[aurorageneration] [Richard Aung] ဂျပန်ယာဉ်လိုင်းများ မြန်မာနိုင်ငံတွင်ပြေးဆွဲမည်

ပြည်တွင်းယာဉ်လိုင်းပြေးဆွဲမှုတွင် ဂျပန်နိုင်ငံမှ ယာဉ်လိုင်းများ ဝင်ရောက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာသန်း ၃၀၀ ခန့် အကုန်ကျခံရင်းနှီးမြှုပ်နှံကာ မြန်မာနိုင်ငံတွင် ဂျပန်ကားလိုင်းများပြေးဆွဲရန် စီစဉ်နေကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ပြောသည်။ ဇွန် ၄ ရက်တွင် ချက်ထရီယံဟိုတယ်၌ ပြည်တွင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက "ဂျပန်ကုမ္ပဏီနဲ့ ပြောထားတယ်။ ဂျပန်က ဒေါ်လာသန်း ၂၅၀-၃၀၀ အကုန်အကျခံပြီးတော့ ဒီမှာ ကားလိုင်းတွေဆွဲမယ်။ အဲဒီကားတွေက စနစ်ကျတယ်။ ဝန်ဆောင်မှုတွေပါလာမယ်။ အချိန်မှန်ထွက်မယ်။ ကားခကိုလဲ ကတ်စနစ်နဲ့ သုံးတာတို့ပါလာမယ်။ Taxi တွေလဲ ဒီအတိုင်းပဲ။ ဂျပန်ကလာမယ်။ အခြေခံလူတန်းစားတွေ သွားရေးလာရေးအတွက် အဆင်ပြေစေဖို့ပါ" ဟု ပြောကြားခဲ့သည်။ ယင်းသို့ ပြည်တွင်းယာဉ်လိုင်းပြေးဆွဲမှုတွင် ဂျပန်နိုင်ငံကဲ့သို့ နည်းပညာ မြင့်မားကာ စည်းကမ်းရှိသည့် နိုင်ငံမှ မော်တော်ယာဉ်လိုင်းများ ဝင်ရောက်ပြေးဆွဲပါက ရန်ကုန်မြို့တွင်း အခြေခံ လူတန်းစား ဝန်ထမ်းနှင့် အလုပ်သမားများအတွက် အခြေခံအထောက်အပံ့ ကောင်းများ ဖြစ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "  

--
Posted By Richard Aung to Richard Aung at 6/12/2012 04:46:00 PM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။