[mrsorcerer:25437] Fwd: [လူဗိုလ်ဟူသည် ...] စိတ်ရှည်စွာဖြင့် ပညာသင်ပါ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/29
Subject: [လူဗိုလ်ဟူသည် ...] စိတ်ရှည်စွာဖြင့် ပညာသင်ပါ
To: lubo601@gmail.com




တစ်ခါတုန်းက မြို့ကြီးတစ်မြို့မှာ ကျောက်မျက်ပညာကို တစ်ဖက်ကမ်းခပ်အောင် တက်မြောက်ကျွမ်းကျင်တဲ့ ဆရာကြီးရှိပါသတဲ့။  တစ်နေ့တော့ ထိုဆရာကြီးဆီကို လူငယ်လေးတစ်ယောက်ကလာပြီးတော့ ပညာသင်ခွင့်တောင်ခံပါသတဲ့။  ဆရာကြီးက သူငယ်ကလေးကို ကြည့်ပြီးတော့ မဖြစ်နိုင်ပါဘူးကွယ် ဒီပညာသင်ဖို့ရာ စိတ်ရှည်ဖို့လိုတယ်ကွဲ့။  သူငယ်လေးကလည်း လေးလေးနက်နက်ကို စိတ်ရှည်စွာနဲ့ ပညာသင်ယူဖို့ ကတိပြုပါသတဲ့။
  ကောင်းပြီး ဒါဆိုရင်တော့ မနက်ဖြန်လာခဲ့ပါ။
          နောက်နေ့မနက် လူငယ်လေး ရောက်လာတော့ ဆရာကြီးက လူငယ်လေးလက်ထဲကို ကျောက်စိမ်း အရိုင်းတစ်တုံးထဲ့ပေးပြီးတော့ သူငယ် မင်းဒါလေးကို ကိုင်ထားလို့ပြောပြီး သူလုပ်စရာရှိတဲ့ ကျောက်ဖြတ်ခြင်း၊ ကျောက်အလေးချိန် ချိန်တွယ်ခြင်း၊ ကျောက်များကို စီခြင်း စတာတွေကို လုပ်ကိုင်နေပါသတဲ့။  လူငယ်လေးလဲ ငြိမ်သက်စွာနဲ့ပဲ ထိုင်နေပြီး ကျောက်စိမ်းအရိုင်းတုံးကလေးကို ကိုင်ထားပါသတဲ့။
          နောက်တစ်နေ့ လူငယ်လေးရောက်လာပြန်တော့လဲ ဆရာကြီးက ကျောက်စိမ်းအရိုင်းတုံးကလေးကို လူငယ်လေးလက်ထဲကို ထည့်ပြီး ကိုင်ထားစေပြန်ပါသတဲ့။  ဒီလိုနဲ့ တတိယနေ့၊ စတုတ္ထနေ့၊ ပဉ္စမနေ့၊ တွေမှာလည်း ကျောက်စိမ်းအရိုင်းတုန်းကလေးတွေ ပေးပေးပြီးတော့ ထိုနည်းတူ ကိုင်ထားခိုင်းပါသတဲ့။
          ခြောက်ရက်မြောက်နေ့ကျတော့ ကျောက်စိမ်းအရိုင်းတုံးကိုလေးကို ကိုင်ထားရင်းနဲ့ လူငယ်ကလေးက သည်းမခံနိုင်တော့ဘဲ "ဆရာကြီးရယ်၊  ကျွန်တော့်ကို ဘယ်တော့များ ကျောက်မျက်ပညာသင်ပေးမှာလဲ ဆရာကြီး" လို့မေးပါတဲ့။  ဆရာကြီးက "မင်း မကြာခင်သင်ရမှာပါ" လို့ ပြန်ပြောပြီး သူ့အလုပ်ကိုသာ သူဆက်ပြီးလုပ်နေပါသတဲ့။
          ဒီလိုနဲ့ ရက်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင်အောင် သူငယ်လေးဟာ မနက်တိုင်း ကျောက်စိမ်း အရိုင်းတုံးလေးတွေကိုသာ ကိုင်ရင်းနဲ့ ကုန်လွန်လာခဲ့ပါသတဲ့။  တစ်နေ့တော့ ဆရာကြီးဟာ သူငယ်လေးဆီကိုလာပြီးတော့ သူ့ကို တစ်ခုခုကို ကိုင်ခိုင်းဖို့ လက်ယက်ခေါ်ပါသတဲ့။  သူငယ်လေးဟာ စိတ်မပါတစ်ပါနဲ့ဘဲ ဆရာကြီးဆီကို လာပါသတဲ့။  ဆရာကြီးဟာ ကျောက်အရိုင်းတစ်တုံးကို သူငယ်လေးလက်ထဲကို ထည့်ပေးလိုက်ပါသတဲ့။  အဲ့ဒီမှာ လူငယ်လေးက "ဆရာကြီး ဒါက ကျောက်စိမ်းတုံးနဲ့ မတူဘူး"။
          ဆရာကြီးက ပြန်ဖြေသတဲ့ "အင်း မင်းပညာသင်နေပြီလေ"


Ref: Inspirational Stories

Posted by AH


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/30/2012 12:23:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ