---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/26
Subject: [လူဗိုလ်ဟူသည် ...] မြန်မာ့စိတ်ထား မြတ်သလား
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/27/2012 12:42:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/5/26
Subject: [လူဗိုလ်ဟူသည် ...] မြန်မာ့စိတ်ထား မြတ်သလား
To: lubo601@gmail.com
by Ter Tee on Wednesday, March 28, 2012 at 8:19am ·
ရေးသူ - အောင်အောင် IR
The Messenger Journal Vol. 2 , No. 45
26th March 2012
( မြန်မာ့စိတ်ထား မြတ်သလား ဆောင်းပါးမှ ကောက်နှုတ်ချက်များ )
" ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့အစည်းတွင် ဒဏ်ရာဒဏ်ချက်များ ကြီးလှပါသည် ။ များလှပါသည် ။
လွတ်လပ်ရေးရချိန်မှ ယခုအချိန်အထိ သမိုင်းတလျှောက် နိုင်ငံရေးလှုပ်ရှားမှုများနှင့်ပြည့်နှက်နေခဲ့သည် ။
ငြိမ်းချမ်းရေးကလည်း နီးနေသော်လည်း မရောက်သေးပေ ။ မဝေးလှသောသမိုင်းတွင် ကနောင်မင်းသားကြီး သည် မြန်မာအချင်းချင်းသတ်၍ ကွယ်လွန်ခဲ့ရသလို ၊ ဗိုလ်ချုပ်အောင်ဆန်းသည်
မြန်မာအချင်းချင်းသတ်၍ပင်ကျဆုံးခဲ့ရသည် ။ အင်္ဂလိပ်နယ်ချဲ့ သွေးထိုး၍ ဤသို့ဖြစ်ရပါသည်ဆိုလျှင် အင်္ဂလိပ်သည် မြန်မာပြည်သာမက နိုင်ငံအများအပြားကိုအုပ်စိုးခဲ့သည်ဖြစ်ပြီး အုပ်စိုးသည့်နိုင်ငံများတွင် လည်းအလားတူ Policy များကိုသာ ကျင့်သုံးခဲ့သည်သာဖြစ်သည် ။
သို့သော် အင်္ဂလိပ်အုပ်စိုးခဲ့သော အာရှအိမ်နီးချင်းနိုင်ငံများမှာ မြန်မာနိုင်ငံနည်းတူ အဖြစ်ဆိုးများရှိခဲ့ဖူးသော်လည်း ယခုအခါလွန်မြောက်ခဲ့ပြီး ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေကြပြီးဖြစ်သည် ။ ကျွန်တော်တို့ မြန်မာပြည်ကတော့ ယခုအချိန်အထိ ငြင်းကြခုံကြတုန်း ၊ မည်သည့်အရာကိုမျှ အကောင်းဘက်သို့ ရဲရဲမတွေးရဲ ။ " " အမှန်ပင် မြန်မာ့လူ့အဖွဲ့အစည်းသည် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်အများအပြား ရှိနေပါသည် ။
မြန်မာ့လူ့ အဖွဲ့အစည်းတွင် စိတ်ဓါတ်မှန်သော သူရဲကောင်းတို့သည် ကြာရှည်မခံတတ် ။
သူရဲကောင်းကိုမ၀န်းရံတတ်သော ၊ ၀န်းရံရန်မ၀ံ့ရဲသော လူ့အဖွဲ့အစည်းဖြစ်သည် ။ သာရာစည်းသူများသာ ၊ မျက်နှာကြီးရာဟင်းဖတ်ပါသူများ လွှမ်းမိုးသောလူ့အဖွဲ့အစည်းဖြစ်သည် ။ ယုံလွယ်သူများသောလူ့အဖွဲ့အစည်းဖြစ်သည် ။ နိုင်ငံများရှိလူ့အဖွဲ့အစည်းတိုင်းတွင် ဤသို့ရှိမြဲ ဖြစ်သော်လည်း မြန်မာ့လူ့အဖွဲ့အစည်းတွင် ပိုပါ၏ဟုရေးလိုပါသည် ။
သို့ဖြစ်၍လည်း အရွေ့ တစ်ခုအတွက်ဤမျှကြာခဲ့ခြင်းဖြစ်သည် ။ "
" မှားနေတာကိုမှန်သယောင်ပြောသောသူများနှင့်ကြုံဖူးသလို ဤသို့မှန်သယောင်ပြောမှ မိမိနှင့် မိမိ မိသားစုဘဝ
လုံခြုံမည် ကြီးပွားမည်ဟု အထင်ရောက်ကာ မိမိဂုဏ်သိက္ခာအားရောင်းစားနေသောသူများကိုလည်းကြုံဖူးပါသည် ။ ဟိုဘက်ဒီဘက်မလိုက်ဘူးဟုဆိုကာ ခြံစည်းရိုးခွထိုင်၍ လူပါး လူနပ် ၊ လူပေါ် လူဇော် လုပ်လိုသူများနှင့်လည်း ကြုံဖူးပါသည် ။ ဤသို့ နေရာရ ရှေ့ရောက်နေသော လူပေါ် လူဇော် ၊ လူပါး လူနပ် များကို အမှန်ဟုထင်ကာ နောက်လူများက တုပကြသော် တိုင်းပြည်သည် နစ်သထက်နစ်၍ ရွံစရာလူ့အဖွဲ့အစည်းတရပ်ဖြစ်သွားတတ်ပါသည် ။ "
" မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဆိုသော်ငြားလည်း မြန်မာ့လူ့အဖွဲ့အစည်းသည် ၄င်းတို့၏ နိစ္စဓူဝကျင့်ကြံပြောဆိုပြုမှုများတွင်ဗုဒ္ဓအဆုံးအမများနှင့် များစွာအလှမ်းဝေးနေသေးသည်ဟုထင်မိပါသည် ။
ဘုန်းတော်ကြီးများရှေ့တွင် ဘုရားစင်များရှေ့တွင် ၊ တရားရိပ်သာများတွင်သာ စစ်မှန်သောငြိမ်းချမ်းမှု ရယူနိုင်ကြပြီး ၊
လုပ်ငန်းခွင်များ မိမိတို့ ကျင်လည်ရာဝန်းကျင်များ၌မူ ဒုံရင်းဒုံရင်း အတိုင်းသာ ဖြစ်ပါသည် ။ အလှုအတန်းများလုပ် ၊ ဘုရားတရားများများလုပ်ပါက မိမိတို့ပြုလုပ်ခဲ့သော အပြစ်များ မမှန်ကန်သောစိတ်ဓါတ်များကို ဆေးကြောနိုင်သည်
လွှမ်းမိုးနိုင်သည်ဟု ယူဆသောပုဂ္ဂိုလ်များများရှိပါက ဤလူ့အဖွဲ့အစည်းသည် များစွာရင်လေးဖွယ်ဖြစ်ပါသည် ။ "
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/27/2012 12:42:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ