၃၀ ရက်နေ့များတွင် Junction Square , Junction Mawtin နှင့် Tawwin
Center တို့တွင် အလှူကောက်ခံမည့်ကိစ္စကို မည့်သည့် အကြောင်းကြောင့်
ပိတ်ပင်သည်ကို ပြည်သူများထံသို့ အတင်းအတိအကျထုတ်ပြန်ပေးပါ ။
အကြောင်းပြချက်မရှိပဲ အကြောင်းသက်သက်ဖြင့် ပိတ်ပင်မည်ဆိုလျင် အလွန်တရာမှ
အဓိပ္ပာယ်မရှိသော လုပ်ရပ်အဖြစ် ရှုံ့ချမည် ။
သဒ္ဒါတရားဖြင့် ပြည်သူများနှင့် အနုပညာရှင်များ၏ ဆန္ဒအလျောက် ကုသိုယ်ယူသော
အလှူကို ပိတ်ပင်တားစီးခြင်းသည် မည်သည့်လူသားချင်းစာနာစိတ်ရှိသော အစိုးရမှ
လုပ်မည်ဟုမထင်ပါ ။
ရခိုင်ဒေသခံပြည်သူများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှ
ဦးဆောင်၍ အလှူငွေများ ကောက်ခံရန် စီစဉ် ထားမှုကို
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တားမြစ်ခဲ့ခြင်းအား
ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ သရုပ်ဆောင်လူ မင်းကို
မေးမြန်းထားခြင်းဖြစ်သည်။
အလှူငွေကောက်ခံပွဲကို တားမြစ်တယ်လို့ သိရပါတယ်။ အဲဒီအပေါ်မှာ
အစ်ကိုတို့အနေနဲ့ ဘယ်လိုမှတ်ချက်များ ပေးချင်ပါသလဲ။
ဘယ်လိုမျိုးစီစဉ်ထားသလဲ။
ကျွန်တော်သိရသလောက်ကတော့ ရန်ကုန်တိုင်းဒေသကြီးက တားမြစ်လိုက်တာလို့
သိရပါတယ်။ သူတို့ ဘက်က တားမြစ်တယ်ဆိုတဲ့နေရာမှာ သူတို့ဘက်မှာ
အကြောင်းပြချက်ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့လည်း ကြော်ငြာထားတာ
တစ်ပတ်ဆယ်ရက်လောက်ရှိပြီးမှ အဲဒါကို မနက်ဖြန်လုပ်မှာကို
ဒီနေ့တားတဲ့အပေါ်ကိုတော့ သိပ်နားမလည်ဘူး။ ဘာလို့လဲဆိုတော့
ကျွန်တော်တို့အားလုံး ကလည်း စီစဉ်ထားပြီးပြီ။ အလှူရှင်တွေကလည်း လှူ ကြ၊
တန်းကြဖို့ အားလုံးက စိုင်းပြင်းနေကြပြီ။ အဲဒီလို အခြေအနေမှာ
ကျွန်တော်တို့အလှူခံတဲ့ အစီအစဉ်ကပျက်သွားတာပေါ့။
အလှူရှင်တွေကတော်တော်လေးကို လှူဖို့စီစဉ် ထားတယ်လို့သိရတယ်။
ပုဂ္ဂိုလ်ရေးအလှူရှင်တွေရော ပရိသတ်တွေရော ကိုယ်တိုင်လာရောက်လှူကြဖို့
စိုင်းပြင်း ထားကြတာပေါ့။ ဒါပေမဲ့ အဲဒီအစီအစဉ်ပျက်သွားတာကြောင့်
နံပါတ်တစ်ကတော့ ရခိုင်ပြည်နယ်က ပြည်သူတွေရရှိမယ့်အလှူငွေတွေ
အများကြီးလျော့သွားတာပေါ့။ အစိုးရက အကြောင်းတစ်စုံတစ်ရာမပေးဘဲ
တားမြစ်လိုက်တော့ ဒေသခံတွေအတွက်ကတော့ ထိခိုက်သွားနိုင်တာ ပေါ့။
တစ်ခုရှိတာက မနက်လုပ်ဖို့ ပြင်ဆင်ထားတာဆို တော့ နောက်တစ်ခုကိုပဲဖြစ်ဖြစ်၊
နောက်တစ်နေရာကိုပဲဖြစ်ဖြစ် ပြောင်းပြီးစီစဉ်ဖို့ကှ ဘယ်လိုမှ
မဖြစ်နိုင်တော့ဘူး ဖြစ်သွားတယ်။ ဒီနေ့ညနေမှ သိရတာဆိုတော့
အဲဒါအတွက်ကိုတော့ လောလောဆယ်စီစဉ်ထားတာ တစ်ခုရှိတယ်။ ရုပ်ရှင်
အစည်းအရုံးအနေနဲ့ အဲဒီပွဲကမယ့် အမျိုးသားကဇာတ်ရုံမှာ ပွဲကနေတဲ့အချိန်နဲ့
ပွဲမကခင်အချိန်တွေမှာ အလှူခံ အသင်းတွေထွက်ပြီးတော့
အလှူခံပေးသွားမယ်လို့တော့ စီစဉ်ထားတယ်။
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။