[mrsorcerer:24374] Fwd: “ ကိုယ့်အိမ်မှာကိုနေတာ အိမ်ကျော်နင်းမှုဖြစ်ရတယ်လို့ ”



---------- Forwarded message ----------
From: may linn <battry07@gmail.com>
Date: 2012/5/9
Subject: " ကိုယ့်အိမ်မှာကိုနေတာ အိမ်ကျော်နင်းမှုဖြစ်ရတယ်လို့ "
To: Lu Bo <lubo601@gmail.com>


" ကိုယ့်အိမ်မှာကိုနေတာ အိမ်ကျော်နင်းမှုဖြစ်ရတယ်လို့ "


မွန်ပြည်နယ်၊ ဇင်းကျိုက်ကျေးရွာ ရန်ကုန် မော်လမြိုင်လမ်းမဘေးရှိ
ကိုယ့်အိမ်မှာ ကိုနေတဲ့အိမ်ရှင်ဖြစ်သူ ဒေါ်သန္တာစိုးနှင့် ခင်ပွန်သည်အား
မွန်ပြည်နယ် ပေါင်မြို့ ရဲစခန်းမှ စခန်းမှူး၊ ဒုရဲအုပ်ချစ်ဆွေနှင့်
အမှုပွဲစား ကြည်အေးတို့မှ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၃ ဖြင့်
အမှုဖွင့်ပြီး (၉ ၊ ၃၊ ၂၀၁၂)ရက်နေ့တွင် မတရားဖမ်းဆီး တရားစွဲဆိုခဲ့ပါသည်။
အချုပ်ထဲနေရစဉ်ကာလအတွင်းမှာလည်း ပေါင်ရဲစခန်းမှူးမှ
ငွေအမျိုးမျိုးညှစ်ပြီး စခန်းရှိရဲတွေက အချုပ်သားတစ်ယောက် ရုံးထုတ်လျှင်
၂၀၀၀ ကျပ်၊ ထမင်းပို့ ဧည့်
တွေ့(၃၀၀၀)ကျပ် အချုပ်သားများထံမှ တောင်းခံနေသည်မှာ
ဓါးပြတိုက်သလိုဖြစ်နေပါသည်၊ ကျမတို့၏ အမှုဖြစ်စဉ်
အမှန်ကိုသိရှိနေသော ပေါင်မြို့နယ်တရားသူကြီးမှ ကျမအား
ရုံးအာမခံပေးခဲ့သည့်အတွက် ပေါင်ရဲစခန်အချုပ်ထဲတွင်
အရက်(၂၀)ခန့်နေခဲ့ရပြီး ကျမ၏ခင်ပွန်းဖြစ်သူမှာ ယခုအချိန်ထိ့ အချုပ်ထဲတွင်
မတရားဖမ်းဆီးထားခံ နေရပါသည်။
ကျမကိုရုံးအာမခံပေးလိုက်တာနဲ့ပတ်သက်၍ ပေါင်မြို့ ရဲစခန်းမှ စခန်းမှူး၊
ဒုရဲအုပ်ချစ်ဆွေနှင့် အမှုပွဲစား ကြည်အေးတို့မှ
ပေါင်မြို့နယ်တရားသူကြီးအား အမှုကိုဘက်လိုက်တယ်ဆိုပြီး စွတ်စွဲချက်ဖြင့်
သထုံတရားရုံးတွင် ရုံးပြောင်းလျှောက်ခဲ့ပါ
တယ်။ ဖြစ်စဉ်အမှန်ကိုသိရှိနေသော တရားသူကြီးဖြစ်သည့်အတွက်
သူတို့လုပ်ချင်ရာလုပ်လို့မရတော့ဘူးဆိုတာကို
သိရှိနေသည့်အတွက် ယခုလိုလိမ်လည်ပြီး
ရုံးပြောင်းလျှောက်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါ သထုံ မြို့နယ်တရားရုံးတွင်
ကျမတို့လင်မယား အမှုရင်ဆိုင်နေရပါသည်။
သူတို့လုပ်ကြံဖန်တီးစွဲဆိုခဲ့သောအမှုကြောင့် ခင်ပွန်းဖြစ်သူမှာ
အချုပ်ထဲတွင်နေရပြီး၊ သမီးဖြစ်သူ(၂)ဦးမှာလည်း
မိဘများအမှုရင်ဆိုင်ဖြေရှင်ရန် ငွေကြေးလိုအပ်သည့်အတွက် သူများအိမ်တွင်
အိမ်ဖော်အလုပ်လုပ်နေရပါတယ်၊ မိဘပိုင် ကျမတို့၏ အိမ်ခြံမြေမှာလည်း မသမာသူ
ပေါင်ရဲစခန်းမှူး၊
ဒုရဲအုပ်ချစ်ဆွေနှင့် ရဲပြုတ်ကြည်အေးတို့၏ လက်ထဲ ကျရောက်ရတော့မည့်
ကိန်းဆိုက်ရောက်နေပါသည်။

ကိုယ့်အိမ်မှာကိုနေတာ အိမ်ကျော်နင်းမှုဖြစ်ရတယ်လို့ "
ကြားလို့မှကောင်းကြသေးလားရှင် " မွန်ပြည်နယ် ပေါင်မြို့ ရဲစခန်းမှ
စခန်းမှူး၊ ဒုရဲအုပ်ချစ်ဆွေနှင့် အမှုပွဲစား ကြည်အေးတို့၏ ဥပဒေမဲ့
လုပ်ဆောင်ချက်များကို နိုင်ငံတော်သမ္မတကြီးနှင့်တကွလွှတ်တော်အမတ်ကြီးများ
မကြားဘူးသေးလျှင်လည်း ယခုကြားဖူးသွားပြီးလို့မှတ်ပေးပါ။
ကြားဖူးသွားလျှင်းလည်း ထိ့ရောက်စွာအရေးယူပေးပါလို
တင်ပြလိုက်ပါတယ်။


မွန်ပြည်နယ်၊ ဇင်းကျိုက်ကျေးရွာမှ တရားစွဲဆိုခံရသူ ဒေါ်သန္တာစိုး

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ