ဒီမိုဝေယံ |
| Posted: 18 May 2012 07:36 AM PDT အသက်(၅)နှစ်အရွယ် မိန်းကလေးအား မုဒိန်းမှု ကျူးလွန်ခဲ့သော ဦးခွေး(ခ)ဦးမြဒင်ကို မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီး ဒေါ်နွယ်နွယ်ရီမှ ငွေရယူပြီး အမှုမှ တရားသေလွတ်ပေးခဲ့။ ချောင်းဆုံမြို့နယ်၊ ရပ်ကွက်(၁)၊ညောင်လမ်းကျေးရွာနေ အသက်(၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်မှာ (၂၇.၅.၂၀၁၁)ရက်နေ့၊ ညနေ(၂)နာရီခွဲလောက်တွင် ရွာထဲတွင် သွားကစားနေစဉ် မိခင်ဖြစ်သူမှ ကျူရှင်သွားပို့ရန် အတွက် (၂)နာရီကတည်း ကရွာထဲတွင် လိုက်ရှာခဲ့ သည်။ ဘယ်နေရာမှ မတွေ့ပေ။ (၂)နာရီခွဲ လောက်အချိန်တွင် ကလေးမှာ ငိုယိုပြီးအိမ်သို့ပြန်လာခဲ့သည်။ ကလေးမိခင်က လျှောက်ကစား နေသည်မှတ်ပြီး ရိုက်ဖို့ချိန်ရာ ကလေးရဲ့ ပေါင်ကြားမှ သွေးများ စီးကျနေသည်ကို တွေ့ရသည်။ ထို့ကြောင့်ကလေးဖခင်က ကလေး ဘာဖြစ်တာလဲ မသိဘူး။ ဆိုပြီး ကလေးဘောင်းဘီကို ချွတ်ကြည့်ရာ ကလေးရဲ့တန်ဆာကွဲနေတာကို တွေ့ရသည်။ ကလေးမှ ဝမ်းသွားချင်တယ်။ ဆီးသွား ချင်တယ်ဆို၍ အိမ်သာတည်တော့ မတက်ဘူး။ ကလေးကို ဘယ်သူ၊ ဘာလုပ်လဲ ဟုမေးရာ နွားအဘိုးကြီး၊ နိုင်ခွေး သမီးကို မချလူးနှင့် ထိုးတယ် ဟုပြောသည်။ အိမ်အပေါ်ထပ်မှ ဖိုးလေးကို ကလေးမိခင်က ဘယ်လိုလုပ်ရမှာလဲဟု မေးရာ ဖိုးလေးကသွား၊ ရဲစခန်း သွားတိုင် ဟုပြောဆို၍ ရွာလွတ်ရဲစခန်းသို့ သွားရာ ကုလားဆိုသူ ရဲသားလေး တစ်ဦးသာ ရှိတယ်။ ကျန်တဲ့သူ တစ်ယောက်မှ မရှိပေ။ ရဲတပ်သားအား အကျိုးအကြောင်းပြောပြရာ တပ်ကြပ်ကြီး သန်းဦးဆီ ဖုန်းဆက်ပေးခဲ့သည်။ ထိုအချိန်တွင်လည်း ကလေးငယ်မှ အခင်းကြီး အခင်းငယ် သွားချင်တယ် ဟုဆိုသဖြင့် အိမ်သာသို့ တင်ပေးခဲ့ပြန်သည်။ ကလေးမှ စပ်တယ်ဟုပြောရာ ကလေးမိခင်မှ ဆေးရုံသွားလျှင် ကောင်းမည်ဟုစဉ်းစားမိကာ ရွာလွတ် ဆေးရုံသို့သွားခဲ့သည်။ အတွင်းရေးမှုး ဦးအေးလွင်မှလိုက်ပို့ပေးခဲ့ပြီး သွားခဲ့ရာ ဆရာဝန်မကြီးက မြို့သွားနေ၍ ထမိန်နီဝတ် ဆရာမတစ်ယောက်မှ အနာကိုကိုင်ပြီး သွေးတိတ်အောင် ဂွမ်းတွေနှင့် လုပ်ပေးခဲ့သည်။ ရွာလွတ်ဥက္ကဌ ဦးကျော်ဟို၊ ညောင်လမ်းဥက္ကဌ ဦးဘတုံး၊ တပ်ကြပ်ကြီးသန်းဦးတို့ ရောက်လာပြီး ကလေးကို ဝိုင်းမေးရာ ကလေးက ယခင်မိခင်ကို ပြောတဲ့စကားများအတိုင်း ပြန်ပြောသည်။ ကလေးလက်ထဲတွင် ပိုက်ဆံ (၅၀) လည်း ပါတယ်။ မုန့်ဝယ်စား၊ နင်တို့အမေကိုပြန်မပြောနဲ့။ ပြောရင် လည်ပင်းညှစ် သတ်မယ်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ပြောပြသည်။ ဆရာဝန်မကြီးမှ လေးနာရီခွဲ၊ ငါးနာရီ ဝန်းကျင်လောက်တွင် ရောက်လာပြီး ကလေး တန်ဆာအား ပြန်ကြည့်သည်။ ဂွမ်းတွေ အသစ်ပြန်လဲပေးသည်။ ဆေးစာအုပ် ရေးပေးပြီး ချောင်းဆုံရဲစခန်းကို လွှတ်လိုက်သည်။ ချောင်းဆုံရဲစခန်းကို အရင်သွားပြီး ရဲမှုးမှကလေးကို စစ်မေးသည်။ ကလေးမှမွန်ဖြစ်သောကြောင့် မွန်စကားပြန် (ရဲမိန်းမ)တစ်ယောက်ကိုခေါ် ပြီး စကားပြန်လုပ်ခိုင်းရသည်။ ရဲမှုးမှ သမီးကို ဘယ်သူလုပ်လဲဟု မေးရာ ဦးခွေး၊ ဦးခွေးကိုပြရင်သိလား ဆိုတော့သိတယ် ဟုဆိုသဖြင့် နာမည်တူ တခြားလူတွေကို ခေါ်ပြရာကလေးက မဟုတ်ဘူးဟု ပြောသည်။ ဦးခွေးကိုခေါ်ပြပြီး သမီးသူ့ကို သိလားဟုမေးရာ ကလေးက အဲ့ဒါဦးခွေးဘဲဟုပြောပြီး တရားခံအား တွေ့သည်နှင့် ကလေးမှာ ငိုယိုသည်။ သူမမျက်နှာကို မိခင် ရင်ဘတ်ထဲအုပ်ပြီး ငိုသည်။ ကလေးမိသားစုကို ချောင်းဆုံဆေးရုံသို့ ပြန်သွားခိုင်းခဲ့သည်။ ဆေးရုံရောက်သောအခါ ကလေးတန်ဆာကို ကြည့်သည်။ ပြီးလျှင် ဂွမ်းပြန်လဲပေးသည်။ စာရွက်တစ်ရွက်ပေးလိုက်သည်။ ညတွင်းချင်းရွာကိုပြန်လာပြီး မော်လမြိုင်ကို ညတွင်းချင်း ပြန်တက်သည်။ ထိုအချိန်တွင်ည(၁၁)နာရီလောက်ရှိနေပြီ။ နာစ်မများက ကလေးကိုရော၊ မိခင်ကိုပါမေးပြီး ကလေးရဲ့တန်ဆာကို ဂွမ်းပြန်လဲပေးပြန်သည်။ ပြီးလျှင်ဆေးသွင်းပြီး ချိတ်ပေးသည်။ ကလေးမှာ အခင်းဖြစ်တဲ့ တစ်နေ့လုံး တစ်နေရာကနေ တစ်နေရာကို လူကြီးများနှင့်အတူ လိုက်သွားနေရပြီး ခဏခဏလည်း အစစ်ဆေး၊ အမေးမြန်းခံနေရ၊ အနာကိုလည်း ဆေးထည့်ထည့်ခံနေရ၊ ဂွမ်းလဲ ခဏခဏ လဲနေရသောကြောင့် နောက်ဆုံးမှာ ကုတင်ပေါ်တွင် မျော့မျော့သာရှိ တော့သည်။ ဆေးရုံမှာ တစ်ညအိပ်လိုက်ရသည်။ မနက်မိုးလင်းတော့ ဆရာဝန်မကြီးမှ ကလေးရဲ့ အနာကိုချုပ်ပေးသည်။ ဆရာမမှ ဆေးဝယ်ခိုင်း၍ ဆေးဝယ် ထည့်ပေးရသည်။ ပြီးလျှင် လှုမှုရေးအဖွဲ့ အစည်းများသို့ သို့တိုင်ကြားခဲ့သည်။ လှုမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခဲ့သည်။ ကလေးရဲ့ ရုံးချိန်းစားရိတ်နှင့် ဆေးဝယ်စရိတ်များကိုလည်း ပံ့ပိုးပေးခဲ့သည်။ အမှုကို မော်လမြိုင်ခရိုင် တရားရုံးမှစစ်သည်။ ကလေးမိခင်နှင့်ဖခင်မှာ ရုံးချိန်းများကိုလည်း မပျက်မကွက် သွားရောက်ခဲ့ကြသည်။ သက်သေများကိုလည်း တရားရုံးမှ ခေါ်ခိုင်းသည့်အတိုင်း အတိအကျ လိုက်နာခဲ့သည်။ အမှုကို (၁၁.၄.၂၀၁၂) ရက်နေ့က အမိန့်ချမှတ်ခဲ့ရာ တရားခံမှာ အမှုမှ ကွင်းလုံးကျွတ်လွတ်သွားခဲ့သည်။ ထို့ကြောင့် အမှုမှန် ပေါ်ပေါက်ရန်နှင့် ကျူးလွန်ခံရသော ကလေးဘက်မှ အမှန်တရားအတိုင်း ဖြစ်ပေါ်စေရန် အတွက် ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် လေးစားစွာဖြင့် အကူအညီ တောင်းခံ အပ်ပါသည်။ ခိုင်လုံသော သတင်းရပ်ကွက်အရ တရားခံဘက်မှ တရားသူကြီးအား ငွေသိန်း(၄၀) ပေးသောကြောင့် အမှုမှ ကွင်းလုံးကျွတ် လွတ်ပေးခဲ့သည်ဟု သိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးသည် တရားခံ၏ သမီးနှင့် ချဲဒိုင် လောင်းကစားလုပ်ငန်းကို အတူတကွ လုပ်ဆောင်နေသောကြောင့် တရားခံဘက်မှ လိုက်ပါပြီး အမှုမှန် မပေါ်အောင် သက်သေအတုများကို လုပ်ကြံ ဖန်တီးပေးခဲ့ပါသည်။ အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် လေးစားစွာဖြင့် အကူအညီ တောင်းခံအပ်ပါသည်။ |
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
