ဒီမိုဝေယံ |
| Posted: 01 Jun 2012 11:17 PM PDT ဇွန်လ (၂၉)ရက်နေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မနေ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ 2012 World Economic Forumသို့ တက်ရောက်ဟောပြောခဲ့တဲ့ မြန်မာပြည်သူထူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ ဇွန်လ(၂)ရက်နေ့မှာတော့ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ရဲ့ တဖက်ကမ်းမှာ ရှိတဲ့ မဲဆောက်မြို့သို့ ရောက်ရှိလာပါတယ်..။ ယနေ့မဲဆောက်ကို ရောက်ရှိလာတဲ့ မြန်မာ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မယ်လဒုက္ခသည်စခန်း၊ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်းကို သွားရောက်မှာ ဖြစ်ပြီး နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်..။ ယနေ့ရောက်ရှိလာမယ့် မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် မဲဆောက်မြို့မှ ထောင်ပေါင်းများစွာသော ပြည်သူများမှ ကြိုဆိုရန် ပြင်ဆင်လျှက်ရှိပြီး ထိုင်းအစိုးရမှလည်း ထိုင်းစပ်တပ်နဲ့ ထိုင်းရဲ အယောက် ၁၀၀အားလည်း လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက် ပေးထားပါတယ်..။ မနေ့က တညလုံး အမေစုလာမယ် ဆိုလို့ ပျှော်ရွှင်နေကြတဲ့ မဲဆောက်မှ မြန်မာများရဲ့ ယနေ့ကြိုဆို နေကြတဲ့ မြင်ကွင်း.. ထိုင်းစစ်တပ်နှင့်ရဲမှ လုံခြုံရေး ယူပေးထားပါတယ်.. ဓာတ်ပုံ AP, InThai |
| Posted: 01 Jun 2012 10:55 AM PDT ထူးခြားတဲ့ ၂၀၁၂ World Economic Forum ပွဲနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်စကားများ.. (စုစည်းတင်ပြသူ Pa Yit) ယခုနှစ် World Economic Forum ပွဲကတော့ ယခင်နှစ်များနဲ့ မတူထူးခြားတဲ့ နှစ်လို့ ဆိုရမှာပါ...။ ကမာ့္ဘမီဒီယာတွေရဲ့ သတင်းရုပ်သံတွေမှာ ၂၄နှစ်ကြာမှ ပြည်ပခရီး စတင်ထွက်ခဲ့တဲ့ မြန်မာပြည်သူလူထု ခေါင်းဆောင်နဲ့ Myanmar Democracy Icon နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတွေဟာ အထူးအလေးပေးခံရတဲ့ သတင်းဖြစ်နေပါတယ်..။ အဆိုပါ World Economic Forum ကိုတက်ရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုခဲ့တဲ့ မှတ်ချက်စကားများအား ကိုPa Yitမှ စုဆည်းတင်ပြ ထားတာကို ဖော်ပြလိုက်ပါတယ်...။ ''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''။ ထိုင်းအဲယာဝေး လေယာဉ်မှုးက အရမ်းသဘောကောင်းပါတယ် ကျမကို လေယာဉ်ခေါင်းခန်းမှာ ထိုင်ဖို့ ဖိတ်ခဲ့ပါတယ်.......ကျမ ပထမတော့ စက်ခလုပ် တွေကြည့်ပြီး အံသြနေတာ...ဒါပေမဲ့ ဘန်ကောက်မြို့ရဲ့ အလင်းတွေက ကျမကို ညို့ယူဖမ်းစား သွားပါတော့တယ်။ အခုဘာတွေခြာနားနေပြီ ဆိုတာသိလိုက်ရပါတယ်.. ကျမအတွေးထဲမှာ ဖြတ်ခနဲပေါ်လာတာက ကျမတို့ တိုင်းပြည်မှာ စွမ်းအင်နဲ့ပတ်သက်ပြီး ပေါ်လစီ ကောင်းကောင်း လိုနေတယ်ဆိုတာပါဘဲ.။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။ တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေမဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသား အားလုံးဟာကျွန်မတို့နိုင်ငံရဲ့သံတမန်တွေ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။ ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။ အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့ မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မတို့ ပြည်သူတွေ နေထိုက်တဲ့ အိမ်ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်လို့ ပြောပါရစေ''။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးနိုင်မယ့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ လိုလားတယ် မြန်မာနိုင်ငံက လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်း မြင့်မားနေပြီး၊ အဆင့်မြင့် ပညာရေးထက် အခြေခံ ပညာနဲ့ သက်မွေးဝမ်းကျောင်း ပညာရပ်တွေ လိုအပ်နေပါတယ်-ဒီ့အတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ် တခုတည်းကိုမကြည့်ပဲ မြန်မာလူငယ်တွေ အလုပ်အကိုင်ရရှိစေမဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုဘဲ လိုလားတယ်။ မြန်မာနိုင်ငံမှာ မညီမျှမှုတွေ၊ အဂတိလိုက် စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေကို ပိုဖြစ်စေမယ့် ရင်းနှီး မြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူး။ "မြန်မာလူငယ် အလုပ်လက်မဲ့ အချိုးအစားဟာ အလွန်မြင့်မားနေပါတယ်။ ဒါဟာချိန်ကိုက်ဗုံး တခုလိုဖြစ်နေပါတယ်" ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့ဂုဏ်သတင်းကြောင့် မေလ(၃၀)ရက် ဘန်ကောက်ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖွင့်ပွဲအခမ်းအနား တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အလယ်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကြယ်တစ်ပွင့်လို တောက်ပနေကြောင်း ဘန်ကောက်ကပေးပို့တဲ့ The Canadian Press သတင်း မှာ ရေးသားထားပါတယ်။ အစည်းအဝေး တက်ရောက်လာတဲ့ သံတမာန်တွေနဲ့ စီးပွားရေးသမား တွေဟာ သူတိုရဲ့လက်ကိုင်ဖုန်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ပုံရိုက်ယူနိုင်ဖို့အတွက် ၀ရုန်းသုန်းကားတိုးဝှေ့ နေခဲ့ကြပါတယ်။ အခမ်းအနား တက်ရောက်လာတဲ့ အာဆီယံအတွင်းရေးမှုးချုပ် ဆူရင်း-ပစ်ဆူဝမ်က အစည်းအဝေး ခန်းမတစ်ခုလုံး လူတွေပြည့်နေတာပါဘဲ-ကျနော်တို့လို မိန့်ခွန်းပြောမယ့် လူတွေကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်သရေရှိတဲ့ အမျိုးသမီးကြောင့်လား-ဆိုတာတော့ ကျနော်လည်း မသိပါဘူး-လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း ပြောဆိုသွားပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်.ဓါတ်ပုံတွဲရိုက်ချင်တယ် ဆိုတာတွေဟာ မြန်မာပြည်က ခပ်တိမ်တိမ်လူတွေ တွေးသလို အဖေကြောင့် ကျော်ကြားတဲ့သူ အပြင်မှာမမြင်ဘူးတဲ့ လူမိုလို့အထူးအဆန်း တွေ့ချင်တာဆိုတာတွေက မှားယွင်းကြောင်း အခုနိုင်ငံတကာ အသိုင်းအဝိုင်းက သံတမန်တွေပညာရှင်တွေက သက်သေပြလိုက်ပါပြီ... သူတို့ဟာ ဒီလိုစိတ်ရှိတဲ့ လူတွေ မဟုတ်တဲ့အတွက် ဟီလာရီကလင်တန်ကိုလဲ ဒီလိုမဆက်ဆံခဲ့သလို ဟောလီဝုဒ် မင်းသား မင်းသမီး အကျော်အမော် တွေကိုလည်း ဒီလိုသဲသဲလှုပ်နေမဲ့ လူတန်စားမဟုတ်ပါဘူး.။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာတွေကို လေးစားဂုဏ်ယူတဲ့အတွက်တစ်သက်မှာ တစ်ခါတွေ့ကြုံခိုက် အမိအရ မှတ်တမ်းတင် နေချင်ကြတာပါ..။ မြန်မာအစိုးရအနေဖြင့် လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် တရားဥပဒေစိုးမိုး ခိုင်မာမှုအတွက် ချက်ချင်းလုပ်ဆောင်ရန်နှင့် တိုင်းပြည်တွင်း အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြုပ်နှံမှုများကို အားပေးေ ဖ်ာဆောင်သွားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံသည် တရားဥပဒေစိုးမှုအပြင် နိုင်ငံခြားရင်းနှီး မြုပ်နှံသူများအတွက် လုံခြုံစိတ်ချရသော အာမခံချက် လိုအပ်ကြောင်း.. ။ " မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှ ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထား စေချင်ပါတယ်" မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာတွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊ ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ... မြန်မာနိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေးရန် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း " စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင် ကျွန်မတို့လုပ်ရမယ်။ ထိုင်းနိုင်ငံထဲကို များပြားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်" ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၎င်းအနေဖြင့် အထပ်ထပ်အခါခါ ပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည်များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ်သည်။ Pa Yit Facebook အမေနဲ့ ဝေးနေကြတဲ့ မဟာချိုင်မှ အမေစု သားသမီးများရဲ့ ပြည်သူ့မိခင်ကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြတဲ့ မြင်ကွင်းများ (၃၄မိနစ်စာ ရုပ်သံ စဆုံး..)/ (ကျတော်တို့ ပြည်သူတွေ တိုင်းတပါးမှာ အကာအကွယ်မဲ့ အမိမဲ့သား ရေနည်းငါး ဖြစ်နေကြရတာပါ) အခုတော့ မိခင်ရဲ့ အကာအကွယ်ကို ရရှိကြရတော့မှာပါ... (အားလုံးရဲ့ အမေစု အသက်ရှည် ကျန်းမာ ဘေးကင်းပါစေ) |
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |








