သစ်ထူးလွင် |
- ခရီးသည်တင်ယာဉ်လိုင်းများအား ပိုမိုစည်းကမ်းထိန်းသိမ်းမှုရှိစေလို
- အင်းစိန်မြို့ နယ်တွင် စောင်ရေပွား၍ ထီလိမ်လည်ရောင်းချသူများအား တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး
- ရသာကောင်း ချိုချဉ်နှင့် ပီကေလုပ်ငန်း အလုပ်သမားများ ဆန္ဒပြ
- ကျောက်တော်ဈေး မီးရှို့ရန် ကြံစည်သူကို ရုံးတင်စစ်ဆေး
- သမ္မတ ဦးသိန်းစိန်ကို လန်ဒန်ကို လာဖို့ ဖိတ်ခေါ်ခဲ့ သတင်းစာ ရှင်းလင်းပွဲ (ရုပ်သံ)
- ခြင်ထောင်ထဲမှာ ထမင်းစားရတဲ့ ဆပ်ပြာကျင်းမြေ (ရုပ်သံ)
- တပ်မတော်သား ကိုယ်စားလှယ်အချို့ အစားထိုးပြောင်းလဲ
- ပါရာဂွေး သမ္မတ အဓိကရုဏ်း လူသေမှုနဲ့ ဖြုတ်
- ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ မြန်မာနိုင်ငံကို လာမည်
- ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ၀င်ရောက်မည်
- အတိုက် အခံ ဆိုတာ အစိုးရလောင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား
- ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ (ရုပ်/သံ)
- စစ်တွေ အင်ဘလာရပ်ကွက် မိသားစုများကို မြို့ပြင်သို့ ပြောင်းရွှေ့
- ဘင်္ဂါလီ ၈၂ ဦးအား လဝက ပုဒ်မဖြင့် ရေးမြို့ တရားရုံးမှ ထောင်ဒဏ်ချ
- တည်ငြိမ်စပြုနေသော စစ်တွေတွင် ၃ ရက်မြောက် မီးရှို့မှု ဖြစ်ပွား
- ဒေါ်အောင်ဆန်း စုကြည်နဲ့ ဗြိတိန်ဝန်ကြီး ဒေးဗစ် ကင်မရွန်းတို့ ထပ်မံတွေ့ ဆုံကြတဲ့ မြင်ကွင်း (ရုပ်/သံ-ဓါတ်ပုံ)
| ခရီးသည်တင်ယာဉ်လိုင်းများအား ပိုမိုစည်းကမ်းထိန်းသိမ်းမှုရှိစေလို Posted: 23 Jun 2012 04:58 AM PDT မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များတွင် ယာဉ်တိုက်မှုမကြာခဏဖြစ်ပွားနေခြင်းကြောင့် မော်တော်ယာဉ်လိုင်းများအား စည်းကမ်းထိန်းသိမ်းမှုအပိုင်းတွင် ပိုမိုတင်းကြပ်စေလိုကြောင်း ရန်ကုန်မြို့နေ ခရီးသွားများထံက သိရသည်။ "ကားတွေက မှတ်တိုင်မှာ အကြာကြီးရပ်၊ နောက်ကားလာမှ သူထက်ငါအပြိုင်မောင်းတော့ ကားတွေ ဘရိတ် ပေါက်တာတို့ တိုက်တာတို့၊ လမ်းဖြတ်ကူးတဲ့ သူတွေကို တိုက်မိတို့ အဲဒါမျိုးတွေ မကြာခဏကြားရတယ်။ စည်းကမ်းလိုက်နာအောင်ဆောင်ရွက်တဲ့နေရာမှာ လာဘ်ယူမှုတွေရှိနေတော့ ဘာမှမထူးသလိုဖြစ်နေတယ်"ဟု ဆူးလေမှ ဘုရင့်နောင်သို့ နေ့စဉ်သွားလာနေသူ ကိုမင်းဦးက ပြောသည်။ ရန်ကုန်မြို့တွင်း မြို့ပြင်ပြေးဆွဲနေသော မော်တော်ယာဉ်များအား ကြိုးမဲ့ကြေးနန်းနှင့် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မ.ထ.သယာဉ်လိုင်းများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် အခြားအဖွဲ့ အစည်းများ ပူးပေါင်း၍ ယာဉ်တိုက်မှုကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းလိုက်နာစေရေးလုပ်ငန်းများကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သော (ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ)လများမှ တစ်လတွင်း ဖြစ်ပွားမှုနှုန်းထားများထက် ဇွန်လ (၁)ရက်နေ့မှ (၁၈) ရက်နေ့အထိ မ.ထ.သ မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များ မတော်တဆ ဖြစ်မှုကြောင့် ထိခိုက်၊ ဒဏ်ရာ၊ သေဆုံးမှုများမှာ ပိုမိုများပြားလျက်ရှိနေကြောင်း သိရသည်။ "ဒီနှစ်ခြောက်လအတွင်းကို ဒီလက တိုက်၊ သေ၊ ဒဏ်ရာရတာ အများဆုံးဖြစ်နေတယ်။ အဲလိုဖြစ်တဲ့နေရာမှာ အဓိက ပြသာနာက ကားတွေကို ရပ်တင်ချစနစ်တကျ မလုပ်နိုင်သေးတဲ့အတွက် ဖြစ်တာပါ။ ရပ်တင်ချ မလုပ်နိုင်တော့ ကားတွေက ခရီးသည်စောင့်တင် နောက်ကားလာတော့ အပြိုင်မောင်း ၊ကားတွေကလည်း ကြံခိုင်မူအားနည်းတော့ ဒီလိုပြဿနာတွေ ဖြစ်ရတယ်။ အဲဒါကြောင့် နေ့စဉ် ယာဉ်စည်းကမ်းထိန်းသိမ်းရေး တွေကလည်း စည်းကမ်းလိုက်နာဖို့ ဆောင်ရွက်နေရတယ်"ဟု မ.ထ.သ (ဗဟို)မှ စည်းကမ်းဌာနခွဲမှူး ဗိုလ်မှူး သိန်းဝင်းက ပြောသည်။ ယာဉ်တိုက်မှုဖြစ်ပွားခြင်းအများစုမှာမော်တော်ယာဉ်မောင်းနှင်းသူ၏ပေါ့ဆမှုကြောင့်ဖြစ်ပြီး၊ခရီးသည်တင်ယာဉ်များ၏ မတော်တဆဖြစ်မှု သည် စပါယ်ယာကြောင့်ဖြစ်ကာ လမ်းဖြတ်ကူးသူများစည်းကမ်းမလိုက်နာခြင်း၊ မီးပွင့်အချက်ပြမှု မမှန်ကန်ခြင်း၊ ခရီးသည်တင် ယာဉ်လိုင်းဂိတ်များမှ ထွက်ခွာချိန် မမှန်ခြင်းနှင့် အခြားအားနည်း ချက်များကြောင့် ယာဉ်တိုက်မူများဖြစ်ပွားရကြောင်း မော်တော်ယာဉ်မောင်းများက သုံးသပ်သည်။ "ယာဉ်မောင်းတစ်ယောက်ရဲ့တာဝန်က ခရီးသည်တွေ အန္တရာယ်ကင်းဖို့အဓိကပဲ။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကားတွေကို ဂရုတစိုက်နဲ့ မောင်းနှင်းဖို့ လိုပါတယ်။ လူတွေ အရမ်းတင် ပြီးတော့ အပြိုင်မောင်းတယ်ဆိုတာအန္တရာယ် အများဆုံးပါပဲ။ ယာဉ်မောင်းတွေအနေနဲ့ ယာဉ်စည်းကမ်းလိုက်နာဖို့လည်း လိုပါတယ်" ဟု အောင်မင်္ဂလာအဝေးပြေးမှ ဆူးလေသို့ မောင်းနှင်နေသူ ယာဉ်မောင်း ကိုလှိုင်ဦးက ပြောသည်။ ရန်ကုန်မြို့တွင်း/ပြင် ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း (၄၉၁)လိုင်း၌ မ.ထ.သမှ မြို့တွင်း ပြေးဆွဲနေသော ယာဉ်လိုင်း(၁၃၈)လိုင်းရှိကာ City Bus (၁၂၇၂)စီး၊ Mini Bus (၁၈၂)စီး၊ Dyna\\Canda (၄၂၇)စီး၊ Hilux (၂၀၆)စီး၊ BM\\KM (၅၆)စီးနှင့် စစ်ကျန်ဘတ်စ် (၃၄၄)စီးရှိသဖြင့် ယာဉ်အစီးရေ စုစုပေါင်း(၂၄၈၇)စီးဖြင့် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည်။ အောင်ကိုကိုလတ် (မြစ်မခ) by Myit Makha Mediagroup |
| အင်းစိန်မြို့ နယ်တွင် စောင်ရေပွား၍ ထီလိမ်လည်ရောင်းချသူများအား တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး Posted: 23 Jun 2012 04:55 AM PDT ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့ နယ်၊ အောင်ဇေယျ အိမ်ရာအတွင်း မြန်မာ အောင်ဘာလေ ထီလက်မှတ် များအားစောင်ရေ ပွားအောင် လိမ်လည် ရောင်းချလျှက်ရှိသော အဖွဲ့တစ်ဖွဲ့ အား မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ(၂၂)ရက်နေ့တွင် ၀င်ရောက် ရှာဖွေဖမ်းဆီးခဲ့ကြောင်း အင်းစိန်ရဲစခန်းက သတင်းရရှိသည်။ "ထီလိမ်ရောင်းတဲ့အဖွဲ့ပါ။ သူတို့ကို ပုဒ်မ-၄၂၀နဲ့ တိုင်းရဲစခန်းက ၀င်ဖမ်းတာ။ကျွန်တော်တို့ ဒေသခံရဲတွေနဲ့ ပူပေါင်းပြီးတော့ပေါ့၊ သူတို့ လိမ်တာက ထီအုပ်ထဲမှာ အပေါ်တစ်စောင်၊အောက်တစ်ဆောင်ညှပ်ပြီး ဗလာ စာအုပ်တွေ ညှပ်ထားတာပါ "အင်းစိန်ရွာမရဲစခန်းမှ ဒုရဲမှူးတစ်ဦးက ဆိုသည်။ အဆိုပါအောင်ဇေယျအိမ်ရာရှိ တိုက်(၁၀) ငြိမ်းစုရင်စားသောက်ဆိုင်အပေါ်ထပ် (၄)လွာတွင် ထီလိမ်လည်သူ တရားခံပာု ယူဆရသောသူများအား ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ "ရပ်ကွက်ထဲမှာတော့ သူတို့ကို တွေ့ ဖူးတယ်။ ဆိုင်ကိုလည်း အမြဲလာထိုင်တယ်။"ပာု အောင်ဇေယျ အိမ်ရာ အတွင်းရှိ လ္ဘက်ရည်ဆိုင်တစ်ဆိုင်မှ စားပွဲထိုးလုပ်ကိုင်သူ ကိုတွတ်ပီက ပြောသည်။ အဆိုပါ ထီလိမ်လည်သူများနေထိုင်ရာ တိုက်ခန်း၌ လူငယ်များသာစု၍ နေထိုင်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ ထို့အပြင် အဆိုပါအဖွဲ့မှ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိနေသေးကြောင်း မျက်မြင်သက်သေများက ဆိုသည်။ အထက်ပါကိစ္စနှင့်ပတ်သတ်၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရုံးအား စုံစမ်းမေးမြန်းရာအမှုမှာဆက်လက်ဖော်ထုတ် နေဆဲဖြစ်ကြောင်း ကိုလည်း သိရှိရသည်။ အလားတူ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ပေါ်တွင် မတ်လ(၇)ရက်နေ က ထီမဲနံပါတ် အတုပြုလုပ်၍ (၂၇၈)ကြိမ်မြောက် အောင်ဘာလေအမှုတွင် လူ(၃)ဦးမှ ကျပ်သိန်း(၃၀)ဆုမဲအား လိမ်လည် ထုတ်ယူမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ကိုလည်း ပြည်တွင်းဂျာနယ်တစ်စောင်တွင် ဖော်ပြပါရှိသည်။ ရန်ကုန်မြို့နှင့် နယ်မြို့များတွင် ထီလိမ်လည်ရောင်းချမှု၊ ထီစောင်ရေပွားမှု၊ ထီလက်မှတ်မှ မဲနံပါတ်အတု ပြုလုပ်မှုများ ရှိလာသဖြင့် ပြည်သူများအနေဖြင့် ထီလက်မှတ်ဝယ်ယူသည့်အခါတွင် အထူးဂရုပြုသင့်ကြောင်း ကမာရွတ်မြို့နယ်မှကိုအေးချမ်းက အကြံပြုပြောဆိုခဲ့သည်။ စောဇင်ညီ(မြစ်မခ) by Myit Makha Mediagroup |
| ရသာကောင်း ချိုချဉ်နှင့် ပီကေလုပ်ငန်း အလုပ်သမားများ ဆန္ဒပြ Posted: 23 Jun 2012 04:47 AM PDT မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း နှင့် ရတနာပုံတက္ကသိုလ် လမ်းဆုံရှိ ထည်ဝါခန့်ငြားသော ကုန်ထုတ်လုပ်မှုကုမ္ပဏီပိုင် ရသာကောင်း ချိုချဉ်အမျိုးမျိုး နှင့် ပီကေလုပ်ငန်း တွင် ဇွန်လ ၂၃ ရက်နေ့ နံက် ၈ နာရီ ၄၅ မိနစ်မှ စပြီး အလုပ်သမား ၂၀၀ ကျော်က အလုပ်သမားများ အတွက် တောင်းဆိုချက် အချက်(၉)ချက် ရရှိရေး အတွက် တောင်းဆိုဆန္ဒပြ လျှက်ရှိသည်။ တောင်းဆိုချက်(၉)ချက်မှာ - ၁။ အခြေခံလုပ်အားခလစာတိုးမြှင့်ပေးရန် နှင့် ဆုံးရှုံး နေသော အချိန်ပိုလုပ်အားခခံစားခွင့် များရရှိရန်။ ၂။ အလုပ်ချိန်ကို နိုင်ငံတကာသတ်မှတ်ချိန်အတိုင်း (၁)ရက်အလုပ်ချိန်(၈)နာရီ သတ်မှတ်ပေးရန်။ ၃။ လုပ်ငန်းခွင် နှင့် မသက်ဆိုင်သော အလုပ်ကြမ်း များနှင့် အခြားသောလုပ်ငန်းများကို အတင်းအဓမ္မနိုင့် ထက်စီးနင်း ခိုင်းစေနေခြင်း တို့ကို သက်ဆိုင်ရာ ဥပဒေ နှင့် အညီတရားမျှတမှု ရရှိရန်။ ၄။ စက်ရုံလုပ်ငန်းခွင် အန္တရယ်ကြောင့် ဒဏ်ရာအနာတရ၊ ထိခိုက်နစ်နာ၊ ဆုံးရှုံးမှုများ အားလုံးကို အပြည့်အ၀ တာဝန်ယူ ပေးရန်။ (မှတ်ချက်။ ။ ကိုယ်အင်္ဂါ ပြတ်တောက် ပျက်စီးပြီး ဒုက္ခိတဖြစ်သွားရသူများရှိသည်။အလုပ်သမားတိုင်းသည်လည်း ၎င်းအန္တရယ်နှင့် နေ့စဉ်အနီးစပ်ဆုံး အခြေနေမှာ ရှိနေသည်။) ၅။ အလုပ်ရှင်မှ အတင်းအဓမ္မသိမ်းယူထားသော အလုပ် သမားများ၏ မှတ်ပုံတင်များကို အမြန်ဆုံး ပြန်ပေးရန်နှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်အားလပ်ရက်များတွင် လွတ်လပ်စွာ ပြင်ပသွားလာ ခွင့်ရရှိရန်။ ၆။ အလုပ်ပိတ်ရက်လုံးဝမရှိခြင်းကို ဖျက်သိမ်း၍ တရားဝင် သတ်မှတ်ထားသော နိုင်ငံတော် ရုံးပိတ် ရက်တိုင်းတွင် အလုပ်ပိတ်ရက်သတ်မှတ်ပေးရန်။ ၇။ မတရားသဖြင့်သတ်မှတ်ထားသော ဒဏ်ကြေးများနှင့် အလုပ်သမားများ၏ တရားဝင်ရပိုင်ခွင့် အခွင့် အရေးများကို လစ်လျူရှု၍ တဖက်သက် သတ်မှတ် ထားသော စည်းကမ်းချက်များကို ပယ်ဖျက်ပေးရန်။ ၈။ အလုပ်သမားလေဘာကဒ်တရားဝင်ပြုလုပ်ပေးရန်။ ၉။ အမျိုးသမီးအလုပ်သမအားလုံးကို တရားဝင် လခစား ၀န်ထမ်းအဖြစ်သတ်မှတ်ပေးရန် တို့ဖြစ်ကြောင်း CJMyanmar မှသတင်း ရရှိသည်။ သတင်းနှင့် ဓါတ်ပုံ : တမာပင် By CJMyanmar |
| ကျောက်တော်ဈေး မီးရှို့ရန် ကြံစည်သူကို ရုံးတင်စစ်ဆေး Posted: 23 Jun 2012 04:17 AM PDT ဇွန် ၁၈ရက် နံနက် ၈နာရီ ၃ဝမိနစ်တွင် ကျောက်တော်ဈေး (ပျံကျဈေး)တွင် မသင်္ကာသူ အမျိုးသမီး တစ်ဦးကို ဓာတ်ဆီထည့်ထား သော ပုလင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသမီးကို ဒေသခံ ပြည်သူတစ်ဦးက တွေ့ရှိ ခဲ့သဖြင့် သက် ဆိုင်ရာဈေးတာဝန်ရှိသူများထံသို့ သွား ရောက် အကြောင်းကြားရာ တာဝန်ရှိသူ များက ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရ သည်။ ''အဲဒီအမျိုးသမီးမှာ ဓာတ်ဆီ ရေသန့်ဗူးတစ်ဗူးအပြင် ထည့်ထားတဲ့ ပုလင်းတစ်ပုလင်းနဲ့ နောက်ပြီးတော့ ရေသန့်ဗူးသုံးဗူး ဆံ့တဲ့ ဂါလန်ဗူးခွံတစ်ခု ပါပါတယ်။ ဒီပစ္စည်းတွေနဲ့အတူ အသိ သက်သေ လေးဦးရှေ့မှာ ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူ့ကို ကျောက် တော် ရဲစခန်းက (ပ) ၄၃၆/၅၁၁ နဲ့ တရားစွဲဆိုဖို့လုပ်နေပါတယ်' 'ဟု ကျောက်တော် ဈေးတာဝန်ခံတစ်ဦး က ပြောသည်။ ယခုတွေ့ရှိသော အမျိုးသမီး မှာ မနော်စိပါခါဒူ အသက် (၂၇)နှစ်ဖြစ်ပြီး ကျောက်တော်မြို့ ပိုက်သေရွာ သစ်တွင် နေထိုင်သူ တစ်ဦးဖြစ်ကြောင်း သူမကို ယနေ့ရုံးထုတ်စစ်ဆေး မည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ ကျောက်တော်ဈေး လုံခြုံရေး အတွက် ဈေးသူဈေးသား အယောက် ၂ဝခန့်က နေ့စဉ်ဈေး လုံခြုံရေး တာဝန်ယူကာ ကင်းလှည့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ စောမြင့်သန်း(ပေါက်တော) နေရာ - စစ်တွေ မှ တိုက်ရိုက်ပေးပို့သည် ရန်ကုန်တိုင်းမ် |
| သမ္မတ ဦးသိန်းစိန်ကို လန်ဒန်ကို လာဖို့ ဖိတ်ခေါ်ခဲ့ သတင်းစာ ရှင်းလင်းပွဲ (ရုပ်သံ) Posted: 23 Jun 2012 04:39 AM PDT |
| ခြင်ထောင်ထဲမှာ ထမင်းစားရတဲ့ ဆပ်ပြာကျင်းမြေ (ရုပ်သံ) Posted: 23 Jun 2012 04:01 AM PDT |
| တပ်မတော်သား ကိုယ်စားလှယ်အချို့ အစားထိုးပြောင်းလဲ Posted: 23 Jun 2012 03:43 AM PDT တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အစားထိုး ပြောင်းလဲခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နေပြည်တော် ကြေညာချက် အမှတ် (၃၁/၂ဝ၁၂) ၁၃၇၄ ခုနှစ်၊ ပထမဝါဆိုလဆန်း ၄ ရက် (၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်) တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦး အစားထိုး ပြောင်းလဲခြင်း ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်း ထားသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦးကို အမည်စာရင်း ပြောင်းလဲလိုကြောင်း တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက် အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ၂ဝ-၁-၂ဝ၁၁ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက် အမှတ်(၃/၂ဝ၁၁)တွင် ဖော်ပြထားသည့် အောက်ပါ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦးအား ယှဉ်တွဲ ဖော်ပြပါအတိုင်း အစားထိုး ပြောင်းလဲ လိုက်သည် - ပြောင်းလဲလိုက်သော တပ်မတော်ကိုယ်စားလှယ်များမှာ ချင်းပြည်နယ် လွှတ်တော်တွင် ဗိုလ်မှူးသက်လွင်(ကြည်း ၂၈၂၆၇) အစား ဗိုလ်မှူး/ ဗိုလ်ကြီးတင်အောင် မိုး(ကြည်း ၃၄၇၂၄)၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ဗိုလ်မှူး အောင်ဇေငြိမ်း(ကြည်း ၃၃၄၈၃) အစား ဗိုလ်မှူးကျော်မင်းထွဋ်(ကြည်း ၂၁၀၈၂)၊ မွန်ပြည်နယ်လွှတ်တော်တွင် ဗိုလ်မှူးဇော်ထက်(ကြည်း ၂၉၄၀၈ အမိန့်အရ (ဝင်းကို) အတွင်းရေးမှူး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ministryofinformation |
| ပါရာဂွေး သမ္မတ အဓိကရုဏ်း လူသေမှုနဲ့ ဖြုတ် Posted: 23 Jun 2012 03:23 AM PDT မျက်ရည်ယို ဗုံးနဲ့ သမ္မတ ထောက်ခံသူတွေ ဖြိုခွဲသမ္မတ တ ဖာနန်ဒို လူဂိုကို ဖယ်ရှားဖို့ ပါရာဂွေး အထက်လွှတ်တော်က မဲခွဲ ဆုံးဖြတ် ခဲ့ပါတယ်။ ပါရာဂွေး နိုင်ငံရဲ့ ပထမဆုံး လက်ဝဲ သမ္မတ မစ္စတာ လူဂိုက ဒီ လုပ်ရပ်ဟာ ဥပဒေ ကို လှည့်စား ထားတယ်လို့ ပြောခဲ့ပေမယ့် ဆုံးဖြတ်ချက် ကို လက်ခံတယ်လို့ ဆိုပါတယ်။လွှတ်တော် အပြင်ဘက်မှာ တော့ ရဲက ရာဘာ ကျည်ဆန်နဲ့ မျက်ရည်ယို ဗုံးတွေသုံးပြီး သမ္မတ ထောက်ခံသူ တွေကို ဖြိုခွဲ ခဲ့ရပါတယ်။ အရင် အပတ်က မြေယာမဲ့ လယ်သမား သပိတ် တလုံးကို ရဲက နှိမ်နင်း ရာမှာ ၁၇ ယောက် သေဆုံးမှု အတွက် သူ့ကို ဖြုတ်ချ ခဲ့တာ ဖြစ်ပါတယ်။မကြာခင်မှာ လစ်ဘရယ် ဝါဒီ ဒု သမ္မတ ဖရက်ဒရစ်ကို ဖရန်ကို နိုင်ငံ့ဥသျှောင် သစ် အဖြစ် ကျမ်း ကျိန် ခဲ့ပါတယ်။မစ္စတာ လူဂိုဟာ အနှစ် ၆ဝ ကြာ လက်ယာ ကြီးစိုးမှုကို ဖယ်ရှား ခဲ့တဲ့ သမ္မတ လဲ ဖြစ်ပါတယ်။ ဘီဘီစီ မြန်မာပိုင်း |
| ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ မြန်မာနိုင်ငံကို လာမည် Posted: 23 Jun 2012 03:15 AM PDT ဗြိတိန်နိုင်ငံ UKIT စီးပွားရေး သံတမန်အုပ်စုရဲ့ ဥက္ကဋ္ဌ Lord Marland နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး လုပ်ငန်းကိစ္စတွေ ဆွေးနွေး ဖို့ မြန်မာနိုင်ငံကို နောက် လအတွင်း သွားရောက်မှာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရေးကြီးပုံကို လတ်တလော ဗြိတိန်နိုင်ငံ ခရီးစဉ်မှာ ထုတ်ဖော်ပြောဆို ခဲ့ပြီးတဲ့နောက် အခုလို ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင် အဖွဲ့ရဲ့ မြန်မာပြည်ခရီးစဉ် ပေါ်ပေါက် ခဲ့တာ ဖြစ်ကြောင်း ဗြိတိန်စီးပွားရေး သတင်းစာတစ်စောင် က ဖော်ပြပါတယ်။ ဒီအတောအတွင်း United Bank of India ရဲ့ကိုယ်စားလှယ်ရုံးကို ရန်ကုန်မှာ ဖွင့်ဖို့အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်ပြီး၊ ဒါဟာမြန်မာနိုင်ငံမှာ ပထမဆုံး ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်ရ တဲ့ အိန္ဒိယဘဏ် ဖြစ်တယ်လို့ United Bank of India ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မိမိတို့ဘဏ် ကိုယ်စားလှယ်ရုံး အနေနဲ့ လောလောဆယ်မှာ ငွေကြေး အထုတ်အသွင်း ကိစ္စတွေ ဆောင်ရွက်နိုင်ဦးမှာ မဟုတ်ပေမဲ့ နောက်ပိုင်း မှာ မိမိတို့ရဲ့ ဘဏ်ခွဲတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်လို့ United Bank of India ရဲ့ အမှုဆောင် ဒါရိုက်တာက ပြောပါတယ်။ RFA Burmese |
| ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ၀င်ရောက်မည် Posted: 23 Jun 2012 02:54 AM PDT စကော့တလန် နိုင်ငံ Glasgow Caledonian တက္ကသိုလ် ကျောင်းအုပ်၊ ပါမောက္ခ Pamela Gillies ဟာ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပြီး Glasgow မြို့တော်ကို လာရောက် လည်ပတ်ဖို့ မြို့တော်ဝန်ရဲ့ဖိတ်ကြားစာကို ပေးအပ်ခဲ့ပါတယ်။ Photo: Glasgow Caledonian University စကော့တလန်နိုင်ငံ Glasgow Caledonian တက္ကသိုလ် ကျောင်းအုပ်၊ ပါမောက္ခ Pamela Gillies ဖြစ်ပါသည်။ ပါမောက္ခ Gillies ဟာ နိုင်ငံခြားရေးဝန်ကြီး William Huage က ဒေါ်အောင်ဆန်းစုကြည်အတွက် ဓနသဟာယ အဖွဲ့ရုံးမှာ တည်ခင်းတဲ့ ဧည့်ခံပွဲမှာ ဗြိတိသျှကောင်စီ အဖွဲ့ဝင်တစ်ဦး အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဟာ ပြင်သစ်သမ္မတရဲ့ ဖိတ်ကြားချက်အရ ဗြိတိန်က အပြန် မှာ ပြင်သစ်နိုင်ငံကို ၀င်ရောက်မှာဖြစ်ပြီး ပြင်သစ်သမ္မတ Francois Holland နဲ့ သမ္မတ အိမ်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ပြင်သစ်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံမယ်လို့ သိရပါတယ်။ |
| အတိုက် အခံ ဆိုတာ အစိုးရလောင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား Posted: 23 Jun 2012 02:45 AM PDT လန်ဒန်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ မြန်မာသတင်းထောက်တွေနဲ့ သီးသန့် တွေ့ဆုံပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ "Shadow Government ဆိုတာ အများအားဖြင့် အရွေးချယ်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပေါ့။ အခု အန်တီတို့ အရွေးချယ်ခံ ကိုယ်စားလှယ်တွေက အင်မတန် နည်းပါသေးတယ်။ ဒါကတော့ တစ်ဆင့်ချင်း လုပ်သွားရမဲ့ ကိစ္စပါ။ အဲဒီလိုပဲ ဦးတည်ရမှာပဲ။ ဒီမိုကရေစီ ပြည့်ပြည့်ဝဝ ရဖို့ဆိုတာဟာ အတိုက်အခံ ဆိုတာဟာ ဒီအစိုးရ ဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာကို ကျွန်မတို့ နိုင်ငံက လက်ခံဖို့လိုတယ်။ အခုထိတော့ ဒီသဘောတရားကိုတော့ သိပ်နားလည်သေးတယ်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ ဒါနားလည်အောင်လည်း အန်တီတို့က လုပ်သွားရင်း ကိုယ့်ဘက်ကကိုယ် ဆောက်တည်သွားရမယ်" မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်း တဲ့အခါ - "ဒီကိစ္စနဲ့ ပတ်သက်လို့ ခဏခဏ ကျွန်မပြောပြီးပါပြီ။ သမ္မတကြီး ဦးသိန်းစိန်က တကယ်ပဲ ပြုပြင်ပြောင်းလဲမှု လိုချင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ သမ္မတကြီး တစ်ယောက်တည်းနဲ့ပဲ လုပ်ပေးနိုင်တာ မဟုတ်ပါဘူး။ ဒီအစိုးရ တစ်ခုတည်းနဲ့ တောင်လုပ်ပေးနိုင်တာ မဟုတ်ပါဘူး။ တပ်မတော်ကလည်း ပါမှ ဖြစ်မယ်ဆိုတာ ကျွန်မ အကြိမ်ကြိမ် အခါခါ ပြောတဲ့ကိစ္စ ဖြစ်ပါတယ်။ လက်တွေ့ကျကျ အခြေအနေကို ကြည့်ပြီး ပြောတာပါ။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးဆုံးကတော့ ပြည်သူပါဖို့ပဲ။ ပြည်သူက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းပေါ်မှာ ယုံကြည်မှု ရှိရမယ်။ ဒီယုံကြည်မှု အရ ခိုင်ခိုင်မာမာနဲ့ ဆက်ပြီးတော့ ရပ်တည်သွားမယ် ဆိုလို့ရှိရင် ဒီပြုပြင်ပြောင်းလဲရေးဟာ ဖြစ်ကိုဖြစ်မယ်လို့ ယုံကြည်တယ်" အလုပ်သမား ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံက အလုပ်သမား ဥပဒေတွေ ရေးဆွဲ ပြဋ္ဌာန်းတဲ့အခါ ပွင့်လင်းမြင်သာမှု ရှိဖို့လိုကြောင်း၊ ဒါမှသာ တတ်သိနားလည်သူတွေက အချိန်မီ ထောက်ပြ ပြုပြင်နိုင်မှာ ဖြစ်ကြောင်း အခုတော့  ဥပဒေတွေ ထွက်လာမှသာ ပြည်သူတွေ သိခွင့်ရကြောင်း ပြောဆို ခဲ့ပါတယ်။ ပြည်ပခရီးစဉ်တွေနဲ့ ပတ်သက်ပြီး တွေ့မြင် ခံစားမိပုံကိုလည်း - " အခု ဥရောပ ရောက်တော့လည်း ကျွန်မထင်တာထက် ပိုပြီးတော့ ဒီဥရောပနိုင်ငံက ပြည်သူ ပြည်သားတွေရော အစိုးရတွေရောက မေတ္တာ ကရုဏာနဲ့ ပြုစုစောင့်ရှောက်တယ်၊ ကြိုဆိုတယ် ဆိုတာ တွေ့ရတဲ့ အခါကျတော့ ဒါကျွန်မတို့ ကမ္ဘာကြီးအတွက် ကောင်းတဲ့ လက္ခဏာဖြစ်သလို ကျွန်မမှာလည်း ဒီကမ္ဘာကြီးမှာ အားလုံးပိုပြီးတော့ ခင်ခင်မင်မင် အေးအေးချမ်းချမ်း နေနိုင်ဖို့ ကြိုးစားဖို့ တာဝန်ရှိသွားတယ်လို့ မြင်ပါတယ်" မနေ့က လန်ဒန်မြို့မှာ ကျင်းပတဲ့ မြန်မာအသိုင်းအ၀ိုင်း မိသားစုတွေ နဲ့ တွေ့ဆုံပွဲ အခမ်းအနားကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ဗြိတိန်နိုင်ငံကို ခေတ္တရောက် ရှိနေတဲ့ နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးနဲ့ ဟာသ အနုပညာရှင် ကိုဇာဂနာတို့ကလည်း သီရိမောင်မောင် ဆိုင်းအဖွဲ့နဲ့အတူ ခန်းမဆောင် အပြည့် တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ် ကို ဖျော်ဖြေခဲ့ကြပါတယ်။ မနေ့ကဗြိတိန်နိုင်ငံရောက် မြန်မာလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲမှာ တက်ရောက်သူတွေရဲ့ မေးမြန်းချက်တွေ အပေါ် ဒေါ်အောင်ဆန်းစုကြည်ကတစ်နာရီကြာပြန်လည်ဖြေကြားခဲ့ပါတယ်။ RFA Burmese |
| ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ (ရုပ်/သံ) Posted: 22 Jun 2012 05:36 PM PDT |
| စစ်တွေ အင်ဘလာရပ်ကွက် မိသားစုများကို မြို့ပြင်သို့ ပြောင်းရွှေ့ Posted: 22 Jun 2012 12:23 PM PDT စစ်တွေမြို့ အင်ဘလာခေါ် အောင်မင်္ဂလာ ရပ်ကွက်မှ အိမ်မီးလောင်ပြီး ဒုက္ခရောက်နေသူ အနည်းဆုံး လူပေါင်း ၇၀၀ ကို အဆိုပါ ရပ်ကွက်မှ မြို့ပြင်သို့ ယနေ့တွင် ပြောင်းရွှေ့ ပေးလိုက်ကြောင်း သတင်း ရရှိသည်။ " ဒီနေ့ နေ့လည် ၁၂ နာရီက စပြီး စစ်တပ်က ကားတွေနဲ့ ပြောင်းရွှေ့ပေးတာ ဖြစ်ပါတယ်။ ဒီရပ်ကွက်က ရခိုင်တွေနဲ့ နီးနေတော့ သူတို့လည်း အပြင်ကို မသွားလာနိုင်တော့ စားရေး သောက်ရေးက အစ ပြဿနာ ဖြစ်လာပုံ ရပါတယ်။ ဒီနေ့တော့ သူတို့ သဘောတူညီချက်နဲ့ မြို့ပြင်ကို အစိုးရ တာဝန်ရှိသူတွေက ပြောင်းရွှေ့ပေးတာ ဖြစ်ပါတယ်" ဟု ဖေယာလမ်းမှ ဒေသခံ တစ်ဦးဖြစ်သူ ကိုအောင်ကျော်ဝင်းက ပြောသည်။ ပြောင်းရွှေ့ခံရသူ အရေအတွက်မှာ ၇၀၀ မှနေ ၈၀၀ ကြားထိ ရှိနိုင်ပြီး စစ်တပ်က ကား (၁၀) စီးဖြင့် လုံခြုံရေး ယူကာ ပို့ဆောင်ပေးခဲ့သည်ဟု သူက ပြောသည်။ " လုံခြုံရေးတွေကတော့ အပြည့်ပါဘဲ။ သူတို့ကို သက်ကယ်ပြင် ရွာနားမှာ တည်ဆောက်ထားတဲ့ ဒုက္ခသည်တွေ စခန်းတွေမှာ နေရာချပေးတယ်လို့ သိရပါတယ်။ ဟိုက အခြေအနေကိုတော့ ကျွန်တော်တို့လည်း သွားမကြည့်နိုင်တော့ မသိဘူး။ ဒါကြောင့် ဟိုမှာ မွတ်ဆလင် ဒုက္ခသည်တွေရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုတော့ မပြောနိုင်ဘူး" ဟု သူက ပြောသည်။ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများတွင် ခိုလုံနေသူများမှာ ယခင်က ကဲ့သို့ အခြေအနေ မဆိုးဘဲ စားရေးသောက်ရေး အဆင်ပြေကြောင်း တစ်ခြား ရခိုင်တိုင်းရင်းသားပါတီမှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောသည်။ အင်ဘလာရပ်ကွက်တွင် မီးရှို့မခံရသော အိမ်များတွင် လူအများအပြား နေထိုင်၍ ရှိနေသေးကြောင်း၊ သူတို့အား ဆက်လက် ပြောင်းရွှေ့မည် မပြောင်းရွှေ့မည်ကို မသိရသေးကြောင်း သူက ဆက်လက်ပြောကြားသည်။ စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလုံနေသူ ရခိုင် လူမျိုး ၁၆၀၀၀ ခန့်ကျန်ရှိနေသေးပြီး တချို့လည်း အခြေအနေ တည်ငြိမ်စ ပြုလာပြီ ဖြစ်သဖြင့် မိမိအိမ်သို့ ပြန်သွားကြပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်နေသူ ဦးစံရွှေကျော်က ပြောသည်။ " ရခိုင်လူမျိုးကတော့ ၁၆၀၀၀ ခန့် ကျန်ပါသေးတယ်။ မွတ်ဆလင် ဒုက္ခသည် အရေအတွက်တော့ ကျွန်တော်တို့ မသိရပါဘူး" ဟု ပြောသည်။ အစိုးရ တာဝန်ရှိသူများမှ ဆူပူ အကြမ်းဖက်မူကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး ခိုလုံသူ သုံးသောင်းကျော် ရှိကြောင်း ထုတ်ဖေါ် ပြောဆိုသော်လည်း WFP ခေါ် နိုင်ငံတကာ စားနပ်ရိက္ခာ အဖွဲ့မှ ထွက်ပြေး ခိုလုံသူ ၉၀၀၀၀ ကျော်ရှိကြောင်း ဖေါ်ပြသည်။ ယနေ့ စစ်တွေမြို့၏ အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး ဈေးဆိုင်များလည်း ဖွင့်လှစ်ကာ နယ်ဒေသများမှလည်း ဈေးလာဝယ်သူများ ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။ နေရဉ္ဖရာ သတင်းဌာန |
| ဘင်္ဂါလီ ၈၂ ဦးအား လဝက ပုဒ်မဖြင့် ရေးမြို့ တရားရုံးမှ ထောင်ဒဏ်ချ Posted: 22 Jun 2012 12:26 PM PDT ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စက်လှေဖြင့် ကပ္ပလီ ပင်လယ်ပြင်ကို ဖြတ်ကာ မြန်မာပြည် တောင်ပိုင်း ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ကော့လှိုင်ကျေးရွာ အုပ်စု သဲခုံရွာသို့ ဆိုက်ကပ်လာသည့် ဘင်္ဂါလီ လှေစီး ခရီးသည် ၈၄ ဦးအနက် ၈၂ ဦးကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ရေးမြို့နယ် တရားရုံးမှ ထောင်ဒဏ် တနှစ်စီ ချမှတ်လိုက်ကြောင်း ရေးမြို့မ ရဲစခန်းက ပြောသည်။ "သူတို့အင်အား များတဲ့အတွက် အားကစားရုံပဲ တရားခုံရုံး ဖွဲ့ပြီး ရေး တရားသူကြီးက တနှစ်စီ ချလိုက်တာပါ။ ကလေးနှစ်ယောက်က လွဲပြီး အားလုံးကို အမိန့်ချလိုက်တာ" ဟု ရေးမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။ အင်္ဂါနေ့တွင် ရေးမြို့ အားကစားရုံ၌ ယာယီတရားခုံရုံး ဖွဲ့ကာ ထိုနေ့တွင်ပင် အမိန့်ချမှတ်ပြီး မော်လမြိုင် အကျဉ်းထောင် သို့ ပို့လိုက်ခြင်း ဖြစ်သည်။ အဖမ်းခံရသူ ၈၄ ဦးအနက် အမျိုးသမီး တဦးနှင့် ကလေးနှစ်ဦး ပါဝင်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း အထက်ပါ ရဲအရာရှိက ပြောသည်။ မလေးရှားနိုင်ငံသို့အသွား စက်ချို့ယွင်းမှုကြောင့် ကပ္ပလီ ပင်လယ်ပြင်တွင် ရက်အတန်ကြာ မျောပါနေသည့် ထိုစက်လှေကို ရေးမြို့နယ်၊ အံဒင်ကျေးရွာ အုပ်စု ငါးမျှားစခန်းမှ ငါးဖမ်းလှေများ၏ ကယ်တင်မှုကြောင့် မေလ ၂၃ ရက်နေ့တွင် ငါးမျှား စခန်းသို့ ရောက်ရှိခဲ့သည်။ ပင်လယ်ပြင်တွင် မျောပါစဉ်က ၁၇ ဦး သေဆုံးခဲ့ပြီး ငါးမျှားစခန်းသို့ ရောက်ရှိစဉ်တွင် ကလေးနှစ်ဦး၊ အမျိုးသမီးတဦး အပါအဝင် လှေစီးခရီးသည် ၈၆ ဦး ပါဝင်သည်ဟု ဒေသခံများက ပြောသည်။ ဒေသခံအာဏာပိုင်များက ဒုက္ခသည်များကို လာရောက်စစ်ဆေးသော်လည် တစုံတရာ အရေးယူ ဆောက်ရွက်ခဲ့ခြင်း မရှိဘဲ ဒေသခံများက စက်ပြင်ဆင်ပေးခြင်း၊ ငွေကြေးနှင့် စားနပ်ရိက္ခာအချို့ ထောက်ပံ့ကူညီပေးခြင်းဖြင့် မေလ ၂၇ ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။ ဇွန်လ ဒုတိယပတ်တွင် လှေချွတ်ယွင်းပြီး ရေးမြို့နယ် တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ မန်ကျည်းရွာသို့ ရောက်ရှိကာ စက်လှေ ပြင်ဆင်ရန်အတွက် ကော့လှိုင်ကျေးရွာအုပ်စု သဲခုံရွာသို့ တဖန် ဆိုက်ကပ်စဉ် ထားဝယ် ရေတပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး ရေးမြို့ အာဏာပိုင်ထံသို့ လွှဲအပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ သဲခုံရွာသို့ ရောက်ရှိစဉ်တွင် မြန်မာစကား အနည်းငယ် ပြောတတ်သူ နှစ်ဦး အပါအဝင် လှေစီးခရီးသည် ၈၆ ဦး ရှိသည်။ ထိုအထဲမှ နှစ်ဦးမှာ ညတွင်းချင်းပင် ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဒေသခံ အမျိုးသမီးတဦးကပြောသည်။ ကွန်းချမ်း - စံခလပူရီ (မဇ္ဈိမ) |
| တည်ငြိမ်စပြုနေသော စစ်တွေတွင် ၃ ရက်မြောက် မီးရှို့မှု ဖြစ်ပွား Posted: 22 Jun 2012 12:14 PM PDT ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ရက်ပေါင်းမျာစွာ တည်ငြိမ် နေခဲ့သော စစ်တွေမြို့တွင် ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ မီးရှို့မူ ပြန်ဖြစ်ပွားရာ ယမန်နေ့ကလည်း စစ်တွေ လေယာဉ်ကွင်း အနီးတွင် မီးရှို့မူ တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ " စစ်တွေ လေယာဉ်ကွင်း အနီးက အုန်းတောမှာ ဖြစ်ပါတယ်။ များများတော့ မလောင်ဘူး။ သူတို့အိမ် ကို သူတို့ လာရှို့တယ်လို့ သိရပါတယ်။ နောက်မီးသတ်ကားက အချိန်မှီ ရောက်လာတော့ မီးက ငြိမ်း သွားပါတယ်။" မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။ ဇွန်လ ၂၀ ရက်နေ့က စစ်တွေတွင် မီးလောင်မှုတခု ထပ်မံဖြစ် ပွား ခဲ့သည်။ မီးလောင်မှုမှာ အောင်မင်္ဂလာရပ်ကွက် ဦးအောင်ထွန်းဦးလမ်းနှင့် မင်းဘာကြီးလမ်းကြား စစ်တွေ တက္ကသိုလ်ဟောင်းအနီးတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံလူငယ်တဦးမှ ပြောသည်။ "မီးလောင်မှုဖြစ်တာက ဇွန်လ ၂၀ ရက်၊ ညဥ့် ၁၀ နာရီခန့်မှာ အစိုးရအမှု ထမ်းတွေ နေတဲ့နေ ရာမှာ ဖြစ်တာပါ။ မီးထဲ အိမ်တချို့ ပါသွားပါတယ်။ သက်ဆိုင်ရာက မီးသတ်တပ်ဖွဲ့က အချိန်မီ မီးငြိမ်း လိုက်နိုင်ပါတယ်။ အကြီးအကျယ်ပျက်စီး တာတော့ မရှိဘူး" ဟုပြောသည်။ အဆိုပါရပ်ကွက်၌ အစိုးရအမှုထမ်းများ ဖြစ်သည့် ပင်စင်စား၊ ရဲဝန်ထမ်း၊ ဟိုတယ်ဝန်ထမ်း များ နေထိုင်သည့် ရပ်ကွက်ဖြစ် သည်။ "မီးလာရှို့တာက ဘင်္ဂလီ အမျိုးသမီး တဦးဖြစ်တယ်။ အဲဒီရပ်ကွက်ထဲကို ၀န်ထမ်းတဦးရဲ့ အ၀တ်ကို ၀တ်ဆင်ပြီး လာလျှို့ခဲ့တာပါ။ မီးလောင်မှုဖြစ်ပွားစဉ် အတွင်း ရဲတွေက အဲဒီအမျိုးသမီးကို ဖမ်းဆီး လိုက်နိုင် ပါတယ်" ဟုပြောသည်။ မီးရှို့မူများမှာ ဇွန်လ ၂၀ ရက်နေ့မှ စ၍ ကွက်ကြားကွက်ကြား ပေါ်ပေါက်နေပြီး သက်ဆိုင်ရာနှင့် မီး သတ်တပ်ဖွဲ့မှ အချိန်မီ သွားရောက် ငြိမ်းသတ်နေရသည်ဟု သိရသည်။ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဇွန်လ ၁၉ ရက်နေ့အထိ သေဆုံးသူ ၆၂ဦး၊ အိုး အိမ်စွန့်ခွာ ထွက်ပြေး သူ ၉ သောင်းကျော်နေပြီး ဖြစ်ကြောင်း သိရသည်။ အစိုးရမှ ရခိုင်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက် ဆူပူမူကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ပြီဟု ဆိုသော်လည်း လုံခြုံရေးအင်အား နည်းပါးမူကြောင့် တချို့ နေရာများတွင် ဆူပူ အကြမ်းဖက်မူများ ဆက်လက် ဖြစ်ပေါ်နေကြာင်း သိရသည်။ ထွန်းထွန်း-နေရဉ္ဖရာ |
| Posted: 22 Jun 2012 03:52 PM PDT ![]() ဒီဓာတ်ပုံလေးကြည့်ပြီး ကြည်နှူးဝမ်းသာမိပါတယ်.. ကိုယ့်ခေါင်းဆောင်ကို လေးစားသမှုပြုတဲ့ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အလေးထားမှု မြင်ကွင်းလေးပါ..။ ဗြိတိန်ဝန်ကြီးချုပ်က အမေစုကို ဝန်ကြီးချုပ်နေအိမ်မှာ နေ့လည်စာ တည်ခင်းဧည့်ခံပြီး နှင်းဆီပန်းခြံကို လမ်းလျှောက်ထွက်လာတဲ့ မြင်ကွင်းပါ..။ ![]() ဗြိတိန်ဝန်ကြီးချုပ် ဆောင်းပေးတဲ့ ထီးကို သတိထားမိလို့ အမေစု ရယ်မောနေလေသလားပဲ.. ပကာသနမပါ ဟန်ဆောင်မှုမပါ.. အင်မတန် သဘာဝကျပြီး အေးချမ်းလှတဲ့ မြင်ကွင်းလေးပါ..။ ![]() ![]() ![]() ![]() ဒီဓာတ်ပုံတွေကို ကြည့်မိရင်းက နှစ်ပေါင်းများစွာ နေအိမ်အကျဉ်းချခံရ အသက်ဘေးမှ အကြိမ်ကြိမ် လုပ်ကြံခံခဲ့ရပြီး လွတ်မြောက်လာရတဲ့ ဒီလို ပိန်ပိန်ပါးပါး ကမ္ဘာကျော် အမျိုးသမီးကြီးတဦးကို ညီမလေ...းတဦးလိုပါပဲ ဆိုပြီး အမြဲ ပြောဆိုကြတဲ့ ပြည်တွင်းက ခေါင်းဆောင်တွေ နှုတ်ဖျားက စကားထက် ရင်ထဲက စေတနာအမှန်နဲ့ လက်တွဲ လုပ်ဆောင်ခဲ့ကြမယ်ဆိုရင် ဘယ်လောက်များ တိုင်းပြည်အတွက် အကျိုးရှိလေမလဲ ဆိုတဲ့ အတွေးလည်း ဝင်လာမိပါတယ်..။ အကြောက်တရားနဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တဲ့ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူ ပြည်တွင်းက မြင်ကွင်းတွေနဲ့ ယခု ဓာတ်ပုံပါ ဗြိတိန်ဝန်ကြီးချုပ်နဲ့ သူရဲ့ ပြည်သူတွေရဲ့ ရိုးစင်းလှတဲ့ မြင်ကွင်းတွေဟာ အတွေးပေါင်းများစွာ ဖြစ်ပေါ်စေပါတယ်..။ ![]() ၂၂ရက်နေ့က မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ ဇနီးတို့မှ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်..။ AP, Getty Images by ဒီမိုဝေယံ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |





















