[aurorageneration] စစ်တွေက အဖြစ်တွေ . . .

စစ်တွေက အဖြစ်တွေ . . .

--
ကိုယ့်မြေ ကိုယ့်ရေမှာ ကျီးလန့်စာ စားနေရတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ မျက်နှာကိုကြည့်ပြီး ကျူးကျော် စော်ကားသူများအား ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးပါရန်....

ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်းက စစ်တွေမှာ ဆွေမျိုးမိဘတွေ ကျန်ခဲ့တဲ့ ရခိုင်မိတ်ဆွေ တဦးမှ စစ်တွေက သူ့မိဘတွေကို ဖုန်းဆက်သွယ်အပြီး စိတ်မကောင်းစွာနဲ့ ဖုန်းဆက်လာတယ်..။

စစ်တွေအခြေအနေက တော်တော်ဆိုးနေကြောင်း မိမိကိုတိုက်ခိုက်လာမယ့် ဘင်္ဂလီတွေကို စစ်တွေမြို့ပေါ်က ပြည်သူတွေထိုင်ပြီး စောင့်နေရတဲ့ အခြေအနေမျိုးရောက်နေကြောင်း အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရ ကျီးလန့်စာ စားနေရကြောင်း ဖြစ်နေရပြီတဲ့၊ ဒီနေ့ မကျည်းမြိုင် ရပ်ကွက် ဗလီမှာ လက်နက် သေတ္တာ (၃)သေတ္တာနဲ့ လက်ပစ် ဗုံးအလုံး ၁၀၀ မိတယ်တဲ့။ အင်မတန် စိုးရိမ်စရာ အခြေအနေပါပဲ။

ငွေကြေးချမ်းသာတဲ့ သူတွေ ရန်ကုန်ကို ဆင်းနေကြကြောင်း၊ လေယာဉ်လက်မှတ်တွေ ဝယ်လို့ မရတော့တဲ့အပြင် လေဆိပ်ဆင်းမယ့် လမ်းတောင် လမ်းမှာ ဘင်္ဂလီတွေ တိုက်ခိုက်ခံရမှာ ဆိုးတဲ့အတွက် စိုးရိမ်ထိတ်လန့်နေကြပြီး မဆင်းရဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်..။ ညဘက်မှာ အလှည့်ကျ ကင်းစောင့်နေရပြီး ဘင်္ဂလီများမှ လစ်ရင်လစ်သလို ဝင်ရောက် တိုက်ခိုက်နေကြကြောင်း စစ်တပ်နဲ့ ရဲကို ဘင်္ဂလီတွေမှ မထေ့မဲ့မြင် ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်..။

အဆိုပါ မိတ်ဆွေရဲ့ မိသားစု နေအိမ်ဟာ စစ်တွေမြို့လယ်ကောင်မှာ ရှိနေတာတောင် ဒီလို အဖြစ်တွေကြုံတွေ့နေရတာပါ...။ လူတော်တော်များများ နေရပ်ကနေ ပြောင်းရွှေ့နေကြတဲ့အတွက် လူအင်အားလည်း နည်းပါးလာနေကြောင်း ယနေ့ဖြစ်ပျက်ခဲ့တဲ့ ဘင်္ဂလီတွေရဲ့ လက်နက်နဲ့ ပြန်လည် ပစ်ခတ်မှုဟာ စစ်တွေ မြို့ခံပြည်သူတွေအတွက် တပူပေါ် နှစ်ပူဆင့်သလို ဖြစ်နေပါတယ်...။ ဒါဟာ စစ်တွေ မြို့ထဲက အခြေအနေပါတဲ့ လုံခြုံရေး အလှမ်းဝေးတဲ့ နေရာတွေမှာ ဘယ်လိုများ နေကြမလဲ စဉ်းစားကြည့်ကြပါတဲ့.။ ဖုန်းပြောနေတဲ့ အချိန်မှာတောင် လုံခြုံရေး ရဲကားတွေ အဆက်မပြတ် ဖြတ်သန်းသွားတယ်တဲ့။ တောင်မင်း မြောက်မင်း မကယ်နိုင်သလို ဖြစ်နေရပါတယ်တဲ့။

စစ်တပ်မှ ပြန်လည် ပစ်ခတ်နှိမ်နင်းတာကို မြို့ခံတွေ လိုလားနေကြပြီး အားမလို အားမရ ဖြစ်နေကြတယ်လို့လည်း စိတ်မကောင်းစွာ ပြောဆိုသွားပါတယ်...။ မိတ်ဆွေကတော့ ဒီလို စစ်တွေမြို့ခံတွေ ခံစားနေရတာကို နီးစပ်ရာ အာဏာပိုင်တွေရဲ့ အသိုင်းအဝန်းတွေကို သိစေလိုကြောင်း ပြောဆိုသွားပါတယ်..။

အထက်ပါ သတင်းအတွက် အထူးအင်မတန် စိုးရိမ်မိသလို စိတ်မကောင်းလဲ ဖြစ်မိပါတယ်..။ စစ်တွေက တိုင်းရင်းသား ပြည်သူတွေရဲ့ မိမိအသက်ကို ဖက်နဲ့ ထုတ်ထားရသလို ဖြစ်နေရတဲ့ အခြေအနေ အတွက် စိတ်ထိခိုက်မိတယ်ဗျာ။ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိပါးခံရတဲ့ လုပ်ရပ်ပါဗျာ..။ သက်ဆိုင်ရာ အာဏာပိုင်များ ဒီထက်ပိုပြီး တတ်နိုင်သမျှ လုံခြုံရေးတွေ ထပ်တိုးပေးဖို့ တင်းတင်းကြပ်ကြပ် ဖြေရှင်းပေးဖို့ တောင်းဆိုအပ်ပါတယ်..။ လောလောဆယ် ကိုယ့်ပြည်သူတွေ မျက်နှာက ပိုအရေးကြီးပါတယ်ဗျာ...။ ဒီသတင်းကို ဖတ်မိသူများ မိမိနဲ့ အဆက်အသွယ်ရှိတဲ့ ဆိုင်ရာဆိုင်ရာကို တွန်းအားပေးကြဖို့ အနှူးအညွတ် တောင်းပန်အပ်ပါတယ်...။

ကျွန်တော်တို့ ပြည်သူတွေ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ကြပါဗျာ...

ဒီမိုဝေယံ
          
 မာဃလုလင်
        

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။