သစ်ထူးလွင် |
- ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ပြည်သူလူထုသို့ သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း (ဇွန်လ ၁၀ ရက်နေ့ည ၈နာရီ) (အသံဖိုင်)
- ရခိုင်ပြည်နယ် အရေးပေါ် အခြေအနေကြေညာချက် (အသံဖိုင်)
- ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာ
- စစ်တွေမြို့ မှာ ဘင်္ဂါလီများ မီးရှို့ ဖျက်ဆီးနေတဲ့ (ဓါတ်ပုံများ)
- စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာ
- စစ်တွေမြို့တွင်လုံခြုံရေးစိုးရိမ်နေရ
- စစ်တွေမြို့ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး လှေများဖြင့် ထွက်ပြေး
- ယနေ့ မောင်းတောမြို့ ဘင်္ဂါလီအကြမ်းသမားများလက်ချက်နှင့် လူငါးဦး သေဆုံးခဲ့ပြီး
- စစ်တွေတွင် ပစ်မိန့်ပေးပြီ
- ဒုသမ္မတဒေါက်တာဆိုင်းမောင်ခမ်း ခြံဝင်းမှာရှိတဲ့အမှိုက်ပုံ အပါအ၀င် မူဆယ်မြို့ တွင်ဗုံးငါးလုံး ဆက်တိုက်ပေါက်ကွဲ
- မောင်တော မှာ လုံခြုံရေးအင်းအားဖြည့် (ဓါတ်ပုံ)
- စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ဘင်္ဂါလီလူအုပ်စုနှင့် လုံထိန်းရဲတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်နေ
- မောင်တော အလယ်သံကျော် ရဲစခန်းစီးနင်းသိမ်းပိုက်ခံရ
- အက်ဆစ်ငွေ့ရှူရှိုက်နေရတဲ့ကံကုန်းရွာ
- မသီတာထွေးအား မုဒိမ်းကျင့်၊ ပစ္စည်းလု သတ်ဖြတ်ခဲ့သူတဦး မိမိကိုယ်ကို အဆုံးစီရင်သွား
- ရခိုင်ပြည်နယ်က စိုးရိမ်စရာအခြေအနေများ
- စစ်တွေမြို့ ရပ်ကွက်အချို့ အကြမ်းဖက်မှု မီးရှို့မှုများဖြစ်ပွားနေ
- ကျေးရွာတွေကနေ စွန့် ခွာလာတဲ့ ရခိုင်တိုင်းရင်းသားများ (ဓါတ်ပုံ)
- ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးစဉ် NLD သတင်းထုတ်ပြန်
- ဥရောပဖလား လူမျိုးရေး ခွဲခြားမှု
- Total ရေနံကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ
- စစ်တွေတွင် ဆူပူ အကြမ်းဖက်မှုများ စတင်ဖြစ်ပွား၊ လုံခြုံရေး အခြေအနေ စိုးရိမ် ရေမှတ် ရောက်ရှိ
| Posted: 10 Jun 2012 07:28 AM PDT | ||||||||
| ရခိုင်ပြည်နယ် အရေးပေါ် အခြေအနေကြေညာချက် (အသံဖိုင်) Posted: 10 Jun 2012 07:25 AM PDT | ||||||||
| ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာ Posted: 10 Jun 2012 07:18 AM PDT
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂ ၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀ အရေးပေါ်အခြေအနေ ကြေညာခြင်း။ ၁။ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။ ၂။ သို့သော်လည်း ဆူပူ အကြမ်းဖက်မှုများမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည် ဖော်ဆောင်ပေးနိုင်စေရန် အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။ ၃။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က) အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။ ၄။ ဤအမိန့်သည် ယနေ့မှ စ၍ နောက်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။ ၅။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။ (ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် The Voice Weekly | ||||||||
| စစ်တွေမြို့ မှာ ဘင်္ဂါလီများ မီးရှို့ ဖျက်ဆီးနေတဲ့ (ဓါတ်ပုံများ) Posted: 10 Jun 2012 06:48 AM PDT သတင်း-ဓါတ်ပုံ Eleven Media Group စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း စစ်တွေမြို့မှ ရရှိသော သတင်းများအရ သိရသည်။ စစ်တွေမြို့ မင်းဂံရပ်ကွက်၁၃ သို့ နံနက် ၁၀ နာရီ မိနစ်၃၀အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသးများနှင့် ထိပ်တိုက် တိုးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသားများ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသားလေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။ ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() အဆိုပါလေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။ မင်းဂံရပ်ကွက်၁၃ သို့ ၀င်ရာက်ရန် ကြိုးစားသည့် ဘင်္ဂါလီများမှာ စစ်တွေမြို့ပြင်ရှိ ဒေါပြင်ရွာမှ ဘင်္ဂါလီများဖြစ်ကြပြီး ယခုအချိန်တွင် အဆိုပါရွာအနီးသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သတိပေးမှု များ ပြုလုပ်နေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးနေဆဲပင်ဖြစ်ကြာင်း သိရသည်။ ![]() ![]() ![]() ![]() ![]() လက်ရှိအခြေအနေအရ စစ်တွေမြို့ပြင်ရှိ လူနေရပ်ကွက်များမှ စိုးရိမ်ရသည့် အနေအထားရှိနေကြောင်း လုံထိန်းတပ်ဖွဲ့ အင်အားမှာလည်း နည်းပါးနေပြီး တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်း နေရကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းစောင့်ကြပ်နေရသည့်အတွက် လုံထိန်းတပ်ဖွဲ့ဝင်များ မရှိတော့ချိန်တွင် စစ်တွေမြို့ ပြင်ဘင်္ဂါလီရွာများမှ ဘင်္ဂါလီများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များကို မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း စစ်တွေ ဒေသခံတစ်ဦးက ပြောပါသည်။ ထို့ပြင် စစ်တွေမြို့တွင်း လုံခြုံရေးအတွက် မြို့ခံရခိုင်တိုင်းရင်းများက မိမိကိုယ်ကို ခုခံကာကွယ်နိုင်သည့် ပစ္စည်းများကိုကိုင်ဆောင်၍ မိမိတို့၏ အိမ်ရှေ့တွင် သက်ဆိုင်ရာ အိမ်ထောင်စုအလိုက် စုဖွဲ့စောင့်ကြည့်နေရကြောင်း သိရသည်။ စစ်တွေမြို့ အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေသဖြင့် လုံထိန်းတပ်ဖွဲ့ဝင်များက တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောကြားခဲ့သည်။ မင်းဂံရပ်ကွက် ၁၃ နှင့် ၁၄ တို့သည် ဘင်္ဂါလီရွာဖြစ်သော ဒေါပြင်ရွာနှင့် အနီးကပ်ဆုံးရှိနေပြီး ဒေါပြင်ရွာမှ ဘင်္ဂါလီများက မင်းဂံရပ်ကွက် ၁၃ နှင့် ၁၄ကိုမီးရှို့ရန်ကြိုးစားနေခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်ပစ် ဖောက် သတိပေးနေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးလျက် ရှိနေဆဲဖြစ်ကြောင်း လက်ရှိအနေအထားအရ စစ်တွေမြို့မှ လုံခြုံရေးအင်အားနည်းသော ရပ်ကွက်များကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိလာပါက အနောက်ပြန်ဆုတ်သွားပြီး လုံထိန်းများ ပြန်လည်ထွက်ခွာသွားသည်နှင့် ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။ စစ်တွေမြို့ အရှေ့မြောက်ဘက်၊ ကုလားတန်မြစ်၏ အနောက်ဘက်ကပ်လျက်တွင် ရှိနေသော ဘင်္ဂါလီအများစုနေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင်မီးရှို့ပြီး လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။ ''စစ်တွေ မင်းဂံရပ်ကွက်မှာ အခုအချိန်အထိ တည်ငြိမ်မှုမရှိသေးပါဘူး။ ရော်ဟင်ဂျာတွေက လူအင်အားနည်းတဲ့ ဗုဒ္ဓဘာသာရွာတွေကို လစ်ရင်လစ်သလို ၀င်ရောက်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လုံခြံရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပြီဆိုတာနဲ့ သူတို့တွေက ရှေ့ဆက်တိုးလာတယ်'' ဟု စစ်တွေမှ ဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ပြောကြားခဲ့သည်။ လတ်တလောဖြစ်ပေါ်နေသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စီစဉ်နေကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။ Eleven Media Group | ||||||||
| စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာ Posted: 10 Jun 2012 06:55 AM PDT သတင်း-ဓါတ်ပုံ ။ ။ Eleven Media Group မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ စစ်တွေမြို့ မင်းဂံရပ်ကွက် ၁၃ သို့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ထိပ်တိုက်တိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသား များ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသား လေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်းနှင့် လေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။ မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ လက်ရှိအခြေအနေအရ စစ်တွေမြို့ပြင်ရှိ လူနေရပ်ကွက်များမှာ စိုးရိမ်ရသည့် အနေအထားရှိနေကြောင်း၊ လုံထိန်းတပ်ဖွဲ့ အင်အားမှာလည်း နည်းပါးနေပြီး တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းစောင့်ကြပ်နေရသည့်အတွက် လုံထိန်းတပ်ဖွဲ့ဝင်များ မရှိတော့ချိန်တွင် စစ်တွေမြို့ပြင် ဘင်္ဂါလီရွာများမှ ဘင်္ဂါလီများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များကို မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။ မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ ထို့ပြင်စစ်တွေမြို့တွင်း လုံခြုံ ရေးအတွက် မြို့ခံရခိုင်တိုင်းရင်းသားများက မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်သည့် ပစ္စည်းများကို ကိုင်ဆောင်၍ မိမိတို့၏ အိမ်ရှေ့တွင် သက်ဆိုင်ရာ အိမ်ထောင်စုအလိုက် စုဖွဲ့စောင့်ကြည့်နေရကြောင်း သိရသည်။ စစ်တွေမြို့ အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေသဖြင့် လုံထိန်းတပ်ဖွဲ့ဝင်များက တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။ မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ စစ်တွေမြို့ အရှေ့မြောက်ဘက်၊ ကုလားတန်မြစ်၏ အနောက်ဘက်ကပ်လျက်တွင်ရှိနေသော ဘင်္ဂါလီ အများစုနေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင်မီးရှို့ပြီး လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။ ''စစ်တွေ မင်းဂံရပ်ကွက်မှာ အခုအချိန်အထိ တည်ငြိမ်မှု မရှိသေးပါဘူး။ ရိုဟင်ဂျာတွေက လူအင်အားနည်းတဲ့ ဗုဒ္ဓဘာသာရွာတွေကို လစ်ရင်လစ်သလို ၀င်ရောက်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လုံခြံရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပြီဆိုတာနဲ့ သူတို့တွေက ရှေ့ဆက်တိုးလာတယ်'' ဟု စစ်တွေမှ ဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ပြောကြားခဲ့သည်။ လတ်တလော ဖြစ်ပေါ်နေသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဇွန်လ ၈ ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော မောင်တောမြို့တွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ယင်းမြို့တောင်ဘက် တစ်မိုင်အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစကစခန်းကို ဘင်္ဂါလီရိုဟင်ဂျာများက ၀ိုင်းထားခဲ့ပြီး ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင် များ ရောက်ရှိသွားသဖြင့် ဘင်္ဂါလီများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု Eleven Media Group အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။ မောင်တောမြို့ရှိ လေးမိုင် ရဲတပ်ရင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်ထားပြီး ထိုစခန်း၌ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သိရပါသည်။ လေးမိုင်ရဲတပ်ရင်း ကယ်ဆယ်ရေးစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဘူးသီးတောင်မှ ဒေသခံများကလာ ရောက်၍ ဆန်လှူဒါန်းမှု ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း မောင်တောဒေသခံက ပြောEleven Media Group အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။ | ||||||||
| စစ်တွေမြို့တွင်လုံခြုံရေးစိုးရိမ်နေရ Posted: 09 Jun 2012 11:56 PM PDT
မြစ်မခရဲ့ ရခိုင်ပြည်နယ် သတင်းထောက် ဂျီမေးကတဆင့် နောက်ဆုံးပေးပို့ထားတဲ့ သတင်းပါ။ စစ်တွေမြို့တွင်လုံခြုံရေးစိုးရိမ်နေရ -------------------------------------------------------------------- ဆူပူများပိုများလာနေသည့် အတွက် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေး အလွန်စိုးရိမ်နေရကြောင်းသိရ သည်။ "ဒီမှာက လုံခြုံရေး အရမ်းကို အရေးကြီးနေပါတယ်၊ ဘင်္ဂလီတွေ နေတဲ့ရပ်ကွက်တွေမှာရှိတဲ့ ရခိုင်တွေဆိုရင် ထွက်ပြေးလာကြတယ်၊အခု မင်းဂံရပ်ကွက်တို့၊စက်ရုံစု ရပ်ကွက်တို့ဟာ လုံခြုံရေးအရ အရမ်းကိုစိုးရိမ်နေရပါ တယ်၊ ဒီကလူတွေ ကင်းလှည့်နေကြတာ ၄ရက်ရှိသွားပြီ၊ညလဲ မအိပ်ရဘူး၊ သက်ဆိုင်ရာကလဲ ကင်းလှည့် ထားပါတယ်၊ဒါပေမယ့် ဘင်္ဂလီတွေက ရဲတွေကိုမကြောက်ဘူး၊ ဟုမင်းဂံရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။ " ဒီပြဿာနာက တော်တော်လေးကိုပြင်းထန်လာတယ်၊ မနေ့က ဘင်္ဂလီတွေဟာရခိုင်အိမ်တွေကိုမီးရှီုးဖျက်ဆီးဖို့အတွက် ချီတက်လာကြတယ်၊ ကျနော်တို့ဘက်ကလဲပြည်သူအင်အားတွေ ဖြည့်ထားတယ်၊ ဒုက္ခသည်တွေ အတွက်လည်းကျနော်တို့ကူညီထောက်ပံ့တာတွေလုပ်နေပါတယ်၊အခု မင်းဂံရပ်ကွက် ဓမ္မာရုံမှာဒုက္ခသည်တွေ အတွက်စားရေးသောက်ရေးကိုစီစဉ်ထားပါတယ်၊"ဟု မင်းဂံရပ်ကွက်မှကိုနိုင်စိုးကပြောသည်။ လက်ရှိတွင် စစ်တွေမြို့၌ ဆိုင်ခန်းများ အားလုံးပစ်ထားရသလို ညနေဘက်တွင်လည်း ဆူပူမှုဖြစ်လာမည့် အနေအထားရှိကြောင်းဒေသခံများကပြောသည်။ "ညဆိုရင် ဘင်္ဂလီတွေက ရခိုင်အိမ်တွေကို ၀င်စီးမယ့် အနေအထားရှိတယ်၊ အခုမင်းဂံရပ်ကွက်ဆိုရင် မီးခိုးတွေ တစ်ထောင်းထောင်းနဲ့၊ ဒီအတိုင်းဆိုရင်တော့ မလွယ်ဘူးဗျာ၊ ကျနော်တို့်အတွက် တကယ့်ကိုရင်လေးစရာဘဲ၊ ဒဏ်ရာရတဲ့ ရခိုင်တွေလဲ မနည်းတော့ဘူး၊ အခုဈေးတွေလဲပစ် အလုပ်တွေလဲရပ်ထားရတာ ၃ရက်ရှိသွားပြီ မရှိဆင်းရဲသားတွေအတွက်တော်တော်လေးကိုဆိုးနေပါပြီဒါကိုသက်ဆိုင်ရာက အမြန်ဖြေရှင်းစေချင်တယ်ဗျာ၊" ဟု ဒေသခံကိုဆန်းဝေ ကပြောသည်။ Shwe Myitmakha Media Group | ||||||||
| စစ်တွေမြို့ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး လှေများဖြင့် ထွက်ပြေး Posted: 09 Jun 2012 11:45 PM PDT စစ်တွေမြို့ မင်းဂံရပ်ကွက် ၁၃ သို့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ဘဂါင်္လီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ထိပ်တိုက်တိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသားများ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသားလေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရ ကြောင်းသိရပါသည်။ အဆိုပါလေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရပါသည်။ မင်းဂံရပ်ကွက် ၁၃ သို့ ၀င်ရောက်ရန်ကြိုးစားသည့် ဘင်္ဂါလီများမှာ စစ်တွေမြို့ပြင်ရှိ ဒေါပြင်ရွာမှ ဘင်္ဂါလီများဖြစ်ကြပြီး ယခုအချိန်တွင် အဆိုပါရွာအနီးသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သတိပေးမှုများ ပြုလုပ်နေ သော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးနေဆဲပင် ဖြစ်ကြောင်း Eleven Media Group (Facebook) အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။ စစ်တွေမြို့ အရှေ့မြောက်ဘက်၊ ကုလားတန်မြစ်၏ အနောက်ဘက် ကပ်လျက်တွင် ရှိနေသော ဘင်္ဂါလီအများစု နေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး လှေများဖြင့် ထွက်ပြေး သွားခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် နေအိမ် ၃၀ခန့် မီးလောင် ကျွမ်းလျက်ရှိနေကြောင်း သိရပါသည်။ By ; Eleven Media Group (Facebook) | ||||||||
| ယနေ့ မောင်းတောမြို့ ဘင်္ဂါလီအကြမ်းသမားများလက်ချက်နှင့် လူငါးဦး သေဆုံးခဲ့ပြီး Posted: 09 Jun 2012 11:41 PM PDT မောင်းတောမြို့ မှ နောက်ဆုံးရသတင်းများ မောင်တောမြို့နှင့် ပတ်သက်ပြီး လတ်တလော ထပ်မံသိရှိရသော သတင်းများအရ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုကြောင့် သရေကုန်းဘောင်ရွာတွင် လူသုံးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများမှာ ဦးချမ်းသာ (အသက် ၄၀ ကျော်)၊ ဦးအောင်သိန်းလှ (အသက် ၅၀နှစ်)၊ ဦးဘတိုး (၇၂ နှစ်) တို့ ဖြစ်ကြပါသည်။ မောရ၀တီရွာတွင် နှစ်ဦးသေဆုံးခဲ့ပြီး ဦးစံထွန်း (၃၈နှစ်) နှင့် ဦးသာတိုးအောင် (အသက် ၆၀နှစ်) တို့ ဖြစ်ပါသည်။ ရွှေရင်အေးရွာတွင်မူ လူငါးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများအနက် သုံးဦးသည် ဘုန်းကြီးကျောင်းသားများဖြစ်ကာ ကျန်နှစ်ဦးမှာ ရွာသားများ ဖြစ်ပါသည်။ ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရဟန်းတစ်ပါးမှာလည်း ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ လက်ရှိအချိန်တွင် ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ထိုအနီးအနားရှိ ဘုန်းကြီးကျောင်းများမှ ရဟန်း ၁၅ ပါးမှာ လေးမိုင်ရဲတပ်ရင်းရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည်ဟု သိရပါသည်။ မောင်တောတွင် ဖြစ်ပေါ်ခဲ့သော ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူထားမှုများကို ယခုအချိန်အထိ သိရှိရခြင်း မရှိသေးပါကြောင်း Eleven Media Group (Facebook) အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။ ----------------------------------------------------------------------------------------------- မောင်တောမြို့သို့ စစ်ဘက်သုံး ရဟတ်ယာဉ်နှစ်စင်း ရောက်ရှိလာကြောင်း သိရပါသည်။ အဆိုပါ ရဟတ်ယာဉ်နှစ်စင်းမှာ လူနာတင်ဆောင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း မောင်တော ဒေသခံတစ်ဦးက ပြောပါသည်။ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် မောင်တောမြို့တောင်ဘက် တစ်မိုင် အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစခစခန်းကို ဘဂါင်္လီ ရိုဟင်ဂျာများက ၀ိုင်းထားခဲ့ပြီး ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိသွားသဖြင့် ဘင်္ဂါလီများ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်ဟု သိရပါသည်။ မောင်တောမြို့ရှိ လေးမိုင်ရဲတပ်ရင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်ထားပြီး ထိုစခန်း၌ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သိရပါသည်။ လေးမိုင်ရဲတပ်ရင်း ကယ်ဆယ်ရေးစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဘူးသီးတောင်မှ ဒေသခံများက လာရောက်ပြီး ဆန်လှူဒါန်းမှု ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း မောင်တောဒေသခံက ပြောပါသည်ဟု Eleven Media Group (Facebook) အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။ ------------------------------------------------------------------------------------------- မောင်တောရှိ UNDP, UNHCR, UNICEF, UNFPA, WFP, CARE, AZG, ACF အစရှိသော UN နှင့် NGO ရုံးများ လုပ်ငန်းများရပ်နားပြီး ၀န်ထမ်းများသို့ ပြည်တွင်းရှိ သက်ဆိုင်ရာ နေရပ် အသီးသီးသို့ ပြန်ခွင့် ပြုလိုက်ကြောင်း သိရှိရပါသည်။ လုံခြုံရေးအခြေအနေအရ ဇွန်လ ၈ ရက်နေ့ကတည်းက လုပ်ငန်းများ ယာယီရပ်နားခဲ့ပြီး ရန်ကုန်သို့ ပြန်ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း Eleven Media Group (Facebook) အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။ By ; Eleven Media Group (Facebook) | ||||||||
| Posted: 09 Jun 2012 11:19 PM PDT
အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးသည် စစ်တွေမြို့မင်းဂံရပ်ကွက်ဘက်မှ မြို့ထဲသို့ ၀င်ရောက်လာမည့် အန္တရာယ်ကြုံတွေ့နေရပြီးနောက် လွန်ခဲ့သည့် မိနစ်ပိုင်းတွင် လုံထိန်းရဲတပ်ဖွဲ့အား ပစ်မိန့်ပေးလိုက်ပြီဖြစ်ကြောင်း၊ လုံထိန်းရဲတပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် သတိပေးနေကြောင်း စစ်တွေမြို့ခံတဦးက YPI သို့ပြောသည်။ ရထားသံလမ်းတလျှောက် မြို့ထဲဘက်သို့ ဦးတည်လာနေသည့် လူစုလူဝေးကို လုံထိန်းရဲများက တားဆီးထားလျှက်ရှိပြီး ရှေ့ဆက်တက်လာပါက ပစ်ခတ်ရမည်ဟု သတိပေးလျှက်ရှိသည်ဟု ဆိုသည်။ လုံထိန်းရဲတပ်ဖွဲ့ဝင်များကို စစ်တွေမြို့ခံ ရခိုင်အမျိုးသားများက အကူအညီပေးနေသည်ဟုလည်း သိရသည်။ Yangon Press International | ||||||||
| Posted: 09 Jun 2012 11:03 PM PDT ရန်ကုန်၊ဇွန်-၁၀ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သော မူဆယ်မြို့ တွင်ဇွန်လ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ဗုံး ငါး လုံး ဆက် တိုက်ပေါက်ကွဲခဲ့ကြောင်းဒေသခံမျက်မြင်သက်သေများကပြောသည်။ " ည ၁၁ နာရီလောက် ကနေ ၁၂ နာရီလောက်ထိတစ်လုံးပြီးတစ်လုံးဆက်တိုက်ကွဲတာ မူဆယ် ပြည်ထောင် စုလမ်းမကြီးတလျှောက်မှာရှိတဲ့လမ်းလယ်ကျွန်းတွေနဲ့ အမှိုက်ပုံတွေမှာကွဲတာ နောက်ဆုံးကွဲတဲ့အလုံးက ဒုသမ တဒေါက်တာဆိုင်းမောင်ခမ်းခြံဝင်းမှာရှိတဲ့အမှိုက်ပုံမှာ" ဟုမူဆယ်ဒေသခံကုန်သည် တစ် ဦးကပြောသည် ဗုံးကွဲချိန်တွင်လူသွားလူလာနဲသောအချိန်ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရသူမရှိသော်လည်းဗုံးကွဲသံမှာ ကျယ်လွန်း သဖြင့်ဒေသခံများထိတ်လန့် ခဲ့ရကြောင်းသတင်းရရှိသည်။ ပြီးခဲ့သည် မေလ ကုန်ပိုင်းတွင်မူဆယ်လားရှိုးလမ်းမပေါ်တွင်ကုန်ကား သုံးစီးကားလက်နက်ကိုင်တစ်စုက ဗုံးခွဲ ခဲ့သဖြင့် ကုန်ကားများမှာ ယခုချိန်ထိ ည မထွက်ရဲဖြစ်နေခဲ့ရသည်။ ထိုအပြင် ဧပြီလဆန်းပိုင်းကလဲ မူဆယ်ဒေသရှိစစ်ဆေးရေးဂိတ်တစ်ခုတွင် ဗုံးတစ်လုံးကွဲခဲ့သဖြင့် လ၀က အရာ ရှိတစ်ဦးသေဆုံးခဲ့သည်။ 7Day News Journal | ||||||||
| မောင်တော မှာ လုံခြုံရေးအင်းအားဖြည့် (ဓါတ်ပုံ) Posted: 09 Jun 2012 10:57 PM PDT
မောင်းတော ဘက်က ကျေးရွာတွေဆီကို နောက်ထပ်စစ်ကြောင်းတွေ ထပ်ဝင် ရောက်လာတယ်လို့ သိရပါတယ်။ စစ်အင်ဂျင်နီယာတပ်များကလည်း ရခိုင်ပြည်သို့ တက်သွားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ ရခိုင်မျိုးချစ်များအားလည်း ပြည်သူစစ် အဖွဲ့များ ဖွဲ့ပေးလိုက်ပြီ ဟုလည်း သတင်းများရရှိလာသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ ။ ယခုအခါ တပ်မတော်မှ ကြည်း ရေ လေ အင်ဂျင်နီယာ ဆေး တပ်ဖွဲ့ဝင်များ စုံလင်စွာ ရောက်ရှိလာနေပြီဖြစ်ကြောင်း တပ်မတော်ကြည်း မှလည်း တပ်ကုများ ဖြည့်တင်းနေ ပြီဖြစ်ကြောင်း သိရှိရပါတယ်။ စစ်တပ်နဲ့ ရဲများ အင်အား တော်တော်များများ ရောက်လာပေမယ့် နယ်စပ်က အကြမ်းဖက်သမားတွေ ထပ်ဝင်မလာအောင် နယ်စပ်တစ်ယောက် ချထားရခြင်း ၊ ရွာတစ်ရွာ ခြင်းဆီကို အင်အားခွဲလွတ်ရခြင်းကြောင့် အခုထိအင်အားကောင်းကောင်း မလုံလောက်သေးဟုသိရပါတယ်။ Ko Thu | ||||||||
| စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ဘင်္ဂါလီလူအုပ်စုနှင့် လုံထိန်းရဲတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်နေ Posted: 09 Jun 2012 10:47 PM PDT
ယနေ့နံနက် ၁၁နာရီရရှိသည့် သတင်းများအရ စစ်တွေမြို့မင်းဂံရပ်ကွက်တွင် နေအိမ်များ မီးရှို့ရန်ကြိုးစားသည့် ဘင်္ဂါလီလူအုပ်စုနှင့် လုံထိန်းရဲတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်နေရကြောင်းနှင့် နှစ်ဘက်စလုံး အကျအဆုံးရှိကြောင်း စစ်တွေမြို့ခံများအား ဆက်သွယ်မေးမြန်းချက်အရ သိရသည်။ ယမန်နေ့ညက အခြေအနေမှာ ငြိမ်သက်ခြင်းမရှိခဲ့ပဲ ယခုနေ့ခင်းပိုင်းအထိ အခြေအနေကို ငြိမ်သက်အောင် မထိန်းသိမ်းနိုင်သေးကြောင်းလည်း မြို့ခံတဦးက ပြောသည်။ ၎င်းအနေဖြင့် လုံထိန်းအင်အားနည်းပါးနေသည်ကို တွေ့မြင်ရကြောင်း၊ ယနေ့နေ့ခင်းအခြေအနေကို ငြိမ်သက်အောင် မထိန်းသိမ်းနိုင်ပါက ယနေ့ညပိုင်းတွင် ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်လျှက်ရှိသည်ဟုလည်း ၎င်းကပြောသည်။ မကြာသေးမီ မိနစ်ပိုင်းက စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအား ဆက်သွယ်မေးမြန်းရာတွင်မူ မင်းဂံရပ်ကွက်တွင် ငြိမ်သက်လျှက်ရှိကြောင်းသာ ဖြေကြားခဲ့သည်။ by Yangon Press International | ||||||||
| မောင်တော အလယ်သံကျော် ရဲစခန်းစီးနင်းသိမ်းပိုက်ခံရ Posted: 09 Jun 2012 10:45 PM PDT ဇွန်လ (၁၀) မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ယမန်နေ့နံနက်ပိုင်းမှ စ၍ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံမှ ကြေညာခဲ့သော်လည်း အလယ်သံကျော်ကျေးရွာ ရဲစခန်းကို အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးက သိမ်းပိုက်ထားလိုက်သည့် သတင်းများ မောင်တောမြို့သို့ ၀င်ရောက်လာပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရဟတ်ယာဉ်ဖြင့် သွားရောက်နေသည်ဟု မောင်တောမြို့ခံက YPI သို့ပြောသည်။ မောင်တောနှင့် အလယ်သံကျော်ကျေးရွာအကြား တံတားကိုလည်း ယခုရက်ပိုင်း အကြမ်းဖက်မှုများပေါ်ပေါက်ပြီးနောက် ဘင်္ဂါလီအကြမ်းဖက်သူများက ဖျက်ဆီးထားကြသည်ဟု မောင်တောမြို့ခံက ပြောသည်။ ယင်းရဲစခန်းအတွင်း ခိုလှုံနေသည့် နတလ ကျေးရွာများနေ ဗမာလူမျိုးများနှင့် ရခိုင်လူမျိုးများ ခိုလှုံနေသဖြင့် ၎င်းတို့၏ အခြေအနေကိုလည်း စိုးရိမ်လျှက်ရှိကြသည်။ နတလ ကျေးရွာများဆိုသည်မှာ ဦးခင်ညွှန့်လက်ထက်တွင် ရန်ကုန်နှင့် အခြားမြို့များမှ ဘင်္ဂါလားဒေ့ရှ် နယ်စပ်တွင် သွားရောက် အခြေစိုက်စေခဲ့သည့် ဗမာကျေးရွာများဖြစ်သည်။ အလယ်သံကျော်ကျေးရွာမှာ မောင်တောမြို့မှ ဆိုင်ကယ်ဖြင့် ၁ နာရီသာသာမောင်းနှင်ရသည့် အကွာအဝေးတွင်ရှိကာ ၁၉၅၁ ခုနှစ် ရိုဟင်ဂျာ ဘင်္ဂါလီများ၏ အလယ်သံကျော်ညီလာခံကြောင့် ထင်ရှားသည့် ကျေးရွာလည်း ဖြစ်သည်။ ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးများက ထိုညီလာခံမှဆုံးဖြတ် တောင်းဆိုရာတွင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်တို့ကို ၎င်းတို့အား အုပ်ချုပ်ခွင့်ပေးရန်နှင့် စစ်တွေမြို့ကို ရခိုင်နှင့် တလှည့်စီအုပ်ချုပ်ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ။ by Yangon Press International | ||||||||
| အက်ဆစ်ငွေ့ရှူရှိုက်နေရတဲ့ကံကုန်းရွာ Posted: 09 Jun 2012 10:22 PM PDT သတ္ထုတွင်းဝန်ကြီးဌာနက တူးဖော်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာအနီးက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဒေသခံ ပြည်သူတွေဟာ သူတို့သားသမီးတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်လာနေကြပါတယ်။ အထူးသဖြင့် ကံကုန်းရွာ အနောက်ပိုင်းမှာ စီမံကိန်းအတွင်းအသုံးပြုဖို့ ( ဦးပိုင် ) မိုးကြိုးဆာလဖြူရစ် အက်ဆစ်စက်ရုံကို တည်ဆောက်ထားတာကြောင့် အဲဒီစက်ရုံနဲ့ အလွန်နီးတဲ့ ကံကုန်း အထက်တန်းကျောင်းခွဲက ကျောင်းသားကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာနေတာပါ။ ဒါ့အပြင် အက်ဆစ်စက်ရုံကထွက်ရှိလာတဲ့ ညစ်ညမ်းရည်တွေဟာ လယ်ယာမြေထဲကိုစိမ့်ဝင်နေတာကြောင့် မြေဆီလွှာတွေပျက်ဆီးကုန်သလို စိုက်ပျိုးလို့မရတော့ပဲ ဖြစ်နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။ Burma VJ Media Network | ||||||||
| မသီတာထွေးအား မုဒိမ်းကျင့်၊ ပစ္စည်းလု သတ်ဖြတ်ခဲ့သူတဦး မိမိကိုယ်ကို အဆုံးစီရင်သွား Posted: 09 Jun 2012 09:59 PM PDT ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်း ကျေးရွာနေ မသီတာထွေးအား မုဒိမ်းကျင့်၊ ပစ္စည်းလု သတ်ဖြတ်ခဲ့သူ တရားခံသုံးဦးအနက်မှ ထက်ထက် (ခ) ရော်ရှီးသည် ကျောက်ဖြူ အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားစဉ် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဖြူ အကျဉ်းထောင်သို့ ဆက်သွယ်မေးမြန်းရာ အစိုးရက ထုတ်ပြန်လိမ့်မည် ဖြစ်ကြောင်း တာဝန်ကျ အရာရှိတစ်ဦးက ပြန်လည် ဖြေကြားသည်။ The Voice Weekly | ||||||||
| ရခိုင်ပြည်နယ်က စိုးရိမ်စရာအခြေအနေများ Posted: 09 Jun 2012 09:15 PM PDT | ||||||||
| စစ်တွေမြို့ ရပ်ကွက်အချို့ အကြမ်းဖက်မှု မီးရှို့မှုများဖြစ်ပွားနေ Posted: 09 Jun 2012 09:07 PM PDT | ||||||||
| ကျေးရွာတွေကနေ စွန့် ခွာလာတဲ့ ရခိုင်တိုင်းရင်းသားများ (ဓါတ်ပုံ) Posted: 09 Jun 2012 08:58 PM PDT စစ်တွေမြို့ မင်းဂံ အကွက်(၁) နောက်ဘက်ရှိ ဘင်္ဂလီရွာများမီးလောင်နေ (ကိုယ်တိုင်မီးရှို့ ခြင်းဟု သတင်းရ)၊ မင်းဂံမှ မိန်းမ ၊ ကလေးနှင့် လူအိုများအား ဘေးကင်းရာသို့ရွှေပြောင်းနေ..... လုံခြုံရေးအဖွဲ့ဝင်များ ချပေးထားသော်လည်း အင်အားနည်းပါးသည်ကို မြင်တွေ့ခဲ့ရပါသည် (ကိုယ်တိုင်သွားရောက် သတင်းယူဆောင်ထားသဖြင့် သတင်းမှာ မှန်ကုန်မှုရှိပါသည်) — မင်းဂံမှာ ရွာသူ၊ ရွာသားများ နေအိမ်များအား စွန့် ခွာနေပုံတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ D-nwe Oo | ||||||||
| ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးစဉ် NLD သတင်းထုတ်ပြန် Posted: 09 Jun 2012 08:31 PM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်ကို လာမယ့်ဇွန်လ ၁၃ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီးတော့ ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်ရှိမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမခရီးတထောက် အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ဇွန်လ ၁၃ ရက်နေ့မှာ ရောက်ရှိလာပြီးတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံမှာ မိန့်ခွန်းမှာ ပြောကြားမှာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်(စ်) နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter နဲ့လည်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ဆွစ်(စ်) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၈ ရက်နေ့က ကြေညာပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်(စ်)ပါလီမန်ကို သွားရေက်မှာဖြစ်ပြီးတော့ အဲဒီန့မှာပဲ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို ခရီးဆက်မှာဖြစ်ပါတယ်။ ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ အော်စလိုမြို့တော်ခန်းမှာ ကျင်းပမယ့် ၁၉၉၁ ခုနှစ်အတွက် နိုဘဲလ်ဆု ငြိမ်းချမ်းရေးဆုနှင်းအပ်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်လ်ဆုကို လက်ခံရယူပြီး နေ့လယ်ပိုင်းမှာ အော်စလိုဆိပ်ကမ်းက ငြိမ်းချမ်းရေး စင်တာမှာ နိုင်ငံတကာ ဧည့်သည်တွေ၊ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့တော်ခန်းမရှေ့မှာ လူထုကို မိန့်ခွန်းစကား ပြောကြားမှာ ဖြစ်ပါတယ်။ နောက်တနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်းမှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နော်ဝေးနိုင်ငံ ဒုတိယမြို့တော် ဘာဂင်မြို့သို့ သွားရောက်ပြီးတော့၊ သူ့ကို နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုတွေထဲက ပထမဆုံး ချီးမြှင့်ခံရတဲ့ ရပ်ဖ်တို လူ့အခွင့်အရေးဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။ ဇွန် ၁၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေကနေ အိုင်ယာလန်နိုင်ငံ Dublin မြို့တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ Dublin မြို့တော်မှာ ညနေပိုင်းကျင်းပမယ့် ဂုဏ်ပြုအခမ်းအနားမှာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့က ချီးမြှင့်တဲ့ Ambassador of Conscience "ယုံကြည်ချက် ခိုင်မာပြတ်သားမှု သံတမန်" ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ အဲဒီပွဲကို Board Gais Energy ဇာတ်ရုံ ခန်းမကြီးမှာ ကျင်းပမှာဖြစ်ပြီး အဆိုတော်ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်ကို AI အဖွဲ့ ကိုယ်စား ဆုပေးအပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဆုပေးပွဲနဲ့ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့နဲ့ အဆိုတော် Bono တို့ရဲ့ ဂုဏ်ပြုဂီတ ဖျော်ဖြေပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။ ဇွန် ၁၈ ရက်နေ့ ညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ Dublin မြို့တော်ကနေ London မြို့တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံမှာ ဇွန်လ ၂၆ ရက်နေ့ထိ နေထိုင်စဉ်အတွင်း ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် (၆၇) နှစ်မြောက် မွေးနေ့ကို မိသားစုနဲ့အတူ ဆင်နွှဲမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Oxford တက္ကသိုလ်က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၁ ရက်နေ့မှာ၊ ဗြိတိသျှပါလီမန်ရဲ့ အထက်အောက်လွှတ်တော်နှစ်ရပ်ပေါင်းမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း(ဒ်)ရဲ့ ဖိတ်ကြားချက်နဲ့ London မြို့တော်ကနေ Paris မြို့တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကနေ ဇွန်လ ၂၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ကို ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ By ဗွီအိုအေ (မြန်မာဌာန) | ||||||||
| ဥရောပဖလား လူမျိုးရေး ခွဲခြားမှု Posted: 09 Jun 2012 08:28 PM PDT ပိုလန်နဲ့ ယူကရိန်းနိုင်ငံ ၂ ခု ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ဥရောပဖလား ဘောလုံးဗိုလ်လုပွဲ ဒီကနေ့ ပွဲစဉ်တွေကတော့ အုပ်စု B က နယ်သာလန် နဲ့ ဒိန်းမတ် တို့ ၂ သင်းက တပွဲ၊ ဂျာမနီနဲ့ပေါ်တူဂီက တပွဲ ကန်ကြဖို့ရှိပါတယ်။ နယ်သာလန် နဲ့ ဒိန်းမတ် ပွဲကို ယူကရိန်းနိုင်ငံ ဟာကဗ်မြို့က Metalist ဘောလုံးကွင်းမှာ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ စမှာဖြစ်ပြီး၊ ဂျာမနီနဲ့ ပေါ်တူဂီပွဲကိုတော့ ယူကရိန်းမှာပဲ လဗြူးမြို့က လဗြူးကွင်းမှာ ဒေသအချိန် ည ၈ နာရီ ၄၅ မိနစ်မှာ စ ကန်ကြမှာဖြစ်ပါတယ်။ မနေ့ကစခဲ့တဲ့ ဥရောပဖလား ဘောလုံးဗိုလ်လုပွဲ ပွဲဦးထွက် ပိုလန်နဲ့ ဂရိပွဲမှာ ၁ ဂိုးစီ သရေကျပါတယ်။ ရုရှား နဲ့ ချက် နိုင်ငံပွဲမှာတော့ ရုရှား က ၄ ဂိုး၊ ချက်သမ္မတနိုင်ငံက ၁ ဂိုးနဲ့ ရုရှား အသင်း နိုင်သွားပါတယ်။ ခြေစစ်ပွဲအောင်ထားကြတဲ့ ဥရောပ ၁၆ သင်း ဗိုလ်လုကြမယ့် ပွဲတွေ မစတင်ခင်ကတည်းက အိမ်ရှင်အဖြစ် လက်ခံကျင်းကြတဲ့ အိမ်ရှင်နိုင်ငံတွေက ပွဲကြည့် ပရိသတ်ဟာ လူမျိုးရေးနဲ့ အသားအရောင် ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းကလည်း ပိုလန်နိုင်ငံ ခရာကောင်းမြို့ကကွင်းမှာ နယ်သာလန် အသင်း လေ့ကျင့်နေစဉ်မှာ လာကြည့်သူတွေက မျောက်တွေအော်သလို အသံတွေပေး လှောင်ပြောင်တာ ခံခဲ့ရပါတယ်။ ဒီလို ဘောလုံးသမားတွေ၊ လာရောက်ပွဲကြည့်သူတွေအပေါ် အသားအရောင် ခွဲခြားဆက်ဆံမှုကို တင်းတင်းကျပ်ကျပ် အရေးယူဖို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်ကို ဝိုင်းပြီး ပြောနေကြပါတယ်။ By ဗွီအိုအေ (မြန်မာဌာန) | ||||||||
| Total ရေနံကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ Posted: 09 Jun 2012 01:53 PM PDT
ပြင်သစ်နိုင်ငံ၏ ရေနံလုပ်ငန်းအဓိကလုပ်ကိုင်သည့် Total ကုမ္ပဏီ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် ခရစ်စတိုဖီဒီမာဂရီသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇွန်လ ၉ ရက် ကတွေ့ဆုံခဲ့ကြောင်း တွစ်တာ လူမှုရေးကွန်ရက်တွင် ရေးသားထားသည်။ ""ဒေါ်အောင်ဆန်းစုကြည်ပြန်ပြီး လွတ်လပ်လာတာကို မြင်တွေ့ရတာ ကျွန်တော်အရမ်းကိုကျေနပ်မိပါတယ်။ ကျွန်တော်တို့ဆက်ပြီး ဆွေးနွေး တိုင်ပင်ရမှာကို ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်""ဟု ဒီမာဂရီ က ရေးသားထားသည်။ မြန်မာစစ်ဘက်အပေါ် ချမှတ်ထားသော ပိတ်ဆို့တားဆီးမှုများကို ဖယ်ရှားလိုက်ပါက မြန်မာနိုင်ငံသို့ပြန်လာပြီး စီးပွားရေးလုပ်ကိုင်လိုသော ကုမ္ပဏီများကို Total က ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည် က ပန်ကြားခဲ့ကြောင်းအစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်းသူမအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း မစ္စတာ ဒီမာဂရီ အား ပြောကြောင်းသိရသည်။ Total ကုမ္ပဏီအကြီးအကဲသည် မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန်နှင့် စွမ်းအင်ဝန်ကြီးဌာန၀န်ကြီးတို့နှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ Total အုပ်စုလုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ Source; Dow Jones 7Day News Journal | ||||||||
| စစ်တွေတွင် ဆူပူ အကြမ်းဖက်မှုများ စတင်ဖြစ်ပွား၊ လုံခြုံရေး အခြေအနေ စိုးရိမ် ရေမှတ် ရောက်ရှိ Posted: 09 Jun 2012 08:27 AM PDT
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများမှာ စစ်တွေမြို့သို ကူးစက်လာခဲ့ပြီး ဘုမေ ကျေးရွာမှ အစ္စလာမ် ဘာသာဝင်များက ယနေ့ညနေပိုင်းတွင် ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် အကြမ်းဖက် ဖျက်ဆီးရန် ကြိုးစားခဲ့ရာမှ လုံခြုံရေး အခြေအနေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။ စစ်တွေမြို့ အခြေစိုက် တပ်မတော်သား ခြောက်ရာခန့်ကို ယမန်နေ့က ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသော မောင်တော မြို့နယ်သို့ စေလွှတ်ထားသဖြင့် မြို့ပေါ်၌ လုံခြုံရေး အခြေအနေ အားနည်းမှုကို အခွင့်ကောင်း ယူကာ ယင်းကဲ့သို့ အကြမ်းဖက်မှုများ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ "မြို့ထဲမှာ လုံခြုံရေး လုံးဝ မရှိဘူး။ လူတွေက အိမ်ပြင် မထွက်ရဲတော့ဘူး" စစ်တွေမြို့ မြို့မ ဈေးကြီးတွင် ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေသခံ အမျိုးသား တစ်ဦး လက်ရှိအခြေအနေကို သုံးသပ်ပြောဆိုသည်။ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုးများ အများစုနေထိုင်ရာ ဘုမေကျေးရွာမှ အင်အား ၃၀၀ ခန့်က ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် ဖျက်ဆီးရန် ကြိုးစားရာမှ ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းမှုကြောင့် ဆူပူ အကြမ်းဖက်သူများ နောက်ဆုတ် သွားခဲ့သော်လည်း လေယာဉ်ကွင်း အနီးရှိ ဝန်ထမ်းလိုင်းခန်း တစ်ခုကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပါတီဝင် တစ်ဦးက ပြောဆိုသည်။ ယနေ့ည ၈ နာရီ မိနစ် ၃၀ ခန့်ကလည်း စစ်တွေမြို့ရှိ အဓိက လျှပ်စစ်ဓာတ်အား ဖြန့်ဝေနေသော မီးစက်ကြီးကို ဖျက်ဆီးရန် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုး အင်အား ၃၀၀ကျော် ရောက်ရှိလာရာ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ၃၀ ဦးခန့်က တာဝန်ယူ ထိန်းသိမ်းခဲ့ရကြောင်း စစ်တွေမြို့ခံများက ပြောကြားသည်။ "မီးပျက်သွားရင် ပိုဆိုးတော့မယ်။ ခုလည်း တစ်ညလုံး အိပ်လို့ ရတော့မှာ မဟုတ်ဘူး" ဟု စစ်တွေ ဒေသခံ တစ်ဦးက ပြောဆိုသည်။ အလားတူ ယနေ့ည ရှစ်နာရီခန့်က မင်းကံရပ်ကွက်ရှိ နေအိမ် သုံးလုံးကို အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုးများ မီးရှို့ဖျက်ဆီးခဲ့ရာ အမျိုးသမီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။ ထို့အပြင် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီလူမျိုးများ၏ အကြမ်းဖက်မှုများကြောင့် စိတ်မထိန်းနိုင်သော ရခိုင် တိုင်ရင်းသား အချို့က လေယာဉ်ကွင်း အနီးရှိ ဗလီတစ်လုံးကို မီးရှို့လိုက်ကြောင်း သိရှိရသည်။ စစ်တွေမြို့၏ လုံခြုံရေး အခြေအနေ စီမံ ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ The Voice Weekly က ယနေ့ည ၉ နာရီခန့်တွင် စစ်တွေရဲစခန်းမှ အကြီးတန်း အရာရှိ တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ဆူပူမှုများ ဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်းနှင့် ရဲတပ်ဖွဲ့ အင်အား တစ်ထောင်ကျော်က လုံခြုံရေး တာဝန်ယူ ဆောင်ရွက်လျှက် ရှိကြောင်း အတည်ပြု ပြောကြားသည်။ The Voice Weekly |
| You are subscribed to email updates from သစ်ထူးလွင် Myanmar News Now To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |


















































