Re: [mrsorcerer:24382] Re: ရိုဟင်ဂျာဆိုတာ ဘာလဲ..။

I don't think they are talking about Rohingha. They just try to make religious problem in burma.  

2012/5/9 Dreamcatcher boy <dreamcatcherboy09@gmail.com>
သတင်းတင်မယ်ဆိုရင်လဲမှန်တာတင်ပါ။

Shwe Aeim Si " <shweaeimsi@gmail.com>
တင်ထားတဲ့ "ရိုဟင်ဂျာ ဆိုတာဘာလဲ" ဆောင်းပါးမှာတဲ့ အချက်အလက်တွေဟာမှန်သလား၊
မှားသားတော့မသိဘူး။
ကျွန်တော်သိသလောက်မှားနေတာတွေကိုReply ပြန်တာပါ။
ကျွန်တော်ဟာ ရိုဟင်ဂျာတော့မဟုတ်ဘူး။ဒါပေမယ့်ဗမာမွတ်စလင်တစ်ဦးပါ။
shweaeimsi@gmail.com တင်ထားတဲ့ဆောင်းပါးတွေမှာ ရိုဟင်ဂျာ
တွေကိုတိုက်ခိုက်ရုံမျှမကပဲ၊
အစ္စလာမ် သာသနာကိုပါ မမှန်တရားတွေနဲ့ ပုတ်ခတ်နေတာတွေ့ရပါတယ်။
shweaeimsi@gmail.com ပထမဆုံးတင်တဲ့ ဆောင်းပါးမှာ

"အင်္ဂလိပ်လက် အောက်ရောက်သောအခါ မြန်မာနိုင်ငံသည်

အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်အခါ ကုလားတွေ တံခါးမရှိ၊

ဓားမရှိဝင်လာကြသည်။ ဆင်းရဲတဲ့ ကုလားတွေက လယ်ကူလီ လုပ်သည်။ ချမ်းသာတဲ့

ကုလားက ငွေတိုးချေးစားသည်။" လို့ရေးထားပါတယ်။
ဒါပေမယ့်သမိုင်းအထောက်အထားတွေအရမြန်မာနိုင်ငံကိုလာရောက်
ဖိနှိပ်ခဲ့တဲ့ချစ်တီးကုလားတွေဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းမှ
အိန္ဒိယအမျိုးသား ဟင်ဒူဘာသာဝင်များပဲဖြစ်ပါတယ်။
သမိုင်းဝင်ဓာတ်ပုံများ အရကူလီများနဲ့ ချစ်တီး များရဲ့အဝတ်အစားနဲ့
အပြင်အဆင် ပုံပန်းသဏ္ဍာန်များကိုကြည့်မယ်ဆိုရင်
ဟင်ဒီသာသနာမှာရှိတဲ့ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှုများအရ
ဝတ်စားရမှုများနဲ့တစ်ထေရာတည်းတူနေပါတယ်။
အကယ်၍ ဤသို့ဝတ်စားမှုများကို နှိုင်းယှဉ်ကြည့်လိုပါက
တမီလ်ဇာတ်ကားများကိုကြည့်ရှုနိုင်ပါတယ်။

ထြို့ပင် အစ္စလာမ်သာသနာတွင် အတိုးစားခြင်းကို အပြင်းအထန် တားမြစ်ထားပါတယ်။
မွတ်စလင် များဝက်သားမစားရခြင်း ကိုလူတိုင်းသိကြသည်။
သို့သော် အစ္စလာမ်သာသနာတွင် အတိုးစားခြင်းကို
ဝက်သားစားခြင်းထက်ပင်ပို၍ ပြင်းထန်စွာတားမြစ်ထားပါတယ်။

ထို့ပြင်သာမက "demonprince13 <demonprince13@gmail.com>" ရဲ့ "
ရိုဟင်ဂျာ၏ သမိုင်း "ဆောင်းပါးတွင်

"ရိုဟင်ဂျာဆိုတာ လူဦးရေ ၇ သိန်းကနေ၊ ၁.၅
သန်းထိရှိပြီး အေဒီ ၇-ရာစုလောက်က ရခိုင်ပြည်မြောက်ပိုင်းတ၀ိုက်စီးပွား
ကုန်သွယ်အလုပ်နဲ့ ရွှေ့ပြောင်း အခြေချလာတဲ့ အာရပ်လူမျိုးစုကနေ တဆင့်
မူဆလင်ဖြစ်လာကြတာ"ဟု ရေးသားဖေါ်ပြထား သည်ကို တွေ့ရှိရ၍ အံ့သြသင့်ရပါသည်။
ဤဆောင်းပါးကို ဖေါ်ပြသော ထိုင်းသတင်းစာများသည်......
ရိုဟင်ဂျာဆိုသူများထံမှ
ရရှိ သော အချက်အလက်ဖြစ်ဟန်တူသည်။" ဟုဖော်ပြထားပါတယ်။

ထိုအေဒီ7 ရာစု ကရောက်လာတဲ့သူတွေဟာ ရိုဟင်ဂျာ
တွေလုံးဝမဟုတ်ကြောင်းထောက်ခံပါတယ်။
ဒါပေမယ့် အဲ့ဒိ လူတွေဟာမွတ်စလင်
ဖြစ်ကြောင်းသမိုင်းအထောက်အထားတွေမှာတွေ့နိုင်ပါတယ်။
ဒါကတော့ ငြင်းမရတဲ့ အမှန်တရားဆိုတာ ဖတ်သူတိုင်းသိမှာပါ။အကယ်၍
မသိဘူးဆိုပါက
ကမ္ဘာကျာ် website ဖြစ်တဲ့ www.wikipedia.org မှာ Islam in Burma
ဟူ၍ရှာဖွေဖတ်ရှုနိုင်ပါတယ်။
ရခိုင်ပြည်နယ်မှာရှေးဘုရင်တွေလက်ထက်ကတည်းကနေထိုင်ခဲ့တဲ့မွတ်စလင်တွေအများကြီးပါ။
ရိုဟင်ဂျာကို မကျေနပ်တာနဲ့ အခြား မွတ်စလင်တွေကိုပါ ဒုက္ခမပေးပါနဲ့. . .
မြန်မာနိုင်ငံ အကျိုးအတွက် အသက်ပေးခဲ့ကြတဲ့ သူတွေထဲမှာ
မွတ်စလင်တွေအများကြီးပါ။
မြန်မာဘုရင်တွေလက်ထက်ကစ - ၁၉၈၈-၂၀၁၂အထိမြန်မာ့နိုင်ငံ အကျိုးကို
ကိုယ်ကျိုးစွန့်ပြီး
ဆောင်ရွက်နေသူတွေထဲမှာမွတ်စလင်တွေ အများကြီးပါပါတယ်။
ထိုသူတွေ အကြောင်းကိုတော့ ထည့်မရေးတော့ပါဘူး။သိမယ်လို့ထင်ပါတယ်။
ဒါတွေကိုတောင်မသိရင်တော့ သမိုင်းစာအုပ်တွေပြန်ဝယ်ဖတ်ပါ။
ဒေါက်တာသန်းထွန်း ပြောသလို ပြောရရင် ""သမိုင်းသိတော့ လူလိမ်မခံရဘူးပေါ့""

Shwe Aeim Si " <shweaeimsi@gmail.com>"
Demonprince13 "<demonprince13@gmail.com>" တို့ mail share မယ်ဆိုရင်လဲ
ကိုယ့် Mail မှာအမှားမပါအောင်ဂရုပြုသင့်တယ်လို့ထင်တယ်။
မှော်ဆရာအဖွဲ့ ဟာလဲပြည်သူတွေ ဗဟုသုတ
များအောင်တည်ထောင်ခြင်းလို့ပဲမြင်ပါတယ်၊
ဒါကြောင့် ကိုယ်Share တဲ့mail ဟာသူတစ်ပါးအတွက်မှန်ကန်တဲ့
ဗဟုသုတပဲဖြစ်သင့်ပါတယ်။
ဒီလိုမျိုး မမှန် သတင်းနဲ့ ဘာသာ အချင်းချင်း အမုန်းပွားအောင်
ဖန်တီးခြင်းဟာ ရှင်တော်ဗုဒ္ဓလဲကြိုက်မယ်မထင်ပါ။
လိမ်လည်ခြင်းဟာ ၅ပါးသီလကိုကျိုးစေပါတယ်။ကိုယ့်သီလ ကိုယ်အကျိုးခံပြီးတော့
သူတစ်ပါးကိုရန်မတိုက်ပါနဲ့။
ဒီလိုရန်တိုက်လို့ အဓိကရုဏ်းတွေ၊ပြည်တွင်းစစ်တွေ ဖြစ်ရင် မြန်မာနိုင်ငံပဲ
ထိခိုက်မှာ၊ဆင်းရဲတွင်းက မတက်မှာ၊
ဆင်းရဲတွင်းက မတက်ရင် Shwe Aeim Si တို့Demonprince13တို့ တွေပဲ
နိုင်ငံခြားသွား ကျွန်ခံ အလုပ်လုပ်နေရမှာ။
ကျွန်တော်ပြောတာနားလည်ကြမယ်လို့ထင်ပါတယ်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက  http://groups.google.com/group/mrsorcerer/subscribe?hl=en  ကို နှိပ်ပြီး  မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက  mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်  mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်  http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en  တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက  >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ