ရဲကပြော Posted: 03 May 2012 03:18 AM PDT အိမ်အကူအလုပ်သမ မအေးယုအောင်အား မီးပူဖြင့် လက်ရောက် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ပဲခူးမြို့ ဒုတိယ မြို့နယ် တရားသူကြီး၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို ကာယကံရှင်များက အမှုဖွင့် တိုင်ကြားထားသော်လည်း တရားခံမှာ ပျောက်ဆုံး နေကြောင်း ရဲကပြောသည်။ ![]() မအေးယုအောင် (၀ဲဘက်)နှင့် မိခင် ဒေါ်ကြူကြူ (ယာဘက်) (ဓာတ်ပုံ - ဧရာဝတီ) သို့သော် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရန် တရားခံဖြစ်သူ ဒေါ်ဖြူဝင်းသက်ကို ရှာမတွေ့တော့ကြောင်း အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦး က ဧရာဝတီကို ပြောသည်။ "ကာယကံရှင် အေးယုအောင်ကတော့ ကျနော်တို့ဆီမှာ လာပြီးအမှုဖွင့်ထားပါတယ်။ ကျနော်တို့လည်း အရေးယူဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ သက်သေတချို့ကိုလည်း စစ်ဆေးနေပါတယ်။ တရားခံကတော့ လက်ရှိနေရပ်လိပ်စာမှာမရှိတော့ဘူး။ ဘယ် ပြောင်း သွားတယ်ဆိုတာကိုလည်း မသိတော့ ကျနော်တို့ လိုက်လံစုံစမ်းနေပါတယ်"ဟု စခန်းမှူး ဦးသိန်းဦး က ပြောသည်။ အမှုဖွင့်ထားပြီးနောက် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက်တို့ မူလနေထိုင်သော ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ရှိ အိမ်သို့ ရဲစခန်းတာဝန်ရှိသူများက သွားရောက်စုံစမ်းရာတွင် နေအိမ်နှင့် ခြံဝန်းအား သော့ခတ်ထားကြောင်း၊ ပြောင်းရွှေ့သွားသော နေရာသစ်အား စုံစမ်းနေဆဲဖြစ်ပြီး အမှုနှင့် ဆက်နွယ်နေသူများကိုလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဦးသိန်းဦး က ဆက်ပြောသည်။ ယခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က ၎င်း၏အိမ်တွင် အိမ်အကူလုပ်နေသော မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်ထိ ဒဏ်ရာများရရှိထားကြောင်း၊ ထို့အပြင် မိဘထံ ပြန် မပို့ဘဲ ဒဏ်ရာများပျောက်ကင်းသည်ထိ ထိန်းချုပ်ထားခြင်းနှင့် ယင်းဖြစ်စဉ်အား ဖျောက်ဖျက်ရန်ကြိုးစားမှုကို ကျေနပ်မှု မရှိကြောင်း မအေးယုအောင်၏ မိခင် ဒေါ်ကြူကြူ က ပြောပြသည်။ လတ်တလောတွင် လက်ရောက်ကျူးလွန်သူ ဒေါ်ဖြူဝင်းသက်ကို အမှုဖွင့်တိုင်ကြားထားသကဲ့သို့ ယင်းဖြစ်စဉ်အား ဖျောက်ဖျက်ရန် ကြိုးစားခဲ့သော ခင်ပွန်းဖြစ်သူ တရားသူကြီး ဦးအောင်ဖုန်းဝင်း နှင့် အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦးကိုလည်း ပဲခူးမြို့ လမ်းပြကြယ် အဖွဲ့၏ အကူအညီကိုယူကာ ဆက်တိုက် တရားစွဲဆိုသွားမည်ဟု သိရသည်။ ဦးအောင်ဖုန်းဝင်းက အမှုဖြစ်စဉ်အားဖျောက်ဖျက်ရန် ကြိုးစားရာတွင် ဝိုင်းဝန်းကူညီခဲ့ကြသော မအေးယုအောင်၏ ဇာတိ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ယင်းမြို့နယ် တရားသူကြီး ဦးသက်ထွန်း တို့ကိုလည်း စစ်ဆေးရန် တိုင်ကြားထားကြောင်း လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့် ကလည်း ပြောသည်။ "ဦးအောင်ဖုန်းဝင်းက ကောင်မလေး မီးပူနဲ့ထိတာဟာ သူ့မိန်းမ လုပ်တာမဟုတ်ပါဘူးလို့ပြောတာကို ဝိုင်းပြီးဖျောက်ဖျက်ပေးဖို့ ကြိုးစားပေးတဲ့လူတွေ။ ကျောက်ကြီး မယက ဥက္ကဌနဲ့အဖွဲ့၊ သူတို့ကို အားပေးကူညီမှုနဲ့ ပေါ်လာအောင် ရဲကိုစစ်ခိုင်းထားတယ်။ ဒီတပတ် အတွင်းမှာ ရဲကဆင်းပြီးစစ်နေပြီ"ဟု ဦးအေးမြင့်က ဧရာဝတီသို့ ပြောသည်။ အမှုဖွင့်တိုင်ကြားရခြင်းနှင့် ပတ်သက်၍ ရဲကစစ်ဆေးမေးမြန်းရာ၌် မအေးယုအောင် ၏ ထွက်ဆိုချက်များကို ကြားသိပြီးနောက် ဒေါ်ဖြူဝင်းသက်သည် ၎င်း၏သမီးအပေါ် စာနာထောက်ထားမှုမဲ့စွာဖြင့် အခြားသော နှိပ်စက်မှုများလည်းရှိခဲ့ကြောင်း ဒေါ်ကြူကြူ က ပြော ဆိုသည်။ "ကလေးက သူ့ရှေ့တည့်တည့်မှာထိုင်နေတာကို မီးပူနဲ့ မျက်နှာကိုလှမ်းထိုးလိုက်တာ ကလေးက ရှောင်လိုက်တော့ လည်ပင်းနဲ့ ရင် ဘတ်က ညှပ်ရိုးကိုထိသွားတာတဲ့၊ ရင်ဘတ်မှာကလည်း ဓား ဒဏ်ရာရှိတယ်။ အရင်က ကြက်သွန်လှီးဓားကို မပြတ်ဘူးဆိုပြီး ကလေးရင်ဘတ်ကို ခုတ်ထားတာ၊ ခေါင်းမှာလည်း ဟင်းချက်တာ ပေါ့လို့ဆိုပြီး ပုလင်းနဲ့ ရိုက်ထားတာတဲ့ ဒဏ်ရာအကြီးကြီးပဲ၊ ကျမ လည်း အစကမသိဘူး၊ ကလေးက ရဲတွေကို ဖွင့်ပြောပြမှသိလိုက်တာ"ဟု ဒေါ်ကြူကြူ က ပြောသည်။ ကာယကံရှင်ဖြစ်သူ မအေးယုအောင် ကလည်း"အနာတွေက အကုန်ကျက်သွားပြီ။ အမာရွတ်ပဲကျန်နေတော့တာ။ ဒဏ်ရာတွေက မီးပူနဲ့ ကပ်ခံထိတာလေ။ ဒေါ်ဖြူဝင်းသက်က သမီးကိုကပ်တာ"ဟု သူက ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ပြောပြသည်။ တရားလိုများဘက်မှ အမှုဖွင့်တိုင်ကြားထားမှုနှင့် ပတ်သက်၍ ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက်တို့ကို တယ်လီဖုန်းဖြင့် ဆက် သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ ကျော်ခ (ဧရာဝတီ) | ||
ပင်လုံအခြေစိုက် အစိုးရတပ်ရင်းအနီး မိုင်းဗုံးကွဲ ပအိုင်းကျေးလက်တစ်ဦးသေ Posted: 03 May 2012 03:10 AM PDT
အဲဒီပအိုဝ်းလင်မယားက တောပိုင်းကနေ အဲဒီတပ်အနားမှာ မြေကွက်လာဝယ်ထားတာ။ အိမ်ဆောက်ဖို့ မြေကွက်သွားရှင်းရင်းနဲ့ စစ်တပ်က ပြန်သိမ်းဖို့ မေ့ကျန်ခဲ့တယ်လို့ ယူဆရတဲ့ အဲဒီမှိုင်းဗုံးကွဲတာလေ။ အသက် သုံးဆယ်ကျော် ပအိုဝ်းလင်မယား။ ယောကျာ်းဖြစ်သူကပွဲချင်းပြီးဘဲ။ သူ့မိန်းမတော့ ပင်လုံဆေးရုံမှာ အတွင်း လူနာပေါ့" – ဟု ပင်လုံကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်းကပြောပါသည်။ မေလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ က ပင်လုံမြို့နယ်ခွဲ ဝမ့်မိုင်ရွာ ဘုန်းကြီးကျောင်းမြောက်ဘက် ခမရ ၅၁၃ တပ်ရင်း အနောက်ဘက် တပ်ရင်းမြေနှင့်ကပ်လျက်မြှုပ်နှံထားသော မှိုင်းဗုံးတစ်လုံး ပေါက်ကွဲခြင်းဖြစ်ပြီး အဆိုပါ မြေကွက်မှာ ဟိုင်းနန်းကျေးရွာ ဥက္ကဌ ဦးအောင်ဝင်းက ဒေသခံရွာသားများ၏ ဥယျာဉ်ခြံမြေအား သိမ်းယူပြီး ပြန်လည်အကွက်ချ ရောင်းချပေးသည့် မြေကွက်ဖြစ်ကြောင်း၊ တောပိုင်းကျသည့် ဟိုင်းနန်း ကျေးရွာအုပ်စုဝင် ရွာသားများက မြို့နှင့်နီးသည့် ဝမ့်မိုင်စံပြကျေးရွာဘက် ပြောင်းရွှေ့အခြေချလာခြင်းဖြစ် ကြောင်း ဒေသခံရွာသားများပြောပြချက်အရသိရပါသည်။ "ကျနော့်အထင်တော့ တပ်လုံခြုံရေးအတွက် ခမရ ၅၁၃ က ထောင်ထားတာဘဲဖြစ်မယ်။ ပြန်သိမ်းဖို့ ကျန် သွားလို့ အခုလိုဖြစ်ရတာ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ တပ်ရင်းအနောက်ဘက်ပိုင်းက တပ်လုံခြုံရေးကင်း နဲ့လဲ စိတ်မချရဘူးလေ။ အပစ်မရပ်ခင်ကတည်းက မကြာခဏဆိုသလို သျှမ်းတပ်တွေ ဖြတ်သန်းသွားလာ တယ်လို့ သတင်းကြားတာဘဲ။ အဲဒီကွဲသွားတဲ့မှိုင်းကလဲ ဘယ်အချိန်ကတည်းက ထောင်ထားတာလဲ မသိဘူး" – တပ်တွင်းဝင်ထွက် ရင်းနှီးသည့် ပင်လုံမြို့ခံတဦးကပြောပါသည်။ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ဘက်တွင် ပြည်သူ့စစ်အသွင်ပြောင်း ပအိုဝ်းတပ်ဖွဲ့အပြင် သျှမ်းပြည် တပ်မတော် တောင်ပိုင်းတပ်ဖွဲ့လည်း မကြာခဏ ဖြတ်သန်းသွားလာလေ့ရှိသည်ဟု ပင်လုံမြို့ခံများက ပြောပါသည်။ သျှမ်းပြည်တွင် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ အားလုံးနီးပါး အပစ်ရပ်ပြီးဖြစ်သော်လည်း အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရတပ်တို့အကြားမကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့သည်။ သျှမ်းသံတော်ဆင့် | ||
ရေတပ်မှ သိမ်းထားသော နယ်မြေ ဖြတ်သန်းလျှင် ပစ်ခတ်မည်ဟု သတိပေး Posted: 03 May 2012 03:03 AM PDT ဓည၀တီ ရေတပ်စခန်းမှ ပြည်သူများပိုင်သော မြေကို သိမ်းယူသည်သာမက ယခုအခါ ၎င်းမြေပေါ်သို့ တက်ရောက်သူ မည်သူကို မဆို (ကျွဲ၊နွားများ ) အပါအ၀င် ပစ်ခတ် ဖမ်းဆီးမည်ဟု အမိန့်ထုတ်ထားကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။ ![]() " ကျွန်တော်တို့ ကလန်းတဲ ကျေးရွာအုပ်စုမှာ အထက်တောလို့ခေါ်တဲ့ နွားစားကျက် ပြင်ကြီး တစ်ပြင် ရှိပါတယ်။ အဲဒီကွင်းပြင်ကို ဓည၀တီ ရေတပ်စခန်းက သိမ်းယူပြီးတော့ တချို့မြေကွက်တွေမှာ ခြံကာပြီး မြေပဲစိုက် ထားပါ တယ်။ အကောင်းဆုံး မြေနေရာတွေမှာတော့ သီဟိုဠ်ပင်တွေ စိုက်ထားပါတယ်။ အခု တိုင်းပြည် အခြေအနေ ကောင်းလာပြီဆိုတော့ ဒေသခံ ပြည်သူတွေက နွားစာကျက်ကို ပြန်တောင်းလာတော့ အခုလို အမိန့်ထုတ်လာတာ ဖြစ်ပါတယ်" ဟု ဒေသခံ လူကြီး တစ်ဦးက ပြောပါသည်။ ရေတပ်မှ သေနတ်ဖြင့် ပစ်ခတ်မည်ဟု အမိန့်ထုတ်ထားသဖြင့် ကျွဲနွားများကို လွှတ်ပြီး မွေးမြူလေ့ရှိသော အဆိုပါ ဒေသတွင် တောင်သူများ အခက်ကြုံနေရပုံကို သူက ယခုလို ပြောသည်။ " ရေတပ်က မသိမ်းခင်ကဆိုရင် တစ်အုပ်စုလုံးက နွားတွေဟာ အဲဒီ နေရာမှာဘဲ စားသောက် ကြရတယ်။ သူတို့ သိမ်းပြီးတဲ့ အချိန်မှာလည်း ကျွဲနွားတွေကို အဲဒီ စာကျက်မှာ ကျောင်းလို့ ရပါသေးတယ်။ အခု နှစ်တွေအတွင်းမှာ သီ ဟိုဠ်ပင်တွေက ကြီးထွားလာ သလို လူတွေကလည်း စားကျက်ကို ပို အသုံးပြုလာတော့ လုံးဝ ပေးမကျောင်း တော့သလို လူတွေကိုလည်း ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူး။ ကျွန်တော်တို့ ဒေသက နွားတွေကို လွှတ်ပြီး မွေးတဲ့ ဒေသဆိုတော့ အခုလို အမိန့်ထုတ်လာတဲ့ အတွက် နွားတွေကို လိုက်ကျောင်းရတာနဲ့ အဲဒီကွင်းဘက်ကို မသွားဖို့ လိုက်ထိန်းရတာနဲ့ တစ်နယ်လုံး ဒုက္ခ ဖြစ်နေကြရပါတယ်" ဟု သူက ပြောသည်။ အများပြည်သူပိုင် နွားစားကျက်ကို ရေတပ်က သိမ်းယူသွားသဖြင့် ကျွဲနွားစားကျက် မရှိတော့၍ ဒေသခံ ကျွဲနွား မွေးမြူသူများမှာ ယခုအခါ အထူး အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။ ကလန်းတဲ ကျေးရွာအုပ်စုအတွင်း တရွာနှင့်တရွာ သွားလာရာတွင် ယခင်က အဆိုပါ နွားစားကျက် ကွင်းပြင်ကို ဖြတ်သန်းသွားလာခွင့်ရှိသည့်အတွက် အချိန်တိုအတွင်း ရောက်နိုင်သော်လည်း ယခုအခါ ဖြတ် သန်းသွားလာခွင့် ပိတ်ပင်ထားသည့်အတွက် တရွာနှင့်တရွာ သွားလာခွင့်မှာ အချိန်ပိုကြာပြီး သွားနေရသဖြင့် အခက်အခဲများစွာ ဖြစ်နေကြရသည်ဟု ဒေသခံ လူကြီးက ပြောသည်။ ယခုကဲ့သို့ ရေတပ်က ရပ်ရွာသာများ စုပေါင်းပိုင်ဆိုင်သော မြေကို သိမ်းပြီး စိုက်ခင်းများ ချနေသည့် အပေါ် ဒေသခံများက မကျေမနပ် ဖြစ်နေချိန်တွင် အမျိုးသမီး ကိစ္စပါ ပေါ်ပေါက်နေ၍ ကျေးရွာ လူငယ်များ အကြားတွင် ပိုမို မကျေနပ်မူများ ပေါ်ပေါက်နေကြောင်း ဒေသခံ လူငယ်တစ်ဦးကလည်း ပြောသည်။ " ဒီလို မကျေနပ်မှုတွေ တိုးပွားနေတဲ့အချိန်မှာ စစ်တပ်မှ ရဲဘော်တွေက ရွာထဲကိုဝင်ပြီး ရွာထဲက အမျိုးသမီးတွေကို စော်ကားတဲ့ အပြင် တစ်ခြား အကျင့်ပျက် မုဆိုးမတစ်ဦးနဲ့ပါ မဖွယ်မရာတွေ ဖြစ်နေတဲ့ အတွက် ကာလသား (လူငယ်)တွေက မကျေနပ် ဖြစ်နေကြတယ်။ တပ်က ဆိုပြီး အားနဲ့ လုပ်ချင်သလို လုပ်နေတဲ့ အတွက် လူငယ်တွေ အကြားမှာ တစ်နေ့ထက် တစ်နေ့ မကျေနပ်မူတွေ တိုးလာနေပါတယ်။ ပြဿနာဟာလည်း ပိုပြီးတော့ ကြီးထွားလာနေတဲ့ အတွက် လူကြီးတွေက အထက်ကို တိုင်ကြားထားပါတယ်" ဟု ပြောသည်။ ကျေးရွာလူကြီးများက ပြဿ နာ တိုးပွားလာမည်ကို အထူးစိုးရိမ်ပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် စစ်တပ်အရာရှိများကို တိုင်ကြားထား သော်လည်း တစုံတရာ ၀င်ရောက်ဖြေရှင်းပေးခြင်း မရှိသေးဟု ဆိုသည်။ ကျောက်ဖြူ ဓည၀တီ ရေတပ် ဌာနချုပ်သည် ကလန်းတဲ ကျေးရွာ တစ်ခုတွင်သာ မြေသိမ်းသည် မဟုတ်ဘဲ စစ်တောကျေးရွာမှလည်း လယ်သမား ၄၃ ဦးပိုင် လယ်ဧက ၄၀၀ နီးပါးအား ရေတပ် ဆောက်မည်ဟု အကြောင်းပြ သိမ်းဆည်းကာ ယခုအခါ တနှစ်ကို တဧက (၆) တင်းနုန်းဖြင့် လယ်သမားများကို သီးစားချ ဌားရမ်းနေကြောင်း သိရသည်။ မောင်ရမ္မာ(နိရဉ္စရာ) | ||
ထိုင်းဘုရင် လေတပ် လေယာဉ် ဒက္ကားလေဆိပ်တွင် လမ်းချော်၊ အရာရှိ ၃ ဦးဒဏ်ရာရ Posted: 03 May 2012 03:02 AM PDT ထိုင်းဘုရင် လေတပ်မှ လေယာဉ်တစ်စီး ယမန်နေ့က ဒက္ကားလေဆိပ်သို့ အဆင်းတွင် လမ်းချော်သွားသဖြင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသူများထဲမှ အရာရှိ (၃) ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။ ![]() လေဆိပ်တာဝန်ရှိသူများက " လေယာဉ်သည် လေယာဉ် ပြေးလမ်းမှ ကိုက် ၃၅၀ ထိ လမ်းလျော် ရောက်ရှိသွားပြီး လေယျာဉ်ကွင်း ၀င်းထရံနှင့် တိုက်မိကာ ရပ်တန့်သွားခဲ့သည်" ဟု ဆိုသည်။ လေယာဉ်ပေါ်တွင် ပါလာာသူ စစ်အရာရှိများမှာ လေယာဉ်ပေါ်မှ ထွက်ပြေး လွှတ်မြောက်ခဲ့ပြီး ထိုအထဲမှ အရာရှိ (၃) ဦးမှာ ဒဏ်ရာ ရရှိသွားခဲ့သည်။ မည်သည့်အတွက်ကြောင့် လမ်းချော်သွားရသည်ကို အသေးစိတ် သတင်း မထုတ်ပြန်သေးကြောင်း သိရသည်။ လမ်းလျော်သွားသဖြင့် လေယာဉ်၏ တောင်ပံများမှာ ကျိုးကျ ပျက်စီးသွားပြီး ထိုင်ခုံများမှာလည်း လွှင့်ထွက်သွားကာ လေယာဉ်မှူး ထိုင်သော နေရာများလည်း ပွင့်ထွက်သွားသည်ဟု မျက်မြင်များက ပြောသည်။ ထိုင်းလေတပ် အရာရှိများသည် ဘင်္ဂလာဒေခ်ျ့ နှစ်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေသော စစ်ရေး ကိစ္စများ အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထိုင်းစစ်အရာရှိများသည် ယနေ့တွင် အိန္ဒိယ နိုင်ငံသို့ ဆက်လက် ထွက်ခွာသွားဖြစ်ကြောင်း သတင်းများက ဖေါ်ပြသည်။ နိရဉ္စရာ | ||
နယ်စပ် စီးပွားရေးဇုံများ မရှိ၍ မြန်မာ ကုန်များ မှောင်ခိုတင်ပို့ရာမှ ဖမ်းဆီးခံ Posted: 03 May 2012 03:00 AM PDT မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ကုန်သွယ်ရာတွင် မြန်မာဘက်မှ နယ်စပ်တွင် စီးပွားရေး ဇုံများကို စနစ် တကျ ဖွင့်လှစ် ဖေါ်ဆောင်ပေးခြင်း မရှိသဖြင့် မှောင်ခို လမ်းကြောင်းမှ တဆင့် တဘက်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့နေကြရာ မြန်မာ ကုန်ပစ္စည်းများ မကြာခဏ ဖမ်းဆီး ခံနေရကြောင်း သတင်း ရရှိသည်။ ![]() လွန်ခဲ့သော တနင်္လာနေ့ကလည်း မြန်မာမှ တင်သွင်းလာသော တာကာ သိန်း ၄၀ ဖိုးရှိ ၀ါးများကို နယ်စပ်မြို့ တက်ကနက် ဆိပ်ကမ်းတွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သူက ပြောသည်။ " သူတို့ ဖမ်းဆီးသွားတာက ၀ါးအရေအတွက်မှာ ၁၀၁၀၀၊ ပေါက်ဖက် အလိပ် ၉၀ တို့ ဖြစ်ပါတယ်။ စုစုပေါင်းကာလ တန်ဖိုး တာကာငွေ သိန်း ၄၀၆၇၀၀၀ ဖိုးရှိပါတယ်။ မြန်မာငွေနဲ့ ဆိုရင် သိန်း ၄၀၀၀နီးပါးဖိုးခန့် ရှိပါတယ်။ တက်ကနက်မြို့နယ် လာမာဘာဈာရှိ ကာယူ့ခါလီ တံတားအောက်မှာ ဘင်္ဂလား နယ်ခြေားစောင့်တပ်မှ အရာရှိ အာဘူလ်ကာမေးလ် ခေါင်းဆောင်သည့်အဖွဲ့မှ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။ ယခုကဲ့သို့ ၀ါးများကိုသာမက မြန်မာက တင်ပို့သော နွားများနှင့် သစ်များမှာလည်း မကြာခဏ ဖမ်းဆီးခံနေကြရပြီး နယ်စပ် စီးပွားရေး ဘောင်တော် ဆိပ်ကမ်း ပွဲရုံများတွင် ကုန်များ ချိန်တွယ်သောအခါ အလေးချိန်ခိုးမူများ၊ ဘာတာငွေများ လဲလှယ်ရာတွင် ပေါက်ဈေး အတိုင်းမရဘဲ ဈေးနှိမ်မူများလည်း ရှိနေကြောင်း သိရသည်။ " အဓိကတော့ မြန်မာ အစိုးရ အနေနဲ့ ကိုယ်ပြည်သူတွေကို ဒီလို မတရား သဖြင့် ခံနေရာတာက လွတ်ကင်း စေလိုတဲ့ ဆန္ဒ ရှိရင် မောင်တောမှာ နယ်စပ် စီးပွားရေး စခန်းဖြစ်ဖြစ်၊ Market လိုဟာမျိုးမျိုး ဖြစ်ဖြစ် တစ်ခု ဖွင့်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီ စခန်းကို မြန်မာဘက်က ကုန်သည်တွေ အနေနဲ့ ၀ါး၊ နွား၊ သစ်၊ ငါး စတာတွေကို ယူလာပေါ့။ ဘင်္ဂလာဒေခ်ျ့က ကုန်သည်တွေကို မြန်မာဘက်က လာဝယ်ပေါ့။ အဲသလို နယ်စပ် Market မျိုး ပေါ်လာလို့ ရှိရင် အစိုးရလည်း Tax ၀င်ငွေရမယ်။ ကိုယ့်ဆီက ကုန်သည်တွေလည်း သူများတိုင်းပြည်ကိုလည်း အောက်ကျ နောက်ကျခံပြီး မှောင်ခို သွားရောင်းနေစရာမျိုး မလိုတော့ဘူးပေါ။ ကိုယ့်ပြည်သူတွေလည်း ကိုယ့်ပစ္စည်းကို စိတ်ကြိုက် ဈေးခေါ် ရောင်းလို့ ရသွားတာပေါ့" ဟု မောင်တောမှ နယ်စပ် စီးပွားရေး လုပ်ကိုင်နေသူ အကိုဖြူက အခုလို မြန်မာ ကုန်သည်များ ကြုံတွေ့နေရသော အခက်အခဲများမှ လွှတ်ကင်းအောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းကို နိရဉ္စရာသို့ ပြောသည်။ စစ်တွေမြို့တွင် နယ်စပ်ကုန်သွယ်ရေး စခန်းရှိသော်လည်း ဘင်္ဂလာဒေခ်ျ့နှင့် ကုန်သွယ်ရာတွင် ဝေးလွန်းသဖြင့် အလုပ် မဖြစ်ဘဲ ဖြစ်နေကြောင်း သူက ဆက်ပြောသည်။ " ဘင်္ဂလာဒေခ်ျ့က ကုန်သည်တွေ ဘယ်သူမှ စစ်တွေကို မသွားဘူး။ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသလို ဝေးလည်း ဝေးတယ်။ ဗီဇာလည်း (၇) ရက်ဘဲ ရတယ်ဆိုတော့ ဘင်္ဂလာက စီးပွားရေး သမားတွေက စစ်တွေကို မသွားဘူး။ မောင်တောမှာဆိုရင် နတ်မြစ်ကို မော်တော်ဘုတ်တွေ ဖြတ်ကူးပြီး ချက်ချင်းဝင်၊ ချက်ချင်း ပြန်ထွက်နိုင်တယ်။ ဒါကြောင့် မောင်တောက နယ်စပ် စီးပွားရေး ဈေးကွက်ကို အမြန်ဆုံး အကောင်အထည် ဖေါ် လုပ်ဆောင်ဖို့ လိုနေပါတယ်" ဟု သူက ပြောသည်။ ယခုအခါ မောင်တော နယ်စပ် စီးပွားရေးဇုံမှာ နာမည်သာ ရှိပြီး လက်တွေ့တွင် အကောင်တည်ဖေါ် ဆောင်ရွက်ခြင်း မရှိသဖြင့် ဘင်္ဂလာသို့ တင်ပို့ရန် စစ်တွေမှ ရေခဲရိုက် ပုဇွန်များ တစ်ခုတည်းကိုသာ တင်ပို့နေကြောင်း သူက ဆိုသည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနေဖြင့် မြန်မာနှင့် နယ်စပ်ကုန်သွယ်ရာတွင် မြန်မာနှင့် အနီးစပ်ဆုံး တက်ကနက်မြို့ ဘောင်ဒိုတွင် ကုန်သွယ်ရေး ဆိပ်ကမ်းနှင့် အ၀ယ်ဒိုင် တစ်ခုကို ဖွင့်လှစ်ထားပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံ အတွက် အသုံးလိုမည့် မည်သည့် ပစ္စည်းကို မဆို လက်ခံ ၀ယ်ယူကြောင်း သိရသည်။ " မြန်မာက တင်သွင်းတဲ့ သစ်နဲ့ နွားက မြန်မာ အစိုးရက တရားဝင် တင်ပို့တာမဟုတ်ဘူး။ ဒါပေမယ့် ဘင်္ဂလာဒေခ်ျ့က တရားဝင် ၀ယ်ယူတယ်။ တခြား ဆန်စပါးတို့၊ ကြိမ်တို့ ဆိုတာလည်း ဒီအတိုင်းပါဘဲ။ သူတို့နိုင်ငံ အတွက် အသုံးလိုရင် တရားဝင် တင်သွင်းခွင့်ပြုပြီး ၀ယ်နေပါတယ်။ ဒါပေမယ့် တရားဝင် မဟုတ်ဘဲ၊ မှောင်ခိုဆိုတော့ မြန်မာဘက်က ဈေးနှိမ်ခံရတာတွေတော့ ရှိပါတယ်" ဟု ဘောင်တော် ဆိပ်ကမ်းတွင် ပွဲစား လုပ်နေသူ ဦးမောင်ခိုင်နုက ပြောသည်။ မြန်မာနှင့် ဘင်္ဂလာ ကုန်သွယ်ရာတွင် မြန်မာ ငွေတန်ဖိုးမှာ နှိမ့်သဖြင့် မြန်မာဘက်မှ ကုန်ပစ္စည်းများ တင်သွင်းရာတွင် အမြတ် ရရှိနေသဖြင့် အဖမ်းအဆီးများ ရှိသော်လည်း မြန်မာဘက်မှ ကုန်များကို တင်ပို့နေကြခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိ ဘင်္ဂလား မြန်မာနယ်စပ် ငွေလဲနုန်း ဘင်္ဂလား တစ်တာကာ ၁၀၀ လျှင် မြန်မာ ၉၅၀ ကျပ် ရှိသည်။ မောင်အေး( နိရဉ္စရာ) | ||
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုခဲ့စဉ်(ရုပ်/သံ) Posted: 03 May 2012 02:53 AM PDT | ||
မြန်မာပြည်ရောက် တရုတ်များလုံခြုံရေး တရုတ်အစိုးရ သတိပေး Posted: 03 May 2012 02:47 AM PDT နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်စီးပွားရေး ကုမ္ပဏီများနှင့် တရုတ်နိုင်ငံသားများအနေဖြင့် လုံခြုံရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနမှဆော်သြလိုက်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် အစိုးရနှင့် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာနေသည့် အလျောက် တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ ထိုဒေသသို့ မသွားရောက်ကြရန် ဝန်ကြီးဌာန ကြေညာချက်အား ကိုးကား၍ ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။ ထို့ပြင် ကချင်ပြည်နယ်တွင်း ရောက်ရှိနေထိုင်လျက်ရှိကြသော တရုတ်နိုင်ငံသားများအနေနှင့်လည်း သတိကြီးစွာနေထိုင်ကြရန် သတိပေးထားသည်။ တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာနှင့် ပန်ဝါ ဒေသများအတွင်း ကချင်လွတ်လပ်ရေး တပ်မတော်နှင့် အစိုးရတို့အကြား ဧပြီလကုန်ပိုင်းမှစ၍ တိုက်ပွဲများ ကြိမ်ရေများစွာ ဖြစ်ပွားလာနေသည်။ | ||
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အစ်ကိုဦးနေအောင် နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင် Posted: 02 May 2012 05:44 PM PDT ပြီးခဲ့တဲ့ ဧပြီလ၂၆ရက်နေ့ က မကွေးတိုင်း နတ်မောက်မြို နယ် ဖုန်းတော်ပြည့် ကျေးရွာအုပ်စုမှာ အမျိုးသားဒီမိုကရေအဖွဲ့ ချုပ် ဆိုင်းဘုတ်တင်ပွဲနှင့်ရုံးဖွင့်ပွဲအခမ်း အနားတခုပြုလုပ်ခဲ့ပါတယ်။ နတ်မောက်မြို့ နယ်အတွင်းရှိ ကျေးရွာ အဖွဲ့ ချုပ်ရုံးတွေ ဖွင့်လှစ်ခဲ့တဲ့ နေရာမှာ ကျေးရွာအုပ်စု(၇)စုမြောက်မှာ အခုတကြိမ်ဖွင့်လှစ်တဲ့ အဖွဲ့ ချုပ်ရုံးရဲ့ ထူးခြားမှု ကတော့ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အစ်ကိုဦးနေအောင် နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင်ပြီး ရုံးခန်းဖွင့်ခဲ့တာဖြစ်ပါတယ်။ မြို့ နယ်ကနေ သွားရောက်တဲ့ အဖွဲ့ ချုပ်ဝင်တွေကိုလည်း ရွာခံလူငယ်များက အလံဝှေ့ ရမ်းကြိုဆိုခြင်း၊ အမျိုးသမီးအဖွဲ့ များမှ ပန်းကုန်းများစွပ်ကြိုဆိုခြင်း များပြုလုပ်ခဲ့ပါတယ်။ နံနက်(၉)နာရီမှာ စတင်တဲ့ အခမ်းအနားမှာ မြို့ နယ်အဖွဲ့ ချုပ်မှ ဦးအောင်တင်လင်း၊ဦးအောင်မြင့်သိန်းနှင့်ကျေးရွာမှဦးတင်ဝင်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။ NLDအဖွဲ့ဝင်ဦးချစ်ကိုကို မှ ဒီမိုကရေစိအကြောင်းသိကောင်းစရာများ၊ပြင်ဆင်စရာ လိုအပ်သည့်တဖက်သတ်ရေးဆွဲအတည်ပြုထားသော ဖွဲ့ စည်းပုံအခြေခံဥပဒေပါ အချက်အချို့ကိုဟောပြောခဲ့ပါတယ်။ ကျေးရွာမှလူငယ်များ၊ကလေးများကလည်း ကဗျာရွတ်ဆိုဖျော်ဖြေခဲ့ကြပါပြီး၊ ကျေးရွာများမှပြည်သူလူထု(၅၀၀)ကျော်တက်ရောက်ကြောင်း နတ်မောက်မြို့  နယ် NLD မှ ဒေါက်တာခင်မောင်အေး က သတင်းပေးပို့ ထားပါတယ်။ Myanmar News Now | ||
သံရုံးအခိျု့ နေပြည်တော် ပြောင်းမည် Posted: 02 May 2012 05:04 PM PDT
သံရုံး အများစုမှာ နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပြီး ၄င်းတို့ သံရုံးအတွက် မြေနေရာ ရှိထားပြီး ဖြစ်ကာ လာမည့်နှစ်တွင် အဆောက်အဦး စတင် ဆောက်လုပ်ပြီးလျှင် ရုံးချုပ်အဖြစ် ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ အချိန် အတိအကျကိုမူ မသိရသေးကြောင်း ၄င်းက ပြောကြားသည်။ ထို့အတူ ဗြိတိန် နိုင်ငံကလည်း မြန်မာနိုင်ငံသို့ လာရောက်၍ နေပြည်တော်တွင် ညှိနှိုင်းရေးရုံး ဖွင့်လှစ်နိုင်ရန် အတွက် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးမှ ဒုတိယ အတွင်းဝန် Mr. Joe fisher က ပြောကြားသည်။ သံတမန်ရေးရာ ညှိနှိုင်း ဆောင်ရွက်မှု ကိစ္စများကို ဆောင်ရွက်နိုင်မည့် ယင်းရုံးသစ်ကို နေပြည်တော်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျှက် ရှိပြီး ယင်းရုံး ဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာအစိုးရ၊ လွှတ်တော်တို့နှင့် ထိတွေ့ ဆက်ဆံနိုင်ရန် ဖြစ်ကြောင်း ၄င်းက ဆိုသည်။ ရန်ကုန်မြို့တွင် ဥရောပသမဂ္ဂရုံးကို ဧပြီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အခြား သံရုံးပေါင်း ၇ဝ ကျော် တရားဝင် ရုံးစိုက်လျက် ရှိသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း အရှေတီမော နိုင်ငံခြားရေး ဝန်ကြီးက နေပြည်တော်တွင် သံရုံး ဖွင့်လှစ်ရန် ရှိကြောင်း The Voice Weekly သို့ပြောကြားခဲ့သည်။ The Voice Weekly | ||
ခရစ်ယာန် သုသာန် မပြောင်းရွှေ့ ဖို့ ဆန္ဒဖော်ထုတ်ပွဲ Posted: 02 May 2012 04:42 PM PDT | ||
ဆင်ဆာ ဖြတ်တောက်မှု မြန်မာနိုင်ငံ နံပါတ် ၇ နေရာမှာရှိနေ Posted: 02 May 2012 04:38 PM PDT | ||
လွှတ်တော်တွင်းကနေ ၁၀၀% အောင်မြင်အောင် ကြိုးပန်းရမယ် Posted: 02 May 2012 02:58 PM PDT | ||
ဒီမိုကရေစီ လိုလားသူများနဲ့ လွှတ်တော်အမတ်သစ်များ အမေရိကန် ချီးကျူး Posted: 02 May 2012 02:44 PM PDT ![]() ဓာတ်ပုံ ASSOCIATED PRESS နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၈ လကမှ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး ဒီကနေ့မှာတော့ သူမနဲ့ အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တခြား အဖွဲ့ဝင် အများအပြား တို့ဟာ မြန်မာနိုင်ငံ လွှတ်တော်ထဲမှာ သူတို့ရဲ့ နေရာသစ်တွေကို ရယူလိုက်ကြပြီ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ပါတီဝင်တွေ တိုင်းပြည်အုပ်ချုပ်ရာမှာ တခန်းတကဏ္ဍက ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။ ကျွန်မ အနေနဲ့ ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေ လွှတ်တော်ကို တက်ရောက်လာတဲ့ အမတ် အသစ်တွေ၊ သိန်းနဲ့ ချီတဲ့ မဲဆန္ဒရှင်တွေကို သူတို့ရဲ့ ရဲစွမ်း သတ္တိနဲ့ လူထုကိုယ်စားလှယ် အစိုးရ ပေါ်ထွန်းရေးအတွက် တာဝန်ယူ ထမ်းဆောင်ခဲ့ကြတဲ့ အတွက် ချီးကြူး ဂုဏ်ပြုလိုက်ပါတယ်။ ဒီအချိန်ဟာ မြန်မာနိုင်ငံ အနာဂါတ်အတွက် အရေးကြီးတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ပိုမိုတိုးတက်ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာအောင် အထောက်အပံ့ ဖြစ်စေမယ့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ဦးတည်တဲ့ စစ်မှန်သော ပါတီစုံဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလလည်း ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီအားလုံး အရပ်သားအဖွဲ့အစည်း အားလုံးနဲ့၊ တိုင်းရင်းသားလူ မျိုးစုခေါင်းဆောင်တွေ အနေနဲ့ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်းပြီး ဒီမိုကရေစီပိုကျသော၊ လွတ်လပ်သော၊ ငြိမ်းချမ်းသော တိုးတက်ဖွံ့ဖြိုးသော အနာဂါတ် ပေါ်ထွန်းရေးအတွက် အခွင့်ရေးသစ်တွေကို ဆုပ်ကိုင် အသုံးပြုကြဖို့ အားပေးနှိုးဆော် လိုက်ပါတယ်။ ဟီလာရီ ကလင်တန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ၂၀၁၂ မေလ ၂ရက် By VOA (မြန်မာပိုင်း) |
You are subscribed to email updates from သစ်ထူးလွင် Myanmar News Now To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |