[aurorageneration] နမော်နမဲ့ နေသူများ....အကြောင်း

နမော်နမဲ့ နေသူများ....


တိုင်းရေး၊ပြည်ရေး
နိုင်ငံရေး၊ဘာသာရေး
စီးပွါးရေး..လူမှုရေး..
ကိုယ်ဘာမှမလုပ်နိုင်ဆိုပြီး
ကိုယ်နှင့်မဆိုင်....ရှောင်တတ်ရင်။

ဒို့နယ်စပ်မှာဘာဖြစ်..ဒို့တိုင်းပြည်မှာဘာဖြစ်
ဒို့တိုင်းရင်းသားတွေ..နေမှကောင်းကြရဲ့လား...
ဒို့လူမျိုးတွေ...ဥမကွဲသိုက်မပျက်...
အပြန်အလှန်ယုံကြည် ..ရှိကြရဲ့လား...
ကိုယ်နှင့်မဆိုင်..ကိုမလုပ်နိုင်ဟု...
ဘေးမှ ထွက်ပြီး...ပြေးတတ်ရင်။

တို့သယံဇာတ .. ဘယ်သူတွေဘာလုပ်
တို့လူမျိုးတွေ...ဘယ်သူတွေဘာလုပ်
ဒါတွေစိတ်မ၀င်စား...၀င်စားရင် နိုင်ငံရေးလုပ်
စကားကြီးစကားကျယ် မပြောလေနှင့်
ဟု ကိုယ်နှင့်မဆိုင်...ကိုယ်မလုပ်နိုင်ဟု
ဘေးမှာ ထွက်ပြေး ဝေးဝေးနေသူများ...

ထိုသို့သူများ...တိုင်းပြည်သည်ကား
ယဉ်ကျေးမှုပပျောက်...ဂုဏ်ယောင်ညှိုးမှိန်
သေးသေးသိမ်လျှက်...
အမျိုးမထိန်း..စွန့်ဦးမထွင်...
ကိုယ့်မိသားစု..ကိုယ့်သားမယား...
အရေးတစ်ခု ဦးစားပြုလျှက်..
ကိုယ့်အိမ်သာယာ..ကိုယ်ချမ်းသာလျှင်..
ပြည့်စုံပြီဟု....တစ်ကိုယ်ကောင်းစိတ်ထား...
နေသူများကား တစ်နေ့တစ်ချိန်..
ရန်သူငါးပါး..အဖြတ်များဖြင့်...
တိုင်းရေးပြည်ရေး..လူမျိုးရေးကြောင့်
အဓိဂရုံး လူမျိုးပြုန်းအောင်...
မိုးမီးလောင်မှာ..စောစောက ငါမပါ..
ရှောင်ခွါခဲ့မိ..အပြစ်ရှိ၏...ဟူ၍
နောင်တ ကြီးငယ် အသွယ်သွယ်ပိုက်
သားမြေးမြစ်တီ....
ဒုက္ခသီလျှက်....
အပူမီးလောင်...တိုက်လိမ့်မည်တည်း။

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။