[aurorageneration] [Richard Aung] စစ်တြွေုမို့ နောက်ဆုံးရ သတင်းများ

 ဇွန်လ ၁၁ ရက်နေ့ ၁၃၀၀ နာရီ။ ကန်တော်လီရွာနှင့် ဗျိုင်းစုရွာ အချင်းချင်း ရိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းခဲ့သောကြောင့် လူစုကွဲသွားကြောင်း သိရှိရသည်။ ဇွန်လ ၁၁ ရက်နေ့ ၁၄၃၅ နာရီ ။ နာဇီရပ်ကွက်(၁၂)၊ ဘင်္ဂါလီအများစုနေထိုင်သည့် အိမ်(၂) လုံး မီးလောင်ကျွမ်းခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ခလရ(၂၀)မှ တပ်မတော် သားများမှ သွားရောက် ရှင်းလင်းခဲ့သည်။ လူစုခွဲရန် သေနတ်များ ပစ်ဖောက်ခဲ့ရသဖြင့် လူစုကွဲကာ မီးများလည်း ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ဇွန်လ ၁၀ ရက်နေ့ ၁၀၅၀ နာရီမှ ဇွန်လ ၁၁ ရက် ၀၈၃၀ နာရီထိ ဇွန်လ ၁၀ ရက်၊ ၁၂၀၀ မှ ၁၃၀၀ နာရီထိ ။ တရားသီးစုပိုက်သယ် ကုလားရွာ၊ ဘင်္ဂါလီလူမျိုး (၂) ဦးမှ ၄င်းတို့၏ နေအိမ်များကို မီးရှို့၊ ဘေးအိမ် (၅) လုံးသို့ မီးကူး၊ မီးသတ်ကား(၂)စီးမှ ငြိမ်းသတ်။ (ဗလီ ၂ လုံး၊ ဘင်္ဂါလီလူမျိုးနေအိမ်(၁၀)လုံး ပျက်စီး)။ ဇွန်လ ၁၀ ရက်၊ ၁၂၂၅ နာရီ ။ စစ်တွေမြို့၊ ပြည်သူ့ဆေးရုံ၊ ရခိုင်တိုင်းရင်းသား(၂)ဦး (မစိုး ရိမ်ရ)၊ ဒဏ်ရာဖြင့် ရောက်ရှိလာ။ ဇွန်လ ၁၀ ရက်၊ ၁၃၃၀ နာရီ ။ စစ်တွေမြို့အနီးရှိ အနောက်ဖရုံကာကျွန်းအနီးတ၀ိုက်၌ ဘင်္ဂါလီလူမျိုးများ ခိုအောင်လျက် ရှိပြီး ညပိုင်တွင် စစ်တွေမြို့သို့ တိတ်တဆိတ်တက်ကာ မီးရှို့လေ့ ရှိကြောင်း၊ မီးရှို့ပြီးနောက် စက်လှေများဖြင့် ပြန်လည်ထွက်ပြေးသွားလေ့ရှိကြောင်ူး စစ်တွေမြို့၊ ကမ်းနားလမ်းနေ ပြည်သူများမှ သတင်းပေးပို့ခဲ့သည်။ စစ်တွေရှိ ပြည်သူများမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားသဖြင့် ညပိုင်းအချိန် အခွင့် ကောင်းယူ၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ဆောင်ရွက်လေ့ရှိသောကြောင့် အကြမ်းဖက်မီးရှို့မှုများ ထပ်မံ မဖြစ်ပွားစေရေး အတွက် တပ်မတော်(ရေ)မှ လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက် ရှိရာ အနောက်ဖရုံကာ ကျွန်း၊ စကေးပြင်ကျေးရွာတွင် ဘင်္ဂါလီလူမျိုး (၁၀၀၀)ဦးခန့် တွေ့ရှိရကြောင်း သိရှိရသည်။ (နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်း ရေးသားဖော်ပြထားသည်။) ဓါတ်ပုံ - မှူးဇော်  Facebook http://feeds.feedburner.com/thithtoolwin/yIWV   

--
Posted By Richard Aung to Richard Aung at 6/12/2012 04:40:00 PM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။