[aurorageneration] [Richard Aung] GENDER & SOCIETY ကျား-မ ဖြစ်ခြင်း အခန်းကဏ္ဍနှင့် လူမှုအဖွဲ့အစည်းဖိုရမ် ဆွေးနွေးပွဲ..

from ဒီမိုဝေယံ
GENDER & SOCIETY ကျား-မ ဖြစ်ခြင်း အခန်းကဏ္ဍနှင့် လူမှုအဖွဲ့အစည်းဖိုရမ်

ရန်ကုန်မြို့တော်ဝင် နှင်းဆီ စားသောက်ဆိုင်တွင် လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ၁၉-၀၆-၂၀၁၂ နေ့၌ နိုင်ငံရေးအကျဉ်းသားဟောင်း မဇင်မာအောင်နှင့် မခင်လေးတို့ ဦးဆောင်၍ ဟောပြောပွဲများ၊မှတ်တမ်းရုပ်ရှင်များ၊စာတမ်းဖတ်ပွဲများကို ဖတ်ရှု နားထောင် ကြည့်ရှုခြင်းဖြင့် လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇-နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့ပါသည်။

အမျိုးသမီး စာရေးဆရာမမအိ၊ မိချမ်းဝေ၊ နှင်းဝေငြိမ်း၊ စုမိအောင်၊ကြည်မွေ့အိမ်၊ လဲ့ဝင်းကြည်၊
ဖြူဖြူဝင်း၊ မေဇွန်အောင်၊ နန်းဧကရီရှင်၊ ပန်ဒိုရာ၊ ခင်သန္တာ (၁၁)ဦး၏ အမျိုးသမီးများ၏ အခွင့်အရေးနှင့် တန်ဖိုးစာတမ်းတွင် ပါသော အမျိုးသမီးများ ထွက်ပေါက်နှင့်ကန့်သတ်ခံရခြင်း၊ အမျိုးသမီးများနှင့် အခွင့် အရေး၊ အမျိုးသမီးများနှင့် ကာကွယ်စောက်ရှောက်မှု၊ အမျိုးသမီးများ၏ ယဉ်ကျေးမှု၊ ကျင့်ဝတ်သိက္ခာ၊ ဘာသာတရားနှင့် ဘ၀တန်ဖိုး၊ အမျိုးသမီးများနှင့် အရည်အသွေး၊ အမျိုးသမီးများနှင့် စွန့်လွတ် အနစ်နာ ခံမှုစသော ခေါင်းစီးစာတမ်းများကိုဖတ်ခြင်း၊ ဒါရိုက်တာ ကြည်ဖြူသျှင်၏ The Merry Widows of Nam Mun မှတ်တမ်း ရုပ်ရှပ်ဇာတ်ကားအားပြသခြင်း၊ RAINFALL-GENDER STUDY GROUP လှလှရီ (ရခိုင်တိုင်းရင်းသူ)၏ အမျိုးသမီးများနှင့်ဥပဒေ စာတမ်းကိုလည်း ဖတ်ပြခြင်း၊ချင်းအမျိုးသမီးများ၏ ၀ါးညှပ်အက ကပြခြင်း၊ ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့် လွှတ်တော်အမတ် မဖြူဖြူသင်း၊7 day ဂျာ နယ်မှ အယ်ဒီတာ ဒေါ်ငြိမ်းငြိမ်းနိုင်နှင့် NGO မှ ဒေါ်ထားထားတို့၏ ဆွေးနွေးချက်များလည်း ပါဝင်သည် ဟုသိရှိရပါသည်။

Popout

ထိုပွဲတွင် တိုင်းရင်းသူပေါင်းစုံ၊၈၈-မျိုးဆက်မှ မနီလာသိန်း၊ မမီးမီးတို့နှင့်ရုပ်ရှင်သရှပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာများဖြစ်သော-သျှီ၊ သံသာဝင်း၊ ကြည်ဖြူသျှင်စသည်တို့နှင့် နိုင်ငံရေးနိုင်ပယ်က အမျိုးသမီးပေါင်းစုံ၊ အကျဉ်းသူဟောင်းများ၊ ကျောင်းသူပေါင်းစုံဖြင့် ဧည့်ပရိသတ်ပေါင်း သုံးရာခန့် တက်ရောက်ကြောင်းလည်း သိရှိရပါသည်။

သတင်း၊ ဓာတ်ပုံ အတွက် ညီငယ်လင်းဆက် အားကျေးဇူးတင်ပါသည်.


--
Posted By Richard Aung to Richard Aung at 6/22/2012 09:04:00 AM

--
Computer နည်းပညာများ http://groups.google.com/group/auroracomputerservice?hl=en_US ဂြိုဟ်တုနှင့်အာကာသ http://sites.google.com/site/9spacestudy/ Entertainment (game) www.vaperida.com Aurorageneration အတွက် facebook link ပါ။ http://www.facebook.com/groups/186830348042417 Aurorageneration facebook page https://www.facebook.com/Aurorageneration (Still fixing) -- သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။ group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။