ဒီမိုဝေယံ |
- ၁၅ရက်နေ့ မနက်ပိုင်း စစ်တွေမြို့ သတင်း..
- ILO က ဆွေးနွေးပွဲမှာ .. ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတွေလို သတ်မှတ်ပါသလား ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ဒီလိုဖြေခဲ့ပါတယ်.. (ရေးသားသူ ကိုထိုက်)
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွစ်ဇာလန်နိုင်ငံ Genevaမှ Bernမြို့ ရထားခရီးစဉ် မြင်ကွင်းမှတ်တမ်းများ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် (၁/၂၀၁၂)
| ၁၅ရက်နေ့ မနက်ပိုင်း စစ်တွေမြို့ သတင်း.. Posted: 14 Jun 2012 10:47 PM PDT ဓာတ်ပုံ.. ကို Aye Maung (Facebook) (၁၅ရက်နေ့ မနက် ၁နာရီခန့်က ဘင်္ဂလီများ၏ မီးရှို့မှုကြောင့် မြို့သူကြီးရပ်ကွက် မီးလောင်မှု မြင်ကွင်း) (စစ်တွေသတင်း) ရခိုင်အမျိုးသား တဦး၏ ဖုန်းဖြင့် ဆက်သွယ်ပြောကြားမှု စစ်တွေမြို့မှာ တည်ငြိမ် အေးချမ်းနေပြီဟုဆိုသော်လည်း စစ်တွေမြို့လယ်ခေါင်မှ ဘင်္ဂလီ အင်ဘာလာ ရပ်ကွက် (အောင်မင်္ဂလာရပ်ကွက်) အား လုံခြုံရေးအတွက် စစ်တပ်နှင့် လုံခြုံရေးများမှ ပြောင်းရွှေ့ပေးရန် ညှိနှိုင်းရာမှာ ဘင်္ဂလီများမှ လက်မခံသည့် အတွက် ညှိုနှိုငးမရ ဖြစ်နေပြီး လုံခြုံရေးအတွက် အန္တရာယ် ရှိနေသည်ဟု သိရသည်..။ ဘင်္ဂါလီများမှ ပင်လယ်ဘက်မှ စက်လှေများဖြင့် ဝင်ရောက် မီးရှို့ရန် ကြံစည်နေမှုများကြောင့် စစ်တွေမြို့သားများ စိုးရိမ်ပူပန်လျှက်ရှိပြီး စစ်တပ်မှလည်း မသကာင်္ဖွယ် စက်လှေများအား ခြောက်လှန့်ပစ်ခတ်နေရသည်ဟု သိရသည်။ ဒီမိုဝေယံ ယနေ့ 7Day News Journal မှာလည်း အောက်ပါအတိုင်း ရေးသားထားပါတယ်.. စစ်တွေမြို့တွင် တည်ငြိမ်နေပြီဟု ပြည်နယ်အစိုးရက သတင်းစာ ရှင်းလင်း ပွဲပြုလုပ်ကာ ကြေငြာခဲ့သော်လည်း ယနေ့နံနက် သန်းခေါင်ကျော် ၁ နာရီခန့် က စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်၊ ဘဖြူလမ်းအနီးတွင် ဘင်္ဂါလီ လူမျိုးများ က ဒီဇယ်လောင်း၍ မီးရှို့မှုကြောင့် အိမ်ခြေ ခုနှစ်ဆယ်ကျော် မီးလောင်ကျွမ်း ခဲ့သည်။ မီးလောင်နေချိန်တွင် ဘင်္ဂါလီများ ပင်လယ်ဖက်မှ ကမ်းခြေသို့ ချဉ်းကပ်လာ မှုကြောင့် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့ရ သည်။ ပြည်သူ လူထုသည် ညမထွက်ရအမိန့်ထုတ်ပြန်ထားသေ ယခု ၁၅ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်အနီး၊ ပင်လယ်အတွင်း မသင်္ကာဖွယ် လှေတစ်စီးချဉ်းကပ်လာသည့်အတွ သေနတ်ဖြင့် ပစ်ခတ်ခြောက်လှန့်မောင်းထုတ ဓာတ်ပုံ.. ကို Aye Maung (Facebook) (၁၅ရက်နေ့ မနက် ၁နာရီခန့်က ဘင်္ဂလီများ၏ မီးရှို့မှုကြောင့် မြို့သူကြီးရပ်ကွက် မီးလောင်မှု မြင်ကွင်း) |
| Posted: 14 Jun 2012 10:43 AM PDT ILO က ဆွေးနွေးပွဲမှာ .. ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတွေလို သတ်မှတ်ပါသလား ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ဒီလိုဖြေခဲ့ပါတယ်.. (ရေးသားသူ ကိုထိုက်) ILO က ဆွေးနွေးပွဲမှာ .. ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတွေလို သတ်မှတ်ပါသလား ဆိုတဲ့ မေးခွန်းကို ဒုတိယ အကြိမ် သတင်းထောက် တစ်ယောက်က ထပ်မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖြေခဲ့တာကတော့ ... ပထမဖြေခဲ့သလို တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးပါတယ်။ နိုင်ငံသား ဖြစ်ဖို့ဆိုတာ တိကျရှင်းလင်း ပြတ်သားတဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေ စပြီး လိုအပ်ပါယ်။ ဒီမှာ ပြောလိုတာက လက်တွေ့ ပြဿနာ အနေနဲ့ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်မထင်ပြောရမယ်ဆိုရင် ပြဿနာ ဖြစ်ပေါ်တာကတော့ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်မှုကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးမှာ နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုကို ထိမ်းချုပ်နိုင်မှု အားနည်းပါတယ်။ ရခိုင် နယ်စပ်မှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဝင်ရောက်နေမယ်ဆိုတာ သေချာပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လာဘ်စားမှုကင်းတဲ့ နယ်စပ် လူဝင်မှုထိမ်းသိမ်းရေးလိုအပ်နေပါတယ်။ .. လို ဖြေသွားပါတယ်။ ကဲ ... ရိုဟင်ဂျာဆိုတဲ့ လူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့တောင် ရှင်းလင်းတဲ့ ဥပဒေလိုအပ်တယ်ဆိုတာ .. တိကျတဲ့ စနစ် လိုအပ်တယ် ဆိုတာ သေချာ ပြောပြီဖြစ်တဲ့။ .. အဲဒီလူတွေကို အလိုအလျောက် နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ဆိုတာ မလွယ်သေးဘူးလို့ ဖြေလိုက်တာသာ ဖြစ်ပါတယ်။ ဒီလူတွေဟာ နယ်စပ်ဖြတ်ကျော်လာတဲ့ တရားမဝင် နေထိုင်သူတွေ ဖြစ်နိုင်တယ် လို့ ပြောလိုက်တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာ၊ ဖြေရတဲ့ နေရာကနေ ဒီလောက်အထိ ဖြေတယ်ဆိုတာ .. ဒေါ်အောင်ဆန်းစုကြည် ဘာမှ မပြောဘူးလို့ ဆိုတဲ့သူတွေ နားလည်သင့်ပြီ ထင်ပါတယ်။ သူမ အနေနဲ့ ဒီထက် ထက်ပြောဖို့ မသင့်သလို .. အမျိုးသား ခေါင်းဆောင်အနေနဲ့ အမုန်းတရားပွားမယ့် စကားတွေကိုလည်း ပြောဖို့ မလိုပါ။ ရိုဟင်ဂျာဟာ တိုင်းရင်းသား ဖြစ်ပါတယ်လို့ တောင်းဆိုမှုတွေအတွက်ကတော့ .. လက်ရှိ နိုင်ငံသား အဖြစ်တောင် ဥပဒေ လိုမယ်ဆိုတော့ ... ရိုဟင်ဂျာဟာ တိုင်းရင်းသား ဖြစ်ပါတယ်ဆိုတဲ့ ပြောနေမှုတွေကို အိမ်မက်တောင် ထည့်မမက်နဲ့တော့လို့ ပြောရမှာဖြစ်ပါတယ်။ ၁။ပြည်သူတွေ အကုန်လုံးကလည်း တိုင်းရင်းသားအဖြစ် လက်မခံဘူး။ ၂။ စစ်တပ်ကလည်း တိုင်းရင်းသား အဖြစ် လက်မခံဘူး။ ၃။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသား အဖြစ် လက်မခံဘူး။ ၄။ ၈၈ မျိုးဆက် ခေါင်းဆောင်တွေကလည်း တိုင်းရင်းသားအဖြစ် လက်မခံဘူး။ ၅။ သမိုင်းဆရာတွေကလည်း တိုင်းရင်းသားအဖြစ် လက်မခံဘူး။ ကဲ .. ရိုဟင်ဂျာ .. တိုင်းရင်းသား ဟုတ်၊ မဟုတ် .. ဘာများ အငြင်းပွားနေရဦးမှာလဲ။ တရားမဝင် ဝင်ရောက်လာတဲ့ လူတွေကိုသာ ဥပဒေနဲ့ ဆုံးဖြတ်ရုံမှတပါး အခြား မရှိပြီ။ (ရေးသားသူ ကိုထိုက်) ဖေ့စ်ဘွတ်မှ (ဓာတ်ပုံ Getty Images) |
| Posted: 14 Jun 2012 10:36 AM PDT ဇွန်လ ၁၄ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ILO အစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ Genevaမှ Bern မြို့သို့ ရထားခရီးစဉ်ဖြင့် ရောက်ရှိလာပါတယ်..။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှ Bern မြို့သို့ သွားရောက်တဲ့ ရထားပေါ်မှာ ဆွစ်လူငယ်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အမှတ်တရ လက်ဆောင်အား လက်ခံရယူစဉ်... ဂျနီဗာမြို့မှ ရထားဖြင့် Bern မြို့Bellevue Hotel သို့ရောက်ရှိလာစဉ်... ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့မှ Bern မြို့သို့ ရထားဖြင့် ရောက်ရှိလာတဲ့ အမေစုနှင့် အဖွဲ့ဝင်များ (၁နာရီ၄၅မိနစ်လောက် ကြာမြင့်တဲ့ ရထားခရီးစဉ်အတွင်း ရထားပေါ်မှာ ဆွစ်လူငယ်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်..) (AP,Reuters, Getty Images) |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် (၁/၂၀၁၂) Posted: 14 Jun 2012 10:19 AM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် (၁/၂၀၁၂) ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း၊အပတ်စဉ် (၁/ ၂၀၁၂)အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ရွှေဂုံတိုင်တွင် ၁၁၊၀၆၊၂၀၁၂ တနလာင်္နေ့လည် ၁း၀၀ အချိန်တွင် NLD-နာယကကြီး ဦးတင်ဦးမှ ဦးဆောင် ဖွင့်လှစ်ပေးခဲ့ပါတယ်.။ ပြည်နယ်နှင့်တိုင်း အသီးသီးမှ NLDပါတီဝင်များဖြစ်သော သင်တန်းသား၊ သင်တန်းသူ ခြောက်ဆယ်ကျော်ကို ၁၁၊၀၆၊၂၀၁၂ မှ ၁၁၊၀၇၊၂၀၁၂-အတွင်း ရုံးလုပ်ငန်း နည်းပညာ ဖွဲ့စည်းပုံနှင့် ဆက်သွယ်ရေး နည်းပညာများကို ဦးသန့်ဇင် (စာရေးဆရာစံမောင်)မှ လည်းကောင်း ဦးဆောင်မှုနှင့် သပ်ရပ်မှု နည်းပညာများကို ဒေါ်နန်းဝိုးဖန်က လည်းကောင်း၊ ရုံးစာနှင့် လုံခြုံရေးနည်ပညာများ ကိုဦးထွန်းအောင်ကျော်က လည်းကောင်း၊ စည်းရုံးရေး နည်းပညာများကို ဦးသက်ပိုင်ထွန်းက လည်းကောင်း အပါတ်စဉ်တိုင်း တနလာင်္နေ့မှ စနေနေ့ထိ ဖွင့်လှစ် သင်ကြားသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။ လင်းဆက် |
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |









