Fwd: [mrsorcerer:24470] Re: မြန်မာမွတ်ဆလင်များသို့

ဒါကတော့ နေ့လယ်က မိတ်ဆွေတစ်ယောက်က private မေးလာလို့ ပြန်ဖြေပေးထားတာပါ... ကိုမာဃမေးတဲ့ နိုင်ငံခြားသားတစ်ယောက် မြန်မာပြည်ရောက်လာတဲ့အပေါ် ကျနော့ရဲ့ မူဝါဒလည်းပါလို့ ပြန်ရှဲလ်လိုက်တာပါ...

ရိုဟင်ဂျာအရေးကို အစိုးရက သေချာကိုင်တွယ်ပေးပေး မပေးပေးလုပ်နိုင်မယ်လို့ထင်နေသူများ ဆက်လုပ်ကြပါ... တစ်ခုပဲ ပြောတာပါ... ရိုဟင်ဂျာနဲ့ ရခိုင်နဲ့ ဒါးခြင်းယှဉ်ခုတ်နေလို့တောင် ဒီကိစ္စကပြီးပြတ်ခဲ့တာမဟုတ်တော့ အစိုးရမှ ဝင်ပြီးသေသေချာချာညှိနှိုင်းကိုင်တွယ်မဖြေရှင်းပဲ ဒီကိစ္စကို ကိုယ့်ဟာကိုယ်လုပ်နိုင်မယ်ထင်သူများ လုပ်ကြပါ... မတားပါဘူး... ရိုဟင်ဂျာအကြောင်းပြောရင်သာ ဘာသာရေးမပါဖို့လိုရင်းပါ... ဥပမာပြောရရင် ကိုယ်တိုင်နားမလည်ပဲ မုစ်လင်မ်မှာ မိန်းမရဲ့ညီမကိုယူလို့ရသလိုတွေမရေးပါနဲ့ဗျာ... ယူလို့မပိုင်တဲ့ကိစ္စပါ... အဲ့ဒါဇေနာပါ... အစ္စလာမ်ဘာသာဝင်တွေအတွက် အမြင့်ဆုံးအပြစ်တွေထဲက တစ်ခုဖြစ်ကြောင်းပါ... 

---------- Forwarded message ----------
From: Thantsin Phyoe <thantsinphyo@gmail.com>
Date: 2012/5/11
Subject: Re: [mrsorcerer:24434] Re: မြန်မာမွတ်ဆလင်များသို့
To: 


ဦးနေဝင်းလက်ထက်မှာ တိုင်းရင်းသားလူမျိုး ၁၄၄မျိုးမှ ၈မျိုးကို ၁၉၈၂ခုနှစ်မှာ ဥပဒေထုတ်ပြီး ဖြုတ်ချခဲ့တာဖြစ်ကာ အဲ့ဒီဖြုတ်ချခဲ့တဲ့ တိုင်းရင်းသား၈မျိုးတွင် ရိုဟင်ဂျာပါဝင်ခဲ့ခြင်းဖြစ်ပါသည်... 

မဟုတ်ဘူးဟုယူဆပါက ၁၉၈၂မတိုင်ခင် 

၁၉၇၂ခုနှစ်(မဆလခေတ်) တွင်ထုတ်ဝေခဲ့သော ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၏ ပုံစံရေးသွင်းရန်ညွှန်ကြားချက် စာမျက်နှာ ၄၃ရှိ ပူးတွဲလူမျိုးများစာရင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုင်းရင်းသား ၁၄၄မျိုးဆိုတဲ့အထဲမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ပါ မပါတိုက်ဆိုင်စစ်ဆေးပါခင်ဗျာ...

၁၉၇၆ခုနှစ်(မဆလခေတ်) က ရခိုင်ပြည်နယ်တွင်ထုတ်ဝေခဲ့သော တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများစာအုပ်မှာလည်း ရခိုင်ပြည်နယ်တွင်းနေ တိုင်းရင်းသားလူမျိုးများကို ရှာဖတ်ကြည့်စေချင်ပါတယ်...

၁၉၇၈ခုနှစ်(မဆလခေတ်) ကပဲ နိုင်ငံကျောင်းသုံး အထက်တန်းကျောင်းသုံး ပထဝီဝင်စာအုပ်မှာလည်း ရခိုင်ပြည်နယ်တွင်းနေ တိုင်းရင်းသားလူမျိုးများစာရင်းကို ရှာဖွေဖတ်ရှူ့စေလိုပါတယ်... စာမျက်နှာ ၈၆မှာလို့ပြောပါတယ်...

ကဲ... ဒီလောက်ဆိုရင် နေဝင်းတစ်ယောက် မဆလခေတ်မှာ ဘယ်လိုရှုံ့ချည်နှပ်ချည်လုပ်ပြီး တိုင်းရင်းသားစာရင်းကို စိတ်တိုင်းကျပြင်ဆင်တယ်ဆိုတာ သိလောက်မယ်ထင်ပါတယ်...

နယ်စပ်မှာအခုဘယ်လိုကိုင်တွယ်နေတယ်ဆိုတာ ဘယ်သူမှ တိတိကျကျမသိရဘူးလို့ပြောရင်ရပါတယ်... ဒီမှာ ဘင်္ဂါလီ/ရိုဟင်ဂျာအကြောင်းပြောတဲ့လူတွေထဲမှာ အခုဘယ်လိုကိုင်တွယ်နေတယ်ဆိုတာသိတဲ့လူပါရင် ပြောပြပေးစေလိုပါတယ်... 

ကျနော်ကတော့ အမြင်ရှင်းပါတယ်... ကိုယ့်တိုင်းရင်းသား ကိုယ့်နိုင်ငံထားမဟုတ်ရင်တော့ ကိုယ့်မြေကိုလာမယ်ဆိုရင် နိုင်ငံခြားသားတစ်ယောက်မြန်မာပြည်မှာ နေထိုင်ခွင့်အတွက် လိုအပ်တဲ့အခွန်အတုတ်များဆောင်ပြီးမှ နေလို့ရပါလိမ့်မယ်... ဒါတောင်မှ တိုင်းရင်းသားမပြောနဲ့ နိုင်ငံသားဖြစ်ခွင့်မရှိဘူးဆိုတဲ့ ဥပဒေအတိုင်းလက်ခံလိုက်နာပါတယ်ဗျို့... 

2012/5/11 


ကိုသန့် စင်ဖြိုးအနေနဲ့ ရိုဟင်ဂျာကိုတိုင်းရင်းသားစာရင်းကထုတ်တယ်ဆိုတာကိုဘယ်လိုသက်သေပြနိုင်ပါသလဲ ?
နယ်စပ်မှာအဲဒီရိုဟင်ဂျာတွေကိုဘယ်လိုကိုင်တွယ်နေရတယ်ဆိုတာကိုရော သိရှိပါသလား ?
ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ မြန်မာနိုင်ငံအတွင်းကိုဝင်ရောက်ဖို့ ကြိုးစားနေသူတွေကိုတိုင်းရင်းသားအဖြစ်အသိအမှတ်ပြုပေးဖို့ တောင်းဆိုတာဟာ
လက်တွေ့ ကျတယ်လို့ လက်ခံပါသလား? 



--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ