[mrsorcerer:25304] Re: အားအားယားယား ဖယောင်းတိုင်ထွန်းကြသလား ?

Very Great post. Thanks 

2012/5/26 demonprince13 <demonprince13@gmail.com>
အားအားယားယား ဖယောင်းတိုင်ထွန်းကြသလား ?


ဒီနေ့ မိတ်ဆွေတစ်ယောက်ရဲ့ ဆောင်းပါးတိုလေး တပုဒ်ကို ဖတ်လိုက်ရတော့ ကျနော်တော်တော်

အတွေးပွားသွားတယ် ။ အဲ့ဒီမိတ်ဆွေကလည်း ကျနော်နဲ့ တော်တော်ခင်တဲ့မိတ်ဆွေ ၊ ပြောရရင် သောက်

ဖော်သောက်ဖက် ၊ ကဗျာ ရွတ်ဖော် ရွတ်ဖက်ပေါ့ ။ ထားတော့ ။ သူ့ဆောင်းပါးမှာ ဘယ်လိုရေးထားလဲဆို

တော့ . . . ဖယောင်းတိုင်ထွန်းပြီး ဆန္ဒထုတ်ဖော်တာ မလုပ်သင့်တဲ့ကိစ္စပါတဲ့ ၊ မလိုအပ်သေးပါဘူးတဲ့ ။

ကျနော်တို့မှာ လျှပ်စစ်မီးသုံးစရာလည်း သိပ်မရှိပါဘူးတဲ့ ၊ ထမင်းချက်တာ တီဗွီကြည့်တာလောက်ပဲ လုပ်

တဲ့လူတွေက ဆန္ဒပြတယ်ပေါ့လေ ။ တကယ့် လျှပ်စစ်ကိုသုံးနေတဲ့ စက်ရုံပိုင်ရှင်တွေ က ဆန္ဒထွက်ပြရ

မှာတဲ့ ၊ ကျနော်တို့က အပ်နဲ့ထွင်းရမဲ့နေရာကို ပုဆိန်နဲ့ပေါက်နေတာတဲ့ ၊။ အကျဉ်းချုပ်လိုက်ရင်တော့

ဒီ အဓိပ္ပါယ်နဲ့ ရေးထားတယ် ။

 

ကျနော် ပြန်စဉ်းစားကြည့်တယ် ။ ကျနော်တို့များမလိုအပ်ပဲ နဲ့ လမ်းပေါ်ထွက်ပြီးအချိန်ကုန်ခံ ၊ အဖမ်းခံရမှာ

မကြောက် ဘာမကြောက် နဲ့ ဟေးလားဟားလား လုပ်နေကြသလား ? ။ ကျနော်တို့ မြန်မာလူမျိုးတွေ ဘဝ

က အစိုးရတရပ်ရဲ့ ( ဘယ်အစိုးရ တက်လာတက်လာ ) ထားရာနေ စေရာသွား ၊ သူတို့လုပ်သမျှ ငြိမ်ခံ ၊ သူတို့

ကိုကြောက်ရွံ့ပြီး ဒီအတိုင်းဆက်နေသွားရတော့မှာလား ။ မဟုတ်သေးဘူးနော် ၊ အဲ့ဒါမဟုတ်သေးဘူး ။ လူ

တစ်ယောက်မှာ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဆိုတာ ရှိရတယ် ၊ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဆိုတာ

ရှိရတယ် ။ ဒီမြေ ဒီရေ ဒီနိုင်ငံဟာ အဲ့ဒီအစိုးရတရပ်ရဲ့ ဘိုးဘွားပိုင်အမွေ မဟုတ်ဘူး ။ အဲ့ဒီပါတီရဲ့ အပိုင်ပစ္စည်း

လည်းမဟုတ်ဘူး ။ နိုင်ငံသားတိုင်းပိုင်တဲ့ နိုင်ငံ ၊ လူတစ်ယောက်ရဲ့ ရပ်တည်မူ့ကွဲပြားသွားလို့သာ နိုင်ငံဖြစ်ရပ်

တွေ နဲ့ မနီးစပ်တာပဲ ရှိမယ် ၊ နိုင်ငံသားတိုင်းဟာ နိုင်ငံအရေးကိစ္စတွေမှာ လိုအပ်လာရင် ပါဝင်ရမယ် ။ ကျနော်

အဲ့ဒါကို နိုင်ငံရေးလို့ အဓိပ္ပါယ်ဖွင့်တယ် ။

 

ဟေးလား ဟားလား ၊ အီးယောင်ဝါးလုပ်ချင်မှတော့ ဖယောင်းတိုင်ကိုင်ပြီး ဘယ်အချိန်ရဲလာဖမ်းမှာကိုကြောက်

ရွံ့နေတာမလုပ်တော့ဘူး ။ ဘီယာသောက်ပြီး ကေတီဗွီပဲ သွားလိုက်တော့မယ် ။ ပိုက်ဆံမရှိရင် လဖက်ရေ

သောက်ပြီး မိတ်ဆွေတွေနဲ့ လေဖေါနေလိုက်မယ် ။ ဒီ ဖယောင်းတိုင်ထွန်းတယ်ဆိုတာ ရင်ဘတ်ထဲကလာတဲ့

စိတ်တစ်ခုနဲ့ထွန်းနေတာ ။ ကိုယ့်ရပိုင်ခွင့် ၊ ကိုယ့်မိသားစုရဲ့ ရပိုင်ခွင့်အတွက် ငြိမ်းချမ်းစွာတောင်းဆိုနေတာ ။

ကျနော်တို့အိမ်မှာ ရေစက်မရှိဘူး ၊ ရေ၀ယ်ရတယ် ၊ ကိုယ့်လိုရေ၀ယ်တဲ့အိမ်တွေများတော့ စောင့်ယူရတယ် ။

မီးပျက်သွားရင် ဘယ်လောက်စောင့်စောင့်မရတော့ဘူး ။ မီးလာတဲ့အချိန်က ည၁၂ နာရီ ၊ ၁ နာရီဆို ရင်လည်း

ရေစက်ပိုင်ရှင်တွေက ရေထမပေးဘူး ။ အဲ့လို နှစ်ရက်လောက် ကြုံသွားရင် ဒုက္ခကို လှလှရောက်ရောပဲ ။ မျက်

နှာသစ်စရာရေတောင် ဘေးအိမ်က ရေဗုံးလေးနဲ့ သွားတောင်းရတယ် ။ သူတို့ကလည်း ကိုယ်လိုဒုက္ခသည်ဆို

တော့ ယူရတာ အားနာစရာကောင်းတယ် ။ ဒီတော့ ရှင်းရှင်းပဲ ပြောမယ် ။ ပိုက်ဆံရှိပြီးရေ၀ယ်မရလို့ ၊ အိမ်သာ

တက်စရာရေမရှိအောင် ဒုက္ခများလွန်းလို့ ၊ ကျနော် ဖယောင်းတိုင် ထွန်းရပါတယ် ။

 

အရင် က စစ်အစိုးရအုပ်ချုပ်တုန်း က လူတွေဆန္ဒမပြရဲကြဘူး ၊ ရိုက်နှက်ခံရမှာကြောက်ကြတယ် ၊ အဖမ်းခံရမှာ

ကြောက်ကြတယ် ။ အခုတော့ အရင်ကထက် နည်းနည်းလေး တိုးတက်လာတယ် ။ ဒါကိုအခွင့်အရေးယူပြီး

ဆန္ဒပဲ စွတ်ပြနေတာမဟုတ်ဘူး ။ အခု အစိုးရက ဒီမိုကရေစီအစိုးရ နာမည်ခံထားတယ် . နာမည်နဲ့လိုက်အောင်

ဒီမိုအစိုးရဆန်ရမယ် ၊ ဒီတော့ ပြည်သူကလည်း ဒီမိုကရေစီနည်းလမ်းအရ ငြိမ်းချမ်းစွာဆန္ဒပြတယ် ။ ဘယ်သူမှ

လမ်က ဓါတ်မီးတိုင် ခဲနဲ့ထုပြီး မီးပေးပါ လို့ ဆန္ဒပြတာမဟုတ်ဘူး ။ အေးအေးဆေးဆေး ပဲ ဖယောင်းတိုင်ထွန်း

နေတာ . . . လုပ်ပေးနိုင်တာ မလုပ်ပေးနိုင်တာသည် အစိုးရကိစ္စ ၊ တောင်းဆိုတာက ပြည်သူ့ကိစ္စ ။ နောက်

ဆုံး ၀န်ကြီးကို နုတ်ထွက်ဖို့တောင်းဆိုရင်တောင် တောင်းဆိုတာက ပြည်သူ့ကိစ္စ ၊ နုတ်ထွက်ပေးတာမပေးတာ

က ၀န်ကြီးနဲ့ အစိုးရ အဖွဲ့ ကိစ္စ ။ အရင်တုန်းက စစ်အစိုးရဆိုတော့ ဒီလိုမျိုးတောင်းဆိုလို့မရဘူး ၊ အခုဒီမိုအစိုး

ရ လို့ အစိုးရ အဖွဲ့ ကိုယ်နိုက် က ၀န်ခံထားတော့ ကျနော်တို့ ပြည်သူတွေကလည်း ဒီမိုနည်းလမ်းနဲ့ ဆန္ဒထုတ်

ဖော်တယ် ။ ဒါတောင် ပြည်နဲ့ စစ်ကိုင်းမှာ အဖမ်းခံရတယ် ။ ရန်ကုန် နဲ့ မန်းလေးမှာတော့ ရုပ်ပျက်မှာစိုးလို့မ

လုပ်တာထင်တယ် ။

 

ကေအိုင်အေ က တာဝါကို မိုင်းခွဲလို့ မီးပျက်ရတယ်ဆိုတာ အားလုံးမှန်တယ်မထင်ဘူး ၊ ကေအိုင်အေ မိုင်းမခွဲ

ခင်ကတည်းက မီးက မမှန်တာ ။ အစိုးရတစ်ရပ်အနေနဲ့ ဒီအချိန်မှာ ရေအားလျှပ်စစ်နည်းတယ် ၊ ပြည်သူတွေရဲ့

လိုအပ်ချက်မြင့်မယ် ဆိုတာ ကြိုတွေးထားသင့်တယ် ။ ဒီလိုမှ မလုပ်ပေးနိုင်ရင် ၊ ဒီလို အခြေခံလိုအပ်ချက်လေး

တွေကိုတောင် မလုပ်ပေးနိုင်ရင် ဘာကြောင့်တိုင်းပြည်ကိုအုပ်ချုပ်နေသေးလဲ ၊ ခရိုနီတွေကိုပဲ မကြည့်ပါနဲ့ ၊

သာမန် ပြည်သူတွေကိုလည်း တခါတလေ ငဲ့သင့်တယ် ။

 

အစိုးရ အကြံပေးဦးကိုကိုလှိုင်ရဲ့ မီးမလာရင် ဖယောင်တိုင်ထွန်းဆိုတဲ့စကား နဲ့ ဘုရင်မတစ်ယောက်ရဲ့ ပေါင်

မုန့်မရှိရင် ကိတ်မုန့်စားဆိုတဲ့ စကားက အတူတူပဲ ။ တကယ်မဆင်းရဲ မကျပ်တည်း ဒုက္ခမကြုံဖူးတဲ့လူက အဲ့

ဒီဒုက္ခကို တွေးကြည့်လို့ပဲ ရတာ ၊ တကယ်လက်တွေ့အရသာကိုမသိဘူး ။ အခု အစိုးရက နှစ်ပါတ်အတွင်းမီး

၂၄ နာရီရအောင်လုပ်ပေးမယ်လို့ ကတိပေးထားတယ် ။ ပြောတာပဲ ၊ တကယ်လာမှ ကျနော်တို့ ဖယောင်းတိုင်

ထွန်းတာကို ရပ်နိုင်မယ် ၊ လုပ်ပေးမယ် လုပ်ပေးမယ်နဲ့ ခံရပေါင်းလည်းများလှပြီ ။ ၈၈ ကတည်းက ပေးလိုက်

တဲ့ ဒီမိုကရေစီ ၊ အခုတောင့်ရတာမသေချာသေးဘူး ။ တကယ် ၂၄ နာရီမီးပေးရင် ဘယ်သူမှ အပင်ပန်းခံ လမ်း

ပေါ်ထွက်ပြီး ဖယောင်းတိုင်ထွန်းမနေဘူး ။ အခုမီးပေးမယ်ဆိုတဲ့ ကတိတောင် လမ်းပေါ်ထွက် ဖယောင်တိုင်

ထွန်းလို့ရတာ ။ အရင်လို ငြိမ်နေရင် ဘာမှ မရပဲ အမှောင်ထဲမှာ ငုတ်တုတ်ဖြစ်နေလိမ့်မယ် ။ ဒီတော့ နောက်

နှစ်ပါတ်ကြာလို့ မီး ၂၄ နာရီပေးရင် ကျနော့်မိတ်ဆွေ . . . တနိုင်ငံလုံးက အားအားယားယား ဖယောင်းတိုင်

ထွန်းသူတွေကို ကျေးဇူးတင်လိုက်ပါ . . . ။

 

မာဃလုလင်

26.5.2012

 




--
          

--
You received this message because you are subscribed to the Google Groups "Share from HYDE" group.
To post to this group, send email to hydegroup@googlegroups.com.
To unsubscribe from this group, send email to hydegroup+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/hydegroup?hl=my.

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ