[mrsorcerer:24533] Fwd: [လူဗိုလ်ဟူသည် ...] ကမ္ဘာလှည့်သခင်ကိုယ်တော်မှိုင်းနှင့် ဗုဒ္ဓမြတ်စွယ်တော်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/12
Subject: [လူဗိုလ်ဟူသည် ...] ကမ္ဘာလှည့်သခင်ကိုယ်တော်မှိုင်းနှင့် ဗုဒ္ဓမြတ်စွယ်တော်
To: lubo601@gmail.com




 ပြီးခဲ့တဲ့ ဇန်န၀ါရီကတော့ မြန်မာပြည်အလည်ပြန်ဖြစ်ရင်း တရုတ်ကစွယ်တော်နဲ့ကြုံလို့ မြန်မာလူမျိုးတွေရဲ့ ထက်သန်တဲ့ သဒ္ဒါတရားကိုတွေ့ခဲ့ရတယ်။ အနယ်နယ်အရပ်ရပ်ကနေ ကားတွေနဲ့ကို တ၀ုန်းဝုန်းလာဖူးမြော်ကြတာ၊ လှူဒါန်းကြတာ အံ့မခန်းတွေ့ခဲ့ရတယ်။ ရန်ကုန်မှာရှိတုန်း မိခင်ကြီးများဖူးချင်မလားလို့ လိုက်ပို့မိတယ်၊ စောင့်နေတဲ့ လူတန်းရှည်ကြီးမြင်တာနဲ့တင် မဖူးတော့ဘူး ငါရွှေတိဂုံဖူးရရင်တော်ပြီ ဆိုပြီးပြောသံထွက်လာတာနဲ့ ကားတောင်ရပ်မနေပဲ လှည့်ပြန်ခဲ့ကြတယ်။ ဒီလိုနဲ့ မန္တလေးဘက်ရောက်တော့လည်း လာလိုက်တဲ့နယ်ဘက်က လူတွေဆိုတာ ကြောက်ဖို့တောင်ကောင်းပါတယ်။ 

ဖခင်ကြီးကတော့ ခုလိုလုပ်နေ၊ လှူနေတာတွေကို တော်တော်ကြည့်မရပါဘူး။ တရစပ်ပြောပါတော့တယ်။ အဲ့ဒီမှာတင် ဟိုးယခင် ၁၉၅၃ တုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်း တရုတ်၊ ဆိုဗီယက်နှင့် ဟန်ဂေရီတို့ကို လှည့်လည်ခဲ့စဉ်တုန်းက အတူပါသွားတဲ့ သခင်ချစ်မောင်ရေးသားထားတဲ့ "ကမ္ဘာလှည့် သခင်ကိုယ်တော်မှိုင်း" ဆိုတဲ့ စာအုပ်ထဲက ဆရာတပည့်နှစ်ယောက်ရဲ့ အောက်ပါစကားပြောခန်းလေးကို သွားသတိရမိပါတယ်။
==================
၅-၆-၁၉၅၃

ပီကင်းနေပြည်တော်တွင် နံနက်စာစားအပြီး မြန်မာသံရုံးသို့မသွားမီ မြန်မာပြည်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး ကိစ္စများကို ဆရာတပည့်နှစ်ယောက် ဆွေးနွေးကြပြီး ဆရာကြီးသည် ဧည့်ခန်းရှိ ဆိုဖာကုလားထိုင်ကြီးတွင် ထိုင်လျက် ပုတီးစိပ်နေရင်းက တစ်စုံတစ်ရာကို တွေးမိသည်နှင့် သခင်ချစ်မောင်ဘက်သို့လှမ်း၍ စကားဆိုပါသည်။

"ဟေ့.. နေပါဦးကွ။ မင်းတို့ကောင် မောင်နုပင့်လာတယ်ဆိုတဲ့ သီဟိုဠ်က စွယ်တော်ဆိုတာ မင်းတို့ ဘယ်လိုထင်သလဲ"

"မပြောတတ်ပါဘူး ဆရာကြီးရယ်။ ကိုယ်ယုံကြည်ရာယုံကြည်ရာပေါ့။ ကျွန်တော့်ယုံကြည်ချက်ကတော့ ရွှေတွေ၊ ကျောက်သံပတ္တမြားစတဲ့ အဖိုးတန် ပစ္စည်းဝတ္ထုတွေကို စေတနာအလျောက်လိုရင် စိတ်သာရှင်စော ဘုရားဟောဆိုတဲ့အတိုင်း ကိုယ့်နိုင်ငံက ဘုရားကြီး၊ ပုထိုးကြီးတွေမှာပဲ လှူစေချင်တာပါပဲ။ ကျွန်တော်လည်း ရှိရင် အဲဒီလိုပဲ လှူချင်တယ်"

"မဟုတ်ဘူးကွ။ မင်းတို့ မပြောတတ်ဘူး၊ မသိဘူးမလုပ်နဲ့။ ဒါဟာ အရေးကြီးတယ်။ တကယ့်စွယ်တော်စစ်ဟာ တို့ဗမာပြည်မှာပဲ ရှိတယ်ကွ။ ရာဇ၀င် အထင်အရှားကြီးကွ။ ဘုရင့်နောင်ခေတ်မှာ သီဟိုဠ်ဘုရင်က စစ်ကူတောင်းလို့ စစ်သားလက်ရွေးစင် ထိတ်ထိတ်ကြဲ ၂၃၀၀ ကိုလွှတ်ပြီး ကူတိုက်ပေးခဲ့တယ်ကွ။ အဲဒါ သီဟိုဠ်ဘုရင်က ကျေးဇူးကြီးလွန်းလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ စွယ်တော်၊ သပိတ်တော်နှင့် သမီးတော်ရတနာကို ပို့လွှတ်ဆက်သတယ်။ ဘုရင့်နောင်မင်းတရားကြီး ကလည်း နန်းတော်ဦးမှာ စွယ်တော်စင်ဆောက်ပြီး ကိုးကွယ်တယ်။ အဲဒီကစပြီး စွယ်တော်စင်ဆိုတာပေါ်တာပဲကွ။ ဒီနောက် ငါးဆူ ဒါယကာမင်းလက်ထက်ရောက်၊ ဒီနောက် အနောက်ဘက်လွန်မင်းတရားလက်ထက်ရောက်၊ ဒီနောက် သာလွန်မင်းတရားကြီးလက်ထက်ရောက်မှ တောင်ဖီလာဆရာတော်ကြီးရဲ့ မိန့်ကြားချက်အရ စစ်ကိုင်းကောင်းမှုတော်ကြီးတည်ပြီး ဌာပနာလိုက်တာပဲကွ။ ဒါကြောင့် ဘုရားစွယ်တော်အစစ်ဟာ ကောင်းမှုတော်ကြီးထဲမှာ ကိန်းဝပ်နေတယ်။ အဲဒါ သိကြဖို့လိုတယ်။ ဆရာတောင် သူရိယတိုက်မှာလုပ်တုန်းက စွယ်တော်စစ်တမ်းဆိုတာ ရေးဖူးသေးတယ်။ အဲဒါကို မင်းတို့ မောင်နုကို လူကြုံရင်ပြောလိုက်စမ်းပါကွာ။ ကောင်းမှုတော်ကြီးထဲမှာ ရှိတယ်လို့ "

=======

ဒါကတော့ ကမ္ဘာလှည့်သခင်ကိုယ်တော်မှိုင်းနဲ့ မြတ်စွယ်တော် ဇာတ်လမ်းလေးပါပဲ။ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ စွယ်တော်ဇာတ်လမ်းကကော..။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/13/2012 02:20:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ