[aurorageneration] စစ်တွေမြို့တွင် ရဲတပ်ဖွဲ့က ရခိုင်အမျိုးသားကို သေနတ်များပစ်ဖောက်၍ လူစုခွဲ

စစ်တွေမြို့တွင် ရခိုင်အမျိုးသားတစ်ဦးအသတ်ခံရသည်ဟူသည့် ကိစ္စနှင့်
ပတ်သက်၍ စစ်တွေမြို့ခံများက အမှတ်(၁) ရဲစခန်းရှေ့သို့စုရုံးကာ
ဝိုင်းဝန်းတောင်းဆိုလျှက်ရှိပြီး ရဲတပ်ဖွဲ့က သေနတ်များပစ်ဖောက်၍
လူစုခွဲလျှက်ရှိကြောင်း သတင်းရရှိသည်။
အစ္စလာမ်ဘာသာဝင်များနေထိုင်ကြသည့် စစ်တွေရှိ နာဇီကျေးရွာတွင်
ရခိုင်အမျိုးသားတစ်ဦးအသတ်ခံရသည်ဟု မြို့ခံရခိုင်တိုင်းရင်းသားများက
အရေးယူပေးရန် ရဲစခန်းတွင် တောင်းဆိုနေကြခြင်းဖြစ်သည်။
တောင်းဆိုမှုများကို ၃ ရက်နေ့ ညနေငါးနာရီခန့်ကတည်းက စတင်နေကြခြင်းဖြစ်ပြီး
ည ၁၁ နာရီခွဲခန့်အချိန်တွင် ဆန္ဒဖော်ထုတ်တောင်း ဆိုနေသူများအား
ရဲတပ်ဖွဲ့မှ သေနတ်များကိုမိုးပေါ်သို့ ပစ်ဖောက် လူစုခွဲခဲ့ခြင်းဖြစ်သည်။
လူစုခွဲသည့်အနေဖြင့် သေနတ်များပစ်ဖောက်သော်လည်း တောင်းဆိုသူများမှာ
ရဲစခန်းရှေ့တွင်ပင် ဆက်လက်စုရုံးနေကြဆဲဖြစ်သည်ဟု စစ်တွေမြို့ခံ တစ်ဦးက
ဖုန်းဖြင့်ပြောသည်။

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။