Re: [mrsorcerer:24545] တွံတေးမြို့နယ်တွင်တိုင်းမှူးနှင့်တပ်သား(၄၀၀)ကျော်အဖွဲ့က ဒေသခံများအတွက် ရေကန်တူးပေး (comments လေးတွေပါ ကူးထည့်ပေးလိုက်တယ်)

သတင်းကောင်းလေးကြားရတာ အလွန်ဝမ်းသာပါတယ် ကူညီလုပ်ကိုင်ပေးသူအားလုံးကိုလဲ အထူးဘဲကျေးဇူးတင်ပါတယ် နောင်လဲကူညီနိုင်ပါစေလို့ဆုတောင်းပေးပါတယ်

2012/5/13 လင်းဇော်ထက် <linnzawhtike@gmail.com>
တွံတေးမြို့နယ်တွင်တိုင်းမှူးနှင့်တပ်သား(၄၀၀)ကျော်အဖွဲ့က ဒေသခံများအတွက် ရေကန်တူးပေး
ကောင်းမြတ်ဖြိုး(မြစ်မခ)
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။
 
တွံတေးမြို့နယ်ရှိ ပျော်ဘွယ်ကလေးရွာတွင် လာမည့်နှစ်များ၌ ရေရှားပါးမှုမဖြစ်စေရန်အတွက် ရေကန်များအား သန့်ရှင်းရေး လုပ်ခြင်းနှင့်    အောက်ခြေထပ်တူးခြင်းတို့အား တပ်မတော်သားအင်အား(၄၀၀)ကျော်က ကူညီလုပ် ဆောင်ပေးလျက်ရှိကြောင်း   ဒေသခံတို့က ဆိုသည်။

ပျော်ဘွယ်ကလေးရွာရှိ ရေကန်(၅)ကန်အား ပြုပြင်ထိန်းသိမ်းခြင်းများကို ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ် စန်းဦး က ရန်ကုန်မြို့နယ်အတွင်းရှိ   စစ်တပ်များမှ တပ်သားအင်အား (၄၀၀)ကျော်ဖြင့် ကူညီနေခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဧပြီ(၂၀)လောက်ကနေ ရေကန်ဟောင်းတွေ စတူးတာ နှစ်ကန်လောက်ပဲ တူးရသေးတယ်၊ လူအင်အား၊ ငွေအင်အား   မလောက်တာနဲ့ စစ်တပ်က မေ(၇)ရက်နေ့လောက်ကစပြီး လာကူတာဆိုတော့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။" ဟု ပျော်ဘွယ်ကလေးရွာ ဥက္ကဌ ဦးညီညီလွင်က ပြောသည်။

အဆိုပါ ရေကန်တူးဖော်နေစဉ်အချိန်များတွင် ရွာသားများမှာ ရေကန်မှ ရေကိုအဓိကထားသုံစွဲနေရသောကြောင့်
ရေပြတ်လတ်မှုဖြစ်ပေါ်နေစဉ် စည်ပင်သာယာမှ သောက်သုံးရေအတွက် တစ်ရက်လျှင် ဂါလံ(၈၀၀)ကား(၇)စီး ဖြင့်   ရေပေးဝေလျက်ရှိကြောင်းသိရသည်။

"ကျွန်တော်တို့အရင်က တစ်ရက်ကို ဂါလံ(၃၀၀၀)လောက် ပေးရတာ အခုစစ်သားတွေ လာတယ်ဆိုတော့ အရင်ကထက်ပိုပေး ရတာပေါ့ " ဟု တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနေ၀င်းကပြောသည်။

အဆိုပါစစ်သား(၄၀၀)ကျော်ခန့်မှာ ပျော်ဘွယ်ကလေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင်တည်းခိုလျက်ရှိသည်။
 
"ကျွန်မတို့ရွာသားတွေ စစ်သားတွေကို ကိုယ်တက်နိုင်သလောက်လေး အအေးတိုက်တာတို့၊ မုန့်ကျွေးတာတို့ လုပ်ပါတယ်၊ ရွာသားတွေလည်း  အားရင် သူတို့ကို ၀ိုင်းကူပေးကြပါတယ်" ဟု ပျော်ဘွယ်ကလေးရွာရှိကျောင်းအုပ်ဆရာမ ဒေါ်မိမိမော် ကပြောသည်။

အဆိုပါ ရေကန်(၅)ကန်မှာ တစ်ကန်သည် ပေ(၄၀၀)ပတ်လည်ခန့်ရှိပြီး၊ အခြားကန်များမှာ ပေ(၂၀၀)ပေ(၁၀၀)
ပတ်လည်ခန့်ရှိသောကန်များ ဖြစ်သည်။

"ကျွန်တော်တို့ရွာက ရေကန်တွေက အရင်က ဆယ်ပေလောက် နက်တယ်၊ သူတို့လာတူးပေးသွားတော့(၁၄) ပေလောက်တော့ နက်သွားမှာပေါ့၊ နောက်နှစ်တွေဆို ဒီလိုရေမရှားနိုင်လောက်တော့ဘူး" ဟု ပျော်ဘွယ် ကလေးရွာ ဥက္ကဌ ဦးညီညီလွင်ကပြောသည်။
သစ်ထူးလွင် 5/12/2012 06:40:00 PM

6 comments:

Ocean Tanker said...

သာဓု သာဓု သာဓုပါဗျာ စစ်တပ်ကလဲစိတ်ထားကောင်းတဲ့လူတွေရှိပါသေးတယ်။
သူတို့လဲကောင်းတဲ့ဘက်ကရပ်တည်ရင်မြန်မာပြည်ကြီးကလှပသွားပါပြီ။

May 12, 2012 6:54 PM
Dr.Thurein said...

အမြဲတမ်း ဆိုးရွားတဲ့ သတင်းတွေကိုပဲ ဖတ်နေရတာ ဒီလိုအပြုသဘောဆောင်တဲ့ သတင်းတွေကို တွေ့တာ စိတ်ချမ်းသာပါတယ်။ ချီးကျူးပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

ဆေးပညာနှင့်ပတ်သက်ပြီး မေးလိုရာမေးနိုင်ပါသည်။
www.academicmedicines.blogspot.com

May 12, 2012 7:12 PM
I LOVE MY COUNTRY said...

ဒါမှ ပြည်သူချစ်တဲ့ ဗမာ့တပ်မတော်ရဲ့ လုပ်ရပ်ကွ အခြားတပ်တွေလဲ အဲလို စိတ်ဓါတ်လေးတွေ ရှိကြပါစေဗျာ

May 12, 2012 7:14 PM
yelpaing said...

အဲဒါဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့စစ်တပ်အစစ်ပေါ့ဗျာ ။ အရင်တုန်းကစစ်တပ်နဲ့ ပြည်သူဆိုတာအဲဒီလိုတစ်သားတည်းနေခဲ့တာပါ။ဒီဘက်ခါတ်စစ်တပ်ကိုဖျက်ဆီးပစ်လိုက်တဲ့လူတစ်စုကြောင့်စစ်တပ်နဲ့ပြည်သူဟာကြည့်လို့ မရလောက်အောင်ကိုဖြစ်သွားခဲ့တာပါပဲ။လူတစ်စုရဲ့ အသုံးချခံ စစ်တပ်ကနေလွှတ်မြောက်မှ စစ်တပ်သရုပ်မှန်ပေါ်အောင်ဖေါ်ဆောင်နိုင်မှာပါ။ ။အဓိက ကတော့ပြည်သူသာအမိ ပြည်သူသာအဖ ပါဘဲ။

May 12, 2012 7:21 PM
komyo said...

ကောင်းလိုက်တာကွယ် ဒါမှပြည်သူချစ်စစ်သားကြီးများ ဖြစ်မှာ ကျေးဇူးအထူးတင်
ရှိပါတယ် နောက်ဒီထက်များများ ပြည်သူ့အကျိုးပြုလုပ်ငန်းများလုပ်နိုင်ပါစေ။
ပြည်သူချစ်သော စစ်သားကြီးများဖြစ်ပါစေဗျာ။

May 12, 2012 7:22 PM
Ko Gyi said...

Great Job. That is real Army.

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ