ဒီမိုဝေယံ |
- မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၁၉ရက်နေ့ အင်္ဂလန်နိုင်ငံ ခရီးစဉ် မြင်ကွင်းများ..
- GENDER & SOCIETY ကျား-မ ဖြစ်ခြင်း အခန်းကဏ္ဍနှင့် လူမှုအဖွဲ့အစည်းဖိုရမ် ဆွေးနွေးပွဲ..
- လူထုထဲက . . . သံမဏိကလောင်တစ်ချောင်းကြွေလွင့်..
| မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၁၉ရက်နေ့ အင်္ဂလန်နိုင်ငံ ခရီးစဉ် မြင်ကွင်းများ.. Posted: 19 Jun 2012 01:17 PM PDT ၁၉ရက်နေ့က Oxfordတက္ကသိုလ်မှ အမေစု ပညာသင်ဖက် ငယ်သူငယ်ချင်းများနဲ့ အမှတ်တရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပညာသင်ကြားခဲ့ရာ Oxfordတက္ကသိုလ်သို့ ရောက်ရှိလာစဉ်..။ Oxfordတက္ကသိုလ်ရဲ့ အဓိပတိ Chris Patten မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုနေစဉ်...။ ယနေ့မှာတော့ Oxfordတက္ကသိုလ်မှ မိတ်ဟောင်း ဆွေဟောင်းများနဲ့ မွေးနေ့ အထိမ်းအမှတ် ပြုလုပ်မှာ ဖြစ်ပါတယ်.. London School of Economics ဆွေးနွေးပွဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၄၇ခုနှစ် ဖခင်ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်ရောက်စဉ် ရိုက်ကူးထားတဲ့ ပုံနဲ့ LSE Baseball Club ဦးထုပ်တို့အား ပေးအပ်ခဲ့ပါတယ်..။ ၁၉ရက်နေ့က Oxfordတက္ကသိုလ်မှ ပညာသင်ဖက် ငယ်သူငယ်ချင်းများနဲ့ ပြန်လည်တွေ့ဆုံစဉ်.. ဝမ်းသာအားရ မြင်တွေ့ရတဲ့ အမေစု..။ ထူးခြားတာကတော့ အမေစုက အများထက် ငယ်ရွယ်နုပျိုနေပါတယ်..။ ပြည်သူအပေါ်ထားတဲ့ မေတ္တာနဲ့ ပြည်သူ့မေတ္တာကြောင့်လို့ ထင်မြင်မိပါတယ်..။ BBC World Service Studio မှာ အသံလွှင့်ထုတ်နေစဉ်... အမှန်တရားတွေအတွက် အမေစု ဆွေးနွေးခဲ့မယ်လို့ ယုံကြည်ပါတယ်..။ ဓာတ်ပုံများ AP,Reuters, Getty Images |
| GENDER & SOCIETY ကျား-မ ဖြစ်ခြင်း အခန်းကဏ္ဍနှင့် လူမှုအဖွဲ့အစည်းဖိုရမ် ဆွေးနွေးပွဲ.. Posted: 19 Jun 2012 12:05 PM PDT GENDER & SOCIETY ကျား-မ ဖြစ်ခြင်း အခန်းကဏ္ဍနှင့် လူမှုအဖွဲ့အစည်းဖိုရမ် ရန်ကုန်မြို့တော်ဝင် နှင်းဆီ စားသောက်ဆိုင်တွင် လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ၁၉-၀၆-၂၀၁၂ နေ့၌ နိုင်ငံရေးအကျဉ်းသားဟောင်း မဇင်မာအောင်နှင့် မခင်လေးတို့ ဦးဆောင်၍ ဟောပြောပွဲများ၊မှတ်တမ်းရုပ်ရှင်များ၊စာတမ်းဖတ်ပွဲများကို ဖတ်ရှု နားထောင် ကြည့်ရှုခြင်းဖြင့် လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇-နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့ပါသည်။ အမျိုးသမီး စာရေးဆရာမမအိ၊ မိချမ်းဝေ၊ နှင်းဝေငြိမ်း၊ စုမိအောင်၊ကြည်မွေ့အိမ်၊ လဲ့ဝင်းကြည်၊ ဖြူဖြူဝင်း၊ မေဇွန်အောင်၊ နန်းဧကရီရှင်၊ ပန်ဒိုရာ၊ ခင်သန္တာ (၁၁)ဦး၏ အမျိုးသမီးများ၏ အခွင့်အရေးနှင့် တန်ဖိုးစာတမ်းတွင် ပါသော အမျိုးသမီးများ ထွက်ပေါက်နှင့်ကန့်သတ်ခံရခြင်း၊ အမျိုးသမီးများနှင့် အခွင့် အရေး၊ အမျိုးသမီးများနှင့် ကာကွယ်စောက်ရှောက်မှု၊ အမျိုးသမီးများ၏ ယဉ်ကျေးမှု၊ ကျင့်ဝတ်သိက္ခာ၊ ဘာသာတရားနှင့် ဘ၀တန်ဖိုး၊ အမျိုးသမီးများနှင့် အရည်အသွေး၊ အမျိုးသမီးများနှင့် စွန့်လွတ် အနစ်နာ ခံမှုစသော ခေါင်းစီးစာတမ်းများကိုဖတ်ခြင်း၊ ဒါရိုက်တာ ကြည်ဖြူသျှင်၏ The Merry Widows of Nam Mun မှတ်တမ်း ရုပ်ရှပ်ဇာတ်ကားအားပြသခြင်း၊ RAINFALL-GENDER STUDY GROUP လှလှရီ (ရခိုင်တိုင်းရင်းသူ)၏ အမျိုးသမီးများနှင့်ဥပဒေ စာတမ်းကိုလည်း ဖတ်ပြခြင်း၊ချင်းအမျိုးသမီးများ၏ ၀ါးညှပ်အက ကပြခြင်း၊ ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့် လွှတ်တော်အမတ် မဖြူဖြူသင်း၊7 day ဂျာ နယ်မှ အယ်ဒီတာ ဒေါ်ငြိမ်းငြိမ်းနိုင်နှင့် NGO မှ ဒေါ်ထားထားတို့၏ ဆွေးနွေးချက်များလည်း ပါဝင်သည် ဟုသိရှိရပါသည်။ ထိုပွဲတွင် တိုင်းရင်းသူပေါင်းစုံ၊၈၈-မျိုးဆက်မှ မနီလာသိန်း၊ မမီးမီးတို့နှင့်ရုပ်ရှင်သရှပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာများဖြစ်သော-သျှီ၊ သံသာဝင်း၊ ကြည်ဖြူသျှင်စသည်တို့နှင့် နိုင်ငံရေးနိုင်ပယ်က အမျိုးသမီးပေါင်းစုံ၊ အကျဉ်းသူဟောင်းများ၊ ကျောင်းသူပေါင်းစုံဖြင့် ဧည့်ပရိသတ်ပေါင်း သုံးရာခန့် တက်ရောက်ကြောင်းလည်း သိရှိရပါသည်။ သတင်း၊ ဓာတ်ပုံ အတွက် ညီငယ်လင်းဆက် အားကျေးဇူးတင်ပါသည်. |
| လူထုထဲက . . . သံမဏိကလောင်တစ်ချောင်းကြွေလွင့်.. Posted: 19 Jun 2012 11:24 AM PDT လူထုထဲက . . . သံမဏိကလောင်တစ်ချောင်းကြွေလွင့် ၁၇.၆.၂ဝ၁၂ (တနင်္ဂနွေနေ့) ည (၁၁း၃ဝ) နာရီအချိန်တွင် မြန်မာနိုင်ငံ၌ လူသိများထင်ရှားသော ထွန်းလင်း တောက်ပသည့် ကြယ်တစ်ပွင့် (သို့) သံမဏိကလောင်တစ်ချောင်း ဖြစ်သူသတင်း စာဆရာလူထုစိန်ဝင်း အသက် (၇၂)နှစ်သည် SSC ဆေးရုံ၌နာတာရှည် အဆုတ်ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်။ ဆရာ၏ဈာပနအား ၁၉.၆.၂ဝ၁၂ (အင်္ဂါနေ့) နေ့လည် (၂းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ ဦးရဲလွင်(မဇ္ဈိမလှိုင်း)နှင့် ကိုဆောင်းဦးလှိုင်တို့နှင့် အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ဈာပနအခမ်းအနားတွင် သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ)နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့မှ ဆရာလူထုစိန်ဝင်းအား အမှတ်တရစကားများဖြင့် ဂုဏ်ပြု ပြောကြားခဲ့ကြသည်။ စာပေလောကသားများ၊ ရွှေညဝါဆရာတော်နှင့် ရဟန်းသံဃာတော်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ကျောင်းသားသမဂ္ဂများ၊ မြန်မာ့နိုင်ငံရေးနယ်ပယ်နှင့် မြန်မာ့လူမှုရေးနယ်ပယ် အသီးသီး မှ ပညာရှင်များနှင့် ဆရာလူထုစိန်ဝင်းအားလေးစားချစ်ခင် ကြည်ညိုကြသည့် ဧည့်ပရိသတ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဆရာလူထုစိန်ဝင်းသည် မျက်မှောက်ခေတ် မြန်မာ့စာပေ လောကတွင် စာအရေးနိုင်ဆုံး ပုဂ္ဂိုလ် တစ်ဦးအဖြစ် ထင်ရှားသူဖြစ်သည်။ ဆရာသည် ပုံမှန်အားဖြင့် တစ်ရက်လျှင် ဆောင်းပါးနှစ်ပုဒ်နှုန်းဖြင့် ဆောင်းပါးများနေ့စဉ်ရေးသားခဲ့သည့် ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သည်။ ဆရာလူထုစိန်ဝင်း၏ - "အာဏာပိုင်ဆိုတဲ့ စကားလုံးကြောင့် ပြည်သူ့ဝန်ထမ်းတွေက သူတို့ကိုယ်သူတို့ ရုံးတစ်လုံး၊ ဓါးတစ်စင်းနဲ့ အာဏာပိုင်စိုးတဲ့ အရှင်သခင်အဖြစ် မှတ်ယူသွားတတ်ကြတယ်။ သူတို့ကို လစာရိက္ခာပေးထားကြတဲ့ တိုင်းသူပြည်သားများကို ကျေးတော်မျိုး ကျွန်တော်မျိုးအဖြစ် သဘောထားပြီး အာဏာပါဝါပြ ဟိန်းကြဟောက်ကြတယ်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သနားကြင်နာရမယ်ဆိုတဲ့ အပြောအဆို အသုံးအနှုန်းမျိုးကိုလည်း ပျောက်အောင် လုပ်ရပါမယ်။ အစိုးရက မိဘမဟုတ်ဘူး။ ပြည်သူကသာ မိဘဖြစ်တယ်ဆိုတဲ့ စကားကို နားထဲစွဲအောင် လုပ်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။ ဒါမှ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေဖြစ်မှာပါ။" ဆိုသည့် အရေးအသားသည် ပြည်သူများအတွက် အသိဉာဏ်တံခါးကို ပွင့်စေခဲ့သည့် စကားရပ်တစ်ခုဖြစ်သည်။ ဆရာလူထုစိန်ဝင်းသည် နိုင်ငံရေး၊ လူမှုရေးနယ်ပယ်များတွင် မှားယွင်း လွဲချော်နေသည်များအား ရဲဝံ့ပြတ်သားစွာ ဖော်ထုတ်ရေးသား ပြောဆိုပြီးအစဉ် အမြဲအမှန်တရားဘက်မှ ရပ်တည်ခဲ့ပြီး စာပေနယ် တွင် သံယောဇဉ်ကြီးစွာဖြင့် မပြတ်တမ်း ဆုံးမသွန်သင်ရင်း ဇရာနှင့် ဘယာဝင်ရောက်ပြီး ဇွဲသတ္တိမလျော့ တမ်းနောက်ဆုံး ထွက်သက် အသက်ငင်ငင်ရှိသည့် အထိကိုယ်တိုင် ရေးသမိုင်းမှတ်တိုင် တစ်ခုတာဝန် ကျေပွန်ခဲ့သူ အစဉ်အမြဲ အမှန်တရားဘက်မှ ရပ်တည်ခဲ့သောမြန်မာနိုင်ငံ၏ သံမဏိကလောင် တစ်ချောင်းအဖြစ် လူထုအတွက်၊ အမှန်တရားအတွက်၊ ကောင်းရာလုပ်တဲ့သူ၊ မှန်တဲ့ အလုပ်လုပ်တဲ့သူ လူထုထဲက လူထုလမ်းပြကြယ်တစ်စင်း ကြွေလွင့်သွားခြင်းအတွက် ကောင်းသောလားခြင်းဖြင့် ကောင်းရာ သုဂတိလားပါစေဟု ဆုမွန်တောင်းရင်း …. ရိုသေစွာဖြင့် ဂုဏ်ပြု ဦးညွတ်လိုက် ရပါတော့သည်။ |
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |










