May 29, 2012 (Burmese Version)

 

If you don't visualize this mail correctly please click here

 
 

ပါဖောမန့်ပြသူ အနုပညာရှင်များ တရားစွဲခံရ

မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပါဖောမန့်စ် (Performance) ပြခဲ့သည့် အနုပညာရှင် ၇ ဦးအား ယနေ့ တရားစွဲကာ ၃၁ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။ Read More

 

ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားအဖွဲ့များနှင့် တွေ့မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ အလုပ် သမားများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံသွား မည်ဟု သိရသည်။ Read More

 

မျိုးကျော့မြိုင်ရဲ့ လက်ရောက်မှုနဲ့ ဆီးဂိမ်းအတွက် သီချင်းဖန်တီးသူ

သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ တထောင်တန် ပါးရိုက်မှု ငြိမ်သွားချိန်မှာ အခုတခါ အဆိုတော် မျိုးကျော့မြိုင်ရဲ့ လက်ရောက် ကျူးလွန်မှု ဆိုပြီး facebook စာမျက်နှာတွေပေါ် တက်လာပြန်ပါပြီ။ Read More

 

အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း Read More

 

IDPs များ ပြန်လည်နေရာချထားရေး နော်ဝေ ကူညီမည်

နော်ဝေ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Torgeir Larsen, ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မြန်မာအစိုးရ တာဝန်ရှိသူများသည် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် (IDPs) များ Read More

 

အိန္ဒိယက ဒေါ်လာ သန်း ၅၀၀ မြန်မာကို ချေးမည်

မြန်မာ့လယ်ယာစိုက်ပျိုးရေး၊ ရထားပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အိန္ဒိယမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးငွေကို နှုန်းထားသက်သာစွာဖြင့် ပေးအပ်ရန် Read More

 

ဟိုတယ်ဈေးနှုန်းများကြောင့် ကမ္ဘာလှည့်ခရီးသွားများ အခက်တွေ့

မြန်မာပြည်အတွင်းရှိ ဟိုတယ် ဈေးနှုန်းသတ်မှတ်မှုများ အမျိုးအစားလိုက် တပြေးညီ မရှိခြင်း၊ ဈေးနှုန်းကြီးမြင့်လွန်းခြင်း တို့ကြောင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အခက်တွေ့နေရကြောင်း ကြားသိရသည်။ Read More

 

ခေတ်သစ် ထန်းတက်သမား

နွေအညာသည် အလွန်ပူသည်။ ရန်ကုန်-မန္တလေး လမ်းသစ်ကြီးပေါ်မှ မောင်းနှင်လာသော ကားပေါ်တွင် ပူပြင်းသောလေကို ရှုရှိုက်ရင်း လမ်းဘေးဝဲယာမှ မြင်ကွင်းများဆီ စီးမြောနေသည်။ Read More

 

လေဒီ…. ဖတ်စ်

Read More

 

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် သွားမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသားများစွာ အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံ စမွတ် စခွန်ခရိုင် မဟာချိုင် မြို့သို့ မေလ ၃၀ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ တရားဝင် နေထိုင် လုပ်ကိုင် ခွင့် အလုပ်သမား လက်မှတ် ပြုလုပ်ပေးမှု အခြေအနေများကိုလည်း လေ� ��လာရန်ရှိကြောင်း၊ မြန်မာ အလုပ်သမားများနှင့် မိသားစု ၀င် များကိုလည်း တွေ့ဆုံ စကားပြောရန်ရှိကြောင်း အလုပ်သမားအရေး ကူညီနေသူ တဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် သည် မေလ ၃၀ ရက် ဘန်ကောက်မြို့၌ စတင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောရန်ရှိပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့လည်း သွားရောက် လေ့လာရန်ရှိကြောင်း သိရသည်။ Read More

 
 

မြန်မာ-အိန္ဒိယ ဆက်ဆံရေး တရုတ် ကြိုဆို

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ရင်းနှီးမှုဆက်ဆံရေး ပိုမိုတိုးမြှင့်၍ ပူးပေါင်းဆောင်ရွက်မှုများအပေါ် တရုတ်နိုင်ငံက ကြိုဆိုကြောင်း ပြော ကြားလိုက်သည်။ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ၏ တနင်္ဂနွေနေ့က စတင်သည့် ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ ခြားရေး ၀န်ကြီးဌာနက ပြောကြားခြင်� �� ဖြစ်သည်ဟု ဆင်ဟွာ သတင်း၌ ဖော်ပြထားသည်။ Read More

 
 

ဆိုက်ရာက်ဗီဇာ တမိနစ်အတွင်း ထုတ်ပေးမည်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆိုက်ရောက်ဗီဇာကို လူတဦးလျှင် အချိန် တမိနစ်အတွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ အာဆီယံ အပါအ၀င် သြစတြေးလျ၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဗြိ� �ိန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား စသည့် နိုင်ငံပေါင်း၂၇ နိုင်ငံအတွက် သက်ဆိုင်ရာ နိုင်ငံသံရုံးများနှင့် နိုင်ငံတကာလေဆိပ်၊ website များမှ တဆင့် ဆက်သွယ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အုံ၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား [...] Read More

 
 

အိန္ဒိယက ဒေါ်လာ သန်း ၅၀၀ ချေးရန် သဘောတူ

အိန္ဒိယက မြန်မာနိုင်ငံသို့ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ပေးရန် သဘောတူညီကြောင်း သိရသည်။ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အချက် ၁၂ ချက်ပါ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ၌ လက်မှတ်ထိုး သဘောတူလိုက်ခြင်း ဖြစ်သည်။ အချက် ၄၆ ချက်ပါ နှစ်နိုင်ငံ ပူးတွဲကြေညာချက်ကိုလည်း ယမန်နေ့� �က်စွဲဖြင့် ထုတ်ပြန်ကြောင်း အစိုးရ သတင်းစာ များ၌ ယနေ့ ဖော်ပြထားသည်။ မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အဖြစ် တနင်္ဂနွေနေ့က စတင်ရောက်ရှိလာခြင်း ဖြစ်ပြီး အိန္ဒိယ ၀န်ကြီးချုပ် တဦးအနေဖြင့် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။ Read More

 
 

အစာငတ်ခံဆန္ဒပြ အလုပ်သမားအရေး ဆွေးနွေး

အလုပ်သမားများ အစာငတ်ခံဆန္ဒပြသည့် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန် Crown သမဏိစက်ရုံ တွင် အလုပ်သမားများ၏ တောင်းဆိုမှုများ ပြေလည်မှုရရေး အတွက် အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ် ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ တွေ� ��ဆုံ ဆွေးနွေးကြသည်။ ထိုစက်ရုံ တွင် အလုပ်သမား ၂၀ ကျော်က အခြေခံလစာ တရက်လျှင် ၁၆၀ ကျပ်ရရှိနေမှုကို ကျပ် ၁၆၀၀ အထိ တိုးမြှင့်ပေးရန် ယခုလ ၂၅ ရက်နေ့က စတင် အစာငတ်ခံဆန္ဒပြခဲ့ရာ ယမန်နေ့က အဟာရဓာတ်ချို့တဲ့သူ ၇ ဦးရှိသွားပြီး ၁ ဦးကို ဆေးရုံတင်ထားရကာ ၆ ဦးကို ကျန်းမာရေး [...] Read More

 
 

မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးမည်

မြန်မာနှင့် ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ ရန်ကုန်မြို့ရှိ အင်းလျားလိတ် ဟိုတယ်တွင် ယနေ့ မွန်းလွဲပိုင်း၌ တွေ့ဆုံဆွေးနွေး ကြ မည် ဖြစ်ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲကို ထိုင်းနိုင်ငံ Office of the Board of Investment (BOI)မှ Senior Executive Investment Advisor, Mrs. Hirunya Suchinal က ဦးဆောင်၍ စီးပွားရေး လုပ်ငန်း ကုမ္ပဏီ ၅၀ မှ အဖွဲ့ဝင် ၇၆ ဦးပါဝင်သော ကိုယ်စား လှယ်အဖွဲ့နှင့် ပြည် ထောင်စု သမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် UMFCCI တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ယမန်နေ့က အစိုးရသတင်းစာ၌ [...] Read More

 
 

အိန္ဒိယ ၀န်ကြီးချုပ် မြန်မာနိုင်ငံရောက်

အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ဇနီး ရှရီမာတီ ဂူရှာရန်ခါသည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ်အဖြစ် ယမန်နေ့က ရောက် ရှိလာပြီး ယနေ့တွင် သမ္မတ ဦးသိနိးစိန်နှင့် တွေ့ဆုံ ဆွေးနွေးရန်ရှိကြောင်း သိရသည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်ရေးရာ၊ ကုန်သွယ်ကူးသန်းရေးနှင့် စီးပွားရေး ကဏ္ဍများအပြင် စွမ်းအင် ကဏ္ဍကို အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းများက ဖော်ပြ သည်။ မန်မိုဟန်ဆင်းသည် မနက်ဖြန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။ အိန္ဒိယ ၀န်ကြီးချုပ် တဦးအနေနှင့် နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။ Read More

 
 

Hello, this newsletter contains information about my site for any query please send an email to news@irrawaddy.org.

 

If you no longer wish to receive this newsletter please click Here and automatically unsubscribe.