[mrsorcerer:24782] နိုင်ငံတော်သမ္မတကြီး စင်္ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူနေဆိုသော သတင်း သမ္မတရုံး ငြင်းဆို

နိုင်ငံတော်သမ္မတကြီး စင်္ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူနေဆိုသော သတင်း သမ္မတရုံး ငြင်းဆို
 နှလုံးခုန် ထိန်းညှိစက် ထည့်သွင်း ထားရသော အသက် ၆၇ နှစ်အရွယ်ရှိ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရုတ်တရက် မူးလဲသဖြင့် စင်္ကာပူနိုင်ငံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရသည် ဆိုသော သတင်းများမှာ မှန်ကန်မှု မရှိကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။ ရန်ကုန် မြို့သို့ ရောက်ရှိနေသော နိုင်ငံ သမ္မတ ကြီး ၏ ကျန်းမာရေး နှင့် ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများမှာ ကောလဟာ လ များသာဖြစ်၍ ခရီးသွားနေသည့် အချက်များမှ လွဲ၍ ကျန်အချက်များမှာ လုံးဝ မှန်ကန်မှု မရှိကြောင်း၊ မိတ်ဆွေများ ၏ စိုးရိမ် ပူပန်မှုအတွက် ကျေးဇူး အထူးတင် ရှိပါသည် ဟု ၄င်း၏ facebook စာမျက်နှာ တွင် ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။ မြန်မာ နိုင်ငံ တွင် ဒီမိုကရေစီ စနစ် ထွန်းကားရေး နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲ ရေး လမ်းကြောင်းကို စတင် အကောင်အထည်ဖော်ပေးခဲ့သည့် နိုင်ငံတော်သမ္မတကြီးမှာ ဆီးလမ်းကြောင်းပိုးဝင် ခြင်းကြောင့် အဖျားဝေဒနာ ခံစားနေရာမှ အားနည်း၍ မူးလဲခြင်းသာ ဖြစ်ပြီး အသက် ၆၀ ကျော် အမျိုးသား များတွင် ဖြစ်လေ့ဖြစ်ထ ရှိသော ရောဂါဖြစ်သဖြင့် စိုးရိမ်ဖွယ်ရာ မရှိပါကြောင်း၊ မနက်ဖြန်တွင် သွားရောက်မည့် ငပုတောခရီးစဉ်ကိုလည်း ဖျက်သိမ်းထားကြောင်း နိုင်ငံတော် သမ္မတကျန်းမာရေး စောင့်ရှောင့်မှု အထူးအဖွဲ့ နှင့် နီးစပ်သူ အထူးကု ဆရာဝန်ကြီး တစ်ဦးက ပြောကြားသည်။ နိုင်ငံတော်သမ္မတ ကြီး၏ ကျန်းမားရေးနှင့် ပတ်သက်သော သတင်းများ ဖော်ပြထားသည့် Facebook စာမျက်နှာ များတွင် နိုင်ငံတော်သမ္မတ ကြီး သက်တော်ရာကျော်ရှည်ပါစေကြောင်း ကိုယ်စိတ်နှလုံး ကျမ်းမာ ချမ်းသာပါစေကြောင်း ရေးသား ခဲ့ကြသည်များကို တွေ့ရှိရသည်။the voice

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ