မီးကို အဓိက အားထားနေရတဲ့ လုပ်ငန်းရှင်တွေ က မီးစက်တစ်လုံး ဝယ်မယ် .... မီးစက်မောင်းဖို့ ဆီ ဝယ်မယ် .... အဲ့ဒီကုန်ကျစားရိတ်တွေကို
ဖေါက်သည် ဖြစ်နေတဲ့ ပြည်သူတွေ ဆီကပြန်ရတယ်.. ဒီတော့ဘယ်ပါမလဲဗျာ.. အနေသာကြီးကို ... မီးစက်နဲ့ လုပ်လို့မရနိုင်တဲ့လုပ်ငန်းတွေကတော့ ...
EPC ကို ပိုက်ဆံပေးပြီး မီးရယူနေတာတော့ မြင်ဖူးတယ် ဗျ... ဒါနဲ့ ကျွန်တော် လည်း နယ် ကပဲ ဗျ...
2012/5/30 လင်းဇော်ထက် <linnzawhtike@gmail.com>
အားအားယားယား မို့ လုပ်နေကြတာပဲလေ ။ မအားတဲ့ လူ ဘယ်လုပ်နိုင်မလဲဗျ ဆိုတော့ အဲ့တောင်းဆိုတဲ့လူတွေထဲမှာ ခင်ဗျားထက် အဆများစွာ အလုပ်ရူပ်တဲ့သူ အချိန်မပေးနိုင်တဲ့သူ ဒုနဲ့ဒေးမပါနိုင်ဘူးလား ။ကဲထားပါတော့ ခင်းဗျားပြောတဲ့ကိစ္စတွေထဲက တခုခုကို ခင်ဗျားအနေနဲ့ ဘာလုပ်ပေးဘူးပါသလဲ။ကိုယ်တိုင်စွမ်းမှ အပြစ်တင် လူတွေကိုစိတ်ကုန်ရင်တော့
2012/5/30 aatolay <kkogyister@gmail.com>ကျွန်တော်ကတော့လူတွေကိုတနေ့ထက်တနေ့ပိုချစ်လာတယ်ခင်ဗျ။။နောင်ကြီးအနေနဲ့လူတွေကိုစိတ်ပျက်စ၇ာလို့မြင်လာပြီဆို၇င် တ၇ိစ္ဆာန်တွေနဲ့ ပဲ အပေါင်းအသင်း လုပ်ပါလို့ စေတနာ ဗလပွနဲ့ အကြံပေးပါ၇စေ။။။နောင်ကြီးစိတ်ချမ်းသာအောင်ပြောတာပါ။။။:-) :-) :-)
On May 30, 2012 7:14 PM, "Hein Yar Zar Kyaw" <yarzar.yeu@gmail.com> wrote:--အားအားယားယား မို့ လုပ်နေကြတာပဲလေ ။ မအားတဲ့ လူ ဘယ်လုပ်နိုင်မလဲဗျ ။ ကဲ မေးမယ်ဗျာ.......မီးကို အဓိက အားထားနေရတဲ့ လုပ်ငန်းရှင်တွေ ပါသလား ။ မီးလုံးဝ မရတဲ့ နယ်ကလူတွေ ပါသလား ။ခုမှ မီးပုံမှန်မရလို့ ဖြစ်နေကြတာ မဟုတ်လား ။ နယ်တွေမှာ မီး လုံးဝ မရတာတော့ ပြောတော့ဘူးပေါ့ ။ မီးမမှန်တာ အဲ့လောက် အရေးကြီးလား ။ တပ်က မြေတွေ သိမ်းလို့ နေစရာ မဲ့နေတဲ့ သူတွေ ၊ ကချင်ဒေသက ဒုက္ခသည်တွေ ရဲ့ ဒုက္ခထက် အရေးကြီးနေလား ။ အခုတော့ သောက်ရေးမပါတာတွေ ကိုပဲ အရေးပါသလို လုပ်နေကြတာ စိတ်ပျက်တယ် ဘယ်ကောင်က မွေးကတည်းက မီးပေးစက်နဲ့ ဖက်မွေးလာလို့လဲ ။ စိတ်လေတယ် ကြည့်လိုက်တိုင်း ဒီမီးမမှန်တဲ့ အကြောင်းတွေ ချည်းပဲ ။ လူတွေ က ကြာလေ စိတ်ပျက်စရာကောင်တွေ များလာလေပဲ ။
2012/5/28 thurein lay <attractivelover01@gmail.com>ဟုတ်လားအဲ့ဒီငါးခုံးမတွေ လယ်ကလာမလဲ .......... ကျွန်တော် ဖြစ်ပေးရမလား။
တစ်နိုင်ငံလုံး မှးတက်ရှို့ပေးရမလား.................... ဟားဟားဟား
ဘယ်အစိုးရတက်တက်...... ဘယ်ပါတီတက်တက် မြန်မာပြည်သားစစ်စစ်တွေပဲဆိုရင် ဒီမြေဟာ ငါတို့မြေ၊ ငါတို့ဘိုးဘွာပိုင်မြေလို့ပြောနိုင်ပါတယ်။ အရောတွေကော ၊ ခိုလှုံသူတွေကော မပါပါဘူးကွ
ခဏလေးတောင်သည်းမခံနိုင်လို့ပြတာ ပြလေ။ မတားဘူး။ တစ်ခုပဲ သူများတွေကြည့်နေတယ်နော်။ ပါသွားမယ် သတိထား။2012/5/27 goodluck zaw <goodluckzaw@gmail.com>
ဒီမို နိုင်ငံတော်ကို ကူးပြောင်းပြီဆိုတဲ့ စကားအရ နဲ့ မိမိတို့ရဲ့ ဆန္ဒအရ ဆန္ဒပြကြတာ ဒါ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် နွေရာသီဖြစ်နေပြန်တော့ မီးရေးထင်းရေး ဂရုစိုက်ဖို့ အထူးလိုပါတယ်။ မတော် ဆန္ဒပြတာကို မလိုလားတဲ့သူတစ်ချို့က သူတို့ကိုယ်တိုင် ရှို့မီးတွေလုပ်ခဲ့ရင် ပြည်သူတွေ လျှပ်စစ်မီးမရတာထက် ပိုဆိုးတဲ့ အရာတွေ ဖြစ်သွားနိုင်ပါတယ်။ ဖယောင်းတိုင်ကိုင်ပြီး ဆန္ဒပြတဲ့သူတွေ ဂရုစိုက်ကြပါ။ အချင်းချင်း ထိန်းသိမ်းပေးကြပါ။ ငါးခုံးမကို သတိပြုကြပါ ။
2012/5/27 orc ster <orchidster009@gmail.com>အကြွင်းမဲ့ထောက်ခံပါတယ်..ဒီစာလေးကိုး
> * *
On 5/26/12, demonprince13 <demonprince13@gmail.com> wrote:
> အားအားယားယား ဖယောင်းတိုင်ထွန်းကြသလား ?
>
>
> ဒီနေ့ မိတ်ဆွေတစ်ယောက်ရဲ့ ဆောင်းပါးတိုလေး တပုဒ်ကို ဖတ်လိုက်ရတော့
> ကျနော်တော်တော်
>
> အတွေးပွားသွားတယ် ။ အဲ့ဒီမိတ်ဆွေကလည်း ကျနော်နဲ့ တော်တော်ခင်တဲ့မိတ်ဆွေ ၊
> ပြောရရင် သောက်
>
> ဖော်သောက်ဖက် ၊ ကဗျာ ရွတ်ဖော် ရွတ်ဖက်ပေါ့ ။ ထားတော့ ။ သူ့ဆောင်းပါးမှာ
> ဘယ်လိုရေးထားလဲဆို
>
> တော့ . . . ဖယောင်းတိုင်ထွန်းပြီး ဆန္ဒထုတ်ဖော်တာ မလုပ်သင့်တဲ့ကိစ္စပါတဲ့ ၊
> မလိုအပ်သေးပါဘူးတဲ့ ။
>
> ကျနော်တို့မှာ လျှပ်စစ်မီးသုံးစရာလည်း သိပ်မရှိပါဘူးတဲ့ ၊ ထမင်းချက်တာ
> တီဗွီကြည့်တာလောက်ပဲ လုပ်
>
> တဲ့လူတွေက ဆန္ဒပြတယ်ပေါ့လေ ။ တကယ့် လျှပ်စစ်ကိုသုံးနေတဲ့ စက်ရုံပိုင်ရှင်တွေ က
> ဆန္ဒထွက်ပြရ
>
> မှာတဲ့ ၊ ကျနော်တို့က အပ်နဲ့ထွင်းရမဲ့နေရာကို ပုဆိန်နဲ့ပေါက်နေတာတဲ့ ၊။
> အကျဉ်းချုပ်လိုက်ရင်တော့
>
> ဒီ အဓိပ္ပါယ်နဲ့ ရေးထားတယ် ။
>
>
>
> ကျနော် ပြန်စဉ်းစားကြည့်တယ် ။ ကျနော်တို့များမလိုအပ်ပဲ နဲ့
> လမ်းပေါ်ထွက်ပြီးအချိန်ကုန်ခံ ၊ အဖမ်းခံရမှာ
>
> မကြောက် ဘာမကြောက် နဲ့ ဟေးလားဟားလား လုပ်နေကြသလား ? ။ ကျနော်တို့
> မြန်မာလူမျိုးတွေ ဘဝ
>
> က အစိုးရတရပ်ရဲ့ ( ဘယ်အစိုးရ တက်လာတက်လာ ) ထားရာနေ စေရာသွား ၊ သူတို့လုပ်သမျှ
> ငြိမ်ခံ ၊ သူတို့
>
> ကိုကြောက်ရွံ့ပြီး ဒီအတိုင်းဆက်နေသွားရတော့မှာလား ။ မဟုတ်သေးဘူးနော် ၊
> အဲ့ဒါမဟုတ်သေးဘူး ။ လူ
>
> တစ်ယောက်မှာ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဆိုတာ ရှိရတယ် ၊
> နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဆိုတာ
>
> ရှိရတယ် ။ ဒီမြေ ဒီရေ ဒီနိုင်ငံဟာ အဲ့ဒီအစိုးရတရပ်ရဲ့ ဘိုးဘွားပိုင်အမွေ
> မဟုတ်ဘူး ။ အဲ့ဒီပါတီရဲ့ အပိုင်ပစ္စည်း
>
> လည်းမဟုတ်ဘူး ။ နိုင်ငံသားတိုင်းပိုင်တဲ့ နိုင်ငံ ၊ လူတစ်ယောက်ရဲ့
> ရပ်တည်မူ့ကွဲပြားသွားလို့သာ နိုင်ငံဖြစ်ရပ်
>
> တွေ နဲ့ မနီးစပ်တာပဲ ရှိမယ် ၊ နိုင်ငံသားတိုင်းဟာ နိုင်ငံအရေးကိစ္စတွေမှာ
> လိုအပ်လာရင် ပါဝင်ရမယ် ။ ကျနော်
>
> အဲ့ဒါကို နိုင်ငံရေးလို့ အဓိပ္ပါယ်ဖွင့်တယ် ။
>
>
>
> ဟေးလား ဟားလား ၊ အီးယောင်ဝါးလုပ်ချင်မှတော့ ဖယောင်းတိုင်ကိုင်ပြီး
> ဘယ်အချိန်ရဲလာဖမ်းမှာကိုကြောက်
>
> ရွံ့နေတာမလုပ်တော့ဘူး ။ ဘီယာသောက်ပြီး ကေတီဗွီပဲ သွားလိုက်တော့မယ် ။
> ပိုက်ဆံမရှိရင် လဖက်ရေ
>
> သောက်ပြီး မိတ်ဆွေတွေနဲ့ လေဖေါနေလိုက်မယ် ။ ဒီ ဖယောင်းတိုင်ထွန်းတယ်ဆိုတာ
> ရင်ဘတ်ထဲကလာတဲ့
>
> စိတ်တစ်ခုနဲ့ထွန်းနေတာ ။ ကိုယ့်ရပိုင်ခွင့် ၊ ကိုယ့်မိသားစုရဲ့
> ရပိုင်ခွင့်အတွက် ငြိမ်းချမ်းစွာတောင်းဆိုနေတာ ။
>
> ကျနော်တို့အိမ်မှာ ရေစက်မရှိဘူး ၊ ရေ၀ယ်ရတယ် ၊
> ကိုယ့်လိုရေ၀ယ်တဲ့အိမ်တွေများတော့ စောင့်ယူရတယ် ။
>
> မီးပျက်သွားရင် ဘယ်လောက်စောင့်စောင့်မရတော့ဘူး ။ မီးလာတဲ့အချိန်က ည၁၂ နာရီ ၊ ၁
> နာရီဆို ရင်လည်း
>
> ရေစက်ပိုင်ရှင်တွေက ရေထမပေးဘူး ။ အဲ့လို နှစ်ရက်လောက် ကြုံသွားရင် ဒုက္ခကို
> လှလှရောက်ရောပဲ ။ မျက်
>
> နှာသစ်စရာရေတောင် ဘေးအိမ်က ရေဗုံးလေးနဲ့ သွားတောင်းရတယ် ။ သူတို့ကလည်း
> ကိုယ်လိုဒုက္ခသည်ဆို
>
> တော့ ယူရတာ အားနာစရာကောင်းတယ် ။ ဒီတော့ ရှင်းရှင်းပဲ ပြောမယ် ။
> ပိုက်ဆံရှိပြီးရေ၀ယ်မရလို့ ၊ အိမ်သာ
>
> တက်စရာရေမရှိအောင် ဒုက္ခများလွန်းလို့ ၊ ကျနော် ဖယောင်းတိုင် ထွန်းရပါတယ် ။
>
>
>
> အရင် က စစ်အစိုးရအုပ်ချုပ်တုန်း က လူတွေဆန္ဒမပြရဲကြဘူး ၊
> ရိုက်နှက်ခံရမှာကြောက်ကြတယ် ၊ အဖမ်းခံရမှာ
>
> ကြောက်ကြတယ် ။ အခုတော့ အရင်ကထက် နည်းနည်းလေး တိုးတက်လာတယ် ။
> ဒါကိုအခွင့်အရေးယူပြီး
>
> ဆန္ဒပဲ စွတ်ပြနေတာမဟုတ်ဘူး ။ အခု အစိုးရက ဒီမိုကရေစီအစိုးရ နာမည်ခံထားတယ် .
> နာမည်နဲ့လိုက်အောင်
>
> ဒီမိုအစိုးရဆန်ရမယ် ၊ ဒီတော့ ပြည်သူကလည်း ဒီမိုကရေစီနည်းလမ်းအရ
> ငြိမ်းချမ်းစွာဆန္ဒပြတယ် ။ ဘယ်သူမှ
>
> လမ်က ဓါတ်မီးတိုင် ခဲနဲ့ထုပြီး မီးပေးပါ လို့ ဆန္ဒပြတာမဟုတ်ဘူး ။ အေးအေးဆေးဆေး
> ပဲ ဖယောင်းတိုင်ထွန်း
>
> နေတာ . . . လုပ်ပေးနိုင်တာ မလုပ်ပေးနိုင်တာသည် အစိုးရကိစ္စ ၊ တောင်းဆိုတာက
> ပြည်သူ့ကိစ္စ ။ နောက်
>
> ဆုံး ၀န်ကြီးကို နုတ်ထွက်ဖို့တောင်းဆိုရင်တောင် တောင်းဆိုတာက ပြည်သူ့ကိစ္စ ၊
> နုတ်ထွက်ပေးတာမပေးတာ
>
> က ၀န်ကြီးနဲ့ အစိုးရ အဖွဲ့ ကိစ္စ ။ အရင်တုန်းက စစ်အစိုးရဆိုတော့
> ဒီလိုမျိုးတောင်းဆိုလို့မရဘူး ၊ အခုဒီမိုအစိုး
>
> ရ လို့ အစိုးရ အဖွဲ့ ကိုယ်နိုက် က ၀န်ခံထားတော့ ကျနော်တို့ ပြည်သူတွေကလည်း
> ဒီမိုနည်းလမ်းနဲ့ ဆန္ဒထုတ်
>
> ဖော်တယ် ။ ဒါတောင် ပြည်နဲ့ စစ်ကိုင်းမှာ အဖမ်းခံရတယ် ။ ရန်ကုန် နဲ့
> မန်းလေးမှာတော့ ရုပ်ပျက်မှာစိုးလို့မ
>
> လုပ်တာထင်တယ် ။
>
>
>
> ကေအိုင်အေ က တာဝါကို မိုင်းခွဲလို့ မီးပျက်ရတယ်ဆိုတာ အားလုံးမှန်တယ်မထင်ဘူး ၊
> ကေအိုင်အေ မိုင်းမခွဲ
>
> ခင်ကတည်းက မီးက မမှန်တာ ။ အစိုးရတစ်ရပ်အနေနဲ့ ဒီအချိန်မှာ
> ရေအားလျှပ်စစ်နည်းတယ် ၊ ပြည်သူတွေရဲ့
>
> လိုအပ်ချက်မြင့်မယ် ဆိုတာ ကြိုတွေးထားသင့်တယ် ။ ဒီလိုမှ မလုပ်ပေးနိုင်ရင် ၊
> ဒီလို အခြေခံလိုအပ်ချက်လေး
>
> တွေကိုတောင် မလုပ်ပေးနိုင်ရင် ဘာကြောင့်တိုင်းပြည်ကိုအုပ်ချုပ်နေသေးလဲ ၊
> ခရိုနီတွေကိုပဲ မကြည့်ပါနဲ့ ၊
>
> သာမန် ပြည်သူတွေကိုလည်း တခါတလေ ငဲ့သင့်တယ် ။
>
>
>
> အစိုးရ အကြံပေးဦးကိုကိုလှိုင်ရဲ့ မီးမလာရင် ဖယောင်တိုင်ထွန်းဆိုတဲ့စကား နဲ့
> ဘုရင်မတစ်ယောက်ရဲ့ ပေါင်
>
> မုန့်မရှိရင် ကိတ်မုန့်စားဆိုတဲ့ စကားက အတူတူပဲ ။ တကယ်မဆင်းရဲ မကျပ်တည်း
> ဒုက္ခမကြုံဖူးတဲ့လူက အဲ့
>
> ဒီဒုက္ခကို တွေးကြည့်လို့ပဲ ရတာ ၊ တကယ်လက်တွေ့အရသာကိုမသိဘူး ။ အခု အစိုးရက
> နှစ်ပါတ်အတွင်းမီး
>
> ၂၄ နာရီရအောင်လုပ်ပေးမယ်လို့ ကတိပေးထားတယ် ။ ပြောတာပဲ ၊ တကယ်လာမှ ကျနော်တို့
> ဖယောင်းတိုင်
>
> ထွန်းတာကို ရပ်နိုင်မယ် ၊ လုပ်ပေးမယ် လုပ်ပေးမယ်နဲ့ ခံရပေါင်းလည်းများလှပြီ ။
> ၈၈ ကတည်းက ပေးလိုက်
>
> တဲ့ ဒီမိုကရေစီ ၊ အခုတောင့်ရတာမသေချာသေးဘူး ။ တကယ် ၂၄ နာရီမီးပေးရင် ဘယ်သူမှ
> အပင်ပန်းခံ လမ်း
>
> ပေါ်ထွက်ပြီး ဖယောင်းတိုင်ထွန်းမနေဘူး ။ အခုမီးပေးမယ်ဆိုတဲ့ ကတိတောင်
> လမ်းပေါ်ထွက် ဖယောင်တိုင်
>
> ထွန်းလို့ရတာ ။ အရင်လို ငြိမ်နေရင် ဘာမှ မရပဲ အမှောင်ထဲမှာ
> ငုတ်တုတ်ဖြစ်နေလိမ့်မယ် ။ ဒီတော့ နောက်
>
> နှစ်ပါတ်ကြာလို့ မီး ၂၄ နာရီပေးရင် ကျနော့်မိတ်ဆွေ . . . တနိုင်ငံလုံးက
> အားအားယားယား ဖယောင်းတိုင်
>
> ထွန်းသူတွေကို ကျေးဇူးတင်လိုက်ပါ . . . ။
>
>
>
> မာဃလုလင်
>
> 26.5.2012
>
>
>
>
>
>
> --
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Ye` Minn (Facebook)