[aurorageneration] [Richard Aung] မန္တလေးတွင် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး မိုဘိုင်းသီးသန့်ဇုန်ဖွင့်မည်

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး မိုဘိုင်းသီးသန့်ဇုန်ကို မန္တလေးမြို့ Great Wall Plaza (၄) လွှာတွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ " ဒီမိုဘိုင်းဇုန်ဖွင့်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိုဘိုင်းဖုန်းနဲ့ ပတ်သတ်တာတွေကို ဝယ်ယူလိုသူတွေအတွက် တစ်နေရာတည်းမှာ စုစုစည်းစည်း ဝယ်ယူလို့ရနိုင်အောင် စီစဉ်ပေးတာပါ။ မန္တလေးမြို့က နာမည်ကြီး ပြီးသား မိုဘိုင်းအရောင်းဆိုင်ကြီးတွေ ပါဝင်ပါမယ်။ ဝယ်ယူလိုသူတွေအတွက် အဓိက အားသာချက်ကတော့ ဆိုင်တွေက ဒီတစ်နေရာထဲမှာ အပြိုင်အဆိုင် ရောင်းကြမှာဆိုတော့ ဈေးနှုန်းတွေ ဝန်ဆောင်မှုတွေ အသက်သာဆုံးနဲ့ အကောင်းဆုံး ရရှိနိုင်ပါမယ်။ အရင်ကလို တစ်နေရာကနေ တစ်နေရာသွား စရာမလိုတော့တာကြောင့် အချိန်ကုန်သက်သာပြီး စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ မိုဘိုင်းဇုန်မှာ ပါဝင်ရောင်းချလိုတဲ့ ဆိုင်ရှင်တွေအတွက်လည်း ကျွန်တော်တို့ကနေ အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးသွားဖို့ရှိပါတယ်။ ၁၂ ပေပတ်လည် အခန်းကိုတစ်လ ၂ သိန်း၊ ၁၂ x ၁၆ ပေကို ၂ သိန်းခွဲနှုန်းနဲ့ တစ်နှစ်စာ စာချုပ်ချုပ်ရပါမယ်။ ငွေပေးသွင်းတာကိုတော့ အဆင်ပြေအောင် ညှိနှိုင်းပေးသွင်းလို့ ရပါမယ်။ မိုဘိုင်းဇုန် လူစည်အောင် ပရိုမိုးရှင်းတွေလည်း ၃ လ သို့မဟုတ် ၆ လ တစ်ကြိမ် လုပ်ပေးသွားဖို့ ရှိပါတယ်။ ဖွင့်ပွဲမှာလည်း နာမည်ကြီး အဆိုတောတွေနဲ့ စီစဉ်ဖွင့်လှစ်သွားမှာပါ။ ထူးခြားချက်အနေနဲ့ ဒီမိုဘိုင်းဖုန်းစင်တာကြီးအတွက် အကောင်းဆုံးနာမည် စဉ်းစားတင်ပြနိုင်သူကို ဆုငွေကျပ် (၁၀) သိန်း၊ အကောင်းဆုံး စီးပွားရေးဗျူဟာ ရေးဆွဲတင်ပြနိုင်သူကို ဆုငွေသိန်း (၂၀) စီ ချီးမြှင့်မှာဖြစ်ပြီးတော့ ၆ လပိုင်း ၃၁ ရက်နေ့ နောက်ဆုံးတင်သွင်းရမှာ ဖြစ်ပါတယ်" ဟု Mobile Trading Group မှ MDမှ ပြောကြားသည်။ အဆိုပါ မိုဘိုင်းဇုန်တွင် ဆိုင်ခန်းပေါင်း (၄၆) ခန်းပါဝင်မည်ဟု သိရပြီး မနက် ၉ နာရီမှ ညနေ ၉ နာရီထိ ဖွင့်လှစ်နိုင်မည်ဖြစ်ကာ လုံခြုံရေး (၂၄) နာရီ စီစဉ်ပေးထားမည်ဟု သိရသည်။ လာရောက်ဝယ်ယူသူများအတွက် အင်တာနက် ဝိုင်ဖိုင်စနစ်ကိုလည်း အခမဲ့ စီစဉ်ပေးထားမည်ဟု ဆိုသည်။ ဆိုင်ခန်းနေရာငှားရမ်းမည့် သူများအတွက် စတင်ဖွင့်လှစ်သည့် နေ့မှသာ ဆိုင်ခန်းခ ကောက်ခံပေးသွားမည်ဖြစ်ပြီး ဆိုင်ခန်းများ ပြင်ဆင်ချိန်မှာသာ မီတာခနှုန်းထားများသာ ကောက်ခံသွားမည်ဟု သိရသည်။ ဖုန်းဆိုင်စဖွင့်လိုသူများ၊ လက်ရှိနာမည်ကြီး ဖုန်းဆိုင်များနှင့် စိတ်ပါဝင်စားသူများအနေဖြင့် MTG ဖုန်း - ၄၃၀၉၁၃၀၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""  

--
Posted By Richard Aung to Richard Aung at 6/12/2012 04:43:00 PM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။