[aurorageneration] Re: [mrsorcerer:26589] ပညာရှင်တို့ပြောတဲ့ ရခိုင် နဲ့ ဘင်္ဂလီရိုဟင်ဂျာ

မင်းရေးတဲ့စာကို ဖတ်ကြည့်ရုံနဲ့မင်းက မွတ်စလင်တစ်ယောက်ဆိုတာ
သိပါတယ်။
အေး..မင်းတို့က တို့နိုင်ငံမှာလည်း လာနေသေးတယ်။ငြိမ်းငြိမ်းချမ်းချမ်းလည်း
မနေချင်ကြဘူး...
မင်းတို့က မြန်မာနိုင်ငံမှ မဟုတ်ပါဘူး...နိုင်ငံတကာမှာ ပွကြီးတွေဖြစ်နေတာပါ။
မနေ့က ဆိုမားလီးယားနိုင်ငံမှာ...ခရစ်ယာန် ဘုရားကျောင်းလေးကျောင်းကို
တနင်္ဂနွေ ဘုရားဆုတောင်းပွဲကျင်းပနေတုန်း မွတ်စလင်တွေက ဗုံးဖောက်ခွဲလိုက်လို့
လူတွေအများကြီးသေသွားတယ်ကွ..သတင်းတွေဖတ်ကြည့်ဦး....
မင်းတို့ တို့နိုင်ငံမှာလည်း နောက်ဆို အဲလိုတွေ လုပ်ဦးမှာ..မြေကြီးလက်ခက်မလွဲဘဲ
အဲဒီတော့ ဒို့တိုင်းရင်းသားရခိုင်တွေက...ဦးနှိမ်ထားရမှာပေါ့
ဒါတောင်မင်းတို့က .... ရလို့လား...အစွန်းရောက်မြဲရောက်နေကြတာလေ။
နောက်တစ်ခုက မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစွန်းရောက် ဘာသာရေးဆရာ
၇ ဦးဖမ်းမိတယ်တဲ့ ဗုဒ္ဒ ဘာသာဝင်တွေ ရဲ့လည်ချောင်းသွေးနဲ့ယဇ်ပူဇော်ဖို့ ...လိုက်စည်း
ရုံးနေတယ်တဲ့။
အဲဒါကိုလည်း ထည့်ပြောဦး...မင်းတို့ချည်းဘဲအမှန်လုပ်မနေနဲ့

On 6/21/12, Ruby Mirror <ruby.mirror786@gmail.com> wrote:
> ၇ခိုင်-၇ိုဟင်၈ျာအဓိက၇ုန်းဘယ်သူတွေဖန်တီးသလဲ..
>
> ၂၀၁၂ ခု၊ မေလ (၂၈)ရက် နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊
> ကျောက်နီမော်ရွာမှ မသီတာထွေး အား လူ တချို့က မစ္စည်းလု မုဒိန်းကျင့် သတ်ဖြတ်ခဲ့
> သည်ဟုဆိုသည်။ ထို ကိစ္စတွင် မွတ်စလင်မ် လူငယ် သုံးဦး ကို ဖမ်းဆီးထားရာ တစ်ယောက်
> မှာ ကျောက်ဖြူ ထောင် ထဲ၌ သတ်သေ သည်ဟုဆို သည်။ ကျန်နှစ်ဦး ကို သေဒဏ်အပြစ်ပေး
> ထားကြောင်း သိ ရသည်။ အမှုမှာ ခြင်္သေ့က သားကောင်ကို သတ်စားပြီး သိုးကလေး
> ပါးစပ်တွင် သုတ်ထားပေးသည်ဟု တချို့ကဆိုကြသည်။
>
> ဇွန်လ (၃)ရက်နေ့နံနက်က ၀ံသာနုရက္ခိတအဖွဲနှင့် ရခိုင်မျိုးချစ်အဖွဲ့ဝင်တချို့က
> တောင်ကုတ်မြို့တွင် မွတ်စ လင်မ် ဆန့်ကျင်ရေးစာရွက်စာတမ်းများ ပြန့်ဝေခဲ့သည်။
> ထိုနေ့ ညနေတွင် သံတွဲမှလာသော မွတ်စလင်မ် ဘာသာရေးသမား (၁၀)ဦးကို တောင်ကုတ်မှ
> အကြမ်းဖက်သမားတချို့က ရိုက်ခုတ် သတ်ဖြတ် ခဲ့ကြသည်။
> ဇွန်လ (၈)ရက်နေ့တွင် မောင်တောမြို့၌ ရခိုင် ဗုဒ္ဓဘာသာဝင်တချို့နှင့်
> မွတ်စလင်မ်တချို့ အဓိက ရုဏ်းဖြစ်ပွားခဲ့သည်။
> ထိုနေ့ညနေတွင် ပြည်ပအခြေစိုက် သတင်းဌာနများဖြစ်သော (ဘီဘီစီ၊ ဗွီအိုအေနှင့်
> အာရ်အာဖ်အေ)တို့မှ စစ်တွေမြို့ရှိ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင်အမျိုးသား
> တိုးတက်ရေးပါတီ RNDP အဖွဲ့ဝင် တချို့နှင့် မောင်တောကိစ္စကိုမေးမြန်း
> စုံစမ်းခဲ့သည်။
>
> တစ်ချိန်တည်းမှာပင်စစ်တွေမြို့အခြေအနေကိုလည်း မေးမြန်းခဲ့ကြသည်။ ထိုအခါ
> ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော် အား စစ်တွေမြို့အခြေအနေ
> မေးမြန်းခဲ့ရာ အဆိုပါပြောရေး ဆိုခွင့်ရှိသူက စစ်တွေမြို့တွင် အခြေအနေအလွန်
> တင်းမာနေကြောင်း၊ ယနေ့ညနေတွင် မွတ်စလင်မ် တစ်သောင်းကျော်က
> လမ်းပေါ်ထွက်လာကြောင်းစသည်ဖြင့် လုံးဝမှန်ကန်မှုမရှိသော လုပ်ကြံသတင်း တစ်ခုကို
> မီဒီယာများသို့ ရည်ရွယ်ချက်အပြည့်ဖြင့် ပေးအပ်ခဲ့သည်။ ထို့အပြင်
> မွတ်စလင်မ်များသည် ဘင်္ဂလာဒေရှ့်မှ ဝင်ရောက်လာကြောင်း အခုလိုပြောကြားခဲ့သည်။
> (သဲချောင်းဘက်မှ ဘင်္ဂလာဒေရှ့် အဝင်အထွက်လုပ်နိုင်တဲ့ အပေါက်တစ်ပေါက်ရှိပါတယ်၊
> အဲဒီလမ်းကြောင်းမှ ဘင်္ဂလီတွေ စက်လှေများနဲ့ ဝင်လာရင် သုံးနာရီပဲလိုပါတယ်) ဟု
> ရည်ရွယ်ချက်ရှိရှိနှင့်လှုံ့ဆော်လုပ်ကြံ ပြောဆိုခဲ့သည်။
>
> သတင်းမှန်မှာ ဇွန်လ (၈)ရက်နေ့တွင် RNDPမှ ဦးဆောင်ပြီး စစ်တွေမြို့အနီး
> မြို့နယ်များမှ (အထူးသဖြင့် ရသေ့တောင်မြို့နယ်မှ) လူအမြောက်အများကို
> စစ်တွေသို့ခေါ် ယူလာခဲ့ သည်။ ထိုသို့ ခေါ်ယူလာသော အကြမ်းဖက်သမားများကို
> အုပ်စုသုံးခုခွဲပြီး ဖြန့်ကျဲ နေရာချထားခဲ့သည်။ လူ ၂၀၀ ကျော် ပါဝင်သော
> အုပ်စုတစ်ခုကို နာဇီရပ်ကွက် အနီးရှိ ဦးအောင်နိုင်ဝင်း ပိုင်ဆိုင်သော
> ဆန်စက်ကွင်းတွင်လည်းကောင်း၊ ဒုတိယအုပ်စုကို စစ်တွေသင်္ဘောဆိပ်
> အနီးတွင်လည်းကောင်း၊ တခြားအုပ်စုတစ်ခုကို ဘောလုံးကွင်း
> ရပ်ကွက်အနီးတွင်လည်းကောင်း အသီးသီးချထားသည်ဟု သိရသည်။
>
> ဘောလုံးကွင်းရပ်ကွက်မှာ (၁၉၅၃-၅၄) ခုနှစ်ခန့်က ဦးနုအစိုးရမှ အရှေ့ပါကီစတန်
> (ယခုဘင်္ဂလာဒေရှ့်) အ၀ကျွန်းမှ ရခိုင်ပြည်သို့ခေါ်သွင်းလာသော
> ရခိုင်လူမျိုးများအနက် တချို့နေထိုင်သည့် ကျေးရွာဖြစ်သည်။
>
>
> အ၀ကျွန်းမှလာသော ရခိုင်များက ဒေသခံရခိုင်များနှင့်အစိုးရ၏
> ထောက်ခံစာနာမှုကိုရရှိ ရန်အတွက် ဘင်္ဂ လာဒေရှ့် နိုင်ငံ တွင်
> လူနည်းစုရခိုင်များကို ဖိနှိပ်ချုပ်ချယ်ကြောင်း ပြောဆိုခဲ့ကြသည်။ အမှန်မှာ
> အရှေ့ ပါကီစတန်တွင် လူမျိုးရေးအရ ဖိနှိပ်မှုမရှိဘဲ လူနည်းစုရေးရာ
> ဝန်ကြီးဌာနကိုပင်ဖွင့်ထားလျက် လူနည်းစု များကို ကာကွယ်ခဲ့ကြသည်။
> ယခုအချိန်မှာလည်း လူနည်းစုများကို မတော်မတရား ချုပ်ချယ် ဖိနှိပ်ခြင်း မရှိချေ။
>
> ဒါက်တာအေးမောင် ဦးဆောင်ခေါ်လာသော အကြမ်းဖက်အုပ်စုများသည် စစ်တွေမြို့၏ အခြေ အနေ
> ကိုနားမလည်ကြပေ။ မွတ်စလင်မ်အိမ်ဆိုလျှင်ပင် အိမ်ထဲဝင်ပြီး သတ်ဖြတ်ကာ
> အိမ်များကို မီးရှိုးခဲ့ကြသည်။
>
> ဇွန်လ (၉)ရက်နေ့တွင် အကြမ်းဖက်ဂိုဏ်းတစ်ခုက စစ်တွေမြို့ရဲစခန်းမှ ကိုက်
> (၃၀၀)ခန့် ဝေးကွာသော အိမ်ခြေ (၄၀)ခန့်ရှိသည့် ဈေးဟောင်းမောလိပ်ရှိ
> မွတ်စလင်မ်အိမ်များ အတွင်းဝင်ရောက်ပြီး လူများကို သတ်ဖြတ်လျက် အိမ်များကို
> မီးရှိုးခဲ့ကြသည်။ မွတ်စလင်မ်အိမ်အနီးအနားရှိ ရခိုင်အိမ်များလည်း
> မီးလောင်ရာတွင် ပါသွားကြသည်။
>
> ဈေးဟောင်းမောလိပ်တွင် မြန်မာ့တပ်မတော်ဆေးတပ်ဌာနမှ ဒေါက်တာ ဒုဗုလ်မှူးကြီး
> ကျော်ခင် (ကွယ်လွန်)၏ အမျိုးအဆွေများ၊ ရန်ကုန် အာရ်အိုင်တီမှ ကတိက ဒေါက်တာ
> စောဖြူတို့၏ မျိုးဆွေများနှင့်အခြားကမာန်များ၊ ရခိုင်-မွတ်စလင်မ်များ
> နေထိုင်ရာနေရာ ဖြစ်ပြီး လူတော်တော်များများ မီးလောင်သေဆုံးခဲ့ကြသည်။ အလားတူ
> စစ်တွေမြို့ ပိုက်ဆိပ်ရပ်ကွက် သတ်ဖြတ်မီးရှိုးမှုများပြုလုပ်သော အခါတွင်လည်း
> စာရေးဆရာမ ဒေါ်စောမုံညှင်း (ရှမ်းလူမျိုး)၊ ခင်ပွန်း ဦးကာ (အကောက်ခွန်ဌာန
> အရာရှိဟောင်း) တို့၏ မျိုးဆွေများအားလုံး သတ်ဖြတ်မီးရှိုး ခြင်းခံခဲ့ရသည်။
>
> စစ်တွေမြို့၌ ရခိုင်လူဦးရေများသည်ကတစ်ကြောင်း
> အုပ်ချုပ်ရေးလှုံခြုံရေးဌာနများတွင် ရခိုင်အရာရှိများက
> ကိုင်တွယ်ထားသည်ကတစ်ကြောင်း တို့ကြောင့် မွတ်စလင်မ်များသည် တုတ်၊ ဓါးများကို
> ကိုင်ဆောင်ပြီး လမ်းပေါ်တက် ရခိုင်အိမ်များကို တိုက်ခိုက်မီးရှိုး
> သည်ဆိုခြင်းမှာ လုံးဝမှန်ကန်မှုမရှိဘဲ လုပ်ကြံသတင်း များသာဖြစ်သည်။
>
>
> မွတ်စလင်မ်တချို့မှာ မိမိတို့ကျေးရွာမှ အိုးအိမ်များကို တိုက်ခိုက်ရန်လာသော
> အကြမ်းဖက် သမားများကို တစ်ခါတရံခုခံခြင်းဖြစ်သည်။
>
> ဇွန်လ (၁၀)ရက် နံနက်တွင် ရခိုင်အကြမ်းဖက်သမားများသည် မြို့မရဲစခန်းနှင့်
> ကိုက် (၅၀၀) ခန့် ဝေး ကွာသော ဦးဥတ္တမ ပန်းခြံတွင်စုဝေးခဲ့ကြသည်။ ထိုအချိန်မှာ
> ဆန်ရှာဝယ်ရန် လာသော အသက် (၁၂)နှစ်အရွယ် မွတ်စလင်မ်လူငယ် တစ်ဦးကို
> ရခိုင်အကြမ်းဖက်များက ဓါးဖြင့် ခုတ်သတ်လိုက်သည်ဟု အာရ်အာဖ်အေမှ ကြေငြာခဲ့သည်။
> လမ်းပေါ်တွင် မွတ်စလင်မ်များကို မတွေ့ရကြောင်း ရခိုင်များ ကို သာ တွေ့ရကြောင်း
> ၄င်းကပြောဆိုခဲ့သည်။
>
> ထိုနေ့တွင် ရခိုင်အကြမ်းဖက်သမားများက စစ်တွေမြို့ရှိ
> မွတ်စလင်မ်ရွာအတော်များများကို တိုက်ခိုက်မီး ရှိုးခဲ့သည်။ မီးရှိုးရန်လာသော
> သူများကို ထွက်ကြည့်သော မွတ်စလင်မ်များကို သေနတ်နဲ့ ပစ်သဖြင့် လူများအပြင်သို့
> မထွက်နိုင်ဘဲ အိမ်အတွင်းတွင်ပင် မီးလောင်သေဆုံး ခဲ့ကြသည်။
>
> စစ်တွေမြို့ရှိ မွတ်စလင်မ်များအပေါ် ရက်စက်စွာတိုက်ခိုက်မှုမှာ အလွန်ပြင်းထန်
> သဖြင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ ဇွန်လ (၁၀)ရက်နေ့တွင်
> ကာဖျူးအမိန့်ထုတ်ခဲ့ရသည်။ ကာဖျူးအမိန့် မှာ ညနေ (၆) နာရီမှ နံနက် (၆)နာရီထိ
> ဖြစ်သဖြင့် အကြမ်းဖက်သမား ရခိုင်များသည် ညအချိန် တွင် သောက်စား အနားယူပြီး
> နံနက် (၈) နာရီခန့်ဆိုလျှင် မွတ်စလင်မ်တိုက်ခိုက်ရေးလုပ်ငန်းများကို
> လုပ်ဆောင်ခဲ့ကြသည်။
> တွေ့ရှိသမျှ မွတ်စလင်မ်များကို သတ်ဖြတ်ပြီး အိမ်တွေ့တိုင်းမီးရှိုးခဲ့ကြသည်။
> အကြမ်းဖက် သမားများ၏ တိုက်ခိုက်မီးရှိုးမှုကြောင့် စစ်တွေမြို့ထဲတွင်
> မွတ်စလင်မ်အိမ် မရှိသလောက် ဖြစ်သွား ခဲ့သည်။ မွတ်စလင် မ်အများအပြားမှာ
> မိမိတို့အိမ်ထဲတွင် သေခြေခဲ့ကြသည်။
>
> ဒေါက်တာအေးမောင်သည် (၁၉၅၃-၅၄) ခုနှစ်တွင် ဖဆပလမှ အရှေ့ပါကီစတန်မှ
> ခေါ်သွင်းလာသော ရခိုင် အ၀ကျွန်းသား မိဘများမှ မွေးဖွားလာသူတစ်ဦးဖြစ်သည်။
> လူမျိုးရေး၊ ဘာသာရေးစိတ်အလွန်ပြင်းထန်သူ အစွန်းရောက်တစ်ဦးဖြစ်သည်။
>
> ယခုဖြစ်ပွားသော မွတ်စလင်မ်ဆန့်ကျင်မှုတွင် ဒေါက်တာအေးမောင်ဦးဆောင်သော RNDP
> ပါတီအဖွဲ့ဝင် များက သတင်းဌာနာများနှင့်တွေ့ဆုံမေးမြန်းခန်းတွင်
> ရခိုင်အကြမ်းဖက် သမားများ၏ ရက်စက်မှုကို မွတ်စလင်မ်များက ကျူးလွန်ခဲ့သကဲ့သို့
> ပုံဖော်ဖန်တီး ခဲ့ကြသည်။ စစ်တွေမြို့မှာ ယခုအခါ တပ်မတော်က အကာအကွယ်ပေးနေသည်ဟု
> ဆိုသည်။ ထို့ကြောင့် အကြမ်းဖက်သမားရခိုင် များ သည် ပေါက်တော ၊ ကျောက်တော်
> စသောမြို့ နယ် များသို့ သွားရောက် တိုက်ခိုက်နေသည်ဟု သိရသည်။
>
> လေးစားစွာဖြင့်-
> မောင်သစ္စာ
> ၂၀၁၂ခု၊ ဇွန်လ (၁၉) ရက်။
>
>
> 2012/6/20 သုရှင် <cyniccancer@gmail.com>
>
>> ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည့် ဒေါက်တာအေးကျော်
>> ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ခေတ္တ ရောက်ရှိစဉ် ရခိုင်ပြည်နယ်၏
>> နောက်ခံ သမိုင်း၊ နိုင်ငံရေး အခြေအနေနှင့် ရိုဟင်ဂျာ နောက်ခံသမိုင်း၊
>> ရိုဟင်ဂျာ အရေးနှင့် အမြင်များအား ဧရာဝတီ သတင်းထောက် ဘစောတင်က
>> တွေ့ဆုံမေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။
>> ဒေါက်တာအေးကျော်သည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌
>> အငြိမ်းစား ပါမောက္ခ တဦးအဖြစ် နေထိုင်လျက်ရှိသည်။ ဒေါက်တာအေးကျော်၏
>> ကိုယ်ရေးအကျဉ်းကိုလည်း အောက်တွင် ပူးတွဲ ဖော်ပြထားပါသည်။
>>
>>
>> [ဒေါက်တာအေးကျော်]
>>
>> ဒေါက်တာအေးကျော်
>> မေး။ ။ လွတ်လပ်ရေးမရမီ ရခိုင်ပြည် နိုင်ငံရေးအခြေအနေတွေကို ပြောပြပေးပါ။
>>
>> ဖြေ။ ။ မြန်မာ့တော်လှန်ရေးသမိုင်းမှာ ရခိုင်ခေါင်းဆောင်တွေဟာ
>> အမြဲတမ်းရှေ့က ပါဝင်ခဲ့တယ်၊ အင်္ဂလိပ် ကိုတော်လှန်တဲ့နေရာမှာရော
>> ဂျပန်ကိုတော်လှန်တဲ့နေရာမှာပါ ရှေ့တန်းကပါပဲ ၊ ရခိုင်တွေဟာ ဘာကို လိုချင်
>> လို့ တော်လှန်ရေးမှာ ရှေ့တန်းက ပါရသလဲဆိုရင် ရခိုင်ပြည်ကို ရခိုင်တွေက
>> အုပ်ချုပ်ခွင့် ရချင်လို့ ဖြစ်တယ်၊ အင်္ဂလိပ်ခေတ်က ထင်ရှားတဲ့
>> ခေါင်းဆောင်တွေကို ပြောပါဆိုရင် ဆရာတော်ဦးစိန္တာ၊ ဆရာတော် ဦးပညာ သီဟ၊
>> ဦးညိုထွန်း၊ ဦးအောင်ဇံဝေ၊ ဦးကျော်မင်း၊ ဦးဘစော စတဲ့ပုဂ္ဂိုလ်တွေဟာ
>> ရခိုင်ပြည်တော်လှန်ရေး ရခိုင့် နိုင်ငံရေး လောကက ထိတ်ထိတ်ကြဲတွေပဲပေါ့၊
>> မြန်မာတနိုင်ငံလုံးအတွက် ဆိုရင်တော့ ဆရာတော် ဦးဥတ္တမ ဟာ နံပါတ်တစ်ပါပဲ။
>>
>> အဲဒီကာလက ရခိုင်တွေရဲ့ အနေအထားကို ခွဲစိပ်ကြည့်မယ်ဆိုရင် ဗြိတိသျှတွေရဲ့
>> အုပ်ချုပ် ရေးထဲမှာ ပါဝင်တဲ့ အပိုင်းကတပိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း
>> ဦးဆောင်တဲ့ လွတ်လပ်ရေး တိုက်ပွဲတွေထဲမှာ ပါဝင်တဲ့အပိုင်းတွေကို လည်း တွေ
>>့ ရပါမယ်။
>>
>> ဦးညိုထွန်းဆိုတာက ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တဲ့
>> ကျောင်းသားခေါင်းဆောင် တဦးလည်း ဖြစ်တယ်။ ဒါကြောင့် သူဟာ
>> ရခိုင်အသိုင်းအ၀ိုင်းမှာရော ဗမာအသိုင်းအ၀ိုင်းမှာပါ လူသိများတဲ့
>> နိုင်ငံရေး ခေါင်းဆောင်တဦးပါ၊ ဒီကနေ့ မြန်မာသမိုင်းမှာ မတ်လ(၂၇)ရက်နေ
>>့ ကို တော်လှန်ရေးနေ့ရယ်လို့ သတ်မှတ် ထားကြတယ်၊ ဦးညိုထွန်းခေါင်းဆောင်တဲ့
>> ရခိုင်တွေဟာ ဂျပန်ကို မတ်လ(၂၇)ရက်ထက်စောပြီး ဖေဖော်ဝါရီ လ (၁၂)ရက်လား
>> (၁၃)ရက်လား ကျနော်အသေအချာ မမှတ်မိတော့ဘူး။ အဲဒီကတည်းက စပြီး ဖက်ဆစ် ဂျပန်
>> တော်လှန်ရေးကို ရခိုင်ပြည်က စတော်လှန်ခဲ့တယ်။ ဒါကို
>> ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေ ထဲမှာ လည်း ပါပါတယ်။ မေမြို
>>့ မိုးကြည့်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်းများထဲမှာ ရှာဖွေတွေ
>>့ ရှိနိုင်ပါတယ်။ လေ့လာကြည့်ပါ။
>>
>> မေး။ ။ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်ရဲ့အခြေအနေကရော
>> ဘယ်လိုရှိပါသလဲ။
>>
>> ဖြေ။ ။ ရခိုင်တွေဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့နေရာမှာရော။
>> ဂျပန်ကိုတော်လှန်တဲ့နေရာမှာပါ ရှေ့တန်းက ပါဝင်ခဲ့တယ်ဆိုတာကို
>> ပြောခဲ့ပြီးပြီ၊ အဲသလို ဗမာအပါအ၀င် အခြားသော တိုင်းရင်းသားတွေနဲ့ အတူတကွ
>> လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့တာရဲ့ တကယ့် ရည်မှန်းချက်က ဘာလဲဆိုရင်
>> ရခိုင်တွေဟာ မိမိတို့ ရခိုင်ပြည် ကို ရဖို့ပါပဲ၊ တန်းတူအခွင့်အရေး ရဖို
>>့ ပါပဲ၊ ဖက်ဒရယ်ပြည်ထောင်စုမှာ ရခိုင်ပြည်နယ် ရဖို့ ပါပဲ၊ ဒါပေမယ့်
>> တကယ်တမ်း မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိလာတဲ့အခါ ရခိုင်တွေအတွက်
>> ဘာမှမရခဲ့ဘူး၊ ပြည်နယ် အဆင့် လေးတောင် သတ်မှတ်ပေးတာကို မခံခဲ့ရဘူး၊
>> ရခိုင်တွေ မွန်တွေဟာ ဦးနုကို ပြည်နယ်ပေးဖို့ တောင်းဆိုပေ မယ့် ဦးနု
>> ဟိုလိုလို ဒီလိုလို ဝေ့လည်ကြောင်ပတ်လုပ်ခဲ့တာကြောင့် ရခိုင်တွေရဲ့
>> ရည်မှန်းချက်မပြည့်ဝခဲ့ရဘူး၊ ဦးနုဟာ သူ့ ပါတီအကျိုးကိုသာ ကြည့်ခဲ့လို
>>့ တကယ်အရေးပါတဲ့ National Interest (အမျိုးသားအကျိုး အမြတ်) ကို ဆုံးရှုံး
>> စေခဲ့တယ်။
>>
>> မေး။ ။ လွတ်လပ်ရေးရပြီး ဆယ်နှစ် ကာလအတွင်း ရခိုင်ပြည်မှာ ဘာတွေ
>> ဖြစ်နေခဲ့ပါသလဲ။
>>
>> ဖြေ။ ။ ဦးနုရဲ့ ဖဆပလ ခေတ်မှာ ရခိုင်ပြည်မှာ အဓိကလွှမ်းမိုးတဲ့
>> ပါတီကြီးနှစ်ခုရှိတယ်၊ ဖဆပလ နဲ့ ရတည (ရခိုင် စည်းလုံးညီညွတ်ရေး
>> ပါတီ)တွေပါ၊ ရတညရဲ့ခေါင်းဆောင်က ဦးကျော်မင်းဖြစ်တယ်၊ သခင်ဦးကျော်ရင်
>> တို့လည်း နိုင်ငံရေးလှုပ်ရှားမှုထဲမှာ ပါတယ်၊ ဦးအောင်ဇံဝေ၊ တောင်ကုတ်က
>> ဦးကျော်တင် စတာတွေက ဖဆပလတွေ၊ လွတ်လပ်ရေးရပြီးနောက် ဖဆပလ
>> နှစ်ခြမ်းကွဲချိန်မှာ တည်မြဲ (ဖဆပလ)နဲ့ သန့် ရှင်း (ဖဆပလ) ဆိုပြီး
>> ရှိလာတယ်၊ ဒီတော့ သန့် ရှင်းဖဆပလ ခေါင်းဆောင်ဖြစ်တဲ့ ဦးနုဟာ
>> တိုင်းပြည်ရဲ့ အကျိုး ထက် သူ့ ပါတီအကျိုးကိုပဲ ကြည့်တဲ့အနေနဲ
>>့ မေယုခရိုင်ဆိုတာ လုပ်လာတယ်၊ အဲဒီမှာရှိတဲ့ ဘင်္ဂါလီ တွေကို မဲရဖို့ အတွက်
>> မျက်နှာသာပေးတယ်၊ မှတ်ပုံတင် ပြုလုပ်ပေးတာတွေ ရှိလာခဲ့တယ်၊ ကိုလိုနီခေတ်က
>> ဘင်္ဂါလီ တွေဟာ ရခိုင်ပြည်ကို အလုပ်လာလုပ်တယ်၊ စပါးရိတ်တယ်။ လယ်ထွန်တယ်။
>> ပြီးရင် ပြန်သွားကြတယ်၊ ဒါပေမယ့် ဦးနုက မဲရဖို့ အတွက် မျက်နှာသာပေးတာနဲ
>>့ ဘင်္ဂါလီတွေဟာ နိုင်ငံရေးအဆင့်ထိကို တိုးတက် လုပ်ဆောင်လာတာကို တွေ
>>့ လာရတယ်။ သူတို့ အထဲက စူလတန် မာမွတ်ဆိုတာ ဟာ ထင်ရှား တဲ့သူ တဦး ပါ၊
>> ရခိုင်တွေရဲ့ရတည ကတော့ ရခိုင်ပြည်နယ်ရရှိရေးကို တစိုက်မတ်မတ်
>> ဆက်လုပ်လာခဲ့တယ်။
>>
>> မေး။ ။ ဦးနုက အဲ့ဒီလို လုပ်ခဲ့တော့ ဘာတွေ ဆက်ဖြစ်လာခဲ့ပါသလဲ။
>>
>> ဖြေ။ ။ အဓိက အကြောင်းရင်းကတော့ ၁၉၅၈။ ၅၉။ ၆၀ ကာလများမှာ ဖလပလ နှစ်ခြမ်း
>> ကွဲလာတယ်၊ နှစ်ခြမ်းကွဲလာတော့ ဖဆပလ အားနည်းလာတယ်၊ အဲဒီမှာ ဦးနုက သူ
>>့ ပါတီ အနိုင်ရဖို့ မေယုခရိုင်ကို ဘင်္ဂါလီ တွေကို ၀င်ခွင့်ပြုတယ်၊ အဲဒီလို
>> ပြုလုပ်ခဲ့ခြင်းက ဒီကနေ့ပြည်ပမှာ ကျယ်ကျယ်လောင်လောင် အသံထွက်နေ တဲ့
>> ရိုဟင်ဂျာဆိုတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းပါပဲ။
>>
>> မေး။ ။ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်တုန်းက စပေါ်ခဲ့တယ်ဆိုတာ
>> သိပါသလား။
>>
>> ဖြေ။ ။ ၁၉၆၀ ၀န်းကျင်လောက်မှာ စပေါ်ခဲ့တယ်လို့ ထင်တယ်။
>> ဘာကြောင့်လဲဆိုတော့ စူလတန် မာမွတ် ဆိုတဲ့ ဘင်္ဂါလီကြီးဟာ အမတ်ဖြစ်ခဲ့ပေမယ့်
>> တခါမှ ရိုဟင်ဂျာဆိုတဲ့ စကား ကို သုံးစွဲခဲ့တာ မတွေ့ ရပါဘူး၊
>> လွတ်လပ်ရေးမတိုင်မီက မြန်မာ့သမိုင်းမှာရော ရခိုင်သမိုင်းမှာရော
>> ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရဟာ မရှိခဲ့ပါဘူး၊ လွတ်လပ်ရေးရပြီးခါစမှာရော
>> မရှိခဲ့ပါဘူး။
>>
>> မေး။ ။ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကရော ဘယ်လို အဓိပ္ပာယ်ကို ဆောင်ပါသလဲ။
>>
>> ဖြေ။ ။ ဆရာကြီး ဦးသာထွန်း ကျန်းမာစဉ်တုန်းက သူရန်ကုန်ကိုလာတိုင်း
>> ကျနော့်ဆီကိုဝင်တယ်၊ သူနဲ့ လက်ဖက်ရည်သောက်ရင်း စာအကြောင်းပေအကြောင်း
>> သမိုင်းအကြောင်း တွေကို ဆွေးနွေးတယ်၊ အဲဒီ အခါမှာ ဒီဝေါဟာရကို ဆရာကြီး
>> ဦးသာထွန်းက အခုလို ဆိုပါတယ်။ ရိုဟင်ဂျာ ဆိုတာ ရခိုင်စကား လွင့်ဂျာက
>> ဖြစ်လာတဲ့စကားဖြစ်တယ်။ လွင့်ဂျာဆိုတဲ့ အဓိပ္ပာယ်က ဥပမာ သစ်ပင်တွေက
>> သစ်ရွက်တွေကြွေရင် လေထဲ မှာ ၀ဲပြီး ဦးတည်ရာမဲ့ လွင့်နေတာကို ဆိုလိုတယ်၊
>> ဒီ ဘင်္ဂါလီတွေကိုမှ အခုလို ဆိုလိုတာမဟုတ်ပါဘူး၊ ရည် ရွယ်ချက်
>> ဦးတည်ချက်မရှိဘဲ လွင့်နေတဲ့ဘယ်သူ့ ကိုမဆို ရခိုင်ဘာသာစကားနဲ
>>့ လွင့်ဂျာလို့ ဆိုတယ်။ ဒါကို ဘာသာဗေဒနဲ့ ဆန်းစစ်ကြည့်ရင်လည်း လွင့်ဂျာကနေ
>> ရိုဟင်ဂျာလို့ ပြောင်းလဲလာတယ်ဆိုတာ ဖြစ်နိုင်တယ် လို့ ကျနော် တက္ကသိုလ်
>> ပညာပဒေသာ စာစောင်မှာ ကျနော်ရေးခဲ့ဖူးတယ်။ ယရလ၀ ဆိုတဲ့ ဗျည်းတွေဟာ
>> အသံပြောင်းလဲတဲ့ သဘောရှိ တယ်။
>>
>> (ဆရာကြီး ဦးသာထွန်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု လက်ထက်က ရခိုင်-မြန်မာ
>> ပညာရှိကြီးဖြစ်သည်။ ဦးနု ကိုယ်တိုင်
>> ပဏ္ဍိတ် (ပညာရှိ) ဘွဲ့ အပ်နှင်းခဲ့ဖူးကြောင်း သိရသည်။ အယ်ဒီတာ)
>>
>> မေး။ ။ အခုကာလမှာ ရခိုင်လူမျိုးတွေက ဒီရိုဟင်ဂျာဆိုတဲ့အသံကိုတောင်
>> မကြားချင်လောက် အောင်ဖြစ် နေကြတာ ဘာကြောင့်ပါလဲ။
>>
>> ဖြေ။ ။ ဒီရိုဟင်ဂျာ ဆိုတာဖြစ်လာဖို့ ရခိုင်ပြည်မှာ အရင်းခံတာက
>> မူဂျာဟစ်တွေဖြစ်တယ်။ သူတို့ ဟာ ရခိုင်ပြည်မှာ နေရာရဖို့ မြေရဖို
>>့ သူပုန်ထကြတယ်။ သူတို့ ဟာ အစက ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေပါ၊ ရှေးတုန်းက
>> သူတို့တွေဟာ အလုပ်လုပ်ပြီးရင် သူတို့ နေရပ်ကို ပြန်ကြတယ်၊ နောက်ကြာလာတော့
>> ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်တိုင်က လူဦးရေပေါများလွန်းလို့
>> နေရထိုင်ရအခက်အခဲ ရှိလာတယ်။ ဒီအခါ ဦးနုက မေယုခရိုင်အဖြစ် သတ်မှတ်ထားတဲ့
>> ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်နယ်တွေကို မွတ်စလင် ပြည်နယ်
>> ထူထောင်ဖို့ မူဂျာဟစ်တွေ ကြိုးစားခဲ့တယ်၊ အဲဒီမူဂျာဟစ်တွေက နာမည်သစ်
>> ရိုဟင်ဂျာကို တင် သွင်းလာတဲ့အခါ ရခိုင်တွေက လုံးဝလက်မခံပါဘူး၊
>> မိမိတိုင်းပြည်ရဲ့ နယ်မြေတွေကိုရော ဘာသာ သာသနာ ကိုပါ အန္တရာယ်ပြုနိုင်တဲ့
>> ဒီ ရိုဟင်ဂျာဆိုတာကို ရခိုင်တွေက အသံကိုပင် မကြားနိုင်တာဖြစ်တယ်။
>>
>> မေး။ ။ ဒီရိုဟင်ဂျာ ပေါ်ပေါက်လာရတဲ့ နောက်ခံ အကြောင်းတရားက
>> ဘာတွေများဖြစ်နိုင်ပါသလဲ။
>>
>> ဖြေ။ ။ အင်မတန်မေးသင့်တဲ့ မေးခွန်းကောင်းတခုပါပဲ၊ တကယ်တော့
>> ဒီရိုဟင်ဂျာဆိုတာက အပေါ်ယံ ပြဿနာပါ၊ တကယ်နက်ရှိုင်းတဲ့ အရင်းခံက"အစ္စလမ်ဝါဒ
>> လွှမ်းမိုး ပြန့်ပွားရေး"ဆိုတဲ့ဟာက အရင်းခံ ပြဿနာပါ၊ အဲဒီလှုပ်ရှားမှုကို
>> ကျောထောက်နောက်ခံပြုပေးတာက အာဖရိကတိုက် မြောက်ပိုင်းက တိုင်းပြည် တွေ၊
>> အရှေ့အလယ်ပိုင်းက နိုင်ငံတွေက ငွေကြေးတွေ၊ လက်နက်တွေ စသဖြင့်
>> လိုအပ်တာတွေကို ထုနဲ့ ထည်နဲ့ ပံ့ပိုးပြီး လုပ်ဆောင်နေတာကို တွေ့ ရတယ်၊
>> အရှေ့ တောင်အာရှကဆိုရင် မလေးရှားနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေက ဒါကို
>> အားပေးတယ်။ မွတ်စလင် ဘာသာပြန့်ပွားဖို့ လွှမ်းမိုးဖို့ နယ်မြေရရှိစေဖို
>>့ အင်တိုက် အားတိုက် ကူညီတယ်၊ ဒါကြောင့် သူတို့ ဟာ ရိုဟင်ဂျာအမည်ကို
>> သုံးပြီး မြန်မာတိုင်းရင်းသား၊ ရခိုင်တိုင်းရင်း သား ဖြစ်ဖို
>>့ အားထုတ်လာတယ်၊ တကယ်တော့ ရိုဟင်ဂျာဆိုတာ
>> လူမျိုးလည်းမဟုတ်ဘူး၊မြန်မာတိုင်းရင်းသား လည်းမဟုတ်ဘူး။
>>
>> မေး။ ။ ပြည်တွင်းမှာတော့ ရိုဟင်ဂျာဆိုတာကို နအဖက အသိအမှတ်လည်း မပြုဘူး၊
>> ဘယ်တုန်းကမှလည်း မရှိခဲ့ဘူးလို့ အတိအလင်းဆိုပါတယ်၊ ဒါပေမယ့်
>> ပြည်ပမှာရှိတဲ့ တိုင်းရင်းသား လူမျိုးများကောင်စီမှာ တိုင်းရင်း သား
>> အခွင့်အရေးရဖို့ ကြိုးစားနေတာတွေကိုတော့ ကြားဖူးတယ်၊ ဒါပေမယ့် ရခိုင်တွေက
>> ကန့်ကွက်လို့ အခု အချိန် ထိတော့ အောင်မြင်မှုမရသေးပါဘူး။
>> တိုင်းရင်းသားဆိုတာ ဘယ်သူတွေကို သတ်မှတ်ခဲ့ သလဲ ဆိုတာ ကို သိချင်ပါတယ်။
>>
>> ဖြေ။ ။ ၁၉၇၈ ခုနှစ်က ရန်ကုန်မှာ လမ်းစဉ်ပါတီခေတ်က
>> တိုင်းရင်းသားလူမျိုးများနဲ့ ဆိုင်တဲ့ ဥပဒေတရပ်ကို သတ်မှတ်ဖို
>>့ ဆရာဒေါက်တာမောင်မောင်ရယ်၊ ဆရာကြီး ဦးစံသာအောင် ရယ်။ ကျနော်တို့ တွေ
>>့ ဆုံဆွေးနွေး ခဲ့ဖူးပါတယ်။ ဒေါက်တာမောင်မောင်က ဥပဒေ ပညာရှင်၊ ကျနော်က
>> သမိုင်း၊ ဦးစံသာအောင်က အဲဒီတုန်း က အထက်တန်းပညာဦးစီးဌာနက
>> ညွှန်ကြားရေးမှူးချုပ်ပေါ့၊ နေရာကတော့ နိုင်ငံတော်ကောင်စီ ရုံးခန်းမှာပါ။
>>
>> အဲဒီမှာ ကျနော်က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအဖြစ်
>> သတ်မှတ်ရေးအတွက်ဆိုရင် ဘိုးတော်ဘုရား စစ်တမ်း ဆိုတာရှိတယ်၊ ခရစ်သက္ကရာဇ်
>> ၁၈၀၀ ကျော်လောက်က စစ်တမ်းကောက်ခဲ့တာ၊ အဲဒါဟာ အင်မတန်ပြည့်စုံ တယ်၊
>> အဲဒီမှာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်လာတဲ့ လူမျိုးတွေ အားလုံးကို
>> ကျကျနန စစ်တမ်းကောက်ထား တာရှိတယ်၊ ရခိုင်တွေ၊ ကရင်တွေ၊ မွန်ကိုတော့
>> တလိုင်းလို့ခေါ်တယ်၊ အဲဒီဟာကို မူတည်ပြီးရင် ဆုံးဖြတ်ရင်
>> မကောင်းဘူးလားလို့ ကျနော်က အကြံပေးတယ်။
>>
>> အဲဒီအခါ ဆရာဒေါက်တာမောင်မောင်က မစောလွန်းဘူးလားလို့ပြန်မေးတယ်၊ ဒါဆိုရင်
>> သမိုင်းမှာအရေးပါတဲ့ အလှည့်အပြောင်းဖြစ်တဲ့ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်က
>> စသင့်တယ်လို့ပြောခဲ့တယ်၊ ၁၈၂၄ က မြန်မာပြည် ကို အင်္ဂလိပ်တွေစသိမ်းတဲ့
>> နှစ်ပါ၊ ဒါကို ဒေါက်တာမောင်မောင်က သဘောတူလို့ အဲဒီမတိုင်မီက
>> နေထိုင်ခဲ့တဲ့ လူမျိုးတွေကို တိုင်းရင်းသားလူမျိုးများ အဖြစ်
>> သတ်မှတ်တယ်လို့  ဥပဒေ ပြုခဲ့တယ်။ ဒါပေမယ့် ရိုဟင်ဂျာဆို တဲ့ အသုံးအနှုန်း
>> မရှိခဲ့ဘူး။
>>
>>
>> ဒေါက်တာအေးကျော် ကိုယ်ရေးအကျဉ်း
>>
>> ဒေါက်တာအေးကျော်ကို ၁၉၃၆ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်
>> တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။
>>
>> ဒေါက်တာအေးကျော် ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A
>> (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors) Oriental
>> History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန်
>> တက္ကသိုလ် (၁၉၆၄) ၊ B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊ PhD (History of
>> Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို
>> ရရှိခဲ့သည်။
>>
>> ဒေါက်တာအေးကျော်သည် ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ် (၁၉၆၂-၁၉၈၀) ။
>> တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ
>> (၁၉၈၂-၈၄) ။ ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊
>> နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉) ။ ဘာသာပြန် ကျွမ်းကျင်သူ (
>> သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။
>> တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်)
>> နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။ တွဲဖက်ပါမောက္ခ
>> (အာရှသုတေသန ဌာန) နယူး ယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊
>> လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ
>> (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန်
>> ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို
>> ဆောင်ရွက် နေထိုင်လျက်ရှိသည်။
>>
>> ဒေါက်တာအေးကျော် ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ -
>>
>> ၁၊ ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
>> ၂၊ မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
>> ၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
>> ၃၊ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
>> ၄။ On the Birth of Modern Family Law in Burma and Thailand. Singapore
>> (1990)
>> ၅၊ The Voice of young. Cornell University, March 1990
>> ၆၊ Code and Custom in Burma and Thailand. Scotland. 1993
>>
>> --
>> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
>> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
>> မန်ဘာဝင်နိုင်ပါသည် ။
>> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
>> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
>> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်
>> mrsorcerer+unsubscribe@googlegroups.comကိုနှိပ်ပြီး မေးလ်ပို.ပါ ။
>> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
>> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
>> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
>> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
>> တွင် ဖတ်ရှုနိုင်ပါသည် ။
>>
>> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
>> mrsorcerer2@groups.facebook.com
>> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
>> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>>
>> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
>> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
>> ပေးပို.နိုင်ပါသည် ။
>>
>> ခင်မင်စွာဖြင့်
>> ဦးဦး မှော်ဆရာ
>>
>

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။