On 6/6/12, lin maung (limit) <linminaung@gmail.com> wrote:
> Birth Control How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ
>
> 1. Birth Control Pill ကိုယ်ဝန်တား စားဆေးများ
> 2. Birth Control Shot ထိုးဆေး
> 3. IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
> 4. Birth Control Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း
> 5. Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ
> 6. Male Condom ယောက်ျားသုံး (ကွန်ဒွမ်)
> 7. Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)
> 8. Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း
> 9. Cervical Cap သားအိမ်ဝ အပိတ်
> 10. Diaphragm သားအိမ်ဝ အဖုံး
> 11. Birth Control Sponge သုက်ပိုးသတ် ဆေးမြှုပ်
> 12. Spermicide သုက်ပိုးသတ်ဆေး
> 13. Fertility Awareness နေ့ကောင်းရက်သာရွေးနည်း
> 14. Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
> 15. Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း
> 16. Tubal Implants သားအိမ်ပြွန်ထဲ ကိရိယာထည့်နည်း
>
> IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
> • IUD ဆိုတာ T-shaped plastic (တီ) ပုံ သဏ္ဌာန် (ပလပ်စတစ်) ပစ္စည်းလေးဖြစ်တယ်။
> • Copper IUD, ParaGard တွေကို ၃-၅-၁ဝ-၁၂ နှစ်အထိ ထည့်ထားနိုင်တယ်။
> • ဟော်မုန်းပါတဲ့ Mirena က ၅ နှစ်တခါ လဲပေးရတယ်။
>
> Birth Control Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း
> • Implanon ဆိုတာ မီးခြစ်ဆံလောက်သာရှိတယ်။
> • ကိုယ်ဝန်တား Depo-Provera ထိုးဆေးလိုဘဲ ဟော်မုန်းကို ထုတ်ပေးနေမယ်။
> • ၃ နှစ်အထိထားနိုင်တယ်။
>
> Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း
> • NuvaRing (ပလပ်စတစ်) အပြေားစား ကွင်းဝိုင်းလေးဖြစ်တယ်။
> • Pill သောက်ဆေး နဲ့ Patch ဆေးကပ်ခွါတွေလို ဟော်မုန်းထုတ်ပေးနေမယ်။
> • တလတခါ လဲပေးရမယ်။
>
> Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ
> • Ortho Evra patch ဆေးကပ်ခွါကို ကြိုက်တဲ့နေရာ အရေပြားမှာ ကပ်ထားနိုင်တယ်။
> • တလ (၄ ပါတ်) မှာ ၃ ပါတ်ကို ကပ်ထားပြီး ၁ ပါတ် နားထားရတယ်။
> • Birth control pill သောက်ဆေးတွေလို ဟော်မုန်းထုတ်ပေးနေမယ်။
>
> Cervical Cap သားအိမ်ဝအပိတ်
> • Diaphragm နဲ့ သဘောတူပြီး သေးငယ်တယ်။
> • FemCap ကို (ဗဂျိုင်းနား) ထဲကနေ အတွင်းနက်နက်မှာရှိတဲ့ သားအိမ်ဝကို
> ဖုံး-ပိတ်ပေးထားရတယ်။
> • Spermicide သုက်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။
>
> Diaphragm သားအိမ်ဝအဖုံး
> • Rubber dome ရာဘာနဲ့လုပ်ထားတဲ့ ခပ်ခုံးခုံးလေးဖြစ်တယ်။
> • Cervix သားအိမ်ဝကို ဆက်ဆံမှု မပြုခင်ဖုံးထားပေးရတယ်။
> • Spermicide သုက်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။
>
> Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)
> • Thin plastic pouch (ပလပ်စတစ်) ပါးပါးလေးနဲ့လုပ်ထားတဲ့ အိတ်ငယ်လေးဖြစ်တယ်။
> • Vagina (ဗဂျိုင်းနား) ထဲမှာ အလိုက်သင့်ထည့်ထားရတယ်။
> • လိင်ဆက်ဆံမှုမပြုခင် ၈ နာရီကတည်းက ထည့်ထားနိုင်တယ်။
>
> Birth Control Sponge သုက်ပိုးသတ် ဆေးမြှုပ်
> • Today Sponge ထဲမှာ spermicide foam သုက်ပိုးသတ်ဆေးပါတယ်။
> • 24 hours before sex လိင်ဆက်ဆံမှုမပြုခင် ၂၄ နာရီကတည်းက ထည့်ထားနိုင်တယ်။
> Spermicide သုက်ပိုးသတ်ဆေး
> • Spermicide foam အမြှုပ်၊ Jelly (ဂျယ်လီ)၊ Cream (ခရင်မ်) နဲ့ Film (ဖလင်)
> သုက်ပိုးသတ်ဆေးတွေ ရှိတယ်။
> • (ဗဂျိုင်းနား) ထဲမှာ လိင်ဆက်ဆံမှုမပြုခင် ထည့်-လိမ်း-သုတ်ထားရတယ်။
> • တချို့အမျိုးအစားကို မတိုင်ခင် ၃ဝ မိနစ်ကြိုတင်သုံးရတယ်။ တချို့က
> အဲလောက်စောင့်ဘို့မလိုဘူး။
>
> Fertility Awareness နေ့ကောင်းရက်သာရွေးနည်း
> • Calendar ပြက္ခဒိန်နည်းထက် ပိုတိကျတယ်။
> • မျိုးဥထွက်မဲ့ရက်ကို ကိုယ်အပူချိန် နေ့တိုင်း မနက်အိပ်ယာထမှာ
> တိုင်းပြီးသိမယ်။
> • ဘယ်လိုလုပ်ရမယ်ဆိုတဲ့ သင်တန်းသဘောမျိုး လိုမယ်။
>
> Fertility Awareness Method မျိုးပွါးနိုင်စွမ်းကို လေ့လာစောင့်ကြည့်နည်း
> အမျိုးသမီးကိုယ်တိုင် လုပ်နိုင်တဲ့နည်း (၃) နည်းရှိတယ်။ ဒါပေမဲ့ အတန်အသင့်
> စိတ်ချရတာမို့ လိုအပ်ရင်သုံးနိုင်တဲ့ အရံအတားနည်း၊ အရေးပေါ်နည်းက
> အဆင်သင့်ရှိနေရမယ်။
>
> ၁။ Basal body temperature အပူချိန်မှတ်သားခြင်း
> မနက်အိပ်ရာက နိုးရင် ဘာတခုမှ မလုပ်သေးချိန်မှာ ကိုယ်အပူချိန် တိုင်းရတယ်။
> လလည်ရက်မှာ မျိုးဥထွက်လို့ ကိုယ်အပူချိန် တက်တာက ဝ့၃ ကနေ ဝ့၆ ဒီဂရီ
> (ဆဲလ်စီးယပ်စ်) ရှိမယ်။ မျိုးဥမထွက်ခင်မှာ ကိုယ်အပူချိန်က 97° F (36.1° C) ကနေ
> 97.5°F (36.38° C) အထိ ရှိနေမယ်။ မျိုးဥထွက်လို့ တက်လာရင် 97.6° F (36.4 C)
> ကနေ 98.6° F (37° C) အထိ ဖြစ်လာမယ်။ မျိုးဥထွက်ပြီး ၁-၂ ရက်မှာ တက်လာတယ်။
> မျိုးဥက သုက်ပိုးနဲ့ မတွေ့ရရင် ၂၄ နာရီသာ ရှင်နေလို့ အပူချိန်တက်ပြီး ၃
> ရက်နောက်ပိုင်းမှာ ကိုယ်ဝန်ရဘို့မဖြစ်နိုင်တော့ဘူး။
> ၂။ Cervical mucus သားအိမ်ဝက အချွဲကိုစစ်ဆေးနည်း
> Cervix သားအိမ်ဝကို ကိုယ့်လက်ချောင်းနဲ့ စစ်ရတယ်။ ရာသီလာနေချိန်မှာ အကျိအချွဲ
> အနည်းဆုံးရက်တွေ ဖြစ်တယ်။ နောက်မှာ (အီစထိုဂျင်) ဟော်မုန်းကြောင့် သားအိမ်ဝက
> အချွဲပိုများလာတယ်။ ပိုပြီး ဆွဲဆန့်လို့ ရလာတယ်။ မျိုးဥထွက်ပြီး နောက်မှာ
> ထွက်လာတဲ့ (ပရိုဂျင်စတီရုံး) ဟော်မုန်းကြောင့် ခြောက်သွေ့လာမယ်။ ဒါ့ကြောင့်
> သားအိမ်ဝက အချွဲအများဆုံး အချိန်ရဲ့နောက် ၄ ရက်ကစပြီး ကိုယ်ဝန်မရစေနိုင်ဘူး။
> ၃။ Cervical position သားအိမ်ဝအခြေအနေ
> Cervix သားအိမ်ဝဟာ မျိုးဥထွက်ခါနီးရင် ပိုပျော့လာမယ်။ ပိုပွင့်လာမယ်။
>
> Options for Older Women အသက်မငယ်သူများအတွက် ရွေးချယ်နည်း
> • အသက် ၃၅ နှစ်ကျော်လာရင် သတိထားပြီး အကောင်းဆုံးနည်းကို ရွေးရမယ်။
> • လူနေမှုပုံစံလဲ ပြောင်းသင့်တယ်။ ကိုယ်အလေးချိန် ထိန်း-လျှော့ပါ၊
> ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ အစားအသောက် ဂရုစိုက်ပါ။ အရက်-ဆေးလိပ်
> လျှော့ပါ-ဖြတ်ပါ။
> • ဆရာဝန်နဲ့တိုင်ပင်ပြီးမှ အကောင်းဆုံး သန္ဓေတားနည်းကို ရွေးချယ်ပါ။
>
> Combination injection နောက်ပေါ်ထိုးဆေးနည်း
> • Medroxyprogesterone acetate (ပရိုဂျက်စတီရုံး) နဲ့ Estradiol cypionate
> (အီစထိုဂျင်) ရောထားတဲ့ထိုးဆေးကို တလတခါထိုးရတယ်။ Lunelle ခေါ်တယ်။
> • ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးပါ စားဆေးတွေလိုဘဲ သတ္တိရှိတယ်။
> • ဆေးမထိုးတဲ့လမှာ ကလေးပြန်ရနိုင်တယ်။ တချို့က ချက်ချင်းဆိုသလို
> ကိုယ်ဝန်ရစေပြီး တချို့မှာ ၂-၃ လ စောင်ရတယ်။
> • ၉၉့၈% ထိရောက်တယ်။ အမေရိကားမှာ ဒီဆေး တနှစ်ထိုးတဲ့ အမျိုးသမီး ၇၈၂ ယောက်မှာ
> ကိုယ်ဝန် မရတာတွေ့ရတယ်။
> • တခါထိုးပြီး နောက်တခါကို ၂၈-၃ဝ ရက်အကြာမှာထပ်ထိုးရမယ်။ ၃၃ ရက်ထက်တော့
> နောက်မကျရဘူး။ ရာသီလာတဲ့ရက်ကို ကြည့်ရတာ မဟုတ်ဘူး။
> • Lunelle ဆေးစထိုးရင်
> o ရာသီသွေးစဆင်းတဲ့ရက်နောက် ၅ ရက်အတွင်း၊
> o ကိုယ်ဝန်ပျက်ပြီး၊ ဖျက်ပြီးတဲ့နောက် ၅ ရက်အတွင်း၊
> o ကလေးမွေးပြီးတဲ့နောက် ၄ ပါတ်အတွင်း၊
> o ကလေးနို့တိုက်ရင် မွေးပြီးတဲ့နောက် ၆ ပါတ်အတွင်း၊
>
> How to Decide ဘယ်လိုဆုံးဖြတ်မလဲ
> ၁။ Most Effective Methods ထိရောက်မှု အများဆုံးနည်းတွေ
> • Implant အရေပြားအောက် ဆေးချောင်း၊ IUD သားအိမ်ထဲထည့် ပစ္စည်း၊ Vasectomy,
> Tubal methods သားကြောဖြတ်ခြင်းများ၊ = 99%
> • Birth Control shot ထိုးဆေး၊ = 97%
> • Birth Comtrol Pill စားဆေး၊ Vaginal Ring (ဗဂျိုင်းနား) ကွင်း၊ = 92-95%
> • Condom (ကွန်ဒွမ်)၊ Diaphragm, Cervical Cap သားအိမ်ဝအဖုံး-အပိတ်၊ Sponge
> ဆေးမြှုပ်၊ = 84-89%
> • Abstinence ဝေရာမဏိ = ၁ဝဝ%
>
> ၂။ Least Effective Methods ထိရောက်မှု အနည်းဆုံးနည်းတွေ
> • No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = 85% Pregnant
> • Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
> • Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = 25%
> • Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
> • Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%
>
> Male Condom ယောက်ျားသုံး (ကွန်ဒွမ်)
> အရေးပေါ်စားဆေး၊
> Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း
> Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
> Birth Control Shot ထိုးဆေး
>
> Dr. တင့်ဆွေ
> ၂၆-၂-၂ဝ၁၂
> - http://dts-medicaleducation.blogspot.in/
> - http://yamuna-online-clinic.blogspot.in/
> - http://dts-political-page.blogspot.in/
> - http://yamunaclinic.org/
>
> Shared by thettantcho
>
> --
> ပေါင်ပေါင်စာပေအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/paowyne ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိသိထားသည်များကို မျှဝေလိုပါက paowyne@googlegroups.com
> သို.မေးလ်ပို.နိုင်ပါသည်။ ပေါင်ပေါင်စာပေအဖွဲ့ မှ နှုတ်ထွက်လိုလျှင်
> paowyne+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် (သို့) စာမလိုချင်ပဲ Website မှသာဖတ်ရန်
> http://groups.google.com/group/paowyne?hl=en ကို သွားပါ ။
>
> အကြံပေးစာများကို ပေါင်ပေါင် ( eniweniw@gmail.com ) ထံသို. ပေးပို.နိုင်ပါသည်
> ။
> ခင်မင်စွာဖြင့်
> ပေါင်ပေါင်(အရှင်ကြီးအို)
>
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[aurorageneration] Re: [paowyne:2344] Birth Control How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ
လစ်မစ်ရေ။ မင်းကဒေါက်တာပါလုပ်တော့မလို့ လား။