[aurorageneration] Re: [ WMM ] ရခိုင်အရေး ဖြစ်ပွါးသွားခြင်းကို ပြန်သုံးသပ်ခြင်း

2012/6/6 မဟာနွယ် <mahar.nway@gmail.com>:
> ရခိုင်အရေး ဖြစ်ပွါးသွားခြင်းကို ပြန်သုံးသပ်ခြင်း
>
> ရခိုင်အရေးနဲ့ ပက်သက်ပြီး စာရေးမယ် ရေးမယ်နဲ့ အားတင်းထားခဲ့ပေမယ့်
> ကိုယ်တိုင်ရခိုင်တစ်ယောက်ဖြစ်နေတော့ အားကြိုးပြတ်မတတ် ခံစားနေခဲ့ရလို့
> မရေးဖြစ်ခဲ့ပြန်ဘူး ... လေးစားရတဲ့ ရေးဖေါ်ရေးဖက် အစ်မများရေးမလားဆိုတော့
> ဖြစ်တဲ့နေ့က သူကိုယ်တိုင် အားကိုးရာမဲ့အသံနဲ့ ဖုန်းဆက်လာတော့
> ကိုယ်ကအားပေးလိုက်ပါတယ် ... ကိုယ်တိုင်လည်း အိပ်မရတာနဲ့ မနက်ဖက်အလုပ်က
> အိမ်ပြန်သွားရမလို သတိလစ်သွားမတတ် ဖြစ်နေခဲ့ပါတယ် ...
>
> အခုဖြစ်သွားတဲ့ ကိစ္စမှာ လူသိများသွားတာက တောင်ကုတ်ကိစ္စကြောင့် ... ဂျာနယ်တွေ
> ဥပဒေတွေ ဝင်လာတာ တောင်ကုတ်ကြောင့် ... တောင်ကုတ်က ဖြစ်ရပ်ဟာ တကယ့်ကို
> အမှားကြီးကြီး ကြောက်ခမန်းလိလိပါပဲ ... သေဆုံးသွားတဲ့မိသားစုတွေအတွက်လည်း
> ဝမ်းနည်းမိပါတယ် ... အားလည်း အားနာမိပါတယ် ... တစ်ခုတော့ရှိတယ် သေသွားတာကို
> မလေးစားလို့မဟုတ်ပါဘူး ... အဲဒီလုပ်ရပ်ကြောင့်သာမဟုတ်ရင် ရမ်းဗြဲက
> မသီတာထွေးကိစ္စက ဒီလိုပဲ လူသူမသိ အမှောင်ချခံလိုက်ရမှာပါပဲ ... ဒီလိုမျိုးတွေ
> ဖြစ်ခဲ့တဲ့ သာဓကတွေ လည်း အများကြီးပါ ....
>
> ရခိုင်တွေက မွတ်ဆလင်ကုလားကို မုန်းတီးနေတာ ရန်လိုနေတာ မဟုတ်ဘူးဆိုတာကို
> အရင်ဆုံး ပြောပါရစေ ... ရခိုင်တွေသာ မုန်းတီးရန်လိုနေရင် ရခိုင်ပြည်မှာ
> အေးချမ်းတဲ့ နေ့လို့ ရှိမှာ မဟုတ်ပါဘူး ... ဒါပေမယ့် စော်ကားလာတဲ့ အချိန်တွေမှာ
> ဘယ်သူတစ်ဦးတစ်ယောက်ကမှ မိမိတို့ကို လုံခြုံမှု မပေးနိုင်လို့ ကိုယ့်ဖါသာကိုယ်ပဲ
> တရားရုံးလုပ်ခဲ့ရတာ ကျွန်မသက်တမ်းတစ်လျှောက်ပါပဲ ... ဒါတောင် ကျွန်မက
> ကျွန်မမွေးပြီးတဲ့ နောက်ပိုင်းကိုပဲ သိလို့ ပြောတာပါ ...
>
> ကဲ ဖြစ်စဉ်တွေ အားလုံးကို အစကောက်ကြည့်ရအောင် ....
>
> အစကောက်တယ် ဆိုတာနဲ့ အခုလောလောဆယ်ဖြစ်ခဲ့တဲ့ဟာကို မကောက်ဘဲ ...
> ကျွန်မမွေးခဲ့တဲ့ နောက်ပိုင်းကို စကောက်ရအောင် မမွေးခင်ကဟာကို ပြောရင်
> မုသားဖြစ်မှာ စိုးလို့ .... ရင်ထဲမှာ အမုန်းတရားမပါဘဲ အခြေနေကို
> သုံးသပ်ရေးသွားမှာပါ ... ကျွန်မရေးတာတွေ မှန်သည် မှားသည် ရခိုင်မှာ
> ခရစ်ယာန်ဘာသာတွေ ... ဟိန္ဒူတွေ လည်း ရှိပါတယ် ... ဗမာလူမျိုး ၊
> ချင်းလူမျိုးတွေလည်း တော်တော်များများ ရှိပါတယ် ... သူတို့တွေနဲ့
> ပြန်ဆွေးနွေးကြည့်ကြစေချင်တယ် ...
>
>
>
> ကိုယ့်နေရာ ကိုယ့်ပြည် ကိုယ့်ရွာမှာ နေပြီး မလုံခြုံမှုတွေကို ခံစားဖူးကြပါသလား
> ... ရခိုင်တွေဟာ အဲလိုမျိုးတွေနဲ့ ကြီးပြင်းလာကြသူပါ ... စစ်အစိုးရကိုပဲ
> ကြောက်နေခဲ့ရတဲ့ လူတွေအတွက် စစ်အစိုးရရော လူမျိုးခြားရန်ရော စိုးရိမ်ခဲ့ရတဲ့
> ရခိုင်တွေကို ဘယ်လိုနားလည်ပေးကြမှာလဲ ... စစ်အစိုးရ လက်အောက်ကို
> ပြန်မသွားချင်သလိုပဲ ဒီလိုမျိုး ကိုယ့်ရပ် ကိုယ့်ရွာ အမှန်
> ဘိုးဘွားပိုင်မြေဖြစ်ပါလျက် လူမျိုးခြားတွေနဲ့ အပြန်အလှန်သတ်ဖြတ်
> ကျီးလန့်စာစားရတဲ့ ဘဝကို ခုံမင်နှစ်သက်နေကြတယ်လို့ ယူဆပါသလား ... ရခိုင်တွေဟာ
> ဗုဒ္ဓဘာသာဝင်စစ်စစ်တွေပါ ... ရခိုင်မှာ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေက
> ပဋိစ္စသမုပ္ပါဒ်တရားတော်ကို လေးလေးနက်နက် သက်ဝင်ယုံကြည်ကြပါတယ် ... ရခိုင်သူ
> ရခိုင်သားတွေထဲမှာ တရားစခန်း မဝင်ဖူးတဲ့လူ သစ္စာလေးပါးတရားကို မနာဖူးတဲ့သူ
> အရမ်းရှားပါတယ် ... ဒီစကားပြောတာက ရခိုင်တွေဟာ လူသတ်ဖို့ ဝန်မလေးတဲ့သူတွေ
> မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ ... ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ တရားတစ်ဖက် ၊
> ဓါးတစ်ဖက် နေကြရတဲ့ သူတွေပါ ....
>
> ကျွန်မမှတ်မှတ်ရရ ရှိတဲ့ ပဋိပက္ခကနေ စပြောရအောင် ... ၁၉၉၂  ကျွန်မ ၇
> နှစ်အရွယ်ပေါ့ ... အဲဒီတုန်းက ရခိုင်နဲ့ ကုလား အကြီးအကျယ်ကို ဖြစ်တာပါ ... စတာက
> ကုလားက ဝေသာလီဆောင်ကို ဖေါက်ဝင်တာက စတာပါ ... အဲဒီကနေစသွားတဲ့ ကိစ္စ ကျွန်မတို့
> ကလေးတွေ ကျောင်းကအိမ်ကို ပြန်ရင် မိဘလာခေါ်မှ ပြန်ရတယ် ...
> မိဘလက်လုပ်လက်စားကလေးတွေက အုပ်စုအကြီးကြီးဖွဲ့ပြီးပြန်ရတယ် ... ကျောင်းတွေ
> ပိတ်ထားလိုက်ရတယ် ... ဒါပေမယ့် အဲဒီတုန်းကလည်း ကိုယ့်ဖါသာကိုယ်ဖြေရှင်းကြရတာပဲ
> ... ပြည်မက ဘယ်သူတစ်ယောက်သိခဲ့လို့လဲ ... ရခိုင်ပြည်ဟာ အနောက်ဖက်က ကုလားကို
> ခါးစည်းခံဖို့များထားသလား မှတ်ရတယ် ....
>
>
> ၁၉၉၂ ခုနှစ်က ရိုဟင်ဂျာလက်နက်ကိုင်ကြမ်းဖက်မှုကိုကြိုတင်တားဆီးနိုင်ခြင်း..။
> (ကိုယ်တွေ့ကြုံသူတစ်ဦး ရေးသားချက်)
>
> တချိန်တုန်းက ၁၉၉၂-၉၃ လောက်က ရိုဟင်ဂျာ အမည်ခံ သူပုန်တွေကို နအဖ အစိုးရတပ်က
> ပြုတ်လုနီးပါးတိုက်ထုတ်ခဲ့တယ်....သူတို့က ..မောင်တောမြို့နယ်
> အလယ်သံကျော်ကမ်းခြေတစ်လျှောက်ကနေတစ်ဆင့်..လူ ၁၅၀၀ လောက်စက်လှေတွေနဲ့ဝင်လာတယ်
> လက်နက်မပါပဲနဲ့ပေါ့..ဒီဘက်ကသူတို့အနွယ်တွေဆီကို လက်နက်ကျည်ဆံတွေကား
> ၇စီးတိုက်စာလောက် ကြိုပို့ထားတယ်လေ
>
> လူနဲ့လက်နက်နဲ့ မတွဲမိခင်မှာ နအဖ စစ်တပ်တွေကပိတ်ဆို့ ရှင်းလင်း လိုက်နိုင်ပါတယ်
>
> တကယ်ဖြစ်ခဲ့တာပါ........ကျောက်ပန်းနု ရွာဘက်က လှိုဏ်ဂူတစ်ခုထဲမှာဖွက်ထားတဲ့
> လက်နက်တိုက်ကိုလဲသိမ်းမိပါတယ်၊ လက်နက်တွေအများကြီးလို့ဒေသခံတွေဆီကသိရပါတယ်
>
> သူတို့နဲ့လက်နက်နဲ့သာတွဲမိလိုက်ရင်.......မလွယ်ပါဘူး...
> အဲဒီတုန်းကရိုဟင်ဂျာဒုက္ခသည်တွေ ကိစ္စ မီဒီယာတွေအေရမ်းအော်ခဲ့ကြပါတယ်....ဘီဘီစီ
> နဲ့ အာအက်ဖ်အေ အသံအကျယ်ဆုံးပါ............
>
> .ဒေသခံတွေရဲ့ပြောစကားအရတော့
> မြန်မာဘက်ကမ်းမှာရှိနေခဲ့တဲ့အမာခံတွေအများစုကိုပါရှင်း လင်းခဲ့တယ်လို့သိရပါတယ်၊
> အဲဒီတုန်းကစပြီးနစကတပ်ဆိုတာစဖွဲ့စည်းပြီးသူတို့ကို ထိန်းချုပ်ခဲ့တာလို့
> သိရပါတယ်။
>
> (ဒေါက်တာဇာနည် ပြောကြားချက်)
>
>
>
> ကဲ ဒီလိုနဲ့ပဲ ကြားထဲမှာ သိပ်ကို မကြီးတဲ့ ဖြစ်ပွါးမှုတွေနဲ့ ရုန်းထွေး
> နပမ်းလုံးရင်း ... ၂၀၀၁ မှာ တစ်ခါ ထပ်ပြီးတော့ ဖြစ်လာတယ် ... ကျွန်မတို့က ၁၀
> တန်းကျောင်းသူတွေပေါ့ ... ဇန်နဝါရီလ လွတ်လပ်ရေးနေ့ ကြိုဆိုတဲ့
> အနေနဲ့ဆိုပြီးတော့ ပထမဆုံး ကုန်စည်ပြပွဲကြီးကို မြို့တော်ခန်းမ မှာ ကျင်းပပါတယ်
> ... စာမေးပွဲရှိနေတဲ့ ကျွန်မတို့တောင် သူငယ်ချင်းတွေနဲ့ မနက်ဘက်
> တစ်ခေါက်လောက်တော့ ရောက်အောင် သွားလိုက်သေးတယ် ... စည်လည်းအရမ်းစည်တာကိုး ...
> ပထမဆုံး အကြိမ်လည်းဖြစ် မော်ဒယ်တွေကလည်း ညဖက်ဆို ရှိုးတွေဘာတွေ လျှောက်တော့
> စည်တာမဆန်းပါဘူး ... သက်မွန်မြင့်တို့တောင်ပါသေးတယ် ... စင်ပေါ်ကနေပြီး
> စွပ်ကျယ်တွေပစ်ပေး၊ ဆပ်ပြာမှုန့်ထုပ်တွေ ပစ်ပေးနဲ့ ဆိုတော့ လူမစဲဘူးလေ ...
> နယ်တွေကတောင် လာကြပါသေးတယ် ... အဲဒီအချိန်တုန်းက ကျွန်မက အဘွားအိမ်မှာ
> သွားအိပ်ရပါတယ် ... စာမေးပွဲနီးလာပြီဆိုတော့ အစ်မဝမ်းကွဲက ဂိုက်လုပ်ပေးလို့ ...
> သူတို့မှာလည်း သူတို့ ညီအစ်မနှစ်ယောက်ရယ် အဘွားရယ်ပဲ ရှိတာဆိုတော့
> အဖေါ်လည်းရအောင်ဆိုပြီး သွားအိပ်ရတာပါ ...
>
> တစ်ည ကျွန်မစာကျက်နေတုန်း ၁၂ နာရီခွဲလောက်မှာ သံချောင်းခေါက်သံ
> အဆက်မပြတ်ကြားရပါတယ် ... လမ်းပေါ်မှာလည်း လူတွေအများကြီးပဲ ... ဒီလိုပဲ
> ကျွန်မတို့ဘက်မှာ မီးလောင်ရင် သံချောင်းခေါက်ရင် လူတွေ အကုန်လုံး
> လမ်းတွေပေါ်ကိုဆင်း ယောက်ျားတွေက ကား ၊ ဆိုင်ကယ် ၊ စက်ဘီး ၊ ဆိုက္ကားတွေနဲ့
> လိုက်သွားတတ်ကြပါတယ် ... တခါတလေ မီးသတ်ကားမရောက်ခင်မှာ
> ဝိုင်းပြီးငြိမ်းသတ်ပေးတဲ့ လူတွေကြောင့် မီးငြိမ်းသွားရတာ များပါတယ် ...
> အဲဒါကြောင့် မီးလောင်ရင်တောင် မီးသတ်ကို အားကိုးတဲ့ အကျင့်သိပ်မရှိတော့သလိုပဲ
> ... မီးသတ်ဆိုတာ ရယ်စရာတစ်ခုလိုတောင် ဖြစ်ရင် ဖြစ်နေတာ ... ဒီလိုပဲ တစ်ယောက်ကို
> တစ်ယောက်စောင့်ရှောက်ရင်း နေလာကြတာပါ ...
>
> ဒါပေမယ့် အဲဒီနေ့မှာ ထွက်သွားတဲ့ လူတချို့ ချက်ချင်း ပြန်လာပြီး မိန်းမတွေနဲ့
> ကလေးတွေကို အိမ်ပေါ်ကို တက်ခိုင်းပါတယ် ... လမ်းမှာ မနေနဲ့ အိမ်ပေါ်ကိုတက်
> တံခါးကို လုံအောင်ပိတ်ထား ဆိုတဲ့ မှာသံတွေနဲ့ အတူ "ဟိုမှာ ရခိုင်နဲ့
> ကုလားဖြစ်နေကြပြီ ... ဘာသံပဲကြားကြား ကိုယ့်အိမ်ထဲက မထွက်နဲ့တဲ့" ...
> ကျွန်မအမေဆိုရင် သနားဖို့ကောင်းလိုက်တာ ... ကျွန်မက အဘွားအိမ်မှာမို့လို့တဲ့
> စိုးရိမ်လို့ ထိုင်ငိုနေခဲ့တာ ... ဖြစ်တာကလည်း အဘွားအိမ်နဲ့ဆို လမ်းတွေ
> သိပ်မဝေးဘူးကိုး ... တစ်ညလုံး မအိပ်ကြပဲ လမ်းက အသံတွေကိုပဲ နားစိုက်နေခဲ့ကြတာ
> ... အဲဒီအချိန်တွေတည်းက ဥပဒေနဲ့ ဝင်ထိန်းလိုက်ရင် သိပ်ဆိုးသွားမှာ မဟုတ်ပါဘူး
> ... မနက်မိုးလင်းလင်းချင်း အိမ်ကို တန်းပြေးရတယ် ... အဲဒီအချိန်မှာမှ
> သိလိုက်တာက ကုန်စည်ပြပွဲ နောက်ဆုံးညဆိုတော့ ၁၂ နာရီလောက်အထိ လူတွေ မစဲဘူးတဲ့
> ... ကောင်လေး နှစ်ယောက် ၊ ကောင်မလေး နှစ်ယောက် နဲ့ ကိုရင်လေးတစ်ပါး ညဖက် ၁၁
> နာရီလောက်မှာ ပွဲကြည့်ရင်း တူတူပြန်ကြတာ ကုလားရွာက ဖြတ်ပြန်ရတော့ ကုလားတွေက
> ကောင်မလေးနှစ်ယောက်ကို သားပြော၊ မယားပြော လှမ်းပြောလို့တဲ့ ... ကုလားရွာက
> ဖြတ်ပြန်ရတယ် ဆိုလို့ ပြောဦးမယ် ... စစ်တွေမှာ ကုလားရွာ တော်တော်များများက
> အဓိက လမ်းကြီးတွေပေါ်မှာ ရှိတယ် .. နည်းတဲ့ ရွာကြီးတွေ မဟုတ်ဘူး ... ပြီးရင်
> ကျွန်မတို့ရဲ့ ဆရာတော်ဦးဥတ္တမ ပန်းခြံရှေ့တည့်တည့် Main လမ်းမဖြစ်တဲ့
> လမ်းမကြီးပေါ်မှာလည်း ဗလီအကြီးကြီး နည်းတဲ့ဟာကြီးမဟုတ်ဘူး ... အဲလို
> ကောင်မလေးတွေကို ပြောတော့ ကောင်မလေးတွေက ပြန်ဆဲလို့တဲ့ ဟိုက ပိုရိုင်းလာတော့
> ကောင်လေးတွေကပါ ဝင်ပြောတော့ ကုလားရပ်ကွက်မှာ အဲဒီလူခြေပြတ်တဲ့အချိန်ဆိုတော့
> သူတို့တွေက ဆွဲလားရမ်းလား လုပ်တာနဲ့ ကောင်လေးနှစ်ယောက်၊ ကိုရင်လေး နဲ့
> ဆွဲနေကြချိန် ကောင်မလေးတွေက ထွက်ပြေးသွားကြလို့ လွတ်သွားပါတယ် ... သူတို့ကလည်း
> ကောင်မလေးတွေကို အာရုံမစိုက်တာလည်း ပါပါလိမ့်မယ် ... ကောင်လေးနှစ်ယောက်က နယ်က
> ကျောင်းလာတက်တာပါ ... ရွှေစေတီဘုန်းကြီးကျောင်းမှာ နေပြီးတော့
> ကျောင်းတက်နေကြတာပါ ... ဖြစ်ချင်တော့ စည်းကမ်းအရမ်းကြီးတဲ့
> ကျောင်းထိုင်ဆရာတော်ကြီး ခရီးလွန်နေချိန် ဖြစ်နေလို့ ခုလို ညဖက်ကို
> ခိုးထွက်လို့ ရကြတာပါ ... အဲလို ထိုးကြိတ်ရင်းနဲ့ သူတို့ရွာထဲကို ဆွဲသွင်းရာက
> ကောင်လေးတစ်ယောက် လွတ်သွားပါတယ် ... ကောင်လေးကလည်း ပွဲဖက်ကိုသာ ပြန်ပြေးရင်
> ပိုကောင်းသွားမှာပါ ... လူတွေ အများကြီး လိုက်လာနိုင်ကြမှာ ... ဒါပေမယ့်
> ကောင်လေးလည်း ကိုယ်လွတ်ရာပြေးရင်း ရွှေစေတီကျောင်းကို ရောက်သွားပါတယ် ...
>
> ရွှေစေတီကျောင်းဟာ အကြီးဆုံး စာသင်တိုက်မို့လို့ ကိုယ်တော်တွေ ကိုရင်တွေ
> အများကြီးပါပဲ ... အဲဒီမှာ ကောင်လေးက ကိုယ်တော်ကို သွားလျှောက်တော့
> ကိုယ်တော်တွေရော ကိုရင်တွေရော လိုက်လာခဲ့ကြပါတယ် ... ပြီးတော့ အဲဒီနားမှာ
> လူသွားတောင်းတယ် ... တစ်ယောက်မှ ဘာမှ မပြောကြဘူး ... ဆွဲသွင်းသွားတဲ့
> အဆောက်အဦးထဲကို ဝင်ရှာတယ် ... ပြီးမှ ကိုရင်လေးခေါင်းကို ချိတ်ထားတာတွေ့ပါတယ်
> ... ခန္ဓာမတွေ့ပါဘူး ... ဒီလိုနဲ့ အုတ်အော်သောင်းနင်း ဖြစ်ရာက ကုန်စည်ပြပွဲက
> လူတွေလည်း ရောက်လာပြီးတော့ အိမ်တွေကို ရှာကြတယ် ... မတွေ့ပါဘူး ... အဲဒီမှာပဲ
> ဒေါသတွေ ထွက်ပြီးတော့ ကိုရင်လေးခေါင်းကို တွေ့တဲ့ အဆောက်အဦးကို မီးရှို့ကြတာပါ
> ... အဲဒါ မိုးအလင်း ဟိုဘက်နဲ့ ဒီဘက်ချကြတာ ...
>
> ငရဲကျနေသလိုပါပဲ ... လူတွေရော ဘုန်းကြီးတွေရော ... သူတို့ဘက်ကလည်း
> ရှိသမျှလူတွေပေါ့ ... ရတဲ့ လက်နက်နဲ့ဆော်ကြတာ ... ရခိုင်တွေက ကလေး၊ မိန်းမ နဲ့
> သက်ကြီးရွယ်အိုတွေကို မသတ်ပါဘူး ... ဒါပေမယ့် သူတို့က တွေ့သမျှသတ်တယ် ...
> ပြီးရင် သူတို့မိန်းမတွေက သူတို့အိမ်တွေပေါ်ကနေ ပုလင်းကွဲတွေ ပစ်ချကြတယ် ...
> ကိုယ်တော်တွေလည်း ခေါင်းကွဲတဲ့သူကွဲ ... ဆီတွေလောင်းကြတယ် ... မီးတွေ ပစ်ကြတယ်
> ... ဒီတော့ ဒီကလည်း သူတို့ အိမ်တွေပေါ်ကို ဆီဗုံးတွေနဲ့ မီးကွင်းတွေ
> ပြန်ပစ်ကြတယ်ပေါ့ ... အဲဒီအချိန်တွေမှာ ကျွန်မတို့ ဘယ်ကတရားဥပဒေကိုသွားပြီး
> အားကိုးရမှာလဲ ... တရားဥပဒေလာဖို့ အသေခံစောင့်နေရမှာလား ... ပြီးမှ စစ်တပ်က
> ဗျူဟာမှူးကိုယ်တိုင်လိုက်လာပြီး လော်စပီကာနဲ့ အော်လို့ သူ့ကို နှစ်ဘက်လုံးက
> ဘယ်ကထုမှန်းမသိ နဖူးထိသွားတယ် ... တပ်တွေလည်း ဒီအတိုင်း ကားရပ်ပြီးကြည့်ရတဲ့
> အခြေနေဖြစ်သွားတယ် ... သူတို့တွေလည်း ရခိုင်ရွာတွေကို မီးတိုက်တယ် ...
> ကျွန်မတို့ အဘွားအိမ်ပါသွားလို့ ပြေးကြရတယ် ... ဆွေမျိုးတွေ အိမ်တွေလည်း
> ပါသွားတယ် ... ရက်ကွက်လိုက်ကြီးတွေ ပျက်စီးသွားတာ ...သူတို့ ရပ်ကွက်တွေရောပေါ့
> ...
>
> ကြောက်စရာကောင်းအောင် တွေ့လိုက်ရတာက ... သူတို့ရဲ့ ဒေါ်လာဆိုတဲ့ အထင်ကရ
> တည်းခိုခန်းမှာ လက်နက်သေတ္တာတွေ တွေ့လိုက်ရတာပဲ ... ငွေစက္ကူတွေ ဒေါ်လာတွေ
> အများကြီးပဲ ... ဘုန်းကြီးတွေက အကုန်မီးရှို့ဖျက်စီးပစ်လိုက်တာ ...
> ပိုင်ရှင်တွေက အဲဒီနေ့မှာပဲ မော်တော်ဘုတ်တွေနဲ့ ညတွင်းချင်း ထွက်ပြေးကြတာ ...
>
> အဲဒီဟာကိုသာ မတွေ့လိုက်ဘူးဆိုရင် တွေးတောင် မတွေးရဲဘူး ... နောက်တစ်ရက်မှာ တပ်က
> မာရှယ်လောထုတ်လိုက်တယ် ... ညဖက် ၆ နာရီ အပြင်ကို မထွက်ရ ...အဲဒီအတွက်လည်း
> တရားဥပဒေနဲ့ လုပ် မလုပ်လည်း မကြားရ မသိရ ...
>
> ရခိုင်ပြည်ဟာ ရေကြောင်းခရီးကို အဓိက အားထားရတဲ့နေရာ ... ပင်လယ်ကြီးနဲ့
> ဆက်စပ်နေတော့ လှိုင်းလေ အရမ်းကြမ်းတယ် ... ကုလားတန်မြစ်ကိုဖြတ်ပြီး
> နေ့တိုင်းသွားပြန်နေရတဲ့ လူတွေ ရှိတယ် ... အဲဒီမှာ မုန်တိုင်းမိပြီး
> မှောက်သွားတဲ့ မော်တော်က အဘွားကြီးနဲ့ မိန်းမကြီးတစ်ယောက်က ဘေးနားကဖြတ်သွားတဲ့
> ပိုက်လောင်းလေးကို အကူညီတောင်းတော့ ကုလားတွေ ငါးသွားဖမ်းတာဖြစ်နေတယ် ...
> သူတို့လည်း လောင်းပေါ်ကို ဆွဲတင်လိုက်ပြီး ပါလာတဲ့ အဘွားကြီးကို
> လည်ပင်းလှီးသတ်ပြီး ရေထဲကို ချပလိုက်တယ် ... မိန်းမကြီးကိုတော့ အဓမ္မကြံပြီးမှ
> ဝတ်ထားတဲ့ နားကပ်တို့ လက်ကောက်တို့ ဆွဲကြိုးတွေကိုယူ လည်ပင်းကို ဖြတ်ပြီးမှ
> ပစ်ချလိုက်တယ် ... မြင်သွားတဲ့ တခြားလှေက လူတစ်ယောက်အသတ်ခံရပြီး
> နောက်တစ်ယောက်လွတ်သွားလို့ ပြန်တိုင်တယ် ... ဒါလည်း ဖမ်း မဖမ်း မသိရဘူး ...
> ဒီလိုမျိုး အားကိုးရတဲ့ တရားဥပဒေနဲ့ ကာကွယ်ပေးထားတာပါ ...
>
> ကျွန်မတို့မှာလည်း ကိုလဂွန်းအိမ်တို့လိုမျိုး သူငယ်ချင်းတွေ ရှိပါတယ် ...
> သူငယ်ချင်းတစ်ယောက်ဆိုရင် အစ္စလာမ်ပေမယ့် ကျောင်းက ဆရာ ဆရာမကို ရှိခိုးတယ် ...
> ကျွန်မတို့ ဘုရားရှိခိုးရင် လက်အုပ်လေးချီထားတယ် ... သူ့အိမ်မီးလောင်တုန်းက
> ရခိုင်တွေကပဲ ငြိမ်းပေးခဲ့ကြတာ ... သူတို့ မောင်နှမလေးယောက်လုံးကို
> ကျွန်မတို့တွေ အရမ်းချစ်ကြပါတယ် ... တခြားကောင်လေး ၃ ယောက်ရှိပါသေးတယ် ...
> ကျောင်းကထိန်ဆိုရင် ဘုန်းကြီးကျောင်းက သူတို့ကိုယ်တိုင်ပဲ ပဒေသာပင်တွေ
> သွားယူကြတာ ... ကျွန်မတို့ ဘုရားကို ဝတ်မပြုရင်သာနေမယ် ... အရှင်ဘုရားတွေ
> ဆိုရင်လည်း လေးလေးစားစားနဲ့ ပြောတတ်တယ် ... ကျွန်မတို့ကို မရိုင်းရင်
> ကျွန်မတို့ကို မစော်ကားရင် ကျွန်မတို့ ဘယ်သူ့ကိုမှ မလုပ်ပါဘူး ...
> ကျွန်မတို့ကလည်း အစ္စလာမ်ဘာသာကို မုန်းနေတာ မဟုတ်ပါဘူး ... ကျွန်မတို့မှာ
> ကိုယ့်အိမ်ကိုယ့်ယာမှာ နေပြီး ကိုယ့်မြေဖြစ်ပါလျက် အကာအကွယ်မဲ့နေတဲ့ ဘဝကို
> ကျော်ဖြတ်လာကြတာပါ ... အဲလိုအချိန်တွေမှာ လာကယ်မဲ့ ရဲတွေကို စောင့်နေရင်
> ကျွန်မတို့ ဘဝတွေ ဘာဖြစ်သွားကြမလဲ ... ရပ်ကွက်ထဲက ယောက်ျားငယ်လေးတွေက
> အုပ်စုလိုက် အလှည့်ကျ ကင်းစောင့်ရင်း ကိုယ့်ရပ်ကွက်ကို
> ကိုယ်စောင့်ရှောက်လာခဲ့ကြတဲ့ အကြိမ်တွေ ရေတွက်လို့ မရပါဘူး ...
>
> ကိုယ့်ပြည် ကိုယ့်ရွာမှာ နေပြီး မလုံခြုံတဲ့ ခံစားချက်ကို နားလည်ပေးကြပါလို့
> အတင်းမတိုက်တွန်းပါဘူး ... ခုလည်း ရမ်းဗြဲမှာ မသီတာထွေးကို သတ်တဲ့ကိစ္စကို
> ဘာတစ်ခုကမှ အသိအမှတ်ပြုလုပ်ပေးတာမျိုးမရှိဘူး ... လူတွေတောင် မသိကြဘူးလေ ...
> တောင်ကုတ်က လူသတ်မှုပေါ်မှ သိသွားကြတာ ... တောင်ကုတ်ကကိစ္စအတွက်
> ထိခိုက်ဝမ်းနည်းရပါတယ် ... သေသွားတဲ့သူတွေ အတွက်ရော ... ကျွန်မတို့ကို
> ကာကွယ်ပေးတယ်လို့ ယူဆပြီးကျူးလွန်ဖြစ်ခဲ့တဲ့ ညီကိုမောင်နှမတွေကိုရော ...
> အရမ်းကို ထိခိုက်ကြေကွဲရပါတယ် ... ဒါပေမယ့် အဆိုးထဲက အကောင်းတစ်ခုက
> ရခိုင်ဒေသကို ဥပဒေ အမှောင်ချထားလို့ မရတော့ဘူးဆိုတာပါပဲ ...
>
> ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေက တကယ်ကို ရိုးလွန်းလို့ ဒေါသကိုထုတ်ပြ
> လုပ်ပစ်လိုက်ကြတာ ... ကျွန်မတို့ရဲ့ ပြေးလာတဲ့ ခြေလှမ်းတွေ ရပ်သွားမှာကိုလည်း
> သူတို့တွေ မသိလောက်အောင်ကို ရိုးကြ နုံကြ အကြတာ ... သူတို့ အမျိုးသားရေးကို
> ကာကွယ်မယ်ဆိုတဲ့ အရိုးခံစိတ်တစ်ခုပဲ ရှိတယ် ... အလိမ္မာ မရှိကြဘူး ...
> ပရိယာယ်မရှိကြဘူး ... ကျွန်မသာဆိုရင်တော့ အဲသလိုမလုပ်ဘူး ...
> ကိုယ်လုပ်စရာမလိုဘဲ သူ့စားရိတ်နဲ့သူသွားအောင်ပဲ လုပ်မယ် ... ဒါပေမယ့်
> ပရိယာယ်မရှိတဲ့ ကျွန်မတို့ အစ်ကိုတွေက ကျွန်မတို့ကို စောင့်ရှောက်ဖို့
> သူတို့တွေ ရှိကြောင်းကို ပြလိုက်သလိုပဲ ... "ကျွန်မတို့
> သွားနေကြတဲ့ခြေလှမ်းတွေကို ရပ်စေတဲ့ အတွက်ရော ... လူ့အသက်ကို သတ်လိုက်တဲ့
> အတွက်ရော မုန်းတယ် ... ပြီးရင် သူတို့တွေ ကိုယ့်လူမျိုးအတွက်ဆိုတဲ့ စိတ်နဲ့
> လုပ်မိသွားတာမို့လို့ သနားတယ် ... နောက်ဆုံး အကာအကွယ်မရှိတဲ့ကျွန်မတို့တွေအတွက်
> သူတို့တွေကာကွယ်ဖို့ အဆင်သင့်ရှိနေပါလားဆိုတဲ့စိတ်နဲ့ ချစ်မိတယ်
> ယူကြုံးမရဖြစ်မိတယ် ... "
>
> သူတို့လုပ်ရပ်ကို ထောက်ခံတာ မဟုတ်ဘူး ... လုံးဝကို ကန့်ကွက်ပါတယ် ...
> ပြစ်မှုကျူးလွန်သူတိုင်း ပြစ်ဒါဏ်ကို ခံကြရမှာပါ ... ဒါပေမယ့် သူတို့တွေ
> ဒီလိုဖြစ်နေတာ ဘာတွေကြောင့်လဲ ... ကျွန်မတို့ ဒေသမှာ တရားဖြစ်လာရင်
> တကယ်အပြစ်ပေးလိမ့်မယ်လို့ မယုံကြည်နိုင်ကြတော့လို့ပဲ ... တကယ့်ကို တရားဥပဒေ
> မစိုးမိုးလို့ပဲ ... ရခိုင်တွေက အချင်းချင်းပဲ စောင့်ရှောက်ရင်းနဲ့
> ကိုယ့်သားသမီး ကိုယ့်ညီအစ်ကို မောင်နှမကို လူမျိုးခြား လက်ထဲကို
> မရောက်သွားရအောင် ကာကွယ်လာကြရတဲ့ဘဝ ... ဒါတွေကြောင့်ပဲ ကုလားနဲ့
> ရခိုင်လက်ထပ်တာမျိုး မရှိသလောက်ရှားတာ ... အနောက်ရိုးမမှာ ရခိုင်တွေက
> မြန်မာနိုင်ငံထဲကို ကုလားတွေ စိမ့်ဝင်မသွားဖို့ မြေခံကတုပ် အနေနဲ့
> ခံပေးနေကြရတယ်ဆိုတာကို သိရင် ...
>
> ဒီလိုကိစ္စမျိုးတွေ ဝေးပြီး ရခိုင်မြေမှာ ရခိုင်တွေတည်ထားကိုးကွယ်တဲ့
> ဘုရားတွေကို ရခိုင်တွေ စိတ်အေးလက်အေး ရှိခိုးရမယ့် နေ့တွေကို တောင့်တရင်း ....
> ကျွန်မတို့ လူမျိုးတွေ ခိုကိုးရာမဲ့သောဘဝက အကာအကွယ်မဲ့သောဘဝက၊ ကိုယ့်အိမ်မှာ
> ကိုယ်နေရင်း ကြောက်လန့်နေရတဲ့ ဘဝက၊ သံသယတွေနဲ့ပဲ ကြီးပြင်းရတဲ့ ဘဝက
> တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ...
>
> ( မှတ်ချက်။ ။ အစ္စလာမ် ဘာသာဝင်တိုင်းကို စော်ကားခြင်းမဟုတ်ပါ ... ရခိုင်ပြည်ရဲ့
> အမှောင်ချခံထားရတဲ့ အခြေနေကို လှစ်ဟပြရုံသက်သက်သာ ... တခြားသောသူတွေ ဒီကိစ္စကို
> ပြီးစေ ငြိမ်းစေချင်တာထက် ရခိုင်တွေက ပိုတယ်ဆိုတာကို သိထားစေချင်ပါတယ် ...
> ရခိုင်ဒေသမှာ အဓိက ဖြစ်နေတော့ မိသားစုတွေ ညီအစ်ကို မောင်နှမတွေ အတွက်
> ရတက်အေးကြပါ့မလား ... ကိုယ်ချင်းစာ နားလည်ပေးကြလိမ့်မယ်ထင်ပါရဲ့ ... )
>
>
>
> သင်းချို
>
>
>
>

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။