အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးနှင့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၂ အရ သတင်းမမှန်ပေးမှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုထားကြောင်း NLD ပါတီပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။ NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းသည် ဧပြီလ ၁၇က် ကြားဖြတ်ရွေးကောက်ပွဲကာလ၌ မဲလက်မှတ်များတွင် ဖယောင်းသုတ် မှုများရှိနေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြား ခြင်းဖြစ်ကြောင်း NLD ပါတီထံမှသိရှိရသည်။
အဆိုပါအမှုကို ၂၀၁၂ ခုနှစ် ဇွန် လ ၁၄ရက်နေ့တွင် ဇမ္ဗူသီရိ တရားရုံးသို့ အမှုရင်ဆိုင်ရန်ဆင့်ခေါ်ထားပြီး ဦးဥာဏ်ဝင်းသည် ဇွန်လ ၁၃ ရက်နေ့ကပင် နေပြည်တော်သို့သွားရောက် တရားရင်ဆိုင်လျက်ရှိကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကဆိုသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ The Voice Weekly မှ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ တယ်လီဖုန်းဖြင့် သုံးကြိမ်ခန့်ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူများအစည်းအဝေးပြုလုပ်နေသဖြင့် မအားလပ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့မှုမရှိကြောင်း၊ တရားဝင်တိုင်ကြားသူလည်း မရှိကြောင်းနှင့် ယခုကဲ့သို့ မမှန် မကန်စွပ်စွဲပြောဆိုမှုများကြောင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မမှန်မကန်တိုင်ကြားသူအား ကော်မရှင်က လိုအပ်လျှင်အရေးယူနိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေးခြင်းဖြစ်ကြောင်း ဖယောင်းသုတ်သည့် တိုင်ကြားမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ၉ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
The Voice Weekly
--
Posted By Richard Aung to Richard Aung at 6/17/2012 07:40:00 PM --
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။