2012/5/29 ko naing <hugecockscrewer@gmail.com>
အော် သည်ကောင် လူမှ ဟုတ်ရဲ့လား။
ဘယ်လို အကြောင်းတွေများ ရှိနေလို့လဲ။
အင်မတန် ဝမ်းနည်းစရာ ကောင်းတာပဲ။
လူတစ်ယောက်မှာ အခြားလူတစ်ယောက်ရဲ့ အသက်ဘဝကိုတောင်
တန်ဖိုးမထားတော့တဲ့ Attitude မျိုး ရှိနေတာ အံ့သြစရာပါပဲ။
သည်လို အဖြစ်မျိုး ဘယ်သူ့မှ နောက်ထပ် မကြုံရပါစေနဲ့။
သည်လို အဖြစ်မျိုး ဘယ်သူမှ နောက်ထပ် မပြုကြပါစေနဲ့။2012/5/29 လင်းဇော်ထက် <linnzawhtike@gmail.com>
မေလ(၂၇)ရက်နေ့က ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ အမျိုးသမီးသည် ယနေ့ မေလ(၂၉)ရက်နေ့မွန်းလွဲ(၃)နာရီ(၅၅)မိနစ်ခန့်က ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။2012/5/28 မု ယော <tycoonlay1@gmail.com>ယနေ့ညနေ ၆ နာရီကျော်က ကမာရွတ်မြို့နယ် လှည်းတန်း ၇ လမ်း ၅ လွှာတွင်
ငှားရမ်းနေထိုင်သည့် ညီအမနှစ်ဦးအား လွင်ဦးဆိုသူ လူငယ်တဦးက
ဓါတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွားသဖြင့် ဒဏ်ရာရရှိသူ မိန်းကလေး ၂ ဦးကို
ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရှိရသည်။
ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ နယ်မှ ရန်ကုန်တွင်
အခန်းငှားလာရောက်နေထိုင်လျှက်ရှိသူ မအိမြတ်မွန် (၂၇ နှစ်) နှင့် ၎င်း၏
ညီမဖြစ်သူ မအေးမွန်တို့ဖြစ်ပြီး မအိမြတ်မွန်မှာ
မီးလောင်ဒဏ်ရာများပြားသည်ဟု လည်းသိရသည်။
ယခုလိုဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ပြီး
ထပ်မံသိရှိရလျှင်ရခြင်း တင်ပြပေးသွားပါမည်။
Source:http://moemaka.blogspot.com/2012/05/two-girls-burn-in-rangoon.html
ဖြစ်တာတော့ မနေ့ ကညနေကပေမဲ့ ကျနော်တော့ ဒီမနက်မှ အိမ်က အဖွားကြီးက
ဖုန်းဆက် သတင်းပေးလို့  သတင်းအနံ့ ခံတာ..မိုးမခ ဘလော့မှာ သွားတွေ့ သဗျား
ပုံလေးဘာလေးများ တွေ့ မလား ဆက်ရှာတော့ မတွေ့ ပါဘူး.လှည်းတန်းဘက်က
ရွာစားတွေ အိပ်ပျော်နေတယ်ထင်ပါ့.. :D
ဆက်ရှာတော့..ဧရာဝတီဘလော့ဂ် မှာ ဒီလိုထပ်တွေ့ သဗျား..
မိန်းကလေးငယ် ၂ ဦးကို တိုက်ခန်းတွင်း ဓာတ်ဆီလောင်း မီးရှို့တဲ့ဖြစ်စဉ်တခု
မေလ ၂၇ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ၃ ရပ်ကွက်၊
လှည်းတန်း ၇ လမ်းက တိုက်ခန်း တခုမှာ ဖြစ်ပွားတယ်လို့ 7 Days သတင်း
တပုဒ်မှာ ဖော်ပြထားပါတယ်။
မီးရှို့ခံရတဲ့ မိန်းကလေး ၂ ယောက်ဟာ ညီအမများဖြစ်ကြပြီး အမဖြစ်သူ
မအိမြတ်မွန်ရဲ့ ရည်းစားဖြစ်သူ လွင်ဦး ဆိုသူက အချင်းများကြရာက အခုလို
ဓာတ်ဆီလောင်းကာ မီးရှို့လိုက်တာလို့ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ် မအိမြတ်မွန်ဟာ ဆေးတက္ကသိုလ် ပြီးကာစ ဆရာဝန်တဦး ဖြစ်ပြီး
ယခုအခါ ရန်ကုန် ပြည်သူ့ဆေးရုံ ကြီး၊ အရေးပေါ်ဌာနမှာ
ဒဏ်ရာများပြင်းထန်စွာနဲ့ သတိလစ်မေ့မျောနေပြီး ညီမဖြစ်သူ ကတော့
ခြေထောက်ပိုင်း မှာ မီးလောင်ဒဏ်ရာများ ရရှိထားတယ်လို့ဆိုပါတယ်။
မီးရှို့ခဲ့သူကို ရဲက ဖမ်းဆီးလိုက်မိပြီလို့ သိရပါတယ်။
http://www.irrawaddyblog.com/2012/05/blog-post_28.htm
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ