ဒီမိုဝေယံ |
- ဘင်္ဂလီများအား ဆန်အရောင်းရပ်ဆိုင်းထား...
- ၉ရက်နေ့က စစ်တွေမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး (ရိုက်တာ သတင်းဋ္ဌာန ရုပ်သံ)နဲ့ ၁၀ရက်နေ့ စစ်တွေ၊ မောင်တောနောက်ဆုံး သတင်း..
- ပြည်သူ့ခေတ် ဂျာနယ်မှ ၉ရက်နေ့.. မောင်းတော၊ စစ်တွေ အခြေအနေသတင်းများ....
| ဘင်္ဂလီများအား ဆန်အရောင်းရပ်ဆိုင်းထား... Posted: 10 Jun 2012 04:53 AM PDT ဘင်္ဂလီများအား ဆန်အရောင်းရပ်ဆိုင်းထားby Shwe Myitmakha Media Group on Sunday, June 10, 2012 at 2:31pm · ဇွန် ၁၀ ၊ ရန်ကုန်မြို့။ ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ရခိုင်တိုင်းရင်းသားများအနေဖြင့် ဘင်္ဂလီများအား ရောင်းချလျက်ရှိသော ဆန်များကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ "ကျွန်တော်တို့ဆီက ဆန်ကို ၀ယ်စားရတာ အခုလို ကျွန်တော်တို့ကို ရန်ပြုတော့ ကျွန်တော်တို့က ရိက္ခာဖြတ်လိုက်တယ် သူတို့ကို ဆန်မရောင်းတော့ဘူး " ဟု စစ်တွေမြို့နေ မင်းဂံရပ်ကွက်မှ ဦးကျော်ခင်ဆန်းက ပြောသည်။ မင်းဂံရပ်ကွက်တွင် နေထိုင်ကြသော ဘင်္ဂလီတို့မှာ ရခိုင်တိုင်းရင်းသားများ ရောင်းချသော ဆန်ကို ၀ယ်ယူခြင်းကို ရပ်နားခံရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ အခြားသော စားနပ်ရိက္ခာ ၀င်ရောက်နိုင်သော နည်းလမ်းရှိကြောင်း သိရှိရသည်။ "ကျွန်တော်တို့ဆီက ဆန်ကို မရရင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ သူတို့ရိက္ခာရနိုင်တယ်" ဟု ဦးကျော်ခင်ဆန်းက ဆက်လက်ပြောသည်။ ရခိုင်လူမျိုးများမှ မွတ်ဆလင်များကို စားနပ်ရိက္ခာရောင်းချခြင်းကို ရပ်ဆိုင်းရခြင်းမှာ ဘင်္ဂလီတို့မှ ရခိုင်လူမျိုးများ၏ နေအိမ်ကို မီးရှို့ခြင်း နှင့် ရခိုင်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခြင်းကိစ္စရပ်များ ပေါ်ပေါက်လာခြင်းကြောင့် ၂၀၁၂ခုနှစ် ဇွန်လဆန်းပိုင်းမှ စတင်ပြီး ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ် စစ်တွေတွင်းရှိ လက်ရှိအခြေအနေတွင် ရခိုင်တိုင်းရင်းသားများမှာ ဘင်္ဂလီတို့အား ပြန်လည်ခုခံရင်း တန်ပြန်တိုက်ခိုက် နေသောကြောင့် နှစ်ဘက်အခြေအနေ တင်းမာလျက်ရှိကြောင်း ကြားသိရသည်။ "ကျွန်တော်တို့ရခိုင်တွေရဲ့ အိမ်ကို မီးလာရှို့တော့ ကျွန်တော်တို့လဲ အဲ့ဘက်ကို မီးပြန်ရှို့တယ်" ဟု မင်းဂံရပ်ကွက်နေ ကိုဖြိုးက ပြောသည်။ ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ခု ရှိသော်လည်း ဘင်္ဂလီအင်အားမှာ ရခိုင်တိုင်းရင်းသား အင်အားထက် ပိုများလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရှိရသည်။ ![]() |
| Posted: 09 Jun 2012 09:43 PM PDT ၉ရက်နေ့ ရိုက်တာ ရုပ်သံ မြင်ကွင်း ၁၀ရက်နေ့ လက်ရှိ စစ်တွေ အခြေအနေ.. စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘဂါင်္လီများက မီးရှို့ရန် ကြိုးစားနေသဖြင့် လုံထိန်းတပ်ဖွဲ့ဝင်များမှာ တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံ တစ်ဦးက ပြောပါသည်။ မင်းဂံရပ်ကွက် ၁၃နှင့် ၁၄ တို့သည် ဘင်္ဂါလီရွာဖြစ်သော ဒေါပြင်ရွာနှင့် အနီးကပ်ဆုံးရှိနေပြီး ဒေါပြင်ရွာမှ ဘင်္ဂလီများက မင်းဂံရပ်ကွက် ၁၃နှင့် ၁၄ ကို မီးရှို့ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အဆိုပါနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်ပစ်ဖောက် သတိပေး နေသော်လည်း ဘဂါင်္လီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးလျက်ရှိနေဆဲ ဖြစ်ကြောင်း သိရပါသည်။ လက်ရှိအနေ အထားအရ စစ်တွေမြို့မှ လုံခြုံရေး အင်အားနည်းသော ရပ်ကွက်များကို ဘဂါင်္လီများက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များရောက်ရှိလာပါက နောက်ပြန်ဆုတ်သွားပြီး လုံထိန်းများ ပြန်လည်ထွက်ခွာသွားသည်နှင့် ဘဂါင်္လီများက မီးရှိုရန် ကြိုးစားနေဆဲ ဖြစ်ကြောင်း သိရပါသည်။ လက်ရှိအခြေအနေအရ စစ်တွေမြို့ပြင်ရှိ လူနေရပ်ကွက်များမှ စိုးရိမ်ရသည့် အနေအထား ရှိနေကြောင်း သိရှိရပါသည်။ လုံထိန်းတပ်ဖွဲ့အင်အားမှာ နည်းပါးနေပြီး တစ်နေ့မှ အခြားတစ်နေရာသို့ ရွေ့ပြောင်းနေရကြောင်း သိရသည်။ ထိုသို့ ရွေ့ပြောင်းစောင့်ကြပ်နေရသည့် အတွက် လုံထိန်းတပ်ဖွဲ့ဝင်များ မရှိတော့အချိန်တွင် စစ်တွေ မြို့ပြင် ဘင်္ဂါလီရွာများမှ ဘဂါင်္လီများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များကို မီးရှို့ရန်ကြိုးစားနေဆဲ ဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။ ထို့အပြင် စစ်တွေမြို့တွင်း လုံခြုံရေးအတွက် မြို့ခံ ရခိုင်တိုင်းရင်းသားများက မိမိကိုယ်ကို ခုခံကာကွယ်နိုင်သည့် ပစ္စည်းများကို ကိုင်ဆောင်၍ မိမိတို့၏ နေအိမ်ရှေ့တွင် သက်ဆိုင်ရာ အိမ်ထောင်စုအလိုက် စုဖွဲ့စောင့်ကြည့်နေရကြောင်း သိရပါသည်။ မောင်တောမြို့ ၁၀ရက်နေ့ အခြေအနေ.. မောင်တောမြို့၌ လုံထိန်းတပ်ဖွဲ့ဝင်များ၊ ရခိုင်တိုင်းရင်းသားများ သွားလာ နေသည်ကို ဘဂါင်္လီများက နေအိမ်အတွင်းမှ နေ၍ ခဲဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ မောင်တောမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသူ အရေအတွက်မှာ အတိအကျ မသိရှိရသေးသော်လည်း ထောင်ဂဏန်းရှိနေပြီဖြစ်ကြောင်း မောင်တောဒေသခံတစ်ဦးက ပြောပါသည်။ ထို့အပြင် ဘူးသီးတောင်ရှိ အမှတ်(၁) အလယ်တန်း ကျောင်း ကယ်ဆယ်ရေးစခန်းသို့ လူဦးရေ ၁၀၀၀ကျော် ရောက်ရှိ နေကြောင်းလည်း သိရပါသည်။ Eleven Media Group |
| ပြည်သူ့ခေတ် ဂျာနယ်မှ ၉ရက်နေ့.. မောင်းတော၊ စစ်တွေ အခြေအနေသတင်းများ.... Posted: 09 Jun 2012 09:24 AM PDT ဇွန်လ ၈ ရက်နေ့ မောင်တောမြို့နယ် မှတ်တမ်းဓါတ်ပုံ ဦးMhu Zaw Facebook စစ်တွေ ၉ရက်နေ့ (ည၉နာရီ) ဘင်္ဂါလီအများစုနေထိုင်ရာ စစ်တွေတက္ကသိုလ်အနီးရှိ ဘုမေကျေးရွာသို့ အနီးအနားရွာများမှ ဘင်္ဂါလီများ လာရောက် စုရုံးနေကြသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ စစ်တွေမြို့နယ်မှ ဦးအောင်မြကျော်က ပြောသည်။ ၄င်းက"မြို့ပြင်ဖက်မှာတော့ တော်တော်စိုးရိမ်ရတဲ့ အခြေအနေရှိတယ်၊ မြို့ထဲမှာတော့ ထိန်းချုပ်လို့ရနေတယ်"ဟုပြောသည်။ သူ၏ပြောပြချက်အရ ဘုမေကျေးရွာတွင် စုစည်းနေသူ အင်အားမှာ အလွန်များပြားနေကြောင်း၊ ရဲတပ်ဖွဲ့ လုံခြုံရေး အင်အား ၄၀ခန့်သည် အဆိုပါကျေးရွာနှင့် မြို့ကို ပိုင်းခြားတည်ရှိသည့် စစ်တွေမြို့ဖက် ရထားလမ်းမှနေ၍ ဘင်္ဂါလီများဝင်ရောက်ရန် မကြာခဏ ကြိုးစားနေသဖြင့် သေနတ်ပစ်ဖောက် ထိန်းသိမ်းနေကြောင်း၊ လုံခြုံရေးဖွဲ့များ၏ အင်အားမှာ ယနေ့ညဦးပိုင်းအချိန်အထိ နည်းပါးစွာပင်ရှိနေသေးကြောင်း ၄င်းကပြောသည်။ မောင်တောမြို့ ညနေ ၅နာရီ၁၀မိနစ် အခြေအနေ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မောင်တောမြို့နယ် ဥက္ကဌ ဦးဘရွှေက မောင်တောမြို့ လက်ရှိအခြေအနေအား အောက်ပါအတိုင်းပြောပြသည်- တာဝန်ရှိသူများရောက်ရှိလာ "ဒီနေ့ရန်ကုန်ကနေ လူကြီးတွေလာတယ်။ ပြည်နယ်ဝန်ကြီးချုပ်ရယ်၊ တိုင်းမှူးရယ်၊ ကာကွယ်ရေးဝန်ကြီး ဌာနက ဒုဗိုလ်ချုပ်ကြီးလှမင်း သူတို့လာတယ်။ ခင်ဇော်နဲ့ မောင်လှမြိုင်ဆိုတဲ့ ဘင်္ဂါလီနှစ်ယောက်နဲ့ ဆွေးနွေးသေး တယ်လားမသိဘူး။ သူတို့က ခေါင်းဆောင်လိုမျိုးပေါ့။ ဘာဆွေးနွေးမှန်းတော့ မသိဘူး။ ဒါပေမယ့် အခြေအနေ ကတော့ သိပ်အဆင်ပြေမယ့်ပုံ မပေါ်ဘူး" ကျေးရွာများအခြေအနေ "မောင်တော တောင်ပိုင်းမှာ ဆိုရင် အမေကို သားကရှာမရဘူး။ သမီးက အမေကိုရှာမရဘူး တကွဲတပြားနဲ့ ရခိုင်ရွာတွေ၊ အကုန်လုံးရင်နာစရာပဲ၊ ရခိုင်တွေကို မင်းတို့ဒီရွာကိုလုံးဝမလာနဲ့တော့လို့ ခြိမ်းခြောက်တယ်။ အခြေအနေကတော့ တော်တော်ဆိုးတယ်။ အဲဒီကောင်တွေက လူသတ်ပစ္စည်းလု၊ ဗိုလ်မှူးရွာက တစ်ယောက်မှာ ရွှေကျပ်သား၃၀လောက်ပါသွားတယ်။ တစ်ကယ့်အကြမ်းဖက်မှု အစစ်ပဲ၊ အဲဒီလောက် ရက်စက်မှု တစ်ခါမှ မကြုံခဲ့ဖူးဘူး" လူအသေအပျောက် "လူဘယ်လောက် သေသွားတယ်၊ ဘယ်လောက် ပျောက်နေတယ်ဆိုတာ ဘယ်လိုမှ စစ်ဆေးလို့ မရနိုင်သေးဘူး။ နယ်တွေမှာ လုံခြုံရေး မရောက်တဲ့ နေရာတွေရှိတယ်။ ဌာနဆိုင်ရာကလည်း ဒီအချိန်မှာ ဘယ်လိုမှ စုံစမ်းနိုင်မှာ မဟုတ်ဘူး" ကျေးရွာများမှလာရောက်ခိုလှုံ "အခုမောင်တောတောင်ပိုင်းက လူ၇၀၀လောက် ဘူးသီးတောင်ကို ထွက်ပြေးလို့ အဲဒီမှာရောက်နေတယ်။ အိုးမဲ့ အိမ်မဲ့ ၅၀၀လောက် မောင်တောမြို့ထဲကို ရောက်နေကြတယ်။ မောင်တော မြောက်ပိုင်းမှာ ဆိုရင်လည်း ရွာတွေကို စွန့်ခွာနေရတယ်၊ ရခိုင်ရွာ ၁၇ရွာလောက် အခု အခြေအနေမဲ့ဖြစ်နေတယ်။ ဘူးသီးတောင်၊ ကျောက်စာတိုင်ရွာကို စစ်တပ် တပ်ရင်းရှိတယ်။ အဲဒီကို လူ၄၅၀ရောက်နေတယ်။ နောက် ၂၅၀ လောက်ရောက်လာဖို့ရှိတယ်" ဟုပြောပြခဲ့သည်။ ပြည်သူ့ခေတ် ဂျာနယ် Facebookမှ.. |
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |

