---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/11
Subject: [လူဗိုလ်ဟူသည် ...] သုဘာသိတာစ ယာ ဝါစာ အကျိုးရှိသော စကားကို ပြောဆိုခြင်း မင်္ဂလာ
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/12/2012 03:02:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/5/11
Subject: [လူဗိုလ်ဟူသည် ...] သုဘာသိတာစ ယာ ဝါစာ အကျိုးရှိသော စကားကို ပြောဆိုခြင်း မင်္ဂလာ
To: lubo601@gmail.com
သုဘာသိတာဝါစာ - ကောင်းသောစကားပြောဆိုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ ကောင်းသေားစကားဆိုသည်မှာ အတိုဆုံးပြောရလျှင် အပြစ်ကင်း၍ အကျိုးရှိသော စကားပင်ဖြစ်သည်။
စကားကောင်းအင်္ဂါ လေးပါး သဂါထာဝဂ္ဂ ဝင်္ဂီသ သံယုတ်၊ သုဘာသိတသုတ် ၌ စကားကောင်းအရာ လေးပါးကို ရှင်တော်မြတ်ဘုရားဟောမိန့်ကြားတော်မူသည်မှာ-
၁။ မိမိသူတပါး နှစ်ဦးသား၏ အကျိုးကိုဆောင်သောစကား၊
၂။ တရားစကား၊
၃။ ချစ်နှစ်သက်ဖွယ်သောစကား၊
၎။ မှန်သောစကား
စကားကောင်းအင်္ဂါ ၅ ပါး အဂုင်္တ္ထိုရ်၊ ပဉ္စက၊ ဗြာဟ္မဏဝဂ်၊ ဝါစာသုတ် ၌မူ စကားကောင်းအရာ အင်္ဂါငါးပါးကို မြတ်စွာဘုရားမိန့်ကြားတော်မူသည်။ ယင်းတို့မှာ-
၁။ ပြောသင့်သောအချိန်၌ ပြောဆိုသော စကား၊
၂။ မှန်သောစကား၊
၃။ နူးညံ့ သိမ်မွေ့သောစကား၊
၎။ အကျိုးစီးပွားနှင့် စပ်သောစကား၊
၅။ မေတ္တာစိတ်ဖြင့် ပြောသောစကား၊
ဂီတတွင်ပါဝင်သော စကား အထက်ဖော်ပြပါ သုဘာသိတသုတ် အဖွင့်၌ လူရိုင်းတို့၏ ဘာသာစကား၊ အစေခံ အမှုလုပ် တို့ပြောဆိုသောစကား၊ တေးဂီတတွင် ပါဝင်သော စကားပင်ဖြစ်စေကာမူ အဆိုပါ အင်္ဂါ လေးပါးနှင့်ပြည့်စုံလျှင် သုဘာသိတဝါစာ စကားကောင်းပင်ဖြစ်၍ အကျိုးစီးပွားကို ဆောင်နိုင်ကြောင်း ဖွင့်ပြပြီးလျှင် အောက်ပါဖြစ်ရပ်များကို ထုတ်ပြထား၏။
ရဟန်းတော် ခြောက်ကျိပ် သီဟိုဠ်ကျွန်း ( သီရိလင်္ကာ ) ၌ ဝိပဿနာတရားအားထုတ်နေကြသော ရဟန်းတော် ခြောက်ကျိပ်သည် ရှုမှတ်မှုကို မလွတ်စေဘဲ ခရီးသွားကြရာ လမ်းဘေးရှိ လယ်ကွင်းထဲ၌ လယ်စောင့်ရင်း သီချင်းဆိုနေသော လယ်သူမလေး၏
"အရုဏ်ချိန်မှာ ပွင့်သည့်ကြာ၊
နေရောင်ပြင်းတော့ ကြွေကျရှာ။
လူ့ဘုံဘဝ ရောက်လို့လာ၊
အိုနာသေဘေး နှိပ်စက်ရှာ။"
ဟူသော လယ်စောင့်တေးသံကို ကြားရသဖြင့် ဓမ္မသံဝေဂ တိုးတက် ဖြစ်ပေါ်လာပြီးလျှင် ကြိုးစား ရှုမှတ်ကြသော ကြောင့် ခရီးသွားရင်းပင် အရဟတ္တဖိုလ် သို့ ရောက်ကြ၏ ။
သားခုနှစ်ယောက်နှင့် ဖခင်ဒါယကာ သာသနာပတချိန်တွင် ဒကာ တစ်ယောက်သည် သားခုနှစ်ယောက်နှင့်အတူ ခရီးသွားရာ မောင်းထောင်းနေသော အမျိုးသမီးတစ်ယောက်၏ မောင်းထောင်းတေးသံကို ကြားရ၍ တရားသဘောတွေးတောဆင်ခြင်မိရာမှ အသိအမြင် အမှန်ရကာ သားခုနှစ်ယောက် နှင့်အတူ ပစ္စေကဗုဒ္ဓါ ဖြစ်သွား၏ ။ ထိုအမျိုးသမီး ၏ မောင်းထောင်းတေးသံမှာ -
"ဇရာထောင်းလို့၊ ရင့်ညောင်းရုပ်ရေ၊
မရွှင်ညှိုးနွမ်း မလွမ်းတော့ပေ၊
ပိုးလောက်ခိုအောင်း၊ ညှီဟောင်းပုပ်နေ၊
တနေ့ကျ၊ မုချသေရပေ ။"
ကြမ်းတမ်းသေားစကား နွားတောင်မှ မကြိုက် မြတ်စွာဘုရားသည် သိမ်မွေ့နူးညံ့သောစကား၊ ပီယဝါစာသာ
ယာချိုမြသောစကား ကိုသာသတ္တဝါများနှစ်သက်ကြောင်း၊ ကြမ်းတမ်းသော စကားကို နွားတောင်မှမနှစ်သက်ကြောင်း ရှေးကဖြစ်ရပ်မှန်တစ်ခုကို သက်သေထား၍ မိန့်ကြား တော်မူ၏ ။ ဂန္ဓာရတိုင်း တက္ကသီလမြို့၌ ဗြာဟ္မဏတစ်ဦးတွင် ငယ်စဉ်ကစ၍ စားကောင်း သောက်ဖွယ် တွေ ကျွေးလျက် လက်သပ်မွေးထားသဖြင့် သူမတူအောင်ခွန်အားကောင်းသည့် နွားကြီးတစ်ကောင်ရှိ၏။ နန္ဒိဝိသာလ ဟု နာမည်ပေးထား၏ ။
တနေ့တွင် ဗြာဟ္မဏကြီးသည် နွားသူဋ္ဌေးတစ်ဦးနှင့် နွားကောင်းပြိုင်ရာမှရှေ့နောက် စဉ်၍ ကြိုးဖြင့်ဆက်စပ် ချည်နှောင်ထားသော လှည်းငါးရာ ကို သူ၏နွားကြီး တစ်ကောင်ထည်းဖြင့် ဆွဲနိုင်ကြောင်း ကြွားလိုက်၏ ။ သူဋ္ဌေးကြီးကမခံချင်စိတ်ဖြင့် ဗြာဟ္မဏကြီး၏ နွားကဆွဲနိုင်လျှင် သူက အသပြာတစ်ထောင်ပေးမည်ဖြစ်ကြောင်း၊ နွားက မဆွဲနိုင်လျှင် ဗြာဟ္မဏကြီးက သူဋ္ဌေကြီးကို အသပြာတစ်ထောင်ပေးရမည်ဖြစ်ကြောင်းဖြင့် အလောင်း အစားပြုလုပ်ကြ၏ ။
နောက်တစ်နေ့တွင် သံများ၊ ကျောက်များ အပြည့်တင်ထားပြီးအချင်းချင်းချည်နှောင်ထားသည့် လှည်းငါးရာ၏ ရှေ့ဆုံးလှည်း ၌ ပန်း၊ပန်းပွား၊ ခြူ စသည်တို့ဖြင့် လှလှ ပပ ဆင်ထားသော နွားကြီး နန္ဒိဝိသာလ ကို
တပ်လိုက်၏ ။ ဗြာဟ္မဏကြီး က တံဖျာကို ကိုင်ကာ လှည်းပေါ်၌အခန့်သားထိုင်ပြီးလျှင် " ဟဲ့ ...ကောက်ကျစ်တဲ့ နွားကြီး၊ သွားဟ၊ ဟဲ့..... စဉ်းလဲတဲ့နွားကြီး ဆွဲဟ " ဆိုလျက် တံဖျာကို မြှောက်ကာမြှောက်ကာ
မောင်းနှင်သော်လည်း နွားကြီးက လှုပ်ရုံမျှပင် မလှုပ် သဖြင့် လောင်းကြေးရှုံးကာ နွားသူဋ္ဌေးအား ငွေတစ်ထောင် ပေးလိုက်ရ၏ ။
ဗြာဟ္မဏကြီးသည် ငွေတစ်ထောင်ရှုံးသဖြင့် စိတ်ဓါတ်ကျကာ မှိုင်တွေချရင်းစဉ်းစားနေ၏ ။ သူ၏စကားကို အလွန်နားထောင်သော နွားကြီးသည် ဤပွဲ၌ ဘာကြောင့်လှုပ်ရုံမျှပင် မလှုပ်သနည်း၊ အကြိမ်ကြိမ် အဖန်ဖန် အပြန်ပြန် အလှန်လှန်အကြောင်းရှာကြည့်၏ ။ သူ့နွားကြီး၏ ပင်ကိုယ်ရင်း သဘောကို စောကြော
စိစစ်ကြည့်မိရာမှ တစ်ချက်ကို ကွက်ကနဲ့ ဥာဏ်သက်ဝင်မိလိုက်ရာ ဗြာဟ္မဏကြီးထခုန်မိ မတတ် ဝမ်းသာသွား၏ ။
သို့ဖြင့် နွားသူဋ္ဌေးကြီးထံသွားပြီးလျှင် အသပြာနှစ်ထောင်ကြေး လောင်းဖို့နှစ်ဦးသဘောတူလိုက်ကြ၏ ။
ပထမနေ့က အတိုင်း အားလုံးပြင်ဆင်ပြီး၍ အဆင်သင့် ဖြစ်သောအခါ ဗြာဟ္မဏကြီးကတံဖျာကိုမြှောက်လျက် " ဟေ့ ဖေ့သားကြီး၊ အင်မတန်တော်တယ်ကွ၊ ရုန်းလိုက်ကွ၊ဟေ့ ဖေ့သားကြီး အလွန်တော်သကွ၊ ဆွဲလိုက်ကွ " ဟု အားပေးရင်း မောင်းနှင်ရာနွားကြီးသည် လှည်းငါးရာ ကို တဟုန်ထိုး ဆွဲသွားပြီး လျှင် ရှေ့ဆုံးလှည်း
ရပ်ခဲ့သည့်နေရာသို့ နောက်ဆုံးလှည်းရောက်လျှင် ရပ်လိုက်၏ ဗြာဟ္မဏကြီးငွေနှစ်ထောင်ရ၍ ရွှင်ပျ မြူးထူးနေတော့၏ ။
သိမ်မွေ့နူးညံ့၍ သာယာချိုမြသော စကားကို ပြောဆိုခြင်းကြောင့် ရအပ်သောအကျိုးကျေးဇူးပေတည်း ။
ဟုတ်မှန်ကျိုးရှိ အနှစ်ပြည့်၍ ပိယဝါစာ သာယာချိုမြသော သုဘာသိတာဝါစာကားကြီးပွားချမ်းသာကြောင်း မင်္ဂလာ အစစ်အမှန် ပါပေတည်း ။

( ဧကနိပါတ်၊ နန္ဒိဝိသာလဇာတ်၊ ၂၈ )
(ချမ်းမြေ့ဆရာတော် ။ ချမ်းမြေ့မင်္ဂလာ သင်စရာ)
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/12/2012 03:02:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ