2012/5/28 SOE HTUT <soehtut1@gmail.com>
စိတ်လျော့ထားပါ သူက အကျန်တွေပေးတာပါ....... မြန်မာနိုင်ငံမှာ တစ်ခုခု ပြသာနာကြီးကြီးမားမားတက်ရင် .. မဟုတ်က ဟုတ်က ထရှင်းတဲ့ အစိုးရလူရွှင်တော်တစ်ယောက်က ပေါ်လာစမြဲ ဖြစ်နေပြီမို့ (ဇာဂနာတောင် မယှဉ်နိုင်ဘူး) ဒါအထူးအဆန်း မဟုတ်တော့ပါ...... ဦးကိုကိုလှိုင်က ပြည်သူတွေဘက်ကို ကြည့်ပါတယ်....မရှိတဲ့သူတွေများနေလို့ ဖယောင်းတိုင် ထွန်းခိုင်းတာပါ..... တိုင်းပြည်က လူတွေအကုန်နီးပါး ချမ်းသာနေရင် သူက မီးစက်မောင်းခိုင်းမှာ ဖြစ်ပါတယ်..... လက်ရှိ ပြည်သူတွေ မလောက်ငဘူးဆိုတာကို သူလက်ခံထားတယ်လို့ အကောင်းမြင်စိတ်လေး နည်းနည်း ထားကြည့်လိုက်ပါတယ်... ဟားဟား.... (ကြော်ငြာ..... နောက်တစ်ပါတ်မှ စတင်ပြီး ဖယောင်းတိုင်များအား တစ်နှစ် အတွင်း အရစ်ကျ ပေးချေစနစ်ဖြင့် လိုသလောက် အကန့်အသတ်မရှိရောင်းချမည် ဟု.... မှတ်ပုံတင် ယူလာရန်)
2012/5/27 သုည <sssss4038@gmail.com>လျှပ်စစ်မီးဟာ ဘာကြောင့်မလုံလောက်တာလဲ ?
ဖယောင်းတိုင်တွေ ထွန်းပြီး မီးကို ခြွေတာပါတဲ့ ပိတ်ထားလိုက်ပါတဲ့ ဒါဆို
အဆင်ပြေသွားမယ်တဲ့ ။ ဘယ်လိုပြောရမှန်းတောင်မသိ ဒီလို အကောင်းစား
အကြံဥာဏ်တွေကြောင့် - - အင်းထားပါတော့ ကျွန်တော်ကတော့မေးစရာမေးခွန်းတွေ
စီပြီးထွက်ကျလာတယ် ။
- လျှပ်စစ်မီးဟာ ဘာကြောင့်မလုံလောက်တာလဲ ?
- ပိုနေလို့ တောင် သူများနိုင်ငံကို ရောင်းစားနေတယ်ဆို
ဘာလို့အခုမလုံလောက်ရတော့တာလဲ ?
- မိုးရွာမှ လျှပ်စစ်မီးရမည့် ဘ၀ကို ကျွန်တော်တို့မလိုချင်ပါ ။
ဘေးနိုင်ငံများနှင့်ယှဉ်လျှင် မိုးရာသီတစ်ခုထဲ
တန်းတူလျှပ်စစ်ရမည့်အခြေအနေဖြစ်နေပါသည် ။ ဒါကြောင့် ဘာကြောင့်
မိုးရွာမှပဲ လျှပ်စစ်မီးအပြည့်ပေးနိုင်ပြီး နွေနှင့်ဆောင်းမှာရော
လျှပ်စစ်မီးပေးဖို့ တခြားနည်းလမ်း မရှိတော့ဘူးလား ?
- ဂျပန်လို ဖွံ့ဖြိုးတိုးတက်ပြီး နည်းပညာခေတ်ရှေ့ပြေးနေတဲ့နိုင်ငံနဲ့
ဖွံ့ဖြိုးဆဲ အမှောင်ဘ၀ကနေ ရုန်းထွက်နေရတဲ့ မြန်မာကို အခုလို
ယှဉ်မပြောစေချင်ဘူး ။ မယှဉ်နိုင်လို့မဟုတ်ဘူး ။ အခြေအနေ ဘက်ပေါင်းစုံ ကနေ
နှစ်ပေါင်းများစွာ မျက်စိတွေမှိတ် နားတွေ ပိတ်ခံထားရတဲ့ ဘ၀တွေမို့ ။
-ရေနဲ့ Run ရတာ ဖြစ်တဲ့အတွက် ရေမရှိရင် ဘာမှ မဖြစ်ဘူး ဆိုလျှင်
ကျွန်တော့်ဆီ မိုး ရာသီ မိုးမရွာပဲ မိုးခေါင်နေပါက မည်သို့လုပ်မည်နည်း ။
? မိုးမရွာပဲ ရေမရှိပဲ လျှပ်စစ်ပေးနိုင်အောင် ကြံဆောင်ရမည်မဟုတ်ပါလား ။
" ကျွန်တော်တို့အားလုံး ၂၄ နာရီပတ်လုံး လျှပ်စစ်မီး လိုချင်ပါသည် ။
အကြောင်းပြချက်များသည် စစ်မှန်သော ဖြေရှင်းချက်ကို မပေးနိုင်ပါ ။ ထို
သို့အကြံကောင်းဥာဏ်ကောင်း ( မီးပိတ်ထားလိုက်ကြပါ ဖယောင်းတိုင်
နှင့်နေကြပါ ) ဆိုတာကိုလည်း ပြည်သူများက ကျေးဇူး များစွာ ထပ်ခါထပ်ခါ
တင်နေသည် ။ "
@@@@@@@@@@@@@@@@@@@@@@@@@@@@@
"ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး
Nuclear Plant တွေအကုန်ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခုပဲ ကျန်တယ်။
ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက
ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျွန်တော်တို့ကလည်း
ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။
အားလုံးအဆင်ပြေသွားပါလိမ့်မယ်။"
" "သက်ဆိုင်ရာက အကောင်းဆုံးဖြစ်အောင် လုပ်နေကြတယ်။ အမြန်ဆုံးဖြစ်အောင်
လုပ်နေကြတယ်။ မိုးရွာတာနဲ့ Voltage ထုတ်နိုင်တဲက Power တက်လာပြီ။
မိုးမရွာရင် ရေအားလျှပ်စစ်က Run လို့မရဘူး။ ရေနဲ့ Run ရတာ ဖြစ်တဲ့အတွက်
ရေမရှိရင် ဘာမှ မဖြစ်ဘူး။ မိုးက အခုဆိုတော်တော် စရွာနေပြီ။ မကြာမီ
ပြေလည်သွားမှာပါ။"
နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က
့(မေလ ၂၄ ရက်နေ့) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ
သက်တန့်ချို
Source : EMG
Photo : Weeklyeleven
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ