အေဗရာဟမ် လင်ကွန်း ရှေ့နေများသို့ မှာကြားချက် ၁၈၅၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်ဝန်းကျင်
ကျွန်ုပ်သည် ပြည့်စုံအောင်မြင်လှသော ရှေ့နေတစ်ဦးမဟုတ်ပါ။ ယင်းလုပ်ငန်းနှင့် ပတ်သက်၍ ကျွန်ုပ်အနေဖြင့် မအောင်မြင်မှုများရှိသည့်နည်းတူ အတန်အသင့် အောင်မြင်ခဲ့ မှု များရှိခဲ့ပါသည်။ အများက ရှေ့နေ (lawyer) ဟု ခေါ်တွင်ခြင်းခံနေရသူတစ်ဦးအတွက် အဓိက နည်းဥပဒတစ်ရပ်မှာ လုံ့လ၀ီရိယကြီးမားမှုဖြစ်ပါသည်။ ယနေ့လုပ်လျှင် ပြီးနိုင်သည့် အလုပ်ကို မနက်ဖြန်အထိ ချန်မထားပါနှင့်။ စာရွက်စာတမ်း ပေးပို့မှုတွင် နောက်မကျပါစေ နှင့်၊ လက်ထဲတွင်ရောက်လာသည့် အလုပ်ကို မဖြစ်မနေပြီးအောင်လုပ်ထားပါ။ တရားစွဲဆို ရန်ရှိလျှင် အချက်အလက် ပြည့်စုံနေပါက တရားဝင်ကြေငြာချက်ကို ချက်ချင်းရေးချလိုက် ပါ။ ဥပဒေကိုးကားစရာများ ရှိနေပါက ဥပဒေစာအုပ်များတွင် ရှာကြည့်ပါ။ အားပြုလောက် သည့်အချက်ကို မှတ်သားထားပါ။ လိုအပ်လျှင်ရှာတွေ့ပါလိမ့်မည်။ ထုချေရန်၊ လျှောက်လဲ ရန်ရှိလျှင်လည်း ထိုအတိုင်းလုပ်ဆောင်သင့်ပါသည်။ သာမန် collection cases, foreclosures, partitions စသည့် အမှုမျိုးတွင်မူ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို စစ်ဆေး ကြည့်ပါ။ ကောက်ချက်ရေးပါ။ Draft orders နှင့် decrees များကိုလည်း တင်ကြိုရေးထား ပါ။ ယင်းသို့ ဆောင်ရွက်ခဲ့လျှင် အားသာချက် သုံးချက် ပေါ်လာပါလိမ့်မည်။ ကျန်ရစ်ခြင်း၊ မေ့လျော့မိခြင်းမျိုးများ မဖြစ်ပေါ်စေနိုင်ပါ။ တစ်ကြိမ်လုပ်ထားရုံဖြင့် အလုပ်သက်သာသွား စေနိုင်သည်။ တရားရုံးတွင် အားလပ်ချိန်ရသွားနိုင်သည်။ စကားကောက်ကာငင်ကာ ပြောတတ်အောင် လေ့ကျင့်ထားသင့်သည်။ ရှေ့နေများနှင့် ပြည်သူများဆက်သွယ်ရာ လမ်းကြောင်းဖြစ်သည်။ အခြားကိစ္စများတွင် မည်မျှ တော်ပြီး၊ သစ္စာတရားစောင့်သိတတ်မှု ပင် ဖြစ်စေ၊ စကားကောင်းကောင်းမပြောတတ်လျှင် လွယ်လွယ်ဖြင့် အကူအညီတောင်းကြ လိမ့်မည် မဟုတ်ပါ။ စကားရေရေလည်လည်မပြောတတ်ပါက လျှောက်လဲမှု ငြီးငွေ့ဖွယ် ကောင်းပြီး သူ လိုက်နေသည့် အမှုမှာ စောစောစီးစီး ရှုံးနိမ့်နေပြီဟု ဆိုနိုင်သည်။ တရားစွဲဆိုမှုမျိုး မပြုရန် တိုက်တွန်းပါ။ မိမိ၏ အိမ်နီးချင်းများ တစ်ဦးနှင့်တစ်ဦး သင့်သင့်မြတ်မြတ် နေထိုင်ကြရန် တတ်နိုင်သမျှဖျောင်းဖျပါ။ အမှုနိုင်သည်ဆိုသူများသည် အမှန်တကယ် ရှုံးနိမ့်သူများသာဖြစ်ကြောင်း၊ ရှေ့နေငှားခ၊ ကုန်ကျစရိတ်များ ကုန်ကျသွား ခြင်းသာဖြစ်ကြောင်း၊ အချိန်များ အလဟဿ ဖြစ်သွားခြင်းသာ ဖြစ်ကြောင်း ပြောပြပါ။ ရှေ့နေတစ်ယောက်သည် ငြိမ်းချမ်းရေးတမန်တစ်ဦးဖြစ်သည့်အလျောက် လူတော် လူကောင်း တစ်ဦးဖြစ်ရန် အခွင့်အလမ်းကြီး ရရှိနေပါသည်။ ယင်းသို့လုပ်ကိုင်ပေးလိုက် သဖြင့် မိမိ၏ စီးပွားရေးကို မထိခိုက်နိုင်ပါ။ အမှုဖြစ်ရန် အားပေးအားမြှောက် မပြုပါနှင့်။ ယင်းသို့ လုပ်ကိုင်တတ်သူသည် ဆိုးသွမ်းသူတစ်ဦးထက်ပိုသည်။ သူတစ်ပါး အမှုအခင်းဖြစ်အောင် ဆွပေးပြီး မိမိအိတ်ထဲ ပိုက်ဆံများ မထည့်သင့်ပါ။ ရှေ့နေလုပ်ငန်းတွင် ကိုယ်ကျင့်တရား ပါရှိသင့်ပါသည်။ ထိုသို့ လုပ်ဆောင်တတ်သူမျိုးကို ရှေ့နေလောကမှ မောင်းထုတ်ပါ။ အခကြေးငွေကိစ္စလည်း အရေးကြီးလှပါသည်။ စားရေးသောက်ရေးကိစ္စ ထက်ပို၍ မျှော်လင့်ပါသည်။ အမှုသည်နှင့် ရှေ့နေ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရမည်။ အကျိုးဆောင်ခ ကို မတန်တဆ မတောင်းပါနှင့်။ အကျိုးဆောင်ခ အဖြစ် ပုံမှန်ပေးငွေထက် ပိုမတောင်းနှင့်။ အကျိုးဆောင်ခကို ညှိနှိုင်းရယူပါ။ မှတ်သားထားပါ။ သို့မှသာ ပေးအပ်လာသည့်တာဝန်ကို စိတ်ဝင်စားပြီး သစ္စာရှိရှိ ဆောင်ရွက်ပေးနိုင်လိမ့်မည်။ fee note ကို မည်သည့်အခါမျှ ရောင်းမစားပါနှင့်။ အမှုအပေါ် စိတ်ဝင်စားမှုနည်းပါးခြင်းသည် ပေါ့ဆမှု (negligence) ဖြစ် သည်။ ရှေ့နေများသည် သေချာပေါက် မရိုးမဖြောင့်သူများဖြစ်သည်ဟု ပြောချင်နေကြပါ သည်။ လူအများက ရှေ့နေများအပေါ် မည်မျှလောက်ထိ ယုံကြည်စိတ်ထားရှိပြီး တန်ဖိုး ထားကြောင်း မသိနိုင်၍ ပြောချင်နေကြပါသည် ဟု သုံးနှုန်းလိုက်ရပါသည်။ သို့ရာတွင် ရှေ့နေများသည် မရိုးသားကြ ဟု အများက လက်ခံယုံကြည်ထားကြပါသည်။ ရှေ့နေ လုပ်ငန်းဖြင့် အသက်မွေးလိုသူ လူငယ်များ ရိုးသားမှုမရှိလျှင် ထိုအလုပ်ကို မရွေးချယ်ကြ ပါနှင့်၊ မိမိကိုယ်မိမိ ရိုးဖြောင့်သော ရှေ့နေတစ်ဦး ဖြစ်မလာနိုင်ပါဟု ယူဆမိလျှင် ရှေ့နေ အလုပ်မလုပ်ဘဲ ရိုးရိုးဖြောင့်ဖြောင့် နေနိုင်အောင် ကြိုးစားပါ။ လူယုတ်မာတစ်ဦး ဖြစ်လာရန် ရှေ့နေလုပ်ငန်းကို မရွေးပါနှင့်။ အခြားအလုပ်အကိုင်တစ်ခုခု ရှာဖွေလုပ်ကိုင်စေလိုပါသည်။
* အေဗရာဟမ် လင်ကွန်းသည် အမေရိကန်ပြည်ထောင်စု၏ ၁၆ဦးမြောက် သမ္မကြီး ဖြစ်သည်။ တောရွာလေးတစ်ရွာတွင် အလွန်နုံချာသော သစ်လုံးအိမ်ကလေး၌ မွေးဖွားသည်။ ငယ်စဉ်က အလွန်ဆင်းရဲသောကြောင့် မီးခွက် ဖယောင်းတိုင်မတတ်နိုင်၍ အလင်းရောင်ရရှိ နိုင်သည့် မီးလင်းဖိုနံဘေးတွင် စာရေး၊ စာဖတ်ရသည်။ ပျဉ်ချပ်ပေါ်တွင် ထင်းမီးသွေးဖြင့် စာရေးလေ့ကျင့်ခဲ့ရသည်။ အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ပြီး။ ၁၈၃၇ ခုနှစ်တွင် ရှေ့နေစာမေးပွဲကို ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၈၄၈ ခုနှစ်မှ ၁၈၅၄ ခုနှစ်အတွင်း ရှေ့နေလုပ်ငန်းကို သာ အဓိကထား၍ လုပ်ကိုင်ခဲ့သည်။(kophoephyu)
* ဇော်ဟန်ဇော် ဘာသာပြန်ဆိုသည့် အေဗရာဟမ် လင်ကွန်း ၏ ဂတ်တီစဘတ် နှင့် အခြားသမိုင်းဝင်မိန့်ခွန်းများ ABRAHAM LINCOLN THE GETTYSBURG ADDRESS AND OTHER SPEECHES စာအုပ်မှကောက်နှုတ်ဖော်ပြပါသည်။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos