သစ်ထူးလွင် |
- ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ ဆရာဝန်အမျိုးသမီး ကွယ်လွန်
- ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ယနေ့ ည ထိုင်းနိုင်ငံကိုသွားမည်
- Sonia Gandhi က ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကိုလာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်
- ဆန္ဒပြအလုပ်သမားများကို စက်ရုံလုံခြုံရေးက ကြမ်းတမ်းစွာတုံ့ပြန်
- ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် တွင် လူသတ်မှုဒိမ်းကျင့်မှုဖြစ်စဉ်ဖြစ်ပွား
- ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြီးအကဲ အဖမ်းခံရ
- ဒေါ်အောင်ဆန်းစုကြည်နှင့် မန်မိုဟန်ဆင်းတို့ ဆီဒိုးနားဟိုတယ်တွင်တွေ့ ဆုံဆွေးနွေး
- ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော
- သမ္မတဦးသိန်းစိန် ထိုင်းခရီးစဉ်ဖျက်
- လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ ခရိုနီ
- လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း စတင်
- မဟာမြတ်မုနိ ဘုရားကြီး ဆိုင်ခန်းခများတိုး၍ ဆိုင်ပိတ်ဆန္ဒပြ
- အာဆီယံအပါအဝင် ဥရောပ ၂၆ နိုင်ငံကို Arrival Visa(ဆိုက်ရောက်ဗီဇာ) ပေးတော့မည်
- ပုသိမ်မြို့လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူ၆ဦးအား ခရိုင်အုပ်ချုပ်ရေးမှ ဆင့်ခေါ်
- အစာအငတ်ခံဆန္ဒပြ လုပ်သားများ ကျန်းမာရေးအခြေအနေချို့တဲ့
- ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် IDP ၃၆ ဦးအား မှတ်ပုံတင် စတင် ထုတ်ပေး
- လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
| ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ ဆရာဝန်အမျိုးသမီး ကွယ်လွန် Posted: 29 May 2012 04:04 AM PDT မေလ(၂၇)ရက်နေ့က ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ အမျိုးသမီးသည် ယနေ့ မေလ(၂၉)ရက်နေ့မွန်းလွဲ(၃)နာရီ(၅၅)မိနစ်ခန့်က ကွယ်လွန်သွားပြီဖြစ်ကြောင်း Popular Myanmar News Journal - facebook အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။ ကမာရွတ်မြို့နယ် လှည်းတန်း ၇ လမ်း ၅ လွှာတွင် ငှားရမ်းနေထိုင်သည့် ဆရာဝန်တဦးဖြစ်သူ မအိမြတ်မွန်အား ရည်းစားဖြစ်သူ လွင်ဦး က ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ရာမှ မအိမြတ်မွန်မှာ တကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ညီမဖြစ်သူမှာ ခြေထောက်တွင် မီးလောင်ဒဏ်ရာရရှိခဲ့သည်။ ဓာတ်ဆီလောင်းပြီး မီးရှိုးတဲ့ တရားခံကိုတော့ ဖမ်းမိထားပြီဖြစ်သည်။ | ||
| ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ယနေ့ ည ထိုင်းနိုင်ငံကိုသွားမည် Posted: 29 May 2012 03:16 AM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ဒီကနေ့ညမှာ ရန်ကုန်ကနေ ထိုင်းလေကြောင်းလိုင်း တီဂျီနဲ့ ထွက်ခွာ မှာ ဖြစ်ပြီး ဘန်ကောက်မြို့ကို ထိုင်းစံတော်ချိန် ည (၁၀)နာရီ ၀န်းကျင်လောက်မှာ ရောက်ရှိမှာ ဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာ မေ(၃၀) ၇က်ကနေ ဇွန်၁ရက် နေ့ထိ ကျင်းပမယ့် ကမ္ဘာ့စီး ပွားရေး ဖိုရမ်ကို တက်မှာဖြစ်ပြီး အစည်းအဝေး နောက်ဆုံး နေ့ဖြစ် တဲ့ ဇွန် ၁ ရက်နေ့ အမေးအဖြေကဏ္ဍ မိနစ် ၃၀ ကြာ စကားပြောဆိုဖို့လည်း ရှိနေပါ တယ်။ မနက်ဖြန် မေ (၃၀)ရက်နေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့ပြင် မဟာချိုင်ဒေသက မြန်မာရွေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇွန် (၂)ရက်နေ့မှာတော့ ထိုင်းမြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်တဲ့ မယ်လနဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တောဆေးခန်းကို သွားရောက်မှာဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီဗွီဘီ | ||
| Sonia Gandhi က ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကိုလာရောက် လည်ပတ်ဖို့ ဖိတ်ခေါ် Posted: 29 May 2012 03:03 AM PDT
အဲဒီစာထဲမှာ Sonia Gandhi က ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကိုလာရောက် လည်ပတ်ပြီး Jawaharlal Nehru အမှတ်တယအခမ်းအနားမှာ မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း ဖိတ်ခေါ်ချက်ကိုလက်ခံပြီးအမြန်ဆုံးသွားရောက်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြန်ပြောခဲ့ပါတယ်။ ရန်ကုန်-စီဒိုနားဟော်တယ်မှာ ၄၅-မိနစ်ကြာတွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနဲ့မြန်မာဟာ ပထ၀ီမြေအနေအထားအရ ကာလကြာရှည် ချစ်ကြည်ရင်းနှီးတာမဟုတ်ဘဲ တစ်ဦးရဲ့စံတန်ဖိုး ကို တစ်ဦးကမျှဝေခံစားပြိး လွတ်လပ်ရေးအတွက် အတူတိုက်ပွဲဝင်ခဲ့တာကြောင့်ဖြစ်ကြောင်း ၀န်ကြီးချုပ် Manmohan Singh ကို ပြောကြားခဲ့ပါတယ်။ ဒီဗွီဘီ | ||
| ဆန္ဒပြအလုပ်သမားများကို စက်ရုံလုံခြုံရေးက ကြမ်းတမ်းစွာတုံ့ပြန် Posted: 29 May 2012 02:59 AM PDT မေ ၂၉၊ ၂၀၁၂ (YPI) လှိုင်သာယာ စက်မှုဇုန် (၁) ရှိ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ ရှေ့တွင် ဆန္ဒပြနေသော အလုပ်သမားများထဲမှ အမျိုးသမီးသုံးဦးကို ယနေ့နံနက်ပိုင်းက စက်ရုံလုံခြုံရေးများက တွန်းထိုးခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်သည်ဟု ဆန္ဒပြသူများကပြောသည်။ ၎င်းစက်ရုံရှေ့တွင် အလုပ်သမားများဆန္ဒပြခဲ့ကြသည်မှာ သုံးရက်မြောက်ရှိလာပြီဖြစ်ပြီး အလုပ်သမားစုစုပေါင်း ၁,၀၀၀ ကျော်ရှိသည့်အထဲမှ ၃၀၀ ကျော်ခန့်က လုပ်ခလစာတိုးမြှင့်ရေးအတွက် တောင်းဆိုလျှက်ရှိကြသည်။ ၎င်းစက်မှုဇုန်ထဲတွင်ပင်ရှိသည့် Hall Mark အထည်ချုပ်စက်ရုံရှေ့တွင်လည်း အလုပ်သမား ၂၀၀ ခန့်က လုပ်ခလစာတိုးမြှင့်ရေးနှင့်ပတ်သတ်ပြီး နှစ်ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြလျှက်ရှိကြသည်။ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံပိုင်ရှင်မှာ မြန်မာနိုင်ငံသားဖြစ်ပြီး Hall Mark အထည်ချုပ်စက်ရုံမှာ ဂျပန်-မြန်မာ ဖက်စပ်လုပ်ကိုင်နေသော စက်ရုံဖြစ်သည်။ ။ Yangon Press International | ||
| ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် တွင် လူသတ်မှုဒိမ်းကျင့်မှုဖြစ်စဉ်ဖြစ်ပွား Posted: 29 May 2012 02:01 AM PDT ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင်ကျေးရွာနေ ဦးလှတင်+ဒေါ်မမြတို့၏ သမီး မသီတာထွေးသည် ၂၈.၅.၂၀၁၂ ညနေ ၅ နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်တွင် ကျောက်နီမော်ကျေးရွာမှ သပြေချောင်ကျေးရွာသို့အပြန် ပျောက်ဆုံး နေသဖြင့် မိဘများမှ ည ၈ နာရီ ၀န်းကျင်ခန့်တွင် ကျောက်နီမော် ရဲစခန်းသို့ သွားရောက်တိုင်ကြားသော်လဲ ရဲစခန်းမှ လုံးဝလိုက်လံရှာဖွေပေးခြင်း၊ စုံစမ်းပေးခြင်း မရှိခဲ့ပေ။ ထို့ကြောင့် မိဘများမှ သပြေချောင်ကျေးရွာမှ လူများစုပြီး လိုက်လံရှာဖွေရာတွင် ၂၉.၆.၂၀၁၂ မနက် ၈ နာရီ ၄၈ မိနစ်ခန့်တွင် ချောင်းဝကျေးရွာ နှင့် ကျောက်ထရံ ကျေးရွာကြား ပရဟိတကျောင်းအနောက်ဘက်ရှိ ဆည်အဟောင်းဘောင်ပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ တွေ့ရှိချိန်တွင် အ၀တ်အစားများမှာ စုတ်ပြဲနေပြီး မုဒိန်းမှု ပြုကျင့် ခံထားရကာ လည်ပင်းကိုလဲ ဓားဖြင့် လှီးဖြတ်ထားပြီး၊ ညာဖက်ပုခုံးတွင် ဓားဒဏ်ရာတစ်ချက်၊ ရင်အုံတစ်ဖက် တစ်ချက်စီတွင် ဓားဒဏ်ရာတစ်ချက်စီ၊ ခါးနောက်တွင် ဓားဒဏ်ရာတစ်ချက်နှင့် နားရွက်နှစ်ဖက်ကိုလဲ လှီးဖြတ်ထားသည်ကို တွေ့ရှိခဲ့ရသည်။ ထို့အပြင် မိဘများ၏ ပြောပြချက်များအရ သေဆုံးသူတွင် ၀တ်ဆင်ထားသော ရွှေဆွဲကြိုး၊ ရွှေဆွဲသီး၊ ရွှေနားကပ်တစ်ရံ နှင့် ရွှေလက်စွပ်နှစ်ကွင်း ပျောက်ဆုံးနေသည်ကို သိရှိရပါသည်။ ယခုအချိန်တွင် သေဆုံးသူ၏ အလောင်းအား ကျောက်နီမော်တိုက်နယ်ဆေးရုံတွင် စစ်ဆေးလျက်ရှိနေပါသည်။ ထွက်ရှိလာသော ဆေးစစ်ချက်များနှင့် သတင်းအချက်အလက်များအား ထပ်မှန် ပေးပို့ပေးပါမည်။ ကျောက်နီမော်ကျေးရွာနှင့် သပြေချောင်ကျေးရွာ အကြားတွင် လုယက်မှုများ မကြာခဏဖြစ်းပွားနေသော်လည်း တာဝန်ရှိသူများမှ ဖြေရှင်းပေးခြင်း မရှိခဲ့ပါ။ ရဲစခန်းသို့ တိုင်ကြားကြသော်လည်း တရားခံမပေါ်ခဲ့ပေ။ အရေးယူဆောင်ရွက်မှုများလည်း မပြုလုပ်ပေးခဲ့ပါ။ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ၄င်းဖြစ်စဉ်များ မပေါက်စေရန်နှင့် အမှုမှန် အမြန်ဆုံးပေါ်ပေါက်လာစေရန် တာဝန်ယူဖြေရှင်းပေးကြပါရန် တောင်းဆိုအပ်ပါသည်။ တာဝန်သိပြည်သူတဦး | ||
| ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြီးအကဲ အဖမ်းခံရ Posted: 29 May 2012 01:47 AM PDT မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌကို ခရိုင်ရဲစခန်းက တရားမ၀င်သွင်းကုန်ဥပဒေနဲ့ ဖမ်းဆီးထားတယ်လို့ ပါတီအဖွဲ့ဝင်တွေက ပြောပါတယ်။ ယာယီဥက္ကဋ္ဌ ဦးဌေးဝင်းဟာ ပါတီစည်းရုံးရေးထွက်ရာမှာ တရားမ၀င် လိုင်စင်မဲ့ကားကို အသုံးပြုတယ်ဆိုပြီး ဂန့်ဂေါခရိုင်ရဲစခန်း တာဝန်ရှိသူတွေက သူ့ကို ပုဒ်မ ၅ (၁) နဲ့ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်က နေအိမ်မှာ လာဖမ်းသွားတာလို့ ပါတီဖြစ်မြောက်ရေးအတွင်းရေးမှူး ဦးမြတ်လင်းဦးက ပြောပါတယ်။ "မြို့နယ်အတွင်းမှာ ကျေးရွာတွေကို သွားပြီးတော့ ပါတီဝင်တွေ စုဆောင်းတယ်။ အဲဒီလိုလုပ်ရင်း ၆ ရက်မြောက်နေ့လောက်မှာ ယာယီဥက္ကဋ္ဌ ဦးဌေးဝင်းနဲ့ ယာဉ်နဲ့ကို တရားမ၀င် လိုင်စင်မဲ့ယာဉ်ဆိုပြီး လူရော ကားရော ဖမ်းဆီးထားတယ်။ ကျနော်တို့ လေ့လာစုံစမ်းသိရတာတော့ တဖက်အဖွဲ့အစည်းကနေ တိုင်တန်းလို့ ဖမ်းဆီးရတဲ့ ပုံစံပေါ့။ " ထီးလင်းမြို့နယ်ထဲမှာ အများစုဟာ လိုင်စင်မဲ့ကားတွေ အသုံးပြုနေကြတာဖြစ်ပြီး သူလိုငါလို သုံးစွဲနေတာဖြစ်တဲ့အတွက် တပါးသူတွေကို ဖမ်းဆီးခြင်းမရှိသလို ဦးဌေးဝင်းကိုလည်း ဖမ်းမထားဘဲ လွှတ်ပေးစေလိုကြောင်း၊ လောလောဆယ် ဦးဌေးဝင်းကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့နဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ ဦးမြတ်လင်းဦးက ပြောပါတယ်။ ဦးဌေးဦးဟာ ဒီမော်တော်ကားကို လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ဘာသာရေး၊ လူမှုရေး ကူညီတဲ့လုပ်ငန်းတွေမှာ အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ အခုလို ပါတီစည်းရုံးရေးအတွက် အသုံးပြုတဲ့အခါမှ အဖမ်းခံရတာဟာ အဖွဲ့ချုပ်ကို နှောင့်ယှက်လိုသူတွေက တိုင်ကြားတာကြောင့် ဖြစ်နိုင်တယ်လို့ ထီးလင်းမြို့နယ် အန်အယ်လ်ဒီ ပါတီဝင်တွေက ယူဆထားပါတယ်။ ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးဖွင့်ပွဲကို မေ ၃၁ ရက်နေ့မှာ ဖွင့်လှစ်ဖို့ လျာထားပေမယ့်လည်း ယာယီဥက္ကဋ္ဌ အဖမ်းခံထားရတဲ့အတွက် လာမယ့် ဇွန် ၁၂ ရက်မှာ လုပ်ဖို့ ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်။ နန်းမြနဒီ - ဒီဗွီဘီ | ||
| ဒေါ်အောင်ဆန်းစုကြည်နှင့် မန်မိုဟန်ဆင်းတို့ ဆီဒိုးနားဟိုတယ်တွင်တွေ့ ဆုံဆွေးနွေး Posted: 29 May 2012 01:43 AM PDT | ||
| ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော Posted: 29 May 2012 01:29 AM PDT
ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။ " ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး " ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။ ရိုဟင်ဂျာဆိုသည်မှာ အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။ ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။ ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးWilliam Hague မြန်မာပြည်လာရောက်စဉ်အတွင်း ဗြိတိန်သံရုံးတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။ ။ Yangon Press International | ||
| သမ္မတဦးသိန်းစိန် ထိုင်းခရီးစဉ်ဖျက် Posted: 28 May 2012 05:46 PM PDT ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF မှာ ပါဝင်တက်ရောက်မယ့် အစီအစဉ်ကို သမ္မတဦးသိန်းစိန်က ပယ်ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပါတယ်။ ဒီအကြောင်းကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြပေးထားပါတယ်။ WEF ဖိုရမ်ကို သမ္မတဦးသိန်းစိန်၊ တက်မယ် မတက်ဘူးဆိုတာနဲ့ပတ်သက်လို့ အခုရက်ပိုင်းအတွင်း သတင်းအမျိုးမျိုး ထွက်နေတာကနေ ဒီကနေ့မှာတော့ သူ မတက်ဖြစ်ဘူးဆိုတာကို ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပြောဆိုခဲ့တာပါ။ ဒါပေမဲ့ လည်း ထိုင်းနိုင်ငံလာရောက်မယ့် နိုင်ငံတော်ခရီးစဉ်ကိုတော့ ရက်ရွှေ့ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗွီအိုအေ ကို အတည်ပြုပြောဆိုခဲ့သူကတော့ ထိုင်းနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ထာနီ သွန်ခ်ပက်ခ်ဒီ (Thani Thongpakdi) ဖြစ်ပါတယ်။ သမ္မတရဲ့ တရားဝင်နိုင်ငံတော်ခရီးစဉ် ရွှေ့ဆိုင်းလိုက်တာနဲ့ WEF ဖိုရမ် မတက်ဖြစ်တဲ့အကြောင်း တွေကို မေလ ၂၇ ရက်နေ့မှာ မြန်မာအစိုးရဘက်က အကြောင်းကြားခဲ့တယ်လို့ မစ္စတာထာနီကပြောပါတယ်။ "နိုင်ငံတွင်းမှာ သူ တက်ရောက်ရမယ့် အစီအစဉ်တွေ ရှိထားပြီးသားဖြစ်တဲ့အတွက် မြန်မာသမ္မတရဲ့ တရားဝင် နိုင်ငံတော်ခရီးစဉ် ဟာ နှစ်နိုင်ငံ သဘောတူညီချက်အရ ဇွန်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ဖြစ်ပါလိမ့်မယ်။ တချိန်တည်းမှာပဲ WEF ဖိုရမ်ကို တက်မယ့် အစီအစဉ်နဲ့ပတ်သက်လို့လည်း မတက်နိုင်တော့ဘူးဆိုတဲ့အကြောင်း ကျနော်တို့ကိုပြောပါတယ်။ သူ့ကိုယ်စား ပြည်ထောင်စု စွမ်းအင်ဝန်ကြီးက တက်ရောက်မှာဖြစ်ပါတယ်။" - လို့ မစ္စတာထာနီကပြောပါတယ်။ ဒီကနေ့မနက်ပိုင်းအထိ WEF ဖိုရမ်ရဲ့ အစီအစဉ်တွေထဲမှာ အစီအစဉ်နှစ်ခုမှာ သမ္မတဦးသိန်းစိန်တက်ရောက်မယ်ဆိုပြီး ထည့်သွင်းထားခဲ့တာပါ။ မေလ ၃၁ ရက်နေ့မှာလုပ်မယ့် ဖွင့်ပွဲအခမ်းအနားမှာ ဘာရိန်းဝန်ကြီးချုပ်၊ ဗီယက်နမ်ဝန်ကြီးချုပ်၊ လာအို ၀န်ကြီးချုပ်၊ အင်ဒိုနီးရှားသမ္မတ၊ အိမ်ရှင် ထိုင်းဝန်ကြီးချုပ်တို့နဲ့အတူ မြန်မာသမ္မတလည်း တက်ရောက်မယ်လို့ ကြေညာခဲ့ပါတယ်။ တခါ ဇွန်လ ၁ ရက်နေ့ညနေပိုင်းမှာလည်း မြန်မာနိုင်ငံရဲ့ ကတိပြုမှုနဲ့အနာဂတ်လို့ ဆိုရမယ့် The Promise and Future of Myanmar ဆိုတဲ့ခေါင်းစဉ်နဲ့ သမ္မတဦးသိန်းစိန်က စကားပြောဖို့ အစီအစဉ်တခုလည်း ကြေညာထားခဲ့ပါတယ်။ အခုတော့ အဲဒီအစီအစဉ်တွေအားလုံးမှာ သူ့ရဲ့အမည်ကြေညာထားတာကို ဖျက်လိုက်ပြီဖြစ်ပါတယ်။ WEF ဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည် တက်ဖြစ်မယ်ဆိုတာကိုလည်း မစ္စတာထာနီက အတည်ပြု ပြောဆိုပါတယ်။ "ဖိုရမ် အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်မယ်ဆိုတဲ့အကြောင်း World Economic Forum က ကျနော်တို့ကို အကြောင်းကြားပါတယ်။" -လို့ မစ္စတာထာနီကပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတခုဆီ ဒေါ်အောင်ဆန်း စုကြည်သွားမယ်ဆိုတဲ့သတင်းနဲ့ တခြားအစီအစဉ်တွေကိုတော့ သူတို့ဆီ အကြောင်းမကြားသေးလို့ မသိသေးဘူးလို့ ထိုင်းနိုင်ငံ ခြားရေးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မစ္စတာထာနီက ပြောပါတယ်။ ဇွန်လ ၁ ရက်နေ့မနက်ပိုင်း WEF အစီအစဉ်တွေထဲက ခေါင်းဆောင်တယောက်နှင့် စကားပြောခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ WEF တည်ထောင်သူနဲ့ အမှုဆောင်ဥက္ကဋ္ဌ ကလော့စ် ရှဝတ်ဘ် (Klaus Schwab) က ဒေါ်အောင်ဆန်းစုကြည်ကို နာရီဝက်ကြာ တဦးချင်း တွေ့ဆုံမေးမြန်းမှာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလပ် ရှင်နာဝပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၃၁ ရက်နေ့မှာ တွေ့ဆုံကြမယ်လို့ သတင်းတွေက ဖော်ပြကြပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ မည်သို့ပင်ဖြစ်စေ ၂၄ နှစ်အတွင်း မြန်မာနိုင်ငံပြင်ပ ပထမဆုံးထွက်လာမှာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးခရီး တထောက်ဟာ သူတို့နိုင်ငံဖြစ်ဖို့ ကမ္ဘာ့နိုင်ငံအတော်များများရဲ့ ခေါင်းဆောင်တွေ မျှော်လင့် တောင့်တ ဆန္ဒရှိနေကြချိန်မှာ ထိုင်း ၀န်ကြီးချုပ် မစ္စယင်းလပ်က ကြိုဆိုခွင့်ရတော့မှာဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်းဆက်ဆံရေးမှာ မဟာ ဗျူဟာမြောက် လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ သုံးသပ်တာမျိုးလည်းရှိပါတယ်ခင်ဗျား။ | ||
| လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ ခရိုနီ Posted: 28 May 2012 04:52 PM PDT ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွားနေတဲ့ လယ်မြေများအားဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက် ![]() ![]() တိုင်းဒေသကြီး အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွာနေတဲ့ လယ်မြေတွေကို ဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်ကြောင်းခင်ရွှေက စက်မှုဇုန် လုပ်မည် ပြောထားပြီး မြင့်ဇော်က သီးစားလုပ်ခွင့် လျှောက်အမျိုးမျိုးလှည့်ပတ်လိမ်ညာသည့် အပေါ် နိုင်ငံရေးအင်အား စုများ စုပေါင်း၍ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး ခင်ရွှေနဲ့ သက်ဆိုင်ရာအစိုးရတွေကို တရားစွဲ လက်မှတ်ရေးထိုး လှုပ်ရှားဖို့ ဆောင်ရွက်သွားပါမည်။ ဇေကမ္ဘာခင်ရွှေကို ရွှေနံ့သာ အငြင်းပွားနေတဲ့ လယ်မြေတွေကို သီးစားလုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဟာ ဥပဒေနဲ့လည်း မညီညွတ်ပါဘူး ... ဆူပူအောင် သက်သက်ဖန်တီးနေသလို ဖြစ်ပါတယ် လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမားအရေးကို ရှေးရှု ပြောဆိုလိုပါတယ်။ အစမှာ ကျေးရွာအုပ်ချုပ်ရေးနဲ့ ဇေကမ္ဘာကုမ္ပဏီပူးပေါင်းပြီး လယ်သမားတွေကို ခေါင်းစဉ်မရှိတဲ့ စာရွက်ပေါ် မှာလက်မှတ် ထိုးခိုင်းတယ်။ လယ်သမားတွေ က အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ အ...ဲဒီနောက် ဦးခင်ရွှေက နိုင်ငံတော် သိမ်းတာ ငါသိမ်းတာ မဟုတ်ဘူး။ မင်းတို့ကို နိုင်ငံတော်က သိမ်းရင် တပြားမှ ရမှာမဟုတ်ဘူး။ မင်းတို့ကို ကိုယ့်လူမျိုး ချင်း စာနာသောအားဖြင့် ကရုဏာကြေးပေးမှာလို့ ပြောပြီး စည်းရုံးသိမ်းသွင်း တယ်။ အဲဒီနောက် ၅၀၀၀၀ ကနေ လယ်သမားတွေ လက်မခံ လက်ခံအောင် ၃၀၀၀၀၀ အထိ တိုးပေးပြီး လယ်သမားတွေက လယ်မလုပ်ချင်တော့လို့ လယ်အပ်တဲ့ သဘောမျိုးဖြစ်အောင် အုပ်ချုပ်ရေးနဲ့ ခင်ရွှေ ပူးပေါင်းကြံစည်ခဲ့ခြင်းက အစိုးရကို ခုတုံးလုပ်တဲ့ ပထမဆုံး ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်း သိသာစေပါတယ်။ အဲဒီနောက် လယ်သမားတွေကို လယ်ပြန်စိုက်ခွင့်ပြုတယ်။ သီးစားပြေစာအတွက်တော့ ဘယ်သူ့လက် အပ်လိုက် တယ် ဆိုတာ လယ်သမားတွေက နားစွန်နားဖျား ဇေကမ္ဘာကို ပေးလိုက်တယ် ဆိုတာလောက်ပဲ သိပါတယ်။ လယ်သမားတွေ စပါးသိမ်းနေချိန်မှာပဲ ၂၀၁၁ ခုနှစ်ထဲမှာ လယ်ကန်သင်းတွေ ဖျက်တယ်။ နွေစပါး စိုက်လို့မရ အောင် ရေမြောင်းတွေ ပိတ် ပစ်တယ်။ လယ်တွေကို အပြောင်ရှင်းတယ်။ မြေတွေကိုလည်း ရောင်းချထားပြီး ဖြစ်ကြောင်း လယ်မြေတွေပေါ်မှာ ဘယ်က ဘယ်သူမှန်းမသိတဲ့ ကောင်တွေ နာမည်တွေ လာတပ်ထား ပါတယ်။ ဒီကြား ထဲမှာ လယ်သမားတွေဟာ လယ်လုပ်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားလာတာကြောင့် အငြင်းပွားမှုတွေ ဖြစ်လာပြီး ဇေကမ္ဘာရဲ့ ဖျက်စီးရေး လုပ်ငန်းတွေကို သက်ဆိုင်ရာက တားမြစ် တယ်။ နိုင်ငံတော်က စက်မှုဇုန် လုပ်ကိုင်ခွင့် ခွင့်ပြုထား သယောင် ငါးမဖမ်းရ ၊ ဖားမရိုက်ရ ဆိုတဲ့ စာတွေကပ်၊ ဇေကမ္ဘာ မန်နေဂျာ မြင့်ဇော်နေ တဲ့ ရုံးကို လယ်ထဲမှာ လာဆောက်၊ လယ်သမားတွေကို ခြိမ်းခြောက်မှုတွေနဲ့ အတူ တုတ်တပြတ် ဓားတပြတ် လုံခြုံရေး ၀န်ထမ်း အင်အားကလည်း ကြောက်ခမန်းလိလိပါပဲ။ လယ်သမားတွေက လယ်ပြန်လုပ်ဖို့ နွားချေးမြေသြဇာတွေချနေတဲ့အချိန် ခင်ရွှေရဲ့ ကုမ္ပဏီက လယ်ကန်သင်း တွေ ကိုဖျက်လို့ ကောင်းဆဲ။ ဒီ ၂၀၁၂ ခုနှစ်ထဲမှာပါပဲ။ လယ်သမားတွေကလည်း တရုံးရုံးဖြစ်လာပြီ။ မြင့်ဇော်ကလည်း သက်ဆိုင်ရာက တားမြစ်နေတဲ့ကြားက တုတ်တပြတ် ဓားတပြတ် မိုက်ကြေးခွဲတဲ့ ပုံစံမျိုးအထိ ဖြစ်လာတာတွေဟာ မင်းမဲ့တိုင်းပြည် ဥပဒေမဲ့ တိုင်းပြည်လိုပါပဲ။ တားမြစ်စာတွေပို့ပြီး ဇေကမ္ဘာကုမ္ပဏီကို လယ်ကန်သင်းတွေမဖြတ်ဖို့၊ လယ်သမားတွေကိုလည်း လယ်မလုပ်သေး ဖို့ အငြင်းပွားနေဆဲ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ကစာတွေ ပို့တယ်။ အဲဒီအထဲမှာ လယ်သမားတွေက သူတို့တစ်ခုခုလုပ်တိုင်း သက်ဆိုင်ရာကို အသိပေးအကြောင်းကြား ပါသည်လို့ ရေးတာကိုတောင် နောက်နောင် အသိပေးအကြောင်းကြားပါသည်ဟု မရေးသားရန်လို့ မြို့နယ် အုပ်ချုပ် မှူးက ဆိုလာတယ်ဗျ။ ဘယ်လို ပြောရမှာလဲ တင်ပြအသနားခံပါသည် ဆိုတဲ့ စာသားတွေ သူတို့ရဲ့ အမှိုက်တောင်းထဲမှာ တပုံတခေါင်းပါ။ လူပါးဝချင် စိတ်က မကုန်သေးဘူး။ အဲဒါ အုပ်ချုပ်ရေး ပိုင်းကို ပြောတာ။ လယ်သမားတွေဟာ မထူးဇာတ်တော့ မဟုတ်ဘူး။ ဘယ်လို အခင်းအကျင်းဖြစ်လာမလဲ ဆိုတာသိချင်လို့ လယ်ထွန်တော့မယ်လို့ သတင်းလွှင့်လိုက်တယ်။ နောက်နေ့ တကယ်လယ်ထွန်ဖို့ လယ်ထွန်စက်ကြီးတွေ ပြင်ဆင်ကြတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနဲ့ ကျေးရွာ အုပ်ချုပ်ရေါ်မှူး ဦးထွန်းထွန်းဦးတို့ ကိုယ်တိုင်ရောက်လာပြီး တားကြတယ်။ လယ်သမားတွေက ဥပဒေကို မလေးစားလို့၊ အုပ်ချုပ်ရေးကို မလေးစားလို့ လုပ်တာ မဟုတ်ပါဘူး။ ဥပဒေနဲ့ အုပ်ချုပ်ရေးကို ဘယ်သူတွေ ပေါ်ပေါ်လွင်လွင် ချိုးဖောက်နေလဲ ဆိုတာ သိချင်လို့ လယ်ထွန်စက်ကြီးနဲ့ ဟန်ရေးပြလိုက်တာပါ။ လယ်သမားတွေကို လာတားတော့ ဇေကမ္ဘာကို လည်း သွားတားကြည့်ပါအုံးလို့ ပြောလိုက် တယ်။ အုပ်ချုပ်ရေးမှူးကြီးတွေ သွားတားတယ်။ မြင့်ဇော်က မကောင်းတတ်လို့ အားနာသမှုနဲ့ ခဏရပ်ပေးလိုက် တယ်။ အဲဒီညနေမှာပဲ ဖျက်စီးရေးကို ဆက်လုပ်တယ်။ နောက်နေ့လည်း ဆက်လုပ်တယ်။ မီဒီယာတွေရဲ့ အမေးကို တစ်ပတ်အတွင်း အဖြေသိပါလိမ့်မယ်။ ဖြေစရာစကားမရှိဘူးလို့ မာမာတင်းတင်းပဲ ပြောတယ်။ လယ်သမားတွေက သီးစားလုပ်ကိုင်ခွင့်ကို လျှောက်ထားပြီးဖြစ်နေပြီ။ ဇေကမ္ဘာကုမ္ပဏီက နောက်မှသွားပြီး သီးစား လုပ်ကိုင်ခွင့် လျှောက်တယ်။ ပြဌာန်းထားတဲ့ ဥပဒေတွေအရ လယ်သမားတွေဟာ လက်ငုတ်လုပ်ကိုင်သူတွေဖြစ်လို့ ဒီကိစ္စမှာတော့ ဥပဒေအရဆိုရင် လယ်သမားတွေ အောင်ပွဲခံလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ အငြင်းပွားနေတဲ့ ကိစ္စအတွက် သက်ဆိုင်ရာက ဘယ်သူ့ဘယ်သူမှ ခေါ်ယူညှိနှိုင်းခြင်းမရှိဘဲ လယ်ယာမြေတွေ ကို ဟောဒီနေ့ (၂၆.၅.၂၀၁၂) ရက်နေ့မှာပဲ ဇေကမ္ဘာကို ဆက်လက်လုပ်ကိုင်ခွင့်ပြုလိုက်ြေ ကာင်းလို့ ဆုံးဖြတ်ချက် ချလိုက် ပါလေရောဗျာ။ လွှတ်တော် ကိုယ်စားလှယ်၊ ဇေကမ္ဘာဥက္ကဌ ခင်ရွှေကြီးက The Voice ဂျာနယ်မှာ လယ်လုပ်မှာ မဟုတ်ဘူး။ စက်မှုဇုန်လုပ်မှာလို့ ပြောထားပါလျှက် ဇေကမ္ဘာကို လယ်လုပ်ကိုင်ခွင့် ပြုတဲ့ ရန်ကုန်တိုင်းအစိုးရကို သောက်သုံးမကျတဲ့ အစိုးရ ဥပဒေမဲ့လုပ်တဲ့ အစိုးရလို့ မှတ်ချက်ပြုပါတယ်။ ဥပဒေကို လက်တစ်လုံးကြားလိမ်တာသည် အစိုးရအဖွဲ့ဖြစ်ပြီး လယ်သမားတွေဘက်က ဥပဒေအရ အကာအကွယ် ယူလို့ မရတော့တဲ့အခါမှာ လယ်သမာတွေက အရိုးကျေကျေ အရေခန်းခန်း တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဆက်လက်ပြီးတော့လည်း ဥပဒေကြောင်းအရ ခင်ရွှေကို ဖိုးတွမ်တီးနဲ့ စွဲချက်တင်ပါမယ်။ ငွေကုန်ကြေးကျ မတတ်နိုင် လို့ နောက်ဆုံးလုပ်စရာက ဆန္ဒပြဖို့ပဲ ဖြစ်ပါတယ်။ ဥပဒေမဲ့နိုင်ငံတော်မှာ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ပြည်သူအသံကို စောင့်မျှော်နေတဲ့ လူလိမ်အသိုင်းအ၀ိုင်းထဲက လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ပြည်သူ့ဆန္ဒ ပြည်သူ့အမှန်တွေကို ကြားသိအောင် အသေခံတိုက်ပွဲဝင်သွားဖို့ပဲ ဖြစ်ပါတယ်။ နောက်ဆုံအနေနဲ့တော့ လူပါးဝ သူက ခင်ရွှေ ဆိုတဲ့ လွှတ်တော် အမတ်ကြီးပါ။ ဥပဒေမဲ့ ဘက်လိုက်ဆုံးဖြတ် တာက ရန်ကုန်တိုင်းအစိုးရအဖွဲ့ပါ။ ခံနေရတာတော့ လယ်သမားတွေပါ။ အဲဒီအရေးအတွက် ပြည်သူ့အကျိုးလိုလား သူ ပူးပေါင်းကူညီချင်သူ နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများက ၀ိုင်းဝန်းကူညီကြပါရန် မတရား မှုတွေကို ပြည်သူများ ခံနေရစဲ ဖြစ်ကြောင်း တင်ပြရင်း နိဂုန်းချုပ်ပါတယ်။ ငြိမ်းချမ်းစွာနေတဲ့ ပြည်သူကို ဆူပူအောင် ဖန်တီးနေတာ အစိုးရနှင့် ခရိုနီ အုပ်စုဖြစ်ကြောင်း နိုင်ငံတော် ရှေ့ဆက်သွားခြင်း မသွားခြင်းတွင် အလျဉ်း မသက် ဆိုင်ဘဲ မတရားမှုသည် မတရားမှုသာ ဖြစ်လို့ လူလိမ်လူညာများကို ပြည်သူအင်အားနဲ့ ၀ိုင်းဝန်း တိုက်ဖျက် ကြပါစို့။ နောင်တော်လေး (Facebook) | ||
| လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း စတင် Posted: 28 May 2012 04:17 PM PDT မီဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မည့် လေးမြို့မြစ် ရေအား လျှပ်စစ် စီမံကိန်းကို စတင် တည်ဆောက်ရန် စီစဉ်နေပြီ ဖြစ်သည်။ လေးမြို့မြစ်သည် ရခိုင် လူထု၏ အသက်သွေးကြော ဖြစ်သည်။ မြောက်ဦးမြို့မှ ၁၆ ဦးပါ အဖွဲ့တစ်ဖွဲ့သည် လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း တည်ရှိရာ ခဗွေချေ ကျေးရွာသို့ များမကြာမှီက လေ့လာခရီးသွားရောက်ခဲ့သည်။ " ကျွန်တော်တို့က အဲဒီ ဒေသကို မရောက်ဖူးတဲ့ အတွက် သွားရောက် လေ့လာတာ ဖြစ်ပါတယ်။ ဒေသခံ ပြည်သူတွေနဲ့လည်း တွေ့ဆုံပြီး ရင်းရင်းနှီးနှီး စကား ပြောဆိုခွင့်ရခဲ့ပါတယ်။ သူတို့ပြောတာကတော့ မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ရွာတွေကို တောင်ပေါ်က ပြောင်းရွှေ့ဖို့ ပြောထားတယ်လို့ ပြောပါတယ်။ ချင်းပြည်နယ် အစိုးရ အဖွဲ့က ၀န်ကြီး တစ်ဦးရောက်ရှိလာပြီး တစ်ရွာက လူကြီး တစ်ယောက်စီကို ခေါ်ပြီး ခုလို ပြောသွားတာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ အဲဒီဒေသမှာ နေထိုင်သူ အများစုကတော့ ချင်းလူမျိုးတွေ ဖြစ်ကြပါတယ်" ဟု သူက ပြောသည်။ လေးမြို့မြစ် စီမံကိန်းကို စတင်ပါက စီမံကိန်း အပေါ်ပိုင်း နှင့် အောက်ပိုင်းရှိ ကျေးရွာပေါင်း ၁၀၀ ခန့်ကို ထိခိုက်နိုင်ပြီး အများစု ကျေးရွာများမှာ ပြောင်းရွှေ့ရနိုင်ဖွယ် ရှိကြောင်း သူက ပြောသည်။ စီမံကိန်းအောက်ပိုင်းတွင် တည်ရှိသော ရခိုင်ကျေးရွာကြီး တစ်ရွာဖြစ်သော ပန်းမြောင်းကျေးရွာသို့ ဆက်သွယ် မေးမြန်းရာ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။ " ဒီမှာတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှ ထွေထွေထူးထူး ဖြစ်ပေါ် တိုးတက်မူ မရှိသေးပါဘူး။ လူတစ်ချို့တော့ အဲဒီ နေရာကို သွားပီး အလုပ် သွားလုပ်တာတော့ ရှိပါတယ်။ ကျွန်တော်တို့ ပန်းမြောင်းနဲ့ ဆိုရင် အခု ရေအားလျှပ်စစ် တည်ဆောက်မယ့် နေရာနဲ့ တော်တော် ဝေးပါတယ်။ မြောက်ဦးဘက်က သွားရင်တော့ နီးတဲ့ အတွက် စက်ကရိယာတွေကို အဲဒီ မြောက်ဦးကတဆင့် တင်ပို့နေကြတယ်လို့ သိရပါတယ်" ဟု ပြောသည်။ လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းအတွက် ရောက်ရှိလာသောစက်ကရိယာများကို မြောက်ဦးသို့ တင်ပို့ပြီး မြောက်ဦးမှ တဆင့် စက်လှေငယ်များဖြင့် အဆိုပါ ဒေသသို့ တင်ပို့ကြသည်ဟု ဒေသခံ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။ " စက်ကရိယာတော်တော်များကို မြောက်ဦးကို ယူလာပါတယ်။ မြောက်ဦးကနေ စက်ကရိယာတွေကို စက်လှေငယ်တွေနဲ့ အဲဒီ ခဗွေချေ ဆိုတဲ့ နေရာကို ပို့ပါတယ်။ တချို့ စက်ကရိယာတွေက ကြီးတဲ့ အတွက် တစစီဖြုတ်ပြီး စက်လှေတင်ကာ ပို့ရပါတယ်။ ဟိုရောက်တော့ ပြန်လည် တပ်ဆင်ပြီး အသုံးပြုကြရပါတယ်။ စက်လှေနဲ့ သွားရင်တော့ အဲဒီနေရာကို ရောက်ဖို့ တစ်နေ့နဲ့ တမွန်းတည်းလောက် အချိန်လိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြောက်ဦးကဘဲ သွားရ လာရ လွယ်တော့ ဒီကဘဲ ပစ္စည်းတွေကို တင်ပို့နေကြတာ ဖြစ်ပါတယ်။" ယခု တည်ဆောက်မည့် လေးမြို့မြစ် ရေအား လျှပ်စစ်မှာ မြန်မာနိုင်ငံ အနောက်ဘက် ဒေသတွင် အကြီးဆုံးဖြစ်ပြီး တရုတ် အစိုးရနှင့် ဖက်စပ် လုပ်ကိုင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ လေးမြို့မြစ်အား ရေကာတာ တည်ဆောက်ပါက မြစ်အောက်ပိုင်းတွင် မြစ်ကြောင်း တိမ်ကောပြီး သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးကာ လုပ်ကိုင် စားသောက်မရ ဖြစ်မည်ကို ဒေသခံများ အထူး စိုးရိမ်နေကြသည်ဟုလည်း သိရသည်။ " အခု လေးမြို့မြစ် စီမံကိန်းကထွက်တဲ့ လျှပ်စစ် ဓါတ်အားကို ကျွန်မတို့ ရခိုင်ပြည်မှာ သုံးရင်တော့ ဒေသအတွက် အကျိုးရှိပါမယ်။ ဒါပေမယ့် အခုကြားတာက ဘင်္ဂလာဒေခ်ျ့ကို ထွက်လာတဲ့ ဓါတ်အားကို ရောင်းမယ်လို့ အသံထွက်နေတဲ့ အတွက် လူတွေက စိတ်ပျက်နေကြပါတယ်။ ပီးရင် မြစ်ကြောင်းတွေ ရေမစီးတော့တဲ့ အတွက် တိမ်ကော ပျက်စီး သွားမှာကိုလည်း လူတွေက စိုးရိမ်နေကြပါတယ်" ဟု မင်းပြား ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။ လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်ရန် အစိုးရမှ တရားဝင်ပြောကြားထားပြီး ယခုနှစ် မိုးရာသီ အတွင်း လေ့လာ တိုင်းတာမူများ ပြုလုပ်ပြီး ယခုနှစ် မိုးအကုန်တွင် ရေကာတာကို စတင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြောက်ဦး အင်ဂျင်နီယာက ပြောကြားသည်။ နိရဉ္စရာ | ||
| မဟာမြတ်မုနိ ဘုရားကြီး ဆိုင်ခန်းခများတိုး၍ ဆိုင်ပိတ်ဆန္ဒပြ Posted: 28 May 2012 04:08 PM PDT မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးအတွင်းရှိ နိဗ္ဗာန်ကုန်ဆိုင်နှင့် အခြားဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် အနေဖြင့် တနင်္ဂနွေ နေ့လည်မှ စတင်ကာ ဈေးသည်များက ဆိုင်မထွက်ဘဲ ဆန္ဒပြနေကြသည်။ ဆိုင်ခန်းခများကို ယခင်က တိုးမြှင့်ကောက်ခံခြင်း မရှိခဲ့သော်လည်း ယခုအခါ သုံးဆ တိုးမြှင့်ကောက်ခံ လိုက်ခြင်း ကြောင့် ဆိုင်ခန်းပေါင်း ၂၀၀ နီးပါး ပိတ်သိမ်း ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဆိုင်ခန်းပိုင်ရှင်များက အကြိမ်ကြိမ် ညှိနှိုင်းသော်လည်း ဂေါပကအဖွဲ့မှ လိုက်လျောမှု မရှိသဖြင့် ဆန္ဒပြကြခြင်း ဖြစ်ကြောင်း မန္တလေးမှ ပြည်သူသတင်းထောက် တဦးဖြစ်သည့် နိုင်ကိုဇော် က ပြောသည်။ ![]() ဆိုင်ခန်းခများကို သုံးဆ တိုးမြှင့်ကောက်ခံ လိုက်ခြင်းကြောင့် ဆိုင်ခန်းပေါင်း ၂၀၀ နီးပါး ပိတ်သိမ်း ဆန္ဒပြ (ဓါတ်ပုံ မဇ္ဈိမ) "ဘုရားကြီးက ဧပြီလကတည်းက စပြီး ကြေညာချက် ထွက်ထားတာ။ တရားဝင် ကောက်မယ် ဆိုတာတော့ ထွက်လာ ပြီ။ လက်ရှိ အဲလို ကန့်ကွက်မှုတွေ ရှိလာတော့ ပိုက်ဆံသွင်းဖို့ ဘာဖို့ စာထပ်ထွက်မလာသေးဘူး။ အရင်တုန်းက ၃,ဝဝဝ ကောက်တာ အခု ၉,ဝဝဝ ဖြစ်သွားတာ။ ဆိုင်ခန်း လစဉ်ကြေးခတင်နော်။ ဆိုင်ခန်းက ကိုယ်ပိုင် သက်သက် ဝယ်ရတာ။ အဲလိုဝယ်ထားတဲ့ ဟာကိုမှ လစဉ်ကြေး ထပ်ပေးရတာ တလကို ၉,ဝဝဝ နှုန်းပေါ့" ဟု မဇ္ဈိမကို ပြောသည်။ မေလ ၂၇ ရက်နေ့က ဆိုင်ခန်းခွန် တိုးမြှင့်ကောက်ခံရေး ကိစ္စနှင့်ပါတ်သက်ပြီး ဂေါပကအဖွဲ့က ခေါ်ယူသည့် အစည်းအဝေးအား ဘုရားကြီးဈေးဆိုင်များမှ မတက်ရောက်ဘဲ စတင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြ ဆိုင်ခန်းများထဲတွင် ဘုရားကြီး အရှေ့စောင်းတန်းနှင့် မြောက်ဘက် စောင်းတန်းမှ အများစုပါဝင်ပြီး နံ့သာပန်းပုရုပ်၊ ကျောက်ဆင်းတုများ ကြေးသွန်းဘုရားများ၊ ဘုရားပန်းအိုး၊ ထီး စသည့် နိဗ္ဗာန်ကုန် ရောင်းသည့် ဆိုင်ခန်းများအပါအဝင် ပလပ်စတစ်လောင်း ဘုရားပုံတော်များ၊ ဘုရားစာများ၊ မုန့်ပဲသရေစာများ ခင်းကျင်းရောင်းချ သည့် ဆိုင်ခန်းငယ်များလည်း ပါဝင်ကြောင်း သိရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဂေါပက အဖွဲ့ရုံးသို့ မဇ္စျိမက ဖုန်းဆက်မေးမြန်းရာတွင် တာဝန်ရှိသူ ဂေါပကအဖွဲ့ဝင် လူကြီးတဦး က ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ မေလ ၂၈ ရက်နေ့အထိ ဂေါပကအဖွဲ့နှင့် ဆိုင်ရှင်များ မရရှိသေးဘဲ ဆိုင်ခန်းများ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။ နေမျိုး-ရန်ကုန် (မဇ္ဈိမ) | ||
| အာဆီယံအပါအဝင် ဥရောပ ၂၆ နိုင်ငံကို Arrival Visa(ဆိုက်ရောက်ဗီဇာ) ပေးတော့မည် Posted: 28 May 2012 01:09 PM PDT ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ အာဆီယံအပါအဝင် ဥရောပ ၂၆ နိုင်ငံကို Arrival Visa(ဆိုက်ရောက်ဗီဇာ) ပေးတော့မည် ဖြစ်ကြောင်း ကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောကြားလိုက်သည်။ ဆိုက်ရောက် ဗီဇာများ ပေးရာတွင် Business Visa များသာပေးသွားမည် ဖြစ်သည်။ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက "ဒါကို မင်္ဂလာဒုံလေဆိပ်တစ်ခုတည်း ကိုသာပေးသွားမှာ ဖြစ်ပါတယ် visa ကြေးကတော့ ဒေါ်လာ ၅၀ ကျပါမယ် visa သက်တမ်း ကတော့ ရက်ပေါင်း ၇၀ ပေးသွားမှာ ဖြစ်ပါတယ် " ဟု ယင်းက ပြောကြားသည်။ | ||
| ပုသိမ်မြို့လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူ၆ဦးအား ခရိုင်အုပ်ချုပ်ရေးမှ ဆင့်ခေါ် Posted: 28 May 2012 11:13 AM PDT ပုသိမ်မြို့၌ ၃ရက်ကြာ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူများထဲမှ၆ဦးအား ယနေ့မေ ၂၈ရက်နေ့ ၁နာရီတွင်ခရိုင် အုပ်ချုပ်ရေးဦးစီးရုံးမှ လာရောက်တွေ့ဆုံရန် စာဖြင့်အကြောင်း ကြားထားကြောင်း ပုသိမ်မြို့ခံ တစ်ဦးက ဆက်သွယ်ပြောကြားသည်။ "ကိုဇော်မိုး ၊ကိုစည်သူ ၊ကိုကြည်အေး အပါအ၀င် ၆ဦးအား ဒီနေ့ ၁နာရီမှာ လာတွေ့ပါဆိုပြီးစာပို့ထားတယ်"ဟု ၄င်းကပြောသည်။ ပုသိမ်မြို့တွင် မေလ၂၅ရက်နေ့ကစတင်၍ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပြီး ပထမနေ့တွင် ၁၅ဦးခန့်၊ ဒုတိယနေ့တွင် ၅၀ဦးခန့် နှင့် နောက်ဆုံးနေ့အဖြစ်ပြုလုပ်သော မေလ ၂၇ ရက်နေ့တွင် လူ၂၀၀ခန့်ပြုလုပ်ခဲ့ကြောင်းသိရသည်။ မိုးမြင့်မြတ် Popular Myanmar News Journal | ||
| အစာအငတ်ခံဆန္ဒပြ လုပ်သားများ ကျန်းမာရေးအခြေအနေချို့တဲ့ Posted: 28 May 2012 10:54 AM PDT
မှော်ဘီမြို့နယ် မြောင်းတကာရှိ ရန်ကုန်ကရောင်း သံရည်ကြိုစက်ရုံကို အစာငတ်ခံဆန္ဒပြနေသော အလုပ်သမားအချို့ ကျန်းမာရေးအခြေအနေ ချို့တဲ့လာကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသူများနှင့် အစာငတ်ခံဆန္ဒပြသည့် အလုပ်သမားများက ပြောသည်။ "ဒီနေ့မနက်ပဲ ၀မ်းကိုက်တဲ့တယောက်ကို မှော်ဘီဆေးရုံကိုပို့လိုက်ရတယ်၊ အခြားသူတွေလည်း အစာအိမ်အောင့်တဲ့သူရယ်၊ အားနည်းတဲ့သူတွေကို နီးစပ်ရာဆေးခန်းလိုက်ပြနေရတယ်"ဟု အလုပ်သမားအရေးဆာင်ရွက်ပေးနေသူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဒေါ်မာမာဦးက ပြောသည်။ မြောင်းတကာ ရန်ကုန်ကရောင်း သံမဏိစက်ရုံမှ အစာငတ်ခံဆန္ဒပြသူများအား ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်၊ (သတင်းဓါတ်ပုံ-MMO)ကျန်းမာရေးချို့တဲ့နေသူများထဲတွင် ၀မ်းကိုက်ရောဂါကြောင့် မှော်ဘီဆေးရုံသို့တက်ရောက်ကုသနေသူ ဦးဇော်မင်းလတ်၊ မျက်စိများ မှုန်လာကာ အဖျားဝင်နေသူ ဦးတင်မိုးဝင်း၊ အစာအိမ်အောင့်နေသည့် ဦးတင်ကိုဦးနှင့် ဦးသားလှစိုးတို့ဖြစ်ပြီး ၎င်းတို့ကိုလည်းအပြင်ဆေးခန်းတွင် ဆေးကုသနေရကြောင်း ၎င်းကဆိုသည်။ လုပ်ခ တနေ့ ၁၆၀ကျပ်မှ ၁၆၀၀ ကျပ်တိုးမြှင့်ပေးရန် မြောင်းတကာ သံရည်ကြိုစက်ရုံမှ အလုပ်သမား၅ ရာနီးပါးကယခင်သီတင်းပတ်မှစတင် ဆန္ဒပြနေရာမှ ၎င်းတို့အနက်မှ ၂၅ ဦးက လွန်ခဲ့သည့် လေးရက်ကစပြီး စတင် အစာအငတ်ခံ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြရာတွင် "တောင်းဆိုချက်များ မရမချင်း အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်မည်"ဟုဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြလျှက်ရှိကြသည်။ အစာငတ်ခံဆန္ဒပြသူများမှာ အစာလုံးဝမစားဘဲ ရေတမျိုးတည်းသာသောက်၍ စက်ရုံရှေ့တွင် နေ့ရောညပါ ဆန္ဒပြလျက်ရှိပြီး သာမာန်ဆန္ဒပြသူများမှာ ၄၅၀ ခန့်ရှိသည်ဟုဆိုသည်။ ဆန္ဒပြတောင်းဆိုရာတွင် အလုပ်သမား ၆၀ ဦးအတွက်သာ နေ့တွက်ကြေးတိုးပေးရန်တောင်းဆို ဆန္ဒပြကြခြင်းဖြစ်ပြီး ကျန်သူများမှာဝိုင်းဝန်း ဆန္ဒပြပေးခြင်းဖြစ်သည်။ ဆန္ဒပြမှုကိုညှိနှိုင်းပေးရန် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်များနှင့် အလုပ်သမားခေါင်းဆောင်များ ညှိုနှိုင်းဆွေးနွေးလျက်ရှိပြီး ယနေ့ မွန်းလွဲပိုင်းထိ အဖြေမထွက်သေးဟုဆိုသည်။ လေးရက်ခန့်အစာငတ်ခံဆန္ဒပြခဲ့သူတဦးဖြစ်သည့် ကိုအောင်ကျော်က "ဗိုက်ဆာလည်း ကြိတ်မှိတ်ပြီး ကိုယ့်အလုပ်သမားတွေ အတွက်ဆန္ဒဆက်ပြမှာပဲ။ ဒီမှာပဲတောက်လျှောက်ပြနေတာ၊ အိမ်လည်းမပြန်ဘူး ရေလည်းမချိုးရဘူး" ဟုဆိုသည်။ ရန်ကုန်ကရောင်း သံမဏိစက်ရုံကို တရုတ်(ထိုင်ဝမ်)နိုင်ငံသား ဦးရှောက်စမ်းက ပိုင်ဆိုင်ခြင်းဖြစ်ပြီး စက်ရုံမှူးမှာ ရဲမှူးဟောင်း ဦးမြင့်ဆွေဖြစ်သည် ဟုသိရှိရသည်။ ယခုလအတွင်း လုပ်ခတိုးမြှင့်ရေးနှင့်ပတ်သတ်၍ အလုပ်သမားများ ဆန္ဒပြမှုများ တိုးပွားလာလျှက်ရှိရာ ယခင်သီတင်းပတ်တွင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်အတွင်းစက်ရုံပေါင်း ၁၀ ရုံကျော်ကျော် ဆန္ဒပြခဲ့ကြပြီး စက်ရုံ ၈ ရုံဝန်းကျင်ခန့်မှာ ညှိုနှိုင်းဆွေးနွေးမှုပြေလည်ခဲ့ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူ ဦးနန္ဒာစစ်အောင်က ပြောသည်။ ။ Yangon Press International | ||
| ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် IDP ၃၆ ဦးအား မှတ်ပုံတင် စတင် ထုတ်ပေး Posted: 28 May 2012 10:52 AM PDT ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့မှ စစ်ဘေးဒဏ်ကြောင့် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် IDP ၃၆ ဦးအား ပြန်လည်လက်ခံကာ မှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်း ကျောက်ကြီးတွင်ကျင်းပရာ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၃) မှ ဖဒိုတူးတူးလေး၊ နော်ဝေ ဒုနိုင်ငံခြားရေး ၀န်ကြီး ၊ နော်ဝေသံအမတ်ကြီး နှင့် ဒေသတပ်နယ်အာဏာပိုင်များ တက်ရောက်ကြသည်။ (သတင်းဓါတ်ပုံ သူရမျိုး YPI) Yangon Press International | ||
| လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော Posted: 28 May 2012 10:41 AM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အတိုက်အခံ ပါတီကြီးတစ်ခု ဖြစ်တဲ့အလျောက် လွှတ်တော်တွင်းက တိုင်းရင်းသားပါတီတွေ၊ အခြားအတိုက်အခံ ပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျာမန်လွှတ်တော် ဥက္ကဋ္ဌအဖွဲ့ တွေ့ဆုံစဉ် ။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမန်လွှတ်တော် ဥက္ကဋ္ဌအဖွဲ့နဲ့ ဒီကနေ့မနက် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားတာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က အခုလို ပြောပါတယ်။ " ဒေါ်အောင်ဆန်းစုကြည်က - ကျွန်မတို့ကတဲ့ မှန်ပါတယ်။ ရာခိုင်နှုန်းအနေနဲတော့ နည်းနည်းလေးပဲ၊ ဒါပေမဲ့ ကျွန်မတို့က အဓိက အတိုက်အခံပါတီဖြစ်သွားပြီ။ အတိုက်အခံပါတီတစ်ခု အနေနဲ့က အကြီးဆုံးပဲ။ အဲတော့ ၂၀၁၀ ခုနှစ်က ဘာကြောင့် မဝင်ခဲ့သလဲဆိုတဲ့ အကြောင်းပြောတယ်။ အဲဒီတုန်းက ဝင်ခဲ့တဲ့ပါတီတွေရှိတယ်။ အဲဒီထဲက တိုင်းရင်းသားပါတီတွေနဲ့ အင်မတန်ကောင်းတဲ့ ဆက်ဆံရေး ရှိနေတယ်။ တချို့သော တိုင်းရင်းသားပါတီများက ၁၉၉၀ ခုနှစ်ကစပြီးတော့ အခုထက်ထိ NLD နဲ့ဆိုလို့ရှိရင် အင်မတန်ကောင်းတဲ့ ဆက်ဆံရေးရှိတယ်။ NLD အဖိနှိပ်ခံရနေရ ကတည်းက သူတို့က ထောက်ခံခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် သူတို့နဲ့ မခွဲမခွာ ခုထက်ထိ ရှိနေတယ်ဆိုတဲ့ အကြောင်း၊ သူတိုနဲ့လည်း လုပ်ဆောင်သွားမယ်။ အခု လွှတ်တော်ထဲမှာ ရှိနေပြီးသား၊ ရောက်နေပြီးသား တိုင်းရင်းသား ပါတီများနဲ့လည်း ပူးပေါင်းပြီး လုပ်ဆောင်သွားမယ် ဒါကို ပြောသွားတာပါ" ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို ရွှေဂုံတိုင်လမ်း အဖွဲ့ချုပ်ရုံးမှာ လာရောက် တွေ့ဆုံခဲ့ပါတယ်။NLD ပါတီက လွှတ်တော်အတွင်း ဆောင်ရွက်မယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ လဆန်းပိုင်းကပဲ ဒေါက်တာအေးမောင်၊ ဦးစိုင်းအိုက်ပေါင်းစတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD အမတ်တွေ ဖြစ်ကြတဲ့ ဦးမင်းဦး၊ ဒေါက်တာ လှမြတ်သွေးတို့ ပါဝင်တဲ့ လွှတ်တော်အမတ် တချို့ဟာ မေလ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ဂျာမဏီနိုင်ငံက လွှတ်တော်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ RFA-Burmese |
| You are subscribed to email updates from သစ်ထူးလွင် Myanmar News Now To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |














