၊ ဆေးပင်စစ်ပြီးပြီ ၊ ဖြစ်မလာခဲ့ ၊ ကံကြမ္မာက နှောင့်ပြန်သည် ။
ဟူးးး ---- တော်ပါသေးရဲ့ သူဖြစ်ချင်တာ မဖြစ်လို့ နို့မို့ဆို ငါတို့နိုင်ငံ ဒီ့ထက်ဆိုးမှား-) ---စတာနော် ချိတ်မချိုးရဘူးးးဒီတစ်ခါတော.ရသဘက်နွယ်ပါတယ်...လူသားဆန်တဲ.အတွေးမို.အားပေးအသိအမှတ်ပြုပါတယ်...
စိုင်းဝင်းမြင်.ရဲ.ကဗျာလေးတစ်ပုဒ်ကို အမှတ်ရမိပါတယ်....ဒီပို.စ်နဲ.ဆိုင်ချင်မှလည်းဆိုင်ပါ.မယ်...
တွမ်တီဝမ်း(ဖဲကစားနည်း)ဆော.တတ်တဲ.လူမှဒီကဗျာကိုပိုနားလည်မယ်ထင်ပါတယ်..ကဗျာလေးကတော.
အတိအကျမမှတ်မိတော.ပါဘူး မှတ်မိသလောက်ပြန်ပွားလိုက်ပါတယ်....ကဗျာခေါင်းစဉ်က
ပြိုလဲခြင်း .....ထင်ပါတယ်။လဲပြိုခြင်း
.................
ဆယ်.ခြောက်အဆင်နဲ.
ဘ၀ကိုမနေချင်လို.
နောက်ထပ်ဖဲတစ်ချပ်ထပ်ဆွဲလိုက်တယ်
ကုလား...ကတက်လာ.....။ ။
ကဗျာလေးကဒါပါပဲ...တွမ်တီဝမ်းဆော.တဲ.အခါ...ဖဲပွင်.ဆယ်.ခြောက်ပွင်.က အသက်ပြည်.ယုံမလို.
စကောစကဘာမှထပ်လုပ်လို.မရပါဘူး အသက်ရှိယုံပေါ.မထူပါဘူးဆိုပြီး ဆယ်ခြောက်ထက်များ
အပွင်.များလာ မလားလို. နောက်ထပ်ဖဲတစ်ချပ်ကိုထပ်ဆွဲလိုက်ကာမှ...ဖဲကထပ်တိုးမလာပဲ ကုလားဖဲတက်လာလို.
အသက်ပါ မဲ.သွားတဲ.ဘ၀ရောက်သွားပုံလေးကိုတင်ပြထားတာပါ....ခုလိုရှင်းပြတာက တွမ်တီဝမ်းဖဲမဆော.တတ်တဲ.လူတွေအတွက်ရည်ရွယ်ပါတယ်....လူဘ၀က လည်း အဲလိုတွေ...ကမောက်ကမရလဒ်တွေဖြစ်တတ်ပါတယ်...ဟိုမရောက်ဒီမရောက်ဖြစ်နေတဲ.ဘ၀များ
အတွက် နောက်ထပ်တိုးတက်မယ်.ထင်တဲ.ဘ၀ရဲ.မျော်လင်.ချက်ကောင်းနိုးရာရာတွေကို ထပ်ဆင်. အရဲစွန်ြ.ပီး
အလောင်းစားဆန်ဆန်ရွေးချယ်မိတာတွေရှိတတ်ပါတယ်...အဲဒီရွေးချယ်မှုတွေကမှန်သွားရင်တော.တော်ပါသေးတယ်...တကယ်.
do or die ပါ...သူဌေးဖြစ် ခွေးဖြစ်ပေါ. ရွေးချယ်မှုမှားသွားတဲ.အခါ ကိုယ်မျော်လင်.ထားတဲ. ဆယ်သိန်းကျပ်အစားဆုတော်ငွေ
တစ်ထောင်ကျပ်လည်းရသွားတတ်တဲ.ဘ၀တွေ လောကမှာ ဒူးနဲ.ဒေးအများကြီးရှိနေတတ်ပါတယ်ခင်ဗျာ။ ။
2012/5/14 demonprince13 <demonprince13@gmail.com>
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။လူ့ဘ၀ ပူဇာပဲလေ့ နှင့် ရွေးချယ်ခွင့် အပိုင်းအစများ
ယမန်နေ့ညက မြ၀တီရုပ်မြင်သံကြားအစီအစဉ်ကို ပက်လက်ကုလားထိုင်တလုံးပေါ်တွင် ရေနွေးကြမ်းလေးသောက်ကာ
ဇိမ်ယူပြီး ကြည့်မိသည် ။ ကိုမောင်မောင်အေး ၊ ကိုဆန်းထွဋ် တို့၏ ပူဇာပဲလေ့ အစီအစဉ်နှင့် ကြုံကြိုက်လေသည် ။
ထိုအစီအစဉ်ကား မြန်မာနိုင်ငံတွင် လူစိတ်ဝင်စားသော အစီအစဉ်များထဲတွင် ထိပ်ဆုံးမှ ပြေးသော အစီအစဉ်ပင်ဖြစ်ကြောင်း
စာဖတ်သူလည်း သိမည်ထင်သည် ။ ဟုတ်သည် ၊ ထိုအစီအစဉ်အချိန်ရောက်လျှင် တစ်ရပ်ကွက်လုံးရှိ လူများထံမှ ဟာ ၊ ဟင်
သွားပါပြီကွာ ၊ ဟေးး ၊ ကောင်းတယ်ဟေ့ အစရှိသော အသံများကို အစဉ်အမြဲ ကြားရတတ်သည် ။ ကျနော်တို့ ရပ်ကွက်မှာ
လက်လုပ်လက်စားပေါများသော ရပ်ကွက်မို့ထင်သည် ။ လူများသည် ကိုယ်တိုင်မရသော်လည်း စင်ပေါ်မှ ကံထူးသူကို သိန်း
သုံးဆယ်ဆုကြီးကို ရစေချင်ကြလေသည် ။
ကျနော်ကိုယ်တိုင်လည်း လူအများကြီးထဲမှ ကံထူးစွာ ( ကံထူးစွာဟုသုံးရခြင်းမှာ ကိုဆန်းထွဋ်မေးသော မေးခွန်းများမှာ မည်သို့
ပင် ပညာတတ်သော်လည်း ကျိန်းသေသိနိုင်မည့် မေးခွန်းများမဟုတ် ၊ လောဂျစ်နည်းဖြင့် လည်းတွက်၍မလွယ် ထိုကြောင့်
ကံကို ထိုးချရခြင်းဖြစ်သည် ) ဖြင့် စင်ပေါ်ရောက်လာသော ထိုပုဂ္ဂိုလ်အား ယခင်က ဆယ့်ငါးသိန်း ၊ ယခု သိန်းသုံးဆယ် ကံ
ထူးရှင်ကြီး ဖြစ်စေချင်လှသည် ။ မုဒိတာများပေ ။
အားလုံးသိကြသည့်အတိုင်း ကစားနည်းမှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သည် ။ နှစ်သက်ရာ နံပါတ်တခုကို ရွေးလိုက်ပါ ၊ ပြီးရင် ကျန်တဲ့
နံပါတ်များကို တခုခြင်း ဖယ်ထုတ်ပါ ၊ ထို ဖယ်ထုတ်နေရင်းပင် စပွန်ဆာခေါ်ထောက်ပံ့ပေးသူက ကျန်ရှိသည့် ဆုအလိုက် ဆက်
မဆော့ပါက ငွေပေးသော ကစားနည်းပင်ဖြစ်သည် ။ ရွေးချယ်သူမှာ လည်း နောက်ဆုံးကိုယ်ရွေးထားသော နံပါတ်အထိရွေးချယ်
ပိုင်ခွင့်ရှိသည် ။
ကျနော် တီဗီကို ကြည့်ရင်း ကြည့်ရင်းတွေးတွေးမိသည် ။ ကျနော်တို့ ဘ၀တွင်လည်း ဤကဲ့သို့ပင် ဖြစ်ပေလိမ့်မည် ။ ကျနော်
တို့သည် ကံအားလျှော်စွာ လူဖြစ်လာကြရသည် ။( စင်ပေါ်ရောက်လာသော ကံထူးရှင်နှင့်တူသည် )။ ထိုနောက် ကျနော်တို့သည်
လူလားမြောက်သောအခါ ကိုယ်နှစ်သက်ရာတခုကို ပန်းတိုင်ထား၍ လူ့ဘ၀ခရီးလမ်းကို လျှောက်ကြရသည် ။ (ကြိုက်နှစ်သက်
ရာ ဆုတစ်ခုကို ရွေးချယ်လိုက်သည် နှင့် တူလေသည် ။)
ကျနော်တို့ ပန်းတိုင်ထားသော အရာ ဆီကို မရောက်ပဲ ကြားတွင် ဖြစ်သင့်ဖြစ်ထိုက်သော အလုပ်များကိုလုပ်ရင်း ရည်မှန်းချက်ပန်း
တိုင်ကို မရောက်သူများလည်းရှိသည်။ ( သိန်းသုံးဆယ် ဆုကိုရွေးလျှက် ငါးသိန်း ၊ ရှစ်သိန်း စသည်ဖြင့်သာ ရသွားသူများနှင့်တူသည်)
အချို့ကလည်း မိမိရွေးချယ်ထားသော ဆုကိုသာ တရှိုက်မတ်မတ် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လက်ခံသွားကြသည် ၊ တနည်း
အားဖြင့် လေးစားမိသည် ။ အမှန်အားဖြင့် ဆိုသော် လူ့ဘ၀ ပူဇာပဲလေ့မှာ ကျနော်တို့နေ့စဉ်ကစားနေရသော ကစားနည်းပင်ဖြစ်
သည် ။ ကျနော်ဆို ငယ်စဉ်က စစ်ဗိုလ်ဖြစ်ချင်သည် ၊ ဖြစ်မလာခဲ့ ၊ ကံကြမ္မာက ခွင့်မပေး ။ထိုနောက် ရဲအရာရှိဖြစ်ချင်သည် ၊
၊ ဆေးပင်စစ်ပြီးပြီ ၊ ဖြစ်မလာခဲ့ ၊ ကံကြမ္မာက နှောင့်ပြန်သည် ။
ကျနော်တို့သည် မိမိစိတ်ထဲတွင် ရွေးချယ်ထားသော ဘ၀ ရှိစမြဲပင် ။ သို့သော်ထိုဘ၀များကိုမရပဲ ဖြစ်သင့် ဖြစ်ထက်သောနေရာများ
တွင်သာ အသက်ဆက်နေရသူများ အဘယ်လောက်ရှိသနည်း ။ မိမိ လိုချင်သော ဘ၀ ကိုရပြီးမှ ထိုဘ၀ ကိုရွေးမိသည့်အတွက်နောင်
တရကြသူများမည်လောက်တောင်ရှိသနည်း ။ မှန်းသည်က သိန်းသုံးဆယ် ၊ ရသည်က နှစ်ထောင် ၊ ထိုကဲ့သူလူများလည်း ရာထောင်ချီ
၍ ရှိလိမ့်မည် ။ ကျနော်တို့သည် ထိုလူ့ဘ၀ ပူဇာပဲလေ့တွင် ညဏ်ကိုလွှာသုံးကာ ထိုက်သင့်သော ဆုကြေးယူကြမည်လော ၊ ရွေးချယ်
ထားသောအရာဆီကို သာ ဇွဲခတ်သွားကြမည်လော ၊ တွေးရင်းတွေးရင်း ၊ တီဗွီထဲမှ ကံထူးရှင်ပုဂ္ဂိုလ် သိန်းသုံးဆယ်ရပါစေကြောင်း
ဆုမွန်ကောင်းတောင်းမိနေတော့သည် ၊
မာဃလုလင်
----
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။