[aurorageneration] [Richard Aung] ဒေါက်တာ ထွန်းအောင် မောင်တောတွင် ဖမ်းဆီးခံရ

နိရဉ္စရာ  မောင်တောတွင် ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်ကို အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိသည်။ ယနေ့ နေ့လည် ၁၂ နာရီခွဲခန့်က နစက ဒုကွပ်ကဲရေးမှူးမှ သုံးမိုင် UNHCR ရုံးထဲမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင်များက ပြော သည်။ ဒေါက်တာ ထွန်းအောင် ဖမ်းဆီးရခြင်းမှာ သောကြာနေ့ ၀တ်ပြု ဆုတောင်းပွဲကို မည်သည့် တစ်ခုမှ မဖြစ်စေရဟု အာမခံပြီး အာဏာပိုင်များ ထံမှ ပြုလုပ်ခွင့် တောင်းခဲ့ကြောင်း၊ အာဏာပိုင်များမှ သူအာမခံ ချက်ဖြင့် ပြုလုပ်ခွင့် ပေးခဲ့ကြောင်း၊ သို့ရာတွင် ဆုတောင်းပွဲ အပြီးတွင် ဆူပူမူများ ပေါ်ပေါက်လာသဖြင့် သူ့အား ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဒေသခံ မြို့ခံ တစ်ဦးက ပြောသည်။ သို့သော်လည်း အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးသဖြင့် သူအဖမ်းခံရသော အကြောင်းအရင်းကို အတည်ပြုနိုင်ခြင်း မရှိပါ။ ဒေါက်တာ ထွန်းအောင်အား ယခုအခါ ကျီးကန်းပြင် နစကဌာနချုပ်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။ ယူအန်တွင် အလုပ် လုပ်ကိုင်နေသူ ဒေါက်တာထွန်းအောင် သမီးဖြစ်သူအားလည်း မောင်တောမှ စစ်တွေသို့ အပြန်တွင် စစ်တွေမြို့တွင် အာ ဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သတင်းများ ထွက်ပေါ် နေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။   

--
Posted By Richard Aung to Richard Aung at 6/12/2012 04:51:00 PM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။